စာရင်း

နှစ်သစ်အကြိုညတွင် သူမအိမ်သို့မပြန်နိုင်ရန် မည်သူလုပ်ခဲ့သနည်း

“ကလင်၊ ကလင်...” စာရှအောင်လီသည် သူမနှိုးစက်ကြောင့် နိုးသွားခဲ့သည်။ သူမ၏ အိပ်ချင်မူးတူး မျက်လုံးများကို ဖွင့်ရင်းဖြင့် သူမဖုန်းကို ခေါင်းအုံးဖြင့် ကောက်လိုက်သည်။ သူမက “နှစ်သစ်ကူးအကြိုမှာပျော်ရွှင်ပါစေ” ဟု ဆိုထားသည့် စူးရှတောက်ပသော တရုတ် နှင့် အင်္ဂလိပ် စကားလုံးများဖြင့် မီးအိမ်အနီရောင်တစ်ခုကို မြင်လိုက်ရသည်။ ထို့နောက်တွင် သူမသည် ပြတင်းပေါက် ပြင်ပတွင် တစ်ဖောက်ဖောက် မြည်နေသည့် ဗြောက်အိုးများကို ကြားခဲ့ရသည်။ မျက်လုံးကျယ်သွားပြီး၊ သူမသည် အိပ်ရာမှထကာ၊ ကုတ်အင်္ကျီတစ်ထည်ဖြင့် ခြုံလိုက်ပြီး၊ နံနက်ခင်းဆုတောင်းကို ရွတ်ဆိုလိုကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စတင်ဖတ်ရှုခဲ့ပါသည်။ ဤအချိန်တွင် ဗြောက်အိုးသံသည် တဖြည်းဖြည်း ကျယ်လောင်လာခဲ့သည်။ သူမသည် သူမနှလုံးသားကို ငြိမ်သက်အောင် မစွမ်းဆောင်နိုင်သောကြောင့် စာအုပ်ကို နံဘေးချပြီး၊ ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ၊ လမ်းပေါ်မှ ပျားပန်းခပ်မျှလှုပ်ရှားနေသည့် လူများနှင့် မီးပုံးအနီများနှင့် နံရံပေါ်တွင် ပန်းချီရေးစက္ကူများ ကပ်ထားပြီး ဤလမ်းကို ပွဲတော်အငွေ့အသက်ထပ်ဆောင်းပေးသည့် လမ်းတစ်လျှောက်မှ ဆိုင်များ ကို စတင်ကြည့်ရှုနေခဲ့သည်။ ဒီနေ့က နှစ်သစ်ကူးအကြိုဖြစ်ပြီး၊ မနက်ဖြန်သည် နှစ်သစ်ကူးအစဖြစ်သည်ဟု သူမတွေးမိသည်။ ကျွန်မ၏ အဖေနှင့် အမေ မည်သို့နေမည်ကို ကျွန်မ မသိပါ။ သူတို့ အဆင်ပြေရဲ့လား။ ထိုအချိန်တွင် သူမ၏ မိဘများအား အလွန်လွမ်းဆွတ်ပြီး၊ အတိတ်မှ အောက်မေ့ဖွယ်များထဲသို့ နစ်မြုပ်သွားခဲ့သည်...

