စာရင်း

ဆုတောင်းခြင်းနှင့်ပတ်သက်သည့် ကျမ်းစာကျမ်းပိုဒ် (၁၃) ခု- မိတ်ဆွေအား ဘုရားသခင်နှင့်ပိုမိုရင်းနှီးစေမည်

ဘဝတွင် စစ်မှန်သောဆုတောင်းခြင်းသည် ကျွန်ုပ်တို့အား ဘုရားသခင်၏လမ်းပြမှုကို အမြဲတစေရရှိကာ ဘုရားသခင်နှင့်အလွန်ရင်းနှီးသောဆက်နွယ်မှုရှိကြောင်းခံစားရစေပါသည် ။သို့သော် များစွာသောအချိန်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်ထံဆုတောင်းသော်လည်းတုံ့ပြန်မှုမရရှိပါ ဘုရားသခင်၏အတူပါရှိမှုကိုလည်းမခံစားရပါ ယင်းတို့သည်အဘယ်ကြောင့်နည်း။အောက်တွင်ဖော်ပြထားသော ဆုတောင်းခြင်းနှင့်ပတ်သက်သည့် ကျမ်းစာကျမ်းပိုဒ်နှင့်ဆောင်းပါး လက်ရွေးစင် (၁၃) ခုသည် ဘုရားသခင်၏နားညောင်းခြင်းကိုရရှိပြီး ဘုရားသခင်နှင့်ပိုမိုရင်းနှီးစေမည့် ဆုတောင်းနည်းကို မိတ်ဆွေအားပြောပြပေးမည်ဖြစ်သည်။

တဖန်မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။ (ယေရမိအနာဂတ္တိကျမ်း ၂၉:၁၂)

တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါး ကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ (ရှင်လုကာခရစ်ဝင် ၁၁:၉)

ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်။ (ရှင်ယောဟန်ခရစ်ဝင် ၄:၂၄)

တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ (ရှင်မဿဲခရစ်ဝင် ၁၈:၁၉)

သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်း တော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။ (ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၃)

သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆို သည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။ (ရှင်မဿဲခရစ်ဝင် ၆:၅)

သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။ (ရှင်မဿဲခရစ်ဝင် ၆:၆)

သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။ (ရှင်မဿဲခရစ်ဝင် ၆:၇)

ဆုတောင်းပဋ္ဌနာပြုခြင်းအမှုကို အမြဲပြု၍၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။ (ကောလောသဲ​ဩဝါဒစာ ၄:၂)

အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီး သောပဌနာ သည် အလွန်တန်ခိုးပါ၏။ (ရှင်ယာကုပ်​‌ဩဝါဒစာ ၅:၁၆)

ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့။ (ယေရမိမြည်တမ်းစကား ၃:၄၁)

အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ (ဖိလိပ္ပိ​ဩဝါဒစာ ၄:၆)

ထိုကြောင့်ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည်။ (ရှင်မာကုခရစ်ဝင် ၁၁:၂၄)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်က ပြောသည်- “ဆုတောင်းခြင်းဟာ လူကဘုရားနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ လူက ဘုရားကို ခေါ်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။ လူဟာ ဘုရားရဲ့ ဝိညာဉ်တော်အားဖြင့် ထိတွေ့ခြင်း ခံရတဲ့ ဖြစ်စဉ်လည်း ဖြစ်တယ်။ ဆုမတောင်းတဲ့သူတွေဟာ ဝိညာဉ်တော်မရှိတဲ့ လူသေတွေလို့ ပြောနိုင်တယ်။ သူတို့မှာ ဘုရားရဲ့ တို့ထိခြင်း ခံရဖို့ အစွမ်းအစနည်းကြောင်းကို ဖော်ပြတဲ့ သက်သေ ဖြစ်တယ်။ ဆုတောင်းခြင်း မရှိလျှင် လူတွေဟာပုံမှန်ဝိညာဉ်ရေးရာ အသက်တာကို မရရှိနိုင်ဘူး။ သန်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနောက်သို့ လိုက်ဖို့ဆို ပိုပြီးတော့ မတတ်နိုင်ကြဘူး။ ဆုမတောင်းဘဲနေတာက သူတို့နဲ့ ဘုရားရဲ့ အကြားမှာရှိတဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်တာပဲ၊ အဲဒီလိုလုပ်တဲ့ သူတွေဟာ ဘုရား မျက်နှာသာပေးခြင်းကို လက်ခံနိုင်စွမ်း မရှိတဲ့သူတွေ ဖြစ်တယ်။ ဘုရားကို ယုံကြည်သူ တစ်ယောက်အနေနဲ့ သင်ဟာ ပိုပြီး ဆုတောင်းလေလေ ဘုရားရဲ့ ထိတွေ့မှုကို ပိုရရှိလေလေ ဖြစ်တယ်။ အဲဒီလိုလူတွေရဲ့ ဆုံးဖြတ်ချက်က ပိုမိုခိုင်မာပြီး ဘုရားဆီက ခေတ်အမှီဆုံး ဉာဏ်အလင်းကို ပိုပြီးလက်ခံနိုင်စွမ်းရှိတဲ့ သူတွေ ဖြစ်တယ်။ အကျိုးရလဒ်အနေနဲ့ အဲဒီလိုလူတွေကိုသာ သန့်ရှင်းသော ဝိညာဉ်တော်က အမြန်ဆုံး ပြီးပြည့်စုံအောင် လုပ်ပေးနိုင်တယ်။”

“အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ သင့်နှလုံးသားထဲက စကားတွေကို ဘုရားကို ပြောခြင်းကို ပြောတာပါ၊ ဘုရားရဲ့ အလိုက ဘာလဲဆိုတာကိုသိ၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေ အပေါ်မှာလည်း အခြေပြုပြီး ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခြင်းကို ပြောတာ ဖြစ်တယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ အထူးသဖြင့် ဘုရားနဲ့ နီးကပ်နေသလို ခံစားရခြင်း၊ ဘုရားက သင့်ရှေ့မှာ ရှိနေသလို ခံစားရခြင်း၊ သင့်မှာ သူ့ကို ပြောစရာတစ်ခုခု ရှိနေတယ်လို့ ခံစားရခြင်း၊ သင့်ရဲ့ နှလုံးသားထဲက အလင်းရောင် ဖြာထွက်နေသလို ခံစားရခြင်း၊ ဘုရားက ထူးထူးခြားခြား နှစ်လိုဖွယ် ကောင်းတယ်လို့ ခံစားရခြင်းကို ဆိုလိုတယ်။ သင်ဟာ အထူးသဖြင့် စိတ်ထဲမှာ နှိုးကြွခြင်းကို ခံစားရမယ်။ သင့်ရဲ့ စကားလုံးတွေကို ကြားပြီးနောက်မှာ သင့်ညီအစ်ကို မောင်နှမတွေဟာ အားရကျေနပ်မှုကို ခံစားရမယ်။ သင်ပြောတဲ့ စကားလုံးတွေက သူတို့ နှလုံးသားထဲမှာရှိတဲ့ စကားလုံး၊ သူတို့ပြောချင်နေတဲ့ စကားလုံးတွေ ဖြစ်နေတာကို ခံစားရပြီး သင်ပြောသမျှဟာ သူတို့ပြောချင်နေတဲ့ အရာကို ကိုယ်စား ပြုနေတယ်လို့ ခံစားရမယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဒါကို ဆိုလိုပါတယ်။ သင်ဟာ အမှန်တကယ် ဆုတောင်းပြီးတဲ့အခါမှာ သင့်ရဲ့နှလုံးသားမှာ ငြိမ်သက်ခြင်း၊ အားရကျေနပ်ခြင်းကို ခံစားရမယ်။ ဘုရားကို ချစ်နိုင်စွမ်း တိုးလာပြီး သင်ဟာ သင့်ဘဝတစ်ခုလုံးက ဘယ်အရာမှ ဘုရားကို ချစ်ခြင်းထက်ပိုပြီး ထိုက်တန်ခြင်း၊ အရေးပါခြင်း မရှိတာကို ခံစားရလိမ့်မယ်။ အဲဒီအရာတွေ အားလုံးက သင့်ရဲ့ဆုတောင်းခြင်း ထိရောက်တယ် ဆိုတာကို သက်သေပြလိမ့်မယ်။ သင်ဟာ အဲဒီလိုမျိုး ဆုတောင်း ဖူးသလား။”

“ဆုတောင်းနေစဉ် ဘုရားရှေ့မှာ သင့်နှလုံးသားဟာ ငြိမ်းသက်ခြင်းရှိနေရမယ်၊ ရိုးသားရမယ်။ သင်ဟာ ဘုရားနဲ့ အမှန်တကယ် ရင်းရင်းနှီးနှီး စကားပြောပြီး ဆုတောင်းနေခြင်း ဖြစ်တယ်။ နားထောင်ကောင်းတဲ့ စကားလုံးတွေကို သုံးပြီး ဘုရားကို မလှည့်စားရဘူး။ ဘုရား ဒီနေ့ ဘာကို ပြီးမြောက်အောင် လုပ်ချင်လဲ ဆိုတဲ့ အချက်အပေါ်မှာ ဗဟိုပြုပြီး ဆုတောင်းရမယ်။ ပိုမိုကောင်းမွန်တဲ့ အသိအမြင်ကြွယ်ဝမှုနဲ့ ဖွင့်ပြခြင်းကို သင့်ထံပေးဖို့ ဘုရားကို တောင်းဆိုပါ။ သင့်ရဲ့အခြေအနေမှန်နဲ့ ပြဿနာတွေကို ဘုရားရဲ့ရှေ့ကို ယူလာပြီး ဆုတောင်းပါ။ ဘုရားရှေ့မှာ ဆက်ကပ်အပ်နှံပါ။ ဆုတောင်းခြင်းဟာ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်ခြင်း မဟုတ်ဘဲ သင့်ရဲ့စစ်မှန်တဲ့ နှလုံးသားကို အသုံးပြုပြီး ဘုရားကို ရှာဖွေခြင်း ဖြစ်တယ်။ ဘုရားရှေ့မှာ ငြိမ်သက်ခြင်းရှိဖို့၊ သင့်ကိုယ်သင် သိဖို့၊ သင့်ကိုယ်သင် ရွံရှာဖို့၊ ဘုရား ပြင်ဆင်ပေးထားတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကို စွန့်လွှန်နိုင်ဖို့အတွက် သင့်နှလုံးသားကို ကာကွယ်ဖို့ ဘုရားကို တောင်းလျှောက်ပါ။ ဘုရားနဲ့ ပုံမှန်ဆက်ဆံရေး ရှိနိုင်ဖို့၊ ဘုရားကို အမှန်တကယ် ချစ်တဲ့သူတစ်ယောက် ဖြစ်နိုင်ဖို့ အတွက် ဖြစ်တယ်။”

လူကြိုက်များသော အကြောင်းအရာ-

အမှာစကား ချန်ခဲ့မည်