စာရင်း

ဘုရားသခင်၌ ယုံကြည်မှုလမ်းကြောင်းတွင် အသက် ၆၅နှစ်အရွယ် ခရစ်ယာန်တစ်ယောက်သည် သူမမိသားစု၏ ဟန့်တားပိတ်ပင်မှုများကို မည်သို့ကျော်ဖြတ်ခဲ့သနည်း (၂)

တောင်ကိုးရီးယားမှ ဖန်ဇီယာ ရေးသားသည်

တစ်နေ့တွင် ညီအစ်မတစ်ယောက်သည် ကျွန်မကို ဤဘုရားသခင်၏ နှုတ်ကပတ်တော်များအား ပေးပို့ခဲ့ပါသည်။ “ဘုရားသခင်သည် သူ၏ အမှုကို ပြုသည်၊ ဘုရားသခင်သည် လူကို ပြုစုစောင့်ရှောက်သည်၊ ဤလူကို အလေးထားပြီး၊ စာတန်သည် တစ်ချိန်လုံး ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်သည်လည်း တစ်လျှောက်လုံး နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ ဤလူကို ဘုရားသခင် အလိုရှိပါက၊ စာတန်သည် အားလုံးကို ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို သွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ဖျက်ဆီးရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် လိုချင်သမျှအားလုံးကို ၎င်းက မိမိကိုယ်တိုင်အတွက် လိုချင်သည်၊ ထိုအရာများက ၎င်းကို ကိုးကွယ်ကြဖို့၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းကို ပူးပေါင်းကြဖို့အလို့ငှာ၊ ၎င်းက ထိုအရာများကို သိမ်းပိုက်ချင်သည်၊ ထိန်းချုပ်ချင်သည်၊ ထိုအရာများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။” “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။

ထိုညီအစ်မသည် ကျွန်မကို မိတ်သဟာယပြုပေးခဲ့ပြီးလျှင်၊ “အပြင်ပန်းကကြည့်ရင်၊ အခုအခြေအနေက နင့်မိသားစုဆီက ဟန့်တားပိတ်ပင်ခြင်းတစ်ခုဖြစ်ပေမယ့်၊ တကယ်တော့ ဒါရဲ့နောက်မှာ စာတန်ရဲ့ နှောင့်ယှက်မှုတစ်ခုသာ ဖြစ်တယ်။ နင်က စစ်မှန်တဲ့ ဘုရားသခင်ကို ယုံကြည်တာကို ကြည့်ပြီး၊ သူက နင့်ကို တားဆီးဖို့အတွက် နင့်မိသားစုကို အသုံးပြုခဲ့တာဖြစ်တယ်။ ဘုရားသခင်မှာ နင့်ယုံကြည်မှုကို ဆုံးရှုံးအောင်၊ ဘုရားသခင်ကို ငြင်းပယ်ပြီးတော့ စွန့်ခွာအောင်၊ ပြီးတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးအောင် လုပ်ဖို့အတွက် သူက ဒါကိုအသုံးချချင်တယ်။ ဒါပေမယ့် ဒီအချိန်အတောအတွင်းမှာပဲ အခုအခြေအနေမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ငါတို့ယုံကြည်မှုကို စုံလင်စေဖို့အတွက် ဖြစ်ပြီး၊ သူ့အမှုတော်ကို ငါတို့ကို တွေ့ကြုံခံစားစေဖို့၊ သူ့ကို မှီခိုဖို့နဲ့ ငါတို့ ဘယ်လောက် နာကျင်မှုတွေနဲ့ ဆင်းရဲဒုက္ခခံစားနေရပါစေ ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့ စတာတွေအတွက် ဖြစ်ပါတယ်။ ယောဘက စုံစမ်းစစ်ဆေးခြင်းတွေကို တွေ့ထိခဲ့ရတဲ့ အချိန်လိုမျိုးပေါ့။ သူ့မှာ သူ့ကြွယ်ဝမှုနဲ့ သားသမီးအားလုံးတို့ကို ဆုံးရှုံးခဲ့ရပြီးတော့ သူ့တစ်ကိုယ်လုံးလည်း အနာတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ အဲဒီဟာတွေအပြင် သူ့ဇနီးနဲ့ သူ့မိတ်ဆွေသုံးယောက် တို့ကလည်း သူ့ကို နားမလည်ခဲ့ကြဘူးလေ။ ဒါပေမယ့်လည်း သူက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဆုတောင်းခြင်းကို ပြုမြဲပြုခဲ့တယ်၊ ကိုယ်တော်ကို ဘယ်တော့မှ အပြစ်တင်ညည်းညူခြင်း မရှိသလို ငြင်းပယ်ခြင်းလည်း မရှိတဲ့အပြင်၊ နောက်ဆုံးမှာ ကိုယ်တော့်အတွက် သက်သေရပ်တည်ခဲ့တယ်။ ရလဒ်တစ်ခုအနေနဲ့ သူက ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းနဲ့ ကောင်းကြီးမင်္ဂလာတို့ကို ရရှိခဲ့ပါတယ်။” ဟု ပြောခဲ့သည်။

ဆွေးနွေးဖလှယ်ခြင်း

ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိုညီအစ်မ၏ မိတ်သဟာယပြုခြင်းတို့ကို နားထောင်အပြီးတွင်၊ ကျွန်မမိသားစု၏ ညှင်းပန်းနှိပ်စက်မှုကို ကျွန်မတွေ့ထိရခြင်းသည် ဝိညာဉ်ရေးရာလောတွင်ထဲမှ တိုက်ပွဲတစ်ခု၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့ကြောင်းကို ကျွန်မသိမြင်လာခဲ့ရပါသည်။ ယောဘသည် သူတောင့်ခံခဲ့ရသည့် အံ့သြတုန်လှုပ်ဖွယ်ဖြစ်သည့် စုံစမ်းနှောင့်ယှက်ခြင်းများ အတွင်းတွင်ပင် ဘုရားသခင်အကြောင်းကို အပြစ်တင်ညည်းညူခြင်း မရှိခဲ့ပါ။ ထို့နောက်တွင် ကျွန်မသည် မိမိအကြောင်းကို စဉ်းစားခဲ့သည်။ ကျွန်မ၏ ဝိညာဉ်အသက်တာသည် အလွန်နုငယ်လွန်းလှသည်မှာ၊ ကျွန်မမိသားစု၏ ဟန့်တားပိတ်ပင်ခြင်းများ ကို တွေ့ထိရသည့် အချိန်တွင်၊ ကျွန်မသည် ဘုရားသခင်၌ ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ကာ၊ ကျွန်မ ကိုယ်ကျိုးစီးပွားများကိုသာ ဆင်ခြင်တွေးတောခဲ့ပြီးလျှင် စာတန်ကို သစ္စာဖောက်ရန် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ကင်းမဲ့ခဲ့ပါသည်။ ယောဘနှင့် နှိုင်းယှဉ်ကြည့်ပါက၊ ကျွန်မသည် အမှန်တကယ်ပင် အရှက်ရဖွယ်ရာတစ်ခု ဖြစ်ပါသည်။ ဤအရာများကို နားလည်သဘောပေါက်လာပြီးနောက်တွင် ကျွန်မသည် ဘုရားသခင်ကို သက်သေရပ်တည်ရန်အတွက် ယုံကြည်မှုရှိခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ၏ အနှစ်သာရကို ရှင်းလင်းစွာ တွေ့မြင်ခြင်း

