စာရင်း

ကုသ၍မရနိုင်သည့် ဆီးထဲသွေးပါခြင်းရောဂါ စွဲကပ်ပြီးနောက်ပိုင်း ကျွန်မသည် နတ်ဆိုးရောဂါကို အောင်မြင်ခဲ့ပုံ

ကျွန်မ၏ ကုသ၍မရနိုင်သည့်ရောဂါကို ရှာဖွေတွေ့ရှိရင်းဖြင့် စိတ်နှလုံး မချမ်းမြေ့မှု ကို ခံစားရခြင်း

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကျွန်မသည် ဆီးထဲသွေးပါခြင်း ရောဂါကို စတင် ခံစားခဲ့ရပြီး ဘေဂျင်းမြို့ရှိ လူသိများသည့် ဆေးရုံအချို့တွင် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ကျွန်မတွင် ပြင်းထန်သည့် ကျောက်ကပ်ရောဂါ ရှိသည်ဟု ရောဂါအကဲဖြတ်ခြင်း ခံခဲ့ရပါသည်။ ကျွန်မ အသက်ဆက်ရှင်နေရန် ကုသမှု နှစ်မျိုးသာ ရှိပါသည်။ တစ်မျိုးမှာ ကျောက်ကပ်အစားထိုးကုသခြင်း နှင့် အခြားတစ်မျိုးမှာ ကျောက်ကပ်ဆေးခြင်း ဖြစ်ပါသည်။ ဤရလဒ်သည် ကျွန်မအတွက် သေဒဏ်ပေးခံရခြင်းနှင့် ထူးမခြားနားသာ ဖြစ်ခဲ့သည်။ ကျောက်ကပ် အစားထိုးကုသခြင်းသည် ကျွန်မကဲ့သို့ သာမာန်အလုပ်သမား တစ်ယောက် အနေဖြင့် တတ်နိုင်ရန် အလှမ်းဝေး လှသောကြောင့် ကျွန်မ တွေးပင် မတွေးဝံ့ခဲ့ပါ။ အခြားတစ်ဖက်တွင်လည်း ကျောက်ကပ်ဆေးခြင်းသည် ကုသမှုတစ်ကြိမ်လျှင် ယွမ် ၆၀၀ကျော် ကုန်ကျမည် ဖြစ်ပြီး၊ ကျွန်မအနေဖြင့် သီတင်းတစ်ပတ်လျှင် ၃ကြိမ် ကျောက်ကပ်ဆေးခြင်းကို လိုအပ်မည် ဖြစ်ကာ၊ ဆိုလိုသည်မှာ ကျွန်မသည် ကျွန်မခင်ပွန်း၏ တစ်လစာနီးပါးကို သီတင်းပတ်တိုင်း သုံးစွဲနေ ခြင်းသာဖြစ်၍ ရေရှည်တွင် ကျွန်မတို့ စုဆောင်းငွေလေးများသည် ထိုသို့သော ကုန်ကျစရိတ်အဆင့်မျိုးကို အချိန်ကြာကြာ ထောက်ပံ့နိုင် မဟုတ်ပါ။ ထိုကုသမှု နှစ်မျိုးလုံး၏ ကုန်ကျစရိတ်ကို ကျွန်မ လုံးဝ မတတ်နိုင် ခဲ့ပါ။ အခြားရွေးချယ်မှုလည်း မရှိပဲနှင့် ကျွန်မမှာ နာကျင်မှု သက်သာစေရန် တရုတ်ဆေးဝါးများကိုသာ မှီခိုခဲ့ရပါသည်။

ကျွန်မ တရုတ်ဆေးဝါး အသုံးပြုစဉ်တွင် ကျွန်မသည် ဘုရားသခင်ကို အနူးအညွတ်တောင်းပန်ကာ ဆုတောင်းခဲ့ပြီး၊ ဘုရားသခင်က ကျွန်မကို အနာငြိမ်းစေရန် အရဲစွန့်လျက် မျှော်လင့်ရင်းဖြင့် ဘုရားသခင်ကို ကျွန်မ၏ တစ်ဉီးတည်းသော အထောက်အပံ့ နှင့် မျှော်လင့်ချက်အဖြစ် ယုံကြည်ခဲ့ပါသည်။ သို့သော်လည်း အချိန်အတန်ကြာပြီးနောက် ကျွန်မ၏ အနာရောဂါသည် တိုးတက်လာခြင်း မရှိခဲ့သည့်အပြင်၊ အမှန်မှာမူ ပို၍ပင် ဆိုးရွားလာခဲ့ပါသည်။ ကျွန်မက “ဘုရားသခင်က လူကိုချစ်တယ်၊ ပြီးတော့ ဘုရားသခင်က သေတဲ့သူကို ရှင်အောင် လုပ်နိုင်ပြီး ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ငါ့အနာရောဂါက ခက်ခဲတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါလည်း ဘုရားသခင်ကို ဆုတောင်းပြီးတဲ့ အတွက်ကြောင့် ငါ့အနေအထားက ဘာဖြစ်လို့ မတိုးတက်ရတာလဲ။ ပြီးတော့ ငါ အတိတ်မှာ ဒုက္ခဝေဒနာခံစားပြီး၊ အလုပ်အများကြီးလည်း လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဘုရားသခင်က ဘာဖြစ်လို့ ဒါကို သတိရပြီး ငါ့ရောဂါကို ကုမပေးတာလဲ။”ဟု တွေးမိသည်။

ကျွန်မ၏ ဒုက္ခခံစားရခြင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် နှစ်သိမ့်ခံရခြင်း