စာရှအောင်လီ သည် တစ်ချိန်က ပျော်ရွှင်သော မိသားစု တစ်စု ရှိခဲ့သည်။ သူမတွင် သူမမိဘများနှင့် အဖိုးအဖွားများ၏၏ ချစ်ခြင်းအပြင်၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ရေလောင်းခြင်းနှင့် အဟာရတိုက်ကျွေးခြင်းတို့ကိုပါ ရရှိခဲ့သည်။ သူမ၏ ကလေးဘဝတွင် သူမသည် စုဝေးပွဲများ မကြာခဏ တက်ရောက်ခဲ့ပြီး၊ ဓမ္မသီချင်းများ ဆိုသည့်အပြင်၊ အသင်းတော်မှ သူမ၏ ညီအစ်ကိုမောင်နှမများဖြင့် အတူတကွ ဘုရားသခင်ကို ချီးမွမ်းခဲ့ကြသည်။ နောက်ပိုင်းတွင် ဘုရားသခင်၏ အမှုတော်သည် ကမ္ဘာ၏ ကျန်ရှိသည့် နေရာများကို ချဲ့ထွင်သည်နှင့် အညီ၊ ပို၍ပို၍ များပြားသော လူများသည် ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ ဧဝံဂေလိကို လက်ခံခဲ့ကြသည်။ သို့သော်လည်း ဘုရားသခင်၏ ဧဝံဂေလိအမှုတော်ကို ဟန့်တားရန် နှင့် နေအိမ်အသင်းတော်များအားလုံးကို လုံးဝဖျက်ပစ်ရန်အတွက်တို့ကြောင့် တရုပြည်သည် ဘုရားမဲ့သည့် ဒေသအဖြစ်သို့ ပြောင်းလဲသွားပြီး၊ တရုတ်ပြည်သူလူထုကို ထာဝရထိန်းချုပ်ရန် သူတို့၏ ဆိုးယုတ်သော ပန်းတိုင်ကို အောင်မြင်ရရှိခဲ့သည်၊ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်သည့် ဆိုးယုတ်သောအုပ်ချုပ်ရေး တစ်ခုဖြစ်သည်။ “မေလ ၂၈ ရက်နေ့မှာ ဇာအိုယွမ်းအမှု” ကို လုပ်ကြံပြောဆိုကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ရည်ရွယ်ချက်ကင်းမဲ့စွာ မူဝါဒ ဖြန့်ရန် အကြီးစား သတင်းဌာန အမျိုးစုံ အသုံးပြုခဲ့သည့်အပြင် မှားယွင်းစွာ စွပ်စွဲရန် နှင့် ပြစ်တင်ရှုတ်ချရန် ကြိုးစားအားထုတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီသည် ဤနိုင်ငံအပေါ်ကို ကွန်ယက်တစ်ခု ပစ်တင်လိုက်ပြီး၊ ခရစ်ယာန်များကို တိတ်တဆိတ် ဖမ်းဆီးကာ၊ နှိပ်စက်ညှင်းဆဲ ခဲ့သည်။ ချက်ခြင်းဆိုသကဲ့သိုပင် တရုတ်ပြည်သည် တိမ်မည်များဖြင့် ဖုံးလာခဲ့သည်။ ခရစ်ယာန်များစွာနှင့် ၎င်းတို့၏ မိသားစုများတို့သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးပြီး၊ ညှင်းပန်းနှိပ်စက်သည်ကို ခံခဲ့ရသည်။ စာရှအောင်လီသည် ထိုသားကောင်များထဲမှ တစ်ဦးဖြစ်ပါသည်။

၂၀၁၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နေ့လည်ခင်းတွင် အသင်းတော်မှ အစ်မတစ်ယောက်က စာရှအောင်လီ၏ အိမ်သို့ အလျင်စလိုဖြင့် ဝင်လာခဲ့သည်။ အစ်မလီသည် မနေ့က ရဲဖမ်းခံခဲ့ရပြီး၊ ဘုရားသခင့်နှုတ်ကပတ်တော်များ စာအုပ်များနှင့် ကွန်ပြူတာနှစ်လုံးတို့သည်လည်း သူမ၏ နေအိမ်မှ ယူဆောင်သွားခြင်း ခံရပါသည်။ ဤသတင်းကို ကြားသည့်အချိန်တွင် စာရှအောင်လီသည် အခြားညီအစ်ကိုမောင်နှမများကို အခြား တစ်စုံတစ်ခု ဖြစ်မည်ကို ကြောက်မိသောကြောင့် သူမသည် ကြိုတင်ကာကွယ်မှုအချို့ကို ပြုလုပ်ထားဖို့အတွက် ၎င်းတို့အား ပြောရန် သူမ အလျင်စလို သွားရောက်ခဲ့သည်။ သြဂုတ်လ နေ့လည်တွင် ရဲဌာနတွင် အလုပ်လုပ်သည့် သူမ၏ မိခင်ဖက်မှ တော်စပ်သည့် အဒေါ်ဖြစ်သူသည် စာရှအောင်လီကို ဖုန်းခေါ်ပြီး၊ သူမအိမ်သို့ လာခိုင်းခဲ့သည်။ သူမအဒေါ်က သူမကို “အဲဒါက တော်တော်ဆိုးတာပဲ။ နင် ဘုရားသခင်ကို ယုံကြည်တာကို တစ်ယောက်ယောက် အစီရင်ခံလိုက်တယ်။ ရဲက နင့်ကို နင့် Qzoneထဲကနေ အွန်းလိုင်းက နင့်ဓါတ်ပုံကို တွေ့သွားတယ်။ သူတို့က နင့်ကို ဖမ်းတော့မလို့…” ဟု ပြောခဲ့သည်။ ထိုအကြောင်းကို ကြားရင်းဖြင့် စဉ်းစားရန် အချိန်ဖြုန်းမနေတော့ပဲ၊ သူမသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် အရာများကို သိမ်းဆည်းရန်နှင့် ဖုံးကွယ်ရန်တို့အတွက် အိမ်သို့ချက်ခြင်းပြန်လာခဲ့ပြီး၊ ဤအရေးကိစ္စကို သူမမိသားစုကို ပြောပြခဲ့သည်။

