စာရင်း

ကတ်သလစ်တစ်ယောက်၏ ယုံကြည်မှု- ကတ်သလစ် တစ်ယောက်၏ သူမ အတွေ့အကြုံကို သက်သေခံချက်

ဖန်ရှား အမေရိကန်နိုင်ငံ

ယခင်နေ့ရက်များ၌ အသင်းတော်တွင် များစွာသော စိတ်အားထက်သန်ခြင်း ရှိခဲ့သည်

ကျွန်မမိသားစုသည် ကတ်သလစ်များဖြစ်ခဲ့သည်မှာ မျိုးဆက် နှင့် ချီခဲ့ပြီ ဖြစ်ပြီး၊ ကျွန်မသည် ဗိတ္တိဇံခံယူ သည့်အချိန် တွင် လသားအရွယ် သာရှိပါသေးသည်။ ကျယ်လောင်သော နှိုးစက်တစ်ခု၏ အသံဖြင့် အမြဲတမ်း နိုးရပြီးနောက်၊ ညပိုင်း ပွဲတော်အစီအစဉ်ကို တက်ရောက်ရန် ကျွန်မတို့အသင်းတော်သို့ အလောတကြီး မသွားမီ ကျွန်မ မိဘများက ကျွန်မကို အလျင်စလို ဆေးကြောသုတ်သင်ပြီး ဝတ်စားဆင်ယင်ပေးရန် အိပ်ရာထဲမှ ဆွဲခေါ်သွားခဲ့ကြလေ့ရှိခဲ့ သည်ကို ကျွန်မ အမှတ်ရမိပါသည်။

ကျွန်မမိသားစုသည် ကတ်သလစ်များဖြစ်ခဲ့သည်မှာ မျိုးဆက် နှင့် ချီခဲ့ပြီ ဖြစ်ပြီး၊ ကျွန်မသည် ဗိတ္တိဇံခံယူ သည့်အချိန် တွင် လသားအရွယ် သာရှိပါသေးသည်။ ကျယ်လောင်သော နှိုးစက်တစ်ခု၏ အသံဖြင့် အမြဲတမ်း နိုးရပြီးနောက်၊ ညပိုင်း ပွဲတော်အစီအစဉ်ကို တက်ရောက်ရန် ကျွန်မတို့အသင်းတော်သို့ အလောတကြီး မသွားမီ ကျွန်မ မိဘများက ကျွန်မကို အလျင်စလို ဆေးကြောသုတ်သင်ပြီး ဝတ်စားဆင်ယင်ပေးရန် အိပ်ရာထဲမှ ဆွဲခေါ်သွားခဲ့ကြလေ့ရှိခဲ့ သည်ကို ကျွန်မ အမှတ်ရမိပါသည်။

ကျွန်မမိဘများက တရုတ်ပြည်တွင် သခင့်ကို ယုံကြည်ကြသူ များသည် ညှင်းပန်း နှိပ်စက်ခြင်း ခံရပြီး၊ ဘုန်းတော်ကြီး များနှင့် ယုံကြည်သူများသည် မကြာခဏ ဖမ်းဆီး အကျဉ်းချခြင်း ခံရသောကြောင့် ကျွန်မတို့သည် ပွဲတော် အစီအစဉ်ကို ညအချိန်တွင်သာ တက်ရောက်မှ လုံခြုံမည်ဟု ဆိုကြသည်။ ယင်းမှာ အလွန်ပင် အန္တရာယ်များ သော်လည်း၊ ကျွန်မတို့၏ အသင်းတော်မှ ညီအစ်ကိုမောင်နှမ များသည် အလွန်စိတ်အား ထက်သန်ပြီး ဆက်ကပ်အပ်နှံမှု ကြလေသည်။ ရာသီဉတု မည်သို့ရှိပါစေ၊ ပွဲတော် အစီအစဉ်ကို မည်သည့်နေရာ တွင် ပြုလုပ်ပါစေ၊ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အသေးစိတ်အချက်အလက်များကို လက်ဆင့် ကမ်းကာ၊ တက်ရောက် ရန် လူကြီးများနှင့် လူငယ်များကို ခေါ်ဆောင်လာရန် အလုအယက် ဆောင်ရွက်ကြပါသည်။ လူတိုင်း သည် ဓမ္မသီချင်းများ ကို သီဆိုကာ နှစ်သစ်ကူး တစ်ခုကဲ့သို့ စိတ်လှုပ်ရှားကြပြီးလျှင်၊ ယုံကြည်သူများစွာ တို့သည် တစ်ညလုံး မအိပ်စက်ရသော်လည်း မြူးကြွနေ ကြဆဲသာ ဖြစ်ပါသည်...

ယခုအခါတွင် အသင်းတော်သည် ယိုယွင်းပျက်စီးခြင်းတစ်ခု ဖြစ်လာပြီ

မျက်လုံးတစ်မှိတ်တွင်ပင် ကျွန်မက ကြီးပြင်းလာရုံမျှမက၊ အသင်းတော်သည်လည်း ကြီးမားသော ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံခံစားခဲ့ရပါသည်။ ပွဲတော် အစီအစဉ်ကို တက်ရောက်သူ များသည် နည်းသထက် နည်းပါး လာပြီး၊ တက်ရောက်သူ အများစုမှာလည်း အသက်ကြီးသူ အမျိုးသားကြီး နှင့် အမျိုးသမီးကြီးများသာ ဖြစ်၍ လူငယ်တို့၏ မျက်နှာများကို ပွဲတော် အစီအစဉ်တွင် အလွန် တွေ့မြင်ရခဲလှ ပါသည်။ အသင်းတော်သည် မကြာမကြာ အခါအခွင့်သင့်သကဲ့သို့ ပွဲတော်များ ကျင်းပြသည့်အချိန်တွင်၊ ပွဲတော် အစီအစဉ် သည် အသက်ဝင်ကာ ပျားပန်းခတ်မျှ စည်ကားလှသော်လည်း လေဟာပြင် စျေးပွဲတော်ကဲ့သို့ ဗြောင်းဆန်နေကြသည်၊ ပိရမစ်စနစ်ဖြင့် စျေးရောင်းခြင်း၊ တိုက်ရိုက်စျေးရောင်းခြင်း၊ အာမခံရောင်းချသူများ၊ စူပါမားကတ်များနှင့် စားသောက်ဆိုင် ဖွင့်နေကြသူများ နှင့် စသည်တို့ဖြင့် မအားမလပ်ဖြစ် နေကြပါသည်။ လူတိုင်းက ပွဲတော် အစီအစဉ်ကို တက်ရန် လာကြသယောင်ဆောင်နေ သော်လည်း သူတို့သည် အမှန်တကယ် ဝယ်ယူ စားသုံးသူများကို ရှာဖွေရန် ထိုနေရာတွင် ရောက်ရှိနေကြခြင်းသာ ဖြစ်ပါသည်။ ယုံကြည်သူ များ ဆုံကြသည့်အခါတွင် သူတို့သည် သခင့်ကို မည်သို့ ဝတ်ပြုကိုးကွယ်ရန် သို့မဟုတ် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့လုပ်ဆောင်ရန် တို့အတွက် မပြောဆိုကြပါ၊ သို့သော်လည်း ထိုအစား သူတို့သည် အိမ်မှ အသေးစားဝေယျာဝစ္စများအကြောင်းကို ပြောသည် ဖြစ်စေ သို့မဟုတ် သူတို့မိသားစု ထုတ်လုပ်သည့်အရာများကို ဝယ်ယူရန် ဆွယ်တရားဟောဖို့ ကြိုးစားသည် ဖြစ်စေ ဆောင်ရွက်ကြခြင်းသာ ဖြစ်ပြီး၊ မည်သူတစ်ဦးတစ်ယောက် ကမျှ သခင့်ကို စိတ်ရင်းအတိုင်း ဝတ်ပြုကိုးကွယ်ရန် ထိုနေရာသို့ ရောက်ရှိနေကြခြင်း မဟုတ်ပါ။ အချိန်ကြာလာ သည်နှင့်အမျှ အသင်းတော်၏ အခြေအနေသည် ပို၍ ပို၍ ဆိုးလာခဲ့သည်။ ဘုန်းတော်ကြီးများ၏ တရားဟောချက် များသည် အသိဉာဏ်ပွင့်လင်းစေခြင်းမရှိသည့် အပြင်၊ သူတို့သည် မကြာခဏ အခြားသော ဂိုဏ်းဂဏများကို ထင်မိထင်ရာ ပြစ်တင်ရှုတ်ချကာ၊ ဝတ်ပြုကိုးကွယ်သူများအား ထိုသူများနှင့် ပတ်သက်ပြီး မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက် ရန် ပြောမည် ဖြစ်ပါသည်။ သူတို့သည် ဂိုဏ်းများပင်ခွဲပြီး၊ အခြားသော ဘုန်းတော်ကြီးအသင်းသားထံမှ သူတို့ကိုယ်သူတို့ သီးခြားခွဲနေကြ ပါသည်။ တစ်ခါတစ်ရံတွင် သူတို့သည် ခြားနားနေသည့် အမြင်ရှုထောင့်များကို ဖက်တွယ်ထား သောကြောင့်၊ သူတို့အကြား တွင် ငြင်းခုံပြီးရန်ဖြစ်ကြကာ၊ အသင်းသားများ သည်လည်း ဘက်ရွေးပြီး၊ အချင်းချင်း ဝေဖန်သုံးသပ်ကြ သည့်အပြင် နှုတ်ဖြင့် တိုက်ခိုက်၍ ယခင်က ထိုနေရာတွင် ရှိခဲ့ဖူးသည့် သနားကရုဏာ သို့မဟုတ် သည်းခံခြင်းတို့သည် လုံးဝမရှိတော့ပါ။ အသင်းတော်တွင် ထိုမြင်ကွင်းကို မျက်မြင် ကိုယ်တွေ့ တွေ့ရှိရင်းဖြင့်၊ ထိုသို့သော အခြေအနေမျိုး မည်သို့ရောက်ရှိလာသည်ကို ကျွန်မ စဉ်းစား ဖော်ထုတ်၍ မရခဲ့သည့်အပြင်၊ ကျွန်မသည် ဖော်ပြ၍မရ နိုင်သည့် ဝမ်းနည်းမှု ကိုလည်း ခံစားရပါသည်။

