စာရင်း

စာတန်၏လိမ်လည်လှည့်ဖြားသော အကောက်ကြံမှုများကို ထိုးဖောက်မြင်ပြီးနောက်တွင် ကျွန်မသည် အစည်းအဝေးများကို လုံးဝ မပျက်ကွက်တော့ပါ

ရှုးဟန် ထိုင်းနိုင်ငံ

အယ်ဒီတာမှတ်စု- အစည်းအဝေးများက ဘုရားသခင်ထံ တိုး၍နီးကပ်ရန် နှင့် သမ္မာတရားကို ရရှိရန် အကောင်းဆုံးသော အခွင့်အလမ်းတစ်ခုကို ပေးပါသော်လည်း၊ ခရစ်ယာန်များဖြစ်သည့် ကျွန်မတို့သည် ကျွန်မတို့အနီးတဝိုက်မှ လူများ၊ အဖြစ်အပျက်များ နှင့် အရာများအားဖြင့် နှောင့်ယှက်ခြင်းကို မကြာခဏ ခံကြရသောကြောင့် ကျွန်မတို့ အစည်းအဝေးပုံမှန် တက်ရောက်ခြင်း ကို ဟန့်တားကာ၊ ဘုရားသခင်နှင့် ကျွန်မတို့၏ ပုံမှန်ပေါင်းသင်းဆက်ဆံရေးကို ဆုံးရှုံးစေသည်။ ထိုအရာများသည် မတော်တဆအားဖြင့်သာ ဖြစ်သည့် အသွင်ပေါက်နေသော်လည်း ၎င်းတို့ အနောက်တွင် ဖုံးကွယ်နေသည့်အရာမှာ အဘယ်နည်း။ ကျွန်မတို့သည် မိမိတို့၏ အစည်းအဝေးတက်ရောက်ခြင်းများကို ထိုလူများ၊ အဖြစ်အပျက်များ၊ နှင့် အရာများက မနှောင့်ယှက်စေရန် မည်သို့ တိတိကျကျ ရင်ဆိုင်ဖြေရှင်းရမည်နည်း။

ကျွန်မသည် ခရစ်ယာန်တစ်ယောက် ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် အစောပိုင်းတွင် မမျှော်လင့်ပဲနှင့် ကျွန်မသည် ညီအစ်ကိုမောင်နှမ အချို့ကို သိကျွမ်းခဲ့ရသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို ဖတ်ရှုခြင်းနှင့် ၎င်းတို့နှင့်အတူတကွ အစည်းအဝေးများ တက်ရောက်ခြင်းအားဖြင့် သခင် ပြန်ကြွလာပြီး၊ သမ္မာတရားများစွာကို ဖော်ပြနေသည့်အပြင်၊ လူသားမျိုးနွယ်ကို စီရင်ရန် နှင့် သန့်စင်ရန် ကိုယ်တော်၏ အမှုတော်ကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ကျွန်မရှာဖွေ သိရှိခဲ့ပါသည်။ ပုံမှန်အားဖြင့် ကျွန်မအချိန်ရသည့်အခါတိုင်း၊ ကျွန်မသည် ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိတ်သဟာယပြုလေ့ရှိသည်။ ကျွန်သည် အလွန်စိတ်ကြီးဝင်ပြီး ကိုယ့်အကျိုးကိုသာကြည့်သောကြောင့်၊ သူတို့ကျွန်မကို ရယ်မောကြမည်ကိုစိုးသည်နှင့်အညီ ကျွန်မ သည် ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် မိမိနားမလည်သည့်အရာ တစ်စုံတစ်ခုရှိပါက သို့မဟုတ် အခက်အခဲ တစ်ခုရှိပါက၊ ညီအစ်ကိုမောင်နှမများကို ဖွင့်ဟခဲလှသည်။ ညီအစ်ကို မောင်နှမများသည် ဘုရားသခင်က သန့်စင်ပြီး၊ ပွင့်လင်းကာ၊ ရိုးသားသူများကို မည်မျှချစ်ကြောင်း ကျွန်မကို မိတ်သဟာယပြုလေ့ရှိကြသောကြောင့် ကျွန်မသည် ရိုးသားသူ တစ်ယောက် ဖြစ်လာရန် လေ့ကျင်ဖို့ စတင်ခဲ့သည်။ အစည်းအဝေးများတွင် ကျွန်မသည် မိမိညီအစ်ကိုမောင်နှမများနှင့် ပွင့်လင်းစွာနေပြီး ကျွန်မတွင် ရှိသည့် မည်သည့်အခက်အခဲကိုမဆို ပြောပြကာ၊ ကျွန်မတို့က ထိုအရာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေကြသည်။ အချိန်အချို့ကြာပြီးနောက်၊ ကျွန်မသည် ပို၍ပို၍ လွတ်မြောက်လာသည်ဟု ခံစားရကာ၊ ကျွန်မနှလုံးသား သည်လည်း ဝမ်းမြောက်ခြင်းဖြင့် ပြည့်ဝသည့်အပြင်၊ ကျွန်မ ညီအစ်ကိုမောင်နှမများနှင့် စုဝေးခြင်းကိုလည်း ပို၍ပို၍ နှစ်သက်လာ ခဲ့သည်။

နောက်ပိုင်းတွင် ကျွန်မသည် ကော်ဖီဆိုင်တစ်ဆိုင်တွင် စတင်အလုပ်လုပ်ခဲ့သည်။ ဤအလုပ်သည် အေးဆေးသက်တောင့်သက်သာပိုရှိပြီး၊ ကျွန်မသည် နာရီများစွာ အလုပ်လုပ်ရန် မလိုအပ်သည့်အပြင်၊ ကျွန်မ ညီအစ်ကိုမောင်နှမများနှင့် အစည်းအဝေးများကို တက်ရောက်ရန် အချိန်ပိုရခဲ့ပါသည်။ ဘုရားသခင်က ကျွန်မကို အလွန်ကြင်နာသည်ဟု ကျွန်မခံစားရသည်။ သို့သော်လည်း မကြာမီပင် အစည်းအဝေးများ ပုံမှန်တက်ရောက်ရန် ကျွန်မကို ဟန့်တားလာသည့် အရေးကိစ္စအချို့ကို တွေ့ကြုံခဲ့ရပါသည်။…

