စာရင်း

သေခြင်းတရားနှင့်နီးကပ်ချိန်မှ ကျွန်ုပ်နိုးထလာသည်

ဟွေးဂိုက် တရုတ်

ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်းဘာအဖြစ်အပြက်ရှိမလဲကို ကျွန်ုပ်တို့ကြိုတင်မခန့်မှန်းနိုင်ပါ။ မတော်တဆဖြစ်ပွားမှုသည် ရုတ်တရက်ပေါ်လာစဉ်တွင် ကျွန်ုပ်တို့သည် မည်သို့ကြုံတွေ့ရမည်နည်း။ ဟွေကိုင် ညီအစ်ကိုသည် ဤသို့သောမတော်တဆဖြစ်ပွားမှုကို ကြုံတွေ့ဖူးသည်။ သူသည် (၆)မီတာမြင့်သည့်အပင်ကနေ ပြုတ်ကျပြီး ရှင်ခြင်းနှင့်သေခြင်း (၁၇) ရက်ကြုံတွေ့ကာ သူသည် ဘုရားသခင်ကိုအားကိုးပြီး အံ့ဩဖွယ်ဖြင့် အသက်ရှင်နေခဲ့သည်။ သူသည် မည်သို့ကြုံတွေ့လာခဲ့ပြီး ဘုရားသခင်၏အံ့ဩဖွယ်အမှုကိုလည်း မည်သို့တွေ့မြင်ခဲ့ရသနည်း။ ဆောင်းပါးကိုဖတ်ခြင်းအားဖြင့် သူ့ရဲ့အတွေ့အကြုံကို အတူကြည့်ကြရအောင်။

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို ကျွန်တော် လက်ခံလာခဲ့ပြီးနောက်၊ ကျွန်တော် စုဝေးပွဲများကို တက်ရောက်ခဲ့သော်လည်း၊ မကြာခဏ ဆိုသကဲ့သို့ ကျွန်တော် စိတ်မပါခဲ့ပါ။ ထိုအစား ကျွန်တော်က ငွေများစွာ ရှာဖွေရန် နည်းလမ်းနှင့် နိုင်ကြက်အနေဖြင့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်ရန် နည်းလမ်း အကြောင်းတို့ကိုသာ အမြဲတမ်း တွေးတော နေခဲ့သည်။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်ခြင်း အား မည်သည့်အခါမျှ အမှန်တကယ် အလေးအနက် မထားခဲ့ပါ။ ကျွန်တော့်ကိုယ်ကျွန်တော် သေမင်းတံခါးဝ တွင် ရောက်နေကြောင်း သိရှိသည့်အချိန်မှသာလျှင် နောက်ဆုံးတွင် ကျွန်တော် သတိပြုမိခြင်းတစ်ခု ရရှိ လာခဲ့သည်။

စက်တင်ဘာလသည် သစ်ချသီးများကောက်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။ ဤငွေရှာရန် အခွင့်အလမ်း ကို အသုံးချနိုင်ဖို့၊ တစ်မနက်တွင် ၎င်းတို့ကို ကောက်ရာ၌ ကျွန်တော့်ကို ကူညီပေးဖို့ ကျွန်တော့် ကလေးနှစ်ယောက်ကို တောင်ပေါ်သို့ ခေါ်သွားခဲ့သည်။ တောင်ပေါ်သို့ရောက်သည်နှင့် တပြိုင်နက် ကျွန်တော်က ကိုးမီတာကျော်ရှည်သည့် သစ်ချပင်တစ်ပင်ကို တက်ပြီး၊ မြေကြီးပေါ်မှ ခြောက်မီတာကျော် ဝေးသည့် သစ်ကိုင်း တစ်ခုပေါ်တွင် ရပ်နေခဲ့သည်၊ ကျွန်တော်က သစ်ချသီးများ မြေကြီးပေါ်သို့ ကျစေရန် သစ်ပင်ကို ဝါးလုံးဖြင့် အားနှင့်မာန်နှင့် ရိုက်ခဲ့သည်။ သစ်ပင်ကို တစ်နာရီခန့် ရိုက်အပြီးတွင်၊ ကျွန်တော်က ဂျွတ်ခနဲမြည်သံတစ်ခုကို ရုတ်တရက်ကြားလိုက်ပြီး၊ ကျွန်တော် မတ်တပ်ရပ် နေခဲ့သည့် သစ်ကိုင်း ကျိုးသွားခဲ့ပြီဖြစ်ကြောင်း ကျွန်တော် ချက်ခြင်း သဘောပေါက်လိုက်သည်။ ကျွန်တော့်က မိမိဘာသာ- ငါတော့သွားပြီ- ဟု တွေးမိခဲ့သည်။ အောက်တွင် နှစ်ဖက်နှစ်ချက်လုံး၌ ကျောက်တုံးများ အပြင်၊ ကျိုးနေသည့် ဝါးလုံးချွန်များလည်း ရှိသည်။ ကျွန်တော် ကျောက်တုံးပေါ်သို့ ကျသည်ဖြစ်စေ သို့မဟုတ် ဝါးလုံးချွန်များပေါ်ကျသည်ဖြစ်စေ၊ ကျွန်တော်သေရ လိမ့်မည် … ကျွန်တော်သစ်ကိုင်းနှင့် ကျသွားစဉ်၊ ကျွန်တော့်ကို ကယ်တင်ပါရန် ဘုရားသခင်ကို ကမန်းကတန်း ခေါ်ခဲ့ပါသည်။ ကျွန်တော်က ကျောက်တုံး များ သို့မဟုတ် ဝါးလုံးချွန်များ မရှိသည့် မြေကွက်ပေါ်သို့ ကျသော်လည်း ကျွန်တော့်ဦးခေါင်းက ကျွန်တော်ချိုး လိုက်သည့် သစ်ကိုင်းဖြင့် ရိုက်မိခဲ့သည်၊ ပြီးလျှင် နာကျင်မှုပွင့်အန်ထွက်ခြင်း၏ ထိုးနှက်ခြင်းကို ခံခဲ့ရပါ သည်။ အသက်ရှုရန် အလွန်ခက်ခဲလှသည်၊ ပြီးလျှင် ကျွန်တော်က မွန်းကျပ်နေသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်တော့် လက်ယာလက်က စတင်ကြီးစွာ ရောင်ကိုင်း လာပြီး၊ ထုံသွားခဲ့သည်။ တဖြည်းဖြည်းချင်း ကျွန်တော့် လက်ဝဲလက်နှင့် လက်ဝဲခြေထောက်ကို မလိုက်ပြီး ကျွန်တော် လှုပ်နိုင်သေးကြောင်း တွေ့ရှိခဲ့ရသည်။ ထို့နောက်တွင် ကျွန်တော့်ကလေးနှစ်ယောက်က "ဖေဖေ၊ ဖေဖေ သစ်ပင်ပေါ်က ပြုတ်ကျတယ် …" ဟု ငိုယိုပြီး အော်ဟစ်နေသည်ကိုသာ ကြားနိုင်ခဲ့သည်။ ကျွန်တော့် ကလေးများ ငိုယိုနေသည်ကို ကြားရင်း ကျွန်တော် ပြန်ဖြေလိုသော်လည်း မည်သည့်အသံမျှ မပေးနိုင်ခဲ့ပါ။ ကျွန်တော် ဘုရားသခင်ထံ ကမန်းကတန်း ဆုတောင်း တစ်ခု ခြွေခဲ့သည်၊ "အို ဘုရားသခင်၊ ကျွန်တော် အခု သစ်ပင်ပေါ်က ပြုတ်ကျပြီး ကျွန်တော်သေရမှာကို ကြောက်နေပါတယ်။ ကျွန်တော် အရမ်းကို စိတ်မချမ်းသာ တဲ့အပြင် အားနည်းနေပါတယ်။ ကျေးဇူးပြု ပြီးတော့ ကျွန်တော့်ကို ယုံကြည်မှုပေးသနားတော်မူပါ" ကျွန်တော် ဆုတောင်းပြီးနောက် ကျွန်တော် ဘုရားသခင် ၏ နှုတ်ကပတ်တော်များကို တွေးမိခဲ့သည်၊ "အနန္တ တန်ခိုးရှင် ဘုရားသခင်သည် အရာရာကို တတ်စွမ်းနိုင် သော သမားတော်တစ်ဦး ဖြစ်လေသည်တကား။… အကယ်၍ သင့်ထံ၌ ထွက်သက်ဝင်သက် တစ်ခုမျှသာ ရှိဦးတော့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။" မှန်ပါတယ်၊ ကျွန်တော် တွေးမိသည်။ ဘုရားသခင်သည် အရာရာကို တတ်နိုင်စွမ်းသော ဘုရားသခင်ဖြစ်သည်၊ သူက အရာအားလုံးကို အုပ်စိုးပြီး လူသားမျိုးနွယ်၏ ကံကြမ္မာကို ထိန်းချုပ်သည်။ ကျွန်တော့် အသက်နှင့် သေခြင်းတရားတို့က သူ့လက်ထဲ တွင် ရှိသောကြောင့် ကျွန်တော်က ဘုရားသခင်ကို ယုံကြည်ရမည်။ ကျွန်တော့်အချိန်မကျသေးပါက၊ ဘုရားသခင်က ကျွန်တော့်မှာ ထွက်သက်ဝင်သက် တစ်ခုမျှပင် ရှိဦးတော့ ကျွန်တော့်အား သေစေလိမ့် မည်မဟုတ် … ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို မျှော်လင့်ချက် နှင့် ရဲစွမ်းသတ္တိတို့ကို ပေးတော်မူသည်၊ ပြီးလျှင် ကျွန်တော့်နှလုံးသားတွင် ခံစားခဲ့ရသည့် အကြောက်တရားသည် များစွာလျော့ပေါ့ သွားခဲ့သည်။