သူမခေါင်းကို ပွတ်သက်ရင်းဖြင့် သူမအမေကမျက်ရည်များဖြင့် “အခုတော့ တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို ကသုတ်ကရက်နဲ့ ဖမ်းဆီးနေပြီ။ နင်အခုချက်ခြင်း အိမ်ကထွက်ပြီး၊ တစ်နေရာရာမှာ သွားပုန်းရင်ကောင်းမယ်။ ဘုရားသခင်ကို အမေတို့ရဲ့ ယုံကြည်ပုံက ကြမ်းတပ်ပြီး၊ အခက်အခဲတွေနဲ့ စိတ်ပျက်စရာတွေ ပြည့်နှက်နေတယ်။ အနာဂတ်မှာ ဘာပဲဖြစ်ဖြစ်၊ သမီးအနေနဲ့ ဘုရားသခင်က အမေတို့ရဲ့ မြဲမြံစွာအားကိုးထိုက်တဲ့ အထောက်အပံ့ ဖြစ်တာကို သတိရရမယ်။ သမီးအနေနဲ့ ဘုရားသခင်ကို အားကိုးပြီး၊ ဘုရားသခင်ကို အရာအားလုံးမှာ မျှော်ကြည့်ရမယ်။ အဲဒါက ဘယ်လောက်ပဲ ခက်ခဲပါစေ၊ အမေတို့က ဘုရားသခင်ကို အဆုံးအထိ လိုက်နာကြမယ်” ဟု ပြောခဲ့သည်။ ဤစကားများကို ကြားပြီးနောက်တွင် စာရှအောင်က ခေါင်းညိတ်ပြီး “ဟုတ်ကဲ့” ဟု တိုးလျစွာ ပြောလိုက်သည်။ သူမ မိသားစုနှင့် ဝေးကွာရမည့်အကြောင်းနှင့် သူမ ပြန်လာနိုင်မည့်အချိန် မသေချာကြောင်း တို့ကို တွေးလိုက်သည့် အချိန်တွင် သူမပါးပေါ်မှ စီးကျလာသည့် မျက်ရည်များကို မထိန်းချုပ်နိုင်ခဲ့ပါ။ ထိုအခိုက်အတန့်တွင် သူမသည် သူမ၏ နှလုံးသားတွင် “ကောင်းကင်နဲ့ မြေကြီးအပြင် အရာအားလုံးတို့ကို ဘုရားသခင်က ဖန်ဆင်းတော်မူခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ဝတ်ပြုကိုးကွယ်တဲ့အပြင် ဧဝံဂေလိတရားတော် ဟောကြားတာဟာ ဘာပြစ်မှုလဲ။ ဒါပေမဲ့ တရုတ်ကွန်မြူနစ်ပါတီက ပိုပိုပြီး နီးကပ်အောင် ရွေ့လျားလာပြီ။ သူတို့တွေက ငါတို့ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ ဝတ်ပြုကိုးကွယ်ခြင်းကနေ တားဆီးရုံမကဘူး၊ ငါတို့ကို အရမ်း ညှင်းပန်းနှိပ်စက်ပြီး၊ ငါတို့ကို ဖမ်းဆီးဖို့၊ ကောလာဟလတွေ လုပ်ကြံပြောဆိုဖို့နဲ့ သွားပုပ်လေလွင့်ပြောဖို့၊ ငါတို့ကို စုံစမ်းစစ်ဆေးပြီး နှိပ်စက်ဖို့ဆိုရင် လုံးဝမရပ်ဘူး။ သူတို့က ဘယ်လောက်တောင် တိုးတက်မှုကို မလိုလားလိုက်လဲ။ တရုတ်ပြည်ဟာ တကယ့်ကို နတ်ဆိုး ထိန်းချုပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံပဲ။ ငါ့ရဲ့ ပျော်ရွှင်တဲ့ မိသားစုလေးဟာလည်း တရုတ်ကွန်မြူနစ်အစိုးရရဲ့ ဖြိုခွဲတာကို ခံရတော့မယ်”ဟု မငိုဘဲ မနေနိုင်ပါ။ သူမနေအိမ်မှ သူမထွက်ခွာသွားမည့်အကြောင်းကို တွေးရင်းဖြင့် သူမ၏ မိဘများအား သံယောဇဉ်ကို များစွာခံစားရသော်လည်း၊ သူမမိဘများ၏ ရှေ့တွင် သူမ၏ အားနည်းချက်ကို မပြနိုင်ကြောင်း သို့မဟုတ် သူမအတွက် သူတို့ကို စိတ်မပူစေနိုင်ကြောင်း သူမသိခဲ့ပြီးသား ဖြစ်သည်။ သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး “ငါဘုရားသခင်ကို မှီခိုအားကိုးမယ်” ဟု ပြောလိုက်သည်။