ထိုကာလအတွင်း ကျွန်မမိသားစုသည် ကျွန်မအား အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းမှ ဟန့်တားပိတ်ပင်ရန် အင်တာနက်ပေါ်မှ တရုတ်ကွန်မြူနစ်ပါတီ၏ ကောလဟာလများကို အသုံးပြု ခဲ့ကြပါသည်။ ဤအရာနှင့် ပတ်သက်ပြီး ညီအစ်ကိုမောင်နှမများက ကျွန်မနှင့် ဤအကြောင်းပြောကာ မိတ်သဟာယပြုခဲ့ ကြသည်။ ကျွန်မသည် အောက်ပါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ခဲ့ရပါသည်။ “စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ ဖြောင့်မတ်ခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့် စံနမူနာထားရမည့်သူတစ်ဦးအဖြစ် မကြာခဏ သက်သေထူသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်းဟူသော ဟန်ဆောင်မှုအောက်၌ စာတန်သည် လူတို့ကို အန္တရာယ်ပြုပြီး သူတို့၏ဝိညာဉ်များကို ဝါးမျိုကာ လူသားကို တွေဝေထိုင်းမှိုင်းစေရန်၊ လှည့်စားရန်နှင့် လှုံ့ဆော်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သူ၏ဆိုးယုတ်သည့် အပြုအမူကို လူသားက ထောက်ခံပြီး လိုက်လျောစေရန်၊ ဘုရားသခင်၏သြဇာအာဏာနှင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ရာ၌ လူသားကို သူနှင့်ပူးပေါင်းအောင်လုပ်ရန်မှာ သူ၏ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်က စာတန်၏လျှို့ဝှက်အကြံအစည်များနှင့် အကွက်ချခြင်းများကို ရိပ်စားမိပြီး သူ၏ဆိုးညစ်သည့် အင်္ဂါရပ်များကို ရိပ်စားမိသောအခါ၊ သူ၏နင်းချေခြင်းနှင့် အရူးလုပ်ခြင်းတို့ကို ဆက်မခံချင်တော့သည့်အခါ၊ သို့မဟုတ် သူ့အတွက် ပင်ပန်းကြီးစွာ ဆက်မလုပ်ပေးချင်တော့သည့်အခါ၊ သို့မဟုတ် သူနှင့်အတူ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို မခံချင်သည့်အခါ စာတန်သည် သူ၏ သူတော်စင်နှင့်တူသည့် ယခင်က အင်္ဂါရပ်များကို ပြောင်းပစ်လိုက်သည့်အပြင် ဆိုးယုတ်ပြီး ရက်စက်ကာ အကျည်းတန်၍ ရိုင်းစိုင်းကြမ်းကြုတ်သည့် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြရန်အတွက် သူ၏မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်တော့သည်။ သူ၏ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်လိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်သည်။ ဤအချိန်၌ စာတန်သည် ယုံကြည်စိတ်ချရသော၊ လူကြီးလူကောင်းဆန်သော အသွင်အပြင်ကို ပုံဖမ်း၍ မရတော့ပေ။ ထိုအစား သိုးရေခြုံအောက်မှ သူ၏ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်သည့် အင်္ဂါရပ်အမှန်များသည် ထုတ်ဖော်ခံရတော့သည်။ စာတန်၏လျှို့ဝှက်အကြံအစည်များသည် သိသာထင်ရှားလာပြီး သူ၏အင်္ဂါရပ်အမှန်များသည် ဖော်ထုတ်ခံရပြီးသည်နှင့် သူသည် ယမ်းပုံမီးကျ ဒေါသထွက်ပြီး သူ၏ရက်စက်ကြမ်းတမ်းမှုကို