တစ်နေ့တွင် အစည်းအဝေးတစ်ခုစတင်ခါနီးတွင်အချိန်တွင် ကျွန်မ အလုပ်မှ မန်နေဂျာက LINE မှနေ ရုတ်တရက် စာတိုတစ်စောင်ပို့ကာ ကျွန်မလုပ်ဖော်ကိုင်ဖက်များထဲ တစ်ယောက်သည် အရေးအကြောင်းပေါ် လာ၍ ခွင့်တစ်ရက်ယူလိုက်ရပြီး ကျွန်မ အစားထိုးပေးနိုင်ခြင်းရှိမရှိ မေးမြန်းခဲ့သည်။ စာတိုကိုကြည့်ရင်း ကျွန်မ အနည်းငယ် မအီမသာခံစားရသည်၊ ကျွန်မ လုပ်ဖော် ကိုင်ဖက်အတွက် အစားထိုးအလုပ်ဆင်းပေးပါက၊ ကျွန်မသည် ဤအစည်းအဝေးကို တက်ရောက် နိုင်မည် မဟုတ်သည့်အပြင်၊ သမ္မာတရားအချို့ကို နားလည်သဘောပေါက်ခြင်း နှင့်လည်း လွဲချော်ရ မည်။ ပို၍ဆိုးသည်မှာ ဤအချိန်တွင် ကျွန်မညီအစ်ကိုမောင်နှမများနှင့် အစည်းအဝေးတက်ရောက် ရန် ကျွန်မသဘောတူခဲ့ပြီး ဖြစ်သည်။ကျွန်မ မသွားပါက၊ သူတို့က ကျွန်မစကားမတည်ဟု တွေးမည်လား။ သို့သော်လည်း ထို့နောက် ဤကိစ္စသည် မည်သူမျှ မမှန်ထားနိုင်သည့် နောက်ဆုံး မိနစ် အခြေအနေတစ်ခု ဖြစ်သည်ဟု တွေးမိသောကြောင့် ကျွန်မ လုပ်ဖော်ကိုင်ဖက် အတွက် အစားထိုးဆင်းပေးမည် ဖြစ်ကြောင်း ကျွန်မ မန်နေဂျာကို ပြောခဲ့ပါသည်။ ကျွန်မ အလုပ်၌ ရောက်နေ ချိန်တွင်ပင် ကျွန်မ အစည်းအဝေးမတက်ခဲ့သည့်အချက်အကြောင်း တွေးမိတိုင်း၊ ကျွန်မသည် သူတို့ကို တောင်းပန်စကားတစ်ခု အကြွေးတင်ရှိနေသည်ဟု ခံစားရပြီး၊ မိမိကိုယ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။ ထိုညနေတွင် ကျွန်မ အွန်လိုင်းတက်ချိန်တွင်၊ ညီအစ်မများထဲမှ တစ်ယောက် ကို ထိုနေ့က ဖြစ်ကြောင်းကုန်စင်ကို ပြောပြကာ၊ သူမကို တောင်းပန်ခဲ့ပါသည်။ ထိုအစ်မက စိတ်မပူရန် ပြောပြီး၊ ကျွန်မတို့ နောက် အစည်းအဝေးတစ်ခုအတွက် အချိန်ညှိနှိုင်းခဲ့သည်။

ကျွန်မတို့ နောက်ထပ်အစည်းအဝေးလုပ်မည့် ရက်သို့ရောက်လာပြီး၊ နံနက်စာစားအပြီးတွင် ကျွန်မသည် အစည်းအဝေးတက်ရန် ရွှင်လန်းစွာ စောင့်မျှော်ခဲ့သည်။ အစည်းအဝေးမစမီ အချိန် အနည်းငယ် ရှိသေးသည်ကို တွေ့ရင်းဖြင့် ကျွန်မသည် အလုပ်ထဲမှ ကျွန်မလုပ်ဖော်ကိုင်ဖက် ကို ခဏမျှ ကူညီရန် အလုပ်ထဲသို့ သွားခဲ့သည်။ ထို့နောက်တွင်ပင် ကော်ဖီဆိုင်ပိုင်ဆိုင်က ရုတ်တရက် ဝင်လာခဲ့သည်။ ကျွန်မက သူ့ကို အံ့အားတကြီးနှင့် ကြည့်လိုက်ပြီး၊ "ဒီမှာ ငါအလုပ်လုပ်လာတာ နှစ်လရှိပြီ၊ ပြီးတော့ သူဒီဆိုင်ထဲလာတာ တစ်ခါမှ မမြင်ဖူးဘူး။ သူဒီနေ့မှ ရုတ်တရက်ကြီး ဘာဖြစ်လို့ရောက်လာတာလဲ" ဟု တွေးမိသည်။ ကျွန်မကို မြင်သည့်အားလျော်စွာ ပိုင်ရှင်က "ရင်း။ နင်ဒီမှာအလုပ်လုပ်တာမကြာသေးဘူး၊ ပြီးတော့ ကော်ဖီဘယ်လိုဖျော်ရမလဲဆိုတာလည်း မသိသေး ဘူး။ တစ်ပတ်မှာ နင်နေ့တိုင်း အလုပ်လုပ်ခဲ့မယ်ဆိုရင်၊ ကော်ဖီဖျော်တတ်ရုံတင်မကဘူး၊ နင်ပိုက်ဆံ လဲ ပိုဝင်မှာပေါ့၊ ဒါဆို ဘယ်ဖက်က ကြည့်ကြည့်အသာချည်းဖြစ်မနေဘူးလား။ နင့်အလုပ် အဝတ်အစား သွားလဲပြီး၊ အလုပ်ဝင်စမ်း။ ငါနင့်လစာကို တွက်လိုက်မယ်" ဟု ပြောသည်။ သူဤသို့ ပြောသည်ကို ကြားရင်းဖြင့်၊ ကျွန်မ တစ်ချို့တစ်ဝက်မျှ ပျော်ရွှင်ခဲ့ပါသည်။ "ဟုတ်တယ်" ကျွန်မက "ငါရက်ပို အလုပ်ဆင်းရင်၊ ပိုက်ဆံနည်းနည်း ပိုရမယ်" ဟု တွေးမိပါသည်။ သို့သော်လည်း ထို့နောက်တွင် ကျွန်မက "ဒါပေမဲ့ အဲဒီအခါကျရင် ငါ့ညီအစ်ကိုမောင်နှမတွေနဲ့ အစည်းအဝေးတွေ တက်ဖို့ အချိန်ဘယ်ရတော့မလဲ။ ဒါပေမဲ့ သူပေးတဲ့ ကမ်းလှမ်းချက်ကို ငါငြင်းလိုက်ရင် ပိုင်ရှင်က ဘာတွေးမလဲ။ အလုပ်သမားအသစ်တစ်ယောက်အနေနဲ့ ပထမဆုံးငါတို့တွေ့တဲ့အချိန်မှာ သူပေးတဲ့ ကမ်းလှမ်းချက်ကို ငြင်းလိုက်လို့ ငါကသူ့ကို မလေးစားဖူးလို့များ တွေးလေမလား"ဟု တွေးမိပြန်သည်။ ကျွန်မ အတွေးများသည် ခဏကြာသည်အထိ ရှေ့တိုးလိုက်နောက်ဆုတ်လိုက် ဖြစ်နေပြီး၊ နောက်ဆုံးတွင် သူ့ကမ်းလှမ်းချက်ကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။

နောက်ထပ်အစည်းအဝေးတစ်ခုကို စွန့်ခွာပြီးနောက်ပိုင်းတွင်၊ ကျွန်မသည် မိမိစကားမတည်ဟု အမှန်တကယ် ခံစားရပြီး၊ ကျွန်မ ညီအစ်ကိုမောင်နှမများကို ရင်ဆိုင်ရန် အလွန်အရှက်ရခဲ့ပါသည်။ ထို့ကြောင့် ကျွန်မသည် သူတို့ကို ရှောင်ပြီး၊ သူတို့နှင့် အဆက်အသွယ်အားလုံးကို ဖြတ်ရန် ရွေးချယ်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျွန်မသည် ဘုရားသခင်နှင့် တဖြည်းဖြည်းချင်း ပို၍ပို၍ ဝေးလာခဲ့သည်။ လူမှုရေးရေပန်းစားမှုများနှင့် အံဝင်ခွင်ကျဖြစ်စေရန်၊ ကျွန်မသည် အရက် စတင်သောက်ကာ၊ ကျွန်မအသွင်အပြင် နှင့် မိတ်ကပ်များ သုံးစွဲခြင်း အပေါ်အချိန်စတင် အကုန်ခံ ခဲ့သည်။ ကျွန်မ ပျင်းသည့်အချိန်တွင် ကျွန်မသည် ဖက်ရှင် ရုပ်သံလိုင်းများ၊ ထိုင်းရုပ်ရှင် အခန်းဆက် များကို ကြည့်ပြီး၊ ကွန်ပြူတာဂိမ်းများ ကစားခြင်း စသည်တို့ကို ပြုခဲ့သည်။ သို့သော်လည်း ကျွန်မ နှလုံးသားသည် အလွန်အနှစ်သာရကင်းမဲ့ကာ၊ မကြာခဏဆိုသကဲ့သို့ ဒေါသထွက်လေ့ရှိပါသည်။ ခရစ်ယာန်တစ်ယောက်၏ အသွင်အပြင် တစ်ခုမျှမရှိပဲ အသက်ရှင်နေထိုင်နေသည့် ကျွန်မကိုယ်ကို ကြည့်ရင်း၊ ကျွန်မသည် နောင်တကြီးစွာခံစားရပါသည်။ နောက်ပိုင်းတွင် ဘုရားသခင်သည်သာလျှင် လူများကို ပြောင်းလဲနိုင်ကြောင်းနှင့် အစည်းအဝေးများတက်ခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုခြင်းတို့၌ ကျွန်မ ညီအစ်ကိုမောင်နှမများကို ပြန်လည် ပူးပေါင်းလိုကြောင်းတို့ကို ကျွန်မ တွေးမိခဲ့ပါသည်။ သို့သော်လည်းအစည်းအဝေးများ တက်ရောက် ခြင်းကို ကျွန်မ နှစ်ကြိမ်တိုင်တိုင် မည်သို့နောက်ဆုတ်ခဲ့ပုံကို တွေးမိသောအချိန်တွင်၊ ကျွန်မအရှက်ရခြင်းကို မကျော်လွန်နိုင်ပဲနှင့် သူတို့နှင့် ပြန်လည်ဆက်သွယ်ရန် သတ္တိကင်းမဲ့ ခဲ့ပါသည်။

တစ်လအကြာတွင် ကျွန်မသည် အမှတ်တမဲ့ Facebook ကို ဝင်လိုက်သည်။ အွန်လိုင်း ပေါ်တက်သည်နှင့် တပြိုင်နက် အစ်မတစ်ယောက်က သူမ တစ်စုံတစ်ခုလုပ်မိ၍များ ကျွန်မ အစည်းအဝေးတွေကို မတက်တော့ခြင်း ဟုတ်မဟုတ်ကို မေးသည့် စာတိုတစ်ခု ပို့ထား၍ ကျွန်မသည် ပို၍ပင် နောင်တရခြင်းကို ခံစားခဲ့ရပါသည်။ ညီအစ်ကိုမောင်နှမများသည် ကျွန်မနှင့် ပတ်သက်ပြီး အမြဲတမ်း မည်သို့စိုးရိမ်လေ့ရှိကြောင်း၊ ကျွန်မကို သမ္မာတရားအကြောင်း အမြဲတမ်း စိတ်ရှည် လက်ရှည် မည်သို့ မိတ်သဟာယပြုခဲ့ကြောင်း တို့ကို ကျွန်မတွေးမိပါသည်။ သူတို့မည်သည့် အရာတစ်ခုမျှ အမှားမလုပ်ပါ၊ သူတို့ကို တမင်ရည်ရွယ် ရှောင်တိမ်းခဲ့သူနှင့် ဤအစ်မက သူမတစ်စုံတစ်ခုအမှားလုပ်မိသောကြောင့် ဖြစ်သည်ဟု တွေးမိစေသူမှာ ကျွန်မသာဖြစ်ပါသည်။ ဤအကြောင်းကိုတွေးရင်း ကျွန်မက အစည်းအဝေးများ ပျက်ကွက် ရခြင်းအတွက် ကျွန်မ၏ အကြောင်းအရင်းများကို ထိုအစ်မကို ရှင်းပြခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး စိတ်မကောင်း မဖြစ်ဖို့ သူမက ကျွန်မကို ပြောခဲ့ပြီး၊ အွန်လိုင်းတွင် အစည်းအဝေးများ တက်ရောက်ရန် ကျွန်မကို အားပေးခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်မအား ထိုအစ်မမှတစ်ဆင့် ကူညီနေကြောင်းကို ကျွန်မတွေ့ရပြီး၊ ကျွန်မသည် အလွန်တို့ထိခြင်းခံရသည့်အပြင်၊ ကျွန်မသည် ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် အစည်းအဝေးများကို တစ်ဖန်တက်ရောက်ခဲ့ပြန်သည်။