၂၀၀၉ ခုနှစ်တွင် ကျွန်မသည် ဂျပန်နိုင်ငံတွင် ပညာသင်ယူ နေစဉ် ပွဲတော် အစီအစဉ် တက်ရောက်ရန် အသင်းတော် တစ်ခုကို သွားရောက်ခဲ့ကာ၊ ဂျပန်နိုင်ငံမှ အသင်းတော် သည်လည်း တရုတ်ပြည်မှ အသင်းတော်ကဲ့သို့ပင် ကမောက်ကမဖြစ်သည်ကို တွေ့ခဲ့ရပါသည်။ ဘုန်းတော်ကြီး များနှင့် ကတ်သလစ် ဘာသာရေး ကိုင်းရှိုင်း သူများသည် မယုံကြည်သူများကဲ့သို့ စကားပြောဆို ပြုမူ လေ့ရှိပြီး၊ သူတို့အားလုံး သည် လောကီ ရေပန်းစားမှုများ နောက်လိုက်ကာ၊ ၎င်းတို့အားလုံး သူ့ထက်ငါ အသာရအောင် ဆောင်ရွက်ခြင်းဖြင့် အလုပ်ရှုပ်နေပြီး၊ အချင်းချင်းလည်း ဘဝင်ကိုင်ပြီး ဆက်ဆံကြသည်။ ဘုန်းတော်ကြီးများသည် ပိုက်ဆံရှိသူများကို ပြုံးချိုလျက်၊ ပိုက်ဆံမရှိသူများကိုမူ အဖက်မတန်သကဲ့သို့ ဥပက္ခာပြုကာ၊ သူတို့ကို မပြေပြစ်သည့် အပြောအဆို အသံနေအထားဖြင့် ပြောလေ့ရှိသည်။ နိုင်ငံ ရပ်ခြားတစ်နိုင်ငံတွင် ထိုသို့ဖြစ်နေသည်ကို တွေ့မြင်ရင်း ဖြင့် ကျွန်မသည် မယုံနိုင်လောက်အောင် စိတ်ပျက်ပြီး စိတ်ရှုပ်ထွေးခြင်းကို ခံစားခဲ့ရကာ၊ ယခင်ကကဲ့သို့ သခင့်ကို ချစ်ခင်တွယ်တာမှုလည်း လုံးဝ မခံစားရတော့ပေ။ နေ့စဉ် ကျွန်မ တက်ရောက်သည့် နံနက်ခင်းနှင့် ညနေပိုင်း အစီအစဉ်များသည် ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်လာကာ၊ တစ်ခါတစ်ရံတွင် ကျွန်မသည် အသင်းတော် ပွဲတော် အစီအစဉ်ကို တက်ရောက်လို စိတ်ပင် မရှိခဲ့ပါ။ သို့သော်လည်း သခင် က ကျွန်မကို ငရဲသို့သွားရန် စီရင်မည်ကို ကြောက်သဖြင့် သွားနေရသည်ကိုလည်း မရပ်ဝံ့ခဲ့ပေ။ နောက်ပိုင်းတွင် ကျွန်မသည် အသင်းတော်သို့ သွားရန် မိမိကိုယ် အတင်းအကျပ် စေခိုင်းသော်လည်း ကျွန်မဝိညာဉ်သည် ထောက်ပံ့မှု မရရှိသည့်အပြင်၊ ကျွန်မ နှလုံးသားသည်လည်း အနှစ်မဲ့သည်ဟု ခံစားရပါသည်။ တစ်ခါတစ်ရံတွင် ကျွန်မက “အသင်းတော်က ဘာလို့ ဒီလိုဖြစ်လာတာပါလိမ့်။ အရင်က ယုံကြည်သူ နည်းနည်းလေးပဲ ရှိပြီး၊ တရုတ်ကွန်မြူနစ်အစိုးရက ငါတို့ကို ညှင်းပန်းနှိပ်စက်ခဲ့ပေမဲ့လည်း၊ ငါတို့တွေက ညလယ်ခေါင်ကြီး စိတ်အားထက်ထက်သန်သန်နဲ့ သွားခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ ပိုပြီး သက်တောင့်သက်သာ ရှိလာတဲ့အပြင် ငါတို့ ပတ်ဝန်းကျင်တွေကလည်း ပိုလွယ်ကူလာတော့မှ ကပြောင်း ကပြန်တွေဖြစ်ပြီး လူတွေ ပိုပျင်းလာခဲ့တယ်၊ အဲဒါ သခင့်ကိုယုံကြည်တဲ့သူတွေ ပိုများလာလို့များ ဖြစ်နိုင်မလား၊ ဒါမှမဟုတ် လူတွေက တရားဟောချက်တွေကို နားထောင်ရ လွန်းလို့၊ အဲဒါတွေနဲ့ ပတ်သက်ပြီး လုံးဝနက်နဲမှု မရှိတော့တာလား” ကျွန်မသည် အလွန်ပင် စိတ်ဇဝေဇဝါ ဖြစ်ခဲ့ရပါသည်။

၂၀၁၈ ခုနှစ်၊ မေလတွင် ကျွန်မခင်ပွန်းနှင့် ကျွန်မတို့သည် တစ်နှစ်မပြည့်သေးသည့် ကျွန်မတို့သမီးငယ်လေးဖြင့် အမေရိကန် နိုင်ငံသို့ ရွှေ့ပြောင်းလာခဲ့ကြပါသည်။ ကျွန်မတို့ အခြေကျ ပြီးနောက် ကျွန်မတို့ အိမ်အနီးမှ အသင်းတော်တစ်ခုတွင် ပွဲတော် အစီအစဉ်ကို စတင်တက်ရောက်ခဲ့ကြသည်။ မယုံကြည်နိုင် လောက်အောင်ပင် ဤကြီးမားသည့် ခမ်းနားထည်ဝါသော ဘုရားကျောင်းကြီးတွင် လူအနည်းငယ်သာ ရှိပါသည်။ ဘုန်းတော်ကြီးက ကျွန်မတို့အထက် တွင် မတ်တပ်ရပ်ပြီး သူ၏ ဒေသနာကို ဟောကြားစဉ်တွင် သူ့အောက်မှ လူအများစုက ထိုင်ပြီး ငိုက်မျဉ်း၍သော်လည်းကောင်း၊ အိပ်ချင်မူးတူးဖြစ် ၍သော်လည်းကောင်း အသွင်မျိုးပေါက်နေ ကြသည်။ ထိုကဲ့သို့သော ကြီးမားလှသည့် ဘုရားကျောင်းကြီးတွင် ထိုင်ခုံ အလွတ်များနှင့် ကျဲပါးလှသည့် လူဦးရေကိုကြည့်ရင်း၊ ခံစားချက်မဲ့ သည့် မျက်နှာအမူအရာများ၊ ငိုင်တွေနေသည့် မျက်နှာများဖြင့် လူများ ထိုနေရာတွင် ထိုင်နေကြသည်ကို မြင်ရသည်မှာ ကျွန်မမည်သို့ ခံစားရသည်ကိုပင် ထုတ်ဖော်ပြော နိုင်ခြင်း မရှိတော့ပါ။