ဖော်ပြပေလိမ့်မည်။ ဤနောက်တွင် လူများကို အန္တရာယ်ပြုရန်နှင့် ဝါးမျိုရန်ဖြစ်သည့် သူ၏ဆန္ဒသည် ပို၍သာ ပြင်းထန်လာသည်။ ဤသို့ဖြစ်ရခြင်းမှာ လူသားသည် အမှန်တရားကို သတိပြုမိသွားသောအခါ သူဒေါသထွက်သောကြောင့်ဖြစ်၏။ လွတ်လပ်မှုနှင့် အလင်းကို တောင့်တရန်နှင့် စာတန်၏ အကျဉ်းထောင်မှ လွတ်မြောက်ရန်ဖြစ်သည့် လူတို့၏ရည်မှန်းချက်ကြောင့် စာတန်၌ လူသားအပေါ် ပြင်းထန်သည့် အငြိုးဖြစ်ပေါ်လာသည်။ သူ၏ဒေါသသည် သူ၏ဆိုးယုတ်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန် ရည်ရွယ်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သည့် သဘာဝ၏ ထုတ်ဖော်ခြင်းအမှန်လည်းဖြစ်သည်။

ထို့နောက်တွင် ညီအစ်မတစ်ယောက်က ဤအရာကိုပြောကာ မိတ်သဟာယပြုခဲ့ပါသည်။ “တရုတ်ပြည်က ဘုရားမဲ့တဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်တယ်။ သူတို့ရဲ့ ဖတ်စာအုပ်တွေကနေတစ်ဆင့် အဲဒီက ကျောင်းသားတွေက ဘုရားမဲ့ဝါဒ၊ ရုပ်ဝထ္ထုဝါဒ၊ ‘လူတစ်ယောက်ရဲ့ ကံကြမ္မာက သူ့လက်ထဲမှာပဲရှိတယ်၊’ ‘လှပတဲ့ဇာတိမြေကို သင့်ကိုယ်ပိုင်လက်နှစ်ဖက်နဲ့ တည်ဆောက်ခြင်း၊’‘ကယ်တင်ရှင်ဆိုတာ တစ်ယောက်မှ မရှိခဲ့ဖူးဘူး’ စတဲ့ မိစ္ဆာဒိဌိအယူနဲ့ဆိုင်တဲ့ မှားယွင်းတဲ့ အယူအဆတွေနဲ့ အယူဝါဒသွတ်သွင်းခြင်းကို ခံနေကြရတယ်။ လူတွေကို လှည့်စားဖို့ နဲ့ လူတွေကို ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ဆန့်ကျင်တိုက်ခိုက်ခိုင်းဖို့တို့အတွက် တရုတ်ကွန်မြူနစ်အစိုးရက အဲဒီလို မှားယွင်းတဲ့ အယူအဆတွေကို အသုံးပြုတယ်လေ။ အဲဒီအပြင် အာဏာရပြီးကတည်းက တရုတ်ကွန်မြူနစ်ပါတီက ပရိုတက်စတင့်ဝါဒ နဲ့ သမားရိုးကျ ရောမကက်သလစ်ဝါဒ တို့ကို စွဲလမ်းကိုးကွယ်မှုအနေနဲ့ တံဆိပ်ခတ်ခဲ့ပြီးတော့၊ လူတွေက ဘုရားသခင်ကို ယုံကြည်ခြင်း နဲ့ ဘုရားသခင်ကို လိုက်နာခြင်းတို့အတွက်လည်း ခွင့်မပြုခဲ့ပါဘူး။ ရလဒ်တစ်ခုအနေနဲ့ မရေမတွက်နိုင်တဲ့ ခရစ်ယာန်တွေဟာ သူ့ရဲ့ ဖမ်းဆီးခြင်းနဲ့ ညှင်းပန်းနှိပ်စက်ခြင်းတို့ကို ခံခဲ့ရတယ်။ လူ့ဇာတိကိုခံယူတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှုတော်ဆောင်ရွက်ဖို့ အတွက် တရုတ်ပြည်မှာ ပေါ်ပေါက်လာပြီးကတည်းက၊ ကိုယ်တော်က တရုတ်ကွန်မြူနစ်အစိုးရ၏ သွေးရူးသွေးတန်း ညှင်းပန်းနှိပ်စက်ခြင်းနဲ့ ဖမ်းဆီးခြင်းတို့ကို အထူးသဖြင့် မကြာခဏ ဒုက္ခခံစားခဲ့ရတယ်။ အခုအချိန်မှာ ဘုရားသခင် ရဲ့ နိုင်ငံတော်အကြောင်း ဧဝံဂေလိတရားတော်က ကမ္ဘာအနှံ့မှာ ကြီးမားတဲ့နှုန်းနဲ့ ပျံ့နှံ့နေတာပါ။ အထူးသဖြင့် သမ္မာတရားကို