စာရှအောင်လီသည် ယခင်က နေအိမ်နှင့် ဝေးရာသို့ တစ်ခါမျှ ခရီးမထွက်ဘူးပါ။ သို့သော်လည်း ယခုအခါတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ညှင်းပန်းနှိပ်စက်ခြင်းကြောင့် သူမသည် ဇာတိမြေမှ စိတ်မပါပဲ စွန့်ခွာခဲ့ရသည့်အပြင်၊ အဝေးတစ်နေရာသို့ သွားရန် မီးရထားပေါ်သို့ တက်ခဲ့ပါသည်။

မီးရထားစထွက်သည်နှင့် တပြိုင်နက် စာရှအောင်လီသည် အလွန် စိတ်မကောင်းဖြစ်လေသည်။ ဤသည်မှာ သူမ၏ ဇာတိမြေနှင့် မိသားစုထံမှ ထွက်ခွာရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သူမသည် မည်သို့သော စစ်ဆေးခြင်းများဖြင့် ရင်ဆိုင်ရမည်ကို မသိခဲ့ပါ။ ရှေ့တွင်ရှိသည့် လမ်းကို ရင်ဆိုင်ရင်းဖြင့် သူမသည် ဦးနှောက်ခြောက်ကာ၊ တွေဝေနေခဲ့သည်။ သူမသည် မည်သည့်အရာကို လုပ်ရမည်မှန်း မသိဖြစ်နေချိန်တွင်ပင် သူမမကြာခဏ ဖတ်လေ့ရှိသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရုတ်တရက် တွေးမိပါသည်၊ “ဘုရားသခင် ငါတို့ကို ဦးဆောင်သောလမ်းသည် ဖြောင့်ဖြူးသောလမ်း မဟုတ်ဘဲ ချိုင့်ခွက်များ ပြည့်နှက်နေသည့် ကွေ့ကောက်သောလမ်းဖြစ်သည်...လမ်းခရီးသည် ကြမ်းတမ်လေလေ ငါတို့၏ နှလုံးသားမှ မေတ္တာကို ဖော်ပြခွင့်ရလေလေ ဖြစ်သည်ဟု ဘုရားသခင်မိန့််တော်မူသည်။...ငါ့ဘ၀အတွေ့အကြုံတွင် ကြမ်းတမ်းပြီး အန္တရာယ်များသော ခရီးလမ်းများစွာကို လျှောက်လှမ်းခဲ့ဖူးပြီး ကြီးစွာသော ဆင်းရဲဒုက္ခများကို ခံစားခဲ့ရဖူးသည်။...