အစည်းအဝေးတွင် ထိုအစ်မက ကျွန်မကို ဘုရားသခင်၏နှုတ်ကပတ်တော်များကို ပေးပို့ခဲ့သည်၊ "လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်း တွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာ သကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ် သည်။ သို့သော်လည်း နောက်ကွယ် မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစား များဖြစ်ပြီး လူတွေ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘက စုံစမ်းခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘ အပေါ်မှာ ဖြစ်ပျက် ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင် လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏ နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။" ထို့နောက်တွင် သူမက မိတ်သဟာယပြုရင်းဖြင့် "ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှ တွေ့မြင်ရတဲ့ အတိုင်းပါပဲ၊ ကျွန်မတို့ နေ့တိုင်းတွေ့ကြုံနေရတဲ့ လူတွေ၊ အဖြစ်အပျက်တွေ နဲ့ အရေးကိစ္စတွေက အပြင်ပန်းမှာတော့ လူတွေက အချင်းချင်း အပြန်အလှန်ဆက်ဆံနေကြတဲ့အသွင်ပေါက်တယ်။ ဒါပေမဲ့ ဝိညာဉ်ရေးရာလောကမှာတော့ စာတန် က ကျွန်မတို့ကို နှောင့်ယှက်တဲ့အပြင်၊ ဘုရားသခင်နဲ့ အလောင်းကစားလုပ်နေပြီး၊ ကျွန်မတို့က လည်း ကိုယ့်သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ရမယ်။ အဲဒါက ဥပမာအားဖြင့် ယောဘတွေ့ကြုံ ရတဲ့ စမ်းသပ်မှုတွေလိုပဲ။ သူ့ချမ်းသာကြွယ်ဝမှုတွေအားလုံးက တစ်ညတည်းနဲ့ သူ့ဆီက ယူဆောင်တာ ခံလိုက်ရတယ်။ အပြင်ကကြည့်ရင်တော့ အဲဒါတွေအားလုံးကို သူခိုးတွေက ခိုးသွားတယ်လိုပဲ သဘောရပေမဲ့၊ တကယ့်အမှန်က စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုတစ်ခုဖြစ်ပြီး၊ ယောဘက သူ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည် တဲ့အချိန်မှာ စာတန်က အရှက်ရပြီး၊ ထွက်ပြေးသွားခဲ့တယ်။ အစည်းအဝေးတွေ တက်ခြင်းအားဖြင့် ကျွန်မတို့တွေက ပိုမိုများပြားတဲ့ သမ္မာတရား တွေကို နားလည်နိုင်မယ်ဆိုတာကို စာတန်ကသိတယ်လေ။ ဒါပေမဲ့ သူဟာ ကျွန်မတို့ကို သမ္မာတရားတွေ ရရှိပြီး၊ ဘုရားသခင်ရဲ့ နောက်ဆုံးကယ်တင်ခြင်းကို အောင်မြင်ရရှိတာမျိုး မဖြစ်စေချင်တာကြောင့် ကျွန်မတို့ ဘုရားသခင်နဲ့ ပိုဝေးသွားအောင်၊ ပြီးတော့ စာတန်ရဲ့ ထိခိုက်နစ်နာအောင်ပြုခြင်းနဲ့ အသက်ရှင်နေထိုင်ရအောင် သူက ကျွန်မတို့ အနီးတဝိုက်က လူတွေ၊ အဖြစ်အပျက်တွေ နဲ့ အရေးကိစ္စတွေကတစ်ဆင့် ကျွန်မတို့ကို အမြဲတမ်း နှောင့်ယှက်ဖို့ကြိုးစားတယ်။ လတ်တလောကပဲ ညီမ မန်နေဂျာက ညီမကို လုပ်ဖော်ကိုင်ဖက် တစ်ယောက် အတွက် အစားထိုး အလုပ်လုပ်ပေးဖို့နဲ့ ကော်ဖီဆိုင်ပိုင်ရှင်က ညီမကို အချိန်ပိုဆင်းဖို့အတွက် အခိုင်းခံရတယ်။ အပြင်က ကြည့်ရင်တော့ ဒီအရေးကိစ္စတွေက လူတွေက ညီမဆီက အရာတွေကို လိုအပ်နေတယ်လို့ အသွင်ပေါက်နေပေမဲ့၊ တကယ်တော့ ဒါတွေဟာ စာတန်က အနှောင့်အယှက်တွေကို တိတ်တဆိတ် ဖြစ်စေတာ ဖြစ်တယ်။ စာတန်က အစည်းအဝေးတက်ပြီးကုန်သင့်တဲ့အချိန်တွေကို ယူဖို့၊ ညီမ ဘုရားသခင် ရှေ့တော်မှောက်လာတာကို တားဆီးဖို့ နဲ့ ညီမရဲ့ ဘုရားသခင်နဲ့ ပုံမှန် ပေါင်းသင်း ဆက်ဆံရေး ကို ဖျက်ဆီးဖို့တို့အတွက် အလုပ်ကို အသုံးပြုတယ်။ အဲဒါဆိုရင် ညီမအနေနဲ့ ဘုရားသခင်ဆီက ပိုပိုဝေးကွာလာစေပြီး၊ ညီမကို ဆိုးရွားတဲ့အခြေအနေထဲကို တိုး၍တိုး၍ ရောက်စေ တာက ညီမက အမှောင်ထဲမှာ အသက်ရှင်နေထိုင်ရင်းနဲ့ အဆုံးသတ်သွားတဲ့အထိပဲ ဖြစ်တယ်။ ဒါ့ကြောင့် ကျွန်မတို့တွေက စာတန်ရဲ့ လှည့်စားတဲ့ အကောက်ကြံမှုတွေကို ထိုးဖောက်မြင်ရမှာဖြစ်ပြီး၊ ညီအစ်ကိုမောင်နှမတွေနဲ့ အစည်းအဝေးတက်ဖို့ နဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုဖို့ အခြေအနေကို ထိန်းထားရမယ်၊ ဒီလိုလုပ်မှသာလျှင် ကျွန်မတို့က ဘုရားသခင်နဲ့ သာမာန်ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပြီး၊ ကယ်တင်ခြင်းလမ်းကြောင်းကို လျှောက်နိုင်မှာဖြစ်တယ်" ဟုပြောခဲ့သည်။