ကျွန်မ အွန်လိုင်းဝင်ပြီး ကောင်းမွန်သည့် အသင်းတော်အချို့ကို ရှာဖွေလိုသော်လည်း ကျွန်မ ရှာဖွေတွေ့ရှိသည့်အရာမှာ ကတ်သလစ် အသင်းတော်များစွာတို့သည် ကွယ်လွန်ပြီးသော သူများအတွက် အောက်မေ့သတိရဖွယ်ရာ ကဗျည်းထိုးထားသည့် သတ္တုပြားများနှင့် ပြည့်နှက်နေပြီး၊ လူများက အမွှေးတိုင်များ ထွန်းညှိကာ၊ ပူဇော်ခြင်းများသာ ပြုလုပ်ကြကြောင်း၊ အချို့အသင်းတော်၏ ဘုန်းတော်ကြီးများက ဘုန်းကြီးများ လာရောက်ရန် ဖိတ်ခေါ်ပြီး သမ္မာကျမ်းစာကို ရွတ်ဖတ်သရဇ္ဇျာယ်စေကြောင်း၊ ထို့အပြင် ဘုန်းတော်ကြီးများနှင့် ခရစ်ယာန်ဂိုဏ်းအုပ်များပါဝင်ပတ်သက်သည့် ကျော်မကောင်း ကြားမကောင်းအရှုပ်အထွေးများစွာရှိကြောင်းတို့သာဖြစ်ပါသည်...ထိုအခြေအနေများကို မြင်တွေ့ရင်းဖြင့် ကျွန်မသည် သမ္မာကျမ်းစာ ထဲမှ သခင်ယေရှုပြောသည့် နှုတ်ကပတ်တော်များကို တွေးမိပါ သည်- “ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြ လတံ့...သော်လည်း၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်း ဖြစ်စေ ကြပြီတကား။” (ရှင်မဿဲခရစ်ဝင် ၂၁:၁၃) တရုတ်ပြည်မှ ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့၊ ကုန်းမြေမှ အင်တာနက်သို့သာ ရောက်သွား သည်၊ ကတ်သလစ်အသင်းတော်များ အားလုံးသည် တစ်ထေရာ တည်းပင် ဖြစ်ပါသည်။ ခေတ်သစ် ကတ်သလစ် အသင်းတော်သည် လုံးလုံးလျားလျား ဆိုးရွားသွားခဲ့ပြီဟု ကျွန်မ ရုတ်တရက် ခံစားခဲ့ရပါသည်။ အပြင်ပန်းတွင် အတော်အတန် ခမ်းနား ထည်ဝါသည့် အသွင်အပြင်ရှိသော်လည်း၊ ၎င်းသည် မြင့်မြတ်သည့် နေရာတစ်ခု လုံးဝမဟုတ်တော့ပါ။ ကျွန်မသည် မည်သည့်အရာကို ပြောရမှန်းမသိတော့ပါ။ အသင်းတော်သည် အလွန်ပင် ဖရိုဖရဲ ကမောက်ကမဖြစ်ပြီး၊ ထိုင်းမှိုင်းလှသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ့်ကြောင့် တစ်စုံတစ်ခု မလုပ်ခဲ့ပါသနည်း။

ကျွန်မ၏ စိတ်ရှုပ်ထွေးတွေဝေမှုတွင် အသင်းတော်၏ ယိုယွင်း ပျက်စီးမှု ဇစ်မြစ်ကို ထုတ်ဖော်သည့် အခွင့်အရေးတစ်ခု ကြုံတွေ့ရခြင်း

ဤနှစ် ဇူလိုင်လတစ်ရက်တွင် ကျွန်မသည် အသင်းတော်ရှိ ပွဲတော် အစီအစဉ်ကို တက်ရောက်ရန် ကျွန်မသမီးကိုပါ ခေါ်သွားခဲ့ပြီး၊ အစ်မ ကယ်လီ နှင့် တွေ့ခဲ့သည်။ ကျွန်မတို့နှစ်ယောက် စတွေ့လျှင် တွေ့ချင်း၊ မိတ်ဆွေဟောင်းများကဲ့သို့ ခံစားရပါသည်။ အိမ်အပြန် လမ်းတွင် အစ်မ ကယ်လီ က သခင်ယေရှုမိန့်တော်မူသည်ကို နားထောင်ခဲ့ သောကြောင့် ကိုယ်တော်၏ သြဇာအာဏာနှင့် တန်ခိုးရှိသော နှုတ်ကပတ်တော်များမှ ကိုယ်တော်သည် ကြွတော်မူ လာသည့် မေရှိယ ဖြစ်ကြောင်း သတိပြုမိခဲ့သည့် ရှမာရိ အမျိုးသမီး တစ်ယောက်ကဲ့သို့သော သမ္မာကျမ်းစာထဲမှ ဇတ်ကြောင်းများစွာကို ကျွန်မကို ပြောပြခဲ့သည်။ ထို့နောက် သူမက သခင်ယေရှု မိန့်တော်မူသည့် ပညာရှိသော သတို့သမီးများ ဆိုသည်မှာ အပြင်ပန်း တွင် သမ္မာကျမ်းစာကို ဇွဲရှိစွာဖြင့် ဖတ်ရှုပြီး၊ စုဝေးမှုများကို အမြဲမပြတ် တက်ရောက်ခြင်းတို့ကိုသာ ရည်ညွှန်းရုံ မျှမကပဲနှင့်၊ ပို၍ အရေးကြီးသည်မှာ သခင့်အသံတော်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိခြင်း ကိုလည်း ရည်ညွှန်းကြောင်း ပြောခဲ့ ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သာလျှင် ကျွန်မတို့သည် ကိုယ်တော်ပြန်ကြွလာသည့်အချိန်တွင် ကြိုဆိုနိုင်မည်သာ ဖြစ်သည်ဟု ဆိုသည်...ထိုအစ်မ၏ မိတ်သဟာယပြုခြင်းသည် သစ်ဆန်းပြီး စိတ်လှုပ်ရှားဖွယ်ကောင်း သည်ဟု ကျွန်မခံစားရ သည်။ ကျွန်မသည် ကတ်သလစ် အသင်းတော် များ၌ စုဝေးခြင်း များကို တက်ရောက်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး၊ ထိုကဲ့သို့ မသိသေးသည့် အသစ်ဖြစ်သော မိတ်သဟာယပြုခြင်းမျိုး ယခင်က လုံးဝ မကြားခဲ့ဖူးပါ။ ကျွန်မသည် အလွန်ပင် အသိဉာဏ် ပွင့်လင်းသွားသည်ဟု ခံစားရပြီး၊ ကျွန်မနှလုံးသားသည် များစွာပင် ပျော်မွေ့ခဲ့ပါသည်။ ထို့နောက်တွင် ထိုအစ်မက ကျွန်မကို သူတို့သမ္မာကျမ်းစာ လေ့လာခြင်းအတန်းသို့ ဖိတ်ခေါ်ခဲ့ပြီး၊ ကျွန်မကလည်း ပျော်ရွှင်စွာ လက်ခံခဲ့ပါသည်။

သမ္မာကျမ်းစာလေ့လာခြင်းအတန်းတွင် ကျွန်မသည် ကတ်သလစ် ဘာသာဝင် အသစ်များစွာကို တွေ့ခဲ့ရသည့်အပြင် အခြားသော ခရစ်ယာန် ညီအစ်ကိုမောင်နှမများစွာနှင့် တရားဟောဆရာ အစ်ကို လျူ တို့ကို တွေ့ခဲ့ရပါသည်။ ထိုညီအစ်ကိုမောင်နှမများကို တွေ့ရ သည်မှာ ကျွန်မစိတ်ထဲတွင် နွေးထွေးသောခံစားမှုကို ပေးပါသည်။ လူတိုင်းသည် အချင်းချင်း အတွေ့အကြုံများကို ဖလှယ်ကြပြီး၊ ကျွန်မသည်လည်း အလွန် လွတ်မြောက်ခြင်းကို ခံစားခဲ့ရသည်။ ထို့ကြောင့် ကျွန်မသည်လည်း သူတို့အား ကျွန်မကိုယ်ပိုင် ဇဝေဇဝါဖြစ်ခြင်းများအကြောင်းကို ဖွင့်ချ မိတ်သဟာယ ပြုခဲ့ပါသည်။

ကျွန်မက “ကျွန်မနိုင်ငံတစ်ချို့က ကတ်သလစ်အသင်းတော်တွေကို တက်ဖူးတယ်၊ ပြီးတော့ ဘယ်အသင်းတော်မှာမှ သခင့်ချစ်ခြင်း မေတ္တာကို ကျွန်မ မခံစားခဲ့ရသလို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကိုလည်း မခံစားရဘူး။ တစ်ချို့ အသင်းတော်က ဘုန်းတော်ကြီးတွေက သူတို့ အသင်းတော်က ဝတ်ပြုကိုးကွယ်တဲ့ နေရာမှာ သူတို့ဆီကကွယ်လွန်သူတွေရဲ့ အောက်မေ့ဖွယ် ကဗျည်းထိုးထားတဲ့ သံပြားတွေလုပ်ထားတယ်၊ ပြီးတော့ အဲဒါတွေကို ကိုးကွယ်တယ်။ အသင်းတော်တွေဟာ ပိုပိုပြီး ပရမ်းပတာတွေဖြစ်လာပြီးတော့ သခင့်ဘုန်းတော်နဲ့လည်း ပြည့်မ နေတော့တာကို ကျွန်မ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်။ ကျွန်မကိုယ်ပိုင် ယုံကြည်မှုလည်း အေးသထက် အေးစက်စက်နဲ့ နှုတ်ယူခြင်းကို ခံနေရပြီး၊ ဒါတွေအားလုံး ဘာလို့ဖြစ်နေလဲဆိုတာ ကျွန်မ မသိတော့ဘူး” ဟု ပြောခဲ့သည်။

