စာရင်း

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည် လူသားမျိုးနွယ်ကို မည်ကဲ့သို့ သန့်စင်ပေးပြီး ကယ်တင်သနည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။" (ရှင်ယောဟန်ခရစ်ဝင် ၁၂: ၄၇-၄၈)

"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ရှင်ယောဟန်ခရစ်ဝင် ၁၆: ၁၂-၁၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိ ခံယူသောအခါ၊ သူ၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးပြီး လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။

ဥယျောဇဉ် မှ

နောက်ဆုံးသော ကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် အမျိုးမျိုးသော သမ္မာတရားများ ပါရှိသည်။ လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ နာခံသင့်သည့် အကြောင်း၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ကြောင်း၊ လူသားသည် ပုံမှန်လူ့သဘောသဘာဝဖြင့် မည်သို့နေထိုင်ရမည့်အကြောင်း၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်နေသဘာထားကဲ့သို့သော အရာများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားတို့ကို ညွှန်ပြသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်ကဲ့သို့ ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသည် စာတန်၏ပုံဆောင်မှု မည်ကဲ့သို့ ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ ပြောထားခြင်းဖြစ်သည်။ သူ၏ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏ သဘာဝကို စကားလုံး အနည်းငယ်မျှသာဖြင့် ရှင်းလင်းရန် ရိုးရှင်းစွာ မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေး၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးဖြင့် အစားမထိုးနိုင်ပဲ၊ လူသားများ လုံးဝ မပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤအမျိုးအစားပါ နည်းလမ်းများကသာ၊ တရားစီရင်မှုဟု စဉ်းစားယူဆရသည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို သိမ်းပိုက်ရရှိနိုင်ပြီး ဘုရားသခင်ထံသို့ လုံးဝပါဝင်ဆက်ကပ်လာနိုင်ကာ ဆက်၍ ဘုရားသခင်နှင့် ပတ်သက်သည့် မှန်သော အသိတရားကို ရရှိလာပေမည်။ ဘုရားသခင်၏ မှန်သောမျက်နှာကို လူက သိနားလည်ခြင်း အကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုအကြောင်း သမ္မာတရားတို့ကို တရားစီရင်ခြင်း အမှုက ယူဆောင်လာပါသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် သူ့အတွက် နားမလည်နိုင်သော နက်နဲရာများတို့ကို အလွန်များပြားလှစွာဖြင့် သဘောပေါက် နားလည်မှု ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ယိုယွင်းပျက်စီးသော အနှစ်သာရနှင့် ယိုယွင်းပျက်စီးမှု၏ ဇစ်မြစ်ကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့ပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိ စေလေသည်။ ဤအကျိုးသက်ရောက်မှု အားလုံးတို့မှာ တရားစီရင်ခြင်း အမှုနှင့် ပတ်သက်၍ ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏ အခြင်းအရာသည် အမှန်တွင်တော့ ဘုရားသခင်အား ယုံကြည်သူများ အားလုံးထံသို့ ဘုရားသခင်၏ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးရန်ပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။

"ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏" မှ

ယနေ့ခေတ်၌ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် အဓိကအားဖြင့် လူ့ဘဝအတွက် သူ၏ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ့သဘာဝ၏ အနှစ်သာရကို ဖော်ပြခြင်း၊ လူသား၏ ပျက်စီးယိုယွင်းသော စိတ်သဘောထားကို ဖော်ပြခြင်း၊ ဘာသာရေးဆိုင်ရာ အယူအဆများ၊ ကျေးပိုင်ကျွန်ပိုင် ခေတ်ကလို အတွေးများ၊ ခေတ်မမီတော့သော အတွေးများ၊ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ထိုအရာများကို ပေါ်ပေါ်ထင်ထင်ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် သန့်စင်ရမည်။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် လူသားကို စုံလင်စေရန် အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုပါသည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အသုံးမပြုပါ။ ဘုရားသခင်သည် လူသားကို ထုတ်ဖော်ရန်၊ လူသားကို တရားစီရင်ရန်၊ ပြင်းပြင်းထန်ထန် ဆုံးမပြစ်တင်ရန်နှင့် လူသားကို စုံလင်စေရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ဉာဏ်ပညာနှင့် နှစ်သက်ဖွယ်ဖြစ်မှုကို မြင်လာစေရန်၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်စေရန်အတွက် ဖြစ်သည်။

"ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း" မှ

တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်မှတစ်ဆင့် လူသားသည် သူ့အတွင်းတွင်ရှိသော ညစ်ညူးပြီး ပျက်စီးသော အရာများကို အပြည့်အဝ သိလာလိမ့်မည်ဖြစ်ပြီး သူသည် အလုံးစုံ ပြောင်းလဲလာကာ သန့်စင်ခြင်းသို့ ရောက်နိုင်လိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လည်ရောက်ရှိရန် ထိုက်တန်နိုင်ပေသည်။ ယနေ့မျက်မှောက်တွင် ပြီးစီးသော အလုပ်အားလုံးတို့ကြောင့် လူသားသည် သန့်ရှင်းပြီး ပြောင်းလဲမှုကို ရရှိနိုင်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သာမက စစ်ဆေးခြင်းတို့ကြောင့် လူသားသည် သူ၏ ပျက်စီးယိုယွင်းခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းခြင်းကို ရလိမ့်မည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ထင်မည့်အစား သန့်ရှင်းစင်ကြယ်ခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်အောင်မြင်ခြင်း သာမက ကယ်တင်ခြင်း၏ ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရယူခြင်းကို ခံရသည်။ နှုတ်ကပတ်တော်ကို အသုံးပြုလျက် စစ်ဆေးပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် မသန့်ရှင်း ခြင်း အားလုံး၊ အယူအဆများ၊ ဆန္ဒများနှင့် လူ၏ စိတ်နှလုံးအတွင်းရှိ တစ်ဦးချင်း မျှော်လင့်ချက်များသည် လုံးဝ ဖော်ထုတ်ခံရသည်။

"လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

မည်သည့်အရာအားဖြင့် လူသားအပေါ် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားအားဖြင့် ဖြစ်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ တန်ခိုးအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားအား အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေပါသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်က အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းအားဖြင့်သာ လူကိုစုံလင်စေနိုင်သနည်းဟု မေးမြန်းကြသည်။ ဘုရားသခင်က လူကိုကျိန်ဆိုခဲ့မည်ဆိုလျှင် လူကသေသွားမည် မဟုတ်ဘူးလား။ ဘုရားသခင်က လူကိုတရားစီရင်မည်ဆိုလျှင် လူကအစီရင်ခံရမည် မဟုတ်ဘူးလား။ ဒီတော့ သူက စုံလင်ခြင်းကို ဘယ်လိုလုပ်လို့ ရရှိဦးမှာလဲဟု သူတို့ကပြောကြသည်။ ထိုသို့သော စကားလုံးများသည် ဘုရားသခင်၏ ဆောင်ရွက်မှုကို မသိသူတွေ ပြောခြင်းဖြစ်သည်။ ဘုရားသခင် ကျိန်ဆိုသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူစီရင်သည့်အရာမှာ လူသား၏အပြစ် ဖြစ်သည်။ ကိုယ်တော်သည် သနားညှာတာခြင်းမရှိပဲ ပြင်းထန်စွာ ပြောဆိုတတ်သော်လည်း၊ သူသည် လူသားအတွင်း ရှိနေသည်များ အားလုံးကို ထုတ်ဖော်သည်၊ ဤခက်ထန်သော စကားလုံးများအားဖြင့် လူသားအတွင်း ဘယ်အရာက အရေးကြီးသည်ကို သူဖော်ထုတ်သည်။ သို့ရာတွင် ဤကဲ့သို့သော တရားစီရင်မှုအားဖြင့်၊ သူသည် လူသားအား လူ့ဇာတိ အနှစ်သာရ၏ လေးနက်သော အသိပညာကို ပေးသည်။ ဤနည်းအားဖြင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် နာခံခြင်းကို ဆက်ကပ်သည်။ လူသား၏ ဇာတိသည် အပြစ်ဖြစ်ပြီး၊ စာတန်မှလာခြင်းဖြစ်ကာ၊ ယင်းသည် မနာခံခြင်းဖြစ်၍၊ ဘုရားသခင် ပြစ်တင်ဆုံးမသည့် အချက်ဖြစ်သည် - ထို့ကြောင့် လူသားအား သူ့ကိုယ်သူသိခြင်းကို ခွင့်ပြုရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ကာ စစ်ဆေးမှု အမျိုးအစားတိုင်းကို အသုံးချရပါသည်။ ထို့မှသာလျှင်၊ ဘုရားသခင်၏ လုပ်ငန်းက ထိရေ ထိရောက်မှုရှိလိမ့်မည်။

"နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံပြီးမှသာ သင်သည် ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်။" မှ

ဘုရားသခင်တွင် လူသားကို ပြီးပြည့်စုံရန်အတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင် အမျိုးမျိုးကို ဖန်တီးသည်။ လူသားကို ဖော်ထုတ် လှန်ထားရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်။ တစ်ဖက်တွင် လူသားကိုကိုင်တွယ်ပြီး တစ်ဖက်တွင် လူသားကို ဖော်ထုတ် လှန်ထားကာ တစ်ဖက်တွင် လူသားကို ဖွင့်ဟပြသည်။ လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော "ပဟေဠိဆန်သည့်စိတ်များ"ကို တူးဆွကာဖော်ပြသည်။ သူ၏ အခြေအနေများကို ဖော်ပြခြင်းအားဖြင့် လူသားကို သူ၏သဘောသဘာ၀အား သိရှိစေသည်။ ဘုရားသခင်သည် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို ပြီးပြည့်စုံစေသည်။ ဖော်ပြခြင်း၊ ဆုံးမခြင်း၊ စစ်ဆေးပြုပြင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကို အသုံးပြုသည်။ ထိုနည်းများအားဖြင့် ဘုရား သခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိမည်ဖြစ်သည်။

"လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်" မှ

ဤစမ်းသပ်မှုများသည် လူများ၏ အတွင်းပိုင်းက အဘယ်အခြေအနေကို ပစ်မှတ်ထားသနည်း။ ဘုရားသခင်ကို ဖြည့်ဆည်းမပေးနိုင်သည့် လူများ၏ တွန်းလှန်သော စိတ်သဘောထားကို ပစ်မှတ်ထားသည်။ လူများ၏ အတွင်းမှာ မသန့်စင်သည့်အရာများ များစွာရှိသည်။ အပေါ်ယံ ဟန်ဆောင်တဲ့အရာများ များစွာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို သန့်စင်ဖို့အတွက် စမ်းသပ်မှုများ ပြုလုပ်သည်။…

