စာရင်း

သားလေးကင်ဆာရောဂါရှိခြင်းကိုရင်ဆိုင်သည့်ချိန်တွင် သူမသည်ဤသို့ရွေးချယ်လိုက်သည်

ဒေါ်ဇျောင်းချွန်၊ တရုတ်ပြည် ထံမှ

လင်းဇင်သည် လက်တိုလက်တောင်းအလုပ်များ လုပ်ကိုင်ပြီးနောက် အိမ်ပြန်လာခဲ့ပြီး လမ်းမတစ်ဖက်တစ်ချက်တွင် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများသည် နေရောင်အောက်တွင် အစိမ်းရောင်သမုဒ္ဒရာကြီးတစ်ခုနှင့် တူသည်။ လမ်းမတစ်လျှာက်ရှိ တောပန်းပင်များ လေပြည်လေညင်းကြားတွင် ယိမ်းနွဲ့နေကြသော်လည်း လင်းဇင်မှာ ကျေးလက်၏ သဘာဝအလှရှုခင်းကို ခံစားဖို့ နှလုံးသားကင်းမဲ့ခဲ့သည်။ မကြာသေးမီက အမြဲတမ်း ခေါင်းကိုက်ဟန်ရှိပြီး မကြာခဏ အော့အန်တတ်သည့် သားငယ် “ဘင်းဘင်း” အကြောင်းကို စဉ်းစားနေခဲ့သည်။ ဒါ သာမန်အဖျားရောဂါမဟုတ်ဟု သူမစိတ်ထင့်မိသည်။ သူမသားငယ် ယနေ့ နယ်ဆေးရုံသို့ ဆေးစစ်ရန် သွားရမည်ဖြစ်ပြီး၊ ဆေးစစ်ချက်အဖြေ ဘာဖြစ်မလဲဟု သူမသိချင်နေမိသည်။ လင်းဇင်သည် ဤအကြောင်းအရာကို ကိုစဉ်းစားရင်း ခြေလှမ်းသွက်သွက်ဖြင့် အိမ်သို့ အလျင်စလိုပြန်လာခဲ့သည်။

သားလေးကင်ဆာရောဂါရှိခြင်းကိုရင်ဆိုင်သည့်ချိန်တွင် သူမသည်ဤသို့ရွေးချယ်လိုက်သည်

သူမ၏သားသည် အသည်းအသန်ဖျားနာသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်များက နှစ်သိမ့်မှုပေးသည်

လင်းဇင်သည် အိမ်သို့အပြေးအလွှားပြန်လာခဲ့ ပြီးနောက် မိသားစုအားလုံး စိတ်ပျက်အားလျော့နေကြပုံကို မြင်ရလေသည်။ တစ်ခုခုမဟန်တော့မှန်း သူမသိလိုက်ပြီး “ဘင်းဘင်းရဲ့ ဆေးစစ်ချက်အဖြေတွေက ဘာတဲ့လဲ?” ဟု မေးလိုက်သည်။ သူမအမျိုးသားက စီးကရက်တစ်လိပ်ကို တွင်တွင်ရှိုက်ဖွာနေသည်။ ခဏနားလိုက်ပြီးမှ သူမက “ဆရာဝန်က ဘင်းဘင်းရဲ့ခေါင်းထဲမှာ အကြိတ်တစ်ခုရှိတယ်။ အဲဒါ ဦးနှောက်ကင်ဆာလို့ပြောတယ်...” ဟု တိုးလျလျ ပြောလေသည်။ လင်းဇင် ဒါကိုကြားသည်နှင့် တုန်လှုပ်ချောက်ချားသွားပြီး၊ “ငါ့သားမှာ ဦးနှောက်ကင်ဆာ ရှိတယ်၊ ဟုတ်လား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ကင်ဆာဆိုတာကုလို့မရဘူး။ ငါ့သားက ခုမှ ၂၉ နှစ်ပဲရှိသေးတယ်။ သူတစ်ခုခုဖြစ်လို့ရှိရင်တော့ မိသားစုက ဘယ်လိုခံနိုင်ပါ့မလဲ” ဟု တွေးမိသည်။ လင်းဇင်သည် ထိုအကြောင်းကို နောက်ထပ်မတွေးရဲတော့ပေ။ ဤအခြေအနေကို အဘယ်သို့ ရင်ဆိုင်ရမည်ကို သူမ မတွေးတတ်အောင်ပင်။ စိတ်သောကနှင့် ခိုကိုးရာမဲ့ခြင်းတို့ကြားမှာပင်၊ စိတ်နှလုံးထဲမှ ဘုရားသခင်ထံ တိတ်ဆိတ်စွာ ဆုတောင်းရန်မှအပ သူ မတတ်နိုင်တာမရှိတော့ချေ- “အို-ဘုရားသခင်။ ကျွန်မသား အသည်းအသန် ဖျားနေတဲ့အတွက် ကျွန်မစိတ်တွေ ယောက်ယက်ခတ်နေပါတယ်။ ကျွန်မသားကို ဆုံးရှုံးရမှာ ကျွန်မ အရမ်းကြောက်ပါတယ်။ အိုး- ဘုရားသခင်။ ကိုယ်တော့်ရှေ့မှာ ကျွန်မ ငြိမ်သက်ခြင်းရဖို့ရန် ကျွန်မစိတ်နှလုံးကို ကွယ်ကာစောင့်မတော်မူပါ။ ဖြစ်လာသမျှကို ရင်ဆိုင်ရဲဖို့သတ္တိ ရနိုင်ဖို့အတွက် ကိုယ်တော်လမ်းပြတော်မူပါလို့ ဆုတောင်းပါတယ်။” ဆုတောင်းပြီးနောက်၊ လင်းဇင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များက ဤသို့ပြောသည်ကို စဉ်းစားမိခဲ့သည်- “အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌ ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။(“အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်၏ နှုတ်ကပတ်တော်များက လင်းဇင်ကို အားအင်နှင့် ယုံကြည်မှုကို ပေးခဲ့သည်။ သူမသည် “မှန်တယ်၊ ဘုရားသခင်ဟာ အရာခပ်သိမ်းကို တတ်နိုင်စွမ်းတယ်၊ အရာအားလုံးကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတာပဲ။ ငါ့သားရဲ့ကံကြမ္မာဟာလည်း ဘုရားရဲ့လက်ထဲမှာပဲဆိုတော့ သူအသက်ရှင်မယ်၊ သေမယ်ဆိုတာ ဘုရားသခင်ပဲ ပြောပိုင်ခွင့်ရှိလိမ့်မယ်။ ဘုရားသခင် ခွင့်မပြုဘူးဆိုရင်တော့ နောက်ဆုံးထွက်သက်ကလေး ကျန်နေသေးသရွေ့ ငါ့သား သေမှာမဟုတ်ဘူး။” ဟု ကိုယ်ကို့ကိုယ် စဉ်းစားနေခဲ့သည်။ ဒါကို စဉ်းစားရင်း လင်းဇင်သည် နောက်တစ်ဖန် ဤသို့ ဆုတောင်းပြန်သည်- “အို-ဘုရားသခင်၊ လူတွေရဲ့ ရှင်ခြင်းနဲ့သေခြင်းကို ကိုယ်တော့်လက်တော်ထဲမှာ စီရင်ချက်ချတယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။ ကျွန်မသားရဲ့ ရောဂါ ပျောက်မယ်၊ မပျောက်ဘူးဆိုတာလည်း ကိုယ်တော့်လက်ထဲမှာပဲ တည်မှီပါတယ်။ ကျွန်မသားရဲ့ သေခြင်းနဲ့ရှင်ခြင်းကို ကိုယ်တော်ထံ အပ်နှံလိုပါတယ်။ ကိုယ်တော်ရဲ့ ဦးဆောင်ညွှန်ကြားမှုများနဲ့ အစီအစဉ်များကို ကျွန်မ ကျိုးနွံနာခံလိုပါတယ်။” ဆုတောင်းပြီးသည့်နောက် လင်းဇင်သည် အရင်ကကြောက်လာခဲ့သလောက် မကြောက်တော့ဘဲ၊ သူမ၏စိတ်နှလုံးသည်လည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။