ထို့နောက် အစ်ကိုတစ်ယောက် က "အသက်တာဝင်ရောက်ခြင်း အကြောင်း ဒေသနာများနဲ့ မိတ်သဟာယပြုခြင်းများ" မှ စာပိုဒ်တစ်ခုကို ပို့လိုက်သည်၊ "စာတန်ရဲ့ အကောက်ကြံမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်ဆိုတာက လူတွေကိုယ်တိုင်က သူတို့နှလုံးသားနဲ့ သဘာဝတွေမှာ ဖြစ်ပေါ်နေတဲ့ ဆိုးယုတ်တဲ့အတွေးအမျိုးအစားအားလုံးအပါအဝင် နေ့စဉ်နှင့်အမျှ လူတွေကြုံတွေ့ နေရတဲ့ စစ်ဆေးမှု အမျိုးအစားအားလုံးကို အဓိကညွှန်းဆိုထားတာ ဖြစ်ပါတယ်။ ရှင်ပေတရုက ဘုရားသခင်ကို ဆုတောင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ရှာဖွေ ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အသိဉာဏ် ပွင့်လင်းစေခြင်း နဲ့ အလင်းပေးခြင်းတို့ကို ရှာဖွေ တဲ့အချိန်မှာ အဲဒီလိုအရာတွေကို ရင်ဆိုင်ခဲ့ရတယ်။ သူက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ဘုရားသခင်ရဲ့ အလိုတော်တို့ကို နားမလည်မီမှာ ရှာဖွေဖို့ရက်အနည်းငယ်နဲ့ မိတ်သဟာဟပြုဖို့ အချိန်အနည်းငယ် ကြာမြင့်ခဲ့လို့လဲ ဖြစ်နိုင်ပါတယ်။ အဲဒီနည်းလမ်းနဲ့ သူက ဘုရားသခင်ကို နားလည်သဘောပေါက် ခြင်းဆိုင်ရာ ရလဒ်ကို အောင်မြင်ရရှိခဲ့ပြီး၊ တစ်ချိန်တည်းမှာပဲ စာတန်ရဲ့ အကောက်ကြံမှုတွေ ကိုလည်း ထိုးဖောက်မြင်နိုင်ခဲ့တယ်" ထို့နောက်တွင် ထိုအစ်ကိုက မိတ်သဟာယပြုရင်းဖြင့် "ကျွန်တော်တို့ဘေးက လူတွေ၊ အဖြစ်အပျက်တွေ နဲ့ အရေးကိစ္စတွေကို အသုံးပြုပြီး ကျွန်တော်တို့ ဘုရားသခင်ကို ပို၍နီးကပ်စေ ခြင်းကတားဆီးတဲ့အပြင်၊ စာတန်က ကျွန်တော်တို့ကိုယ်ပိုင် မှားယွင်း တဲ့အတွေးတွေ နဲ့ အကြံဉာဏ် တွေဖြစ်တဲ့ "ငါအချိန်ပိုမဆင်းရင်၊ ငါ့မန်နေဂျာက သူ့ကိုမလေးစား ဘူးလို့များထင်မလား" "အချိန်ပိုနည်းနည်းဆင်းလိုက်ရင် ငါပိုက်ဆံပိုရပြီးတော့ ငါလည်း အစည်း အဝေးနှစ်ခုကို ပျက်ပြီးပြီ ဆိုတော့ ငါ့ညီအစ်ကို မောင်နှမတွေကရော ငါ့စကားမတည်တော့ဘူးလို့ ပြောကြမလား"ဆိုတာတွေ ကိုလည်း အသုံးပြုတယ်။ စတာမျိုးတွေဖြစ်ပါတယ်။ ညီမကို နှောင့်ယှက်ဖို့၊ ညီမရဲ့ ဝင့်ဝါမှုနဲ့ ကိုယ်ကျိုးသာကြည်တာကို ကာကွယ်ဖို့အတွက် အစည်းအဝေးတွေ တက်တာကို စွန့်လွှတ်စေဖို့၊ အဲဒီအပြင် ပိုက်ဆံပိုရှာစေဖို့ ဒီအတွေးတွေ နဲ့ အကြံဉာဏ်တွေကို အသုံးပြုပြီး စာတန်က ညီမကို ဘယ်လောက်နှောင့်ယှက်လဲဆိုရင် ညီမက ညီအစ်ကို မောင်နှမတွေကိုတောင် ရှောင်ဖယ်လာတယ်။အတိုချုပ်ပြောရရင်၊ ကျွန်တော်တို့ကို ကောင်းမွန်ရာမှ ပြန်လျှောကျစေပြီး၊ အပျက်သဘောဆောင်လာစေတဲ့ ဒါမှမဟုတ် ကျွန်တော်တို့ကို ဘုရားသခင်ကနေ ပိုပြီးဝေးစေတဲ့ ဘယ်လိုအမူအကျင့်၊ အတွေး ဒါမှမဟုတ် အကြံဉာဏ်တွေ မဆို စာတန်ဆီက လာတာဖြစ်တယ်။ ကျွန်တော်တို့က အရေးကိစ္စတွေကို တွေ့ကြုံရတဲ့အချိန်မှာ ရှင်ပေတရုကို အတုယူပြီး၊ ဘုရားသခင်ဆီမှာ ပိုဆုတောင်း၊ ဘုရားသခင်ရဲ့ အလိုတော်ကို ပိုရှာ၊ ဘုရားသခင်ဆီ ကလာတဲ့ အတွေးတွေ နဲ့အကြံဉာဏ်တွေက ဘာတွေလဲ၊ စာတန်ရဲ့ နှောင့်ယှက်မှုက လာတဲ့ဟာ တွေက ဘယ်ဟာတွေလဲဆိုတာကို ခွဲခြားသိမြင်နိုင်ဖို့နည်းလမ်းနဲ့ ကို သင်ယူတဲ့အပြင်၊ စာတန်ရဲ့ လှည့်စားတဲ့ အကောက်ကြံမှုတွေရဲ့ ဖမ်းမိခြင်းကို ရှောင်ကြဉ်ရပါမယ်" ဟုပြောပါသည်။

ကျွန်မညီအစ်ကိုမောင်နှမများပေးသည့် မိတ်သဟာယပြုခြင်းများ နောက်မှသာလျှင် စာတန်သည် နေရာတိုင်းတွင် ရှိကြောင်းကို ကျွန်မသင်ယူခဲ့ရပါသည်၊ သူက ကျွန်မက ဖြားယောင်းသွေးဆောင်ရန် နှင့် အစည်းအဝေးများတက်ခြင်းနှင့် ဘုရားသခင်ထံ ပို၍ နီးစပ်ခြင်းတို့မှ တားဆီးရန် ပိုက်ဆံကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး၊ ကျွန်မသည် ယုံကြည်၍မရသူတစ်ယောက်ဖြစ်ကြောင်း၊ ကျွန်မညီအစ်ကိုမောင်နှမများကို တွေ့ရန် အလွန်ပင် အရှက်ရကြောင်း တို့ကို တွေးမိစေသည့် အကြံဉာဏ်များ ကျွန်မ ဦးခေါင်းထဲသို့ ထည့်ပေး သောကြောင့် ကျွန်မသည် အစည်းအဝေးများကို ရှောင်ကြဉ်ခဲ့ပါသည်။ ထိုနည်းအားဖြင့် ကျွန်သည် ဘုရားသခင်နှင့် ပို၍ဝေးလာပြီးလျှင် ဆိုးရွားသောအခြေအနေထဲသို့ တိုး၍တိုး၍ ရောက်ရှိလာမည် ဖြစ်ပါသည်။ ဘုရားသခင်ရှေ့တော်မှောက်သို့ တစ်ဖန်ပြန်လာခွင့်ရစေသည့် အခြေအနေကို စီစဉ်ပေး ခြင်းနှင့် ကျွန်မ သမ္မာတရားကို ပိုမိုနားလည်သဘောပေါက် စေရန် နှင့် စာတန်၏ လှည့်စားသော အကောက်ကြံမှုများကို ထိုးဖောက်မြင်နိုင်ရန် အခွင့်ပေးဖို့ ညီအစ်ကိုမောင်နှမများအားဖြင့် မိတ်သဟာယကို အသုံးပြုခြင်း တို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ထိုအချိန်မှစပြီး၊ ကျွန်မသည် ဘုရားသခင်ထံ ပို၍နီးကပ်ကာ၊ ကိုယ်တော်ကို ပို၍ ဆုတောင်းပြီး၊ ကိုယ်တော်နှင့် ပုံမှန်ပေါင်းသင်း ဆက်ဆံရေးကို တည်ထောင်သည့်အပြင်၊ အရေးကိစ္စများကို ဝိညာဉ်ရေးရာ လောက၏ အမြင်ရှုထောင့်မှ ကြည်တတ်အောင် သင်ယူပြီး၊ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းသို့ မနစ်မြုပ်တော့ ဟု ဆုံးဖြတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ကျွန်မသည် အချိန်ရတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး၊ ဓမ္မသီချင်းများကို သီဆိုကာ၊ ဘုရားသခင်နှင့် ပုံမှန်ပေါင်းသင်း ဆက်ဆံရေးကို ထိန်းသိမ်းထား၍ ကျွန်မ အခြေအနေသည်လည်း တဖြည်းဖြည်းချင်းပုံမှန် ပြန်ဖြစ် လာခဲ့ပါသည်။