သူမသည် နှုတ်ကပတ်တော်များကို တိတ်ဆိတ်စွာဖြင့် စဉ်းစားချင့်ချိန်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူမနှလုံးသားကို နှစ်သိမ့်ပြီး၊ နွေးထွေးစေခဲ့သည်။ ဤနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းကို တရုတ်ကွန်မြူနစ်ပါတီက ထိန်းချုပ်ထားပြီး၊ ဘုရားသခင်ကို ရန်သူတစ်ယောက်အဖြစ် မုန်းတီးသည်ကို သူမသိရှိခဲ့သည်နှင့်အညီ၊ သူမအနေဖြင့် ဆင်းရဲဒုက္ခအချို့ကို သည်းခံရမည်။ လာမည့်လမ်းကြောင်းပေါ်တွင် ခက်ခဲမှုများ မည်မျှရှိပါစေ၊ ဘုရားသခင်က ငါ့ကို ဦးဆောင်မယ်၊ ဟု သူမ ယုံကြည်ခဲ့သည်။ ထို့နောက်တွင် သခင်ယေရှုသည် သူ၏အမှုကိုပြုရန် ကြွတော်မူသည့်အချိန်က သူ၏ နောက်လိုက်များစွာတို့သည် ခေတ်ပြိုင်ရောမအစိုးရ၏ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးခြင်းခံရ သည်ကို အမှတ်ရခဲ့သည်။ သူ၏ နောက်လိုက်များ ဖမ်းဆီးခံရခြင်းမှ ကာကွယ်ရန် သခင်ယေရှုက သူတို့အား “တမြို့၌ သင်တို့ကို ညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၃) တိုက်တွန်းတော်မူခဲ့သည်။ ဤအချိန်တွင် သူမ၏ မျက်လုံးများသည် မျက်ရည်များဖြင့် စိုရွှဲလာခဲ့သည်။ သူမသည် ဘေးဒုက္ခထဲ၌ ဘုရားသခင်ကို သူမ၏ နံဘေးတွင် ရှိကြောင်း၊ သူမကို နှစ်သိမ့်ရန်၊ သူမယုံကြည်မှုနှင့် သတ္တိတို့ကို ပေးရန် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုနေကြောင်းတို့ကို သူမသည် အမှန်ကတယ်ကို တွေ့ကြုံခံစားနေရသည်။ ရလဒ်အနေဖြင့် လာမည့်လမ်းကို ရင်ဆိုင်ကာ၊ ဘေးအန္တရာယ်များနှင့် အခက်အခဲဒုက္ခများ မည်မျှ ကြီးမားပါစေ၊ သူမသည် လမ်းပျောက်ပြီး ကူညီရာမဲ့သည်ဟု လုံးဝ မခံစားခဲ့ရတော့ပါ။ ထို့အပြင် ဘုရားသခင်သည် သူမနှင့် အတူရှိနေခဲ့သောကြောင့် သူမသည် အထီးကျန်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းတို့ကိုလည်း မခံစားခဲ့ရတော့ပါ။

ရှည်လျား ခက်ခဲသော ခရီးစဉ်အပြီးတွင် သူမသည် မြို့သစ်တစ်ခုကို နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ ဤနေရာမှ ညီအစ်ကိုမောင်နှမများသည် သူမကို ကောင်းမွန်စွာ လက်ခံပြီး၊ သူမကို စာနာထောက်ထားကြသောကြောင့် သူမသည် မိသားစု၏ နွေးထွေးမှုကို တစ်ဖန် တွေ့ကြုံခံစားခဲ့ရပြန်သည်။ အိမ်မှထွက်လာပြီး နှစ်လအကြာတွင် သူမအမေထံမှ သတင်းကြားရသည်။ သူမအမေက “သမီးရဲ့ သမီးက သူတို့နဲ့ ပူးပေါင်းနိုင်အောင် သမီးကို အမြန်ပြန်ခေါ်ခိုင်းဖို့ နဲ့ သမီးရဲ့ ယုံကြည်မှုအကြောင်းပြောဖို့ တို့အတွက် သမီးအဖေကို ပြောဖို့ ရဲတွေက ကျေးရွာသူကြီးနဲ့လိမ်လည်လှည့်ဖြားရန် ပေါင်းကြံကြသည်။ အဲဒီထက်ပိုပြီးသူတို့တွေက ‘သူက ဘုရားသခင်ကို ယုံကြည်တာစွန့်လွှတ်သမျှ ကာလပတ်လုံး ဘာမှမဖြစ်ဘူး။ မဟုတ်ရင်တော့ ငါတို့က သူ့ကို ဆက်ရှာဖွေပြီး၊ သူ့ကို အလိုရှိသူတစ်ယောက် အနေနဲ့ စာရင်းသွင်းပစ်မယ်။ သူ မြို့ပြင်မှာ ဖမ်းခံရတာနဲ့တပြိုင်နက် ထောင်ထဲမှာ အနည်းဆုံး အနှစ် ၄၀ လောက် နေရမယ်။ သူက အဖမ်းမခံရရင်တောင်မှ၊ သူ့တစ်သက်လုံး ပြေးနေရပြီး၊ ဘယ်တော့မှလည်း အိမ်ထောင်ပြုရမှာ မဟုတ်ဘူး' လို့ သူ့ကို ခြိမ်းခြောက်ကြတယ်။ သမီးအဖေက သူတို့စကားတွေကို ယုံလိုက်တယ်။ အခုသူက သမီးကို နေရာအနှံ့ရှာပြီးတော့ သမီးကို ပြန်လိုချင်နေပြီ။ ဒီစာကို ရပြီးရင် သမီးအိမ်ပြန်လာလို့ မရဘူးနော်။ ဒါက တရုတ်ကွန်မြူနစ် ပါတီရဲ့ လိမ်လည်မှုတွေနဲ့ အကြံအစည်တွေသာ ဖြစ်တာကို အမေတို့အားလုံး သိပြီးသားဖြစ်တယ်။ သူတို့ရည်ရွယ်ချက်က သမီးကို ဖမ်းဆီးပြီး၊ သမီးကို ဘုရားသခင်ကို သစ္စာဖောက်ခိုင်းတာ။ အဲဒါ့ကြောင့် သမီးက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ငြိမ်သက်တဲ့စိတ်နဲ့ သမီးတာဝန်ကို ဖြည့်ဆည်းသင့်တယ်…”ဟု ပြောခဲ့သည်။

