စာရင်း

အသက်၆နှစ်မြေးလေး ကားမတော်တဆမှုကြုံတွေ့ကာ မထင်မှတ်ပဲ အံ့သြဖွယ်ရာ အသက်ဆက်ရှင်နေသည်။

“ဟယ်လို- အန်တီလား ငှာနခွဲဆေးရုံကို အမြန်လာပါ။ အန်တီ့ရဲ့ မြေးလေး ကုန်တင်ကားကြီးနဲ့တိုက်မိပြီး အရေးပေါ်အခြေအနေဖြစ်နေပါတယ်။ သူ့ကို ချက်ချင်းပဲ ကုသနေပါတယ်။ အမြန်လာပါ။”

ဤအရေးပေါ်ဖုန်းခေါ်ဆိုမှုသည် ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၁ ညနေပိုင်းတွင် ခေါ်ဆိုလာခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ခုနစ်နှစ်လောက်ကြာခဲ့ပြီဖြစ်သည်။ ကျွန်မ၏ မြေးငယ်လေးကြုံတွေ့ခဲ့သော လမ်းမတော်တဆဖြစ်မှုကို တွေးမိသည့်အချိန်တိုင်း စွဲကျန်နေသောကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်သည်။

အစောပိုင်း ခုနစ်နှစ်အချိန်က...

ထိုနေ့က ကျွန်မ၏ဖုန်းကိုချလိုက်ပြီးသည့်နောက်တွင် ကျွန်မ၏တစ်ကိုယ်လုံးတုန်ရီပြီး ရုတ်တရက်စတင်ငိုမိခဲ့ပါသည်။ ကျွန်မ၏နှလုံးသားထဲ ဓားတစ်ချောင်းက ထိုးလှည့်နေသလိုခံစားခဲ့ရပြီး ခံနိုင်ရည်မရှိလုနီးပါးဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာပင် ကျွန်မ၏မြေးအကြီးက ကျွန်မ၏ဘေးတွင် ကိုင်ဆွဲထားဖို ရှိနေခြင်းကြောင့်သာ မဟုတ်ပါက ကျွန်မ လဲကျသွားနိုင်သည်။

ကျွန်မသည် ဆေးရုံသို့အလျင်အမြန်သွားရင်း ကျွန်မ၏မြေးလေး သွေးအိုင်ထဲတွင် လဲလျောင်းနေမည့်အဖြစ်ကို မတွေးပဲမနေနိုင်ခဲ့ပါ။ ထို့အပြင် “ငါ့မြေးလေးက အသက်ခြောက်နှစ်ပဲရှိသေးတယ်။ ကုန်တင်ကားကြီးအတိုက်ခံရပြီး သူအသက်ရှင်နိုင်ပါ့မလား။ တစ်ခုခု မှားသွားခဲ့ရင် ငါ့သားနဲ့ ချွေးမကို ငါ ဘာပြောရမလဲ” ဟု မိမိကိုယ်ကို တွေးမိနေပါသည်။

ထိုကဲ့သို့ ကျွန်မနာကျင်မှုများခံစားခဲ့ရစဉ် ကျွန်မ၏မြေးအကြီးက ကျွန်မကိုရုတ်တရက် စိတ်အားထက်သန်စွာဖြင့် “အဖွား မငိုပါနဲ့။ ဘုရားသခင်ဆီဆုတောင်းပြီး ကျွန်တော့် ညီလေးကို ဘုရားသခင်ဆီအပ်နှံပြီး သူ့ကိုကာကွယ်ပေးဖို့ တောင်းခံကြရအောင်” ဟုပြောခဲ့ပါသည်။ ကျွန်မ၏မြေးအကြီး ပြောလိုက်သောစကားက ကျွန်မကို သတိပေးနှိုးဆော်လိုက်သကဲ့သို့ ဖြစ်စေခဲ့ပါသည်။ ဟုတ်ပါသည်။ ဘုရားသခင်သည် ကျွန်မတို့အသက်တာအားလုံး၏ ပင်မဖြစ်သည့်အပြင် ကျွန်မတို့၏ ကံကြမ္မာအားလုံးက သူ၏လက်ဝယ်တွင်ရှိသည်။ ကျွန်မမြေးလေးအသက်ကို ဘုရားသခင်၏လက်ဝယ်တော်သို့ အပ်နှံသင့်ပါသည်။ ထိုသို့တွေးတောပြီး ကျွန်မ၏မြေးငယ်လေးကို ဘုရားသခင်လက်ဝယ် ဆုတောင်းအပ်နှံပြီးနောက် ကျွန်မ၏စိတ်နှလုံးသည် အနည်းငယ် ငြိမ်သက်သွားခဲ့ပါသည်။