တစ်နေ့တွင် အစ်မတစ်ယောက်နှင့် ကျွန်မတို့က ညနေပိုင်းတွင် အစည်းအဝေးတက်ရောက်ရန် စီစဉ်ခဲ့သည်။ မမျှော်လင့်ပဲနှင့် အလုပ်မှ မန်နေဂျာက ကော်ဖီဆိုင်ထဲသို့ ရုတ်တရက် ဝင်လာကာ ကျွန်မအား "ရင်း၊ ငါတို့ကော်ဖီက တခြားနယ်မြေက ပြိုင်ပွဲတစ်ခုမှာ ဒုတိယနေရာကို ရခဲ့တယ်။ အလုပ်ရှင်က ဒီညမှာ လူတိုင်းကို ဟော့ပေါ့သွားစားပြီး အောင်ပွဲခံကြဖို့ ဖိတ်ထားတယ်။ နင်ရောသွား ချင်လား" ဟု ပြောခဲ့သည်။ ကျွန်မက ထိုညနေအစည်းအဝေးအကြောင်းကို တွေးလိုက်သည်။ စင်စစ်မှာမူ ကျွန်မသည် ငွေအတွက် ကျွန်မ၏ လောဘကြောင့် တစ်ကြောင်း၊ ပြီးနောက် ကျွန်မ၏ ဝင့်ဝါမှုနှင့် ကိုယ်ကျိုးကြည့်မှုကို ကာကွယ်လိုသောကြောင့် တစ်ကြောင်းတို့ကြောင့် ယခင်က ကျွန်မ၏ သက်သေခံချက်ကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်၊ ယနေ့တစ်ဖန် ကျွန်မသည် စုံစမ်းသွေးဆောင်ခြင်းနှင့် ကြုံတွေ့လာပြီး ကျွန်မသည် သမ္မာတရားကို လက်တွေ့ဆောင်ရွက်ကာ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေလိုသောကြောင့် ထိုဖိတ်ခေါ်မှုကို ကျွန်မငြင်းဆိုခဲ့ပါသည်။

ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် တစ်ရက်တွင် ကျွန်မထိုနံနက်ပိုင်းတွင် ဖတ်ရသည့် သမ္မာတရားအချို့ကို နားမလည်သောကြောင့် ထိုညနေ ကျွန်မတို့အစည်းအဝေးတွင် ထိုအကြောင်း နှင့် ပတ်သက်ပြီး ကျွန်မညီအစ်ကိုမောင်နှမများကို မိတ်သဟာယပြုပေးခိုင်းဖို့ စီစဉ်ခဲ့သည်။ သို့သော်လည်း နေ့လည်ရောက်သည့်အချိန်တွင် မန်နေဂျာက ရုတ်တရက်ကြီး "ဒီည အလုပ်ရှင် မိန်းမက လူတိုင်းကို ဟော့ပေါ့စားဖို့ ဖိတ်လို့ ငါတို့ ဒီနေ့ တစ်နာရီစောပြီးပိတ်မယ်ဟေ့" ဟု ပြောခဲ့သည်။ လူတိုင်းက ပျော်ရွှင်စွာဖြင့် "ကောင်းလိုက်တာ" ဟု ပြောကြသည်။ ကျွန်မက "ဒီညငါ့မှာ အစည်းအဝေးတစ်ခုရှိလို့ ဟောပေါ့အတွက် ငါမသွားနိုင်ဘူးလို့ပဲ သူတို့ကို ပြောလိုက် မယ်"ဟု တွေးမိသည်။ ကျွန်မစကားပြောဖို့ အခွင့်မရမီမှာပင် လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ကျွန်မကို "ရင်း၊ ပြီးခဲ့တဲ့တစ်ခေါက်ကလိုတော့ နင်သွားဖို့ငြင်းလို့မရဘူးနော်။ ဒီတစ်ခါ နင်သွားရ မယ်။ နင့်အသင်းတော်အစ်မကိုဒီညနေ တစ်ခုခုလုပ်စရာရှိတယ်လို့ ပြောလိုက်၊ အစည်းအဝေး ပျက်တာက အရေးမကြီးပါဘူးဟာ"ဟု ပြောခဲ့သည်။ ကျွန်မလုပ်ဖော်ကိုင်ဖက် စကားပြောသည်ကို နားထောင်ရင်း၊ ကျွန်မ နှလုံးသားက အနည်းငယ် တိမ်းညွတ်လာပြီး၊ လူတိုင်းက ဟော့ပေါ့အတွက် အပြင်သွားကြပြီး၊ ကျွန်မက မလိုက်ခဲ့ဘူးဆိုရင် သူတို့တွေ ကျွန်မကို မည်သို့များတွေးကြမည် နည်းဟု စဉ်းစားမိသည်။ သူတို့သည် ကျွန်မကို အာဃာတထားကြပြီး၊ ကျွန်မကို လူမှုရေး ခေါင်းပါး သူတစ်ယောက်ဟု တွေးထင်မည်လား။ ထို့နောက် သူတို့ ကျွန်မကို ကြဉ်ထားပါက၊ အနာဂတ်တွင် ကျွန်မက သူတို့နှင့် မည်သို့တည့်အောင်ပေါင်းသင်းနိုင်မည်နည်း။ ထို့ကြောင့် ဤတစ်ကြိမ် တွင်မူ သူတို့နှင့် အပြင်သို့လိုက်သွားသင့်သည်ဟု ဆုံးဖြတ်ခဲ့ပါသည်။