ထိုစာကိုဖတ်ပြီးနောက်တွင် သူမမျက်နှာပေါ်တွင် မျက်ရည်များ စီးဆင်းလာခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ထိုကဲ့သို့သော စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးပြုခဲ့မည်ဟု သူမ လုံးဝ စိတ်မကူးခဲ့ပါ။ သူတို့၏ ညှင်းပန်းနှိပ်စက်ခြင်းကြောင့် သူမမှာ အိမ်သို့ မပြန်နိုင်ခဲ့ပါ။ ထို့အပြင် တရုတ်ကွန်မြူနစ်ပါတီက သူမ အဖေကို ခြိမ်းခြောက်ခဲ့သည်။ သူမသည် တရုတ်ကွန်မြူနစ်ပါတီကို မုန်းတီးခြင်းဖြင့် ပြည့်နှက်နေသည်။ သူမသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိလေသည်။ “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ထုတ်ပစ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။...ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်ကို ခုခံသည့် တရုတ်ကွန်မြူနစ်ပါတီ၏ အနှစ်သာရကို ရှင်းလင်းစွာ ထုတ်ဖော်ခဲ့သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် သူ၏အမှုကို ပြီးမြောက်အောင်ဆောင်ရွက်ကတည်းက၊ တရုတ်ကွန်မြူနစ်အစိုးရသည် ထိတ်ထိတ်ပျာပျာဖြင့် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်ကာ၊ ခရစ်ယာန်များကို ဖမ်းဆီးခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများ ပြုခဲ့သည်။ ရလဒ်တစ်ခုအနေဖြင့် မရေမတွက်နိုင်သည့် ခရစ်ယာန်များသည် အဖမ်းဆီးခံရပြီး၊ ထောင်ချခံကြရသည့်အပြင်၊ သူတို့သည် ရက်စက်ကြမ်းကြုတ်သော နှိပ်စက်မှုများကို ခံစားခဲ့ရသည်။ သူတို့ထဲမှ အချို့သည် ခြေလက်မသန်ဖြစ်ခြင်း သို့မဟုတ် သေသည်အထိ နှိပ်စက်ခြင်းကို ခံကြရသည်။ တရုတ်ကွန်မြူနစ်ပါတီကြောင့် မရေမတွက်နိုင်သည့် ခရစ်ယာန်မိသားစုများ ပြိုကွဲခဲ့ရသည်၊ မရေမတွက်နိုင်သော ခရစ်ယာန်များသည် သူတို့အိမ်များသို့ မပြန်နိုင်ကြပါ။ တရုတ်ကွန်မြူနစ်ပါတီ၏ အမည်ခံ “လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့်” နှင့် “နိုင်ငံသားများ၏ တရားရေးရာ လုပ်ပိုင်ခွင့် နှင့် အကျိုးစီးပွား” တို့သည် တရုတ်လူမျိုးများနှင့် ကမ္ဘာကို လှည့်စားရန် သူတို့၏ အဓိပ္ပါယ်မရှိသော စကားများဖြစ်ပြီး၊ ၎င်းတို့သည် လူထုကို လှည့်စားရန်၊ ကျော်ကြားမှုကို ရရှိရန် နှင့် သူတို့ပြစ်မှုများကို ဖုံးကွယ်ရန် တို့အတွက်သာ ဖြစ်လေသည်။ သို့သော်လည်း ဘုရားသခင်၏ ဉာဏ်ပညာသည် စာတန်၏ အကြံအစည်များပေါ်တွင်သာ အမြဲအခြေခံ ကျင့်သုံးလေ့ရှိသည်။တရုတ်ကွန်မြူနစ်ပါတီ၏ ညှင်းပန်းနှိပ်စက်မှုမှ တစ်ဆင့် နှလုံးသားနှင့် ဝိညာဉ် ရှိသူများသည် တရုတ်ကွန်မြူနစ်ပါတီ၏ ကောက်ကျစ်စဉ်းလဲမှု နှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို မှန်ကန်စွာ ခွဲခြားသိမြင်နိုင်သောကြောင့် စာတန်ကို စွန့်ပယ်ကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ ပြန်လာခွင့်ရခဲ့သည်။ စာရှအောင်လီသည်လည်း စာတန်သည် မည်မျှပင် ရိုင်းစိုင်းကြမ်းကြုတ်ပါစေ၊ ယင်းမှာ အမြဲတမ်း ကျားကွက်တစ်ခုသာ ဖြစ်ပြီး၊ ဘုရားသခင်က သူ့စီမံခန့်ခွဲမှု အစီအစဉ်အတွက် အသုံးပြုသည့် အထောက်အကူ တစ်ခုသာ ဖြစ်ခဲ့ပါသည်။ သူမက ဘုရားသခင်သည် ကျွန်မတို့ကို ကယ်တင်ရန် တရုတ်ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်ခံရသည့် နိုင်ငံသို့ လာရန် ကြီးစွာသော ဘေးအန္တရာယ်ကို မည်သို့စွန့်စားရပုံကိုလည်း တွေးမိခဲ့သည့်အပြင်၊ ကျွန်မတို့ကို ရေလောင်းရန် နှင့် လမ်းပြရန်တို့အတွက် သူ၏ နှုတ်ကပတ်တော်များကို မည်သို့ အသုံးပြုခဲ့ပုံတို့ကို တွေးမိခဲ့ပါသည်။ ဘုရားသခင်၏ မေတ္တာသည် မည်မျှကြီးမြတ်လိုက်သနည်း။ ထိုအကြောင်းကို သူမတွေးလိုက် သည့်အခါတွင်၊ သူမသည်လှုံ့ဆော်ခံရ သည့်အပြင်၊ ဘုရားသခင်ကို လိုက်နာရန် စိတ်ပိုင်းဖြတ်ခဲ့သည်။