သင်နှစ်သက်နိုင်သည့် အရာများ-

နောက်ပိုင်းတွင် ကျွန်တော့်မိသားစုက ကျွန်တော့်ကို ပြည်နယ်လူထုဆေးရုံသို့ခေါ်သွားခဲ့ကြသည်။ ကျွန်တော့် ကို စမ်းသပ်ပြီးနောက်၊ ဆရာဝန်က ကျွန်တော်သည် ဆိုးသောအခြေအနေတွင်ရှိကြောင်းတွေ့ ပြီး ကျွန်တော့်ကို စည်ပင်ဆေးရုံသို့ ပြောင်းရွှေ့ရန် ပြောခဲ့သည်။ ကျွန်တော် စကားမပြောနိုင်သော်လည်း ကျွန်တော့်စိတ်က အလွန် ကြည်လင်နေဆဲဖြစ်သည်၊ ပြီးလျှင် သူက ဤအရာကို ကျွန်တော့်ကို ပြောသည့် အချိန်တွင် ကျွန်တော်က အလွန်ကြောက်ရွံ့ပြီး၊ ဘုရားသခင်ကို ဆက်၍ခေါ် နေမိတော့သည်။ နောက်ပိုင်းတွင် ကျွန်တော့်မိသားစုက ကျွန်တော့်ကို စည်ပင်ဆေးရုံသို့ ရွှေ့ပြောင်းခဲ့သည်။ ထိုအချိန်တွင် ၅နာရီကျော်နေခဲ့ပြီ။ ကျွန်တော့် အခြေအနေကို သိကျွမ်းအောင် ပြုအပြီးတွင် ဆရာဝန်က "ဒီလူနာက မနက် ၁၀နာရီမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ အခု ညနေ၅နာရီကျော်နေပြီ။ သူ့က စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပြီး၊ ကျွန်တော်တို့ နောက်ထပ် နှောင့်နှေးနေလို့ မရတော့ဘူး။ မြန်မြန်လုပ်၊ ဆေးရုံတက်ခ တွေ သွားပေး လိုက်" ဟု ပြောခဲ့သည်။

တစ်နာရီခန့်အကြာတွင် စမ်းသပ်မှုရလဒ်များ ပြန်ရောက် လာခဲ့သည်။ ဆရာဝန်က ၎င်းတို့ကို ကြည့်လိုက်ပြီး၊ ကျွန်တော့် ဇနီးအား "အစ်မယောက်ျားက အခု အရမ်းစိုးရိမ်ရတဲ့ အနေအထားတစ်ခုမှာ ရှိတယ်။ သူ့ဦးနှောက်မှာ သွေးယိုနေတယ်၊ ပြီးတော့ သွေးခဲပြီး သွေးကြောတွေကို ပိတ်တာနဲ့တပြိုင်နက် သူက အချိန်မရွေး သေသွားနိုင်တယ်။ သူ့ညာဖက် လည်ပင်းရိုး အဆစ်မှာ ဆံမျှင်လောက် အက်ကြောင်းရှိတယ်၊ လည်ပင်းကျောရိုး အဆစ်လွဲပြီး သူ့ဦးခေါင်းခွံ အနောက်ဖက်က ပဲ့သွားတဲ့ အရိုးစက အဓိက အာရုံကြောတစ်ခုကို လာဖိနေတယ်။ ဒီအရိုးစလေးက အောက်ကို တစ်စင်တီမီတာပဲ ရွှေ့သွားဦး၊ အစ်မ ယောက်ျား သေလိမ့်မယ်" ဟု ပြောလိုက်သည်။ ထို့နောက်တွင် ဆရာဝန်က ကျွန်တော့်ဇနီးကို လျှောက်လွှာ တစ်ခု လက်မှတ်ထိုးခိုင်းပြီး "အစ်မအနေနဲ့ ကျွန်တော်တို့က သူ့ကို ဆက်ပြီးကုစေချင်တယ်ဆိုရင်၊ အစ်မက သူ့အနေအထားရဲ့ ပြင်းထန်မှုကို နားလည် သဘောပေါက်ကြောင်း ပြဖို့ ဒီလျှောက်လွှာမှာ လက်မှတ်ထိုး ရမယ်" ဟု ပြောခဲ့သည်။ သူဤသို့ ပြောသည်ကို ကျွန်တော်ကြားသည့်အချိန်တွင် ကျွန်တော် က နာကျင်မှုနှင့် စိတ်ဆင်းရဲခြင်းကို ခံစားခဲ့ ရသည်။ သွေးကြောပိတ်သွားခဲ့ပါက ကျွန်တော့် ဘဝဆုံးမည် ဖြစ်သည်၊ ကျွန်တော်တို့ လူ့ဘဝများသည် အမှန်တကယ် ပင် အလွန် အထိမခံသည့်အပြင်၊ အရေးမပါလှပါ။ ကျွန်တော်က ဆိုးရွားသည့် အခြေအနေတွင် ရှိနေသော်လည်း ထိုနေ့က ဘုရားသခင်၏ အံ့သြဖွယ်ရာ ကွယ်ကာမှုကြောင့်သာ မဟုတ်ပါက၊ ကျွန်တော် ထိုသစ်ပင်အောက်တွင် သေဆုံးခဲ့ပြီးဖြစ်သည်။ ဤအချက် ကိုတွေးရင်း၊ ကျေးဇူးတင်ရှိသည့် ခံစားချက်များနှင့် မိမိကိုယ်ကို အပြစ်တင်ခြင်းဖြင့် ကျွန်တော်က ဘုရားသခင်ကို ဆုတောင်းခဲ့ပါသည်၊ "အို ဘုရားသခင်၊ ကျွန်တော်က ကိုယ်တော့်ကို ယုံကြည်ပေမဲ့လည်း၊ ကိုယ်တော့်ကို ကျွန်တော် မသိပါဘူး။ ကျွန်တော် စုဝေးပွဲတွေ တက်ရောက်တိုင်း ကျွန်တော် စိတ်မပါခဲ့ဘူး၊ ပြီးတော့ ကျွန်တော် ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အချိန်တိုင်း သတိမမူပဲလုပ်ဆောင်နေခြင်းသာ ဖြစ်ပြီး၊ သူတို့ကို ဝတ်ကျေတမ်းကျေ ဖတ်ပြလိုက်တယ်၊ ပြီးတော့ အဲဒီအစား ငွေဘယ်လိုရှာရမလဲဆိုတာကိုပဲ တွေးနေမိခဲ့တယ်။ဒီနေ့ ကျွန်တော် သစ်ပင် အမြင့်ကြီး ပေါ်က ပြုတ်ကျပြီး မသေခဲ့ပါဘူး၊ အားလုံးက ကိုယ်တော်ရဲ့ ကြီးမားတဲ့ ကွယ်ကာမှုကြောင့်ပါ။ ကိုယ်တော်က ကျွန်တော့် ပုန်ကန်လိုခြင်း အတိုင်း ကျွန်တော့်ကို မဆက်ဆံခဲ့ဘူး၊ အဲဒီအစား ကျွန်တော့်ကို ခွင့်လွှတ်ခြင်း၊ သနားကရုဏာနဲ့ပြည့်စုံတဲ့ နှလုံးသား တို့နဲ့ ကယ်တင်ခဲ့ပြီး၊ နောင်တရဖို့ ကျွန်တော့်ကို အခွင်ပေး ခဲ့တယ်။ အိုဘုရားသခင်၊ ကိုယ်တော်က ကျွန်တော့် အသက်ကို ပေးခဲ့တာပါ၊ ပြီးတော့ ကျွန်တော် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အရာအားလုံးကို ကျွန်တော် ကိုယ်တော့်လက်ထဲကို ယုံကြည်စွာ အပ်နှံပါ တယ်။ ကိုယ်တော့် စီစဉ်မှုမှာ ကျွန်တော် အပ်နှံလိုပါတယ်။"