ဘုရားသခင်၏ စိတ်သဘောထားကို သင်မသိဘူးဆိုလျှင် သင်သည် စမ်းသပ်မှုအတွင်းမှာ ရှောင်လွှဲမရနိုင်ဘဲ ကျဆုံးပါလိမ့်မည်။ သင်သည် ဘုရားသခင်က လူများကို မည်ကဲ့သို့ပြည့်စုံအောင် လုပ်သနည်းဆိုသည်၊ သူတို့ကို မည်ကဲ့သို့နည်းလမ်းနှင့် ပြည့်စုံအောင် လုပ်သနည်းဆိုသည်ကို မသိသည့်အတွက်ကြောင့် ဘုရားသခင်၏ စမ်းသပ်မှုက သင့်အပေါ်ကို ကျရောက်ပြီး သင်၏အယူအဆများနှင့် ကိုက်ညီမှု မရှိသည့်အခါ သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်မည် မဟုတ်။ ဘုရားသခင်၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာသည် သူ၏ စိတ်သဘောထား တစ်ခုလုံးပင် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံး သင့်ကို ပြသတဲ့အချိန်မှာ ဤအရာက သင်၏ ဇာတိပကတိကို ဘာများ သယ်ဆောင်လာပါသလဲ။ ဘုရားသခင်၏ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သင့်ကို ပြသသည့်အခါ သင်၏ဇာတိပကတိသည် နာကျင်မှု များစွာကို ရှောင်လွှဲမရနိုင်ဘဲ ခံစားရပါလိမ့်မည်။ သင်သည် ဤနာကျင်မှုကို မခံစားရလျှင် ဘုရားသခင်အားဖြင့် သင့်ကို ပြည့်စုံအောင်ပြုလုပ်လို့ မရနိုင်သကဲ့သို့၊ သင်သည် စစ်မှန်သည့် ချစ်ခြင်းကို ဘုရားသခင်ထံ အပ်နှံနိုင်မည် မဟုတ်။ ဘုရားသခင်က သင့်ကို ပြည့်စုံအောင် ပြုလုပ်လျှင် သူ၏ စိတ်သဘောထား တစ်ခုလုံးကို သင့်ကို သေချာပေါက် ပြသမည်ဖြစ်သည်။ ဖန်ဆင်းခြင်း အချိန်မှ ယနေ့အထိ ဘုရားသခင်သည် သူ၏စိတ်သဘောထား တစ်ခုလုံးကို တစ်ခါမှ မပြဖူးပါ။ သို့သော်လည်း နောက်ဆုံးသော ကာလမှာ သူရှေးမဆွက ခွဲခန့်မှတ်သားပြီး ရွေးချယ်ထားသည့် ဤလူအုပ်စုကို ဖွင့်ပြသည်။ လူများကို ပြည့်စုံအောင် ပြုလုပ်ခြင်းအားဖြင့်၊ လူတစ်စုကို ပြည့်စုံစေခြင်းမှ တစ်ဆင့် သူ၏ စိတ်သဘောထားကို ရှင်းလင်းစွာ ပြသသည်။ ဤအရာသည် လူများအတွက် ထားရှိသည့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာပင်။ သူတို့အတွက် ဘုရားသခင်၏ စစ်မှန်သည့်ချစ်ခြင်းမေတ္တာကို ကြုံတွေ့ဖို့ လူများမှာ ကြီးမားသည့် နာကျင်မှုကို ခံစားပြီး မြင့်မားသည့် ပေးဆပ်မှုတစ်ခု ပြုလုပ်ဖို့ လိုအပ်သည်။ ဤအရာ ပြီးနောက်မှသာ ဘုရားသခင်အားဖြင့် သူတို့လက်ခံရရှိမည်ဖြစ်ပြီး ဘုရားသခင်ကို သူတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ပြန်လည် ပေးအပ်နိုင်မှာ ဖြစ်သည်။ ဤအခြင်းအရာ ပြီးနောက်မှသာ ဘုရားသခင်၏ နှလုံးသားသည် ကျေနပ်ပါလိမ့်မည်။ လူများက ဘုရားသခင်အားဖြင့် ပြည့်စုံစေဖို့ ဆန္ဒရှိသည်ဆိုလျှင် သူ၏အလိုကို ဆက်လက်ဆောင်ရွက်ပြီး သူတို့၏ စစ်မှန်သည့် ချစ်ခြင်းကို ဘုရားသခင်ထံ ပေးအပ်လိုလျှင် သေခြင်းထက် ပိုဆိုးသည့် နာကျင်မှုကို ခံစားဖို့အတွက် အခြေအနေအရ ဖြစ်ပေါ်လာသည့် များပြားလှသော ဒုက္ခခံစားခြင်းတို့နှင့် ညှဥ်းပန်းနှိပ်စက်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်ပြီး အဆုံးမှာ သူတို့၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်ဖို့ တွန်းအားပေးခြင်း ခံရမည်ဖြစ်သည်။ လူတစ်ယောက်က ဘုရားသခင်ကို အမှန်တကယ် ချစ်သလား၊ မချစ်ဘူးလား ဆိုသည်မှာ ဒုက္ခခံစားရခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းကာလ၌ မြင်ရပါလိမ့်မည်။ ဘုရားသခင်သည် လူများ၏ ချစ်ခြင်းကို သန့်စင်ပေးပြီး၊ ဤအရာကလည်း ဒုက္ခခံစားရခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းများမှသာ ရရှိသည်။

"ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်" မှ

ဘုရားသခင်၏အလုပ်၏ ကဏ္ဍတစ်ရပ်မှာ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ရန်နှင့် ရွေးချယ်ခံ လူများကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ရယူရန်ဖြစ်သည်။ နောက်ကဏ္ဍတစ်ရပ်မှာ ပုန်ကန်ခြင်း၏ သားများ အားလုံးကို ဘေးအန္တရာယ် အမျိုးမျိုးမှတစ်ဆင့် သိမ်းပိုက်ရန်ဖြစ်သည်။ ဤသည်မှာ ကျယ်ပြန့်များပြားသော ဘုရားသခင် အလုပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ ဘုရားသခင် အလိုရှိသော ကမ္ဘာမြေကြီးပေါ်မှ နိုင်ငံတော်သည် အပြည့်အဝ အထမြောက်နိုင်မည် ဖြစ်ပြီး ဤသည်မှာ ရွှေစင်ကဲ့သို့သော ဘုရားသခင် အလုပ်၏ အစိတ်အပိုင်းဖြစ်သည်။