ချစ်တဲ့သူတွေအားလုံး နဲ့ ဘုရားသခင်ရဲ့ ပေါ်ပေါက်မှုကို ရှာဖွေ စုံစမ်းစစ်ဆေးဖို့ တောင့်တတဲ့ လူတွေအားလုံးအတွက် အင်တာနက်ပေါ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တင်ကုန်ကြပြီလေ။ တရုတ်ကွန်မြူနစ်အစိုးရက အဲဒါကို မြင်တဲ့အချိန်မှာ အရမ်းကိုအမျက်ထွက်လာကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လူသားမျိုးနွယ် ကြားထဲမှာ ကြေငြာခဲ့မယ်ဆိုရင်၊ သမ္မာတရားကို ချစ်တဲ့သူတွေအားလုံးနဲ့ အလင်းရောင်ကို တောင့်တသူတွေအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ဆီကို ပြောင်းလဲကြမှာရယ်၊ ဘုရားသခင်ကို အာခံတော်လှန်နေတဲ့ တရုတ်ကွန်မြူနစ်အစိုးရရဲ့ မကောင်းတဲ့အကျင့်ရဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်ပြီး၊ တရုတ်ကွန်မြူနစ်အစိုးရကို ငြင်းပယ်ရင်းနဲ့ပဲ အဆုံးသတ်သွားမှာကိုရယ် ကြောက်လန့်နေတယ်။ အဲဒါကြောင့် တရုတ်ကွန်မြူနစ်အစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင် ထုတ်ဖော်ပြခဲ့တဲ့ သမ္မာတရားအားလုံးနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်တို့ကို အမှန်တကယ်ကို မုန်းတီးပါတယ်။ သူ့ရဲ့ မှောင်မိုက်နေတဲ့ အုပ်ချုပ်ရေးကို ထိန်းသိမ်းဖို့ နဲ့ တရုတ်လူမျိုးတွေကို ထာဝရထိန်းချုပ်ဖို့ရာ သူက အင်တာနက်နဲ့ သတင်းဌာနတွေကို အခွင့်ကောင်းယူပြီးတော့ နောက်ဆုံးကာလက ဘုရားသခင်ရဲ့ အမှုတော်ကို အာခံဖို့နဲ့ အပြစ်တင်ရှုတ်ချဖို့ မှားယွင်းတဲ့ အယူအဆတွေနဲ့ ကောလဟာလတွေကို ကိုယ်ကျင့်သိက္ခာမဲ့စွာနဲ့ပဲ ဖြန်ဝေခဲ့တာ၊ အဲဒါမှလည်း ခွဲခြားသိမြင်နိုင်ခြင်း ကင်းမဲ့တဲ့လူတွေကို လှည့်စားနိုင်ပြီး၊ လူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ဆီကို ပြောင်းလဲပြီး၊ စစ်မှန်တဲ့ လမ်းခရီးကို လက်ခံမယ့်အရေးကို တရုတ်ကွန်မြူနစ်အစိုးရက ဟန့်တားပိတ်ပင်နိုင်မှာဖြစ်တယ်လေ။ ဘုရားသခင်ရဲ့ အမှုတော်ကို နှံ့နှံ့စပ်စပ် ပိတ်ပင်တားမြစ်နိုင်ဖို့၊ တရုတ် ကွန်မြူနစ်အစိုးရက တရုတ်ပြည်ကို ဘုရားမဲ့တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် ဆောင်ရွက်နေတယ်။ ပြီးတော့ သူက အခုအချိန်မှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အပြည့်အဝ ဖိနှိပ်နေတဲ့အပြင်၊ လူတွေက သူ့နောက်ကို လိုက်ပြီး ဘုရားသခင်ကို အာခံစေဖို့၊ လူတွေက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးစေဖို့ နဲ့ ဘုရားသခင်ရဲ့ ဖျက်ဆီးခြင်းကို သူနဲ့အတူ ခံရစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဘုရားသခင်ကို