စာရင်း

ဘုရားသခင်သည် ကျေးဇူးတော်ကာလတွင် လူသားမျိုးနွယ်ကို ရွေးနှုတ်ခဲ့သည်၊ ထိုသို့လျှင် ကိုယ်တော်သည် နောက်ဆုံးသောကာလတွင် အဘယ်ကြောင့် သူ၏တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ရန် လိုအပ်သေးသနည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။" (ဝတ်ပြုရာကျမ်း ၁၁: ၄၅-၄၆)

"သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။" (ဟေဗြဲဩဝါဒစာ ၁၂: ၁၄)

"ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။" (ရှင်ယောဟန်ခရစ်ဝင် ၁၂: ၄၇- ၄၈)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

တစ်ချိန်တုန်းက ယေရှု၏ အမှုမှာ လူသားတစ်ရပ်လုံးကို ရွေးနုတ်ကယ်တင်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ပေးခြင်း ခံရပြီးလျက်၊ သူ့ကို ဆက်လက် ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်ကယ်တင်ပေးမည် ဖြစ်ပြီး၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်း ခံရပြီးလျက် သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်ဆိုခြင်းနှင့် ကယ်တင်ခြင်းခံရသည် ဆိုသည်မှာ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။ ယုံကြည်ခဲ့ကြသည့် သူများအကြားတွင်ပင်လျှင်၊ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသူများ ကျန်နေသေး၍ ၎င်းတို့ကို တဖြည်းဖြည်းချင်းနှင့် ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းသည် လူသားကို ယေရှုက အပြည့်အဝ ပိုင်ဆိုင်ရရှိသွားပြီဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ထိုသူ၏ အပြစ်များ ခွင့်လွှတ်ခြင်း ခံရကာ အပြစ်တရားနှင့် ဆက်လက် မသက်ဆိုင်တော့ခြင်းကို ဆိုလိုပြီး၊ သင်ယုံကြည်ပြီ ဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။

"ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)" မှ

ယေရှုသည် သူ၏ အလုပ်ကို လုပ်ခဲ့သည့်အခါ လူ၏ သူ့အပေါ် သိနားလည်မှုသည် ဝေ၀ါးပြီး မရှင်းမလင်း ဖြစ်နေခဲ့သည်။ လူသားမှာ သူသည် ဒါဝိဒ်၏ သားတော်ဖြစ်ပြီး သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်နှင့် လူသား၏ အပြစ်များကို ရွေးနှုတ်ခဲ့သော သဘောကောင်းသည့် အရှင်သခင် ဖြစ်သည်ဟု အစဉ်အမြဲ ယုံကြည်ခဲ့သည်။ အချို့သည် ယုံကြည်ခြင်းအပေါ် အခြေခံလျက် သူ့ဝတ်ရုံ၏ ပန်းပွားကို ထိတွေ့ရုံဖြင့် ရောဂါဝေဒနာ ပျောက်ကင်းသည်၊ မျက်စိမမြင်သူ မြင်နိုင်ပြီး သေဆုံးသူပင် အသက်ပြန်ရှင်နိုင် သည်။ သို့ရာတွင် လူသည် သူ့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ယိုယွင်းပျက်စီးနေသည့် စာတန် စိတ်သဘောထားကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသကဲ့သို့ လူသားသည် ယင်းကို မည်သို့ ဖယ်ထုတ်ရမည်ကို မသိခဲ့ပေ။ လူသည် ကျေးဇူးတော် အများအပြားကို ရရှိခဲ့သည်၊ ဥပမာ - ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ တစ်ဦး၏ ယုံကြည်ခြင်းအပေါ် မိသားစု တစ်ခုလုံး ကောင်းချီးမင်္ဂလာရရှိပြီး နာမကျန်းမှုများကို ပျောက်ကင်းစေသည် စသဖြင့် ဖြစ်သည်။ ကျန်သည့် အရာများမှာ လူ၏ ကောင်းမှုများဖြစ်ပြီး သူတို့၏ ဘုရား တရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ လူသည် ယင်းကို အခြေခံပြီး ရှင်သန်ပါက သူ့ကို ကောင်းသော ယုံကြည်သူအဖြစ် သတ်မှတ်ကြသည်။ ယင်းသို့သော ယုံကြည်သူများသာလျှင် သေဆုံးပြီးနောက် တွင် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည်။ ဆိုလိုသည်မှာ သူတို့ ကယ်တင်ခြင်းခံရသည်။ သို့ရာတွင် သူတို့ ဘဝတစ်သက်တာတွင် သူတို့သည် အသက်၏ လမ်းခရီးကို နားလည်ခြင်း လုံးဝမရှိခဲ့ပေ။ သူတို့သည် အပြစ်များ ကိုသာ ကျူးလွန်ခဲ့ပြီးနောက်တွင် စိတ်သဘောထား ပြောင်းစေရန် မည်သည့် လမ်းကြောင်းမှ မရှိပဲ အပြစ် ဝန်ခံခြင်းကို အစဥ်တစိုက် စက်ဝန်းကဲ့သို့ ပြုလုပ်နေကြသည်။ ယင်းသည် ကျေးဇူးတော်ခေတ်တွင်ရှိသော လူ၏ အခြေအနေဖြစ်သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီလား။ မရပါ။ ထို့ကြောင့် ထိုအဆင့် ပြီးဆုံးပြီးပါက တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်များ ကျန်ရှိနေသေးသည်။ ဤအဆင့်သည် လူကို စကားလုံးမှတစ်ဆင့် သန့်ရှင်းအောင် လုပ်ခြင်းဖြင့် လူကို လိုက်နာစေရန် လမ်းကြောင်းကို ပေးသည်။ အကယ်၍ နတ်ဆိုးများကို ဆက်လက် နှင်ထုတ်နေဆဲဖြစ်ပါက ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ် သို့မဟုတ် အဓိပ္ပာယ် ရှိမည် မဟုတ်။ အကြောင်းမှာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝသည် ဖယ်ရှားခံရခြင်း မရှိပဲ လူသည် အပြစ်များ ခွင့်လွှတ်ခြင်းတွင်သာ ရပ်တန့်နေလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ အပြစ်ဖြေရာယဇ်မှ တစ်ဆင့် လူသည် သူ၏ အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ အကြောင်းမှာ လက်ဝါးကပ်တိုင်တွင် အသေခံသော အလုပ်သည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ပြီး ဘုရားသခင်သည် စာတန်ကို အနိုင်ရခဲ့သည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် လူ၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် သူတို့အတွင်းတွင် ဆက်လက်ရှိနေပြီး လူသည် အပြစ်ကျရောက်နိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရသေး ပေ။ သို့ဖြစ်ရာ ဤအဆင့်၏ အလုပ်တွင် ဘုရားသခင်သည် စကားလုံးကို အသုံးပြု၍ လူသား၏ ယိုယွင်း ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ပြီး လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ ကျင့်သုံးစေရန် တောင်းဆိုခြင်း ဖြစ်သည်။ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိပြီး ၃ရလဒ်များလည်း ပိုမိုသည်။ အကြောင်းမှာ ယခုတွင် လူ၏ အသက်တာကို တိုက်ရိုက် ပံ့ပိုးသည့်အရာနှင့် လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ဖြစ်လာစေရန် လုပ်နိုင်စွမ်းရှိသောအရာမှာ စကားလုံး ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် သာ၍ နှံ့နှံ့ စပ်စပ်ရှိသော အလုပ်အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသော ကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီး ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေသည်။

"လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

သင်ကဲ့သို့ အပြစ်သားတစ်ဦးသည် ရွေးနှုတ်ခြင်း ခံရပြီးစဖြစ်ပြီး မပြောင်းလဲသေး၊ သို့မဟုတ် ဘုရားသခင်အားဖြင့် ပြည့်စုံခြင်းသို့ မရောက်သေး သူအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီနိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့သည်မှာ မှန်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက သင်သည် မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်းသဏ္ဌာန်အားဖြင့် သင်သည် မသန့်ရှင်းခြင်း၊ အတ္တနှင့် ညစ်ကျယ်ကျယ်ဖြစ်ခြင်းတို့ဖြင့် ဖွဲ့စည်းထားသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲ ဖြစ်သည်၊ ယုတ္တိရှိလိုက်သည့် ဖြစ်ခြင်း။ သင်သည် သင်၏ ဘုရားသခင်ထံကို ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးနေသည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင် လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် ပြည့်စုံခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေး ပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ရွေးနုတ်ခြင်းကို မကြာသေးမီက ရရှိသော အပြစ်သား တစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက် အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။

"အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍" မှ

လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ လွန်ကျူးခြင်းများကို သတိရမှု မရှိခြင်းနှင့် လူ၏ လွန်ကျူးခြင်းများနှင့်အညီ လူကို ဆက်ဆံခြင်း မပြုဟုသာ မှတ်ယူခဲ့သည်။ သို့ရာတွင် လူသည် ဇာတိပကတိတွင် နေထိုင်စဉ်တွင် သူ့ကို အပြစ်မှ လွှတ်ထားပြီးခြင်း မရှိသေးရာ သူသည် အပြစ်ကိုသာလျှင် ဆက်လုပ်နိုင်ပြီး ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားကို အဆုံးမရှိ ဖော်ထုတ်နေသည်။ ယင်းမှာ အပြစ်နှင့် ခွင့်လွှတ်ခြင်း၏ အဆုံးမရှိသော စက်ဝန်း ဖြစ်သည့် လူများ ဦးဆောင်သော အသက်တာဖြစ်သည်။ လူအများစုတို့မှာ ညနေပိုင်းတွင် အပြစ်ဝန်ခံရန် အတွက်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ သို့ဖြစ်ရာ အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ သက်ရောက်မှု ရှိနေလျှင်ပင် လူကို အပြစ်မှ ကယ်တင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား ရှိနေဆဲဖြစ်ရာ ကယ်တင်ခြင်း လုပ်ငန်း တစ်ဝက်သာလျှင် ပြီးဆုံးပေသေးသည်။

"လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

လူသားအဖို့ ဘုရားသခင်၏ ကားစင်တင် အသေခံခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုတော်ကို အဆုံးသတ်ခဲ့ခြင်း၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်တ်ခဲ့ခြင်းနှင့် မရဏာနိုင်ငံ၏ သော့ကို သိမ်းပိုက်ရန် ကိုယ်တော့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အယောက်တိုင်းက ဘုရားသခင်၏ အမှုတော်သည် အပြည့်အ၀ အဆုံးသတ်ခဲ့သည်ဟု တွေးကြသည်။ အမှန်တွင် ဘုရားသခင်အဖို့ သူ့အမှုတော်၏ အနည်းငယ်သော အပိုင်းသာ ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်တ်ခဲ့ရုံသာ ရှိသေးသည်၊ လူသားထဲရှိ စာတန်၏ အကျည်းတန်မှုကို ပြောင်းလဲရန် မဆိုထားနှင့်၊ သူသည် လူသားကို သိမ်းပိုက်ခဲ့ခြင်းပင် မရှိသေးပေ။ ထို့ကြောင့်ပင် ဘုရားသခင်မှ "ငါ၏ ခံယူထားသော လူ့ဇာတိသည် သေဆုံးခြင်း၏ နာကျင်မှုကို ဖြတ်သန်းခဲ့ရသော်လည်း ထိုအရာကား ငါ၏ လူ့ဇာတိခံခြင်း ပန်းတိုင်တစ်ခုလုံး မဟုတ်ပေ။ ယေရှုသည် ငါ၏ ချစ်လှစွာသော သားတော်ဖြစ်ကာ ကားတိုင်တွင် ငါ့အဖို့ သံမှိုဆွဲနှက် ခံခဲ့ရသော်လည်း သူသည် ငါ၏ အမှုတော်ကို အပြည့်အ၀ အဆုံးမသတ်ခဲ့ပေ။ သူသည် ယင်းအမှုတော်၏ တစ်ပိုင်းကိုသာ လုပ်ဆောင်ခဲ့သည်" ဟု မိန့်တော်မူခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံခြင်း အမှုတော်ကို ဆက်လက် လုပ်ဆောင်ရန် အစီအစဉ်များ၏ ဒုတိယအဆင့်ကို စတင်ခဲ့သည်။ ဘုရားသခင်၏ အဆုံးစွန် ရည်ရွယ်ချက်မှာ စာတန်၏လက်မှ ကယ်တင်ခဲ့သော အယောက်တိုင်းကို စုံလင်စေရန်နှင့် ရရှိရန်ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းငှာ အန္တရာယ်များ စွန့်စားရန် နောက်ထပ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

"အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)" မှ

ယေရှုသည် လူသားတို့ အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန် ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။