ကျွန်မသည် မိမိအနာရောဂါမှ နာကျင်မှု ဝေဒနာခံစားရခြင်း၌ အသက်ရှင် နေထိုင်ကာ၊ ဘုရားသခင်ကို ဆန့်ကျင် ညည်းတွားနေပါသည်။ ကျွန်မသည် အလွန်စိတ်ဆင်းရဲကာ မိမိအခြေအနေကို မည်သို့တွေ့ကြုံခံစားရမည်ကိုလည်း မသိခဲ့ပါ။ ကျွန်မ၏ အားနည်းခြင်းတွင် ကျွန်မသည် ဘုရားသခင် မျက်မှောက်တော်သို့သာ လာရောက်ပြီး၊ ကျွန်မ၏ နာကျင်မှုကို ဘုရားသခင်ကို ပြောပြကာ၊ ယခုအခြေအနေများတွင် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်စေဖို့အတွက် ကျွန်မကို လမ်းပြ ကူညီပါရန် တောင်းလျှောက် ရုံသာ ရှိပါတော့သည်။

နောက်ပိုင်းတွင် ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခဲ့ရသည်။ “တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် ကျွန်မ နာမကျန်းဖြစ်ခြင်း၏ ညှင်းပန်းမှုဒဏ် ကို ခံစားရသည့် အခြေအနေသည် ဘုရားသခင်က ကျွန်မ၏ ယုံကြည်မှုကို စစ်ဆေးပြီး ကျွန်မ ခိုင်မာစွာ ရပ်တည်ပြီး သက်သေခံနိုင်ခြင်း ရှိမရှိ၊ မညည်းတွားပဲနေခြင်း ရှိမရှိ နှင့် ဘုရားသခင်၏ အမှုတော်များကို မမြင်နိုင်ပဲနှင့် ကျွန်မ ခန္ဓာကိုယ် ဆင်းရဲဒုက္ခခံစားရချိန်တွင် ဘုရားသခင်ကို အထင်လွဲခြင်းရှိမရှိ တို့ကို ကြည့်နေခဲ့ခြင်းသာ ဖြစ်ကြောင်းကို ကျွန်မနားလည်ခဲ့ပါသည်။ ယောဘသည် သူ၏ များစွာသော ကြွယ်ဝမှု၊ သားသမီး ၁၀ ယောက် ကို ဆုံးရှုံးရသည့်အပြင်၊ အနာများဖြင့် ဖုံးလွှမ်းသည့်တိုင် ဘုရားသခင်ကို သူ၏ သစ္စာစောင့်သိခြင်းသည် ပြောင်းလဲခြင်း မရှိခဲ့သကဲ့သို့ပင် ဖြစ်ပါသည်။ သူသည် ခိုင်မာစွာ ရပ်တည်ပြီး၊ ဘုရားသခင်အတွက် လှပသော ပဲ့တင်ထပ်စေသည့် သက်သေခံချက်ကို ပေးခဲ့သည့်အပြင် စာတန်ကိုလည်း အရှက်တကွဲဖြစ်စေကာ ရှုံးနိမ့်စေခဲ့သည်။ ဤသည်မှာ စစ်မှန်သည့် ယုံကြည်မှု ဖြစ်ပါသည်။ သို့သော်လည်း ကျွန်မ နာမကျန်း ဖြစ်သည့်အခါတွင် ဘုရားသခင်ကို ဆုတောင်းခဲ့ပြီး၊ အနာငြိမ်းခြင်း မရရှိခဲ့ပါ၊ ကျွန်မသည် ညည်းတွားခြင်းများဖြင့် ပြည့်နှက်ကာ၊ ယုံကြည်မှု လည်းမရှိပဲ၊ ယောဘပြုခဲ့သည့်အရာနှင့် လုံးဝ ဆန့်ကျင်နေပါသည်။ ကျွန်မ အားနည်းနေချိန်တွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များဖြင့် လမ်းပြခြင်း နှင့် ကျွန်မသည် ဘုရားသခင်ကို ယုံကြည်ခြင်း မဆုံးရှုံးရလေအောင် သို့မဟုတ် ဘုရားသခင်ကို မငြင်းဆန်အောင် ယောဘ၏ နမူနာကို အသုံးပြုကာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ညွှန်ပြပေးခြင်းတို့အတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ခဲ့ပါသည်။ ကျွန်မသည် အားတက်လာပြီး၊ ဘုရားသခင်၏ နမူနာကို လိုက်လျှောက် လိုခဲ့ကာ၊ ကျွန်မ၏ နာမကျန်းဖြစ် ခြင်းကြောင့် ယုံကြည်မှု ကိုလည်း မဆုံးရှုံးလိုသည့်အပြင်၊ ခိုင်မာစွာ ရပ်တည်ပြီး သက်သေခံလိုပါသည်။