သူမ၏သားသည် သေလုမျောပါး ဖျားနာသော်လည်း ကောင်းချီးများရရှိလိုသည့် သူမ၏ဆန္ဒမှာ လုံးလုံးလျားလျား အကောင်အထည်ပေါ်လာသည်

နောက်တစ်နေ့တွင် လင်းဇင်၏အမျိုးသားသည် ဆေးရုံ၌ နောက်ထပ်စစ်ဆေးရန်အတွက် သူမတို့သားလေးနှင့် သွားခဲ့သည်။ ဆရာဝန်က ဘင်းဘင်း၏ ခေါင်းထဲကအကြိတ်မှာ အမြစ်ပုံစံအဖြစ် ပြန့်ကားသွားပြီဖြစ်သဖြင့် ခွဲစိပ်၍ မရနိုင်တော့ကြောင်း ပြောပြခဲ့သည်။ ဆရာဝန်က ဘင်းဘင်းသည် နောက်ထပ်နှစ်လခန့်သာ နေရတော့မည်ဟု ပြောလေသည်။ ဤသတင်းကို ကြားရသည့်အခါ လင်းဇင်သည် ရုတ်တရက် ခေါင်းများမူးဝေသွားပြီး နှလုံးသားတစ်ခုလုံး နှစ်ခြမ်းကွဲထွက်သွားသည့်နှယ် နာကျင်ခံစားရပြီး ဆောက်တည်ရာမရ ဖြစ်သွားခဲ့သည်။ အလွန်ငယ်ရွယ်သေးသော သူမ၏သားလေး ရုတ်တရက် သူမကို ခွဲခွာသွားပြီး လောကကြီးကို ချန်ရစ်သွားတော့မည် ဟူသည်ကို သူမလက်မခံနိုင်ဖြစ်ခဲ့သည်။ လင်းဇင်သည် နာကျင်မှုနှင့် မွှန်ထူပြီး သူမမျက်လုံးများမှ မျက်ရည်တို့ အတားအဆီးမဲ့ ကျဆင်းတော့သည်။ သူမသည် ဖြေမဆည်နိုင်ဘဲ ဘုရားသခင်ကို အပြစ်တင်ကာ အထင်မှားတော့သည်။ သူမသည် “ဘုရားသခင်ကို ငါယုံကြည်တာပဲ။ ဒါဆို ဘုရားသခင်က ငါ့သားလေးကို ဘာကြောင့် စောင့်ကြည့်ပြီး ကွယ်ကာမပေးခဲ့ရတာလဲ ငါ့သားလေးမှာ ဒီလို ပြင်းထန်တဲ့ရောဂါမျိုး ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ? သူေသေသွားရင် ငါဘာလုပ်ရမလဲ…” ဟု စဉ်းစားခဲ့လေသည်။ ထိုအချိန်မှစ၍ လင်းဇင်သည် နေ့တိုင်း ငိုကြွေးခဲ့ပြီး နာကျင်ခံစားလွန်း၍ အားအင်လျော့နည်းလာသည်။ သူမသည် ဘုရားသခင်၏ နှုတ် နှုတ်ကပတ်တော်များဖတ်ရန် စိတ်မပါ၊ ဆုတောင်းလျှင်လည်း ပြောစရာစကားလုံးများ မဲ့နေခဲ့သည်။