အရေးပေါ်အခန်း၏ ပြင်ပတွင် စိုးရိမ်ပူပန်လျက် စောင့်ဆိုင်းခြင်း

ထိုနေ့ညနေပိုင်း ၉နာရီတွင် ကျွန်မနှင့် ကျွန်မ၏ဆွေမျိုးများသည် ဆေးရုံသို့ အလျင်အမြန်သွားခဲ့ပါသည်။ ဆရာဝန်က ကျွန်မမြေးလေး၏နှလုံးလုပ်ဆောင်ချက်သည် ပုံမှန်ပြန်ဖြစ်ကာ နောက်ထပ် အကြောင်းရှိပါက အသိပေးသွားမည်ဖြစ်ကြောင်းပြောခဲ့ပါသည်။ သူက အရေးပေါ်အခန်း၏ပြင်ပတွင် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရန် ကျွန်မကို ပြောကြားခဲ့ပါသည်။

အချိန်နာရီသည် တစ်စက္ကန့်ပြီးတစ်စက္ကန့်၊ တစ်မိနစ်ပြီးတစ်မိနစ် ဖြည်းဖြည်းသွားနေသည်။ ထို့အပြင် အပြင်ဘက်၌လည်း မိုးသည် ဖြည်းဖြည်း ညင်ညင်သာသာ စတင်ရွာသွန်းနေသည်၊ မိုးရေစက်များက တပေါက်ပေါက်ကျနေသည်။ ထိုအခိုက်အတန့်တွင် ကျွန်မ၏ ခင်ပွန်းသည် စိုးရိမ်ပူပန်လွန်းသဖြင့် ပူဆွေးသောကရောက်ကာ ငိုချလိုက်ပါတော့သည်။ သူ့ကို ထိုသို့မြင်ရခြင်းက ကျွန်မကို နာကျင်စေခဲ့ပြီး ကျွန်မသည်လည်း စတင်ကာ ရှိုက်ငိုခဲ့မိပါသည်။ သို့သော်လည်း ကျွန်မသည် ယုံကြည်သူ ခရစ်ယာန်တစ်ယောက်ဖြစ်သည်ကို ရုတ်တရက် သတိရမိကာ ကျွန်မသည် အလျင်အမြန် ဘုရားသခင်ထံ “အိုဘုရားသခင်၊ ကျွန်မရဲ့ မြေးလေးက လမ်း မတော်တဆဖြစ်ရပ်တစ်ခုနဲ့ ကြုံရလို့ အခုကျွန်မ အလွန်နာကျင်ကာ အားနည်းခြင်းကို ခံစားရလျက်ရှိပါတယ်။ အဲဒါကို ဘယ်လို ကျော်ဖြတ်ရမလဲ ကျွန်မ မသိပါဘူး၊ ကျွန်မကို ဦးဆောင် လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်”ဟု ဆုတောင်းခဲ့ပါသည်။