ကုသမှုအတွက် ငွေကြေးမရှိပဲနှင့် နာမကျန်းဖြစ်ခြင်း၊ ရွေးချယ်မှုများ ပျောက်နေခြင်း

လဝက်ခန့်အကြာတွင် ကျွန်မသည် နောက်ထပ်စမ်းသပ်မှုတစ်ခု အတွက် ဆေးရုံသွားသည့်အချိန်၌ ဆရာဝန်က ကျွန်မဆေးမှတ်တမ်း ရာဇဝင်နှင့် ရုပ်ပိုင်းဆိုင်ရာ အနေအထားတို့ကို ကြည့်ပြီး၊ ကျွန်မသည် ဆက်ပြီး ကုသမှုကို နှောင့်နှေးနေဦးမည် ဆိုပါက ကျွန်မ၏ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ပြောလာခဲ့သည်။သူက ကျွန်မ၏ စာရင်းသွင်းခကို ပြန်လည်ထုတ်ယူကာ၊ ကျောက်ကပ်ဆေးခြင်းကို ချက်ခြင်းစတင်ရန် ပြောပါသည်။ ဆရာဝန်ပြော သည်ကို ကြားပြီးနောက် ကျွန်မမှာ ဝိရောဓိဖြစ်နေခဲ့သည်။ ကျောက်ကပ်ဆေး ခြင်းမရှိပါက၊ ကျွန်မအနေအထားသည် ဆက်လက်ဆိုးရွား လာနိုင်ပြီး၊ သေနိုင်ပါသော်လည်း၊ ကုသမှုခံယူရန် ကျွန်မကြိုးစားသည့်တိုင် ၎င်းအတွက်ကို ကျွန်မ မပေးနိုင်ပါ။ ကျွန်မမှာ ဆီးထဲသွေးပါခြင်းရောဂါ ဖြစ်နေပြီး၊ ကုသမှုအခကြေးငွေအတွက် ပေးရန် ငွေကြေးမရှိသည်ကို ကျွန်မ ဆွေမျိုးများနှင့် မိတ်ဆွေများ သိကြသောကြောင့် သူတို့အားလုံးက ဝေးရာတွင်သာ နေခဲ့ကြသည်….ဒုက္ခဝေဒနာခံစားခြင်း ဝန်၊ သေခြင်းတရား၏ ခြိမ်းခြောက်မှု နှင့် ကျွန်မ၏ ငွေကြေးဆိုင်ရာ အကျပ်အတည်းများ သည် ကျွန်မနှလုံးသားကို မျှော်လင့်ချက်မဲ့ခြင်း နှင့် ဝမ်းနည်းမှုတို့ဖြင့် လေးလံစေခဲ့ပါသည်။ ကျွန်မသည် ဆေးရုံစင်္ကြန်လမ်းမှ ခုံလေးပေါ်တွင် ခံစားချက်မဲ့ကာ ထိုင်ပြီး၊ အားနည်းကာ ဘုရားသခင်ကို တိုင်တည် ငိုယိုဟစ်ကြွေးခြင်းကိုလည်း မရပ်နိုင်ခဲ့ပါ “ဘုရားသခင်၊ ကျွန်မအသက်တာက တကယ်ကို အဆုံးသတ်တစ်ခုကို ရောက်နေပြီလား။ ကျွန်မ ဒီတစ်ချိန်လုံး တရုတ်ဆေးဝါးတွေကို မပျက်မကွက် သောက်လာပြီး ကိုယ်တော့်ကို နေ့တိုင်း ဆုတောင်းခဲ့တာ၊ ဒါပေမဲ့လည်း ကျွန်မအနေအထားက မတိုးတက်လာပဲနဲ့ ပိုဆိုးလာပါတယ်။ ဘုရားသခင်၊ အခု ကျွန်မ ဘာလုပ်လို့ လုပ်ရမှန်း မသိပါဘူး။ ပြီးတော့ ကျွန်မ ကိုယ်တော့်ရဲ့ အလိုတော်ကို နားလည်အောင် ကျွန်မကို ကိုယ်တော့်ရဲ့ ဉာဏ်အလင်း ရစေတော်မူပါ”