ကျွန်တော် ဆေးရုံတက်သည်နှင့် တပြိုင်နက် ဆရာဝန်က ကျွန်တော့်သွေးထွက်ခြင်းကို တိတ်စေရန် နှင့် တစ်ချိန်တည်းမှာပင် ကျွန်တော့် ခန္ဓာကိုယ် အဟာရ ဖြစ်စေရန် ကူညီပေးမည့် ဓါတ်ဆားရည်တစ်ချို့ သွေးကြားထဲထိုးပေးခဲ့သည်။ ပထမနံနက်ခင်းတွင် ကျွန်တော့် ဦးနှောက်ပေါ်တွင် ထုံးနေသည့်သွေးက ကျွန်တော့်ပါးစပ်မှထွက်လာသည်၊ ပြီးလျှင် ကျွန်တော် တစ်ညတည်း အိမ်သာသုံးစက္ကူ ၁၀လိပ် သုံးပစ်လိုက် သည်။ နောက်တစ်နေ့သည် တရုတ်လူမျိုး အမျိုးသားနေ့ ဖြစ်ပြီး တာဝန်ကျဆရာဝန်များက သုံးရက် အားလပ်ရက် ယူကြသည်။ ထိုသုံးရက်အတွင်း ကျွန်တော့်ပါးစပ်မှ သွေးများ ဆက်ထွက်နေခဲ့သည်။ စတုတ္ထမြောက်နေ့တွင် တာဝန်ကျဆရာဝန်က ကျွန်တော့်ကို စမ်းသပ်ဖို့ တစ်ဖန်ရောက်လာခဲ့ပြန်သည်။ ကျွန်တော့် ဦးနှောက်ထဲ တွင် သွေးယိုနေဆဲ ဖြစ်ကြောင်း စမ်းသပ်မှုများက ပြနေခဲ့သည်၊ ပြီးလျှင် သူက ကျွန်တော့်ကို စိတ်မချရ သေးကြောင်း ပြောခဲ့သည်။ မတော်တဆမှု ဖြစ်ပြီးတစ်ပတ်တွင် ဆရာဝန်က ကျွန်တော့်ကို တစ်ဖန် စမ်းသပ်ခဲ့သည်။ သူက ရလဒ်များကို ကြည့်ပြီး၊ သူ့ခေါင်းကိုခါကာ "ကျွန်တော်တို့ ခင်ဗျားသောက်သင့်တဲ့ ဆေးပေးခဲ့တာပဲ၊ ဒါပေမဲ့ ခင်ဗျားဦးနှောက်ထဲက သွေးယိုတာကို တိတ်အောင်မလုပ်နိုင်သေးဘူး။ ခင်ဗျား စိုးရိမ်ရတဲ့ အနေအထားမှာပဲ ရှိသေးတယ်။ တခြား တာဝန်ကျဆရာဝန်တွေနဲ့ ကျွန်တော်တို့က ခင်ဗျား ရောဂါကို ဆွေးနွေးနေခဲ့ကြတာ၊ ပြီးတော့ ခင်ဗျားအတွက် ကျွန်တော်တို့လုပ်နိုင်တာ တခြားဘာမှမရှိတော့ဘူး။ ခင်ဗျား နောက်ထပ်ဆေးရုံတစ်ခုကို ပြောင်းလိုက်တာ ခင်ဗျားအတွက် အကောင်းဆုံးအကြံဉာဏ်ပဲ" ဟု ပြောခဲ့သည်။ ဆရာဝန်ပြောသည်ကို နားထောင်ရင် ကျွန်တော့်ဇနီးက အကောင်းဆုံးအတွက် ဘာလုပ်ရမည်ကို မသိခဲ့ပါ။ သူမက ကျွန်တော် အမှန်တကယ် သေဆုံးမည်ကို ကြောက်နေခဲ့သောကြောင့် သူက ဆရာဝန်ကို ခွဲစိတ်ကုသမှုပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ဆရာဝန်က "အစ်မယောက်ျားက အခုအချိန်မှာ ခွဲစိတ်ခံလို့မရသေးဘူး။ သူ့ခေါင်းက ကွဲသွားတဲ့ ကြက်ဥခွံတစ်ခုလိုပဲ။ ကျွန်တော်တို့ လုပ်နိုင်သမျှကတော့ သူ့သွေးထွက်တာကို တိတ်အောင် နဲ့ သူ့ခန္ဓာကိုယ်ကို အဟာရပြည့်အောင် ဆေးတွေသွင်းပေးတာပဲရှိတယ်။ သူ့ကို ခွဲစိတ်ကုသတာဟာ အရမ်းအန္တရာယ်များတယ်" ဟု ပြောခဲ့သည်။ ဆရာဝန်၏ စကားများက မိုးကြိုးပစ်ချ လိုက်သကဲ့သို့ပင် ဖြစ်သည်။ သီတင်းတစ်ပတ်ကြာသွားပြီး ကျွန်တော်က စိုးရိမ်ရသည့်အခြေအနေမှ မထွက်လာ သေးပါ။ ကျွန်တော်က တကယ်ကို မပျောက်ကင်းနိုင် တော့ဘူးလား။ ဒါက တကယ်ကို ကျွန်တော် ကမ္ဘာကြီးက ထွက်သွားမယ့်ပုံစံလား။ သို့သော်လည်း မတော်တဆမှု ဖြစ်ကတည်းက ဖြစ်ပျက်ခဲ့သည့် အရာများအားလုံးကို ကျွန်တော်တွေးခဲ့သည်။ သီတင်းတစ်ပတ်သာ ကုန်ဆုံး သွားခဲ့ပြီး ဆရာဝန်များက ကျွန်တော်သည် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်းနှင့် အချိန်မရွေး သေဆုံးနိုင်ကြောင်း အကြိမ်ပေါင်းများစွာ ပြောခဲ့ကြသည်။ သို့သော်လည်း ကျွန်တော် ဤအချိန်အထိသာ ရောက်လာ ပြီး မသေဆုံးသေးပါ၊ ကျွန်တော်က ဘုရားသခင်၏ ကြီးမားသည့် တန်ခိုးကို သက်သေခံခဲ့ပြီး မဟုတ်ပါလား။ ထိုအချိန်တွင် ကျွန်တော်က ဘုရားသခင်၌ ယုံကြည်မှု မည်မျှနည်းပါးကြောင်းကို နားလည်သဘောပေါက် ခဲ့သည်။ ကျွန်တော်သေသည် ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဆရာဝန်များ ဆုံးဖြတ်ခြင်း မဟုတ်သော်လည်း ဘုရားသခင်က ဆုံးဖြတ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက "ငါသည် အရာအားလုံးကို ဖန်ဆင်းသော စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်ကြောင်း ယနေ့မှစ၍ ငါသည် လူတို့အား ငါ့ကို စတင်သိစေမည်။… အရာရာတိုင်းကို ထိန်းချုပ်ပြီး စီမံသူ၊ နိုင်ငံတော်ကို အုပ်စိုးသည့် ရှင်ဘုရင်၊ စကြဝဠာကို စီမံခန့်ခွဲသော ဘုရားသခင်ကိုယ်တော်တိုင်၊ ထို့ထက်ပိုမိုစွာ၊ လူသားတို့၏ သေခြင်းနှင့် ရှင်ခြင်းကို ထိန်းချုပ်သော ဘုရားသခင်၊ မရဏာနိုင်ငံသော့ကို ကိုင်ထားသောသူ" ဟု မိန့်တော်မူထားသကဲ့သို့ ဖြစ်ပါသည်။ မှန်ပါတယ်၊ ကျွန်တော်တွေးမိသည်။ ဘုရားသခင်သည် ကျွန်တော့် အသက်နှင့် သေခြင်း တရားတို့၏ အကြီးအကဲဖြစ်သည်၊ ပြီးလျှင် ဘုရားသခင် က ခွင့်မပြုပါက ကျွန်တော်သည် မည်မျှ ကြီးမားသည့် အန္တရာယ်ထဲကျရောက်နေပါစေ ကျွန်တော့် အသက်ကို ဆုံးရှုံးမည် မဟုတ်ပါ။ ထို့နောက်တွင်ပင် ဘုရားသခင်ကို ကျွန်တော့် ယုံကြည်မှုက အတော်အတန် ကြီးထွားလာ ပါသည်။ မည်သည့်အရာပင်ဖြစ်ပါစေ၊ ကျွန်တော်က ဘုရားသခင်ကို မှီခိုပြီး သူ့ကို မျှော်ကြည့်လိုပါသည်။