လင်းဇင်သည် အလွန်အားနည်းပြီး စိတ်ဓာတ်ကျဆင်းနေသောအခါတွင်ပင် ညီအစ်မနှစ်ဦး သူမဆီ အလည်ရောက်လာခဲ့ကြသည်။ သူတို့သည် သူမကို ဘုရား၏ နှုတ်ကပတ်တော်များ ဖတ်ပြပြီး ဘုရား၏အလိုတော်အကြောင်း မိတ်သဟာယဖွဲ့ကြသည်။ ညီအစ်မတစ်ဦးက- “နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ကြိုးစားမြဲကြိုးစားကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းဖြင့် အလင်းပေးလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။...အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို သူ၏အလင်းဖြင့် အလင်းပေးဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။ (“အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။(ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဟူသည်ကို ဖတ်ပြခဲ့သည်။ သူမဖတ်၍ ပြီးသောအခါ မိတ်သဟာယဖွဲ့ပေးပြီး “ညီအစ်မလင်းရေ၊ နင့်သားဖျားနာနေလို့ နင်စိတ်ပျက်အားလျော့နေတာ ဓမ္မတာပါပဲ။ ဒါပေမယ့် နင်သိရမှာက၊ နင့်အပေါ် အခု ကျရောက်နေတဲ့ ဒီအခြေအနေရဲ့ နောက်ကွယ်က ဝိညာဉ်လောကထဲမှာ စစ်ပွဲတစ်ခုဖြစ်နေတယ်။ စာတန်က ဘုရားသခင်နဲ့ အလောင်းအစားတစ်ခု လုပ်နေတယ်။ နင့်ကလေးကို နင်အချစ်ဆုံးဆိုတာ စာတန်ကသိတဲ့အတွက်၊ နင့်ကို စုံစမ်းသွေးဆောင်ဖို့၊ နင် ဘုရားသခင်အပေါ် ယုံကြည်မှုပျောက်ဆုံးဖို့နဲ့၊ ဘုရားသခင်ကို အပြစ်တင်ပြီး အထင်မှားဖို့ နင့်ကလေးရဲ့ရောဂါကို သူက အသုံးချတာပါ။ အဲလိုနဲ့ နောက်ဆုံး နင် ဘုရားနဲ့ဝေးလာပြီး သူ့ကို သစ္စာဖောက်လာအောင်၊ ပြီးရင် စာတန်ရဲ့အုပ်စိုးမှုအောက်ကို နင်ပြန်သွားပြီး စာတန်ရဲ့ ဖောက်ပြန်ဖျက်ဆီးခြင်းနဲ့ လှည့်စားခြင်းကိုခံရရင်း ရှေ့ဆက်သွားနေအောင်ပေါ့။ တကယ်လို့ ကျွန်မတို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များအရ ဝိညာဉ်လောကအမြင်ကနေ အမှုအရာတွေကို မကြည့်ရင်၊ ပြီးတော့ ဘုရားသခင်ရှေ့ ဆုတောင်းဖို့နဲ့ ရှာဖွေဖို့ မလာဘဲနဲ့၊ အထင်မှားခြင်းနဲ့ အပြစ်တင်ခြင်းမှာ အသက်ရှင်နေမယ်ဆိုရင်တော့၊ စာတန်ရဲ့ လှည့်ဖြားတဲ့အကြံအစည်တွေမှာ ငြိစွန်းမိပြီး ကိုယ့်ရဲ့ သက်သေခံချက်တွေ ပျောက်ဆုံးသွားလိမ့်မယ်။ ယောဘရဲ့ အတွေ့အကြုံတွေကို ခဏဆင်ခြင်ကြည့်ရအောင်။ စာတန်ရဲ့စုံစမ်းသွေးဆောင်ခြင်း သူ့အပေါ် ကျရောက်ခဲ့တဲ့အခါ ယောဘဟာ သူ့သားသမီးတွေကို ဆုံးရှုံးရတယ်၊ သိုးတွေနဲ့ ကျွဲနွားတွေ တောင်ပုံရာပုံ ဆုံးရှုံးရတယ်၊ ပြီးတော့ မိသားစုရဲ့ချမ်းသာကြွယ်ဝမှုနဲ့ ပိုင်ဆိုင်မှုတွေ သူဆုံးရှုံးခဲ့ရတယ်။ သူ့တစ်ကိုယ်လုံးမှာတောင် မခံနိုင်လောက်အောင် အနာစိမ်းတွေပေါက်တယ်။ ဒါဟာ ဧရာမစမ်းသပ်မှုကြီး မဟုတ်လား။ ဒါတောင် ယောဘက အပြစ်သင့်အောင် စကားမပြောခဲ့တဲ့အပြင် သူဟာ ဘုရားကို အပြစ်တင်ကြောင်း ဒါမှမဟုတ် အထင်မှားကြောင်း ပြတဲ့စကား ဘာတစ်ခုမှ မပြောခဲ့ဘူး။ အဲဒီအစား သူက သူအပေါ်ဖြစ်ပျက်နေတဲ့ အရာတိုင်းဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ၊ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ဘုရားသခင်ရဲ့ အခွင့်တော်ရှိလို့ပဲဆိုတာ ယုံကြည်ခဲ့တယ်။ ဒါ့အပြင်ကို ယောဘက သူ့မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ပိုင်ဆိုင်မှုတွေ ပြီးတော့ သူ့သားသမီးတွေကို သူ့အပေါ် ဘုရားသခင်နှင်းအပ်ထားတာ ဖြစ်တဲ့အတွက် ဘုရားက ပေးသည်ဖြစ်စေ၊ ယူသွားသည်ဖြစ်စေ သူအနေနဲ့ ဘုရားကို ဖန်ဆင်းခံသတ္တဝါတစ်ဦးက နာခံသင့်တဲ့အတိုင်း နာခံရမယ်ဆိုတာ စိတ်နှလုံးထဲက သိနားလည်ခဲ့တယ်။ ဒါကြောင့်မို့ ယောဘဟာ နာကျင်မှုနဲ့ ဒုက္ခဖိစီးမှုထဲမှာ နေခဲ့ရပေမယ့် သူဟာ ဘုရားသခင်ရဲ့ ဦးဆောင်ညွှန်ကြားမှုများနဲ့ အစီအစဉ်များကို ကျိုးနွံနာခံနိုင်စွမ်းရှိခဲ့ပြီး ယေဟောဝါရဲ့နာမတော်ကို ထောမနာပြုနိုင်စွမ်းရှိနေဆဲပဲဖြစ်တယ်။ နောက်ဆုံးမှာတော့ ဘုရားသခင်အပေါ် သူ့ရဲ့ ယုံကြည်ခြင်းကရော၊ ဘုရားသခင်အပေါ် သူ့ရဲ့ နာခံမှုနဲ့ ကြောက်ရွံ့မှုကရော စာတန်ကို အနိုင်ယူဖို့၊ ဘုရားသခင်ကို သက်သေရပ်တည်နိုင်ဖို့နဲ့ ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကို အရယူနိုင်ဖို့ အခွင့်ပေးခဲ့တယ်။ အကျိုးဆက်အနေနဲ့ နင့်ရဲ့ကလေး နေမကောင်းဖြစ်တဲ့အခါ အဲဒါ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းလည်း ဖြစ်သလို ဘုရားသခင်ရဲ့ စမ်းသပ်မှုလည်း ဖြစ်တယ်။ ဒါကြောင့် ဝိညာဉ်လောကမှာ ဘာဖြစ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရဖို့အတွက် နင် ဘုရားရဲ့ နှုတ်ကပတ်တော်တွေအတိုင်း လျှောက်လှမ်းသင့်တယ်။ စမ်းသပ်မှုတွေထဲမှာ ကျွန်မတို့ဟာ ဘုရားအလိုတော်ကို ရှာဖွေနိုင်ရမယ်၊ ဘုရားရဲ့ ဦးဆောင်ညွှန်ကြားမှုများနဲ့ အစီအစဉ်များကို ကျိုးနွံနာခံနိုင်ရမယ်၊ စာတန်ရဲ့ လှည့်ဖြားတဲ့ အကြံအစည်များကို ရိပ်စားမိပြီးတော့ ဘုရားအတွက် သက်သေရပ်တည်နိုင်ရမယ်။ အဲဒီအခါမှသာ ကျွန်မတို့ဟာ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းတွေထဲမှာ မကျရောက်ဖို့ ရှောင်ကျဉ်နိုင်ပြီး၊ ကျွန်မတို့အထဲကနေ ထွက်လာတဲ့ ဘုရားအပေါ် အထင်မှားခြင်းတွေနဲ့ အပြစ်တင်မှုကို ရှောင်ကျဉ်နိင်လိမ့်မယ်။” ထိုညီအစ်မ၏ မိတ်သဟာယဖွဲ့ချက်ကို နားထောင်ပြီးနောက် လင်းဇင်သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ပြီး ယောဘကို အတုယူသင့်ကြောင်း သူမသိမြင်ခဲ့သည်။ သူမသားလေး၏ အနေအထား မည်သို့ဖြစ်နေပါစေ၊ ဘုရားသခင်ကို သူမအပြစ်တင်ရမည့်အစား ဘုရားသခင်၏ ဦးဆောင်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး ဘုရားသခင်အတွက် သက်သေရပ်တည်ရလိမ့်မည်။