စာရှအောင်လီသည် ပြတင်းပေါက်မှနေပြီး အပြင်သို့ မီးခိုးမှိုင်းရောင် ကောင်းကင်ကို ငေးကြည့်နေခဲ့သည်။ ရုတ်တရက် လေပြင်းတစ်ချက်တိုက်ပြီး သူမမျက်နှာပေါ်သို့ အအေးဓာတ် စေလွှတ်လိုက်သည်။ ဗြောက်အိုးဖောက်သံများသည် သူမ၏ အောက်မေ့ဖွယ်ရာများမှ လက်တွေ့အခြေအနေသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ နှစ်များကို ရေတွက်ရင်း၊ သူမသည် အိမ်မှ အဝေးတွင် နေခဲ့သည်မှာ ငါးနှစ်ရှိခဲ့ပြီဖြစ်သည်။ သူမသည် သူမမိသားစုထံမှ ဝေးကွာ ရခြင်း၏ နာကျင်မှုကို အပြည့်အဝ ခံစားရပြီး ဖြစ်သော်လည်း၊ သူမသည် ဤနှစ်အတွင်း ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူမ၏ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး၊ များစွာ ရရှိခဲ့သည်။ သူမသည် အခက်အခဲများ၌ ရှိနေချိန်တွင်၊ ဘုရားသခင်သည် သူမကို အမြဲတမ်း လမ်းပြပြီး၊ အားပေးနေခဲ့သည်။