ဆုတောင်းပြီးနောက်၊ ဘုရားသခင်၏ စကားတော်တို့ကို တွေးတောခဲ့ပါသည်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ...သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။” ဟုတ်ပါသည်။ ဘုရားသခင်သည် အရာအားလုံးကိုဖန်ဆင်းပြီး လူသားတို့ကို ဖန်ဆင်းတော်မူခဲ့ပါသည်။ အရာအားလုံး၏ ကံကြမ္မာ၊ လူသားအားလုံးတို့၏ ဘဝများနှင့်တကွ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်း၊ အိုမင်းခြင်း၊ ကောင်းသောအခွင့်အလမ်းနှင့် ကျန်းမာရေးကောင်မွန်ခြင်းတို့အားလုံးသည် ဘုရားသခင်၏ ကြိုတင်စီမံခြင်းနှင့် လွှမ်းမိုးမှုများပင်ဖြစ်ပြီး မည်သည့်လူသားတစ်စုံတစ်ယောက်ကမျှ ထိုအရာများကို ထိန်းချုပ်ခြင်း၊ ပြောင်းလဲခြင်းငှာ မတတ်စွမ်းနိုင်ပါ။ ကျွန်မ၏မြေးလေးသည် အရေးပေါ်အခန်းတွင် ကုသမှုကိုခံယူနေရသည်၊ ကျွန်မသည် အခြေအနေ မည်သို့ဖြစ်ပေါ်လိမ့်မည်ကို မခန့်မှန်းနိုင်သလို ပြောင်းလဲမပြောင်းလဲနိုင်ပါ။ ဤအရာအားလုံးသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင်ရှိပါသည်။ ယခု ကျွန်မ လုပ်နိုင်သမျှမှာ မြေးလေးကို ဘုရားသခင်၏လက်တော်တွင် အပ်နှံရန်ပင်ဖြစ်သည်။ ထိုကဲ့သို့တွေးမိသောအခါ ကျွန်မ၏ ပူပန်သောနှလုံးသည် တဖန်ပြန်လည်ပြီး ငြိမ်သက်ခြင်းကို ရရှိခဲ့ပါသည်။

ကျွန်မ၏မြေးလေး အတိုက်ခံခဲ့ရပုံ

နာရီပေါင်းများစွာကြာမြင့်ပြီးသည့်နောက်တွင်၊ ကျွန်မ၏ခင်ပွန်းသည် ကျွန်ုပ်တို့၏မြေးလေး လမ်းမတော်တဆ မည်ကဲ့သို့ဖြစ်ခဲ့ရပုံကို မျက်ရည်များကျဆင်းလျက် ပြန်လည်ပြောပြခဲ့ပါသည်။

ထိုစဉ်က၊ ကျွန်မ၏ခင်ပွန်းသည် မြေးလေး၏လက်ကိုကိုင်ဆွဲကာ လမ်းလျောက်နေခဲ့ပါသည်။ ရုတ်တရက်ပင် မြေးလေးက သူ၏အဖိုးလက်ကို လွှတ်ချကာ၊ လမ်းမပေါ်သို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့ပါသည်။ ထိုစဉ် ကုန်ပစ္စည်းအလေးအပင်များကို တင်ဆောင်ကာ မောင်းနှင်လာသည့် ဆယ့်နှစ်ဘီးတပ် ယာဉ်တစ်စီးဖြင့် ကျွန်မ၏မြေးလေး တိုက်မိပြီး ဆယ်မီတာအထိ လွင့်စင်သွားခဲ့ပါသည်။ သူ၏သေးငယ်လှသော မျက်နှာ၊ ပါးစပ်နှင့် နှာခေါင်းများသည် သွေးဖြင့်ဖုံးလွှမ်းကာ သူဝတ်ဆင်ထားသော ဂွမ်းထည်အဝတ်အစားများထဲ ရွှဲရွှဲစိုသွားခဲ့သည်။ သူ၏ ဝယ်လင်တန်ဘွတ်ဖိနပ်လေးတစ်ဖက်အထဲ၌လည်း သွေးများဖြင့် ပြည့်လျှံလျက် ရှိပါသည်။ ထိုအကြောင်းကို ကြားရစဉ်တွင်၊ ကျွန်မသည် အလွန်အမင်းဝမ်းနည်းကာ၊ ကျွန်မ၏မျက်ရည်များသည် ပုလဲဆွဲကြိုးပြတ်ကျလာသကဲ့သို့ ကျဆင်းခဲ့ပါသည်။ ကျွန်မ၏မြေးလေးသည် ယခုကဲ့သို့ ဆိုးဆိုးရွားရွား အတိုက်ခံခဲ့ရကြောင်း ကျွန်မ လုံးဝ မတွေးမိခဲ့ဖူးပါ။ သူ၏ အသက်အန္တရာယ် စိုးရိမ်နေခဲ့ရပြီလား။ သူအလွန်ငယ်ပါသေးသည်။

