စာရင်း

ဘုရားသခင်သည် ငှက်နှင့် သားရဲတိရစ္ဆာန်အမျိုးမျိုး၊ ငါးများ၊ ပိုးမွှားများနှင့် အပင်များအားလုံးအတွက်လည်း နယ်နိမိတ်စည်းမျဉ်းများ ရေးဆွဲခဲ့သည်

ဘုရားသခင်သည် ငှက်နှင့် သားရဲတိရစ္ဆာန်အမျိုးမျိုး၊ ငါးများ၊ ပိုးမွှားများနှင့် အပင်များအားလုံးအတွက်လည်း နယ်နိမိတ်စည်းမျဉ်းများ ရေးဆွဲခဲ့သည်။

ဘုရားသခင် ရေးဆွဲထားသည့် ဤနယ်နိမိတ်များကြောင့် မြေအနေအထားအမျိုးမျိုးသည် ရှင်သန်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်များကို ဖြစ်ပေါ်စေပြီး၊ ရှင်သန်မှုအတွက် ဖြစ်သည့် ဤပတ်ဝန်းကျင်များသည် ငှက်များနှင့် သားရဲတိရစ္ဆာန် အမျိုးမျိုးတို့အတွက် အဆင်ပြေပြီးဖြစ်ကာ၊ ယင်းတို့ကို ရှင်သန်ဖို့ နေရာလည်း ပေးထားပြီး ဖြစ်သည်။ ဤအရာမှ သက်ရှိသတ္တဝါ အမျိုးမျိုး၏ ရှင်သန်မှု ပတ်ဝန်းကျင်များအတွက် နယ်နိမိတ်များ ဖြစ်ပေါ်ပြီးဖြစ်သည်။ ဤသည်မှာ နောက်တွင် ငါတို့ ‌ဆွေးနွေးပြောဆိုမည့် ဒုတိယအပိုင်း ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့်၊ ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ပိုးမွှားများက မည်သည့်နေရာတွင် အသက်ရှင်နေထိုင် ကြသနည်း။ သစ်တောများနှင့် သစ်ပင်အုပ်များတွင် နေကြသလော။ ဤအရာများသည် ၎င်းတို့၏ နေအိမ်များ ဖြစ်သည်။ ထို့ကြောင့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးအတွက် နယ်နိမိတ်စည်းများ ထူထောင်ခြင်းအပြင်၊ ဘုရားသခင်သည် အမျိုးမျိုးသော ငှက်များနှင့် သားရဲတိရစ္ဆာန်များ၊ ငါးများ၊ ပိုးမွှားများနှင့် အပင်များ အားလုံးအတွက်လည်း နယ်နိမိတ်စည်းများ ရေးဆွဲခဲ့ပြီး၊ နိယာမများကို ထူထောင်ခဲ့သည်။ အမျိုးမျိုးသော ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များကြားက မတူညီမှုများကြောင့်နှင့် မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များ တည်ရှိမှုကြောင့်၊ မတူညီသည့် ငှက်အမျိုးအစားများနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးများ၊ ပိုးမွှားများနှင့် အပင်တို့သည် ရှင်သန်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်များ ရှိကြလေသည်။ ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ပိုးမွှားများသည် အပင် အမျိုးမျိုး ကြားတွင် နေထိုင်ကြသည်၊ ငါးများက ရေထဲတွင်နေပြီး အပင်များက မြေပေါ်တွင် ပေါက်ကြသည်။ ကုန်းမြေတွင် တောင်များ၊ လွင်ပြင်များနှင့် တောင်ကုန်းများကဲ့သို့သော နယ်မြေ အမျိုးမျိုးပါဝင်သည်။ ငှက်များနှင့် သားရဲ တိရစ္ဆာန်တို့သည် ၎င်းတို့၏ သတ်မှတ်ထားသည့် နေအိမ် ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဟိုဟိုသည်သည် မည်သည့်လမ်းကိုမဆို လှည့်လည်မသွားလာတော့မည် မဟုတ်ပေ။ ၎င်းတို့၏ နေအိမ်များသည် တောများနှင့် တောင်များဖြစ်သည်။ အကယ်၍ တစ်နေ့တွင် ၎င်းတို့၏ နေအိမ်များ ဖျက်ဆီးခံရပါက၊ ဤစနစ်ကျမှုသည် ပရမ်းပတာ ဖြစ်သွားပေလိမ့်မည်။ စနစ်ကျမှုက ပရမ်းပတာ ဖြစ်သွားသည် နှင့်တစ်ပြိုင်နက် အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ပထမဦးဆုံး ထိခိုက်မည့်သူများမှာ မည်သူတို့ ဖြစ်သနည်း။ (လူသားမျိုးနွယ်ဖြစ်ပါသည်။) လူသားမျိုးနွယ် ဖြစ်သည်။ ဘုရားသခင် ထူထောင်ပြီးဖြစ်သည့် ဤနိယာမများနှင့် အကန့်အသတ်များ အတွင်းတွင်၊ တစ်မူထူးခြားသည့်ဖြစ်ရပ် တစ်ခုတစ်လေကို သင်တို့ တွေ့ဖူးသလော။ ဥပမာအားဖြင့်၊ ဆင်များက သဲကန္တာရထဲတွင် လမ်းလျှောက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော အရာ တစ်ခုတစ်လေကို သင်တို့ တွေ့ဖူးသလော။ ဆင်များသည် တောထဲတွင်နေထိုင်ပြီး ယင်းမှာ ၎င်းတို့အတွက် ဘုရားသခင် ပြင်ဆင်ထားခဲ့သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင် ဖြစ်သောကြောင့်၊ ဤအရာ အမှန်တကယ် ဖြစ်ပျက်ခဲ့ပါက၊ အလွန်ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေမည်။ ၎င်းတို့သည် ရှင်သန်မှုအတွက် ၎င်းတို့၏ ကိုယ်ပိုင် ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ ကိုယ်ပိုင် သတ်မှတ်ထားသည့် နေအိမ် ရှိလေသည်၊ ထို့ကြောင့် ဆင်သည် အဘယ်ကြောင့် ဟိုဟိုသည်သည် ပြေးလွှားနေမည်နည်း။ ခြင်္သေ့ သို့မဟုတ် ကျားများက သမုဒ္ဒရာကမ်းစပ်နားတွင် လမ်းလျှောက်နေ ကြသည်ကို တစ်ဦးတစ်လေက မြင်ဖူးသလော။ သင် မမြင်ဖူးပါချေ။ ခြင်္သေ့နှင့် ကျားတို့၏ နေအိမ်သည် သစ်တောများနှင့် တောင်များဖြစ်သည်။ သမုဒ္ဒရာထဲက ဝေလငါးများ သို့မဟုတ် ငါးမန်းများက သဲကန္တာရကို ဖြတ်ကူးခတ်နေကြသည်ကို တစ်ဦးတစ်လေက မြင်ဖူးပါသလော။ သင် မမြင်ဖူးပါပေ။ ဝေလငါးများနှင့် ငါးမန်းများသည် သမုဒ္ဒရာထဲတွင် ၎င်းတို့၏ နေအိမ်ကို ပြုလုပ်ကြပေသည်။ လူသားများ၏ ရှင်သန်မှု ပတ်ဝန်းကျင်တွင် ဝက်ဝံညိုများနှင့်အတူ နေထိုင်သည့်လူများ ရှိသလော။ ၎င်းတို့ နေအိမ်များ၏ အတွင်းအပြင်တွင် ဒေါင်းများ သို့မဟုတ် အခြားငှက်များ အမြဲတမ်းဝန်းရံသည့် လူများ ရှိသလော။ လင်းယုန်များ သို့မဟုတ် တောငန်းများက မျောက်များနှင့် ဆော့ကစားနေကြသည်ကို တစ်ဦးတစ်ယောက်က မြင်ဖူးပါသလော။ (မမြင်ဖူးပါ။) ဤအရာများအားလုံးက တစ်မူထူးဆန်းသည့် ဖြစ်ရပ်များ ဖြစ်ကြပေမည်။ သင်တို့၏ နားတွင် တစ်မူထူးခြားပုံပေါ်သည့် ဤအရာများကို