ထိုညီအစ်မက လင်းဇင်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အခြားကျမ်းပိုဒ်တစ်ခုကို ဤသို့ ဖတ်ပြပါသည်- “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံ့ရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။(ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဤကျမ်းပိုဒ်ကို နားထောင်ပြီးနောက် မိမိသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြနေသည့်အရာ အတိအကျပင်ဖြစ်ကြောင်း သဘောပေါက်မိသောအခါ လင်းဇင် အလွန်ရှက်ခဲ့မိသည်။ သူမသည် ဘုရားသခင်ထံမှ ကောင်းချီးများရယူဖို့နှင့် အကျိုးအမြတ်များရရှိဖို့အလို့ငှာ ဘုရားသခင်ကို ယုံကြည်ပြီး မိမိတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဤသို့ဖြင့် ဘုရားသခင်သည် သူမမိသားစုကို ကာကွယ်ပြီး လုံခြုံစေလျက် အယောက်တိုင်းကို ကျန်းမာကောင်းမွန်စေဖို့အတွက်ဖြစ်သည်။ ဘုရား၏ကျေးဇူးတော်သည် သူမ၏မိသားစုနှင့် အတူရှိပြီး အားလုံး အေးချမ်းကောင်းမွန်သောအခါ သူမသည် ဘုရား၏ ကောင်းချီးများအတွက် ကျေးဇူးတော်ချီးမွမ်းမည်၊ ထို့ပြင် မိမိတာဝန်ကို ထမ်းဆောင်နေစဉ် အနည်းငယ် ဒုက္ခခံရန်နှင့် မိမိကိုယ်ကို အနည်းငယ် အပင်ပန်းခံရန် ဆန္ဒရှိနေမည်။ သို့သော် သူမ၏မိသားစုအပေါ် တစ်စုံတစ်ရာဖြစ်ပျက်ပြီး သူမ၏သား သေလုမျောပါး ဖျားနာလာသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို အထင်မှားပြီး အပြစ်တင်ကာ အပျက်သဘောအခြေအနေတွင် အသက်ရှင်ခဲ့သည်။ သူမ၏ ယခင်စိတ်အားထက်သန်မှုမှာ လုံးလုံးပျောက်ကွယ်သွားခဲ့ပြီး ဆုတောင်းရန်နှင့် ဘုရား၏နှုတ်ကပတ်တော်များကို ဖတ်ရန် စိတ်မပါတော့ဘဲ၊ တာဝန်ထမ်းဆောင်ရန်ပင် ဆန္ဒမဲ့နေခဲ့သည်။ သူမမျက်စိရှေ့တွင် အမှန်တရားများ ဖော်ထုတ်ပြသောအခါမှသာ လင်းဇင်သည် ဘုရားသခင်ကို ကောင်းချီးမင်္ဂလာများရယူဖို့ ရည်ရွယ်ချက်နှင့် ယုံကြည်ခဲ့ကြောင်း၊ ဘုရားသခင်နှင့် အပေးအယူ လုပ်နေခဲ့ကြောင်းနှင့်၊ သူမအတွင်းထဲ၌ မစင်ကြယ်မှု မြောက်များစွာ ရှိနေခဲ့သေးကြောင်း တွေ့မြင်လာခဲ့သည်။ သူမသည် လွန်စွာသေးငယ်သော ဖန်ဆင်းခံသတ္တဝါတစ်မျိုးမျှသာ ဖြစ်ကြောင်းနှင့် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ကိုးကွယ်ခြင်းသည် ကောင်းကင်၏ပညတ်ချက်နှင့် မြေကြီး၏ဥပဒေသ၊ ဖန်ဆင်းခံသတ္တဝါများအားလုံး၏ တာဝန်ဝတ္တရား ဖြစ်ကြောင်းကိုလည်း သဘောပေါက်မိလာခဲ့သည်။ သို့တိုင် သူမသည် ဘုရားသခင်ထံမှ အပြန်အလှန်အားဖြင့် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို အမြဲရှာဖွေခဲ့ပြီး၊ ကံဆိုးမှုတစ်စုံတစ်ရာ သူမအပေါ် ရောက်လာသည်နှင့် တစ်ပြိုင်နက် သူမသည် အပျက်သဘောဆောင်လာပြီး ဘုရားကို အထင်မှားကာ ဘုရားအပေါ် မကျေမနပ်ဖြစ်ခဲ့ပေသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် သူမသည် ဘုရားသခင်အား ပုန်ကန်ပြီး ဆန်ကျင်နေခြင်း မဟုတ်လော။ သူမသည် အမှန်ပင် အသိတရား သို့မဟုတ် အသိစိတ် ကင်းမဲ့ခဲ့ပြီး၊ သူမသည် ဘုရားအပေါ် ယုံကြည်ရာတွင် ဤရည်ရွယ်ချက်နှင့် အမြင်မျိုးဖြင့်ဆိုလျှင် ဘုရားသခင်၏ ချီးမွမ်းခြင်းကို သူမအဘယ်သို့ ရရှိနိုင်ပါမည်နည်း။ ထိုအခိုက်အတန့်တွင် လင်းဇင်သည် သူမ၏ ပုန်ကန်ခဲ့မှုအတွက် နောင်တတရား မခံစားရဘဲ မနေနိုင်တော့ချေ။ သူမသည် ဘုရားသခင်ထံ စိတ်နှလုံးထဲမှ တိတ်ဆိတ်စွာ ဆုတောင်းကာ၊ ဘုရားသခင်နှင့် အပေးအယူ နောက်ထပ် မလုပ်တော့ဖို့ရန်အတွက် ဘုရားအပေါ် သူမ၏ ယုံကြည်ချက်နှင့်ပတ်သက်၍ မှားယွင်းသောအမြင်များကို အမှန်ပြင်ပေးရန် လမ်းပြဖို့ တောင်းလျှောက်တော့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူမကို လမ်းပြပြီး သူမက နာခံတတ်ရန် သင်ယူသည်