ထို့နောက် ကျွန်တော် သုံးရက်တစ်ခါ စမ်းသပ်ခံ ရသည်။ ကျွန်တော် စမ်းသပ်ခံရပြီးတိုင်း ကျွန်တော့် ခေါင်းကို အနည်းငယ်မျှ လှုပ်ရုံဖြင့် ကျွန်တော့်ခေါင်းထဲမှ ပျောက်ကင်းစ ထိခိုက်ဒဏ်ရာက ပွင့်ထွက်ပြီး သွေးများစ ထွက်လာပြန်ပြီး ကျွန်တော်သည် ဧရာမ နာကျင်မှုကို ခံစားရပြန်သည်။ ကျွန်တော်သုံးသမျှ မည်သည့် အကိုက်အခဲပျောက်ဆေးမှ အကျိုးသက်ရောက်မှုမရှိပါ။ ဆယ့်တစ်ရက် မြောက်နေ့တွင် ကျွန်တော့် ဦးနှောက် ပေါ်တွင် သွေးထွက်နေဆဲဖြစ်ပြီး ကျွန်တော်သည် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေဆဲဖြစ်ကြောင်း ဆရာဝန်က ပြောခဲ့သည်။ သူက ကျွန်တော်တို့ကို တတ်နိုင်သမျှ အစောဆုံး နောက်ထပ် ဆေးရုံတစ်ခုကို ရွှေ့ပြောင်းဖို့ တောင်းဆိုခဲ့သည်။