"အခန်း ၁၇" စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ယနေ့တွင် ငါသည် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံအပေါ်သို့ ဆင်းကြွလာနေသည်သာမကဘဲ ငါ၏ မျက်နှာကို စကြဝဠာတစ်ဝှမ်းလုံးဆီသို့ လှည့်နေ၏။ ထိုသို့အားဖြင့် အမြင့်ဆုံးသော ကောင်းကင်ဘုံ တစ်ခုလုံးသည် တုန်ခါသွားရန် ဖြစ်သည်။ ငါ၏ တရားစီရင်မှုနှင့် မကြုံတွေ့ရသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါပစ်ချလိုက်သော ပြစ်ဒဏ်များအောက်တွင် မတည်ရှိသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွားလေရာရာ အရပ်တိုင်းတွင် ငါသည် အမျိုးမျိုးသော ဘေးအန္တရာယ်များ၏ မျိုးစေ့များကို ကြဲချခဲ့သည်။ ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားအား ကယ်တင်ခြင်း၏ လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိဘဲ ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေပါသေးသည်။

"အခန်း ၁၀" စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်၏ သိပ်ပိုက်မှုကို ခံရခြင်းသည် သိုင်းပြိုင်ပွဲတစ်ခုနှင့်တူသည်။

