စာရင်း

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည်၊ ဗျာဒိတ်ကျမ်းထဲမှ ပရောဖက်ပြုခဲ့သည့်အတိုင်း ဖြူသောပလ္လင်ကြီး၏ တရားစီရင်မှုဖြစ်သည်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောအချိန်ရှိပြီ။" (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄: ၁၇)

"တဖန်တုံ၊ ဖြူသောပလ္လင်ကြီကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရ ကြ၏။ ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။" (ဗျာဒိတ်ကျမ်း ၂၀: ၁၁-၁၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

ယခင်တွင် ပြောခဲ့သော စကားလုံးများထဲမှ "တရားစီရင်ခြင်း" ဟူသည့်စကားလုံးသည် "တရား စီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်ပေလိမ့်မည်" နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများထံ ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ချက်ကို ရည်ညွှန်းသည်။ နောက်ဆုံးသောကာလ ရောက်လာခဲ့ပြီးချိန်တွင် ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ကြီးမားသော စားပွဲတစ်လုံးကို တည်စေလိမ့်မည်၊ ယင်းအပေါ်တွင် အဖြူရောင် စားပွဲခင်းကြီးကို ဖြန့်ခင်းထားလိမ့်မည်၊ ထို့နောက် မဟာပလ္လင်ပေါ်တွင် ထိုင်သောအခါ လူတို့သည် မြေပေါ်တွင် ဒူးထောက်နေကြမည်၊ သူသည် လူအသီးသီး၏ အပြစ်များကို ဖော်ပြ၍ ထိုမှမည်သူသည် ကောင်းကင်ဘုံသို့ တက်ရမည် သို့မဟုတ် ကန့်မီးအိုင်ထဲသို့ အပို့ခံရမည်ကို ဆုံးဖြတ်မည် စသည့် ဤကဲ့သို့သော သဘာဝလွန် စိတ်ကူးမှုများကို ယုံကြည်သောသူများ ရှိကောင်းရှိနေနိုင်သည်။ လူတို့၏ စိတ်ကူးမှုများက မည်သို့ရှိစေကာမူ၊ ဘုရားသခင် အမှု၏ အခြင်းအရာသည် ပြောင်းလဲ၍ မရပေ။ လူ၏ စိတ်ကူးမှုများသည် လူ၏အတွေးအိမ်မှ တည်ဆောက်မှုများနှင့် လူ၏ဦးနှောက်မှ ထွက်ပေါ်လာသော အရာတို့ပင်ဖြစ်ပြီး အခြားဘာမျှမဟုတ်၊ လူတွေကြားခဲ့၊ မြင်ခဲ့ရသော အရာများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်းဖြစ်၏။ ထို့ကြောင့် ငါပြောမည်၊ ပုံစံတောက်ပသော ပုံရိပ်တို့အား မည်ကဲ့သို့ပင် တွေးထင်စေကာမူ ယင်းတို့သည် ယခုတိုင် ပုံကြမ်းတစ်ခုထက်မပိုပဲ ဘုရားသခင်အမှု၏ အစီအစဉ်ကို အစားထိုးနိုင်ခြင်း မရှိချေ။ ခြုံငုံပြောရလျှင် လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရသူဖြစ်၏။ ထို့ကြောင့် သူသည် အဘယ်သို့လျှင် ဘုရားသခင်၏ အတွေးများကို နားလည် သဘောပေါက်နိုင်မည်နည်း။ လူသည် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုကို အထူးပင် ထူးဆန်းလှသည်ဟု တွေးထင်လေ၏။ သူသည် ဘုရားသခင်ကိုယ်တိုင် တရားစီရင်ခြင်းအမှုကို ပြုနေကတည်းက အလွန်မှ အံ့မခန်းသော အတိုင်းအတာ ဖြစ်ရမည်၊ သေမျိုးများအတွက် နားမလည်နိုင်သောအရာ ဖြစ်ရမည်၊ ယင်းကိစ္စသည် ကောင်းကင်ဘုံကို ပဲ့တင်ရိုက်လျက် မြေကြီးကိုလည်း တုန်လှုပ်စေရမည်ဟု ယုံကြည်ကာ၊ သို့မဟုတ်လျှင် ၎င်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှု မည်ကဲ့သို့ ဖြစ်နိုင်မည်နည်းဟု တွေးထင်သည်။ သူသည် ယင်းမှာ တရားစီရင်ခြင်းအမှု ဖြစ်သည့်အတိုင်း ဘုရားသခင်သည် သူအမှုပြုသည့် အချိန်တွင် အထူးသဖြင့် ပြစ်ဒဏ်စီရင်လျက် သူသည် ဘုန်းတန်ခိုး အာနုဘော် ပြည့်ဝလိမ့်မည်ဖြစ်ပြီး၊ တရားစီရင်ခြင်း ခံရလျက်ရှိသော ထိုသူတို့သည် သည်းထန်စွာ မျက်ရည်များနှင့် ငိုကြွေးလျက်ရှိကာ ဂရုဏာတရားကို ဒူးထောက်၍ တောင်းခံနေကြရမည်ဟု ယုံကြည်သည်။ ထိုမြင်ကွင်းမျိုးသည် ကြီးကျယ်ခမ်းနားမှုမှုရှိပြီး နက်နက်ရှိုင်းရှိုင်း နိုးကြားစေရပေမည် … လူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို အံ့သြဖွယ် သဘာဝလွန်ဖြစ်ရန် စိတ်ကူးကြလေ့ရှိ၏။ သို့သော်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လူသားတို့၏အကြား စတင်ခဲ့သည်မှာ ကြာလှချေပြီဖြစ်ပြီး၊ ဤအတောအတွင်း သင်သည် ငြိမ်းချမ်းသော မေ့လျော့ခြင်းထဲတွင် နှပ်နေခဲ့သည်ဆိုခြင်းကို သင်သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် တရားဝင် စတင်နေပြီဟု သင်ထင်သည့် အချိန်တွင်၊ ဘုရားသခင်အတွက်မူ ကောင်းကင်နှင့် မြေကြီးကို တဖန်ထပ်မံ၍ အသစ်ပြုလုပ်ရန် အချိန်ရောက်ခဲ့ပြီး ဖြစ်နေပြီကို သင်သိသလော။ ထိုအချိန်တွင် သင်သည် ဘဝအဓိပ္ပာယ်ကို နားလည်ခဲ့ရုံမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ သို့သော် ဘုရားသခင်၏ ဂရုဏာမဲ့သော ပြစ်ဒဏ်ပေးခြင်းအမှုသည် သင့်အား အိပ်မောကြီး ကျနေစဉ်တွင်ပင်၊ ငရဲသို့ ခေါ်ဆောင်သွားလိမ့်မည်။ ထို့နောက်မှသာလျှင် ဘုရားသခင်၏ စီရင်ခြင်းအမှုသည် အဆုံးသတ်ခဲ့ပြီးသည့် အကြောင်းကို သင်သည် ရုတ်တရက် နားလည်လာလိမ့်မည်။