ယုံကြည်သူတွေကို တစ်နိုင်ငံလုံးအနှံ့ကို ဒေါသတကြီးနဲ့ရှာဖွေ ဖမ်းဆီးနေတယ်။ ဒီအချက်အလက်တွေကနေပြီးတော့ တရုတ်ကွန်မြူနစ်အစိုးရက သမ္မာတရားကို အမုန်းဆုံးနဲ့ ဘုရားသခင်ကို အမုန်းဆုံး စာတန်ရဲ့ မကောင်းဆိုးဝါး အင်အားစု အနေနဲ့ မြင်ရတဲ့အပြင်၊ သူက ရက်စက်ကြမ်းကြုတ်ပြီး၊ အနှစ်သာရကလည်း မကောင်းတဲ့အကျင့်ရှိပြီးတော့၊ သူက စာတန်ရဲ့ ရုပ်လုံးကိုဖော်ထားတာဖြစ်တယ်။ ငါတို့က စာတန်ရဲ့ အကြံအစည်ကို ထိုးဖောက်မြင်နိုင်စွမ်း မရှိဘူး ဆိုရင်၊ သူ့လှည့်စားမှုနှင့် ချည်နှောင်မှုတို့ကို ခံရမှာဖြစ်တဲ့အပြင်၊ နောက်ဆုံးကျရင် နောက်ဆုံးကာလက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကိုလည်း ဆုံးရှုံးရမှာဖြစ်တယ်။”

ထိုညီအစ်မ၏ မိတ်သဟာယပြုခြင်းမှတစ်ဆင့် ကျွန်မသည် တရုတ်ကွန်မြူနစ်အစိုးရ၏ မကောင်းသောအကျင့် ရှိသည့် ဖြစ်တည်မှုကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ပါသည်။ ၎င်းသည် ကျွန်မတို့မှနေပြီး ဘုရားသခင်ကို ရှောင်ကြဉ်စေပြီး သစ္စာဖောက်စေဖို့ရာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို တိုက်ခိုက်ရန်၊ သွားပုပ်လေလွင့်ပြောရန် နှင့် အသရေပျက်စေရန် အင်တာနက်နှင့် သတင်းဌာနကို အသုံးပြု ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကျွန်မသည် အပြည့်အဝကွဲပြား ခြားနား သူတစ်ယောက် ဖြစ်လာခဲ့ပါသည်။ ကျွန်မသည် အင်အားသစ်နှင့်ပြည့်ဝလာကာ၊ ကျွန်မ၏ အမူအကျင့် သည်ပင်လျှင် ပိုမိုကြည့်ကောင်းလာခဲ့ပါသည်။ ထိုသို့မြင်ရခြင်းဖြင့် ကျွန်မမိသားစုသည် အစပိုင်း၌ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုတွင် ထောက်ပံ့ခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ တရုတ်ကွန်မြူနစ်အစိုးရ၏ အဖျက်သဘောဆောင်သည့် မူဝါဒဖြန့်ခြင်းများကို တွေ့မြင်ပြီးနောက်တွင်၊ ၎င်းတို့က ကျွန်မအနေဖြင့် တရုတ်ကွန်မြူနစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရနိုင်သည်ကို ကြောက်ရွံ့ခဲ့ပြီး၊ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကို စတင်ကန့်ကွက်ခဲ့ကြပါသည်။ ကျွန်မမိသားစုက ကျွန်မကို ညှင်းပန်းနှိပ်စက်ခြင်းနှင့် ပတ်သက်လျှင်၊ တရုတ်ကွန်မြူနစ်အစိုးရသည် အမှန်တကယ်ပင် လက်သည်ဖြစ်ပါသည်။ ၎င်းသည် ကျွန်မနေအိမ်ကို ကသောင်းကနင်းဖြစ်အောင် ပြောင်းလဲခဲ့ပြီးလျှင်၊ ကျွန်မမိသားစု၏ သဟဇာတရှိမှုကို ပျက်စီးအောင် ဆွပေးသူ နှင့် လက်မရွံ့သားတစ်ဦးဖြစ်ပါသည်။ သို့သော်လည်း