ထို့ကြောင့် ကျွန်မ အစည်းအဝေးကို ပစ်ထားခဲ့သည်။ ကျွန်မသည် မိမိသက်သေခံချက်တွင် ခိုင်မာစွာရပ်တည်ခြင်း မရှိခဲ့သောကြောင့် အလွန်ပင် နောင်တရသည်ဟု ခံစားရကာ၊ မည်သည့်ဟော့ပေါ့မှလည်း စားလိုစိတ်မရှိခဲ့ပါ။ အိမ်ပြန်ရောက်ပြီးနောက်၊ ကျွန်မသည် မကြာခဏ မအီမသာဖြစ်ကာ၊ နောင်တရပါသည်။ ကျွန်မသည် ဘုရားသခင်ထံသို့ "အိုဘုရားသခင်။ ဒီဆုံးဖြတ်ချက်ကို ရင်ဆိုင်ရင်းနဲ့ ကျွန်အစည်းအဝေးကို ထပ်ပြီးစွန့်ခွာဖို့ ရွေးချယ်ခဲ့ပြန်ပါတယ်။ ကျွန်မ အရမ်း စိတ်သောကရောက်ရတယ်၊ ပြီးတော့ ကိုယ်တော့်အလိုတော်ကို ကျွန်မနားလည်စေ ဖို့အတွက် ကျွန်မကို ကိုယ်တော် အလင်းပေးပြီး အခွင့်ပေးဖို့ တောင်းလျှောက်ပါတယ် "ဟု ပြောရင်းဆုတောင်းလိုက်သည်။ ကျွန်မနှလုံးသားကို ဆိတ်ငြိမ်စေပြီးနောက်၊ ကျွန်မသည် လွန်ခဲ့ သည့် ရက်သတ္တပတ်နှစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့သည့်အရာများအကြောင်းကို ပြန်တွေးခဲ့ပါ သည်။ ဟော့ပေါ့စားဖို့ ဖိတ်ခေါ်မှုနှစ်ခုက ကျွန်မအသင်းတော် အစည်းအဝေးအချိန်များနှင့် အဘယ့်ကြောင့် လာရောက် တစ်ထပ်တည်းကျခဲ့ရသနည်း။ ထို့နောက်တွင်ပင် အရေးကိစ္စများသည် ပြင်ပတွင် လူသားများ၏ စီစဉ်မှုများဖြစ်သည့်အသွင်ပေါက်ပြီး အမှန်တွင်မူ ၎င်းတို့သည် ဝိညာဉ်ရေး လောကမှ မြင်ကွင်းနောက်ကွယ်တွင် တိုက်ခိုက်နေသည့် စစ်ပွဲတစ်ခု ဖြစ်ပုံကို ကျွန်မညီအစ်ကို မောင်နှမများက ယခင်က မိတ်သဟာယပြုခဲ့ကြောင်း ကျွန်မ အမှတ်ရမိသည်။ကျွန်မသည် ထိုအဖြစ်အပျက်များ၏ နောက်ကွယ်တွင် စာတန်၏ လှည့်စားသော အကောက်ကြံမှုများကို လျှို့ဝှက်စွာ ဖုံးကွယ်နေသည်ကို နောက်ဆုံးတွင် နားလည်သဘောပေါက် လာခဲ့သည်။ ကျွန်မသည် အလွန်ကိုယ့်အကျိုးကို သာကြည့်ပြီး၊ အခြားသူများက မိမိကို မည်သည့်အရာများ တွေးတင်ကြောင်းကို အမြဲတစေ စိတ်ပူလေ့ရှိသည့်အပြင်၊ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များက ကျွန်မကို ကြဉ်ထားမည်ကို စိုးရိမ်လေ့ ရှိကြောင်းတို့ကို စာတန်ကသိသောကြောင့်၊ ၎င်းသည် ကျွန်မကို တိုက်ခိုက်ရန်၊ ကျွန်မ၏ ဇာတိပကတိနောက်ကို လိုက်စေရန် နှင့် ဘုရားသခင်ကို သစ္စာဖောက်ရန် တို့အတွက် ကျွန်မ၏အားနည်းချက်ကို အသုံးပြုခဲ့သည်။ သမ္မာတရားမရှိပဲနှင့် ကျွန်မသည် ဝိညာဉ်ရေးရာ လောက၏ ရှုထောင့်မှနေ အရေးကိစ္စများကို တွေ့မြင်နိုင်ဖို့လမ်း မရှိသောကြောင့် ကျွန်မသည် စာတန်၏ လှည့်စားသော အကောက်ကြံမှုတွင် ပိတ်မိလာကာ၊ ကျွန်မလုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်မ၏ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် အစည်းအဝေးများ တက်ရောက်ခြင်း ကိုပင် စွန့်လွှတ်ခဲ့ပါသည်။

ကျွန်မသည် ဘုရားသခင်ကို ယုံကြည်ခဲ့သော်လည်း၊ ကျွန်မနှလုံးသား တွင် ဘုရားသခင် အတွက် နေရာမရှိပုံ နှင့် စုံစမ်းသွေးဆောင်ခြင်း ကျွန်မအပေါ် ကျရောက်သည့် အချိန်တိုင်း ကျွန်မသည် မိမိ၏ အပြန်အလှန်ပေါင်းသင်းဆက်ဆံရေးများကို ထိန်းသိမ်းရန် ကြိုးစားကာ၊ ဘုရားသခင်နှင့် ပို၍ဝေးကွာခဲ့သည့်အကြောင်းကို တွေးမိပါသည်။ ထိုနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ကျွန်မ သက်သေခံချက်တွင် ခိုင်မာစွာရပ်တည်ခြင်း မဟုတ်သည့် အပြင်၊ ထိုအစား စာတန်၏ လှောင်ရယ်စရာဖြစ်လာကာ၊ ဘုရားသခင်ကလည်း အတည်မပြုခဲ့ပါ။ ဘုရားသခင်၏ အလိုတော်မှာ ကျွန်မသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ ကျွန်မ ပြဿနာတွေ့ကြုံချိန်တိုင်း ကိုယ်တော်ကို အရာအားလုံးတွင် အရေးအကြီးဆုံးအဖြစ်ထားပြီး စိတ်ကျေနပ်စေကာ၊ ကျွန်မ၏ ဝင့်ဝါမှုနှင့် ကိုယ်ကျိုးကြည့်ခြင်း တို့အတွက် ကျွန်မ၏ အပြန်အလှန်ပေါင်းသင်းဆက်ဆံရေးများကို ထိန်းသိမ်းရန် မကြိုးစားတော့သည့်အပြင်၊ အခြားသူများ သို့မဟုတ် ကျွန်မ အလုပ်ရှင်နှင့် ကျွန်မ လုပ်ဖော်ကိုင်ဖက်များက ကျွန်မကို မည်သည့် အရာများတွေးမည်ကို အမြဲတမ်း စိတ်ပူနေခြင်း မရှိစေရန် တို့ဖြစ်ပါသည်။ ဤနားလည် သဘောပေါက်မှုကို ရရှိလာရင်းဖြင့် ကျွန်မက မိမိနှလုံးသားတွင် ဘုရားသခင်ထံသို့ "ကျွန်မ အနာဂတ်မှာ အပြန်အလှန်ပေါင်းသင်းဆက်ဆံရေးတွေကို ထိန်းသိမ်းလိုခြင်း မရှိတော့တဲ့အပြင် အစည်းအဝေးတွေတက်ဖို့ ကျွန်မကို နှောင်ယှက်ဖို့ ဒါမှမဟုတ် ပိတ်ပင်ဟန့်တားဖို့ ဘာတွေပဲဖြစ်ဖြစ်၊ ကျွန်မက ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သမ္မာတရားကို အမြဲတမ်း လက်တွေ့လုပ်ဆောင်ပြီး၊ ကျွန်မသက်သေခံချက်မှာ ခိုင်မာစွာရပ်တည်ပါတော့မယ်"ဟု ဆုတောင်းခဲ့ပါသည်။