ထို့နောက် လင်းဇင်သည် ဤသို့မိန့်မြွက်သည့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ခဲ့သည်- “ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို နာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဆောင်ရွက်သင့်သော တာဝန်ကို ဆောင်ရွက်နိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်- ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏အုပ်စိုးမှုအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို နာခံမှုနှင့် ဇာတိပကတိကို မနာခံမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတို့ သင့်အထဲ၌ ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုကို သင် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ဖို့အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။” (အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်) လင်းဇင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထံမှ ဘုရားသခင်ကို ယုံကြည်သောလူများ လိုက်လျှောက်သင့်သည့် မှန်ကန်သော ရည်မှန်းချက်ပန်းတိုင်ကို တွေ့ရှိခဲ့သည်- ဘုရားသခင်ကို လူတစ်ဦး ယုံကြည်ရာတွင် သူသည် ကောင်းချီးမင်္ဂလာများရယူရန် ကြိုးပမ်းရမည့်အစား၊ အသက်တာတွင် သူတွေ့ဆုံရသည့် တကယ့် ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများတွင် ဘုရားသခင်၏အမှုကို တွေ့ကြုံရပြီး ဘုရားသခင်၏ လုပ်ဆောင်မှုများကို သိနားလည်ဖို့လည်းကောင်း၊ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းကို အသိအမှတ်ပြုနှစ်သက်တတ်ဖို့နှင့်၊ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များကို စဉ်ဆက်မပြတ် တွေ့ကြုံခံစားခြင်းအားဖြင့် သူ၏ ဆိုးယုတ်သည့် ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို လွှင့်ပစ်ဖို့အတွက်လည်းကောင်း ကြိုးပမ်းရပါမည်။ ထို့အခါ သူသည် ဘုရားသခင်အား အမှန်တကယ်နာခံသောသူနှင့် အမှန်တကယ်ချစ်သောသူ ဖြစ်လာလိမ့်မည်၊ သူသည် ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်ရမည့် တာဝန်ကို ထမ်းဆောင်လိမ့်မည်ဖြစ်ပြီး၊ မည်သည့် ဘေးဒုက္ခနှင့် စမ်းသပ်မှုများ ကြုံတွေ့ရစေကာမူ သူသည် အစဉ်အမြဲ ဘုရားသခင်၏ လမ်းကိုလိုက်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်လိမ့်မည်- ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ရာ၌ လူတစ်ဦး လိုက်လျှောက်ရမည့် ရည်မှန်းချက်ပန်းတိုင်ပေတည်း။ လင်းဇင်သည် ယောဘကို စဉ်းစားမိပြီး၊ ကောင်းချီးများရယူဖို့ သို့မဟုတ် အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိဖို့အတွက် ဘုရားသခင်ကို သူယုံကြည်ခဲ့သည် မဟုတ်ကြောင်း၊ ထိုအစား အသက်တာတွင် ဘုရားသခင်၏ လုပ်ဆောင်မှုများကို သိရှိရန် ရှာဖွေခဲ့ပြီး ဘုရားသခင်၏လမ်းကိုလိုက်ရန်၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ကျဉ်ရန် ကြိုးပမ်းခဲ့ကြောင်းကို စဉ်းစားမိသည်။ ထို့ကြောင့် ယောဘအပေါ်တွင် စမ်းသပ်မှုများ ကျရောက်သောအခါ သူသည် မိသားစု၏ချမ်းသာကြွယ်ဝမှုနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရသည့်အတွက် ဘုရားကို အပြစ်မတင် သို့မဟုတ် အထင်မမှားခဲ့ပါ၊ ထိုအစား သူသည် သူရောက်ရှိနေသည့် အခြေအနေထဲတွင် ဘုရားသခင်၏အလိုတော်ကို ရှာဖွေခဲ့သည်၊ ဘုရားသခင်၏ ဦးဆောင်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခဲ့ပြီးလျှင် ဘုရားသခင်အတွက် သက်သေခံရန် ကြိုးပမ်းခဲ့ပါသည်။ အဆုံးတွင် ယောဘသည် စာတန်ကို အနိုင်ယူခဲ့သည်၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြောင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ကျဉ်ကြောင်းကို လက်တွေ့ သရုပ်ပြသည့်နည်းဖြင့် စာတန်ကို အရှက်ရစေခဲ့ပြီး သူသည် ဘုရားသခင်ကို ကိုးကွယ်ပြီး ဘုရားသခင်၏ချီးမွမ်းမှုကို ထိုက်တန်စွာရရှိသည့် လွတ်လပ်သောသူတစ်ဦး ဖြစ်လာခဲ့သည်။ ဤအမှုအရာများကို နားလည်သဘာပေါက်သောအခါ လင်းဇင်သည် ယောဘကို အတုယူရန် ဆုံးဖြတ်ချက်ချခဲ့လေသည်။ သူမ၏သား ဖျားနာသည်ဖြစ်စေ သို့မဟုတ် နေ့စဉ်ဘဝတွင် သာမန်အတိုင်းရှိနေသည်ဖြစ်စေ သူမ၏ မမှန်ကန်သော ရည်ရွယ်ချက်များ၊ အလိုဆန္ဒများနှင့်အတူ သူမ၏ အလွန်အကျွံ တောင်းဆိုမှုများကို လက်လွှတ်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို တိုး၍ရှာဖွေပြီးလျှင် ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေလျက် သက်သေခံဖို့အလို့ငှာ ဘုရားသခင်အား နာခံ၍ချစ်တတ်သော သူတစ်ဦးဖြစ်လာရန် ကြိုးပမ်းမည် ဖြစ်သည်။