နာကျင်မှုများထဲမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကိုနောက်တစ်ကြိမ် ထပ်မံပြီး ဉာဏ်အလင်းပြခဲ့ပါသည်။ “လူသားမျိုးနွယ်တစ်ရပ်လုံးထဲမှ အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူ၍ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း အလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူကိုယ်တိုင်၏ ရွေးချယ်ချက်ဖြင့် ဖြစ်ပျက်သလော။ လူသားသည် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်ထား သလော။” ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ကိုယ့်ကိုယ်ကို အရှက်ရစေခဲ့ပါသည်။ ကျွန်မအမှန်တကယ်ပင် ဘုရားသခင်ကို ယုံကြည်မှု အနည်းငယ်မျှသာ ရှိခဲ့ပါသည်။ လျှောက်လှမ်းရသည့် ဘဝအားလုံးမှ လူတို့ဖြစ်သော ယုံကြည်သူများနှင့် မယုံကြည်သူများ၊ သမ္မတများမှ သာမန်လူများအားလုံးအထိ၊ လူသားတစ်ယောက်ချင်းစီတိုင်းသည် ထာဝရဘုရား၏ လက်တော်ထဲတွင်ရှိသည်။ ကျွန်မ၏မြေးလေး မည်မျှကြာကြာ အသက်ရှင်နေထိုင်ရမည်ကိုလည်း ဘုရားသခင်က ကြိုတင်စီမံထားပြီးဖြစ်ပါသည်။ အကယ်၍သာ သူသည် နလံထူနိုင်သောအခြေအနေသို့ ယခုတစ်ခါတွင် ပြန်လည်ရောက်ရှိနိုင်ခဲ့ပါက သူ့အချိန်မရောက်သေးကြောင်း ဖော်ပြနေခြင်းဖြစ်သောကြောင့် ဘုရားသခင်၏ကာကွယ်ပေးတော်မူခြင်းကို ကျွန်မအနေဖြင့်ကျေးဇူးတင်သင့်ပါသည်။ သို့သော်လည်း အကယ်၍ ဤတစ်ခေါက်တွင် သူ၏အခြေအနေမကောင်းပါက၊ ကျွန်မနာခံရုံသာရှိပါသည်။ ထိုကဲ့သို့ နားလည်သဘောပေါက်လာရင်း၊ ကျွန်မသည် ဘုရားသခင်ထံပါးတွင် တိတ်ဆိတ်စွာဖြင့်၊ “အိုဘုရားသခင်၊ ကျွန်မတွင် ရှိသောယုံကြည်ခြင်းမှာ ထိုမျှလောက် နည်းပါးလှပါသည်။ ကျွန်မ၏မြေးငယ်လေးကို သခင်၏ လက်တော်ထဲသို့ တစ်ဖန်ပြန်လည် အပ်နှံလိုပါသည်။ သူပြန်လည်နိုးထနိုင်သည်ဖြစ်စေ၊ မနိုးထနိုင်သည်ဖြစ်စေ၊ သခင်၏ အချုပ်အခြာအာဏာတော်ကို ဆန္ဒရှိစွာဖြင့် နာခံပါမည်။” ဟု ခေါင်းငုံ့ဆုတောင်းခဲ့ပါသည်။ ထိုကဲ့သို့ ဆုတောင်းခြင်းကိုပြုပြီးနောက် ကျွန်မ၏ နှလုံးသားထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းများဖြင့် ပြည့်လျှံကာ၊ အံ့သြဖွယ်ကောင်းလှသော ငြိမ်းအေးသက်သာခြင်းကို ခံစားခဲ့ရပါသည်။