အစ်ကို လျူ က “ညီမရေ၊ ညီမပြောတဲ့ ပြဿနာက တကယ်အမှန်ပါ၊ ပြီးတော့ ဒီနေ့သစ္စာစောင့်တဲ့ သူအများစုကိုလည်း ပဟေဠိဖြစ်စေ တဲ့ဟာပေါ့။ ကတ်သလစ်တွေအားလုံးက ကတ်သလစ်ဝါဒက ခရစ်ယာန် ဘာသာရဲ့ ဇစ်မြစ်လို့ ထင်မြင်ကြ တယ်။ ဒါပေမဲ့ အဲဒါဆိုရင် အသင်းတော်တွေဟာ ဒီနေ့ဖြစ်နေသလို သခင့်ဘုန်းတော် ကို ဆုံးရှုံးပြီး၊ အစွန့်ပစ်ခံမြေ တစ်ခုလို ဘယ်လိုကျဆင်း လာရတာလဲ။ အမှန်တော့ အသင်းတော်ရဲ့ လက်ရှိ ယိုယွင်းပျက်စီး နေရခြင်း အကြောင်းအရင်းကို ကျွန်တော်တို့ သိချင်တယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဖြစ်ပေါ်ခဲ့တဲ့ ဗိမာန်တော် ယိုယွင်းပျက်စီးရခြင်း အကြောင်းအရင်း ကို ပထမဆုံး ပြန်သတိရမှဖြစ်မယ်။ ပညတ်တော်ခေတ် အစပိုင်းမှာ ဗိမာန်တော်ဟာ သခင့်ဘုန်းတော်နဲ့ ပြည့်နှက်ခဲ့တယ်။ ပြီးတော့ လူတိုင်းကလည်း သန့်ရှင်းသောဝိညာဉ်တော်ရှေ့မှာ ကြောက်ရွံ့မှုနဲ့ လေးစားမှုရှိရတယ်လေ။ ဗိမာန်တော်ထဲက သန့်ရှင်းသော ဝိညာဉ်တော်ကို ယဇ်ပုရောဟိတ် တွေတောင် အစေခံပြီး၊ သန့်ရှင်းသောဝိညာဉ်တော်က သူ့ကို ပုန်ကန်ပြစ်မှား သူမှန်သမျှကို ပြင်းပြင်းထန်ထန် ရိုက်နှက်မှာဖြစ်လို့ သူတို့မှာ အရမ်း သတိထားရတယ်၊ ဂရုစိုက်ကြရတယ်။ ဉပမာအားဖြင့် ဓမ္မဟောင်းကျမ်းထဲမှာ သြဇိဆိုတဲ့ ဘုရင်ရှိခဲ့တယ်။ သူက စစ်ပွဲတစ်ခုမှာ ကြီးကြီးမားမား အောင်မြင်မှုကိုရပြီးတော့ တန်ခိုးအာဏာ ကြီးမားလာပြီး ဘဝင်မြင့်ပြီး၊ မာနထောင်လွှား လာတယ်။ သူက ယဇ်ပုရောဟိတ်ရဲ့ သတိပေးချက်တွေကို နားမထောင်ပဲနဲ့ ဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ အမွှေးတိုင်ထွန်းဖို့ ဗိမာန်တော်ထဲကို ဇွတ်တရွတ်ဝင်ခဲ့တယ်။ ဒါ့ကြောင့် သူက ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိခဲ့ပြီး သူ့နဖူးမှာလည်း နူနာတွေ ချက်ခြင်းထွက်လာတဲ့အပြင် သူက သေတဲ့အထိ လူနူတစ်ယောက် အဖြစ်နဲ့ပဲ သေသွားခဲ့ရတယ်။ (ရာဇဝင်ချုပ် ဒုတိယစောင် ၂၆:၁၆-၂၁ ကို ဖတ်ပါ။) သန့်ရှင်းသောဝိညာဉ်တော်က ဗိမာန်တော်မှာ မျက်မှောက်ရှိနေတဲ့ အချိန်မှာ ဘယ်သူကမှ ပညတ်တော်တွေကို မချိုးဖောက်ရဲတဲ့အပြင် လူတွေအားလုံးရဲ့ ရှင်ဘုရင်တောင် လွတ်ငြိမ်းခွင့်မရခဲ့ဘူးဆိုတာကို ကျွန်တော်တို့ သိနိုင်ပါတယ်။ ဒါဘာဖြစ်လို့လဲဆိုတော့ သန့်ရှင်းသောဝိညာဉ်တော်က သန့်ရှင်းပြီး၊ ဘယ်အညစ်အကြေးကိုမှ သည်းမခံလို့ပါ။ အညစ်အကြေးကို တွေ့တဲ့အခါမှာ သူက အဲဒါကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်ရ ပါမယ်။ ဒါပေမဲ့ ပညတ်တော်ခေတ် အဆုံးသတ်ကို ရောက်တဲ့ အချိန်မှာ သာမာန်လူတွေက ပညတ်တော်ကို ကျင့်ကြံထိန်းသိမ်း နိုင်ခြင်း မရှိကြတော့ဘူး၊ ယဇ်ပုရောဟိတ်တွေက ရုပ်ထုတွေကို ကိုးကွယ်လာ ကြပြီး၊ ခြေမသန်လက်မသန်တဲ့ တိရစ္ဆာန်တွေကို ပူဇော်ဆပ်ကပ် လာတယ်၊ ပြီးတော့ လူတွေက ဗိမာန်တော်ထဲမှာ ပိုက်ဆံတွေ လဲတာတွေ၊ တိရိစ္ဆာန်တွေ နဲ့ ကြက်ငှက်တွေကို အရောင်းအဝယ် လုပ်တာတွေကို လူပုံအလယ်မှာ လုပ်ရဲလာ ကြတဲ့အပြင် ဗိမာန်တော် ကိုလည်း ဓါးပြတွင်းအဖြစ် ပြောင်းလိုက်ကြတယ်။ ပြီးတော့ ဒါတောင်မှ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ကို လုံးဝ ဆုံးမမပဲ့ပြင်ခဲ့ဘူး။ ဘာဖြစ်လို့လဲ။ သန့်ရှင်းသောဝိညာဉ်တော်ကသာ ဗိမာန်တော်မှာ ရှိနေခဲ့ရင် ဝိညာဉ်တော်က ဒါကို ဓါးပြတွင်း အဖြစ်ခံမလား။ ဒါက ဖြစ်လာခဲ့မှာမဟုတ်ဘူး ဆိုတာ ရှင်းပါတယ်။ ဒါ့ကြောင့် ဗိမာန်တော်က ဓါးပြတွင်းဖြစ်လာခဲ့တဲ့ အချိန်လည်းကျရော၊ သန့်ရှင်းသောဝိညာဉ်တော်က ထွက်ခွာခဲ့တာ ကြာခဲ့ပါပြီ။ ဒါဆို သန့်ရှင်းသောဝိညာဉ်တော်က ဗိမာန်တော်ကနေ ဘာဖြစ်လို့ ထွက်ခွာခဲ့တာလဲ။ ဘာဖြစ်လို့လဲဆိုတော့ အဓိကအားဖြင့် ဂျူးလူမျိုး ခေါင်းဆောင်တွေက ဘုရားသခင်ရဲ့ ပညတ်တော်တွေကို လုံးဝ လိုက်နာခြင်း မရှိတော့တဲ့အပြင်၊ ဘုရားသခင်ကို ကြောက်တဲ့ နှလုံးသားတွေလည်း မရှိကြတော့လို့ပါ။ သူတို့တွေက သူတို့ကို လက်ဆင့်ကမ်း အမွေပေးခဲ့တဲ့ လူ့ရိုးရာဓလေ့တွေကိုပဲ ထိန်းသိမ်း ကျင့်ကြံကြပြီး၊ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို စွန့်ပယ်ခဲ့ ကြတယ်၊ သူတို့က ဘုရားသခင်ရဲ့ လမ်းခရီးကနေ လုံးလုံး လျားလျား သွေဖယ်ကုန်ကြပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကိုလည်း ဆုံးရှုံးခဲ့ကြတယ်။ ဒါ့အပြင်ကို ဘုရားသခင်က ကျေးဇူးတော် ခေတ်မှာ ကိုယ်တော့်ရဲ့ လူသားမျိုးနွယ်ကို ရွေးနှုတ်ကယ်တင်ခြင်း အမှုတော်ကိုပြုဖို့ လူ့ဇာတိခံယူပြီး ဖြစ်တဲ့ အတွက် ကြောင့်ရယ်၊ သန့်ရှင်းသောဝိညာဉ်တော် ရဲ့ အမှုတော်က တခြား နေရာကို ရွှေ့သွားတဲ့အတွက်ကြောင့်ရယ် သန့်ရှင်းသော ဝိညာဉ်တော်က ဗိမာန်တော်ကနေ ထွက်ခွာသွားခဲ့တယ်။ ပညတ်တော်ခေတ် အဆုံးသတ်မှာ ဣသရေလလူမျိုးတွေက ပညတ်တော်ကို မထိန်းသိမ်း နိုင်လို့ သူတို့တွေက ကျောက်တုံးနဲ့ မသေမချင်းထုခံရ ဒါမှမဟုတ် ကောင်းကင်ကမီးနဲ့ ရှို့သတ် ခြင်းခံရတယ် ဆိုတာကို ကျွန်တော်တို့အားလုံး သိပြီးဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ကသာ ဗိမာန်တော် ကသာ ထွက်ခွာမ သွားခဲ့ဘူး၊ ပညတ်တော်ခေတ် ကိုလည်း အဆုံးမသတ်ဘူး၊ ကားတိုင်တင်ခြင်းနဲ့ လူသားမျိုးနွယ်ကို ရွေးနှုတ်ကယ်တင်ခြင်း အမှုတော်ကိုလည်း မပြုခဲ့ဘူးဆိုရင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးက ပညတ်တော်အောက်မှာ သေကုန်ကြမှာပဲ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့ လိုအပ်ချက်တွေနဲ့ သူ့ အမှုတော်ဆိုင်ရာ လိုအပ်ချက်တွေကြောင့် ဗိမာန်တော်က ထွက်ခွာ ခဲ့ရတယ်ဆိုတာ သိသာထင်ရှားပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်က အမြဲတမ်းရှေ့ကို ဆက်ဆောင်ရွက် နေပြီး၊ ခေတ်တစ်ခုတည်းနဲ့ မရပ်သွားပါဘူး။ ပညတ်တော်ခေတ်ရဲ့ အမှုတော်က ရလဒ်များကို ရိတ်သိမ်းအပြီးမှာ၊ သန့်ရှင်းသော ဝိညာဉ်တော်ကသူ့ရဲ့ အမှုတော်နောက် တစ်ဆင့်ကို စတင်ခဲ့တယ်။ သန့်ရှင်းသောဝိညာဉ်တော်က အမှုတော်ဟောင်းကို အဆုံးသတ် ပြီးတော့၊ အမှုတော်ဟောင်းရဲ့ နေရာကနေထွက်ခွာပြီး၊ အမှုတော် အသစ်ကိုစတင်ဖို့၊ လူတွေကို ခေတ်အသစ်မှာ ဦးဆောင်ပြီး လမ်းပြဖို့ သွားခဲ့တယ်။ ခေတ်သစ်ကလူတွေက ဒီအတိုင်းအမှီ မလိုက်နိုင်ဘူးဆိုရင်၊ သူတို့တွေဟာ သန့်ရှင်းသောဝိညာဉ်တော် ရဲ့အမှုတော်မရှိပဲနဲ့၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ထောက်ပံ့မှုကို လည်း ရရှိနိုင်မှာ မဟုတ်ဘူး။ အချိန်ကြာလာတာနဲ့အမျှ၊ လူတွေရဲ့ ဆာလောင် ငတ်မွတ်မှုတွေက ပဲ့ပြင်ဆုံးမခြင်းမရှိပဲနဲ့ သူတို့ကို အပြစ်တွေ ကျူးလွန်စေတယ်။ ပြီးတော့ သူတို့တွေက အရမ်းကို ကိုယ်ကျင့်တရားတွေပျက်လာကြတယ်။ စိမ်းလန်းစိုပြည်တဲ့ နေရာဟာ မြေသြဇာမရှိတဲ့ သဲကန္တာရလိုဖြစ်သွားပြီး ခါနန်ပြည်က ငတ်မွတ်ခေါင်းပါးမှုရဲ့ ထိုးနှက်ခြင်းကို ခံရတဲ့အပြင်၊ အသင်းတော် ကလည်း ယိုယွင်းပျက်စီး လာတယ်။ ဘုရားသခင်ပြောသလိုပဲ ‘မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်း ဘေးလည်းမဟုတ်၊ ယေဟောဝါ၏ အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေး ဖြစ်လိမ့်မည်။(အာမုတ် ၈:၁၁) အဲဒီလိုပါပဲ ဒီနေ့ကတ်သလစ်အသင်းတော်ဟာ စျေးပွဲနေရာတစ်ခုနဲ့ ဓါးပြတွင်းတစ်ခု ဖြစ်လာတယ်။ ပြီးတော့ ဘုရားသခင်က အသင်းတော်ကို ဘာဖြစ်လို့ ပဲ့ပြင်ဆုံးမခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မရှိသလဲ။ ‘ရက်ရောမှုရှိတဲ့နေရာတိုင်းမှာ၊ ချစ်ခြင်းမေတ္တာရှိတဲ့နေရာတိုင်းမှာ ဘုရားသခင် ရှိလိမ့်မည်’ (‘ရက်ရောမှုရှိတဲ့နေရာတိုင်းမှာ’) ဆိုတဲ့ ဓမ္မသီချင်းတစ်ပုဒ် ရှိတယ်။ ပြီးတော့ အသင်းတော်က အခု ငြင်းခုံမှုတွေနဲ့ ခွက်စောင်းခုတ်တာတွေနဲ့ အရှုပ်အထွေးတွေမှာ ပါဝင်ပတ်သက်နေ တဲ့အားလျော်စွာ၊ သည်းခံခြင်း ဒါမှမဟုတ် စိတ်ရှည်သည်းခံခြင်း နည်းနည်းတောင်မရှိပဲနဲ့ ဘုရားသခင်ကရော ဘယ်မှာလာရှိပါ တော့မလဲ”ဟု ပြောခဲ့ပါသည်။

