စာရင်း

အသက်တာမှာ မနှစ်မြို့ဖွယ်အရာတွေကို ကျွန်ုပ်တို့ မကြာခဏ ကြုံတွေ့ရတတ်ပြီး တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို အရမ်းထိခိုက်နာကျင်စေတယ်။ ဒီလိုအရာတွေ ကြုံတွေ့ရတဲ့အခါတိုင်း စိတ်အားငယ်တတ်တယ်၊ တစ်ချိန်တည်းမှာပဲ ဘုရားသခင်က ဘာကြောင့် ဒီလိုဆင်းရဲဒုက္ခတွေကို ခံစားရစေသလဲဆိုတာကို နားမလည်ပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့ ဒီဆင်းရဲဒုက္ခတွေကို ဘယ်လိုရင်ဆိုင်သင့်သလဲ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့အတွက် ဖန်ဆင်းရှင် စီစဉ်ပေးသည့် အသက်တာသည် အခက်အခဲနှင့်ဆိုင်သည့် အသက်တာတစ်ခုလော၊ သို့မဟုတ် ယင်းသည် ပျော်ရွှင်စရာဖြစ်ပြီး အပူအပင်ကင်းသလော။ (အခက်အခဲနှင့်ဆိုင့်သည့် အသက်တာတစ်ခု ဖြစ်ပါသည်။) လူအများစုသည် အလွန်များလှသော အခက်အခဲများနှင့် အလွန်များလှသော နာကျင်မှုဝေဒနာဖြင့် ခက်ခဲသော ဘဝများကို အသက်ရှင်ကြသည်။ ဤအစီအစဉ်များတွင် ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း၊ ပြီးလျှင် ယင်းတို့၏ အရေးပါမှုမှာ အဘယ်နည်း။ တစ်နည်းအားဖြင့်၊ ထိုသို့သော အစီအစဉ်များသည် လူတို့အား ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ အစီအစဉ်များနှင့် ဩဇာအာဏာတို့ကို တွေ့ကြုံကာ သိရှိခွင့်ပေးဖို့ ရည်ရွယ်ပေသည်။ နောက်တစ်နည်းအားဖြင့်၊ သူ၏ အဓိက ရည်ရွယ်ချက်မှာ လူတို့အား ဘဝက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ကို တွေ့ကြုံခွင့်ပေးဖို့နှင့်၊ ထိုသို့ဖြင့် လူသား၏ ကံကြမ္မာကို ဘုရားသခင်၏ လက်တွင် ထိန်းချုပ်ထားပြီး၊ မည်သည့်လူကမျှ မဆုံးဖြတ်သကဲ့သို့ လူတို့၏ နှလုံးသွင်းအရဖြစ်သော အလိုဆန္ဒထဲက အပြောင်းအလဲများနောက်တွင် မပြောင်းလဲသည်ကို သဘောပေါက်ခွင့်ပေးဖို့ ဖြစ်သည်။ ဖန်ဆင်းရှင်က မည်သည့်အရာ လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူတို့အတွက် မည်သည့် ဘဝမျိုး သို့မဟုတ် မည်သည့် ကံကြမ္မာမျိုးကို သူ စီစဉ်ထားသည်ဖြစ်စေ၊ သူသည် ၎င်းတို့အား ဘဝအပေါ်နှင့် လူသား၏ ကံကြမ္မာက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ဆိုသည့်အပေါ် သုံးသပ်ဆင်ခြင်စေပြီး၊ ဤအရာအားလုံးအပေါ် ၎င်းတို့ သုံးသပ်ဆင်ခြင်သည်နှင့်အမျှ၊ သူသည် ၎င်းတို့အား ဘုရားသခင်၏ ရှေ့မှောက်သို့ လာစေလေသည်။ ဘုရားသခင်သည် သမ္မာတရားများကို ဖော်ပြပြီး ဤအရာအားလုံး မည်သည့်အရာဖြစ်သည်ကို လူတို့အား ပြောပြချိန်တွင်၊ သူသည် လူတို့ကို သူ၏ရှေ့မှောက်သို့ လာစေသည်၊ ဘုရားသခင် ပြောသည့်အရာကို လက်ခံစေသည်၊ ဘုရားသခင် ပြောသည့်အရာကို တွေ့ကြုံစေသည်၊ ဘုရားသခင် ပြောသည့် အရာအားလုံးနှင့် လူတို့က ၎င်းတို့၏ တကယ့်အသက်တာများတွင် ကြုံတွေ့ကြသည့် အရာအားလုံးတို့ကြား ဆက်နွှယ်မှုက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ကို နားလည်စေသည်။ သူသည် လူတို့အား ဤသမ္မာတရားများ၏ လက်တွေ့ကျမှု၊ တိကျမှုနှင့် စစ်မှန်မှုတို့ကို မှန်ကန်ကြောင်း