ထို့နောက်တွင် အောင်မြင်ရန်မျှော်လင့်ချက် စိုးစဉ်းမျှ ရှိလျှင်ပင် သူမတို့သားလေးကို ကယ်တင်စေလိုသောကြောင့် လင်းဇင်၏အမျိုးသားသည် သားလေးကို ဦးခွံခွဲစိပ်ကုသမှု ပြုလုပ်ပေးရန် ဆရာဝန်အား တောင်းဆိုခဲ့သည်။ သူမ၏အမျိုးသားသည် ဤသို့ ထပ်တလဲလဲ တောင်းဆိုသဖြင့် ဆရာဝန်က နောက်ဆုံးတွင် လိုက်လျောခဲ့လေသည်။ သူမတို့၏သားလေး ခွဲစိပ်ကုသမှု ခံယူသည့်နေ့တွင် လင်းဇင်သည် ဆေးရုံသို့မသွားခဲ့။ သို့တိုင် သူမ ရတက်မအေးနိုင်ခဲ့ပေ။ သူမသား၏ ခွဲစိပ်ကုသမှုအပေါ် အလွန်စိုးရိမ်ခဲ့ပြီး၊ သားလေးကိုကယ်တင်မည့် အံ့ဖွယ်လက္ခဏာတစ်ခုကိုလည်း မျှော်လင့်နေခဲ့သည်။ သူမသည် ဘုရားသခင်အား အလွန်အကျွံတောင်းဆိုမှုများ ပြုလုပ်နေသေးကြောင်းနှင့် သူမသား၏ ရောဂါကို ဘုရားသခင်အား ပျောက်ကင်းစေလိုပြီး ဘုရားသခင်အပေါ် စစ်မှန်သောနာခံမှု မရှိသေးကြောင်း ထိုစဉ်ခဏချင်းတွင် လင်းဇင် သဘောပေါက်လိုက်သည်။ ထို့ကြောင့်ပင် လင်းဇင်သည် ဘုရားသခင်အား “အို- ဘုရားသခင်၊ ကိုယ်တော်ရဲ့ ဦးဆောင်ညွှန်ကြားမှုများနဲ့ အစီအစဉ်များကို ကျိုးနွံနာခံချင်တယ်လို့ ကျွန်မဆိုခဲ့ပါတယ်။ ဒါတောင် ကျွန်မစိတ်နှလုံးထဲမှာ ကိုယ်တော့်ကို တောင်းဆိုမှုတွေ လုပ်နေတုန်းပါ။ ဒါဟာ မှားယွင်းတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါကြောင့် ကျွန်မစိတ်နှလုံး တည်ငြိမ်ဖို့အတွက်နဲ့ ကိုယ်တော်ရဲ့ ဦးဆောင်ညွှန်ကြားမှုများနဲ့ အစီအစဉ်များကို အလုံးစုံ ကျိုးနွံနာခံနိုင်ဖို့အတွက် ကျွန်မရဲ့စိတ်နှလုံးကို ကွယ်ကာပေးပါလို့ တောင်းလျှောက်ပါတယ်” ဟု ဆုတောင်းခဲ့လေသည်။ ထို့နောက် လင်းဇင်သည် ဤနှုတ်ကပတ်တော်များကို ဖတ်ခဲ့သည်။ “ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။(ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ယောဘအပေါ် စမ်းသပ်မှုများ ကျရောက်ခဲ့သည့်အခါ ယောဘသည် ဖန်ဆင်းခံတစ်ဦးက ဘုရားသခင်၏ ဦးဆောင်ညွှန်ကြားမှုများနှင့် အစီအစဉ်များအားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်နှင့် ကျိုးနွံနာခံရန် တာဝန်ဝတ္တရားရှိသည်ဟု ယုံကြည်ခဲ့သောကြောင့် သူသည် ဘုရားသခင်အား မည်သည့်တောင်းဆိုမှုများကိုမျှ မပြုလုပ်ခဲ့သည်ကို လင်းဇင် တွေ့ရှိခဲ့သည်။ ယောဘ၏ အသိတရား၊ အသိစိတ်နှင့် သူ၏ ဖြောင့်မတ်၍ ရိုးသားတည်ကြည်သော စရိုက်လက္ခဏာက ဘုရားသခင်၏ လက်ခံမှုကို ကြုံတွေ့ခဲ့ပြီး၊ ဤသည်မှာ လင်းဇင် အတုယူသင့်သည်အရာပင် ဖြစ်သည်။ လင်းဇင်သည် ယောဘကို အတုယူရန်နှင့် အရာခပ်သိမ်းတွင် ဘုရားသခင်၏ ဦးဆောင်ညွှန်ကြားမှုများကို ကျိုးနွံနာခံရန် ဆန္ဒရှိခဲ့လေသည်။ ထို့ကြောင့် လင်းဇင်သည် ဒူးထောက်ပြီး ဘုရားသခင်ထံ ဟန်ဆောင်မှုမပါသော ဆုတောင်းချက်ကို တင်ပြခဲ့သည်- “အို-ဘုရားသခင်၊ ကျွန်မ ယောဘကို အတုယူဖို့နဲ့ ကိုယ်တော့်ကို အမှန်တကယ် နာခံကိုးကွယ်တဲ့သူ တစ်ယောက်ဖြစ်ဖို့ အလိုရှိပါတယ်။ ကျွန်မသားရဲ့ ခွဲစိပ်ကုသမှု ဘယ်လိုပဲဖြစ်လာပါစေ၊ ကျွန်မ တည်ငြိမ်စွာ လက်ခံဖို့နဲ့ ကိုယ်တော်ရဲ့ ဦးဆောင်ညွှန်ကြားမှုများနဲ့ အစီအစဉ်များကို ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်။” ဆုတောင်းအပြီးတွင် လင်းဇင်သည် လွန်စွာမှ စိတ်တည်ငြိမ်လာပြီး အနည်းငယ် ပို၍ လွတ်လပ်ပေါ့ပါးလာသည်။