ဘုရားသခင်က မည်သည့်နေရာသို့ သွားခဲ့သနည်း

ကျွန်မ ခေါင်းငြိမ့်လိုက်သည်။ ထိုအစ်ကိုက လူသိများသည့် ဓမ္မတေးကို သီဆိုသည့်အချိန်တွင် ကျွန်မနှလုံးသားနွေးထွေးခဲ့ ပါသော်လည်း ကျွန်မ အနည်းငယ်လည်းဝမ်းနည်းမိပါသည်။ ကျွန်မက “အစ်ကိုပြောတာ အဓိပ္ပါယ်ရှိပါတယ်။ အသင်းတော်မှာ သခင့်ချစ်ခြင်းမေတ္တာတစ်ခုတစ်လေတောင် မခံစားရတာက သခင်ရှိ မနေတော့တာကို ပြနေပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်မှာရှိရင်၊ ဘယ်သူကမျှ ဝိညာဉ်တော် ကို ပမာမခန့် ပြုရဲမှာ မဟုတ်ဘူး”ဟု ပြောလိုက်သည်။

အစ်ကိုက “ဟုတ်တယ်။ ဒါဆို ဘုရားသခင်က ခေတ်သစ် အသင်းတော်မှာ မရှိတော့ဘူးဆိုရင်၊ ဘုရားသခင်က ဘယ်ရောက် သွားလဲ” ဟု ပြောသည်။

ထိုအစ်ကို၏ မေးခွန်းသည် ကျွန်မကို ဤအချက်နှင့် ပတ်သက်ပြီး နက်နဲစွာ ဆင်ခြင်တွေးတောမိစေသည်၊ “အဲဒါမှန်တယ်”ဟု ကျွန်မ တွေးမိသည်။ “ပညတ်တော်ခေတ်အဆုံးသတ်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့ အမှုတော်အသစ်ကို ပြုဖို့အတွက် ထွက်ခွာသွားခဲ့လို့ ဗိမာန်တော်က ယိုယွင်းပျက်စီး လာခဲ့တယ်၊ အခုအသင်းတော်ကလည်း ယိုယွင်းပျက်စီးလာ နေတော့ကာ ဘုရားသခင် ဘယ်ကို ရောက်သွားလဲ”ဟု တွေးမိသည်။ ကျွန်မသည် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့ ကတည်းက အချိန်ကို တွေးမိသည်၊ ကျွန်မသည် ညွှန်ကြား ထားသည့် အစီအစဉ်အတိုင်း လိုက်နာပြီး၊ သမ္မာကျမ်းစာကို ဖတ်ရှုကာ၊ ဝတ်ပြုကိုးကွယ်ခြင်းကို တက်ရောက်ခဲ့သည်။ အသင်းတော်သည် မည်မျှ ပရမ်းပတာဖြစ်လာနေခဲ့သည်ကို ကျွန်မတွေ့မြင်ရသည့်အခါတွင်၊ ကျွန်မမှာ မေးခွန်းများစွာ ရှိသော်လည်း ကျွန်မက ဘုရားသခင် မည်သည့်နေရာသို့ ရောက်သွားကြောင်းကိုမူ စူးစမ်းမေးမြန်းခဲလှပါသည်။ ဤမေးခွန်း ကို ကျွန်မ အမှန်တကယ်ပင် နားလည်သဘောပေါက် လိုခဲ့သော ကြောင့် ထိုအစ်ကို၏ အဖြေကို ကျွန်မ အသင့်စောင့်နေခဲ့ပါသည်။