… နောက်ဆုံးသော ကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် အမျိုးမျိုးသော သမ္မာတရားများ ပါရှိသည်။ လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ နာခံသင့်သည့် အကြောင်း၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ကြောင်း၊ လူသားသည် ပုံမှန်လူ့သဘောသဘာဝဖြင့် မည်သို့နေထိုင်ရမည့်အကြောင်း၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်နေသဘာထားကဲ့သို့သော အရာများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားတို့ကို ညွှန်ပြသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်ကဲ့သို့ ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသည် စာတန်၏ပုံဆောင်မှု မည်ကဲ့သို့ ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ ပြောထားခြင်းဖြစ်သည်။ သူ၏ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏ သဘာဝကို စကားလုံး အနည်းငယ်မျှသာဖြင့် ရှင်းလင်းရန် ရိုးရှင်းစွာ မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေး၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးဖြင့် အစားမထိုးနိုင်ပဲ၊ လူသားများ လုံးဝ မပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤအမျိုးအစားပါ နည်းလမ်းများကသာ၊ တရားစီရင်မှုဟု စဉ်းစားယူဆရသည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို သိမ်းပိုက်ရရှိနိုင်ပြီး ဘုရားသခင်ထံသို့ လုံးဝပါဝင်ဆက်ကပ်လာနိုင်ကာ ဆက်၍ ဘုရားသခင်နှင့် ပတ်သက်သည့် မှန်သော အသိတရားကို ရရှိလာပေမည်။ ဘုရားသခင်၏ မှန်သောမျက်နှာကို လူက သိနားလည်ခြင်း အကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုအကြောင်း သမ္မာတရားတို့ကို တရားစီရင်ခြင်း အမှုက ယူဆောင်လာပါသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် သူ့အတွက် နားမလည်နိုင်သော နက်နဲရာများတို့ကို အလွန်များပြားလှစွာဖြင့် သဘောပေါက် နားလည်မှု ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ယိုယွင်းပျက်စီးသော အနှစ်သာရနှင့် ယိုယွင်းပျက်စီးမှု၏ ဇစ်မြစ်ကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့ပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိ စေလေသည်။ ဤအကျိုးသက်ရောက်မှု အားလုံးတို့မှာ တရားစီရင်ခြင်း အမှုနှင့် ပတ်သက်၍ ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏ အခြင်းအရာသည် အမှန်တွင်တော့ ဘုရားသခင်အား ယုံကြည်သူများ အားလုံးထံသို့ ဘုရားသခင်၏ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးရန်ပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။

"ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏" မှ

ဘုရားသခင်သည် တိတ်ဆိတ်စွာနေ လျက်ရှိပြီး ကျွန်ုပ်တို့ကို တစ်ကြိမ်တစ်ခါမျှ ကိုယ်ထင် မပြဖူးပေ၊ သို့သော် သူ့အလုပ်သည် တစ်ကြိမ်တစ်ခါမျှ မရပ်တန့်သေးပေ။ ဘုရားသခင်သည် မြေကြီး ရှိသမျှကို ကြည့်ရှုနေသည်၊ အရာအားလုံးကိုလည်း အမိန့်ပေးသည်၊ လူပြောသမျှ စကားအားလုံးနှင့် လုပ်သမျှအရာအားလုံးကိုလည်း မြင်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် သူ၏ အစီအစဉ်အတိုင်း ဖြစ်ပြီး အဆင့်များဖြင့် လုပ်ဆောင်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ရင်ဖိုစရာကောင်းသည့် အကျိုးဆက်များ မရှိဘဲ တိတ်တဆိတ် ရှေ့ဆက်လျက်ရှိသည်။ သို့သော် ဘုရားသခင်၏ ခြေလှမ်းများသည် လူသားတို့နှင့် ပို၍ နီးကပ်လာလျက်ရှိသည်။ သူ၏ တရားစီရင်သည့်ပလ္လင်ကိုလည်း အလင်း၏ မြန်နှုန်းဖြင့် စကြဝဠာ၌ တည်မည်ဖြစ်သည်။ ထို့နောက် သူ၏ ပလ္လင်သည်လည်း ကျွန်ုပ်တို့ အကြားတွင် ချက်ချင်း ဆင်းသက်လာမည် ဖြစ်သည်။ ထိုမြင်ကွင်းသည် ဘုန်းတန်ခိုးကြီးသော မြင်ကွင်းပါတကား၊ ခန့်ညားသော၊ လေးနက်သော ရင်ဖိုဖွယ် မြင်ကွင်းပါတား။ ချိုးငှက်ကဲ့သို့သာမက ဟိန်းနေသော ခြင်္သေ့ကဲ့သို့ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အားလုံး အကြားသို့ ရောက်လာသည်။ ဝိညာဉ်တော်သည် ပညာရှိပြီး၊ ဖြောင့်မတ်သည်၊ ဘုန်းတန်ခိုးရှိသည်။ သြဇာအာဏာရှိပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတို့နှင့် ပြည့်လျက်ရှိသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ အကြားသို့ တိတ်ဆိတ်စွာ ရောက်လာသည်။ ဝိညာဉ်တော် ရောက်လာသည်ကို မည်သူမျှ သတိမထားမိကြ၊ မည်သူကမျှလည်း ဝိညာဉ်တော်ကို မကြိုဆိုကြ၊ ထို့အပြင် ဝိညာဉ်တော် လုပ်ဆောင်မည့် အရာအားလုံးကို မည်သူမျှ မသိကြပေ။ လူ၏ အသက်တာသည် ပြောင်းလဲခြင်း မရှိပေ။ သူ့နှလုံးသားသည်လည်း မပြောင်းလဲဘဲ ခါတိုင်းလိုပင် ဖြစ်နေပြီး နေ့ရက်များသာ ကုန်ဆုံးသွားသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အကြား၌ သာမန်လူတစ်ယောက်အနေနှင့်၊ ထင်ရှားမှု မရှိဆုံး နောက်လိုက်တစ်ဦး အနေနှင့် သာမက သာမန်ယုံကြည်သူတစ်ဦး အနေနှင့် နေထိုင်လျက် ရှိသည်။ သူ့မှာ ကိုယ်ပိုင် ရှာဖွေနေသည့်အရာများ၊ ကိုယ်ပိုင် ပန်းတိုင်များရှိသည့်အပြင် သာမန်လူများ၌ မရှိသည့် ဘုရား၏ အရည်အသွေးများ ရှိသည်။ သူ့မှာ ဘုရား၏ အရည်အသွေးများ ရှိကြောင်းကို မည်သူမျှ သတိမပြုမိသေးပေ၊ သူ၏ သဘာဝဗီဇနှင့် လူ၏ သဘာဝဗီဇတို့ အကြားရှိ ခြားနားမှုကိုလည်း မည်သူကမျှ မသိမြင်သေးပေ။

"ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုအကြား၌ ဘုရားသခင်ကို မြင်ခြင်း" မှ

အချို့တို့က ဘုရားသခင်သည် တစ်ခါတစ်ရံတွင် ကမ္ဘာကြီးပေါ်သို့ကြွရောက်လာကာ လူတို့ရှေ့တွင်ပေါ်ထွန်းပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်တရားစီရင်ကာ မည်သူ့ကိုမျှ အလွှတ်မပေးဘဲ တစ်ဦးစီ တစ်ယောက်စီကို စစ်ဆေးမည်ဟု ယုံကြည်ကြသည်။ ဤသို့ထင်မြင်ကြသူတို့သည် လူ့ဇာတိခံယူသည့် အမှု၏ ဤအဆင့်ကို မသိကြ။ ဘုရားသခင်သည် တစ်ဦးစီတစ်ယောက်စီကို တရားတရားစီရင်ခြင်းမပြု၊ တစ်ဦးစီတစ်ယောက်စီကို စစ်ဆေးခြင်းမပြု။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်လိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူပင်မဟုတ်လော။ လူသား၏ အနှစ်သာရသည် အားလုံးအတူတူပင် မဟုတ်လော။ တရားစီရင်ခြင်းကို ခံရမည့်အရာမှာ လူသား၏ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်မှ ဖျက်ဆီးခဲ့သော လူသား၏အနှစ်သာနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ သေးငယ်၍ မထင်ရှားသောအမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုခြင်းသာဖြစ်ပြီး၊ လူတစ်ဦး တစ်ယောက်အတွက် အထူး လုပ်ဆောင်သည်မဟုတ်ပေ။ ထိုသို့ပြုမည့်အစား လူသားမျိုးနွယ်အားလုံးကို တရားစီရင်ခြင်းကို ကိုယ်စားပြုရန် လူအုပ်စုတစ်စုမှ တရားစီရင်ခြင်းခံရမည့် အမှုဖြစ်သည်။ လူတစ်အုပ်စုအတွက် မိမိ၏အမှုကို ကိုယ်တိုင်ဆောင်ရွက်ခြင်းအားဖြင့် ဇာတိခန္ဓာနှင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏ အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ နောက်တွင် ယင်းသည် တဖြည်းဖြည်းပျံ့နှံ့သွားလိမ့်မည်။ တရားစီရင်ခြင်းအမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဘုရားသခင်သည် လူသားတစ်မျိုး သို့မဟုတ် လူတစ်အုပ်စုကို တရားစီရင်မည်မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ခုလုံး၏ ဖြောင့်မတ်မှုမရှိခြင်း၊ ဘုရားသခင်အပေါ် လူသား၏ဆန့်ကျင်မှု၊ ဥပမာ သို့တည်းမဟုတ် လူသားမှ ဘုရားသခင်ကိုမရိုသေမှု သို့မဟုတ် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်မည်ဖြစ်သည်။ တရားစီရင်ခံရမည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားတို့ မျက်မြင်တွေ့မြင်ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များသည် လူသားတို့ ယခင်အတိတ်ကာလများက တွေးထင်ခဲ့သော နောက်ဆုံးသော ကာလအတွင်းမှ ဖြူသော ပလ္လင်ကြီးရှေ့တွင် တရားစီရင်ဆုံးဖြတ်မည့် အမှုဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ လက်ရှိလုပ်ဆောင်လျက်ရှိသော အမှုသည် ဖြူသော ပလ္လင်ကြီးရှေ့တွင် တရားဆုံးဖြတ်နေခြင်း အစစ်အမှန်ပင်ဖြစ်သည်။ ယနေ့ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင်ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ နှုတ်ကပတ်တော်နှင့် စိတ်သဘောထားအလုံးစုံတို့သည် ဘုရားသခင်၏ အလုံးစုံဖြစ်မှုဖြစ်သည်။ သူ့အမှု၏ အတိုင်းအတာသည် ကန့်သတ်ချက်ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသားတစ်မျိုးနွယ်လုံးကို တိုက်ရိုက် တရားစီရင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအတွက်သာ လုပ်ဆောင်သောအမှု မဟုတ်သကဲ့သို့ လူအနည်းစုအတွက်သာ လုပ်ဆောင်သောအမှုလည်း မဟုတ်ပေ။ ဇာတိခန္ဓာနှင့် ဘုရားသခင်၏ အမှုတွင်းတွင် ဤအမှု၏ နယ်ပယ်သည် စကြဝဠာ တစ်ခုလုံးမပါဝင်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်၊ သူ့ဇာတိခန္ဓာဖြင့် အမှုလုပ်ဆောင်သည့် နယ်ပယ်အတွင်းမှ အမှုကို အဆုံးသတ်ပြီးသည့်နောက်တွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ကြွမြန်းခြင်းပြီးသည့်နောက် စကြဝဠာအနှံ့အပြားသို့ သူ၏ဧဝံဂေလိ ပျံ့နှံ့သွားသည့်နည်းတူ သူသည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးသို့ ချက်ချင်းချဲ့ထွင်လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ ဇာတိခန္ဓာ၏အမှုဖြစ်စေ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်အတွင်း လုပ်ဆောင်သော အမှုဖြစ်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူသည့် သွင်ပြင်လက္ခဏာကို အသုံးပြု၍ သူ၏အမှုကိုလုပ်ဆောင်ရန် ပေါ်ထွန်းလာကာ ဇာတိခန္ဓာနှင့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားတို့ကို တရားဆုံးဖြတ်မည့် ဘုရားဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ ဇာတိခန္ဓာနှင့်ဖြစ်စေ တရားဆုံးဖြတ်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို တရားစီရင်သည့်သူဖြစ်သည်။ ယင်းကို ဘုရားသခင့်အမှုအပေါ် အခြေခံ၍သတ်မှတ်ပြီး ဘုရားသခင်၏ ပြင်ပသဏ္ဌာန် သို့မဟုတ် အခြားသော အချက်အလက်အချို့တို့ဖြင့် သတ်မှတ်ခြင်းမဟုတ်ပေ။ လူသားသည် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများရှိသော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်၏လူသားမျိုးနွယ် အားလုံးကို တရားစီရင်မှုနှင့် သိမ်းပိုက်မှု အစရှိသည့် အချက်တို့ကို မည်သူမျှ မငြင်းနိုင်ပေ။ ယင်းကို မည်သို့ပင် သုံးသပ်စေကာမူ အချက်အလက်များသည် နောက်ဆုံး၌ အမှန်တရားများသာ ဖြစ်သည်။ "အမှုကို ဘုရားသခင်မှ လုပ်ဆောင်သော်လည်း ဇာတိခန္ဓာသည် ဘုရားသခင်မဟုတ်"ဟု မည်သူမျှ မပြောနိုင်ပေ။ ယင်းမှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်။ အကြောင်းမှာ ဤအမှုကို ဇာတိခန္ဓာရှိသော ဘုရားသခင်မှလွဲ၍ မည်သူမျှဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့်တည်း။ ဤအမှုကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဤအမှုနောက်တွင် ဘုရားသခင်၏လူသားကို တရားစီရင်သည့် အမှုသည် ဒုတိယအကြိမ်ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။ ဒုတိယလူ့ဇာတိခံယူသော ဘုရားသခင်သည် အလုံးစုံသော စီမံခန့်ခွဲမှုအမှုအားလုံးကို အဆုံးသတ်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်၏ အမှုတွင် စတုတ္ထအဆင့် ရှိလာမည်မဟုတ်တော့ပေ။

"ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်" မှ

လက်ရှိသိမ်းပိုက်ခြင်းအလုပ်က လူသား၏အဆုံးသတ် အဘယ်အရာဖြစ်လိမ့်မည်ကို ထင်ရှားစေရန် ရည်ရွယ်သည့်အလုပ်ဖြစ်သည်။ ယနေ့ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းတို့သည် နောက်ဆုံးသောကာလ၏ ကြီးမြတ်သော ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်းဖြစ်သည်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ သင် ဤအရာကို မမြင်သလော။ သိမ်းပိုက်ခြင်းအလုပ်က အဘယ်ကြောင့် နောက်ဆုံးအဆင့် ဖြစ်သနည်း။ ထိုအရာမှာ လူတန်းစားအသီးသီး မည်သို့အဆုံးသတ်မည်ကို အတိအကျ ထင်ရှားစေဖို့ မဟုတ်လော။ ထိုအရာမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သော သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အတွင်း၊ လူတိုင်းကို မိမိအဆင်းအရောင်အား ပြသခွင့်မပြုပဲ၊ နောက်ပိုင်းတွင် အမျိုးအစားအတိုင်း ခွဲခြားခြင်း မခံရစေဖို့ မဟုတ်လော။ ဤအရာက လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းဖြစ်သည်ဟု ဆိုသည်ထက် လူအဆင့်အတန်းအသီးသီး အဘယ်သို့အဆုံးသတ်မည်ကို ပြသည်ဟု ဆိုလျှင် ပိုကောင်းလိမ့်မည်။ မှန်သည်၊ ဤအရာမှာ သူတို့၏အပြစ်များကို တရား စီရင်ခြင်းဖြစ်သည်၊ ထို့နောက် လူ့အဆင့်အတန်းအမျိုးမျိုးကို ဖော်ပြရင်းဖြင့် ၎င်းတို့ ဆိုးယုတ်သည် သို့မဟုတ် ဖြောင့်မတ်သည်ကို ဆုံးဖြတ်ပေးသည်။ သိမ်းပိုက်ခြင်းအလုပ်ပြီးနောက်တွင် ကောင်းမြတ်သောသူတို့ကို ဆုလဘ်ပေးခြင်း နှင့် ဆိုးညစ်သောသူတို့ကို ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ လုံး၀နာခံသောသူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စင်္ကြဝဠာတစ်ခုလုံးသို့ ဖြန့်ဝေခြင်းနှင့်ဆိုင်သော အလုပ်၏ နောက်တစ်ဆင့်၌ နေရာချခြင်း ခံရကြမည်၊ သိမ်းပိုက်ခြင်း မခံရသောသူတို့သည် မှောင်မိုက်၌ နေရာကျကြမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ ထို့ကြောင့် လူသည် အမျိုးအစားအလိုက် ခွဲခြားခံရမည်၊ ဆိုးညစ်သောအလုပ်လုပ်သူတို့သည် နေရောင်ကို နောက်တစ်ဖန် လုံးဝ မမြင်ရဖို့ ဆိုးညစ်သောသူတို့နှင့် စုဖွဲ့ရကြမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကို လက်ခံရရှိကာ အလင်း၌ ထာဝရ နေထိုင်သွားဖို့ ကောင်းမြတ်သောသူတို့နှင့် စုဖွဲ့ကြရမည်။

"သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)" မှ

သမ္မာတရားကို နာခံပြီး ဘုရားသခင်၏ အမှုကို နာခံသောသူသည် ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမအောက်တွင် အကျုံးဝင်လိမ့်မည်။ သူတို့သည် ဘုရားသခင်၏ ကိုယ်တိုင်လမ်းညွှန်မှုကို လက်ခံရလိမ့်မည်၊ ပိုသာပြီး ပိုမြင့်သော သမ္မာတရားကို ရပြီး စစ်မှန်သော လူသားဘဝကို ရလိမ့်မည်။ သူတို့သည် ယခင်ခေတ်ကလူများ မမြင်ဖူးသည့် ရူပါရုံကိုလည်း ရှုမြင်ကြရမည်၊ "ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကို မြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက် ခုနစ်လုံးကို၎င်း၊ ထိုမီးခွက် ခုနစ်လုံး အလယ်၌ လူသားတော်နှင့်တူသော သူတစ်ဦးကို၎င်း မြင်၏။ ထိုသူသည် ခြေသို့တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော် သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော် သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏" (ဗျာဒိတ်ကျမ်း ၁:၁၂-၁၆)။ ဤရူပါရုံမှာ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းသည် ယခုအချိန်တွင် လူ့ဇာတိအဖြစ်ကို သူခံယူသည့်အခါ ဘုရားသခင်၏ အမှုကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ ပြစ်ဒဏ်ပေးခြင်းနှင့် စီရင်ခြင်း လုပ်ငန်းစဉ်များတွင်၊ လူသားတော်သည် သူ၏ ပင်ကိုစိတ်သဘောထားကို မိန့်ကြားသော စကားများဖြင့် ဖော်ပြပါသည်။ ယောဟန် တွေ့မြင်ခဲ့သော လူသားတော်မျက်နှာ၏ သစ္စာရှိသော မျက်နှာပင် ဖြစ်သည့် မိမိ၏ မျက်နှာအမှန်ကို မိမိ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူအားလုံး မြင်တွေ့စေပါသည်။ (ဤအရာအားလုံးကို နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ အမှုကို လက်မခံသော သူများ မြင်လိမ့်မည်မဟုတ်သည်မှာ သေချာလှပါသည်။) ဘုရားသခင်၏ မျက်နှာအစစ်ကို လူသားတို့၏ စကားလုံးများဖြင့် အပြည့်အဝ ရှင်းလင်းပြောဆို နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ မျက်နှာအစစ်ကို လူသားတို့ကို ပြသရန်အတွက် မိမိ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသားတော်၏ ပင်ကိုစိတ်သဘောထားကို ကြုံတွေ့ခဲ့ဖူးသောသူများ အားလုံးသည် လူသားတော်၏ မျက်နှာအစစ်ကို ဖူးမြင်ခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် အလွန် ကြီးမြတ်ပြီး လူသားတို့၏ စကားလုံးများဖြင့် အပြည့်အဝ ရှင်းလင်းပြောဆိုနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ အမှုအဆင့်ဆင့်ကို တွေ့ကြုံပြီးသည်နှင့် မီးတိုင်များအကြားရှိ လူသားတော်ဟု ပြောသည့်အခါတွင် ယောဟန် စကားများ၏ ဆိုလိုရင်း အစစ်အမှန်ကို သူသိပေလိမ့်မည်၊ "ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော် သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော် ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။" ထိုအချိန်တွင် စကားများစွာ မိန့်ခဲ့သော ဤသာမန်လူသားသည် လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာသော ဘုရားသခင် အမှန်ပင် ဖြစ်ကြောင်းကို သံသယကင်းစွာ သင်သိလိမ့်မည်။ ထို့ပြင် သင်မည်မျှ ကောင်းချီးခံရကြောင်း ခံစားရလိမ့်မည်ဖြစ်ပြီး ကံအကောင်းဆုံးသော သူဖြစ်သည်ဟု သင့်ကိုယ်သင် ခံစားရလိမ့်မည်။ ဤကောင်းချီးကို သင်လက်မခံလိုဘဲ ရှိလိမ့်မည်လော။