ဥယျောဇဉ် မှ

နောက်ဆုံးသောကာလ အလုပ်မှာ စကားလုံးများပြောရန် ဖြစ်သည်။ စကားလုံးများမှ တစ်ဆင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤစကားလုံးများအား လက်ခံခြင်းဖြင့် ဤလူများတွင် ယခု၌ သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်တွင် ထိုနိမိတ်လက္ခဏာများနှင့် အံ့သြ ဖွယ်ရာများကို လက်ခံသော သူများထက် ပိုမိုကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် နတ်ဆိုး များသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူမှအဝေးသို့ ထွက်သွားကြသည် ဖြစ်သော်လည်း၊ လူအတွင်းရှိ ယိုယွင်းပျက်စီးသော စိတ်သဘောထားမှာ ဆက်လက် ရှိရစ်နေသောကြောင့် ဖြစ်သည်။ လူသည် သူ၏ ဖျားနာမှုမှ သက်သာ ပျောက်ကင်းပြီး သူ၏ အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရသော်လည်း လူအတွင်းတွင် ရှိနေသည့် ယိုယွင်းပျက်စီးနေသော စာတန် စိတ်သဘောထားများကို ဖယ်ရှားရန် အတွက် လုပ်ဆောင်မှုမှာ သူ့တွင် မလုပ်ဆောင်ရသေးဘဲ ရှိသည်။ လူသည် သူ၏ ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များအတွက် ခွင့်လွှတ်ခြင်း ခံရရုံသာ ရှိသော်လည်း လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း မရှိသောကြောင့် သူ့အထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းဖြင့် လူ၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း ယင်းမှာ လူသည် သူ့အတွင်းတွင် အပြစ်မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ လူ၏ အပြစ်များသည် အပြစ်ဖြေရာယဇ်မှ တစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း လူသည် သူ့အနေဖြင့် အပြစ်မရှိတော့ရန်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး ပြောင်းလဲပစ်ရန် ကိစ္စကို ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်ကြောင့် လူ၏ အပြစ်များကို ခွင့်လွှတ်ခဲ့သော်လည်း လူသည် ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အဟောင်းတွင် ဆက်လက်နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝ စွန့်ပစ်ရန်နှင့် နောက်မည်သည့်အခါမှ ပြန်လည် မပေါ်ပေါက်စေရန် အတွက် ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားမှ လုံးဝ ကယ်တင်ခြင်း ခံရခြင်းခံရမည် ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏ စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။ ယင်းအတွက် လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်း၊ အသက်၏ လမ်းခရီးနှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လမ်းခရီးတို့ကို နားလည်ရန် လိုအပ်သည်။ လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲစေရန်နှင့် သူသည် အလင်း၏ တောက်ပမှုအောက်တွင် နေထိုင်နိုင်ရန်အတွက် လူသည် ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန်လည်း လိုအပ်ပြီး သူသည် ဘုရားသခင်၏ အလိုနှင့်အညီ အလုံးစုံသော အရာတို့ကို လုပ်ဆောင်နိုင်ရန်၊ ယိုယွင်း ပျက်စီးသော စာတန် စိတ်သဘောထားကို ဖယ်ရှားပစ်ရန်နှင့် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုမှ ချိုးဖောက် လွန်မြောက်ခြင်းတို့အားဖြင့် အပြစ်မှ အပြည့်အဝ လွတ်မြောက်လာမည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိမည်။

"လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

လူသားသည် သူ၏ အပြစ်များမှ အပြည့်အဝ ကယ်တင်ခြင်းကို အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ဖြင့် မခံရနိုင်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အကောင်အထည် ဖော်ခြင်းအားဖြင့်လည်း အပြည့်အဝ စုံလင်ခြင်းသို့ မရောက်နိုင်ပေ။ အနာရောဂါများ ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သော်လည်း လူသား၏ အသွေးအသားသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်ပြီး လူအတွင်းတွင် စာတန်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားများ ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် သန့်ရှင်းခြင်း မခံရသေးမီတွင် အပြစ်နှင့် ညစ်ညူးမှုတို့၏ ပိုင်ဆိုင်ခြင်းကို ခံရဆဲဖြစ်သည်။ လူသားသည် နှုတ်ကပတ်တော်အားဖြင့် သန့်စင်ခြင်း ခံရသည့်အခါမှသာလျှင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရပြီး သန့်ရှင်းစင်ကြယ်လာသည်။ လူသားအတွင်းမှ နတ်ဆိုးများကို နှင်ထုတ်ပြီးနောက် သူသည် ရွေးနှုတ်ခြင်းခံရသည့်အခါ၊ ဆိုလိုသည်မှာ သူသည် စာတန်လက်ထဲမှ ပြန်လည်လုယူခြင်းခံရပြီး ဘုရားသခင်ထံသို့ တဖန်ပြန်လာခြင်းမျှသာဖြစ်သည်။ သို့ရာတွင် သူသည် ဘုရားသခင်အားဖြင့် သန့်ရှင်းစင်ကြယ်စေခြင်းနှင့် ပြောင်းလဲစေခြင်းက မရရှိသေးသဖြင့် သူသည် ယိုယွင်း ပျက်စီးနေဆဲ ဖြစ်သည်။ လူအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ဆက်လက် တည်ရှိ နေသည်၊ လူသည် ရွေးနှုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လည် ရောက်ရှိလာခြင်းသာ ဖြစ်ပြီး လူသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိဉာဏ်မရှိပဲ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နေဆဲ ဖြစ်သည်။ လူသည် ရွေးနှုတ်ခြင်း မခံမီ စာတန်၏ အဆိပ် အများအပြားသည် သူအတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်။ စာတန်၏ ယိုယွင်းပျက်စီးခြင်း နှစ်ထောင်ချီပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်အား ခုခံဆန့်ကျင်သော သဘာဝ ရှိလာခဲ့ပြီး ဖြစ်လာသည်။ သို့ဖြစ်ရာ လူသားကို ရွေးနှုတ်သောအခါ ယင်းသည် ရွေးနှုတ်ခြင်းထက် ဘာမှ မပိုဘဲ လူကို အဖိုးအခကြီးစွာ ပေးဝယ်ရသော်လည်း သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သည့် သဘာဝသည် ပျောက်ကွယ်သွားခြင်း မရှိပေ။ လူသည် ညစ်ညမ်းလွန်းသည်ဖြစ်ရာ ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်း ရှိရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်မှတစ်ဆင့် လူသားသည် သူ့အတွင်းတွင်ရှိသော ညစ်ညူးပြီး ပျက်စီးသော အရာများကို အပြည့်အဝ သိလာလိမ့်မည်ဖြစ်ပြီး သူသည် အလုံးစုံ ပြောင်းလဲလာကာ သန့်စင်ခြင်းသို့ ရောက်နိုင်လိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လည်ရောက်ရှိရန် ထိုက်တန်နိုင်ပေသည်။ ယနေ့မျက်မှောက်တွင် ပြီးစီးသော အလုပ်အားလုံးတို့ကြောင့် လူသားသည် သန့်ရှင်းပြီး ပြောင်းလဲမှုကို ရရှိနိုင်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သာမက စစ်ဆေးခြင်းတို့ကြောင့် လူသားသည် သူ၏ ပျက်စီးယိုယွင်းခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းခြင်းကို ရလိမ့်မည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ထင်မည့်အစား သန့်ရှင်းစင်ကြယ်ခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။

"လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အမှုကို ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ အဆင့်သုံးဆင့် ပိုင်းခြားထား၏။ အမှု၏ ဤအဆင့်သုံးဆင့်တို့အားလုံးသည် လူသား၏ကယ်တင်ခြင်းအတွက်ဖြစ်၏။ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖျက်ဆီးခြင်းခံရခဲ့သည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်၏။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်မှ စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အတွက်လည်း ဖြစ်၏။ ထို့ကြောင့် ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ စာတန်နှင့်တိုက်ပွဲကိုလည်း အဆင့်သုံးဆင့် ခွဲခြားထား၍ ဘုရားသခင်၏အမှု၏ ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက်ဆောင်ရွက်၏။ စာတန်နှင့်တိုက်ပွဲသည် အကယ်စင်စစ်အားဖြင့် လူသား၏ကယ်တင်ခြင်းအတွက်ဖြစ်ကာ၊ လူသား၏ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာပြီးဆုံးနိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲကိုလည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထား၍၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖျက်ဆီးမှု အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲ၏။… လူသား၏ကယ်တင်ခြင်းအမှုတွင်၊ အဆင့်သုံးဆင့်ကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်၏။ ဆိုလိုသည်မှာ စာတန်လုံးဝရှုံးနိမ့်ခြင်း မဖြစ်မီ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲခြားထား၏။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ရပ်လုံး၏ အတွင်းကျသည့်အမှန်တရားမှာ လူသားအပေါ် ကျေးဇူးတော်ချပေးခြင်းနှင့် လူသား၏ အပြစ်ဖြေရာယဇ်ဖြစ်ခြင်း၊ လူသား၏အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်းတို့မှတစ်ဆင့် ၎င်း၏သက်ရောက်မှုများကို ရရှိခြင်းဖြစ်၏။ အမှန်စင်စစ်ဆိုရလျှင် စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်သည်မဟုတ်ဘဲ လူသားသည် ဘုရားသခင်အတွက် သက်သေခံနိုင်ရန် လူသားကို ကယ်တင်ခြင်း၊ လူသား၏ဘဝအပေါ် အမှုဆောင်ခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းဖြစ်၏။ ဤနည်းဖြင့်စာတန်ကို ရှုံးနိမ့်စေ၏။ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းဖြင့် စာတန်ကို ရှုံးနိမ့်စေ၏။ စာတန်ကိုရှုံးနိမ့်စေပြီးသည့်အခါ၊ ဆိုလိုသည်မှာ လူသားသည် ကယ်တင်ခြင်းလုံးဝရရှိပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလျက်၊ ဤနည်းအားဖြင့် လူသားသည် လုံးဝကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်တိုက်ပွဲဖြစ်၍၊ စာတန်နှင့်စစ်ပွဲသည် လူသား၏ကယ်တင်ခြင်းတွင် အဓိကအားဖြင့် ထင်ဟပ်နေ၏။ လူသားကိုသိမ်းပိုက်ရမည့် နောက်ဆုံးသောကာလအဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့်ဖြစ်၏။ ထို့အပြင် စာတန်၏ပိုင်နက်မှ လူသား၏လုံးဝကယ်တင်ခြင်းအမှုလည်းဖြစ်၏။ လူသား၏သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်သည် စာတန်၏ရုပ်လုံးဖော်မှုဖြစ်သည့် စာတန်၏ ဖျက်ဆီးခြင်းခံရသူ လူသားကို ၎င်း၏ သိမ်းပိုက်မှုနောက်ပိုင်း ဖန်ဆင်းရှင်ထံပြန်ပို့ခြင်းဖြစ်၏။ ဤနည်းဖြင့် သူသည် စာတန်ကိုစွန့်လွှတ်၍ ဘုရားသခင်ထံ လုံးဝပြန်သွားမည်ဖြစ်၏။ ဤနည်းဖြင့် လူသားသည် လုံးဝကယ်တင်ခြင်းခံရခဲ့ပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် စာတန်ကိုဆန့်ကျင်သည့်တိုက်ပွဲတွင် သိမ်းပိုက်ခြင်းအမှုသည် နောက်ဆုံးအမှုဖြစ်၍၊ စာတန်ရှုံးနိမ့်ရေးအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှုတွင် နောက်ဆုံးအဆင့်လည်းဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏ အပြည့်အဝ ကယ်တင်ခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။ စာတန်ကို လုံးဝရှုံးနိမ့်စေရန်မှာလည်း မဖြစ်နိုင်ပေ။ ထို့အပြင် လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ သို့မဟုတ် စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးသက်ရောက်မှုအနေဖြင့်၊ စာတန်နှင့် တိုက်ပွဲမပြီးဆုံးမီ လူသားအားကယ်တင်သည့်အမှုကို ပြီးဆုံးစေနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်၍ ဖြစ်သည်။ အစောဆုံးလူသားမျိုးနွယ်မှာ ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖျက်ဆီးခြင်းကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်းခံရကာ စာတန်၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမှုတွင် စာတန်သည် ရှုံးနိမ့်စေရမည့်အရာဖြစ်သွားခဲ့၏။ စာတန်က လူသားကို သိမ်းယူလိုက်သည့်အတွက်နှင့် လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း၏ အဓိကအရာဖြစ်သည့်အတွက် အကယ်၍ လူသားသည် ကယ်တင်ခြင်းခံရမည်ဆိုပါက သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ လူသား၏ နဂိုမူလစိတ်ကို ပြန်လည်ရရှိစေရန် သူ၏စိတ်သဘောထားအဟောင်းကို ပြောင်းလဲခြင်းများအားဖြင့် စာတန်ကို ရှုံးနိမ့်စေ၍၊ ဤနည်းအားဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသောလူသားကို စာတန်၏လက်ထဲမှ ပြန်လည်လုယူနိုင်လိမ့်မည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် အချုပ်အနှောင်တို့မှ ကင်းလွတ်ပါက စာတန်သည် အရှက်ရမည်ဖြစ်၍ လူသားကို အဆုံးတွင် ပြန်လည်ရယူမည်ဖြစ်ကာ စာတန်ရှုံးနိမ့်လိမ့်မည်ဖြစ်သည်။ ထို့အပြင် လူသားသည် စာတန်၏ မှောင်မိုက်သောလွှမ်းမိုးမှုမှ လွတ်မြောက်ခဲ့ပြီဖြစ်၍ လူသားသည် ဤတိုက်ပွဲတစ်ရပ်လုံးမှ သိမ်းပိုက်ရရှိထားသည့်အရာ ဖြစ်သွားကာ၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့် အပြစ်ပေးခံရမည့်အရာ ဖြစ်သွားလိမ့်မည်။ ၎င်းနောက်တွင် လူသား၏ကယ်တင်ခြင်းအမှုတစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။

"လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း" မှ

နှစ်ပေါင်း ခြောက် ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အလုပ်အဆင့် သုံးဆင့် ခွဲခြားထားသည်။ မည်သည့် တစ်ခုတည်းသော အဆင့်သည် ခေတ်သုံးခေတ်၏ အလုပ်ကို ကိုယ်စားမပြုနိုင်ဘဲ တစ်စုံလုံး၏ အစိတ်အပိုင်း တစ်ခုကိုသာ ကိုယ်စား ပြုနိုင်သည်။ ယေဟောဝါ ဟူသော အမည်သည် ဘုရားသခင်၏ စိတ်သဘောထား အားလုံးကို ကိုယ်စားမပြုနိုင်။ ပညတ်တော်ခေတ်တွင် သူသည် အလုပ်ကို ဆောင်ရွက်ခဲ့သည်ဟူသည့် အချက်မှာ ဘုရားသခင်သည် ပညတ် တော် အောက်၌သာ ဘုရားသခင်ဖြစ်နိုင်သည် ဟူ၍ သက်သေမပြပါ။ ယေဟောဝါသည် လူသားတို့အတွက် ပညတ်တော်များကို ပြဌာန်းပြီး ပညတ်တော်များကို ပေးအပ်ကာ လူသားကို ဗိမာန်တော်နှင့် ယဇ်ပလ္လင်များကို ဆောက်လုပ်စေခဲ့သည်။ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုသည်။ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ဘုရားသခင်မှာ လူသားကို ပညတ်တော်အား စောင့်ရှောက်ရန်သာ တောင်း ဆိုသော ဘုရားသခင်၊ ဗိမ္မာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ သို့မဟုတ် ယဇ်ပလ္လင်ရှေ့၌ ရှိသော ဘုရားသခင် ဖြစ်သည်ဟု သက်သေပြမနေပါ။ ယင်းသို့ ပြော၍ မရပါ။ ပညတ်တော်အောက်မှ အလုပ်သည် ခေတ်တစ်ခေတ် ကိုသာ ကိုယ်စားပြုနိုင်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင်သာ အလုပ်လုပ်လျှင် လူသည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ပြီး ယခုလို ပြောလိမ့်မည်၊ "ဘုရားသခင်သည် ဗိမာန်တော်ထဲမှ ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်ကို အစေခံရန် ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ်ကဲ့သို့ ဝတ်ရုံဝတ်ပြီး ဗိမာန်တော်အတွင်းသို့ ဝင်ကြရမည်။" ကျေးဇူးတော်ခေတ်ရှိ အလုပ်ကို မည်သည့်အခါကမျှ မလုပ်ခဲ့ပါက ပညတ်တော်ခေတ်သည် ယခုတိုင်အောင် ဆက်လက် ရှိနေခဲ့မည်ဖြစ်ပြီး ဘုရားသခင်သည် သနားတတ်ပြီး ချစ်ခင်တတ်သည်ကို လူသည် သိလိမ့်မည် မဟုတ်ပေ။ ပညတ်တော်ခေတ်တွင်ရှိ အလုပ်သည် မပြီးမြောက်ခဲ့ဘဲ ကျေးဇူးတော်ခေတ်၏ အလုပ်ကိုသာ ပြီးမြောက်ခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် လူသားကိုသာ ရွေးနှုတ်ကာ လူသား၏ အပြစ်များကို ခွင့်လွှတ် ပေးနိုင်သော ဘုရားသခင်အဖြစ် လူအားလုံးက သိလိမ့်မည်။ သူသည် သန့်ရှင်းပြီး အပြစ်ကင်းသည်၊ သူသည် မိမိကိုယ်ကို စွန့်လွှတ်ပြီး လူသားအတွက် လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်း ခံနိုင်သည်ဟုသာ သူတို့ သိကြလိမ့်မည်။ လူသည် ယင်းကိုသာသိပြီး အခြား မည်သည့်အရာကိုမျှ နားလည်ခြင်း ရှိမည် မဟုတ်ပေ။ သို့ဖြစ်ရာ ခေတ်တစ်ခေတ်ချင်းစီသည် ဘုရားသခင် စိတ်သဘောထား၏ အစိတ်အပိုင်း တစ်ခုကို ကိုယ်စား ပြုသည်။ ပညတ်တော် ခေတ်သည် အချိုု့သော ရှုထောင့်များ၊ ကျေးဇူးတော်ခေတ်သည် အချိုု့သော ရှုထောင့်များ နှင့် ထို့နောက် ယခုခေတ်တွင် အချိုု့သော