ကျွန်တော့်ခေါင်းကို အနည်းငယ်မျှ လှုပ်သည့် အခါတိုင်း ကျွန်တော့်ခေါင်းမှာ တစ်ဖန်သွေးစထွက်ပြန်ပြီး၊ ကျွန်တော်က ဧရာမ နာကျင်မှုကြီးကို ခံစားရသည်ကို ကျွန်တော်ဇနီးတွေ့သွားခဲ့သည်။ ကျွန်တော်က နောက်ထပ် ဆေးရုံတစ်ခုကို ယိမ်းယိုင်တွန်းထိုးပြီး သွားပါက၊ ကျွန်တော်က ထိုလမ်းခုလတ်တွင် ကျွန်တော်သေဆုံး မည်ကို ကြောက်ရွံ့သောကြောင့်၊ ဆရာဝန်၏ တောင်းဆိုမှုကို သဘောတူရန် သူမက တွေဝေတုံ့ဆိုင်း နေခဲ့သည်။ သူမ၏ စိုးရိမ်စိတ်များကို ကျွန်တော့်ကို ပြောပြပြီးနောက်တွင် ကျွန်တော်က စိတ်လှုပ်ရှားပြီး သေခြင်းတရားသည် ကျွန်တော့်ကို အချိန်တိုင်းမှာ လက်ယပ်ခေါ်နေသည် ဟု ခံစားရသည်။ ကျွန်တော်က သွေးဆက်ထွက်ပြီး၊ ခွဲစိတ်ကုသမှုမခံယူနိုင်ပါက ကျွန်တော်သည် အလွန်ဝေးလံသော စီရင်စု ဆေးရုံသို့ ပြောင်းရွှေ့ခံရပါက၊ ကျွန်တော် အနေအထားက ပို၍ မဆိုးလာပါလား။ ကျွန်တော်ထိုအကြောင်းကို ပိုတွေးလေ၊ ပို၍ စိတ်သောကရောက်သည် ဟု ခံစားခဲ့ရသောကြောင့် ကျွန်တော့်နှလုံးသားထဲမှ ဘုရားသခင်ကို ဆုတောင်းခြွေ ခဲ့သည်၊ "အိုဘုရားသခင်၊ ကျွန်တော့်အနေ အထားက အခုအချိန်မှာ ပိုပြီးပြင်းထန်လာ ခဲ့ပြီးကျွန်တော်က သေဖို့ မကြာခဏ အန္တရာယ်ကြုံတွေ့နေရတယ်။ ကျွန်တော်က အရမ်းနာကျင်ပြီး ပိတ်မိနေခဲ့တယ်။ ဒီက ဆရာဝန်တွေက ကျွန်တော့်ကို မကုသရဲတဲ့အပြင်၊ ကျွန်တော့်ကို နောက်ထပ် ဆေးရုံပြောင်းဖို့ တောင်းဆိုနေကြတယ်။ အိုဘုရားသခင် ဒီအခြေအနေနဲ့ ရင်ဆိုင်ပြီးတော့ ကျွန်တော်က အရမ်းကို စိုးရိမ်ကြောင့်ကျပြီးတော့ ကြောက်ရွံ့နေပါတယ်။ ကိုယ်တော့် အလိုတော်ကို ကျွန်တော် နားမလည်ပါဘူး၊ ပြီးတော့ ဒီအခြေအနေကို ကျွန်တော်ဘယ်လို တွေ့ကြုံ ခံစားရမှန်းလည်း ကျွန်တော်မသိပါဘူး။ ကိုယ်တော့် လမ်းပြမှုကို ကျေးဇူးပြုပြီး ကျွန်တော့်ကို ပေးတော်မူပါ။ ကျွန်တော် ကိုယ်တော့် အလိုတော်အတိုင်းသာ ဆောင်ရွက် လိုပါတယ်။" ထို့နောက် ကျွန်တော်က ဘုရားသခင့် နှုတ်ကပတ်တော်များကို တွေးမိခဲ့သည်၊ "ယုံကြည်ခြင်း သည် သစ်လုံးတစ်လုံးတည်းဖြင့် ပြုလုပ်ထားသော တံတား တစ်ခုကဲ့သို့ ဖြစ်သည်၊ အသက်ကို မလွတ်တမ်း ဖက်တွယ်ထားသူတို့သည် ၎င်းတံတားကို ဖြတ်ကူးရန် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် စိုးရိမ်မှု မရှိဘဲ ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်၍ ကြောက်ရွံ့သော အတွေးအခေါ်များ ရှိနေလျှင်၊ ၎င်းတို့သည် စာတန်၏ လှည့်ဖြားခြင်းကို ခံနေကြရပြီဖြစ်သည်။ ငါတို့သည် ယုံကြည်ခြင်းတံတားကို ဖြတ်ကျော်ကာ၊ ဘုရားသခင်ထံသို့ ဝင်ရောက်မည်ကို ၎င်းသည် စိုးရိမ်၏။ စာတန်သည် ၎င်း၏ အတွေး အခေါ်များကို ငါတို့ထံ ပို့ရန်အတွက် ဖြစ်နိုင်သမျှ သောနည်းလမ်းတို့ကို ဖန်တီး၏၊ ငါတို့အပေါ် ဘုရားသခင် ၏အလင်း ထွန်းလင်းလာစေရန်အတွက်၊ ငါတို့သည် အမြဲမပြတ် ဆုတောင်းသင့်၏၊ ထို့ပြင် ငါတို့အား စာတန်၏ အဆိပ်အတောက်မှ သန့်စင်စေရန် အတွက် ငါတို့သည် ဘုရားသခင်ကို အမြဲ ကိုးစားရမည် ဖြစ်သည်။ ဘုရားသခင် နှင့် နီးကပ်လာစေရန်အလို့ငှာ၊ ငါတို့၏ စိတ်ဝိညာဉ်များအတွင်း၌ အမြဲမပြတ် လိုက်နာ ကျင့်သုံးနေကြသင့်သည်။ ငါတို့၏ ခန္ဓာစိတ်ဝိညာဉ် တစ်ခုလုံးအပေါ်၌ ဘုရားသခင်အား အုပ်စိုးခွင့်ပြုရမည် ဖြစ်ပေသည်။" ဘုရားသခင့်နှုတ်ကပတ်တော်က ကျွန်တော့်ကို ယုံကြည်မှုပေးပြီး၊ ကျွန်တော့် စိုးရိမ် ကြောင့်ကျမှုများနှင့် ပူပန်သောကများသည် စာတန်၏ နှောင့်ယှက်မှုများဖြစ်ကြောင်းကို ကျွန်တော် နားလည် သဘောပေါက် လာခဲ့သည်။ စာတန်က ကျွန်တော့် ယုံကြည်မှုကို ဖြိုချရန်၊ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်မှုပျောက်ဆုံးပြီး ဘုရားသခင်ကို ရှောင်ကြည် စေရန် ကျွန်တော့်ကို စိတ်တိုတတ်သော အခြေအနေ တစ်ခုတွင် အသက်ရှင်နေထိုင်စေခဲ့သည်။ ယင်းမှာ စာတန်၏ ပရိယာယ်များသော အကြံအစည်အားလုံးပင် ဖြစ်သည်။ မတော်တဆမှုဖြစ်သည်မှာ ဆယ်ရက်ရှိခဲ့ပြီး ကျွန်တော့် ဦးနှောက်ထဲတွင် သွေးများ ဆက်ထွက် နေခဲ့သည်။ သို့သော်လည်း ကျွန်တော်က မသေရုံမျှမက အမှန်မှာမူ အမြဲတမ်းပင် ကြင်လင်သော အသိစိတ် ရှိနေခဲ့သည်၊ ဤသည်မှာ ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်ပင် မဟုတ်ပါလား။ ကျွန်တော်က အသက်အန္တရာယ်ရှိနေသေးကြောင်း အခုပြောနေကြသည်၊ ပြီးလျှင် ဤသည်မှာ ကျွန်တော့်အနေဖြင့် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှုရှိမရှိ နှင့် ကျွန်တော်က ဘုရားသခင်ကို အမှန်တကယ် မှီခိုနေခြင်းရှိမရှိတို့ကို မြင်တွေ့ရန် စစ်ဆေးမှုတစ်ခုဖြစ်သည်။ ကျွန်တော်က စာတန်၏ စုံစမ်းသွေးဆောင်ခြင်းထဲ မနစ်မြုပ်ရန် ရှောင်ကြဉ်ရသည်၊ ပြီးလျှင် ကျွန်တော်က ဘုရားသခင်ကို မှီခိုပြီး ဘုရားသခင်ကို မျှော်ကြည့်လိုလာသည်၊ ထို့အပြင် ဘုရားသခင်ကို ကျွန်တော့်ယုံကြည်မှုလည်း မဆုံးရှုံးလိုပါ။ ကျွန်တော်က မိမိအသက်နှင့် သေခြင်းတရားတို့ကို ဘုရားသခင်၏ လက်တော်ထဲတွင် လုံးဝဉဿုံ ယုံကြည်စွာ အပ်နှံပြီး၊ သူ့အချုပ်အခြာတွင် ဆက်ကပ်အပ်နှံဖို့ ဆုံးဖြတ်ခဲ့သည်။ အဆုံးသတ်တွင် ကျန်တော်တို့က စီရင်စုဆေးရုံသို့ မပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။