ဘုရားသခင်၏ ဉာဏ်ပညာသည် စာတန်၏ လှည့်ဖျားမှုပေါ်တွင် အခြေခံကာ ကျင့်ကြံခြင်းခံရပါသည်။ ကျွန်မမိသားစုဝင်များ၏ ညှင်းပန်းနှိပ်စက်မှုမှ တစ်ဆင့်၊ ကျွန်မသည် ဘုရားသခင်ကို အာခံနေသည့် တရုတ်ကွန်မြူနစ်အစိုးရ၏ စာတန်ကဲ့သို့အနှစ်သာရကို ရှင်းလင်းစွာ တွေ့မြင်ခဲ့ရုံသာမက၊ ပို၍ အရေးကြီးသည်မှာမူ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုသည်လည်း တိုးပွားခဲ့ရခြင်း ဖြစ်ပါသည်။ ဤအရာများကို နားလည်သဘောပေါက်ပြီးနောက်တွင် ကျွန်မသည် ဝိညာဉ်ရေးရာတိုက်ပွဲ၏ စစ်မှန်သည့် အခြေအနေအကြောင်းကို ခွဲခြားသိမြင်နိုင်စွမ်း အချို့ ရှိလာခဲ့ပါသည်။ ၎င်း၏အကျိုးဆက်အဖြစ် ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် သို့ တစ်ဖန် ပုံမှန်အားဖြင့် စတင်တက်ရောက်ခဲ့ပါသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်ကို သံဓိဌာန်ဖြင့် လိုက်နာခြင်း

ထို့နောက်တစ်နေ့တွင် ကျွန်မခင်ပွန်းက “အနန္တတန်ခိုးရှင်ဘုရားသခင်ကို မင်းရဲ့ ယုံကြည်မှုကို မပြောင်းနိုင်ဘူးဆိုရင်တော့၊ တရုတ်ပြည်ကို ပြန်သွားတော့။” ဟု ပြောဆိုခြိမ်းခြောက်ခဲ့ပါသည်။ ဤအချိန်တွင် ကျွန်မသည် ၎င်း၏ခြိမ်းခြောက်မှုများကြောင့် ယိုင်နဲ့သွားခဲ့ခြင်း မရှိပဲနှင့်၊ ထိုအစား တရုတ်ကွန်မြူနစ်အစိုးရ၏ မကောင်းသောအကျင့်ကို ပိုမိုမုန်းတီးခဲ့ပါသည်။ ထို့ထက်ပိုသည်မှာ ကျွန်မသည် ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်သည်။ ကျွန်မမိသားစုသည် ကျွန်မကို မည်သို့ပင် နှောင့်ယှက်ခဲ့ပါစေ၊ ကျွန်မသည် ဘုရားသခင်ကို ဆုံးခန်းတိုင်အောင် လိုက်လျှောက်ရန်အတွက် ယုံကြည်မှုရှိမည်ဖြစ်ကာ၊ စာတန်၏ အကြံအစည်များထဲသို့ လဲကျသွားမည် မဟုတ်ပါ။ ဘုရားသခင်၌ ယုံကြည်ရန် ကျွန်မ၏ စိတ်ဓါတ်ကြံ့ခိုင်မှုကို တွေ့မြင်ခြင်းဖြင့်၊ ကျွန်မမိသားစုသည် ကျွန်မကို မည်သည့်အရာမျှ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင်၊ ကျွန်မကိုလည်း ဟန့်တားပိတ်ပင်ခြင်း မရှိတော့ပါ။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယခုအခါတွင် ကျွန်မသည် အသင်းတော်၌ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို အတားအဆီးမဲ့စွာနှင့် လွတ်လပ်စွာ လိုက်လျှောက်ပါသည်။ ဤ အရာများအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မအား ယုံကြည်မှုနှင့် ရဲစွမ်းသတ္တိတို့ကို ပေးသော ကျေးဇူးကြောင့် ဖြစ်ပါသည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

အပိုင်း ၁-

အမှာစကား ချန်ခဲ့မည်