ဆုတောင်းပြီးနောက် ကျွန်မ အနည်းငယ် တည်ငြိမ်လာခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဆိုင်ရာ ကျမ်းပိုဒ်တစ်ခုကို တွေးမိပါသည်။ “ယနေ့တွင် ကျမ်းဟောင်းတရားများ နှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကိုယ် မေးကြစို့- ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။” ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရင်ဆိုင်ရင်းဖြင့် ကျွန်မ အလွန်ပင် အရှက်ရခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်၏ အတည်ပြုချက်ရဖို့ထက် ကောင်းကြီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်ပါသည်။ ကျွန်မတို့က ဘုရားသခင်ကို ကျွန်မတို့ စိတ်နှလုံး၊ ဝိညာဉ် နှင့် ကြိုးစားအားထုတ်မှုများ တို့ဖြင့် အကြွင်းမဲ့ချစ်ပြီး၊ သန့်စင်သည့် နှလုံးသားဖြင့် ဘုရားသခင်ကို ကျေနပ်စေကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားနိုင်ရန်နှင့် လက်တွေ့ လုပ်ဆောင်နိုင်ရန် တို့ကို ဘုရားသခင်က လိုလားပါသည်။ သို့သော်လည်း ကျွန်မသည် ဘုရားသခင်ကို စတင်ယုံကြည်ကတည်းက၊ ကျွန်မသည် ဧဝံဂေလိတရားတော်ကို ဝေငှရန် အလုပ်လုပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ နှင့် မမောနိုင်မပန်းနိုင်အစေခံခြင်း တို့ကို ပြုခဲ့ပြီး၊ ကျွန်မပေးဆပ်ခဲ့သည့် ပေးဆပ်မှုများကို ဘုရားသခင်၏ ပိုမိုကြီးမားသည့် ကောင်းကြီးမင်္ဂလာများ နှင့် လဲလှယ်ရန် ရင်းနှီးမတည်မှုတစ်ခု အဖြစ် အသုံးပြုခဲ့သည်။ ကျွန်မပြုခဲ့သည့် အရာမှာ ကောင်းကြီးမင်္ဂလာများကို ရရှိဖို့ ရည်ရွယ်ချက်ကို အောင် မြင်ရန် မိမိကိုယ်ကို စိတ်ကျေနပ်စေဖို့အတွက်သာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မ၏ ဆင်းရဲဒုက္ခခံစားမှုသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို မရရှိပဲနှင့် ထိုသို့ရရှိရမည့်အစား နာမကျန်းဖြစ်ခြင်းသာ ရရှိခဲ့သည့်အချိန်တွင် ကျွန်မသည် စိတ်ပျက်အားလျှော့ကာ၊ ဘုရားသခင်ကို ဆန့်ကျင်ညည်းတွားပါသည်။ ဤသည်မှာ ဘုရားသခင်အကြောင်း ကျွန်မ၏ မှားယွင်းသော အယူအဆများ ကြောင့် ဖြစ်ရပါသည်။ ယောဘသည် သူ၏ ကြွယ်ဝမှုများအားလုံး ဆုံးရှုံးပြီး၊ အနာများဖြင့် ဖုံးနေသော်လည်း “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘဝတ္ထု ၂:၁၀) ကဲ့သို့ သက်သေခံချက်ကို ပြောနိုင်သေးသည့်အကြောင်း ကျွန်မတွေးမိခဲ့ပါသည်။ ရှင်ပေတရုသည်လည်း ကားတိုင်ပေါ်တွင် ပြောင်းပြန်တင်ကာ ကွပ်မျက်ခြင်း ခံခဲ့ရသော်လည်း၊ ဘုရားသခင်အတွက် နာခံစွာဖြင့် သေဆုံးခဲ့ပါသည်။ ၎င်းတို့နှစ်ဦးလုံးသည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်၊ နာခံရန် နှင့် ကြောက်ရန် သူတို့ကိုယ်ပိုင် အကျိုးစီးပွားများကို ဘေးဖယ်နိုင်စွမ်း ရှိခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်မှု နှင့် သက်သေခံချက် ရှိသူများဖြစ်ပါသည်။ ကျွန်မသည် ဘုရားသခင်ကို ယုံကြည်သည်မှာ ဘုရားသခင်၏ အလိုတော်ကို ထောက်ထား ညှာတာရန်၊ ကျွန်မ၏ ဖန်ဆင်းခံသတ္တဝါတစ်ယောက်၏ တာဝန်များကို ပြည့်စုံ စေရန် သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရန် တို့အတွက် မဟုတ်ပဲနှင့်၊ ထိုအစား အကျိုးခံစားမှုပိုမို ရရှိရန် အားထုတ်မှုဖြင့် ဘုရားသခင်နှင့် နေရာတိုင်းတွင် အလဲအထပ်လုပ်နေခြင်းသာ ဖြစ်ပါသည်။ ထိုသို့ ရှာဖွေမှုများ နှင့် အမြင်ရှုထောင့်များသည် လုံးဝ မမှန်ကန်သည့်အပြင်၊ အလွန်အမင်း အတ္တကြီးလွန်းခဲ့ပါသည်။ ကျွန်မ ပိုတွေးလေ၊ ဘုရားသခင်ကို အကြွေးတင်ရှိသည်ဟု ခံစားရလေ ဖြစ်ပါသည်။ ကျွန်မသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ ကို ဖတ်ရှုခဲ့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင် နိုင်စွမ်း မရှိခဲ့ပါ။ ကျွန်မသည် မိမိအတွက် ဘုရားသခင်၏ ကယ်တင်ခြင်း သို့မဟုတ် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်နေထိုင်ခြင်း တို့နှင့် အမှန်တကယ်ပင် မထိုက်တန်ပါ။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ဖတ်ရှုခဲ့ရပါသည်။ “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မက သက်တောင့်သက်သာ ရှိသည့် အခြေအနေများတွင်သာ ဘုရားသခင်ကို လိုက်လျှောက်ပါက ကျွန်မ၏ ယုံကြည်မှုသည် ရိုးသားမှုမရှိသည်ကို ကျွန်မအား နားလည်သဘောပေါက်စေ ခဲ့သည့် အမှန်တကယ်ပင် အချိန်ကိုက်သည့် ထောက်ပံ့မှုများ ဖြစ်ပါသည်။ ထိုသို့သော ဘုရားသခင်ကို ချစ်ခြင်းသည် စစ်ဆေးမှုများတွင် ရပ်တည် နိုင်ခြင်းမရှိသည့်အပြင် ခက်ခဲသော အခြေအနေများတွင် ကျွန်မတို့၏ စစ်မှန်သည့် ဝိညာဉ်အသက်တာကို အမြဲတမ်း ထုတ်ဖော်ပါသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော် များကို အမှန်တကယ် လက်တွေ့ဆောင်ရွက် သူများသာလျှင် မည်သည့် အခြေအနေများ ရှိပါစေ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ဆင်းရဲဒုက္ခခံစားဖို့ လိုလားကြပါသည်။ သူတို့သည် ရိုးသားသည့် သက်သေခံချက်ကို ပေးနိုင်ပြီး၊ ဘုရားသခင်က ကယ်တင်လိုသည့် လူများလည်း ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မကို ရှင်းလင်းသည့် လမ်းညွှန်ချက်တစ်ခု ပေးခဲ့ပါသည်။ ကျွန်မသည် မိမိ၏ မှားယွင်းသော အမြင်ရှုထောင့်များကို ပြောင်းလဲရန်၊ ကောင်းကြီးမင်္ဂလာများအတွက် ကျွန်မ၏ ဆန္ဒကို လက်လွှတ်ရန် နှင့် ဘုရားသခင်ကို ကျေနပ်နှစ်သိမ့်ခြင်းကို အမှန်တကယ် ရှာဖွေရန် တို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ကျွန်မသည် ဘုရားသခင် ပေးသည့် အသက်တာ တစ်ရက်ချင်းစီအတွက် ကျေးဇူးတင်ရှိမည် ဖြစ်ပြီး၊ ဘုရားသခင်က ကျွန်မကို သေစေလိုပါကလည်း၊ ထိုသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသာ ဖြစ်ပါသည်။ ဤအရာများကို ကျွန်မနားလည် သဘောပေါက်သည့်အချိန်တွင် ကျွန်မ၏ ပြင်းထန်သောအနာရောဂါ၏ ချည်နှောင်မှုမျိုးကို ဒုက္ခခံစားရခြင်း မရှိသည့်အပြင်၊ ကျွန်မသည် များစွာသော စိတ်ပြေလျော့မှု နှင့် ဖြေလွှတ်ခြင်းတို့ကို ခံစားခဲ့ရပါသည်။