နမိတ်လက္ခဏာ ဖြစ်ပေါ်ခြင်း

နောက်တစ်နေ့မနက်အထိ ကျွန်မ၏မြေးလေးမှာ နိုးထလာခြင်းမရှိခဲ့ပါ။ ကျွန်မခင်ပွန်းသည် တစ်နေကုန် မည်သည့်စကားကိုမျှမပြော၊ မည်သည့်အရာကိုမျှ မစားမသောက်ဘဲနေပြီးနောက် ငိုကြွေးကာ၊ “တကယ်လို့သာ ငါတို့ရဲ့မြေးလေး မနိုးထနိုင်ခဲ့ရင် ငါတို့အဆောက်အဦးပေါ်ကနေ ခုန်ချပြီး သူနဲ႔အတူ သေသင့်တယ်” ဟု ကျွန်မကို ပြောခဲ့ပါသည်။ သူပြောသောစကားများကို ကြားရသောအခါ ကျွန်မသည် နာကျင်မှုဝေဒနာကို ခံစားခဲ့ရပါသည်။ ထို့နောက် ကျွန်မသည် ဘုရားသခင်၏စကားတော်တို့ကို တွေးတောခဲ့ပါသည်။ “ငါသည် သင်တို့၏ ခိုင်ခံ့သော မျှော်စင်ဖြစ်၏၊ ငါသည် သင်တို့၏ အကွယ်အကာနှင့် သင်တို့၏ အထောက်အပံ့ ဖြစ်ပေသည်။ ထို့အပြင်၊ ငါသည် သင်တို့၏ အနန္တတန်ခိုးရှင်တစ်ပါး ဖြစ်သည်။ ငါသည် သင်တို့၏ အရာခပ်သိမ်း ဖြစ်သည်။ အရာရာသည် ငါ၏လက်များ၌ ရှိပြီး...ဘုရားသခင်၏စကားတော်တို့သည် ကျွန်မကို ယုံကြည်ခြင်း ပေးသနားတော်မူခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်မ၏ ခိုင်ခံ့သောမျှော်စင်၊ အကူအညီ၊ အထောက်အပံ့ ဖြစ်သည့်အပြင် ကျွန်မ၏မြေးလေးသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိသောကြောင့် ကျွန်မအနေဖြင့် မည်သည့်အရာကိုမျှ ကြောက်ရွံ့စရာအကြောင်း မရှိပါ။ ဤကဲ့သို့တွေးတောပြီး ကျွန်မ၏ခင်ပွန်းသည် စိတ်သက်သာရာရအောင် ကျွန်မ ခက်ခက်ခဲခဲ ကြိုးစားခဲ့သည်။ “ရူးမိုက်တဲ့အရာ တစ်ခုမှ မလုပ်ပါနဲ့ရှင်။ ကျွန်မတို့ အဆောက်အအုံပေါ်က ခုန်ချလိုကတာက ကျွန်မတို့ရဲ မြေးလေးကို ကယ်တင်နိုင်မှာမို့လို့လား။ သူရဲ့အသက် ရှင်ခြင်း သေခြင်းအရာအားလုံးက ဘုရားသခင်ရဲ့ လက်တော်ထဲပဲရှိတယ်။ ရှင့် စိတ်ကို ငြိမ်ငြိမ်ထားပြီး ဘုရားသခင်ရဲ့ အကြံအစည်တော်နဲ့ စီစဉ်တော်မူချက်တွေကိုပဲ နာခံပါ” ဟုပြောဆိုခဲ့ပါသည်။ ကျွန်မ ထိုကဲ့သို့ပြောသည်ကို နားထောင်ပြီးနောက်တွင် ကျွန်မ၏ ခင်ပွန်းသည် မည့်သည့်စကားကိုမျှ မပြောတော့ပါ။