သူမသည် အမှန်တကယ် နာခံတတ်လာပြီး ဘုရားသခင်၏ အံ့သြဖွယ်လုပ်ဆောင်မှုများကို မြင်တွေ့ရသည်

ထိုညနေ လေးနာရီကျော်တွင် သူမ၏ချွေးမက ဖုန်းခေါ်ခဲ့ပြီး အားရဝမ်းသာဖြင့် “အမေ၊ ဘင်းဘင်းရဲ့ ခွဲစိပ်ကုသမှုက အရမ်းအောင်မြင်တယ်။ ဘာမှ ပူစရာမလိုတော့ဘူး။” ဟု ပြောခဲ့သည်။ ဤအံ့ဖွယ်သတင်းကို ကြားရသည့်အခါ လင်းဇင်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားပြီး မျက်ရည်ကျခဲ့သည်။ ဘင်းဘင်းရဲ့အကြိတ်က ခွဲစိပ်မရနိုင်ကြောင်းနှင့် အလွန်ဆုံး နောက်ထပ်နှစ်လသာ နေရတော့မည်ဖြစ်ကြောင်း ဆရာဝန်ပြောခဲ့သည်ကို သူမတွေးမိသည်။ ခွဲစိပ်ကုသမှုက အမှန်ပင် ကြီးမားသောအောင်မြင်မှုဖြစ်ကြောင်း ကြားရသည်တွင် သူမ အလွန်အံ့အားသင့်သွားခဲ့သည်။ မယုံကြည်နိုင်စရာပင်။ ဤအရာသည် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအပေါ်တွင် လုံးဝမူတည်ကြောင်းနှင့် ဘုရားသခင်၏ အံ့ဖွယ်လုပ်ဆောင်မှုဖြစ်ကြောင်း လင်းဇင် ကောင်းစွာသိနားလည်ခဲ့သည်။ သူမသည် ဘုရားသခင်အပေါ် ကျေးဇူးတင်ခြင်းတို့ဖြင့် ပြည့်နှက်သွားပြီး ဘုရားသခင်အား စိတ်နှလုံးထဲမှ ကျေးဇူးတင်စကားနှင့် ချီးမွမ်းခြင်းတို့ကို ထပ်ခါထပ်ခါ ဆက်ကပ်ခဲ့သည်- “အို- ဘုရားသခင်၊ ကိုယ်တော့်နှုတ်ကပတ်တော်များက ကျွန်မရဲ့ ခြေလှမ်းတိုင်းမှာ လမ်းပြခဲ့ပါတယ်၊ ကိုယ်တော်ရဲ့ အခွင့်အာဏာနဲ့ ကြီးမားတဲ့တန်ခိုးတို့က ကျွန်မသားကို သေတော့မယ့်ဆဲဆဲအဖြစ်ကနေ ကယ်တင်ခဲ့ပါတယ်။ အို- ဘုရားရှင်၊ ကိုယ်တော့်ကို ကျေးဇူးတင်လျက် ချီးမွမ်းပါတယ်။...”

အချိန်အတန်ကြာကုန်လွန်သော် ဘင်းဘင်းသည် စစ်ဆေးမှုအပြည့်အစုံ ခံယူရမည်ဟု ဆရာဝန်က အကြံပြုခဲ့သည်။ ဆေးစစ်ချက်အဖြေများ ရောက်လာသည့်အခါ ဆရာဝန်သည် တအံ့တသြဖြင့် “သူ့ခေါင်းက အမှန်တကယ် ပြန်ကောင်းလာပြီပဲ။ ဒါဟာ မယုံနိုင်စရာပါပဲလား။” ဟု အံ့အားသင့်စွာ ပြောဆိုလေသည်။ သူမ၏သား တစ်နေ့တစ်ခြား နေကောင်းလာသည်ကို ကြည့်ရင်း လင်းဇင်သည် စိတ်နှလုံးထဲတွင် ဘုရားသခင်၏ ကြင်နာမှုအပေါ် ကျေးဇူးတော်ချီးမွမ်းခဲ့သည်။ ထို့ပြင် သူမ၏သားရှေ့တွင် ဘုရားသခင်၏ လုပ်ဆောင်မှုများကို မကြာခဏ သက်သေခံခဲ့သည်။ သူမ၏သားက ဒါကိုကြားသည့်အခါ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ဆုပ်ကိုင်ထားကြောင်း ခေါင်းညိတ်ပြီး ထောက်ခံခဲ့လေသည်။

လွန်ခဲ့သောအဖြစ်အပျက်များကို ပြန်လည်တွေးတောပြီး သူမသည် ဘုရားသခင်၏ အတိုင်းမသိသောမေတ္တာအကြောင်း ပိုမိုကြီးမားသောအသိတရား ရရှိလာသည်

