စာရင်း

အရာအားလုံးကို ထောက်ပံ့ရန် နှင့် လူသားမျိုးနွယ်၏ ရှင်သန်မှုကို ထိန်းသိမ်းရန် တို့အတွက် ဘုရားသခင် သည် ကိုယ်တော်၏ အနန္တတန်ခိုးနှင့် အမြော်အမြင်ရှိသည့်နည်းလမ်းတို့ကို အသုံးပြုသည်

Happy life\ out of sin

မည်သည့်အကြောင်းအရာများကို ယခုပင် ငါတို့ ဆွေးနွေးကြပြီး ဖြစ်သနည်း။ လူသားမျိုးနွယ် နေထိုင်သည့် ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်အတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာ၊ ပြီးလျှင် သူ ပြုလုပ်ခဲ့သည့် ပြင်ဆင်မှုများအကြောင်း ဆွေးနွေး ပြောဆိုခြင်းဖြင့် ငါတို့ စခဲ့ကြသည်။ သူ စီစဉ်ခဲ့သည့် အရာ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ခဲ့သော ဖန်ဆင်းခြင်း အရာများကြား ဆက်နွှယ်မှုများနှင့် လူသားမျိုးနွယ်ကို ထိခိုက်နစ်နာစေခြင်းမှ သူ၏ ဖန်ဆင်းခြင်းအရာများကို တားဆီးဖို့ ဤဆက်နွှယ်မှုများအား ဘုရားသခင် စီစဉ်ပုံတို့ကို ငါတို့ ဆွေးနွေး ခဲ့ကြသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ၎င်းတို့၏ အမြင့်မားဆုံး အသုံးဝင်မှုဖြင့် အသုံးတော်ခံခွင့်ပေးရင်း၊ သူ၏ ဖန်ဆင်းခြင်းအတွင်းရှိ မတူညီသော အရာများစွာက လူသားမျိုးနွယ်၏ ပတ်ဝန်ကျင်အပေါ် ရှိကောင်းရှိခဲ့နိုင်သည့် ထိခိုက်နစ်နာစေမှုကိုလည်း လျော့ပါးစေခဲ့ပြီး၊ လူသားမျိုးနွယ်ထံ အကျိုးရှိစေသည့် သဘာဝအင်အားစုများနှင့်အတူ အကျိုးရှိသော ပတ်ဝန်းကျင်တစ်ရပ်ကို ဆောင်ကြဉ်းပေးခဲ့သည်၊ ထိုသို့ဖြင့် လူသားမျိုးနွယ်အား ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ကို ကျင့်သားရနိုင်စေကာ ဘဝနှင့် မျိုးပွားခြင်း သံသရာကို မှန်မှန် ဆက်လက်ဖြစ်စေလေသည်။ ထို့နောက်၊ လူ့ခန္ဓာကိုယ်က လိုအပ်သည့် အစားအစာ၊ လူသားမျိုးနွယ်၏ နေ့စဉ်အစားအသောက်အကြောင်း ငါတို့ ဆွေးနွေးပြောဆိုခဲ့ကြသည်။ ဤသည်မှာလည်း လူသားမျိုးနွယ် ရှင်သန်ရေးအတွက် လိုအပ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ၊ လူ့ခန္ဓာကိုယ်သည် အသက်ရှူခြင်းတစ်ခုတည်းဖြင့်၊ အာဟာရအတွက် နေရောင်မျှဖြင့်၊ သို့မဟုတ် လေဖြင့်၊ သို့တည်းမဟုတ် သင့်တော်သည့် အပူချိန်များဖြင့်သာ မရှင်သန်နိုင်ပေ။ လူသားများသည် ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်လည်း လိုအပ်ပြီး၊ ဘုရားသခင်သည် မည်သည့်အရာကိုမျှ လျစ်လျူရှုမသွားဘဲ ၎င်းတို့ ထိုသို့လုပ်ဆောင်နိုင်ရန် လူသားမျိုးနွယ်၏ အစာ အရင်းအမြစ်များ ဖြစ်သည့် အမှုအရာများ၏ အရင်းအမြစ်များကို လူသားမျိုးနွယ် အတွက် ပြင်ဆင်ပေးခဲ့သည်။ သင်တို့သည် အင်မတန် ကြွယ်ဝကာ ပေါများသည့် ခြံထွက်ပစ္စည်းဖြစ်သည့် လူသားမျိုးနွယ်၏ အစားအသောက်အရင်းအမြစ်များကို မြင်တွေ့ပြီးသောအခါ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့အတွက် ထောက်ပံ့မှုအရင်းအမြစ်ဖြစ်သည်ဟု သင်ဆိုနိုင်သလော။ အကယ်၍ ဖန်ဆင်းခြင်း အချိန်ကာလ အတောအတွင်းတွင် ဘုရားသခင်သည် သစ်ပင်များနှင့် မြက်များ သို့မဟုတ် အခြားသောသက်ရှိများ တချို့တလေကိုသာ ဖန်ဆင်းခဲ့ပါက၊ ပြီးလျှင် ဤသက်ရှိသတ္တဝါအမျိုးမျိုးနှင့် အပင်များသည် နွားများနှင့် သိုးများစားရန်အတွက်၊ သို့မဟုတ် မြင်းကျားများ၊ သမင်များနှင့် အခြားတိရစ္ဆာန် အမျိုးမျိုးအတွက်၊ ဥပမာအနေဖြင့် ခြင်္သေ့များက မြင်းကျားများနှင့် သမင်များကဲ့သို့သော အရာများကို စားဖို့ဖြစ်ပြီး၊ ကျားများက သိုးများနှင့် ဝက်များကို စားဖို့ဖြစ်သော်လည်း လူသားတို့စားရန် သင့်တော်သည့်အရာ တစ်ခုမျှပင် မရှိပါက ယင်းသည် အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ အလုပ်ဖြစ်ခဲ့မည် မဟုတ်ပေ။ လူသားမျိုးနွယ်အနေဖြင့် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ လူတို့သည် သစ်ရွက်များကိုသာစားလျှင် မည်သို့ဖြစ်မည်နည်း။ အလုပ် ဖြစ်ခဲ့လိမ့်မည်လော။ လူတို့သည် သိုးများအတွက် ရည်ရွယ်ထားသော မြက်ကို စားနိုင်မည်လော။ ၎င်းတို့အနေဖြင့် အနည်းငယ်မျှသာ စမ်းကြည့်ပါက၊ ထိခိုက်ကောင်းထိခိုက်မည်မဟုတ်သော်လည်း၊ ထိုသို့သော အရာများကို အချိန်ကြာမြင့်စွာ စားပါက ၎င်းတို့၏ အစာအိမ်များသည် ယင်းကို ခံနိုင်မည်မဟုတ်သကဲ့သို့၊ လူတို့သည် ကြာကြာ အသက်ရှင်ခဲ့ကြလိမ့်မည် မဟုတ်ပေ။ တိရစ္ဆာန်များ စားနိုင်သော်လည်း လူသားများအဖို့ အဆိပ်ရှိသည့် အရာများပင် ရှိလေသည်- တိရစ္ဆာန်များက ထိုအရာများကို အကျိုးဆက်မရှိဘဲ စားကြ၏၊ သို့သော် လူသားများအတွက်မူ ထိုသို့ မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့၏၊ ထို့ကြောင့် လူ့ကိုယ်ခန္ဓာ၏ အခြေခံသဘောတရားများ၊ တည်ဆောက်ပုံနှင့် လူသားများ လိုအပ်သည့်အရာတို့ကို ဘုရားသခင် အသိဆုံးဖြစ်၏။ ဘုရားသခင်သည် ခန္ဓာကိုယ်၏ ပေါင်းစပ်ဖွဲ့စည်းမှု နှင့် ပါရှိသည့်အရာ၊ ယင်း၏ လိုအပ်ချက်များနှင့် လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများ လည်ပတ်ခြင်းနှင့် အမျိုးမျိုးသော ဒြပ်ပစ္စည်းများကို မည်သို့ စုပ်ယူကာ ဖယ်ရှားပြီး စွန့်ထုတ်သည်ကို လုံးဝ ရှင်းလင်းပြတ်သားမှုဖြင့် သိလေသည်။ လူသားများက မသိကြ။ တစ်ခါတစ်ရံတွင် ၎င်းတို့ အမြော်အမြင်မရှိဘဲ စားကြသည်၊ သို့မဟုတ် မဆင်မခြင် မိမိတို့ဘာသာ ချက်ပြုတ်စားသောက်ကြသည်၊ ထိုသို့လုပ်ဆောင်ခြင်း လွန်ကဲလွန်းခြင်းက မညီမျှမှု ဖြစ်စေ၏။ သင်သည် သင့်အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် အရာများကို