ထို့ကြောင့် ကျွန်မသည် မိမိနှလုံးသားထဲမှ ဘုရားသခင်ကို “ဘုရားသခင်၊ ကိုယ်တော်ရဲ့ဉာဏ်အလင်းပေးခြင်း နှင့် အလင်းပေးခြင်း တို့အတွက် ကျေးဇူးတင်ရှိပါတယ်။ ကိုယ်တော်ကို ကျွန်မ နှစ်ပေါင်းများစွာ လိုက်လျှောက်ခဲ့ ပေမဲ့လည်း၊ ရှာဖွေရမှာ ကျွန်မ၏ မှားယွင်းတဲ့ အကြံဉာဏ် တွေကို အခုအခါမှသာ တွေ့မြင်ရပါတယ်။ ဒီရောဂါသာမဖြစ်ခဲ့ရင်၊ ကိုယ်တော့်အတွက် ကျွန်မ အသုံးခံခဲ့တာတွေ နဲ့ ပေးဆပ်ခဲ့တာတွေက ကိုယ်တော်နဲ့ အလဲအထပ် လုပ်ဖို့ဖြစ်တယ် ဆိုတာကို ကျွန်မဘယ်တော့မှ သိခဲ့မှာ မဟုတ်ပါဘူး။ အခု ကျွန်မရဲ့ မှားယွင်းတဲ့ ရှာဖွေမှုတွေကို လက်လွှတ်ပြီး ကိုယ်တော့် လက်တော်ထဲမှာ ကျွန်မရဲ့ အသက်တာကို ထည့်ပြီး၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို အပ်နှံလိုပါတယ်။ကိုယ်တော် ကျွန်မအတွက် လုပ်ဆောင်သမျှမှာ ကိုယ်တော်ရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းက ပါရှိနေတာကို ကျွန်မသိပါတယ်။ ကျွန်မ ယောဘနဲ့ ရှင်ပေတရုတို့ရဲ့ စံနမူနာတွေကို လိုက်လျှောက်ပြီး၊ ကိုယ်တော် စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို အပ်နှံတဲ့ အပြင် ကျွန်မသေဖို့ လိုအပ်ခဲ့ရင်တောင် ဘယ်တော့မှ မညည်းတွား ပါဘူး၊ ကိုယ်တော်ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး၊ ကိုယ်တော့်အတွက် ခိုင်မာစွာ ရပ်တည်ပြီး၊ သက်သေခံပါ့မယ်၊ ပြီးတော စာတန်ကို အရှက်တကွဲ ဖြစ်အောင် လုပ်ပါ့မယ်။ အာမင်” ဟု ရိုးသားစွာဆုတောင်းခဲ့ ပါသည်။ ဆုတောင်းပြီးနောက်တွင် ကျွန်မပိုပြီး လုံခြုံစိတ်ချသည်ဟု ခံစားခဲ့ရပါသည်။

ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို နားလည်သဘောပေါက်ရင်းဖြင့်၊ ကျောက်ကပ်ဆေးခြင်းအတွက် ဆက်ပြီး စိုးရိမ်ပူပန်ခြင်း မရှိတော့ပါ