နောက်ပိုင်းတွင် ကျွန်တော့်ဇနီးက တဘက် တစ်ထည်ကို ဆားရေနွေးဖြင့်စွတ်ပြီး၊ ကျွန်တော့် ထိခိုက် ဒဏ်ရာရထားသည့် လက်ယာလက်ကို သုတ်ပေးသည်။ တဖြည်းဖြည်းချင်းဖြင့် ကျွန်တော့်လက်မှ သွေးခဲများ ပျော်သွားပြီး နာကျင်မှုမှာလည်း ထိုမျှလောက် မပြင်းထန် တော့ပါ။ ဆယ့်နှစ်ရက်နေ့တွင် ကျွန်တော့်ဇနီးက တဘက်ကို ရေစွတ်ပြီး ကျွန်တော့်ဦးခေါင်းပေါ်သို့ သွေးတိတ်ရန် ဖိကပ်သည့် အဝတ်စအနေဖြင့် တင်ထားသည်။ ဤသည်ကို သူမက နှစ်ရက်တိုင်တိုင် ပြုလုပ်ခဲ့ပြီး၊ ကျွန်တော့်ဦးခေါင်းထဲမှ သွေးခဲများသည် အပူကြောင့် စတင်ပျော်လာခဲ့သည်၊ ပြီးလျှင် ကျွန်တော့် ဦးခေါင်းထဲမှ နာကျင်မှုက တဖြည်းဖြည်းချင်း တိုး၍ နည်းပါးသွားခဲ့သည်။ ထိုညနေတွင် ကျွန်တော်က အနည်းငယ် စတင်ဆာလောင်လာပြီး၊ စွပ်ပြုတ်တစ်ခွက် သောက်နိုင်ခဲ့သည်။ ဆေးရုံတက်ကတည်းက ကျွန်တော်က အလွန်နာကျင်စွာခံစားနေခဲ့ရသောကြောင့် ကျွန်တော် တစ်ခုမှ မစားခဲ့ပါ၊ ပြီးလျှင် ကျွန်တော့် အနေအထား အနည်းငယ် တိုးတက်လာသည်ကို မြင်ရင်းဖြင့် ကျွန်တော့်ဇနီးက အမှန်တကယ်ပင် ပျော်ရွှင်ခဲ့ပါသည်။ ဆယ့်သုံးရက်နေ့မြောက် နံနက်တွင် ကျွန်တော့်အစ်ကို အကြီးက ကျွန်တော် ဓါတ်မှန်များကို စီရင်စုဆေးရုံသို့ ယူသွားခဲ့ပြီး၊ ထိုနေရာမှ တာဝန်ကျဆရာဝန် လေးဦးကို ၎င်းတို့အား ပြသခဲ့ပြီး၊ ကျွန်တော့်အနေအထားကို သူတို့ကို ရှင်းပြခဲ့ပါသည်။ ဆရာဝန်များအားလုံးက "ကျွန်တော်တို့ လူနာကြည့်ခဲ့တာ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီ၊ ဒီလိုလူနာ တစ်ယောက်ကို ကြုံရတာ ဒါကပထမဆုံး အကြိမ်ပဲ။ သူ့ခေါင်းမှာ ဒီလိုပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတစ်ခု ရပြီးတာတောင် သူမသေသေးဘူးဆိုတာ အံ့ဖွယ်အမှု တစ်ခုပဲ။ သူ့မှာ သူ့ကို စောင့်ရှောက်နေတဲ့ တစ်ယောက် ယောက် အမှန်တကယ်ကို ရှိနေတယ်" ဟု ပြောခဲ့ကြ သည်။ ဤအချက်ကို ကျွန်တော်ကြားသည့်အခါတွင် ကျွန်တော်က ဘုရားသခင်ကို ကျွန်တော့်နှလုံးသားထဲမှ ဆက်ပြီး ကျေးဇူးတင်နေမိတော့သည်။

ဆေးရုံတွင် ၁၇ရက်ကြာ တက်ရောက်ခဲ့ပြီး ဆရာဝန်က ကျွန်တော်သည် စိုးရိမ်ရသောအခြေအနေတွင် နောက်ထပ်မရှိတော့ကြောင်း တွေ့မြင်ပြီး၊ ကျွန်တော် ဆေးဆက်လက်ကုသမှုခံယူရန် ပြည်နယ်ဆေးရုံသို့ ပြန်ရန် တောင်းဆိုခဲ့ကြသည်။ သို့သော်လည်း ကျွန်တော်ဆေးရုံမှ ဆင်းပြီးနောက်တွင်မူ ကျွန်တော် ပြည်နယ်ဆေးရုံသို့ မသွားခဲ့သည့်အပြင်၊ အဟာရဖြည့်ဆေးသွင်းခြင်း အတွက် လည်း မသွားခဲ့ပါ။ ကျွန်တော်က အိမ်သို့ယူသွားရန် အနောက်တိုင်းဆေးညွှန်းအတွက် ယွမ်ရာအနည်းငယ် ပေးခဲ့ပြီး ကျွန်တော့်ဇနီးက ကျွန်တော့်အတွက် နေ့စဉ် ဝက်ရိုးစွပ်ပြုတ်လုပ်ပေးခဲ့သည်၊ ပြီးလျှင် ဤနည်းဖြင့် ကျွန်တော်က နေအိမ်တွင် ကျန်းမာဖို့ ပြုစုစောင့်ရှောက် ခံခဲ့ရပါသည်။