ပုံမှန်နည်းလမ်းဖြင့် စားသောက်ကာ မွေ့လျော်ပါက ကျန်းမာရေး ပြဿနာများ ရှိလိမ့်မည်မဟုတ်ပေ။ တစ်ခါတစ်ရံ သင်သည် စိတ်ဆိုးမာန်ဆိုးဖြစ်ကာ သွေးတန့်မှုကို တွေ့ကြုံ ခံစားရလျှင်ပင်၊ ဤအရာက ပြဿနာ လုံးဝမဖြစ်ပေါ်စေပေ။ သင့်အနေဖြင့် အချို့သော အပင်အမျိုးအစားကို စားရန်သာလိုပြီး သွေးတန့်နေခြင်း ပျောက်သွားလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင်၊ လူသားမျိုးနွယ်သည် အခြားသက်ရှိ အရာများထက် များစွာမြင့်မားပေသည်။ ဘုရားသခင်သည် အပင်အမျိုးအစားအသီးသီးအတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ပြင်ဆင်ပေးခဲ့ပြီး၊ တိရစ္ဆာန်အမျိုးအစား အသီးသီးအတွက် အစားအစာနှင့် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် ၎င်းတို့ ပတ်ဝန်းကျင်၏ တင်းကျပ်ဆုံး လိုအပ်ချက်များရှိပြီး ထိုလိုအပ်ချက်များကို နည်းနည်းလေးမျှ လျစ်လျူရှု၍မရနိုင်ပေ။ လျစ်လျူရှုမိခဲ့ပါက၊ လူသားမျိုးနွယ်သည် ပုံမှန်နည်းလမ်းဖြင့် ကြီးထွားတိုးတက်ခြင်း၊ အသက်ရှင်ခြင်းနှင့် မျိုးပွားခြင်းတို့ကို ဆက်လက်လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ဤအရာကို သူ၏ စိတ်နှလုံးထဲတွင် အသိဆုံးသောသူမှာ ဘုရားသခင် ဖြစ်၏။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ခဲ့ချိန်တွင်၊ သူသည် အခြားမည်သည့်အရာမဆိုထက် ထိုအရာအပေါ် သာ၍ အလေးထားခဲ့၏။ သင့်ဘဝတွင် သင်မြင်နိုင်ပြီး မွေ့လျော်နိုင်သည့် သာမညောင်ည အရာတစ်ချို့ သို့မဟုတ် မွေးကတည်းက သင်၌ရှိခဲ့ပြီးဖြစ်သည့် သင်မြင်ကာ မွေ့လျော်သော အရာတစ်ခု၏ အရေးပါမှုကို သင့်အနေဖြင့် သတိပြုမိနိုင်ခြင်း ရှိကောင်း ရှိလိမ့်မည်မဟုတ်သော်လည်း၊ ဘုရားသခင်သည် သင့်အတွက် အချိန်ကြာမြင့်စွာက သို့မဟုတ် တိတ်တဆိတ်ဖြင့် ပြင်ဆင်မှုများ ပြုလုပ်ထားနှင့်ပြီးဖြစ်သည်။ တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ၊ ဘုရားသခင်သည် လူသားမျိုးနွယ်အဖို့ မသင့်လျော်သကဲ့သို့ လူ့ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေကောင်း ဖြစ်စေနိုင်မည့် အပျက်သဘောဆောင်သော အရာအားလုံးကို ဖယ်ရှား၍ လျော့ပါးစေပြီးဖြစ်၏။ ဤအရာက မည်သည့်အရာကို ပြသနည်း။ ယင်းက ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်က ၎င်းတို့အပေါ် ဘုရားသခင် ထားရှိခဲ့သည့် သဘောထားကို ပြပါသလော။ ထိုသဘောထားမှာ အဘယ်နည်း။ ဘုရားသခင်၏သဘောထားမှာ ဂရုတစိုက်ရှိပြီး လေးနက်၏၊ ပြီးလျှင် ထိုသဘောထားသည် မည်သည့်ရန်သူ အင်အားစုများမဆို၊ ပြင်ပ အရာများ သို့မဟုတ် သူနှင့်သက်ဆိုင်ခြင်း မရှိသော အခြေအနေများ၏ မည်သည့်နှောင့်ယှက်မှုကိုမျှ သည်းမခံခဲ့ပေ။ ဤတွင် ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းနှင့် စီမံခန့်ခွဲခြင်းထဲက ဘုရားသခင်၏သဘောထားကို မြင်နိုင်ပေသည်။ ပြီးလျှင် ဘုရားသခင်၏သဘောထားမှာ အဘယ်နည်း။ လူသားမျိုးနွယ် မွေ့လျော်သည့် ရှင်သန်မှုနှင့် ဘဝအတွက် ပတ်ဝန်းကျင်မှတစ်ဆင့်အပြင်၊ ၎င်းတို့၏နေ့စဉ် အစားအသောက်နှင့်နေ့စဉ်လိုအပ်ချက်များတွင် လူကို ဘုရားသခင်သည် ဖန်ဆင်းခဲ့သည့် အချိန်ကတည်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တာဝန်ယူသော သဘောထား အပြင်၊ ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ စိတ်ပိုင်းဖြတ်မှုကို ငါတို့တွေ့နိုင်၏။ ဤအရာများတွင် ဘုရားသခင်၏ စစ်မှန်မှုကို မြင်နိုင်သလော။ သူ၏ အံ့သြဖွယ်ရာဖြစ်ခြင်းကို မြင်နိုင်သလော။ သူ၏ မတွေးတတ်အောင် နက်နဲမှုကို မြင်နိုင်သလော။ သူ၏ အနန္တတန်ခိုးကို မြင်နိုင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ထောက်ပံ့ရန်အပြင် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းကို ထောက်ပံ့ခြင်းအဖို့ သူ၏အမြော်အမြင်ရှိပြီး တန်ခိုးကြီးမားသော နည်းလမ်းများကို အသုံးပြုလေသည်။ ယခု သင်တို့ကို အလွန်များစွာ ငါ ပြောပြီးဖြစ်သည်၊ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ဟု သင်တို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ယင်းမှာ သေချာပေါက် ထိုသို့ဖြစ်၏။ သင်တို့၌ သံသယတစ်ခုတစ်လေ ရှိသလော။ (မရှိပါ။) ဘုရားသခင်သည် အရာခပ်သိမ်းကို တည်ရှိကာ အသက်ရှင်စေနိုင်ပြီး၊ မျိုးပွားကာ ဆက်လက်ရှင်သန်စေနိုင်သည့် ထောက်ပံ့မှု၏ အရင်းအမြစ်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင်မှတစ်ပါး အရင်းအမြစ် မရှိသောကြောင့်၊ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်သည်ကိုပြရန် အရာခပ်သိမ်းအတွက် ဘုရားသခင်၏ ထောက်ပံ့မှုသည် လုံလောက်ပေသည်။ လူတို့၏ အခြေခံအကျဆုံး ပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များဖြစ်စေ၊ ၎င်းတို့၏ နေ့စဉ်ဘဝလိုအပ်ချက်များဖြစ်စေ၊ သို့မဟုတ် လူတို့၏ဝိညာဉ်များကို သူထောက်ပံ့ပေးသည့် သမ္မာတရား လိုအပ်မှုဖြစ်စေ ဘုရားသခင်သည် အရာခပ်သိမ်း၏ လိုအပ်ချက် အားလုံးနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်အားလုံးကို ထောက်ပံ့ ပေး၏။ နည်းလမ်းအားလုံးဖြင့်၊ လူသားရှုထောင့်မှ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ အဆင့်အတန်းကို ကြည့်သည်တွင်၊ ဘုရားသခင်ကိုယ်တိုင်သာလျှင် အရာခပ်သိမ်းအတွက် အသက် အရင်းအမြစ်ဖြစ်၏။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ဆိုလိုသည်မှာ ဘုရားသခင်သည် လူတို့အနေနှင့် မြင်နိုင်ကာ ခံစားနိုင်သော ဤရုပ်ဝတ္ထုလောက၏ အုပ်စိုးသူ၊ အရှင်သခင်နှင့် ထောက်ပံ့သူဖြစ်၏။ လူသားမျိုးနွယ် အတွက် ဤသည်မှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာ မဟုတ်လော။ ဤတွင် အခြားအရာ တစ်ခုမျှမရှိပေ။ ထို့ကြောင့် ကောင်းကင်၌ ငှက်များပျံသန်းနေသည်ကို သင်တွေ့သည့်အခါ၊ ဘုရားသခင်သည် ပျံသန်းနိုင်သော အရာများအားလုံး ဖန်ဆင်းခဲ့သည်ကို သင်သိသင့်သည်။ ရေထဲ၌ ကူးခပ်ကြသော သက်ရှိသတ္တဝါများရှိပြီး ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ရှင်သန်မှု နည်းလမ်းများ ရှိကြ၏။ မြေကြီးထဲတွင် အသက်ရှင်ကြသည့် သစ်ပင်များနှင့် အပင်များသည် နွေဦးရာသီတွင် အဖူးထွက်ပြီး ပေါက်ကာ၊ ဆောင်းဦးရာသီတွင် အသီးသီးပြီး ရွက်ဟောင်းခြွေသည်၊ ပြီးလျှင် ဆောင်းရာသီ အရောက်တွင် ထိုအပင်များသည် ဆောင်းရာသီကို ကျော်လွှား လွန်မြောက်ဖို့ ပြင်ဆင်ကြသည်နှင့်အမျှ အရွက်အားလုံး ကြွေကျကုန်လေသည်။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်မှု နည်းလမ်းဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အသီးသီးသည် ကွဲပြားသော ပုံစံများနှင့် ကွဲပြားသော နည်းလမ်းများဖြင့် အသက်ရှင်ကြကာ ၎င်း၏အသက်ခွန်အားနှင့် ၎င်းရှင်သန်သည့် ပုံသဏ္ဌာန်ကို ပြသရန် ကွဲပြားသည့် နည်းလမ်းများကို အသုံးပြုကြ၏။ အသက်ရှင်ခြင်းနှင့်ပတ်သက်၍ သတ္တဝါများ မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိကြ၏။ ကွဲပြားသော ဇီဝပုံစံများနှင့် သက်ရှိအရာအားလုံးအပေါ် ဘုရားသခင် အုပ်စိုးခြင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက်လော။ (ဟုတ်ပါသည်။) သူသည် လူသားမျိုးနွယ် ရှင်သန်ရေးအတွက် ဘဝနိယာမအားလုံးကို ထိန်းချုပ်၏။ ဤအရာက လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ဘုရားသခင်အတွက် မည်မျှ အရေးကြီးသည်ကိုသာ ပြလေသည်။

လူသားမျိုးနွယ်၏ ပုံမှန် ရှင်သန်ပြီး မျိုးပွားနိုင်စွမ်းသည် ဘုရားသခင်အဖို့ အဆုံးစွန် အရေးကြီးသောအရာ ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနေပေသည်။ သူသည် ကွဲပြားသောနည်းလမ်းများဖြင့် အရာခပ်သိမ်းကို ထောက်ပံ့ပေးပြီး အရာခပ်သိမ်း၏ ရှင်သန်မှုကို ထိန်းသိမ်းခြင်းဖြင့်၊ လူသားမျိုးနွယ်၏ ပုံမှန် ရှင်သန်မှုကို ထိန်းပေးရင်း လူသားမျိုးနွယ်ကို ရှေ့ဆက် လှမ်းနိုင်စေသည်။ ဤသည်တို့မှာ ငါတို့ ယနေ့ မိတ်သဟာယပြုသည့် ကဏ္ဍနှစ်ခုဖြစ်သည်။ ဤကဏ္ဍနှစ်ခုမှာ မည်သည်တို့ဖြစ်သနည်း။ (ကြီးမားသောရှုထောင့်မှဆိုလျှင်၊ ဘုရားသခင်သည် လူသား အသက်ရှင်သည့် ပတ်ဝန်းကျင်ကို ဖန်ဆင်းခဲ့၏။ ယင်းသည် ပထမကဏ္ဍဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်က