ဘုရားသခင်၏ နှုတ်ထွက်စကားတိုင်းက ကျွန်ုပ်တို့ကို သေစေနိုင်သည့် ချက်ကောင်းကို ထိပြီး ကျွန်ုပ်တို့အား ဝမ်းနည်းစိတ်၊ ကြောက်ရွံ့စိတ်တို့နှင့် ထားခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကျွန်ုပ်တို့၏ အကျင့်ပျက်သော စိတ်သဘောထားကို ထုတ်ဖေါ်ပြသည်။ ကျွန်ုပ်တို့ ပြောသမျှနှင့် လုပ်သမျှအားဖြင့်သာမက ကျွန်ုပ်တို့၏ အတွေးအခေါ်၊ အယူအဆတစ်ခုစီတိုင်း အားဖြင့် ဘုရားသခင်၏ နှုတ်ထွက်စကားများသည် ကျွန်ုပ်တို့၏ သဘာဝနှင့် ဗီဇကို ထုတ်ဖေါ်ပြသည်၊ ကျွန်ုပ်တို့အား အရှက်ရစေသည်သာမက ကြောက်စိတ်နှင့် တုန်နေစေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ လုပ်ရပ်များ၊ ပန်တိုင်များနှင့် ရည်ရွယ်ချက်များအားလုံးကို ကျွန်ုပ်တို့အား ပြောပြသည်၊ ကျွန်ုပ်တို့ တကြိမ်တခါမျှ မတွေ့ရှိသေးသော်လည်း ကျွန်ုပ်တို့၌ ရှိသည့် အကျင့်ပျက်သော စိတ်သဘောထားကိုပင် ပြောပြသည်။ ထိုသို့ပြောပြခြင်းအားဖြင့် ဗျောင်တင်ကြီး မြင်သာအောင် ပြထားခြင်း ခံရသလို ကျွန်ုပ်တို့အား ခံစားရစေသည်၊ ထို့အပြင် အပြည့်အဝ ယုံကြည်လက်ခံထားသလို သာ၍ပင် ခံစားရစေသည်။ သူ့ကို ဆန့်ကျင်သည့်အတွက် သူသည် ကျွန်ုပ်တို့အား တရားစီရင်သည်၊ သူ့ကို စော်ကားပြောဆိုသောကြောင့်၊ သူ့ကို ပြစ်တင်ရှုတ်ချသောကြောင့် ကျွန်ုပ်တို့ကို ဝေဖန်ပြစ်တင်သည်၊ ဘုရားသခင်၏ မျက်စိရှေ့၌ ကျွန်ုပ်တို့သည် တန်ဖိုးမရှိသော သူများ ဖြစ်သည်၊ ကျွန်ုပ်တို့သည် အသက်ရှင်နေသော စာတန်ဖြစ်သည်ဟု ခံစားရစေသည်။ ကျွန်ုပ်တို့၏ မျှော်လင့်ချက်များ တစစီကျိုးပဲ့သွားသည်၊ အကျိုးအကြောင်း မခိုင်လုံသော တောင်းဆိုမှုများကို ကျွန်ုပ်တို့ မတောင်းဆိုရဲတော့၊ မကြိုးစားရဲတော့ပါ၊ ကျွန်ုပ်တို့၏ အိမ်မက်များပင် ညတွင်းချင်း ပျောက်ကွယ်သွားသည်။ ထိုအချက်သည် ကျွန်ုပ်တို့ထဲတွင် မည်သူကမျှ စိတ်မကူးနိုင်သော၊ ကျွန်ုပ်တို့ထဲတွင် မည်သူကမျှ လက်မခံနိုင်သော အချက်အလက်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ စိတ်များ တခဏမျှ မတည်မငြိမ် ဖြစ်သွားပြီး ကျွန်ုပ်တို့သည် မည်သို့ ရှေ့ဆက်ရမည်ကို မသိကြ၊ ယုံကြည်ခြင်း၌ မည်သို့ ဆက်လက် လျှောက်လှမ်းရမည်ကိုလည်း မသိကြပေ။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် မူလအစကလို ပြန်ဖြစ်သွားပြီး သခင်ယေရှုနှင့် ကျွန်ုပ်တို့ တခါမျှ မတွေ့ဖူးသလို၊ တခါမှ မရင်းနှီးဖူးသလို ထင်ရသည်။ ကျွန်ုပ်တို့၏ မျက်စိရှေ့၌ရှိသော အရာမှန်သမျှသည် ကျွန်ုပ်တို့ကို စိတ်ရှုပ်ထွေးစေပြီး စွန့်ပစ်ခြင်းခံရပြီး လွင့်မျောနေသလိုမျိုး ခံစားရစေသည်။ ကျွန်ုပ်တို့သည် တုန်လှုပ်ချောက်ချားကြသည်၊ စိတ်ပျက်ကြသည်၊ ကျွန်ုပ်တို့၏ နှလုံးသားအတွင်းရှိ ရှိုင်းသောနေရာ၌ ထိန်းထားလို့မရသည့် ဒေါသနှင့် အရှက်ရခြင်း ရှိကြသည်။ ကျွန်ုပ်တို့သည် ထိုအရာများကို ဖြေလျှော့ဖို့ ကြိုးစားကြသည်၊ ထိုအရာများမှ လွတ်မြောက်နိုင်မည့် လမ်းကို ရှာတွေ့ဖို့ ကြိုးစားကြသည်၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုကို ဆက်စောင့်ဖို့ ကြိုးစားအားထုတ်သည်၊ ယေရှုအား ရင်ဖွင့်ဖိုလည်း ကြိုးစားသည်။ ကျွန်ုပ်တို့သည် အပြင်ပန်း၌ မောက်မာခြင်း မရှိသလို၊ နှိမ့်ချခြင်းလည်း မရှိသည့် အချိန်များ ရှိသော်လည်း နှလုံးသားထဲတွင်မူ အရင်က တခါမျှ မခံစားဖူးသည့် ဆုံးရှုံးမှု​ကြောင့် အလွန်ပင် စိတ်မချမ်းမသာ ဖြစ်ကြသည်။ တခါတရံတွင် ကျွန်ုပ်တို့သည် အပြင်ပန်း၌ ထူးထူးခြားခြား တည်ငြိမ်သည်ဟု ထင်ကောင်း