ကျွန်တော့် ထိခိုက်ဒဏ်ရာမှ ပြန်လည်ကောင်းမွန် လာစဉ် ကျွန်တော်က အသက်လေးဆယ်ကျော်သာ ရှိသေးသည့် ကျွန်တော်နှင့် တစ်ဆောင်ထဲနေခဲ့ရသည့် လူတစ်ယောက် အကြောင်းကို တွေးမိသည်။ သူက သူ့ကားကို ဝင်တိုက်ခဲ့သည့်အချိန်က သူ့မိသားစုကို ဖုန်းခေါ်နိုင်ဆဲ ဖြစ်သည့်အပြင်၊ သူဆေးရုံကို ရောက်ရှိပြီး နောက်၊ သူ့ဦးနှောက်ကို ခွဲစိတ်ကုသမှု အနည်းငယ် ပြုလုပ်ခဲ့ရသည်။ သူက အသက်ရှုရန် အောက်စီဂျင် နေ့တိုင်း ပေးထားရပြီး၊ ထို့နောက်ပိုင်းတွင် သူက ကြပ်မတ်ကုဌာန သို့ အဆက်မပြတ် တက်ရောက် ခဲ့ရသည်။ ထို့နောက် ကျွန်တော့် ဘေးအဆောင်တစ်ခုတွင် အသက်သုံးဆယ်ကျော် လူငယ်တစ်ယောက်လည်း ရှိသေး သည်။ သူက ချော်လဲပြီး၊ သူ့ဦးနှောက် အာရုံကြောကို ထိခိုက်ဒဏ်ရာရခဲ့သည်။ သူက သူ့ဒေသခံဆေးရုံတွင် မအောင်မြင်သည့်ခွဲစိတ်ကုသမှုကို ကြုံရသည်၊ ပြီးနောက် စည်ပင်ဆေးရုံသို့ပြောင်းရွှေ့ခံခဲ့ရသည်၊ သို့သော်လည်း အောင်မြင်သည့်ခွဲစိတ်ကုသမှုနှစ်ခုကြားမှပင် ရှစ်ရက်ကြာ သည့်အခါ သူသေဆုံးသွားခဲ့သည်။ အခြားတစ်ဖက်မှာမူ ကျွန်တော်က မြေကြီးမှ ၆မီတာမြင့်သော သစ်ချပင် အကိုင်းမှ ပြုတ်ကျခဲ့ပြီး ကျွန်တော့်ခေါင်းကိုလည်း ထိခိုက်ခဲ့သည်။ ကျွန်တော့်အနေအထားက သူတို့ထက် ပိုဆိုးခဲ့သည်၊ ပြီးလျှင် ယခုအခါတွင် ကျွန်တော်က ဘေးအန္တရာယ်မှ ကင်းလွတ်ခဲ့ရသည်။ ဘုရားသခင်က ကျွန်တော့်ကို အမှန် တကယ်ကို ကွယ်ကာနေခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက "လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။" ဟု မိန့်တော်မူခဲ့သည့်အတိုင်းပင် ဖြစ်ပါသည်။ ကောင်းကင် နှင့် မြေကြီး နှစ်ခုလုံးမှ အရာများအားလုံး တို့သည် အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ၊ အားလုံးက ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး၊ ဘုရားသခင်၏ အတွေးနှင့် အညီ မကြာခဏ ပြောင်းလဲနေကြသည်။ ကျွန်တော်ကျမည့်နေရာ မည်သည့် ဖက်တွင်မဆို ကျောက်တုံးများနှင့် ဝါလုံးချွန်များ ရှိခဲ့ပုံကို ကျွန်တော် တွေးမိခဲ့သည်။ မည်သည့်ကျောက်တုံးမျှ မရှိသည့် နေရာမှာ တစ်မီတာအဝန်းအဝိုင်းခန့်သာ ရှိပြီး၊ ကျွန်တော်က ထိုကွက်လပ်ထဲသို့ အတိအကျပင် ပြုတ်ကျခဲ့သည်။ ကျွန်တော့် ဦးခေါင်းခွံနောက်ဖက်မှ အရိုးကွဲစသည် အောက်ကိုသာ တစ်စင်တီမီတာ ရွေ့သွားပါက ကျွန်တော်သေမည် ဖြစ်ကြောင်း ဆရာဝန်က ပြောခဲ့သည်။ ကျွန်တော့် မတော်တဆမှုအပြီးတွင် ကျွန်တော်က ဦးနှောက်တွင် မကြာခဏ သွေးထွက်နေပြီး မည်သည့်အစားမျှလည်း မစားနိုင်ခဲ့ပါ။ ဆရာဝန်များ အားလုံးက ကျွန်တော့် သွေးကြောများသည် အချိန်မရွေး ပိတ်သွားနိုင်ပြီး၊ သူတို့ကျွန်တော့်အတွက် လုပ်နိုင်သည့် အရာ တစ်ခုမျှ မရှိတော့ကြောင်း ပြောခဲ့ကြသည်။ သို့သော်လည်း မျှော်လင့်ထားသည့်အရာများအားလုံးနှင့် ဆန့်ကျင်စွာ ကျွန်တော်က အံ့သြဖွယ်ကောင်းစွာ ရှင်သန်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသည့် တန်ခိုးတော်ကြောင့် မဟုတ်ပါသလား။ ကျွန်တော့် အတွေ့အကြုံများတွင် ဘုရားသခင်သည် ပြတ်သား ထင်ရှားပြီး၊ စစ်မှန်ကာ ကျွန်တော့် နံဘေးတွင် ရှိနေခဲ့သည်၊ ကျွန်တော်ကို အမြဲမပြတ်စောင့်ကြည့်ကာ၊ ကွယ်ကာနေခဲ့သည်၊ ကျွန်တော့်ကို အသက်အား အနိုင်မခံအရှုံးမပေးစွာ ဖက်တွယ်ထားစေသည်။ ကျွန်တော့် အသက်သည် ဘုရားသခင်၏ လက်တော်ထဲတွင် ထိန်းချုပ်ခံရပြီး၊ ဤသည်မှာ မည်သူမျှ မငြင်းဆန်နိုင်သည့် အချက်တစ်ခုပင် ဖြစ်ကြောင်း ကျွန်တော် တွေ့မြင်ခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်တော်က ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်၊ "ဘုရားသခင် အား လူ့ယုံကြည်ခြင်း၏ အခြေခံ လိုအပ်ချက်မှာ သူ့တွင် ရိုးဖြောင့်သော နှလုံးသားရှိခြင်း၊ သူ့ကိုယ်သူ ပြည့်ဝစွာ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စစ်မှန်စွာ နာခံခြင်းတို့ ဖြစ်သည်။ လူအတွက် အခက်ခဲ ဆုံးသော အရာမှာ စစ်မှန်သော ယုံကြည်ခြင်းနှင့် အလဲအလှယ်ပြုရာတွင် သူ၏ အသက်တာ တစ်ခုလုံးအား ထောက်မခြင်း ပင်ဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် အလုံးစုံသော သမ္မာတရားကို ရရှိနိုင်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ ဤအရာသည် ရှုံးနိမ့်သော ထိုသူတို့မှ မရရှိနိုင်သည့် အရာပင် ဖြစ်ပြီး၊ ခရစ်တော်အား ရှာမတွေ့သော ထိုသူများအတွက်မူ သာ၍ပင် မရနိုင်စရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသည် မိမိကိုယ်မိမိ ဘုရားသခင်ထံ လုံးလုံးလျားလျား ဆည်းကပ်ခြင်း၌ မတော်သောကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ဖန်ဆင်းရှင်ထံ သူ၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒမရှိသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် သမ္မာတရားကို တွေ့ပြီးသော်လည်း ၎င်းကို ရှောင်ဖယ်လျက် မိမိ၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်ခြင်းကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် လူသည် ရှုံးနိမ့်ခဲ့သော ထိုသူတို့၏ လမ်းကြောင်း နောက် လိုက်ခြင်းဖြင့် အမြဲပင် ဖွေရှာသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် အမြဲပင် ကောင်းကင်ဘုံအား ဖီဆန် အန်တုသောကြောင့်ပင် ဖြစ်သည်၊ သို့အတွက်ကြောင့်၊ လူသည် အမြဲပင် ရှုံးနိမ့်ပြီး၊ စာတန်၏ လှည့်ကွက်၌ အမြဲပင် ကျရှုံးရကာ၊ မိမိ၏ ကိုယ်ပိုင် ကွန်တွင်ပင် ကျော့မိခဲ့ကြသည်။" ဘုရားသခင် ၏ နှုတ်ကပတ်တော်များက ကျွန်တော့်နှလုံးသားကို ထိုးဖောက်နေသည့် အသွားနှစ်ဖက်ပါဓားတစ်ချောင်း ကဲ့သို့ပင် ဖြစ်ပြီး၊ ကျွန်တော့်ကို မိမိကိုယ်ကို အပြစ်တင်ပြီးနောင်တကို ခံစားရစေခဲ့သည်။ ဘုရားသခင် ကို ယုံကြည်သူတစ်ယောက် အနေဖြင့် သမ္မာတရားကို ရှာဖွေသင့်ပြီး၊ ဘုရားသခင်ထံတွင် ယုံကြည်မှုရှိကာ၊ ရိုးသားသည့် နှလုံးသားတစ်ခုဖြင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်သည်၊ ဖန်ဆင်းခံသတ္တဝါ တစ်ယောက် ၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင် ၏ အမှုတော်ကို မိမိကိုယ်ကို ဆက်ကပ် အပ်နှံထားရန် လိုလားသင့်သည်၊ ဤနည်းအားဖြင့်သာလျှင် ဘုရားသခင် ၏ ချီးမွမ်းခြင်းကို ထိုက်တန်စွာ ရရှိနိုင်ပြီး၊ သူ့ကယ်တင်ခြင်းကို ရရှိနိုင်မည် ဖြစ်သောကြောင့် ပင်တည်း။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်ခဲ့ သော်လည်း "ငွေကြေးသည် အထွဋ်အထိပ်" ဖြစ်ကြောင်း ဆိုးယုတ်သည့် ဒဿနအတွေး၏ စိုးမိုးခြယ်လှယ်မှု အောက်တွင် ရှိခဲ့ပြီး၊ အမြဲတမ်း ငွေလိုရှာလိုသည့်အပြင် နိုင်ကြက်အဖြစ်နှင့် အသက်ရှင်နေထိုင်လိုခဲ့သည်။ အသင်းတော် စုဝေးပွဲများကို တက်ရောက်ခြင်းသည် ကျွန်တော်ငွေရှာနိုင်သည့် အချိန်ကိုကုန်စေသည်ဟု ယုံကြည်ခဲ့ပြီး ကျွန်တော်က ဘုရားသခင့် နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းတွင် လုံးဝ အာရုံမစိုက်ခဲ့ပါ။ အမှန်မှာမူ ကျွန်တော်သည် ငွေပိုမရခဲ့ရုံ မျှမက၊ ကျွန်တော့်မှာ ရှိသည့် အနည်းငယ်သော စုဆောင်းငွေလေးကိုပါ သုံးစွဲခြင်းဖြင့် အဆုံးသတ်ခဲ့ရပါ သည်၊ ဘုရားသခင်ကသာ ကျွန်တော့်ကို ကွယ်ကာခြင်း မရှိခဲ့ပါက၊ ကျွန်တော်သေနေခဲ့ပြီးဖြစ်သည်။ ငွေ၊ ကျော်ကြားမှု နှင့် ကြွယ်ဝမှုတို့သည် လေပြည်ထဲမှ တိမ်တိုက်တစ်ခုကဲ့သို့ ယာယီသာ ဖြစ်ကြောင်း၊ ပြီးလျှင် တစ်စုံတစ်ယောက်က သူ့အသက်ဆုံးရှုံးရပါက၊ ငွေမည်မျှ ပင် ရှာပါစေ၊ မည်သည့်အကျိုးကျေးဇူးမျှ မရှိကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်ကို သိကျွမ်းဖို့ ကြိုးစားခြင်း၊ သမ္မာတရားကို ရရှိခြင်းနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်နေထိုင်ခြင်း တို့သာလျှင် ဘဝတွင် လျှောက်ရန် မှန်ကန်သည့် လမ်းကြောင်း တစ်ခုဖြစ်ကြောင်း ကျွန်တော် နောက်ဆုံးတွင် တွေ့ခဲ့ရသည်။ ထို့နောက် ကျွန်တော်က ဘုရားသခင်ရှေ့တော်မှောက်တွင် သူ့ကို ကျွန်တော့် ယုံကြည်မှုသည် ယခင်ကယုံကြည်ခဲ့ပုံနှင့် ကွာခြားရမည်ဟု တိတ်ဆိတ်စွာ သံဓိဌာန်တစ်ခုကို ချမှတ်ပါသည်။ နေ့စဉ်နေ့တိုင်း ကျွန်တော်က ဘုရားသခင် ရှေ့တော်မှောက်တွင် မိမိကိုယ်ကို ဆိတ်ငြိမ်စေကာ၊ သူ့နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို ဆုတောင်းပြီး၊ ကျွန်တော့် အနေအထားကို ကိုယ်တော့်လက်တော်ထဲသို့ ယုံကြည်စွာ အပ်နှံခဲ့သည်။ အံ့သြဖွယ်ကောင်းစွာပင် တစ်လအပြီးနောက် ကျွန်တော်က အိပ်ရာထဲမှထပြီး ဖြေးညှင်းစွာ လမ်းလျှောက်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ကျွန်တော့်ဇနီးက ကျွန်တော်နှင့် အတူ ဆေးရုံသို့ နောက်ထပ် စစ်ဆေးမှုတစ်ခု အတွက် လိုက်ခဲ့ပြီး၊ ဆရာဝန်နှင့် သူနာပြုများအားလုံးက ကျွန်တော့်ကို အံ့သြစွာ ကြည်ခဲ့ကြပါသည်။ တာဝန်ကျဆရာဝန်က အခြားဆရာဝန်များကို "ငါလုံးဝမတွေးခဲ့မိဘူး။ ဒီလူက ဦးနှောက်ပျက်စီးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အောက်ပိုင်း သေတာပဲဖြစ်ဖြစ် ဖြစ်မယ်လို့ ငါတို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ မျှော်လင့်ထားသမျှနဲ့ ဆန့်ကျင်ပြီး၊ သူက အစောကြီး နောက်ထပ် စစ်ဆေးမှုတစ်ခုအတွက် အကူအညီမပါပဲ ဒီကို လျှောက်လာနိုင်ခဲ့ပြီ။ အဲဒါက အမှန်တကယ်ကို အံ့ဖွယ်အမှုတစ်ခုပဲ …" သူတို့ကျွန်တော့် ရောဂါကို ဆွေးနွေးသည်ကို ကြားရင်း ဤအရာများအားလုံးသည် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကြောင့် ဖြစ်ကြောင်း ကျွန်တော် သိခဲ့ပါသည်။ နှစ်လအကြာတွင် ကျွန်တော်က အိမ်ပတ်ပတ်လည်တွင် လုပ်ဆောင်ချက်တာဝန်အချို့ကို လုပ်ဆောင်နိုင်ပြီး၊ ကျွန်တော့် အသင်းတော် တာဝန်များကိုလည်း တတ်နိုင်စွမ်း သလောက် ထမ်းဆောင်ခဲ့သည်။ ထိုအချိန်က အသင်းတော်မှ ကျွန်တော့် ညီအစ်ကိုမောင်နှမများက ကျွန်တော်သောက်ဖို့ ဆေးဖက်ဝင်အပင်နှင့် ဖော်စပ်ထား သည့် ဆေးအချို့ကို တွေ့ရှိခဲ့ကြသည်၊ ပြီးလျှင် ခြောက်လအကြာတွင် ကျွန်တော်က အပြည့်အဝ နာလန်ထူလာခဲ့ပြီး ကာယဗလအလုပ်ကို တစ်ဖန်ပြန်လည် လုပ်ကိုင်နိုင်ခဲ့သည်။