အိမ်သို့ပြန်ရောက်သည့် အချိန်တွင် ကျွန်မအနေအထားအကြောင်းကို ပြောပြရန် နှင့်၊ ဘုရားသခင်ကို ဦးဆောင်ခွင့်ပေးရန်လိုလားကြောင်း၊ ကျွန်မ သေရမည် ဆိုလျှင်ပင် အပ်နှံမည့်အကြောင်း၊ ဘုရားသခင်ကို အကျိုးအကြောင်း မဆီလျော်သည့် တောင်းဆိုချက်များ လုံးဝပြုလုပ်တော့မည် မဟုတ်ကြောင်း တို့ကိုပြောရန် ဘုရားသခင်ကို တစ်ဖန်ဆုတောင်းခဲ့ပြန်သည်။ ဆုတောင်း ပြီးနောက် ကျွန်မသည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို တွေးမိပါသည်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။”ဘုရားသခင်သည် လူ့ဘဝ တစ်ခုစီတိုင်းအတွက် တာဝန်ရှိပြီး၊ တကယ့်အဆုံးသတ်အထိ သူကတာဝန်ရှိသည်။ ဘုရားသခင်က သင့်ကို ထောက်ပံ့ပေးပြီး၊ စာတန်ဖျက်ဆီးခဲ့သည့် ဤပတ်ဝန်းကျင် ထဲတွင် သင်သည် နေမကောင်းဖြစ်စေခြင်း၊ သို့မဟုတ် ညစ်ညမ်းစေခြင်း သို့မဟုတ် ချိုးဖောက်ထိပါးခြင်း ခံနေရလျှင်ပင် ကိစ္စမရှိပေ၊ ဘုရားသခင်က သင့်ကို ကြည့်ရှုစောင့်ရှောက်ပြီး သင့်ကို ဆက်လက်အသက်ရှင်ခွင့် ပေးလိမ့်မည်။ ဤအရာ၌ သင်ယုံကြည်မှု ရှိသလော။ (ရှိပါသည်။) ဘုရားသခင်သည် လူသားတစ်ဦးကို ပေါ့ပေါ့တန်တန် သေဖို့ အခွင့်မပေးပါ။” ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်မကို ကြီးစွာသော နှစ်သိမ့်မှုပေးသည်။ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးသည်မှာ ကျွန်မ အသက်တာ နှင့် သေခြင်းတရားတို့သည် ဘုရားသခင် လက်တော်တွင် ရှိပြီး၊ ဘုရားသခင်က ကျွန်မကို သေခွင့်မပေးပါက၊ ကျွန်မသေမည် မဟုတ်ပါ။ သို့သော်လည်း ကျွန်မ အသက်တာသည် ဆုံးခန်းတိုင်နေပါကလည်း၊ မည်သည့်ငွေပမာဏကမျှ ကျွန်မကို ကယ်တင်နိုင် မည် မဟုတ်ပါ။ ထိုအရာများထဲမှ မည်သည့်အရာကိုမျှ လူသားများက ဆုံးဖြတ် ၍မရပါ။ ဆရာဝန်ပင် ဆုံးဖြတ်၍မရပါ။ ကျွန်မသည် ကုသရန်ခက်ခဲသည့် ဆီးထဲသွေးပါခြင်း ရောဂါရှိသော်လည်း၊ ဘုရားသခင်က ကျွန်မသေရန် ခွင့်မပေးခဲ့ပါက၊ ကျွန်မမှာ ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်မ သေမည် မဟုတ်ပေ။ ပြီးနောက် ထိုအခြေအနေမျိုးတွင် ကျွန်မ ယုံကြည်မှု ရှိသင့်ပါသည်။ ထိုအခိုက်အတန့်တွင် ကျွန်မသည် မိမိကိုယ်ကို ဘုရားသခင် ကိုသာ ယုံကြည်စွာအပ်နှံလိုပြီး၊ ဘုရားသခင်၏ စီစဉ် ညွှန်ကြားမှုများ နှင့် စီစဉ်မှုများကို နာခံလိုခဲ့ပါသည်။

အပ်နှံခဲ့ပြီးနောက် လူနာတစ်ယောက်နှင့် ကြုံဆုံခွင့်ရသည့် ကာလအတွင်း ကျွန်မ သန်းခေါင်စာရင်းသွင်းထားသည့်နေရာကို ပြန်သွားပါက၊ ကုသမှုတစ်ခု ကို ယွမ် ၂၀၀ ခန့်သာ ကုန်ကျမည်ဟု ကြားသိခဲ့ရသည်။ကျွန်မ တွက်ချက် ကြည့်ပြီး၊ ကျွန်မ စုငွေများနှင့် ကျွန်မခင်ပွန်း၏ လစာတို့ ပေါင်းလျှင် ထိုကုသမှုကို ခံယူဖို့အတွက် အချိန်အတန်ကြာ တတ်နိုင်မည်ဖြစ်သည်။ ထိုကိစ္စကို ဘုရားသခင် မျက်မှောက်တော်သို့ ယူဆောင်လာပြီး ဆုတောင်းခဲ့ ပါသည်။ ဆုတောင်းခြင်းသည် ကျွန်မကို အလွန်လုံခြုံစေပြီး၊ ကျွန်မခင်ပွန်းနှင့် စကားပြောပြီးနောက် ကျွန်မတို့ ဇာတိမြေသို့ ပြန်လာခဲ့သည်။ ကျွန်မ ကျောက်ကပ်စဆေးသည့်နေ့တွင် အခမဲ့ဝန်ဆောင်မှုကို စတင်ကမ်းလှမ်းခြင်း ခံရသည်ကို သိရှိရသောကြောင့် ကျွန်မ အလွန်ပင် အံ့သြမိပါသည်။ ဤသည်မှာ တိုက်ဆိုင်ခြင်း မဟုတ်ပဲနှင့် ဘုရားသခင်က ကျွန်မအတွက် လမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်းကို ကျွန်မရှင်းလင်းစွာ သိခဲ့ပါသည်။ ဘုရားသခင်က “လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းတော်မူခဲ့ပြီး၊ သက်ရှိနှင့် သက်မဲ့ နှစ်ခုလုံးပါဝင်သည့် အရာအားလုံးအတွက် တည်ရှိမှု ဥပဒေသများကို အုပ်စိုးထားကာ၊ အရာအားလုံးသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု နှင့် စီစဉ်မှုတွင်းတွင် ရှိလေသည်။ လူတိုင်း၏ အတွေးများနှင့် အကြံဉာဏ်များ၊ လှုပ်ရှားမှုတိုင်း နှင့် အသက်တာ၌ အခြေအနေတိုင်း တို့သည်လည်း ဘုရားသခင်၏ စောင့်ကြည့်လေ့လာခြင်း၏ လက်အောက် တွင်သာ ရှိပါသည်။ ကျွန်မ အနာရောဂါ၏ ချည်နှောင်ခြင်းကို မခံရတော့ပဲနှင့် ဘုရားသခင်ကို စျေးဆစ်လိုသည့် ကျွန်မဆန္ဒများကို လက်လွှတ်လိုသည့်အပြင်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းကို နာခံလိုစိတ်ရှိလာသည့် အချိန်တွင်၊ ဘုရားသခင်က ကျွန်မကို ငွေကြေး မသုံးစွဲရပဲနှင့် ကျောက်ကပ်ဆေးခြင်း ခံရစေရန် ထောက်ပံ့ပေးမည့် လူများ၊ အရေးကိစ္စများနှင့် အရာများကို စီစဉ်ပေးတော်မူခဲ့သည်။ ကျွန်မအနေဖြင့် ဘုရားသခင်သည် ကျွန်မဘေးတွင် တစ်ချိန်လုံး ရှိနေကာ၊ ကျွန်မ၏ အားနည်းချက်အတွက် ဂရုစိုက်ပြီး၊ ကျွန်မကို လမ်းပြကာ၊ ကူညီသည့်အပြင် ကျွန်မအတွက် လမ်းကိုလည်း ဖွင့်ပေးတော်မူခဲ့ သည်ဟု ခံစားခဲ့ရပါသည်။