လိုအပ်ပြီး မြင်နိုင်၊ ထိတွေ့နိုင်သည့် ဤရုပ်ဝတ္ထုပစ္စည်းများကိုလည်း ပြင်ဆင်ခဲ့၏။) ဤကဏ္ဍနှစ်ခု မှတဆင့် ငါတို့သည် ငါတို့၏ အဓိကအကြောင်းအရာကို ဆွေးနွေးပြီး ဖြစ်သည်။ ငါတို့၏ အဓိက အကြောင်းအရာမှာ အဘယ်အရာနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) ဤခေါင်းစဉ်နှင့် ပတ်သက်၍ ငါ၏ မိတ်သဟာယတွင် ထိုသို့သော အကြောင်းအရာများ အဘယ်ကြောင့် ရှိခဲ့သည်ကို သိနားလည်မှုအချို့ သင်တို့ ယခု ရှိသင့်ကြ၏။ အဓိက အကြောင်းအရာနှင့် ဆက်စပ်မှုမရှိသော ဆွေးနွေးမှု တစ်ခုတစ်လေ ရှိလေပြီလော။ လုံးဝ မရှိပါ။ ဤအရာတို့ကို ကြားပြီးနောက် သင်တို့ထဲမှ အချို့သည် သိနားလည်မှု အချို့ရရှိပြီး ဤနှုတ်ကပတ်တော်များသည် ဩဇာသက်ရောက်မှုရှိသည်၊ ၎င်းတို့သည် အလွန်အရေးကြီးသည်ဟု ယခု ထင်ကောင်း ထင်ကြလိမ့်မည်ဖြစ်သော်လည်း အခြားသူများသည် တိုက်ရိုက် နားလည်မှု အချို့သာရှိပြီး ဤနှုတ်ကပတ်တော်များသည် ၎င်းတို့ အထဲနှင့် ၎င်းတို့ကိုယ်၌က အရေးမကြီးဟု ထင်ကောင်း ထင်ကြပေမည်။ လက်ရှိအခိုက်အတန့်တွင် သင်တို့ ဤအရာကို မည်သို့နားလည်သည်ဖြစ်စေ သင်တို့၏ အတွေ့အကြုံသည် တစ်နေ့နေ့ကို ခရီးပေါက်သည့်အချိန်၊ သင်တို့၏သိနားလည်မှုသည် အဆင့်တစ်ခုခုသို့ ရောက်သည့်အချိန်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဘုရားသခင် ကိုယ်တိုင်နှင့်သက်ဆိုင်သော သင်တို့၏အသိပညာက အဆင့်တစ်ခုခုသို့ ရောက်ရှိသည့်အချိန်တွင်၊ သင်တို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုများအဖို့ လေးနက်ပြီး ရိုးသားစစ်မှန်သော သက်သေခံချက်တစ်ခုကို ပေးရန် သင်တို့ ကိုယ်တိုင်၏ လက်တွေ့ကျသောစကားများကို အသုံးပြုကြလိမ့်မည်။

သင်တို့၏ လက်ရှိသိနားလည်မှုသည် အတော်အတန် အပေါ်ယံဖြစ်ပြီး တိုက်ရိုက်ဖြစ်သည်ဟု ငါထင်၏၊ သို့သော် ငါ၏ ကဏ္ဍနှစ်ခု မိတ်သဟာယကို ကြားရင်းဖြင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ရန် မည်သည့်နည်းများ အသုံးပြုသည်၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်အရာများ ဘုရားသခင် ထောက်ပံ့သည်ကို အနည်းဆုံး သင်တို့သတိပြုမိနိုင်ကြသလော။ သင်တို့၌ အခြေခံယူဆချက်တစ်ရပ်၊ အခြေခံ သိနားလည်မှုတစ်ရပ် ရှိသလော။ (ရှိပါ၏။) သို့သော် ငါဆွေးနွေးခဲ့သည့် ဤကဏ္ဍနှစ်ခုသည် သမ္မာကျမ်းစာနှင့် ဆက်နွှယ်မှုရှိသလော။ (မရှိပါ။) ၎င်းတို့သည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် ဆက်နွှယ်မှုရှိသလော။ (မရှိပါ။) ထိုသို့ဆိုလျှင် ငါသည် ထိုအရာများနှင့်ပတ်သက်၍ အဘယ်ကြောင့် ဆွေးနွေးခဲ့သနည်း။ ယင်းမှာ ဘုရားသခင်ကို သိဖို့ ထိုအရာများကို လူတို့နားလည်ရမည်ဖြစ်သောကြောင့်လော။ (ဟုတ်ပါသည်။) ဤအရာများကိုသိရန် အလွန်လိုအပ်ပြီး ၎င်းတို့ကို နားလည်ရန်လည်း အလွန်လိုအပ်သည်။ ဘုရားသခင်ကို အလုံးစုံ သိနားလည်ဖို့ သင်တို့ကြိုးစားကြသည်နှင့်အမျှ၊ သင့်ကိုယ်သင် သမ္မာကျမ်းစာနှင့် မကန့်သတ်နှင့်၊ ပြီးလျှင် လူသားနှင့်သက်ဆိုင်သော ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် သင့်ကိုယ်သင် မကန့်သတ်နှင့်။ ဤအရာ ပြောဆိုရာတွင် ငါ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်သည် သူ့ရွေးချယ်ခံလူတို့၏ ဘုရားသခင်သာမဟုတ်သည်ကို လူတို့အား သိခွင့်ပေးဖို့ ဖြစ်သည်။ သင်သည် လောလောဆယ် ဘုရားသခင်နောက်သို့ လိုက်ပြီး၊ သူသည် သင်၏ဘုရားသခင်ဖြစ်သော်လည်း သူ့နောက်သို့ မလိုက်သော သူတို့၏ ဘုရားသခင် ဖြစ်သလော။ ဘုရားသခင်သည် သူ့နောက်သို့ မလိုက်သောသူတို့အားလုံး၏ ဘုရားသခင်လော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဘုရားသခင်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်၏အမှုနှင့် လုပ်ဆောင်ချက်များသည် နယ်ပယ်အရ သူ့နောက်လိုက်သောသူတို့ထိမျှသာ ကန့်သတ်ပါသလော။ (မကန့်သတ်ပါ။) သူ၏အမှုနှင့် လုပ်ဆောင်ချက်များ၏ နယ်ပယ်မှာ အဘယ်နည်း။ အနည်းဆုံးအနေဖြင့်၊ သူ၏ အမှုနှင့် လုပ်ဆောင်ချက်များ၏ နယ်ပယ်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် ဖန်ဆင်းခြင်း အရာအားလုံးကို ခြုံငုံပေသည်။ အများဆုံးအနေဖြင့်၊ ယင်းသည် လူတို့ မမြင်နိုင်သည့် စကြဝဠာတစ်ခုလုံးကို ခြုံငုံ၏။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကြားတွင် သူ၏အမှုကို လုပ်ဆောင်ပြီး သူ၏လုပ်ဆောင်မှုများကို ဆောင်ရွက်ကာ၊ ဤအရာသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် လူတို့သိလာဖို့ အခွင့်ပေးရန် လုံလောက်ပေသည်။ သင်သည် ဘုရားသခင်ကို သိချင်ပါက၊ သူ့ကို အမှန်တကယ် သိကျွမ်းလိုပါက၊ သူ့ကို အမှန်တကယ် နားလည်လိုပါက၊ သင့်ကိုယ်သင် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်နှင့်သာ သို့မဟုတ် အတိတ်က သူ ဆောင်ရွက်ခဲ့သည့် အမှုဇာတ်ကြောင်းများနှင့်သာ မကန့်သတ်လေနှင့်။ သင်သည် သူ့ကို ထိုနည်းဖြင့် သိရန်ကြိုးစားပါက သင်သည် ဘုရားသခင်အား ကန့်သတ်ချက်များ ထားရှိနေခြင်း၊ သူ့ကို ဘောင်ခတ်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်အား အလွန်သေးနုပ်သော အရာတစ်ခုအဖြစ် မြင်နေခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လူတို့ကို မည်သို့ ထိခိုက်မည်နည်း။ သင်သည် ဘုရားသခင်၏ အံ့သြဖွယ်ရာကောင်းခြင်းနှင့် သာလွန်မှုတို့ကို မည်သည့်အခါမျှ သိနိုင်မည် မဟုတ်သကဲ့သို့ သူ၏တန်ခိုး၊ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနှင့် သူ၏ ဩဇာအာဏာ အတိုင်းအတာတို့ကိုလည်း မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပေ။ ထိုသို့သော သိနားလည်မှုတစ်ရပ်သည် ဘုရားသခင်မှာ အရာခပ်သိမ်း၏ အုပ်စိုးရှင်ဖြစ်သည်ဆိုသည့် သမ္မာတရားအား သင်၏လက်ခံနိုင်စွမ်းအပြင် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်ဆိုင်သည့် သင်၏ အသိပညာအပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ကို သင်၏သိနားလည်ခြင်းသည် အတိုင်းအတာအားဖြင့် အကန့်အသတ်ရှိပါက၊ သင်ရရှိနိုင်သည့် အရာသည်လည်း အကန့်အသတ်ရှိ၏။ ဤသည်မှာ သင့်အနေဖြင့် သင်၏အတိုင်းအတာကို ချဲ့ထွင်ကာ သင်၏နယ်ပယ်ကို တိုးချဲ့ရမည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားအမှု၏ နယ်ပယ်၊ သူ၏ စီမံခန့်ခွဲမှု၊ သူ၏အုပ်စိုးမှုနှင့် သူ စီမံခန့်ခွဲသည့် အရာအားလုံးနှင့် သူ အုပ်စိုးသည့် အရာများ- ထိုအရာအားလုံးကို သင် နားလည်ဖို့ ကြိုးစားသင့်၏။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင် သိလာသင့်သည်မှာ ဤအရာများမှတဆင့် ဖြစ်သည်။ ထိုသို့သော နားလည်မှုတစ်ခုဖြင့်၊ ၎င်းတို့ကြားတွင် ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးသည်၊ စီမံခန့်ခွဲပြီး ထောက်ပံ့သည်ကို မရည်ရွယ်ဘဲ သင်ခံစားလာ ရလိမ့်မည်ဖြစ်ပြီး၊ သင်သည် အရာခပ်သိမ်း၏ အစိတ်အပိုင်း တစ်ရပ်နှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သည်ကိုလည်း အမှန်တကယ် ခံစားရလိမ့်မည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထောက်ပံ့ပေးသည်နှင့်အမျှ၊ သင်သည်လည်း ဘုရားသခင်၏ အုပ်စိုးမှုနှင့် ထောက်ပံ့မှုကို လက်ခံလျက်ရှိပေသည်။ ဤသည်မှာ မည်သူမျှမငြင်းနိုင်သည့် အမှန်တရားဖြစ်သည်။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ ၎င်းတို့၏ ကိုယ်ပိုင် နိယာမများကို လိုက်နာရပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင်၊ အရာခပ်သိမ်းသည် ရှင်သန်မှုအတွက် မိမိတို့ကိုယ်ပိုင် စည်းမျဉ်းများ ရှိကြလေသည်။ လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် လိုအပ်ချက်များ သည်လည်း ဘုရားသခင်၏အုပ်စိုးမှုနှင့် ထောက်ပံ့မှုတို့ဖြင့် အတူတကွ ဆက်နွှယ်၏။ ယင်းမှာ ဘုရားသခင်၏စိုးမိုးမှုနှင့် အုပ်စိုးမှု အောက်တွင် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့သည် ဆက်နွှယ်ကြသည်၊ တစ်ဦးကိုတစ်ဦး အမှီပြုကြပြီး ကံတူ အကျိုးပေးတူကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်နှင့် တန်ဖိုးဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

အမှာစကား ချန်ခဲ့မည်