“စာရှအောင်လီ၊ မနက်စာ လာစားလေ” အိမ်ရှင်အစ်မက သူမကို နွေးထွေးစွာ ခေါ်ခဲ့သည်။ သူမက ပြန်ဖြေပြီး ထမင်းစားခန်းသို့ လျှောက်သွားခဲ့သည်။ နံနက်စာ စားအပြီးတွင်၊ သူတို့သည် ဘုရားသခင် ၏ နှုတ်ကပတ်တော်ကို အတူတကွ ဖတ်ရှုကာ၊ သူတို့ ၏ ကိုယ်ပိုင်အတွေ့အကြုံများကို အချင်းချင်း ပြောပြကြကာ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့အား သက်သေခံခဲ့ကြသည်။ သူမသည် သူမမိသားစုနှင့် အတူမရှိနေခဲ့သော်လည်း၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ အဖော်ပြုခြင်း နှင့် ညီအစ်ကိုမောင်နှမများ၏ အပေါင်းအသင်းပြုခြင်း တို့ဖြင့် သူမသည် နေအိမ်တစ်ခု၏ နွေးထွေးမှုကို ခံစားခဲ့ရသည်။

နေ့လည်တွင် ညီအစ်ကိုမောင်နှအချို့သည် သူတို့ဆီသို့ လာရောက်ကာ သူတို့နှင့် စုဝေးကြသည်။ စုဝေးပြီးနောက် သူမသည် နားလည်မှုတစ်ခုကို ရရှိလာခဲ့သည်၊ ဤလောကိထဲသို့ လာရောက်သည့် ကျွန်မတို့ တစ်ယောက်စီတိုင်းတွင် ဘုရားသခင်ပေးအပ်နှင်းတော်မူသည့် မြင့်မြတ်သော အမှုတော်တစ်ခု ရှိကြသည်။ သူမ၏ အမှုတော်မှာ သခင့်ပြန်ကြွလာခြင်းကို တောင့်တနေကြသည့် ပို၍များသော လူများကို နိုင်ငံတော်ဧဝံဂေလိကို ဟောကြားရန် ဖြစ်သည်။ သူမသည် တရုတ်ကွန်မြူနစ်ပါတီ၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရပြီး အိမ်သို့မပြန်နိုင်သော်လည်း၊ သူမသည် သူမ၏ အမှုတော်ကို မစွန့်ခွာပဲနှင့်၊ ထိုအစား ထိုအမှုတော်ကို ဖြည့်ဆည်းရန် အကောင်းဆုံးကြိုးစားရမည် ဖြစ်ပါသည်။ သူမသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးခဲ့သည်၊ “ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများနှင့် ထိုက်တန်လိမ့်မည် မဟုတ်သကဲ့သို့၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ ထိုက်တန်လိမ့်မည် မဟုတ်ချေ။” ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူမအနေဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ခြင်းအတွက် အသက်ရှင်နေထိုင်ရန် ယုံကြည်မှုနှင့် ခွန်အားတို့ကို ပိုမိုရရှိစေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမသည် ဘုရားသခင်ရှေ့တော်မှောက်တွင် စိတ်ပိုင်းဖြတ်ခြင်းတစ်ခုကို သတ်မှတ်ခဲ့သည်၊ ကျွန်မ လာမယ့်နှစ်သစ်မှာ ကယ်တင်ခြင်းအတွက် ကိုယ်တော့်ကို ပြန်လည်ပေးဆပ်ဖို့ရာ ကျွန်မ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့ လိုလားပါတယ်။ ကျွန်မ အနာဂတ်ဟာ အခက်အခဲတွေ၊ စိတ်ပျက်စရာတွေ၊ အန္တရာယ်တွေအပြင်၊ ဘေးဒုက္ခတွေနဲ့ ပြည့်နှက်နေရင်တောင်မှ ကျွန်မ ကိုယ်တော့်ကို အမြဲတမ်း လိုက်လျှောက်ပါ့မယ်။

ညဖက်တွင် စာရှအောင် လီသည် သူမနှလုံးသားထဲမှ ဘုရားသခင်ကို ဆုတောင်းခဲ့သည်၊ ဘုရားသခင်သည် ဘုန်းတော်ရရှိသည့် နေ့ကို စောင့်မျှော်ပြီး၊ မကြာမီ ကြွလာရန်အတွက် မျှော်လင့်နေပါတော့သည်။…

အောက်ခြေမှတ်စု(များ)-

၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

အမှာစကား ချန်ခဲ့မည်