ထိုအစ်ကိုက သမ္မာကျမ်းစာကို ဖွင့်ပြီး၊ ၎င်းကို ကျွန်မအား ဖတ်ခိုင်းခဲ့သည်။ “စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာ မရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကို ခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက်နေရ၏။” (အာမုတ် ၄:၇) ထို့နောက် သူက “ကျွန်တော်တို့ အသင်းတော်အပေါ်ကို မိုးမရွာချတဲ့ အချိန်တွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်မရှိတဲ့ အချိန်တွေဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်က တခြားနေရာတစ်ခုကို ရောက်နေပြီ ဖြစ်ပြီး အမှုတော်အသစ်ကို စတင်နေပြီဆိုတာကို ဘုရားသခင်ရဲ့ ပရောဖက်ပြုခြင်းကနေပြီး ကျွန်တော်တို့ မြင်နိုင်ပါတယ်။ အမှန်တော့ သခင်က လူ့ဇာတိကိုခံယူပြီး ပြန်ကြွလာခဲ့ပြီးဖြစ်တဲ့အပြင် ကိုယ်တော်က ကိုယ်တော့်နှုတ်ကပတ်တော်တွေကို မိန့်တော်မူတယ်၊ ပြီးတော့ ခေတ်သစ်ထဲကို အစပြုဖို့ အမှုတော်သစ်ကိုလည်း စတင်ခဲ့ပြီ ဖြစ်တယ်။ ‘မြေတကွက်သည် မိုဃ်းရေကို ခံရ၍ဆိုတဲ့ နှုတ်ကပတ်တော်က နောက်ဆုံးသောကာလမှာ ကိုယ်တော် ပြန်ကြွလာတဲ့အချိန်မှာ သခင့်အမှုတော်ကို လက်ခံပြီး အပ်နှံတဲ့ အသင်းတော်တွေကို ဆိုလိုတာဖြစ်တယ်။ ပြီးတော့ သူတို့တွေက သခင့်လက်ရှိနှုတ်ကပတ်တော်တွေကို လက်ခံတဲ့အတွက်ကြောင့် သခင်က သူတို့ကို ပေးအပ်နှင်းတဲ့ အသက်ရေရဲ့ ထောက်ပံ့မှု နဲ့ ရေလောင်းပေးခြင်းတို့ကို နှစ်သက်ခံစားကြရတယ်။ ‘တကွက်သည် မခံရ၊ သွေ့ခြောက်လျက်နေရ၏’ ဆိုတဲ့ နှုတ်ကပတ်တော်က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်က တခြားတစ်နေရာကို ပြောင်းသွားလို့၊ သန့်ရှင်းသောဝိညာဉ်တော်က ကျေးဇူးတော်ခေတ် မှာ မျိုးစေ့ကြဲခြင်းအမှုတော်ကို အဆုံးသတ်ခဲ့ပြီး ဖြစ်တဲ့အပြင်၊ အခုအချိန်မှာ နိုင်ငံတော်ခေတ်ရဲ့ ရိတ်သိမ်းခြင်း အမှုတော်ကို စတင်ခဲ့ပြီ လို့ ဆိုလိုတာ ဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်က ကျေးဇူးတော်ခေတ်ရဲ့ အသင်းတော်တွေကနေ လုံးဝ ထွက်ခွာသွားခဲ့ပြီး၊ အခုအချိန်မှာ သခင့်အမှုတော်အသစ်ကို လိုက်နာ တဲ့သူတွေပေါ်ကို အမှုတော်ပြု နေပြီ ဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ဆိုင်ရာ ကာကွယ်မှု မရှိဘူးဆိုရင်၊ ကျေးဇူးတော်ခေတ်က အသင်းတော် ဘုန်းတော်ကြီးတွေ နဲ့ ဂိုဏ်းအုပ် တွေက ညှိုးနွမ်းခြောက်သွေ့ လာမယ်။ သူတို့တွေက ဝတ်ပြု ကိုးကွယ်မှု အစီအစဉ်မှာ အကျိုးရှိတဲ့ ဒေသနာတွေလည်း ဟောစရာ ရှိတော့မှာ မဟုတ်ပေမဲ့ သူတို့က စည်းမျဉ်းတွေကို လိုက်နာဖို့ နဲ့ ရိုးရာအစွဲအလမ်းတွေကို ကျင့်ကြံထိန်းသိမ်းဖို့ တို့အတွက်သာ အသင်းတော်တွေကို ဦးဆောင် နိုင်မှာ ဖြစ်တယ်။ အသင်းတော်ထဲမှာ ယိုယွင်းပျက်စီး လာရတဲ့ နောက်ထပ်အကြောင်း အရင်းတစ်ခု ရှိသေး တယ်၊ ပြီးတော့ အဲဒါကတော့ ဘုန်းတော်ကြီးတွေနဲ့ ဂိုဏ်းအုပ်တွေက သခင့်နှုတ်ကပတ်တော်တွေ ကို လက်တွေ့လုပ်ဆောင်ခြင်း မရှိတဲ့ အပြင်၊ ပညတ်တော်တွေ ကိုလည်း မထိန်းသိမ်းလို့ဖြစ်တယ်။ သခင် ပြန်ကြွလာတဲ့ အကြောင်း ဧဝံဂေလိတရားတော်ကို တစ်ယောက် ယောက်က ဟောကြားနေတာ သူတို့ကြားတဲ့အချိန်မှာ သူတို့တွေက အဲဒါကို ရှာဖွေတာ ဒါမှမဟုတ် လေ့လာတာ လုံးဝမရှိဘူး။ သူတို့က ပြန်ကြွလာတဲ့ သခင်ရဲ့ အမှုတော်ကို ငြင်းပယ်တယ်၊ ခုခံပြီး ပြစ်တင်ရှုတ်ချကြတယ်၊ ပြီးတော့ အဲဒါက အသင်းတော်ကို သခင်က ရွံမုန်းပြီး၊ ငြင်းပယ် ခံရတဲ့ဆီကို ဦးတည်စေတယ်။ အသင်းတော်က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကို လုံးဝ ဆုံးရှုံးခဲ့တယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အသက်ရေဆီက ထောက်ပံ့မှုကိုလည်း မရတော့တဲ့အပြင်၊ ယိုယွင်းပျက်စီးခြင်းထဲ ကျရောက်လာခဲ့တယ်။ အဲဒါကြောင့် အသင်းတော်က ရုပ်ထုတွေကို ကိုးကွယ်ပြီး၊ သူတို့အကြားမှာ ငြင်းခုံကြတယ်၊ သူတို့တွေက အပြစ်တွေကို ကျူးလွန်ပြီး၊ ဒေသနာ ဟောကြားချိန်တွင်းမှာ အိပ်ပျော်နေကြလည်း ဆုံးမပဲ့ပြင်ခြင်းကို မခံကြရဘူး၊ ပြီးတော့ အသင်းတော်က ကုန်သွယ်မှု နဲ့ အရောင်း အဝယ်လုပ်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့တယ်”ဟု ပြောပြီး မိတ်သဟာယပြု ခဲ့ပါသည်။

ထိုအစ်ကို၏ မိတ်သဟာယပြုခြင်းကို နားထောင်ရင်းဖြင့် ကျွန်မ အံ့အားသင့်နေခဲ့သည်။ သခင်က အမှုတော်အသစ်ကို ပြုဖို့ ပြန်ကြွ လာပြီး ကျွန်မတို့က ဒီအရှိန်နှုန်းအတိုင်း မှီအောင်မလိုက် သောကြောင့် အသင်းတော်က ယခုအချိန်မှာ ယိုယွင်းပျက်စီး နေခြင်းများ ဖြစ်နိုင်ပါသလား။ အဲဒီအချိန်မှာ လူတစ်ယောက်က အမှုတော်အသစ်ကိုပြုဖို့ သခင်ပြန်ကြွလာခဲ့ကြောင်း တရားဟောခဲ့ တဲ့အချိန်မှာ၊ ဘုန်းတော်ကြီးက ဝတ်ပြုကိုးကွယ်ချိန်အတွင်း သူတို့ကို ပြစ်တင် ရှုတ်ချပြီး ပြစ်မှားသည်ကို ကျွန်မအနေဖြင့် ပြန်အမှတ်မရပဲ မနေနိုင်ခဲ့ပါ။ ယခုအချိန်မှသာ ဘုန်းတော်ကြီးများ နှင့် ဂိုဏ်းအုပ် များက သူတို့၏ အသင်းသားများကို ပြန်ကြွလာသည့် သခင်၏ အမှုတော်ကို ရှာဖွေရန် နှင့် လေ့လာရန် တို့အတွက် ဦးဆောင်ခြင်း မပြုခဲ့သည်သာမက ယင်းအစား အာခံပြီး ရှုတ်ချခဲ့ကြသောကြောင့် အသင်းတော်သည် ယိုယွင်းပျက်စီးကာ၊ ပရမ်းပတာ ဖြစ်လာရကြောင်းကို ကျွန်မ နားလည်သဘောပေါက် ခဲ့ပါသည်။ ၎င်းတို့သည် သခင့်ပညတ်တော် များနှင့် တမန်တော်များ ၏ သွန်သင်ချက်များကို ဆန့်ကျင်ပြီးသွားနေကြသည်၊ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အား ရွံမုန်းပြီးငြင်းပယ်သည်ကို ခံရကာ၊ သခင့်အမှုတော်အားဖြင့် စွန့်ပစ်ခြင်းနှင့် ဖယ်ရှားခြင်းတို့ကို လည်း ခံရပါသည်။

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ကျွန်မတို့ မည်သို့ ရှာဖွေမည်နည်း

ထို့နောက်တွင်ပင် ကျွန်မသည် နိုးထခြင်းတစ်ခု ရရှိလာသည့် အလား ရုတ်တရက် ခံစားခဲ့ရပါသည်။ အစ်ကို လျူ ၏ ရှင်းလင်းပြီး လိုရင်းတိုရှင်း မိတ်သဟာယပြုခြင်းကို ကျွန်မ နားထောင်အပြီးတွင် သခင်ယေရှုသည် အမှုတော်အသစ်ကို ပြုရန်အတွက် နောက်တစ်နေရာသို့ ပြောင်းသွားခဲ့ပြီးဖြစ်ကြောင်း ကျွန်မ နှလုံးသားထဲတွင် သေချာလာခဲ့သည်။ သို့သော်လည်း ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ရှိသည့် အသင်းတော်ကို မည်သို့ရှာဖွေရမည်နည်း။ ထို့ကြောင့် ကျွန်မသည် ထိုမေးခွန်း အတွက် အသံထွက်မေးလိုက်သည်။