တတိယမြောက်သောနေ့တွင် ကျွန်မ၏မြေးလေးသည် ထူးဆန်းအံ့သြဖွယ်ကောင်းစွာပင် နိုးထလာခဲ့ပါသည်။ ကျွန်မတို့အားလုံး အလွန်ပျော်ရွှင်ခဲ့ကြပြီး မျက်ရည်များကြားထဲမှ ကျွန်မတို့အားလုံး ပြုံးရယ်ခဲ့ကြကာ ဘုရားသခင်ကို ကျွန်မတို့အားလုံး၏ နှလုံးသားထဲမှ ကျေးဇူးတင်နေမိသည်။ ဆရာဝန်က ကျွန်မမြေးလေး၏ သတိမည်မျှကောင်းကြောင်း စမ်းသပ်ရန်အလို့ငှာ ကျွန်မနှင့် ကျွန်မ၏ခင်ပွန်းသည်တို့ကို ညွှန်ပြကာ ယခုကဲ့သို့ မေးမြန်းခဲ့ပါသည်။ “ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ” ကျွန်မတို့၏မြေးလေးသည် ကျွန်မတို့ကိုကြည့်ကာ မျက်တောင်ခတ်ပြီး ရှင်းလင်းသောအသံဖြင့် “တစ်ယောက်က ကျွန်တော့်အဖွားဖြစ်ပြီး၊ တစ်ယောက်ကတော့ ကျွန်တော့်အဖိုးပါ”ဟု ပြောခဲ့ပါသည်။ ထိုကဲ့သို့ သူ၏ရှင်းလင်းပြတ်သားသော အသံကို ကြားလိုက်ရသောအခါ ရှိနေကြသောသူများအားလုံးသည် စိတ်လှုပ်ရှားစွာ ရယ်မောခဲ့ကြပြီးနောက် ဆရာဝန်က ကျွန်မကိုအံ့သြကြီးစွာဖြင့် “ဟုတ်ပြီ။ ခင်ဗျားတို့ရဲ့ မြေးလေးက အရမ်းကံကောင်းတဲ့ ကောင်လေးပဲ။ သုံးရက်လွန်ပြီး ပြန်လည်နိုးထဖို့နဲ့ ဒီလို ကြည်လင်တဲ့စိတ်ရရှိဖို့ဆိုတာ ထိခိုက်ထားတဲ့ဒဏ်ရာတွေက သူ့အတွက် အရမ်း ပြင်းထန်တယ်လေ။ ဒါက အံ့ဖွယ် နမိတ်လက္ခဏာတစ်ခုပါပဲ။ တကယ့်ကို အံ့ဖွယ်ပါပဲ”ဟု ပြောခဲ့ပါသည်။ ကျွန်မသည် ဦးခေါင်းကို ဆက်တိုက်ညိတ်ကာ၊ ဝမ်းသာမျက်ရည်များကို သုတ်၍မရပ်နိုင် ဖြစ်ခဲ့ပါသည်။

မတော်တဆဖြစ်ပြီး၇ရက်ကြာပြီးနောက်တွင် အရေးပေါ်ကြပ်မတ်ကုသဆောင်မှ ထွက်လာနိုင်ခဲ့သည်။ ဆရာဝန်က ကျွန်မတို့ကို၊ “အမှန်အတိုင်းပြောရရင် ခင်ဗျားတို့ရဲ့ မြေးလေးက တကယ်ကိုအရမ်း ကံကောင်းခဲ့တာပါ။ သူ့လောက် အခြေအနေမပြင်းထန်တဲ့ သူတွေတောင် အရေးပေါ်ကြပ်မတ်ကုသခန်းကနေ ၁၀ ရက်ကြာပြီးမှပဲ ထွက်လာနိုင်ကြတာဗျ။ ခင်ဗျားတို့ရဲ့ မြေးလေးကတော့ အသက် ၆ နှစ်ပဲရှိပြီး အရမ်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာတောင် ၇ ရက်ကြာပြီးတဲ့နောက် အရေးပေါ် ကျပ်မတ်ကုသခန်းကနေ ထွက်လာနိုင်ခဲ့တာဟာ သူအမှန်တကယ် လျင်လျင်မြန်မြန်သက်သာလာပြီဆိုတာကို ပြသနေတာပဲ။ အဲဒါကို မြင်ရမယ်လို့ ကျွန်တော် လုံးဝ မတွေးမိခဲ့ဘူး”ဟု ပြောခဲ့ပါသည်။ ဘေးပတ်ပတ်လည်တွင်ရှိသူများကလည်း “ဒါကဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာပဲဖြစ်တယ်” ဟု ပြောကြပါသည်။ ထို့နောက် ကျွန်မကလည်း “ဟုတ်တာပေါ့၊ ဒါဟာ တကယ်ကိုပဲ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာပါပဲ”ဟု ပြန်ပြောခဲ့ပါသည်။