နောက်တွင် အလုပ်ရှင်က ကော်ဖီဆိုင်သို့ လာပြီး ကျွန်မတို့ ဝန်ထမ်းများကို စနေနေ့ ပင်လယ်စာအကင်စားရန် ဖိတ်ခေါ်ခဲ့ပါသည်။ ကျွန်မသည် စနေနေ့တွင် အစည်းအဝေးတစ်ခု တက်ရန်ရှိပုံကို တွေးမိသောကြောင့် မသွားနိုင်ကြောင်း ပြောခဲ့သည်။ ကျွန်မ အလုပ်မှ လုပ်ဖော်ကိုင်ဖက်များက ကျွန်မတို့အားလုံးသွားရမည်ဖြစ်ပြီး၊ မသွားပါက သူ့ကို မျက်နှာပျက်စေ မည်ဟု မန်နေဂျာက ပြောကြောင်း ကျွန်မကို ပြောပြခဲ့သည်။ပြီးခဲ့တဲ့တစ်ကြိမ်က ဖြစ်ပျက်ခဲ့သည့်အရာကို ကျွန်မ အမှတ်ရသည့်အချိန်တွင် ကျွန်မသည် ယခုအကြိမ်၌ ကျွန်မ၏ အပြန်အလှန်ဆက်သွယ်မှုများကို မထိန်းသိမ်းနိုင်တော့ကြောင်း နှင့် ကျွန်မသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ကျွန်မသက်သေခံချက်တွင် ခိုင်မာစွာရပ်တည်ရမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်မက သူတို့ကို ပြတ်သားစွာဖြင့် "ငါတကယ်ကို မသွားဘူး" ဟု ပြောလိုက်သည်။ မမျှော်လင့်ပဲနှင့် ကျွန်မလုပ်ဖော် ကိုင်ဖက်များထဲမှ တစ်ဦးက ကျွန်မကို "ဘယ်ဟာကပိုအရေးကြီးလဲ၊ နင့်အစည်းအဝေးတွေလား၊ ဒါမှမဟုတ် ငါတို့လား" ဟု မေးလိုက်သည်။ ဤသည်မှာ ကျွန်မသည် မိမိကိုယ်ကို အခြားလူများ အားဖြင့် ချည်နှောင်ခြင်း ရှိမရှိ ကြည့်ရန် စာတန်၏ စုံစမ်းသွေးဆောင် ခြင်းဖြစ်ကြောင်း သိရှိသောကြောင့် ကျွန်မက ရယ်လိုက်ပြီး "ငါ့အစည်းအဝေးတွေက ပိုအရေးကြီးတာပေါ့။ နင်တို့သာ ငါနဲ့အတူ တစ်ခုလောက် သွားလိုစိတ်ရှိတယ်ဆိုရင်၊ နင်တို့လည်း ငါ့ဆုံးဖြတ်ချက်ကို နားလည်မှာပဲ" ဟု ပြောခဲ့ပါသည်။ ကျွန်မ အလုပ်မှ လုပ်ဖော်ကိုင်ဖက်သည် မည်သည့်အရာမျှ မပြောပဲနှင့် ထွက်သွားလေသည်။

ထိုညနေတွင် အစည်းအဝေး၌ ကျွန်မတို့သည် မိမိကိုယ်ကို သိကျွမ်းခြင်း၏ အရေးကြီးခြင်း နှင့် မိမိကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို မည်သို့သတိပြုမိခြင်း တို့ကဲ့သို့သော သမ္မာတရားများကို အဓိကအားဖြင့် မိတ်သဟာယပြုခဲ့သည့်အပြင်၊ ဤသည်မှာ ကျွန်မအသက်တာ အတွက် ကြီးစွာသော အကျိုးအမြတ် ဖြစ်ထွန်းစေကြောင်းကိုလည်း တွေ့ရှိခဲ့ပါသည်။ယခင်က ကျွန်မ၏ အကြံဉာဏ်များနှင့် မကိုက်ညီသည့် တစ်စုံတစ်ခုကို တွေ့ကြုံသည့်အချိန်တိုင်း၊ ကျွန်မသည် မိမိကိုယ်ပိုင်ပြဿနာများကို လုံးဝ ပြန်လည်သုံးသပ်ခြင်း မရှိသည့်အပြင်၊ ဤသည်မှာ ကျွန်မဘေးမှလူများ၊ အဖြစ်အပျက်များနှင့် အရေးကိစ္စများကို မကြာခဏ အပြစ်တင်ရန် ကျွန်မကို ဦးဆောင်သွားခဲ့သည်။ မိမိကိုယ်ကို သိကျွမ်းခြင်းဆိုင်ရာ သမ္မာတရားကို မိတ်သဟာယ ပြုခြင်းအားဖြင့် ကျွန်မသည် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရရှိလာခဲ့သည်။ အစည်းအဝေးအပြီးတွင် ကျွန်မ နှလုံးသားသည် အေးဆေးသက်သာရှိပြီး၊ ကျွန်မ၏ ဝိညာဉ်သည်လည်း ပျော်မွေ့ခြင်းကို ခံစားရပါသည်။ ထို့နောက်တွင်ပင် ကျွန်မသည် နောက်ဆုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ပြောထားသည့် အရာများကို အမှန်တကယ်ပင် နားလည် သဘောပေါက်လာခဲ့ပါသည်။ "ဘုရားသခင် စိတ်ကျေနပ်အောင် ပြုလုပ်သောအခါ သင့်အထဲတွင် ဘုရားသခင်၏ လမ်းညွှန်မှု ရှိလာလိမ့်မည် ဖြစ်ပြီး၊ အထူးသဖြင့် ဘုရားသခင်၏ ကောင်းကြီးပေးခြင်းကို ခံရကာ သင်သည် ဝမ်းမြောက်ခြင်းကို ခံစားရလိမ့်မည် ဖြစ်သည်- ဘုရားသခင်ကို စိတ်ကျေနပ်စေခဲ့သည့်အတွက် သင်သည် အထူးဂုဏ်ယူမိပြီး၊ စိတ်ထဲတွင် အထူးသဖြင့် ရွှင်လန်းတက်ကြွကာ၊ နှလုံးသားထဲတွင် ရှင်းလင်း အေးချမ်းလာမည် ဖြစ်ပြီး၊ သင့်အသိစိတ်သည် နှစ်သိမ့်မှုကို ခံစားရကာ၊ အပြစ်တင်ခြင်းများနှင့် ကင်းဝေး၍ သင့်ညီအကိုမောင်နှမများကို တွေ့ရသည့် အချိန်တွင် သင့်စိတ်ထဲတွင် သာယာပျော်ရွှင်မှုကို ခံစားရမည် ဖြစ်သည်။ ထိုသို့ခံစားရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ မွေ့လျော်ခြင်းဖြစ်ပြီး၊ ထိုသို့ခံစားရခြင်းသည်သာလျှင် ဘုရားသခင်၌ စစ်မှန်စွာ မွေ့လျော်ခြင်း ဖြစ်သည်။"

ယခုအချိန်ကာလအတွင်း ကျွန်မ၏ အတွေ့အကြုံများမှတစ်ဆင့် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းမျိုးစုံကို ခွဲခြားသိမြင်မှု အချို့ရလာပြီး၊ ကောင်းကျိုးမပြုသော အခြေအနေများ သူ့ဘာသာဖြစ်ပေါ်လာသည့်အခါတွင်၊ ကျွန်မတို့သည် ပို၍ ဆုတောင်းပြီး၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကာ၊ ကျွန်မတို့ဘေးမှ လူများ၊ အဖြစ်အပျက်များနှင့် အရေးကိစ္စများကို ချဉ်းကပ်ရန် သမ္မာတရားကို မှီခိုရမည်သည့်အပြင်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သာလျှင် ကျွန်မတို့သည် စာတန်၏ လှည့်စားသည့် အကောက်ကြံမှုများ၌ မမိစေရန် ရှောင်ကြဉ်နိုင်မည် ဖြစ်ကြောင်းတို့ကို ကျွန်မ နားလည်သဘောပေါက်လာခဲ့ပါသည်။ ယခုအခါတွင် ကျွန်မသည် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အရေးကိစ္စကိုမျှ ကျွန်မ အစည်းအဝေးတက်ရောက်ခြင်းမှ တားဆီးရန် လုံးဝခွင့်ပြုမည် မဟုတ်တော့ပါ။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဤနေ့မှစပြီး ကျွန်မသည် အစည်းအဝေးများကို ပို၍တက်ရောက်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် နှင့် သမ္မာတရားကို ရှာဖွေရန် အဆုံးစွန် ကြိုးစားပါတော့မည်။

အမှာစကား ချန်ခဲ့မည်