အချိန်လျင်မြန်စွာကုန်လွန်သွားပြီး တစ်ခဏအတွင်း၌ နွေဦးရာသီ ရောက်လာခဲ့ပြန်ပြီ။ သန်စွမ်းစိမ်းလန်းသော အပင်များသည် ကမ္ဘာမြေကို အားမာန်အပြည့်ဖြင့် အသက်ဝင်လာစေပြီးသကာလ လင်းဇင်သည် ဘုရားကျောင်း၌ တာဝန်ထမ်းဆောင်ရန် စကူတာဆိုင်ကယ်လေးကို ပျော်ရွှင်စွာစီးပြီး သွားခဲ့လေသည်။ သူမမျက်စိရှေ့ရှိ တောက်ပရှင်းလင်းသော ရှုခင်းကို ငေးကြည့်နေရင်း အလွန်ပင် စိတ်ငြိမ်းအေးခဲ့သည်။ သူမ၏သား ခွဲစိပ်ကုသမှု ခံယူခဲ့ရပြီး အရင်ကထက်ပင် ကျန်းမာရေးပိုကောင်းလာသည်အထိ နေကောင်းလာခဲ့သည်မှာ တစ်နှစ်ပင်ရှိခဲ့ချေပြီ- ဘုရားသခင်၏ လုပ်ဆောင်မှုများကို သူမအမှန်ပင် ကိုယ်တွေ့ကြုံခဲ့ရသည်တကား။ သူမသား၏ ဖျားနာမှုမှတစ်ဆင့် လင်းဇင်သည် ရှင်ခြင်းသေခြင်းနှင့် ပတ်သက်လာလျှင် နောက်ဆုံးပြောပိုင်ခွင့်ရှိသူမှာ ဆရာဝန်မဟုတ်ကြောင်းနှင့် သိပ္ပံပညာက လူတစ်ဦး သေမည်ရှင်မည်ကိုလည်း ကြိုတင်မခန့်မှန်းနိုင်ကြောင်း အမှန်တကယ် သဘောပေါက်လက်ခံလာခဲ့သည်။ အဘယ်မျှလောက်သော ချစ်ခင်တွယ်တာမှု သို့မဟုတ် ငွေကြေးကိုမဆို လူတစ်ဦး၏အသက်တာနှင့် မလဲလှယ်နိုင်ပါ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အချုပ်အချာပင်ဖြစ်ပြီး လူသားမျိုးနွယ်၏ ရှင်သန်မှုများ၊ သေဆုံးမှုများနှင့် ကံကြမ္မာများအားလုံးမှာ ဘုရားသခင်၏လက်ထဲတွင် ထိန်းချုပ်ထားခြင်းခံရပေသည်။ ရှင်ခြင်းနှင့် သေခြင်းကြားက ဆုံမှတ်တွင် ဘုရားသခင်သည်သာ လူသား၏ အမှီသဟဲပြုရာဖြစ်ပြီး ဘုရားသခင်သာလျှင် လူသား၏ တစ်ဦးတည်းသော အကူအညီဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤသို့ဆိုသည့်အတိုင်းပင်ဖြစ်သည်- “သေခြင်းနှင့်ရှင်ခြင်း၏ တန်ခိုးကို စွဲကိုင်ထားသည်မှာ လူသားမျိုးနွယ် မဟုတ်၊ သဘာဝလောကထဲက သတ္တဝါတစ်ခုမဟုတ်ဘဲ၊ သြဇာအာဏာ အတုမရှိသည့် ဖန်ဆင်းရှင် ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘာဝလောက၏ နိယာမတစ်ခု၏ ရလဒ်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာ၏ အကျိုးဆက်တစ်ရပ် ဖြစ်သည်။(အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) သူမသား၏ ဖျားနာမှုမှတစ်ဆင့် လင်းဇင်သည် ဘုရားသခင်၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုများကို တွေ့ကြုံခဲ့ပြီး မိမိအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းကို တွေ့မြင်ခဲ့ရသောကြောင့် ဘုရားသခင်၏ အခွင့်အာဏာအပေါ် စစ်မှန်သောခံစားချက်များနှင့် တန်ဖိုးထားအသိအမှတ်ပြုခြင်းတို့ ရှိလာခဲ့သည်။ သူမ၏သားအပေါ် ဖြစ်ပျက်ခဲ့သည့်အရာအားဖြင့် လင်းဇင်သည် ဘုရားသခင်အား ယုံကြည်ရာ၌ မှားယွင်းသောအမြင်များ သိုလှောင်ကိန်းအောင်းစေခဲ့ပြီးလျှင် ကောင်းချီးများရယူဖို့ရန်သာ ဘုရားကို ယုံကြည်ခဲ့ကြောင်းနှင့် ဘုရားသခင်နှင့် အပေးအယူများ လုပ်ခဲ့မိကြောင်း နားလည်လာခဲ့သည်။ လင်းဇင်သည် လိုက်လျှောက်ရန် မှန်ကန်သော ရည်မှန်းချက်ပန်းတိုင်ကို တွေ့ရှိခဲ့ပြီး၊ ဖန်ဆင်းခံလူသားတစ်ဦးအနေဖြင့် ဘုရားကိုနာခံရန်၊ ချစ်ရန်နှင့် ကိုးကွယ်ရန် ကြိုးပမ်းသင့်ကြောင်း၊ မိမိသည် မည်သည့် အခက်အခဲ သို့မဟုတ် ဘေးဒုက္ခကို အမှတ်မထင် ကြုံရကြုံရ၊ ဘုရားကို ဘယ်သောအခါမျှ အပြစ်မတင်သင့်ကြောင်း သို့မဟုတ် အထင်မမှားသင့်ကြောင်း သူမသိခဲ့ရသည်။ ထိုအစား သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ ဦးဆောင်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်နှင့်၊ ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေရန်အလို့ငှာ သက်သေရပ်တည်သင့်ကြောင်း၊ သို့မှသာ ယောဘကဲ့သို့ ဘုရားသခင်၏ ချီးမွမ်းမှုကို ရယူနိုင်လိမ့်မည်ဖြစ်ကြောင်း သူမသိနားလည်ခဲ့ရသည်။ ထိုအချိန်ကာလကို ပြန်လည်အောက်မေ့သောအခါ လင်းဇင်သည် ဘုရားသခင်ထံမှ မြောက်မြားစွာ အမှန်တကယ်ရရှိခဲ့ပြီး ထို့ထက်မကပင် ဘုရားသခင်၏ အတိုင်းအဆမဲ့သော ချစ်ခြင်းမေတ္တာကို သူမတွေ့ကြုံခဲ့ရသည်ဟု ခံစားရလေသည်။

အမှာစကား ချန်ခဲ့မည်