ရှုထောင့်များကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ စိတ်သဘောထားကို အဆင့်သုံးဆင့်စလုံး စုပေါင်းခြင်းအားဖြင့် သာလျှင် အပြည့်အဝ ဖော်ထုတ်နိုင်မည်။ လူသည် ခေတ်သုံးခေတ် စလုံးကို သိရှိသည့်အခါ မှသာ လူသည် ယင်းကို အပြည့်အဝ ရရှိနိုင်သည်။ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကို ချန်လှပ်ထား၍ မဖြစ်နိုင်ပေ။ သင်သည် ဤအလုပ်အဆင့် သုံးဆင့်ကို သိရှိသည့် အခါတွင်မှသာ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို တစ်လုံးတစ်ဝတည်းအဖြစ် မြင်ရလိမ့်မည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် သူ၏ အလုပ်ကို ပြီးဆုံးအောင် လုပ်ခြင်းသည် သူသည် ပညတ်တော်အောက်ရှိ ဘုရားသခင်သာလျှင် ဖြစ်သည်ကို သက်သေမပြ၊ ရွေးနှုတ်ခြင်းအမှုကို ပြီးဆုံးခြင်းသည် ဘုရားသခင်က လူသားကို အစဉ်ထာဝရ ရွေးနှုတ်မည်ဟု ပြသခြင်း မဟုတ်ပေ။ ယင်းတို့အားလုံးမှာ လူ၏ရေးဆွဲထားသော သုံးသပ်ချက်များသာ ဖြစ်ပေသည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသို့ ရောက်ခဲ့သော်လည်း ဘုရားသခင်သည် လက်ဝါးကပ်တိုင် နှင့်သာ သက်ဆိုင်သည်ဟု သင်မပြောနိုင်ဘဲ လက်ဝါးကပ်တိုင်တစ်ခုတည်းသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကိုယ်စား ပြုသည်ဟု မဆိုနိုင်ပါ။ သင်ထိုသို့ ပြုခဲ့ပါက သင်သည် ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုနေခြင်း ဖြစ်သည်။ ဤအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အလုပ်ကိုသာ အဓိက လုပ်ဆောင်သော်လည်း ဘုရားသခင်သည် လူသားအပေါ် သနားခြင်း မည်သည့်အခါကမျှ မရှိခဲ့ဟု သင်မပြောနိုင်ဘဲ သူယူဆောင်လာ သမျှသည် ပြစ်တင်ဆုံမခြင်းနှင့် တရားစီရင်ခြင်းတို့သာ ဖြစ်သည်ဟုလည်း မပြောနိုင်ပါ။ နောက်ဆုံးကာလရှိ အလုပ်သည် ယေဟောဝါနှင့် ယေရှုတို့၏ အလုပ်နှင့် လူတို့ နားမလည်သော နက်နဲခြင်းအားလုံးကို ထုတ်ဖော် ပြသမည်ဖြစ်သည်။ ယင်းသည် ခရီးဆုံး ပန်းတိုင်နှင့် လူသားမျိုးနွယ်၏ အဆုံးသတ်ကို ဖော်ထုတ်ရန်နှင့် လူသားမျိုးနွယ်အကြား ကယ်တင်ခြင်း အလုပ်အားလုံးကို အဆုံးသတ်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ နောက်ဆုံး သောကာလ၏ ဤအလုပ်အဆင့်သည် အရာအားလုံးကို အပြီးသတ်သို့ ယူဆောင်လာခြင်း ဖြစ်သည်။ လူတို့ နားမလည်သော နက်နဲသော အရာအားလုံးကို ဖွင့်ဟပြီး လူကို ယင်းအတွင်းသို့ ထိုးထွင်းသိမြင်မှုကို ရစေပြီး သူတို့၏ စိတ်နှလုံးများတွင် ရှင်းလင်းသော နားလည်ခြင်းကို ရှိစေသည်။ ထိုနောက်တွင်မှသာ လူသည် သူတို့၏ အမျိုးအစားများ အလိုက် ခွဲခြားခံရနိုင်မည်။ နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးသည့် အခါမှသာလျှင် သူ၏ စီမံခန့်ခွဲမှုသည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ရာ ဘုရားသခင်၏ စိတ်သဘောထားနှင့် ယင်း တစ်ခုလုံးကို လူသည် နားလည်လာ နိုင်လိမ့်မည်။

"လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

အမှာစကား ချန်ခဲ့မည်