ကျွန်မ၏ ကုသ၍မရသည့် အနာရောဂါသည် ရုတ်တရုက်ကြီး နှင့် အံ့သြဖွယ်ကောင်းလောက်အောင် ပျောက်ကင်းသွားခဲ့သည်၊ အကန့်အသတ်မဲ့သည့် ကျေးဇူးတင်ရှိခြင်း

ကျောက်ကပ်ဆေးသည့် ဓါတ်ခွဲခန်းသို့ ကျွန်မရောက်သည့်အချိန်တွင် လူနာ များစွာသည် ၎င်းတို့၏ အနာရောဂါများဖြင့် ညှင်းပန်းမှုဒဏ်ကို ခံနေကြရ ကာ၊ ၎င်းတို့၏ မျက်နှာများသည် ကျွန်မမျက်နှာကဲ့သို့ မှောင်မိုက် နေပြီး၊ ကျွန်မခံစားနေသည့် အားနည်းမှု နှင့် ကူညီရာမဲ့ခြင်းတို့ကိုလည်း တစ်ပုံစံတည်း ဝေဒနာခံစားနေရသည်ကို ကျွန်မ တွေ့မြင်ခဲ့ရပါသည်။ ကျွန်မအနေအထား သည် ကျွန်မတို့အားလုံးတွင် စိုးရိမ်ဖွယ်အကောင်းဆုံး ဖြစ်သော်လည်း ကျွန်မသည် အခြားသူများ အားလုံးထက် ပိုမိုလျင်မြန်စွာ နာလန်ထ လာခဲ့သည့်ကို အံ့သြတကြီး သိရှိခဲ့ရသည်။ လအနည်းငယ်အတွင်းတွင်ပင် ကျွန်မအနေအထား တိုးတက်လာကာ၊ ဝလာပြီး၊ ခေါင်းဆောင်သူနာပြု ဆရာမကြီးက ကျွန်မကို ကြည့်ရသည်မှာ ကြည်လင်ရွှင်လန်းနေသည် ဟုပြော သည့်အပြင်၊ ကျွန်မကို သိခဲ့သည့် လူတိုင်းကလည်း ကျွန်မကို ကြည့်ရသည့်မှာ ကွဲပြားခြားနားသည့် လူတစ်ယောက် နှင့် တူသည်ဟု ဆိုကြသည်။ ကျောက်ကပ်ဆေးရန် သူ့ဇနီးနှင့် အမြဲလိုက်လာလေ့ရှိသည့် လူတစ်ယောက်က ကျွန်မကို နင်ဘာဆေးတွေ စားနေလဲ၊ နင် တော်တော် နာထန်ထလာတာ၊ ပြီးတော့ နင့်မျက်နှာကလည်း ကျန်းမာလို့ လန်းဆန်းနေလိုက်တာ “ဟု သိလိုစိတ်ဖြင့် မေးခဲ့သည်။ ကျွန်မက “ကျွန်မ ဘာအားဆေးမှ မစားပါဘူး။ ပြီးတော့ ကျွန်မက အသားတွေ ကြက်ဥတွေ စားတာလဲ မကြိုက်ဘူး။ ဒီနေ့ ကျွန်မ အသက်ရှင်နေတာက လုံးလုံးလျားလျား ဘုရားသခင်ရဲ့ ကျေးဇူးတော် ကြောင့်သာ ဖြစ်ပါတယ်။” ဟု ပြောခဲ့ပါသည်။ ထို့နောက် ကျွန်မ နှလုံးသား သည် ဘုရားသခင်ကို ကျေးဇူးတင်ရှိခြင်းဖြင့် ပြည့်နှက်နေခဲ့ပါသည်။ ဤသည် မှာ ဘုရားသခင်၏ သနားကရုဏာ နှင့် ကယ်တင်ခြင်း ဖြစ်ကြောင်း ကျွန်မ သိရှိခဲ့ပြီး ဖြစ်ပါသည်။