ထိုအစ်ကိုက စိတ်အားထက်သန်မှုအပြည့်ဖြင့် “ညီမက ဒါကို ဒီနည်းနဲ့ နားလည်နိုင်စွမ်းရှိတာက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုတွေကြောင့် လုံးလုံးလျားလျား ဖြစ်လို့ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ညီမအနေနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ပါရှိတဲ့ အသင်းတော်ကို ရှာချင်တယ်ဆိုရင်၊ ကျွန်တော်တို့အနေနဲ့ ပြန်ကြွလာတဲ့သခင် ပြုလိုတဲ့ အမှုတော်ဘာလဲဆိုတာကို အရင်သိအောင် လုပ်ရမယ်။ သမ္မာကျမ်းစာထဲမှာ သခင်ယေရှုက ဒီလမ်းခရီးကို ကျွန်တော်တို့ကို ပြခဲ့တာ ကြာခဲ့ပြီ။ ဒါ့ကြောင့် အခု ကျမ်းစာထဲက ကျမ်းချက်အချို့ကို စစ်ဆေးရအောင်။ တကွက်သည် မခံရ၊ သွေ့ခြောက်လျက်နေရ၏ ‘သင်တို့အား ငါပြောစရာ စကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသော အခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့ သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။ (ရှင်ယောဟန် ၁၆:၁၂-၁၃) သခင်ယေရှုက ကျွန်တော်တို့ကို ပြောစရာစကားတွေ အများကြီးရှိသေးကြောင်း မိန့်တော်မူခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်က လူတွေရဲ့ ဝိညာဉ်အသက်တာတွေက အရမ်းကို နုငယ်နေခဲ့တဲ့အတွက်ကြောင့်၊ ကိုယ်တော်က အဲဒါတွေကို သူတို့ကို မိန့်တော်မူခဲ့ရင်တောင် ကိုယ်တော်ကို သူတို့တွေ နားလည် သဘောပေါက်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် သခင်ယေရှုက နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အချိန်မှာ ကျွန်တော်တို့ကို ပြောစရာစကား ပိုရှိလာခဲ့တယ်၊ ကျွန်တော်တို့ အသက်တာတွေမှာ လိုအပ်တဲ့ သမ္မာတရားအားလုံးကို ကိုယ်တော်က ကျွန်တော်တို့ကို ပြောပြလိမ့်မယ်၊ ပြီးတော့ ဒီသမ္မာတရားတွေက ကျွန်တော်တို့ အပြစ်တွေကို နှင်ထုတ်ပြီး ကျွန်တော်တို့ကို သန့်စင်ပေးမဲ့ သမ္မာတရားတွေဖြစ်တယ်။ သမ္မာကျမ်းစာထဲမှာ ပြောထားသလိုပဲ သူတို့ကို သန့်ရှင်းစေ တော်မူပါ။... နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်ပါ၏။' (ရှင်ယောဟန် ၁၇:၁၇) ပြီးတော့ ဗျာဒိတ်ကျမ်းမှာလဲ ဆိုထား တယ်၊ 'ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသောမန္န ကို...ငါပေးမည်' (ဗျာဒိတ်ကျမ်း ၂:၁၇) သခင်ပြန်ကြွလာတဲ့ အချိန်မှာ ကျွန်တော်တို့ကို ပြောစရာစကားတွေများစွာ ရှိသေးကြောင်းနဲ့ ကျွန်တော်တို့ကို ဝှက်ထားတဲ့ မန္နပေးမဲ့အကြောင်းတို့ကို သခင်က ကျွန်တော်တို့ကို အသိပေးတယ်။ ကျွန်တော်တို့က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်ကို ရှာဖွေတွေ့ရှိတဲ့ အချိန်မှာ၊ သခင့်ကို တွေ့ရှိမှာဖြစ်တယ်။

“ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေပြီးတော့ နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြရအောင် ‘ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ ဤလူ့ဇာတိခံယူခြင်းဖြင့် သူသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။’ လူတွေကို ကယ်တင်ဖို့ သခင့်အမှုတော်က ရပ်နေမှာ မဟုတ်ပေမဲ့ အဲဒီအစား သခင့်အမှုတော်က လူတွေကို ရှေ့ဆက်ဖို့ ဦးဆောင်သွားမယ်လို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေက ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း ပြောပြနေတယ်။ ပညတ်တော်ခေတ်မှာ အဲဒီအချိန်က အခြေတည်စ လူသား မျိုးနွယ်ဟာ ဘယ်လိုနေထိုင်ရ မယ်ဆိုတာကို မသိခဲ့တဲ့အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်က အဲဒီအချိန်က လူတွေရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက် ပြီး၊ မောရှေကတစ်ဆင့် တရားတော်တွေကို ကြေငြာစေတယ်၊ လူတွေရဲ့ အသက်တာတွေမှာ ကိုယ်တိုင် အလုပ်လုပ်ပြီး၊ လမ်းပြစေခဲ့ တယ်၊ ပြီးတော့ ကိုယ်တော်က သူတို့တွေကို တရားတော်တွေ နဲ့ ပညတ်တော်တွေကို ထိန်းသိမ်းကျင့်ကြံစေပြီး ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာတွေ အတွင်းမှာ အသက်ရှင်နေထိုင်စေတယ်၊ ဒါပေမဲ့ ပညတ်တော်ခေတ် အဆုံးမှာ လူတွေက တရားတော်တွေ အတိုင်း ကျင့်ကြံထိန်းသိမ်းနိုင်ခြင်းမရှိတဲ့အပြင် အပြစ်တွေ အများကြီး ကျူးလွန်နေခဲ့ကြလို့၊ သူတို့တွေအားလုံးက တရားတော်ရဲ့ စီရင်ခြင်း ဘေးကို ရင်ဆိုင်ခဲ့ရပြီး၊ အသတ်ခံရပါတယ်။ လူသား မျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဘုရားသခင်က သခင်ယေရှုအသွင်နဲ့ လူ့ဇာတိ ကို ခံယူပြီး၊ ကျေးဇူးတော်ခေတ်ရဲ့ အမှုတော်ကို ပြုခဲ့တဲ့အပြင် ကိုယ်တော်ဟာ လူတွေအတွက် ယဇ်ဖြေရာအဖြစ် ကားတိုင်တင်ခြင်း ခံခဲ့ရပါတယ်။ ကျွန်တော်တို့က သခင့်ကို ဝန်ခံပြီး ဝန်ချတောင်းပန် သရွေ့ကျွန်တော်တို့ အပြစ်တွေက လွှတ်တာကို ခံရတာကြောင့် ကျွန်တော်တို့က အပြစ်ကျူးလွန်ခြင်း ဒါမှမဟုတ် တရားတော် တွေကို ချိုးဖောက်ခြင်းတို့ကြောင့် စီရင်ခြင်းနဲ့ ကျိန်စာတိုက်ခြင်း တို့ကို လုံးဝခံရတော့မှာ မဟုတ်ဘူးဆိုတာကို နိမိတ်တော်ပြေး နေတယ်။ သခင်က ကျွန်တော်တို့ကို အပြစ်ကျူးလွန်တဲ့သူတွေလို့ မမြင်ပေ မဲ့လည်း ကျွန်တော်တို့အတွင်းမှာ စာတန်ရဲ့ သဘာဝက နက်ရှိုင်းစွာ အမြစ်တွယ် ဆက်ပြီးကျန်ရှိနေတဲ့ အတွက် ကျွန်တော်တို့က အပြစ်မဲ့တဲ့ သူတွေဖြစ်တယ်လို့ မဆိုလိုနိုင်ပါဘူး။ ကျွန်တော်တို့က ကောင်းမှုတွေကို ပြုဖို့ အသွင်ပေါက်နေပေမဲ့လည်း၊ ကျွန်တော်တို့က ကိုယ်ပိုင်အကျိုးအမြတ် အတွက် လုပ်ဆောင်နေဆဲ ဖြစ်တဲ့အပြင်၊ လူတွေကို မကြာခဏ လိမ်ညာပြီး လှည့်စားနေဆဲ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုဟာ ကျွန်တော်တို့ နှစ်သာတာ မဟုတ်တာနဲ့ တပြိုင်နက်၊ ကျွန်တော်တို့က သခင့်ကို မကြာခဏ အထင်လွဲမှားပြီး အပြစ်တင်နိုင်တယ်။ ကျွန်တော်တို့ အတွေးတွေကို ထုတ်မပြောရင်တောင်မှ ကျွန်တော်တို့ နှလုံးသား ထဲမှာ အပျက် သဘောဆောင်ခြင်း နဲ့၊ ဆန့်ကျင်တာ တွေကို ခံစားနေဆဲဖြစ်တယ်။ သဘာဝဘေးအန္တရာယ်တွေ၊ လူလုပ်ကပ်ဘေး တွေ ပေါ်လာတဲ့အခါတိုင်းမှာ ကျွန်တော်တို့က သခင့်ကို သစ္စာတောင် ဖောက်နိုင်တယ်...ဒီအမူအကျင့်တွေက ကျွန်တော်တို့ အပြစ်ထဲမှာ နေနေဆဲဖြစ်တာကို သက်သေပြဖို့ လုံလောက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကို လုံးလုံး သန့်စင်ပြီး ကယ်တင်ဖို့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို မိန့်တော်မူပြီး၊ ကျေးဇူးတော်ခေတ်မှာ ပြုခဲ့တဲ့ အမှုတော်ထက် မြင့်မားသော အသစ်သော အမှုတော်ဖြစ်တဲ့ ဘုရားသခင် အိမ်တော်ကစတဲ့ စီရင်ခြင်းအမှုတော်ကို ပြုဖို့အတွက် သခင်က နောက်ဆုံးကာလမှာ လူ့ဇာတိကို တစ်ဖန်ခံယူခဲ့တယ်။ ကိုယ်တော်ကို လက်ခံပြီး၊ နောက်လိုက်တဲ့သူအားလုံး နဲ့ နိုင်ငံတော်ခေတ်က နှုတ်ကပတ်တော် တွေရဲ့ အမှုတော်ကို လက်ခံတဲ့ သူတွေအားလုံးက သိုးသငယ်ရဲ့ မင်္ဂလာဆောင်စားပွဲတော်ကို တက်ရောက်ပြီးတော့ ဘုရားသခင်က လူသားတွေကို အပ်နှင်းတဲ့ သမ္မာတရားအားလုံးကို ရရှိတဲ့အပြင် ဗျာဒိတ်ကျမ်းထဲမှာ ‘ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့် မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့် အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။' (ဗျာဒိတ်ကျမ်း ၂၁:၃)”လို့ ပရောက်ဖက် ပြုထားသလိုပဲ သခင်နဲ့ မျက်နှာချင်းဆိုင်၊ နိုင်ငံတော်ခေတ်က လူတွေရဲ့ အသက်တာကို့ စတင်အသက်ရှင် နေထိုင်မှာ ဖြစ်တယ်။