ကျွန်မမြေးလေး ဆေးရုံမှ ဆင်းခြင်း

သူ့ကို ဆေးရုံမှဆင်းခိုင်းသောနေ့တွင် ကျွန်မ၏မြေးလေးသည် ဆေးရုံမှသူနာပြုကို လက်ဝှေ့ယမ်းနှုတ်ဆက်ကာ စနောက်စွာဖြင့် “နှုတ်ဆက်ပါတယ် အန်တီ! ကျွန်တော် ဒီကိုပြန်မလာတော့ပါဘူး” ဟုပြောခဲ့ပါသည်။ ကုန်တင်ကားဖြင့် ဆိုးရွားစွာ အတိုက်ခံရပြီးနောက် ဖျတ်လတ်တက်ကြွနေသော သူ့ကို မတော်တဆဖြစ်ခဲ့သောလက္ခဏာတစ်စုံတစ်ရာမရှိပဲ မြင်တွေ့ရသောအခါတွင် ဘုရားသခင်ကို အမှန်တကယ်ပင် ကျွန်မ ကျေးဇူးတင်မိပါသည်။

အိမ်သို့ပြန်ရောက်ပြီးနောက်တွင် ကျွန်မ၏အိမ်နီးချင်းများသည် ကျွန်မမြေးလေး ဆေးရုံမှ လျင်မြန်စွာ ဆင်းလာခဲ့သည်ကို မြင်တွေ့ကြသောအခါ တစ်ယောက်ပြီးတစ်ယောက် ကျွန်မကို “နင့်ရဲ့ဘုရားသခင်အပေါ် ယုံကြည်ခြင်းက တကယ်အကျိုးပေးတာပဲ။ နင့်မြေးလေး အတိုက်ခံရတဲ့ နေရာမှာ လူ၃ယောက်သေခဲ့ပြီးပြီ။ ငါတို့ထင်တာတော့ အဲဒါ နင့်ဘုရားသခင်ရဲ့ အကွယ်အကာကြောင့်မဟုတ်ခဲ့ရင် နင့်မြေးလေးကိုအဲဒီနေရာမှာ ကျော်လွှားလွတ်မြောက်နိုင်ခဲ့မှာ ဟုတ်မဟုတ်ကို ဘယ်သူပြောနိုင်မှာလဲ” ဟုပြောပါသည်။ အချို့ကလည်း “နင့်ရဲ့မြေးလေးက အရမ်းကံကောင်းလှပါတယ်။ နင့်ရဲ့ဘုရားသခင်ကို နင်တကယ်ကိုပဲ ကျေးဇူးတင်သင့်တယ်”ဟုပြောပါသည်။ ထိုကဲ့သို့သော သူတို့ပြောသောစကားများကိုကြားရသည့်အခါ၊ ကျွန်မခေါင်းကိုညိတ်ကာ ဘုရားသခင်ကို ကျွန်မနှလုံးသားထဲတွင် ဆက်လက်ကျေးဇူးတင်နေမိပါသည်။

ဤအခြေအနေကို ရင်ဆိုင်ပြီးနောက်၊ ဘုရားသခင်၏အနန္တတန်ခိုးရှိခြင်းနှင့် အချုပ်အခြာတော်တို့ကို ကျွန်မ သိရှိသဘောပေါက်နားလည်လာခဲ့ကာ ကျွန်မ၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည်လည်း အလွန်တိုးပွားလာခဲ့ပါသည်။ ယခုတွင်မူ ကျွန်မ၏ အထောက်အမအဖြစ် ဘုရားသခင်ရှိနေခြင်းနှင့်အတူ ကျွန်မသည်သက်သာခြင်း၊ ငြိမ်သက်ခြင်းများကို ခံစားရပါသည်။ ကျွန်မ၏ကျန်ရှိသောဘဝအသက်တာကို ဘုရားသခင်၏ မေတ္တာတော်ကို ပြန်လည်ပေးဆပ်နိုင်ဖို့ ကျွန်မတတ်နိုင်သလောက် လုပ်ဆောင်ရန် ဆန္ဒရှိပါသည်။

အမှာစကား ချန်ခဲ့မည်