ကျွန်တော့်အတွေ့အကြုံအကြောင်း တွေးမိသည့် အချိန်တိုင်း ကျွန်တော်က ဘုရားသခင်ကို အကြွေးတင် သည်ဟု ခံစားရပြီး၊ ကျွန်တော့်ကို လှည့်စားရန်၊ ချည်နှောင်ရန်၊ ပြီးလျှင် ဘုရားသခင်ကို ရှောင်ကြဉ်စေရန် ငွေ၊ ကျော်ကြားမှုနှင့် ကြွယ်ဝမှုတို့ကို အသုံးပြုခဲ့ခြင်း အတွက် စာတန်ကို ပို၍ပင် မုန်းတီးခဲ့သည်။ ကျွန်တော်ဘဝသည် စာတန်ဖြစ်စေခဲ့သည့် ဘေးအန္တရာယ် များအားဖြင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ကိုယ်တော်က ကျွန်တော့်ကို သေမင်းနှုတ်ခမ်းဝမှ ကယ်တင်ခဲ့သည်နှင့်အညီ ကျွန်တော်က ကျွန်တော့်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့ကို ပို၍ပင် ခံစားခဲ့ရပါသည်။ ကျွန်တော်က သမ္မာတရားကို စိတ်အားထက်သန်စွာ ရှာဖွေရန်၊ ဘုရားသခင်၏ အပတ်တကုပ် အားထုတ်ကြိုးပမ်းမှုများအတိုင်း အသက်ရှင်နေထိုင်ရန် နောက်ထပ်လုံးဝ အရေးမနိမ့်စေရန် သံဓိဌာန်တစ်ခု ချခဲ့သည်။ ယခုအခါတွင် ကျွန်တော်က နောက်ထပ် လူများကို ဘုရားသခင်ရှေ့တော်မှောက်သို့ ဦးဆောင်ခေါ်ယူရန် ကျွန်တော့်ညီအစ်ကိုမောင်နှမများဖြင့် ဧဝံဂေလိကို ဟောကြားဖို့ ဆန္ဒရှိပါပြီ။

သင်နှစ်သက်နိုင်သည့် အရာများ-

အမှာစကား ချန်ခဲ့မည်