ထင်ရသော်လည်း အတွင်း၌မူ ကျွန်ုပ်တို့သည် စိတ်ဆင်းရဲမှုလှိုင်းဒဏ်ကို ခံနေရသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုကြောင့် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များနှင့် အိမ်မက်များ၊ အလွန်အကျွံဖြစ်သော စိတ်ဆန္ဒများ မရှိတော့သည့်အပြင် 'ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သည်၊ ကျွန်ုပ်တို့ကို ကယ်တင်နိုင်စွမ်းရှိသောသူ ဖြစ်သည်'ဟူသည့် အချက်ကိုလည်း ယုံကြည်လိုခြင်း မရှိတော့ပေ။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား၌ အလွန်ကြီးမားသော ချောက်နက်ကြီးကို ဖြစ်စေသည်၊ မည်သူကမျှ ဖြတ်လိုစိတ်ပင် မရှိသော ချောက်နက်ကြီး ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ပထမဦးဆုံး အကြိမ် ကျွန်ုပ်တို့ကို အလွန်နှောင့်နှေးစေသည့် အရာဖြစ်သည်၊ အလွန်အရှက်ရစေသည့် အရာ ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်သရေကို ကျွန်ုပ်တို့ အမှန်တကယ် အသိအမှတ်ပြုရန်နှင့် လူ၏ ရိုင်းပြမှုကို ဘုရားသခင်က သည်းမခံဘဲနေသည်ကို ကျွန်ုပ်တို့ အမှန်တကယ် အသိအမှတ်ပြုရန် ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ကျွန်ုပ်တို့အား အခွင့်ပေးသည်။ ထိုအရာများနှင့် ယှဉ်လျှင် ကျွန်ုပ်တို့သည် အလွန်ပင် နိမ့်ကျပြီး မစင်ကြယ်သူများ ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ကျွန်ုပ်တို့ မည်မျှ မောက်မာကြောင်း၊ မည်မျှ ခမ်းကြီးနားကြီးနိုင်ကြောင်း၊ လူသည် ဘုရားသခင်နှင့် ဘယ်တော့မှ အဆင့်ချင်းတူမည် မဟုတ်ကြောင်း (သို့) ဘုရားသခင်နှင့် တူမည် မဟုတ်ကြောင်းကို ကျွန်ုပ်တို့အား ပထမဦးဆုံးအကြိမ် သတိထားမိစေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် အကျင့်ပျက်သော စိတ်သဘောထားဖြင့် ဆက်လက် အသက်မရှင်တော့အောင် တောင့်တသည့် စိတ်ကို ကျွန်ုပ်တို့၌ ဖြစ်စေသည့်အပြင် ထိုသို့သော သဘောထားမျိုး၊ ဗီဇမျိုးကို ဖြစ်နိုင်လျှင် ကျွန်ုပ်တို့ အမြန်ဆုံး စွန့်လိုစိတ်ရှိအောင်၊ ဘုရားသခင် မနှစ်မျို့သောသူ မဖြစ်တော့အောင်၊ ဘုရားသခင်အတွက် ရွံရှာဖွယ်ကောင်းသောသူ မဖြစ်တော့အောင်လည်း လုပ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် သူ့နှုတ်ထွက်စကားများကို ကျွန်ုပ်တို့ ဝမ်းမြောက်ဝမ်းသာ နာခံလိုစိတ်ရှိအောင်နှင့် သူ၏စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်ကို ကျွန်ုပ်တို့ ပုန်ကန်လိုစိတ် မရှိတော့အောင် လုပ်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် အသက်ကို ရှာဖွေလိုစိတ်အား ကျွန်ုပ်တို့အတွက် နောက်တစ်ကြိမ် ထပ်ပေးပြီးဖြစ်သည်၊ သူ့ကို ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် ဝမ်းမြောက်ဝမ်းသာလက်ခံအောင် လုပ်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် သိမ်းပိုက်အောင်မြင်အောင် လုပ်သည့် အလုပ်ကို ထားခဲ့ပြီးဖြစ်သည်၊ ငရဲမှလည်း ထွက်ခွာလာခဲ့ပြီးဖြစ်သည်၊ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲမှ လှမ်းထွက်လာခဲ့ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသည် ကျွန်ုပ်တို့ ဤလူစုကို ရရှိပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသည် စာတန်ကို အောင်နိုင်ပြီးဖြစ်သည်၊ သူ၏ရန်သူများအားလုံးကို နှိမ်နင်းပြီး ဖြစ်သည်။

"ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုအကြား၌ ဘုရားသခင်ကို မြင်ခြင်း" မှ

အမှာစကား ချန်ခဲ့မည်