အတည်ပြုစေသည်၊ ယင်းနောက်တွင် လူသားသည် ထိုသမ္မာတရားများကို ရရှိပြီး၊ သူသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ထိန်းချုပ်ခြင်းခံရပြီး၊ သူ၏ ကံကြမ္မာကို ဘုရားသခင်က အုပ်စိုးကာ စီစဉ်သည်ကို အသိအမှတ်ပြုလေသည်။ ဤအရာအားလုံးကို လူသားက နားလည်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သူသည် သူ၏ ဘဝအတွက် လက်တွေ့မကျသည့် မည်သည့် အစီအစဉ်မျှ ရှိတော့မည်မဟုတ်၊ ပြီးလျှင် ဖန်ဆင်းရှင်၏ စိတ်ဆန္ဒများနှင့် ဖန်ဆင်းရှင် စီမံထားပြီး စီစဉ်ထားသည့်အရာကို ဆန့်ကျင်ဖို့ စီစဉ်လိမ့်မည် မဟုတ်ပေ။ ထို့ထက်၊ သူသည် သူ၏ဘဝကို မည်သို့ အသက်ရှင်သင့်ပြီး သူ လျှောက်သင့်သည့် လမ်းခရီးနှင့်ဆိုင်သည့် တိုး၍ တိကျမှန်ကန်သော ချင့်ချိန်ဆုံးဖြတ်ခြင်းနှင့် သိနားလည်ခြင်း သို့မဟုတ် သဘောပေါက်ခြင်းနှင့် အစီအစဥ်တစ်ခု ရှိလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၂)” မှ

မည်သူမျှ ဆင်းရဲဒုက္ခမရှိဘဲ ၎င်းတို့၏ တစ်ဘဝလုံး မသွားကြပေ။ လူအချို့အတွက် ယင်းက မိသားစုနှင့်သက်ဆိုင်သည်၊ အချို့အတွက်မူ အလုပ်နှင့်သက်ဆိုင်သည်၊ အချို့အတွက် အိမ်ထောင်ရေးနှင့် သက်ဆိုင်ပြီး၊ အချို့အတွက် ကိုယ်မကျန်းမာခြင်းနှင့်သက်ဆိုင်သည်။ လူတိုင်း ဒုက္ခခံစားကြသည်။ လူအချို့က “လူများသည် အဘယ့်ကြောင့် ဒုက္ခခံစားရမည်နည်း။ ကျွန်ုပ်တို့၏ အသက်တာများတစ်ခုလုံး၌ ငြိမ်းချမ်းစွာနှင့် ပျော်ရွှင်စွာ ရှင်သန်ဖို့ဆိုသည်မှာ မည်မျှ ကောင်းလိုက်မည်နည်း။ ကျွန်ုပ်တို့ ဒုက္ခမခံ၍ မရနိုင်သလော။” ဟု ပြောကြသည်။ မရပေ- လူတိုင်း ဒုက္ခခံစားရမည်။ ဒုက္ခက လူပုဂ္ဂိုလ်တိုင်းကို ရုပ်ခန္ဓာ အသက်၏ မြောက်မြားလှသော ခံစားရခြင်းများကို တွေ့ကြုံစေသည်၊ ဤခံစားရခြင်းများသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ နိုးကြားတက်ကြွသည်ဖြစ်စေ သို့မဟုတ် မတုန်မလှုပ်ရှိသည်ဖြစ်စေ၊ ဒုက္ခက လူတိုင်းကို ကွဲပြားသော ခံစားချက်များနှင့် နားလည်သဘောပေါက်ခြင်းတို့ကို ပေးသည်၊ သင့်အတွက်မှာမူ ယင်းက အသက်တာ အတွေ့အကြုံများသာ ဖြစ်ပေသည်။ ဤသည်မှ သမ္မာတရားနှင့် ဘုရားသခင်၏အလိုတော်တို့ကို သင် ရှာဖွေနိုင်ပါက၊ သင်သည် ဘုရားသခင်က သင့်အား ပေးပြီးဖြစ်သည့် ရည်မှန်းချက်များထံ ယခင်ထက် သာ၍ နီးကပ်လာလိမ့်မည်။ ယင်းက ရှုထောင့် တစ်ခုဖြစ်ပြီး ယင်းမှာ လူများကို သာ၍အတွေ့အကြုံ ရှိစေဖို့လည်း ဖြစ်သည်။ နောက်ထပ် ရှုထောင့်မှာ ဘုရားသခင်က လူသားကို ပေးသည့် တာဝန် ဖြစ်သည်။ မည်သည့်တာဝန်နည်း။ ဤဒုက္ခကို ခံစားဖို့ ဖြစ်သည်။ သင်သည် ဤဒုက္ခကို သည်းခံရမည်။ သင်သည် ယင်းကို သည်းခံနိုင်ပါက၊ ဤသည်မှာ သက်သေခံချက်ဖြစ်ပေသည်။ အနာရောဂါကို ရင်ဆိုင်လျက်၊ အချို့လူများသည် သူတစ်ပါး သိသွားမည်ကို စိုးရွံ့ကြသည်၊ အမှန်မှာမူ ဤသည်မှာ ဘာမျှ ရှက်စရာ မဟုတ်သည့်အချိန်တွင်၊ ၎င်းတို့က ယင်းမှ ရှက်စရာတစ်ခုဟု တွေးထင်ကြသည်။ သာမန်လူတစ်ဦးအနေဖြင့် အနာရောဂါအလယ်တွင် သင်သည် ဘုရားသခင်က