ထိုအစ်ကို၏ မိတ်သဟာယပြုခြင်းကို နားထောင်ပြီးနောက်တွင် ကျွန်မ နှလုံးသားတွင် အလင်းဖြင့်ပြည့်လာသည်ဟု ခံစားရသည်။ ထို့ကြောင့် သခင့်အမှုတော်သည် ရှေ့ဆက်ဆောင်ရွက်နေပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျေးဇူးတော်ခေတ်၏ အသင်းတော်များမှ ထွက်ခွာလာပြီးဖြစ်ကာ၊ အမှုတော်အသစ်ကို ပြုနေခဲ့ပြီး ဖြစ်ပါသည်။ ဝိညာဉ်တော်သည် နိုင်ငံတော်ခေတ်၏ အမှုတော်သစ်ကို စတင်ပြုတော်မူခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကျွန်မတို့က အမှုတော်အသစ်ပြုရန် သခင်ပြန်ကြွလာပြီဖြစ်ကြောင်း သတင်းများကို တစ်စုံတစ်ယောက်က ပြောသည်ကို ကြားသည့် အခါတွင်၊ ဘုန်းတော်ကြီးများ၏ ပွင့်လင်းသော မုသားများကိုသာ ယုံကြည်ပြီး၊ ၎င်းကို နားထောင်ခြင်းလည်း မရှိ၊ ၎င်းကို နီးကပ်အောင် ကြိုးစားခြင်းလည်း မရှိသည့်အပြင်၊ ၎င်းကို ရှာဖွေခြင်းနှင့် လေ့လာခြင်းလည်း မလုပ်ကြပါ။ ကျွန်မတို့သည် မိမိအသင်းတော်များကိုသာ ကပ်တွယ်နေပြီး၊ သခင့်ခြေလှမ်းများ ကိုလည်း အမှီလိုက်ခြင်းမရှိသောကြောင့် သခင့် စွန့်ပယ်ခြင်းကို ခံရပါသည်။ ယခုအခါတွင် သခင့်ခြေလှမ်းများဖြင့် အမှီလိုက်ခြင်းဖြင့်သာ ကျွန်မတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ရှိသည့် အသင်းတော်ကို ရှာနိုင်မည် ဖြစ်ပြီးလျှင်၊ သခင်ပြုတော်မူသော နိုင်ငံတော်ခေတ်၏ အမှုတော် အသစ်ကို လက်ခံခြင်းဖြင့်သာလျှင် ကျွန်မတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် လမ်းပြခြင်းတို့ကို ရရှိကာ သခင်နှင့် မျက်နှာချင်းဆိုင် အသက်ရှင်နေထိုင်ရမည် ဖြစ်ပါသည်။

ကိုယ်တော်သည် ပြန်လည်ကြွတော်မူပြီး ဖြစ်သည်

နောက်ရက်အနည်းငယ်အတွင်းတွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် သခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အမှုတော် အဆင့်သုံးဆင့်အကြောင်း အသေးစိတ်အပြင်၊ ခေတ်တစ်ခုချင်းစီ၌ ပြုတော်မူခဲ့သည့် သခင့်အမှုတော်ဆိုင်ရာ အတွင်းပိုင်းဇတ်ကြောင်းများနှင့် အမှုတော်၏ အနှစ်သာရ တို့အကြောင်းတို့ကို အစ်ကို လျူက ကျွန်မနှင့် မိတ်သဟာယပြုခဲ့ပါသည်။ သူက ကယ်တင်ခြင်းခံရခြင်းနှင့် စုံလင်သော ကယ်တင်ခြင်း ရရှိခြင်းတို့အကြား ကွာခြားချက်ကို၊ လူ့ဇာတိ ခံယူခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ ခရစ်တော် အတုအယောင်များကို ခွဲခြားသိမြင်သည့် နည်းလမ်း အပြင်၊ ဘုရားသခင်၏ နာမတော်များဆိုင်ရာ နက်နဲမှုများ စသည်တို့ကိုလည်း ကျွန်မကို မိတ်သဟာယပြု ခဲ့ပါသည်။ ကျွန်မ၏ ဆာလောင်ငတ်မွတ်သည့် နှလုံးသားသည် အသက်ရေဖြင့် ရေလောင်းခြင်းခံရပြီးလျှင်၊ကျွန်မနှလုံးသားသည်လည်းကြီးမားစွာ စိတ်ကျေနပ်ခဲ့ပါသည်။

ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးနောက် အလင်းကို နောက်ဆုံးတွင် တွေ့မြင်ခဲ့ပါသည်။ အမှန်မှာမူ တရုတ်ပြည်၌ ဟောကြားသည့်၊ ဆွေးနွေးချက်များစွာ ပြုခဲ့သည့်၊ ကတ်သလစ်ဘုန်းတော်ကြီးများ ပြစ်တင်ရှုတ်ချသည့် အရှေ့ရပ်မှလျှပ်ပြက်ခြင်းသည် သခင့်ပေါ်ထွန်းခြင်းနှင့် အမှုတော် ပင်ဖြစ်ပြီး၊ ကျွန်မက “ဒီလမ်းခရီးကို အစကအဆုံးအထိ ကြားခဲ့ရလို့ ကျွန်မအရမ်းကို ဝမ်းသာတာပဲ။ မဟုတ်ရင် ကျွန်မက သတိမပြုမိပဲနဲ့တောင် သခင့်ကို ခုခံနေမိဦးမှာပဲ။ အဲဒါ တကယ် အရမ်းအန္တရာယ်များတာပဲ” ဟု စိတ်ခံစားများစွာဖြင့် ပြောခဲ့ပါ သည်။ ထို့နောက်တွင် ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်အား ထက်သန်စွာ စတင်ဖတ်ရှုပြီး၊ စုဝေးမှုတွေကိုလည်း နိုးကြားတက်ကြွစွာ တက်ရောက်သည့်အပြင်၊ ဧဝံဂေလိရုပ်ရှင်များကိုကြည့်ကာ၊ ဓမ္မသီချင်းများကိုလည်း နားထောင်ပါသည်၊ ပြီးနောက် များမကြာမီတွင်ပင် ကျွန်မအနေဖြင့် နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော် များအကြောင်းကို ပိုမိုသေချာ လာခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်တွင်၊ ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ရှိခြင်းမှ လာသည့် ငြိမ်သက်ခြင်းနှင့် ပျော်မွေ့ခြင်းတို့ကို အမှန်တကယ် တွေ့ကြုံခံစားလာရသည့်အပြင် ဤကြီးမားသော မိသားစုကြီး၏ နွေးထွေးမှုကို ခံစားခဲ့ရပါသည်။

သိပ်မကြာသည့်အချိန်တွင်ပင် ကျွန်မနှင့် အစ်မတစ်ယောက် တို့သည် ကျွန်မခင်ပွန်းကို နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို သက်သေခံခဲ့ကြသည်။ ယခုအခါတွင် ကျွန်မခင်ပွန်း သည်လည်း နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင် ဘုရားသခင် ၏ အမှုတော်နှင့်အတူ အမှီလိုက်ကာ၊ နေ့စဉ်နေ့တိုင်း ကျွန်မတို့ သည် ဘုရားသခင်၏ အသက်ရေဖြင့် အားဖြစ်စေခြင်းနှင့် ရေလောင်းခြင်းတို့ခံရသည်ကို ပျော်မွေ့ကြသည့်အပြင်၊ ကျွန်မတို့ အသက်တာများသည်လည်း အမြဲမပြတ် တိုးတက်မှုများ ဖြစ်ပေါ်နေပါသည်။ နက်နဲမှုများအားလုံးကို ထုတ်ဖော်ကာ၊ ကျွန်မတို့ကို ခွဲခြားသိမြင်နိုင်ခွင့်ပေးသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ပါသည်။ ကျွန်မတို့အနေဖြင့် ဘုရားသခင်ကို ခုခံသည့် လမ်းကြောင်းတစ်လျှောက် သိုးထိန်း အတုအယောင် များနောက်ကို ခံစားချက်မဲ့စွာဖြင့် လုံးဝလိုက် တော့မည် မဟုတ်သည့်အပြင်၊ ကျွန်မတို့သည် သိုးသငယ်၏ ခြေလှမ်းများနှင့်အတူ နောက်ဆုံးတွင် အမှီလိုက်နေကြပြီ ဖြစ်ပါသည်။

အမှာစကား ချန်ခဲ့မည်