ဘုရားသခင်က “အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌‌‌‌ ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။” “ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။” “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။(ရှင်လုကာခရစ်ဝင် ၄:၄) ဟု မိန့်တော်မူခဲ့ပါသည်။ ကျွန်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာရုံစိုက်ဆင်ခြင်ရင်းဖြင့် ကျွန်မ နာမကျန်းဖြစ်ခြင်းမှ ဘုရားသခင် မည်သို့ လမ်းပြတော်မူခဲ့သည်ကို ပြန်လည်အမှတ်ရ သည့်အချိန် တွင်၊ ကျွန်မသည် ဘုရားသခင် မျက်မှောက်တော်တွင် မဆုံးနိုင်သော ကျေးဇူးတင်ရှိမှုများဖြင့် မကြာခဏ မျက်ရည်များကျခဲ့ပါသည်။ မှန်ကန် သင့်တော်သည့် အချိန်တွင် ကျွန်မ၏ ခွန်အားကြီးမားလှသည့် အနာရောဂါ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်စွမ်းကို ပေးကာ ကျွန်မကို လမ်းပြခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ အသက်တာပင် ဖြစ်ပါသည်။ ကျွန်မသည် ကုသ၍မရနိုင်အောင် နာမကျန်းဖြစ်ပြီး အလွန်အမင်း အားနည်းနေချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှု ပေးခဲ့သည်။ ဆရာဝန်က ကျွန်မသည် စိုးရိမ်ရ လောက်အောင် နာမကျန်းဖြစ်နေသည့်အပြင် အချိန်မရွေးသေသွားနိုင်သည်ဟု ပြောသည့်အချိန် တွင်၊ ကျွန်မ စိတ်ဆင်းရဲနေသည့်အချိန်တွင် ဘုရားသခင်သည် ကျွန်မကို လမ်းပြရန် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီး၊ ကောင်းကြီး မင်္ဂလာများ ရရှိရန် ဘုရားသခင်ကို ယုံကြည်သည့် ကျွန်မ၏ ရှုထောင့်သည် မှားယွင်းကြောင်းကို ပြောပါသည်။ ကျွန်မသည် ဘုရားသခင်ထံသို့ လှည့်ကာ၊ ဘုရားသခင်ကို နာခံရန် လိုလိုလားလား ရှိသည့်အချိန်တွင် ဘုရားသခင်သည် ကျွန်မကို အနာငြိမ်းစေရန်အတွက် လူများ၊ အရေးကိစ္စများနှင့် အရာများကို စီစဉ်ခဲ့သည့် အပြင်၊ ကျွန်မ၏ ပြင်းထန်သည့် ဆီးထဲသွေးပါခြင်း ရောဂါသည်လည်း အံ့သြဖွယ်ကောင်းလောက်အောင် ပျောက်ကင်းခဲ့ပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် အလွန်ပင် အရေးကြီးကြောင်းကို ထိုပုံမှန်မဟုတ်သည့် အတွေ့အကြုံက ကျွန်မကို အမှန်တကယ် ခံစားစေခဲ့ ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သြဇာအာဏာ နှင့် တန်ခိုးတို့ ပါရှိပြီး၊ ကျွန်မတို့၏ ဇာတိခန္ဓာ ဆိုင်ရာ နှင့် ဝိညာဉ်ရေးရာ ရောဂါများ အားလုံးကို ပျောက်ကင်းစေနိုင်သည့်အပြင် ဘုရားသခင် ကျွန်မတို့ကို ပေးသနားတော်မူခဲ့သည့် အကြီးမားဆုံးသော ကောင်းကြီးမင်္ဂလာ မှာ သမ္မာတရားကို အသက်တာအနေဖြင့် ရရှိခွင့်ပေးခြင်းပင် ဖြစ်ပါသည်။ ဘုရားသခင်ပြုသမျှသည် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ ကျွန်မတို့အတွက် ကယ်တင်ခြင်းလည်း ဖြစ်ပါသည်။

ယနေ့ ကျွန်မ ကျန်းမာရေး တိုးတက်ကောင်းမွန်နေပြီး၊ ကျွန်မသည် အသင်းတော်တွင် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ကျွန်မသည် ဘုရားသခင် ပေးသနားတော်မူသည့် ဒုတိယမြောက် အသက်တာကို ယခင့်ယခင် အချိန်များစွာထက်ပင် ပိုမိုတန်ဖိုးထားပါသည်။ နေ့စဉ်နေ့တိုင်း ကျွန်မသည် ဤစိမ်းစိုနေသည့် ကမ္ဘာကြီးကို ကြည့်ကာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသည့် အရာများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဆိုင်ရာ အလျှံပယ်ထောက်ပံ့မှုများကို ပျော်မွေ့ပြီး၊ ကျွန်မ၏ ကဏ္ဍဖြစ်သည့် ဘုရားသခင်၏ ဧဝံဂေလိတရားတော် ဝေငှခြင်းကို ဆောင်ရွက်နိုင်ပါသည်။ ကျွန်မသည် ကမ္ဘာပေါ်တွင် ကောင်းကြီးမင်္ဂလာ အခံစားရဆုံးသော သူတစ်ယောက် ဖြစ်သည်ဟု ထင်မြင်ပါသည်။ အနာဂတ်နှင့် ပတ်သက်ပြီး ကျွန်မ၌ ဘုရားသခင် ပြုခဲ့သည့် အမှုတော်များ သက်သေခံရန်နှင့် ကျွန်မအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန်အတွက် ပိုမိုများပြား သော လူများကို ကိုယ်တော်၏ ကယ်တင်ခြင်း ကို သက်သေခံရန် ဖြစ်သည့် ကျွန်မ၏ တာဝန်များကို အတတ်နိုင်ဆုံး ကြိုးစားထမ်းဆောင်ရန် ဆန္ဒရှိပါသည်။ ခပ်သိမ်းသောအမှုကိစ္စ၌ ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။

အမှာစကား ချန်ခဲ့မည်