သင့်အတွက် စီစဉ်ပေးသည့် ဒုက္ခမျိုးစုံကို လက်ခံနိုင်ပြီး သင်၏ တာဝန်ကို ပုံမှန်အားဖြင့် ထမ်းဆောင်နိုင်ဆဲ ဖြစ်ကာ၊ သင့်အား ဘုရားသခင်က ပေးသည့် တာဝန်ပေး စေခိုင်းချက်ကို ပုံမှန်အားဖြင့် စုံလင်စေနိုင်ပါက၊ ဤသည်မှာ သက်သေခံချက်ဖြစ်ပြီး၊ ယင်းက စာတန်ကို အရှက်ရစေပြီး အနိုင်ယူသည့် တစ်စုံတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ဖန်ဆင်းခံသတ္တဝါတိုင်းနှင့် လူတိုင်းတို့သည် မည်သည့်ဒုက္ခမဆိုကို လက်ခံပြီး ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ ယင်းကို သင် နားလည်သင့်သည့်ပုံစံဖြစ်သည်၊ ဤသည်က ဘုရားသခင်၏အလိုတော်နှင်ကိုက်ညီပြီး ယင်းက ဘုရားသခင်၏ရည်ရွယ်ချက် ဖြစ်ပေသည်။ ဤသည်က ဘုရားသခင်က ဖန်ဆင်းရှင် သတ္တဝါတိုင်း အတွက် စီစဉ်ပေးထားသည့် အရာဖြစ်သည်။ သူက သင့်အား ဤအခြေအနေများနှင့် အနေအထားများ၌ ထားခြင်းက သင့်အား တာဝန်တစ်ခု၊ ဝတ္တရား တစ်ခုနှင့် တာဝန်ပေးစေခိုင်းချက်တို့ကို ပေးခြင်းနှင့် သာတူညီမျှဖြစ်သောကြောင့်၊ သင်သည် ယင်းတို့ကို လက်ခံသင့်သည်။ ဤသည်က သမ္မာတရား မဟုတ်သလော။ ယင်းက ဘုရားသခင်ထံမှ လာသမျှ ကာလပတ်လုံး၊ ဘုရားသခင်က သင့်ကို ထိုသို့သော တောင်းဆိုမှုတစ်ခု ပြုသမျှကာလပတ်လုံး၊ ယင်းက သမ္မာတရားဖြစ်ပေသည်။ ယင်းက သမ္မာတရား ဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ ဤသည်မှာ သင်က ဤနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်ခံပါက၊ ပြဿနာတစ်ခုကို သင်ကြုံရသည့်အခါ၊ ဤနှုတ်ကပတ်တော်များက သင်၏အယူအဆများနှင့် ပုန်ကန်လိုခြင်းများကို ဖြေရှင်း ပေးနိုင်မည်၊ ယင်းတို့က ဤပြဿနာမှတစ်ဆင့် သင့်ကို ချောမွေ့သော လမ်းကြောင်းတစ်ခု အခွင့်ပေးလိမ့်မည် ဖြစ်ပြီး၊ ယင်းတို့က သင့်အား သက်သေခံဖို့ အခွင့်ပေးလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင် လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ခြင်း မပြုဖို့ သင့်ကို အခွင့်ပေးလိမ့်မည်။ ဘုရားသခင်က သင့်အား နေရာချပေးသည့် အခြေအနေများနှင့် အနေအထားများကို ကျိုးနွံနာခံနိုင်ပါက၊ သင်သည် သမ္မာတရားကို နားလည်ပြီး သင်သည် ထိုသို့သော သက်သေခံချက်ကို ပေးနိုင်ပါက၊ သင်သည် စာတန်ကို အရှက်ရစေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သေလိုပြီး သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်လိုသည့် အနေအထားအထိရောက်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်မှုကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ သင်သည် စာတန်၏ ချုပ်နှောင်ခြင်းကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ သင်၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို သင်သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို နာကျင်သော စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စမ်းသပ်မှုများအလယ်၌ ဘုရားသခင်ကို ကျေနပ်စေသင့်သည့် နည်းလမ်း” မှ

အမှာစကား ချန်ခဲ့မည်