ငါပြောဆိုရသည့် အကြောင်းရင်းမှာ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာခပ်သိမ်းသည်- တစ်နေရာထဲတွင် ၎င်းတို့ ပုံသေသတ်မှတ်ခံရသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူနိုင်သည်ဖြစ်စေ၊ အသက်မရှူနိုင်သည်ဖြစ်စေ- ရှင်သန်မှုအတွက် မိမိတို့၏ ကိုယ်ပိုင် နိယာမများရှိသည်ကို သင်တို့အား နားလည်စေရန်ဖြစ်သည်။ ဤသက်ရှိသတ္တဝါများကို ဘုရားသခင် မဖန်ဆင်းမီ အချိန်ကြာမြင့်စွာကတည်းက၊ ဘုရားသခင်သည် ရှင်သန်မှုအတွက် ၎င်းတို့၏ ကိုယ်ပိုင် နေအိမ်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ပတ်ဝန်းကျင်ကို ၎င်းတို့အတွက် ပြင်ဆင်နှင့်ခဲ့ပြီး ဖြစ်သည်။ ဤသက်ရှိသတ္တဝါများသည် ရှင်သန်မှုအတွက် ၎င်းတို့၏ သတ်မှတ်ထားသည့် ကိုယ်ပိုင် ပတ်ဝန်းကျင်၊ ၎င်းတို့၏ ကိုယ်ပိုင်အစားအစာနှင့် ၎င်းတို့၏ သတ်မှတ်ထားသည့် ကိုယ်ပိုင် နေအိမ်များရှိကြပြီး၊ ၎င်းတို့၏ ရှင်သန်မှုအတွက် သင့်တော်သော သတ်မှတ်ထားသည့် ကိုယ်ပိုင်နေရာများ၊ ၎င်းတို့၏ ရှင်သန်မှုအတွက် သင့်တော်သည့် အပူချိန်များရှိသည့် နေရာများ ရှိခဲ့ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် မည်သည့်လမ်းကိုမဆို ဟိုဟိုသည်သည် လှည့်လည်သွားလာခြင်း သို့မဟုတ် လူသားမျိုးနွယ်၏ ရှင်သန်မှုကို ထိခိုက်ခြင်း သို့မဟုတ် လူတို့၏ ဘဝများကို သက်ရောက်စေခြင်းတို့ ပြုမည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်က ရှင်သန်မှုအတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်ကို လူသားမျိုးနွယ်အတွက် ထောက်ပံ့ပေးရင်း၊ အရာအားလုံးကို စီမံခန့်ခွဲသည့်ပုံ ဖြစ်သည်။ အရာခပ်သိမ်း အတွင်းရှိ သက်ရှိသတ္တဝါအသီးသီးသည် ရှင်သန်မှုအတွက် ၎င်းတို့၏ ကိုယ်ပိုင် ပတ်ဝန်းကျင်များ အတွင်းတွင် ၎င်းတို့၏ကိုယ်ပိုင် အသက်ကို အားဖြည့်ပေးသည့် အစားအစာ ရှိကြသည်။ ထိုအစားအစာများနှင့်အတူ၊ ၎င်းတို့သည် ရှင်သန်မှုအတွက် ၎င်းတို့၏ ဇာတိပတ်ဝန်းကျင်ဖြင့် ဆက်သွယ်မှု ရှိပေသည်။ ထိုပတ်ဝန်းကျင်မျိုးတွင်၊ ၎င်းတို့သည် ဘုရားသခင်က သူတို့အတွက် ချမှတ်ခဲ့သည့် နိယာမများနှင့်အညီ ဆက်လက် ရှင်သန်၊ တိုးပွားကာ ရှေ့ဆက်ကြလေသည်။ ဤနိယာမ အမျိုးအစားများကြောင့်၊ ဘုရားသခင်၏ ကြိုတင်ပြဌာန်းခြင်းကြောင့်၊ အရာခပ်သိမ်းသည် လူသားမျိုးနွယ်နှင့် သဟဇာတဖြစ်ခြင်းဖြင့် ရှင်သန်ပြီး လူသားမျိုးနွယ်သည် အရာခပ်သိမ်းနှင့်အတူ အပြန်အလှန် မှီခိုခြင်းဖြင့် အတူတကွ ယှဉ်တွဲနေထိုင်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” မှ

အမှာစကား ချန်ခဲ့မည်