ဥယျောဇဉ် မှ

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထိုကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသွားလိမ့်မည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံသော ပုံရိပ်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။ လူအများက ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း အကြောင်းအား ခံစားမှုမကောင်းကြရသည်မှာ တရားစီရင်ခြင်းအမှုကို ဘုရားသခင်က လူ့ဇာတိခံယူ လုပ်ဆောင်မည်ကို လူအနေနှင့် ယုံရန်ခက်သောကြောင့်ဖြစ်၏။ သို့သော်လည်း သင့်ကို ငါပြောလိုသည်မှာ ဘုရားသခင်၏ အမှုသည် လူသားတို့ မျှော်လင့်ထားသည်များထက် မကြာခဏ သာလွန်တတ်ပြီး လူသားတို့စိတ်နှင့် လက်ခံရန် ခက်ခဲသည်ဆိုခြင်းပင်။ အကြောင်းမှာ လူတို့သည် ကမ္ဘာမြေကြီးပေါ်မှ ပိုးလောက်ကောင်မျှသာဖြစ်၍ ဘုရားသခင်မှာမူ စကြဝဠာအနှံ့ ဖြည့်သည့် အာဏာအမြင့်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဖြစ်သည်၊ လူ၏စိတ်မှာမူ ပိုးလောက်များကိုသာ ထကြွစေသည့် ညစ်ညမ်းသောရေအိုင်နှင့် သဏ္ဌာန်တူသည်။ ဘုရားသခင်၏ ဉာဏ်ပညာမှ ညွှန်သော အမှုအဆင့်တိုင်းမှာမူ ဘုရားသခင် ဉာဏ်ပညာ၏ အဆီအနှစ်ပင်တည်း။ လူသားသည် တသမတ်တည်း ဘုရားသခင်ကို စောဒက တက်ရန် ဆန္ဒရှိသည်။ ထိုသို့ဖြစ်လျှင် နောက်ဆုံးတွင် ဆုံးရှုံးမှုခံရမည့် ကိုယ်ပိုင် သက်သေပင် ဖြစ်ကြောင်း ငါပြောမည်။ သင်တို့ကို ငါတိုက်တွန်းလိုသည်မှာ ကိုယ့်ကိုယ်ကို ရွှေထက် သာ၍ အရေးပါသည်ဟု မမှတ်ယူကြနှင့်။ အခြားလူများက ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံနိုင်လျှင် သင်က ဘာ့ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ ရပ်တည်မှု မြင့်သနည်း။ အခြားသူများက သမ္မာတရားကို ဦးညွှတ်နိုင်ကြသော်လည်း သင်က ဘာ့ကြောင့် သူတို့ကဲ့သို့ မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မှုကင်းသော အရှိန်အဟုန် တစ်ခုပင်ဖြစ်၏။ သင့်"ကုသိုလ်"အတွက်နှင့် သူသည် တရားစီရင်ခြင်းအမှုကို ထပ်၍ ပြန်လုပ်မည်မဟုတ်၊ သင်သည် ထိုအခွင့်ကောင်းကို လွဲချော်ခဲ့မည်ဆိုလျှင် အကန့်အသတ်မဲ့သော နောင်တစိတ် အပြည့်နှင့် နေရလိမ့်မည်။ ငါ၏စကားများကို သင်မယုံလျှင် မိုးကောင်းကင်တွင် ပေါ်လာမည့် မဟာပလ္လင်ဖြူမှ သင့်အပေါ်သို့လာမည့် တရားစီရင်ချက်ကို စောင့်ပါ။ သင်သိသင့်သည်မှာ ဣသရေလတို့သည် ယေရှုကို ပယ်ချငြင်းပယ်သော်လည်း ယေရှု၏ လူသားမျိုးနွယ်အပေါ် ရွေးနုတ်ခြင်းဟူသော အချက်သည် ယခုထိ စကြဝဠာအဆုံးတိုင် ပြန့်နှံ့လျက်ရှိလေသည်။ ယင်းသည် လွန်ခဲ့သောအချိန်က ဘုရားသခင်ပြုခဲ့သော အဖြစ်မှန် မဟုတ်လား။ အကယ်၍ သင့်ကို ယေရှုရှင်က ကောင်းကင်သို့ ချီဆောင်ပေးရန် စောင့်မျှော်ဆဲ ဆိုလျှင် သင်သည် ခေါင်းမာသော သစ်တိုင်သေ၏ အပိုင်းအစတစ်ခုကပင် ဖြစ်သည်ဟု ငါပြောမည်။ သင်ကဲ့သို့ ကောင်းချီးများကိုသာရှာပြီး၊ သမ္မာတရားအပေါ် သစ္စာမဲ့သော ယုံကြည်မှုမှားနေသူကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည်မဟုတ်။ သင်ယုံသည်နှင့် ဆန့်ကျင်ဖက် ဖြစ်သော ငရဲမီးအိုင်ထဲ နှစ်သောင်းချီ၍ သင်ကျရောက်ရန် အနှင်ခံရသည့်အခါ သူက သင့်ကို ဂရုဏာ ပြလိမ့်မည် မဟုတ်ပေ။

"ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏" မှ

အောက်ခြေမှတ်စု(များ)-
က။ သစ်တိုင်သေ၏ အပိုင်းအစတစ်ခု: တရုတ်ဓလေ့ အသုံးအနှုန်း၊ အဓိပ္ပာယ် "ကူကယ်ရာမဲ့ခြင်း"။

သင်နှစ်သက်နိုင်သည့် အရာများ-

ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း

ဖောက်ပြန်ပျက်ဆီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တယ်ခြင်းကို ပို၍လိုအပ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း

အမှာစကား ချန်ခဲ့မည်