စာရင်း

ဖောက်ပြန်ပျက်ဆီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တယ်ခြင်းကို ပို၍လိုအပ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း

ဘုရားသခင်၏ လူကိုကယ်တင်ခြင်းမှာ ဝိညာဉ်တော်နှင့် ဝိညာဉ်တော်၏ ကိုယ်ပိုင်လက္ခဏာဆိုင်ရာ နည်းလမ်းကို တိုက်ရိုက်အသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ၊ အကြောင်းမှာ သူ၏ဝိညာဉ်တော်ကို လူသားသည် ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် ချဉ်းကပ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဉ်တော်၏ရှုထောင့်ကို တိုက်ရိုက်အသုံးပြု၍ လူသားကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံထားရသော လူသားတစ်ဦး၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက လူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်တိုက်အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဉ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူခံယူတော့မည်ဖြစ်သော ဇာတိခန္ဓာအထဲသို့ ထည့်သွင်းခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ကြားနိုင်မြင်နိုင်မည်၊ သူ၏နှုတ်ကပတ်တော်ကို ရရှိနိုင်မည်ဖြစ်ပြီး ဤသို့အားဖြင့် အပြည့်အဝ ကယ်တင်ခြင်းကို ခံရနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက အသွေးအသားရှိသော မည်သည့်လူသားကမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူသားတစ်ဦးတစ်ယောက်ကမျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက လူအားလုံးသည် ပြင်းစွာဒဏ်ပေးခံရလိမ့်မည်ဖြစ်သည်၊ သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းမရှိသောကြောင့် သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံခဲ့ရလိမ့်မည်။ ပထမဆုံး လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်ဖြစ်သည်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သည်၊ သို့သော်လည်း ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကိုလုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့ကို သူတို့၏အပြစ်များမှ ကယ်ဆယ်ပေးပြီး အလုံးစုံ သန့်ရှင်းစေရန်ဖြစ်ကာ၊ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာစေရန်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် လုံးလုံးလျားလျား သန့်ရှင်းစင်ကြယ်စေခြင်း ခံရနိုင်သည်။

“လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)

ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဘုရားသခင် လူ့ဇာတိခံယူခဲ့သည့် အကြောင်းမှာ သူ့အမှု၏အပြုခံအရာသည် စာတန်၏ဝိညာဉ် သို့မဟုတ် လက်ဆုပ်လက်ကိုင်မပြနိုင်သော အရာမဟုတ်ဘဲ စာတန်၏ဖျက်ဆီးခြင်းကို ခံရသော ဇာတိခန္ဓာနှင့်လူ ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အတွက် ဘုရားသခင်သည် ဇာတိခန္ဓာနှင့် လူသားကို သူ့အမှု၏ အပြုခံအရာဖြစ်စေခဲ့ခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် လူသားသည် ဖျက်ဆီးခြင်းခံရသည့် အရာဖြစ်သဖြင့် ဘုရားသခင်သည်လူသားကို သူ့ကယ်တင်ခြင်း၏ အဆင့်အားလုံးတောက်လျှောက်တွင် သူ့အမှု၏ တစ်ခုတည်းသော အပြုခံအရာဖြစ်စေခဲ့သည်။ လူသားသည် အသွေးနှင့်အသားနှင့် သေမျိုးဖြစ်ပြီး ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန်အတွက် လူကဲ့သို့တူညီသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်သည့် လူ့ဇာတိကိုခံယူရန်ဖြစ်လာသည်။ သို့မှသာ သူ၏အမှုတွင် ပို၍ကောင်းသော အကျိုးသက်ရောက်မှုများကို ရနိုင်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို တိကျစွာဆောင်ရွက်ရန် လူ့ဇာတိခံယူရမည်၊ အကြောင်းမှာ လူသားသည် ဇာတိခန္ဓာနှင့်ဖြစ်ကာ အပြစ်ကို အောင်နိုင်ရန် သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကို ရုပ်သိမ်းရန် မစွမ်းသောကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရနှင့် သွင်ပြင်လက္ခဏာသည် လူသား၏အနှစ်သာရ၊ သွင်ပြင်လက္ခဏာတို့နှင့် ကြီးမားသော ကွာခြားမှု ရှိသော်လည်း သူ၏အဆင်းသဏ္ဌာန်သည် လူနှင့်ဆင်တူပြီး၊ သာမန်လူတစ်ယောက်၏ အဆင်းသဏ္ဌာန်၊ သာမန်လူတစ်ယောက်၏ ဘဝကိုနေထိုင်၍ သူ့ကိုမြင်သောသူများသည် သာမန်လူတစ်ယောက်နှင့် သူ၏ ကွဲပြားမှုကို သိနိုင်မည်မဟုတ်ပေ။ ဤသာမန်အဆင်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် သာမန်လူတို့အကြားတွင် သူ၏ ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပါသည်။ သူ၏ဇာတိခန္ဓာသည် သူ့အား သာမန်လူ့သဘာဝတွင် သူ၏အမှုကို ဆောင်ရွက်နိုင်စေပြီး၊ လူတို့ကြားတွင် သူ၏ အမှုလုပ်ဆောင်ခြင်းကို ကူညီပေးသည်။ ထို့အပြင် သူ၏ သာမန်လူ့သဘာဝသည် လူသားတို့အကြား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်ရန်လည်း အကူအညီပေးသည်။ သူ၏သာမန်လူ့သဘာဝသည် လူတို့ကြား များစွာသော အုတ်အော်သောင်းနင်းကို ဖြစ်စေခဲ့သော်လည်း ထိုအုတ်အော်သောင်းနင်းဖြစ်မှုသည် သူ့အမှု၏ ပုံမှန် အကျိုးသက်ရောက်မှုများအပေါ် ထိခိုက်ခြင်းမရှိပေ။ အကျဉ်းချုပ်ဆိုရသော် သူ့သာမန်ဇာတိခန္ဓာ၏ အမှုသည် လူသားအတွက် အကြီးမြတ်ဆုံးသော အကျိုးအမြတ်ကို ပေးသည်။ လူအများစုသည် သူ၏သာမန်လူ့သဘာဝကို လက်မခံသော်လည်း သူ၏အမှုသည် အကျိုးသက်ရောက်နိုင်ဆဲဖြစ်ပြီး၊ သူ၏သာမန်လူ့သဘာဝကြောင့် ဤအကျိုးသက်ရောက်မှုများကို ရရှိခြင်းဖြစ်သည်။ ဤအတွက် ယုံမှားဖွယ်ရာမရှိ။ ဇာတိခန္ဓာရှိ သူ၏အမှုမှတဆင့် ဘုရားသခင်၏ သာမန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့ကြား၌ရှိနေသော အယူအဆများထက် လူသားတို့သည် ဆယ်ဆ၊ သို့မဟုတ် အဆတစ်ရာ ပိုသောအရာတို့ကို လက်ခံရရှိပါသည်။ ထိုအယူအဆများအားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့် အမှုတော်၏ ၀ါးမြိုခြင်းကို ခံရလိမ့်မည်။ သူ့အမှုကရရှိသော အကျိုးသက်ရောက်မှုများ၊ ဆိုလိုသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူ၏အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏အယူအဆများထက် သာလွန် များပြားလာမည်။ ဇာတိခန္ဓာနှင့် သူလုပ်ဆောင်ခဲ့သောအမှုတို့ကို စိတ်ကူးရန် သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ။ အကြောင်းမှာ သူ၏ဇာတိခန္ဓာသည် လူသား၏ဇာတိခန္ဓာနှင့် တူညီမှုမရှိခြင်းကြောင့်ဖြစ်သည်။ အပြင်ဘက် ပုံပန်းသဏ္ဌာန်သည် ဆင်တူသော်လည်း၊ အနှစ်သာရခြင်း မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူတို့ကြားတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာကို ဖြစ်ပေါ်စေသည်။ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာ ရရှိလာစေရန်လည်း ခွင့်ပြုနိုင်ပြီး၊ ထိုသို့တူညီသော အပြင်ပန်းသဏ္ဌာန် ပိုင်ဆိုင်ထားသည့် လူတို့ကိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် သာမန်လူသားတစ်ယောက်သာမဟုတ်ဘဲ၊ လူသား၏အပြင်ပန်းသဏ္ဌာန်ရှိသော ဘုရားသခင်ဖြစ်ပြီး၊ မည်သူမျှ သူ့ကို အပြည့်အဝသဘောပေါက်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း ရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ မျက်စိဖြင့်မမြင်ရ၊ လက်ဆုပ်လက်ကိုင်လည်းမပြနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူတို့မမြင်နိုင်သော ဝိညာဉ်တော်တစ်ပါးသာဖြစ်ပါက လူသားတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန် အလွန်လွယ်ကူပါသည်။ လူသားသည် မိမိ၏စိတ်ကူးစိတ်သန်းကို ဇက်ကုန်လွှတ်နိုင်ပြီး၊ မိမိကိုယ်ကို ကျေနပ်စေရန်နှင့် ပျော်ရွှင်အောင်ပြုရန် မိမိနှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းအားဖြင့် ဤဘုရားသခင်က ပြုလုပ်ရန် အလိုအရှိဆုံး အရာဖြစ်သော မိမိ၏ ကိုယ်ပိုင်ဘုရားသခင်ကို စိတ်အကျေနပ်ဆုံးဖြစ်စေသည့် မည်သည့်အရာကိုမဆို လူသည် သိက္ခာစောင့်စည်းမှု မရှိဘဲနှင့် ပြုလုပ်ကောင်း ပြုလုပ်နိုင်လိမ့်မည်။ ထို့အပြင် လူသားသည် သူ့ထက်ပို၍ ဘုရားသခင်ကို ပို၍သစ္စာရှိသူ၊ ပို၍ဆပ်ကပ်နိုင်သူ တစ်ဦးမျှမရှိ၊ အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာမရှိသောသူများဖြစ်သည်ဟု ယုံကြည်သည်။ ဤအရာသည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်မှုမှာ မရေမရာ ဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာဟု ဆိုနိုင်သည်။ သူတို့ရှာဖွေသောအရာသည် အားလုံးအတူတူသာဖြစ်ပြီး ကွာခြားမှု အနည်းငယ်သာရှိသည်။ သူတို့၏ စိတ်ကူးများထဲမှ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြခြင်းသာဖြစ်ပြီး သူတို့၏ အနှစ်သာရမှာမူ အကယ်စင်စစ် အတူတူပင်ဖြစ်သည်။

လူသားသည် ဘုရားသခင်အပေါ်ထားသော သူ၏ ကြောင့်ကြမဲ့သည့် ယုံကြည်မှုအပေါ် စိတ်ပူပန်မှုမရှိဘဲ မိမိစိတ်ကြိုက် ဘုရားသခင်ကို ယုံကြည်ကြသည်။ ယင်းသည် မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်သည့် "လူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ"ထဲမှ တစ်ခုဖြစ်သည်။ အကြောင်းမှာ လူသားသည် အခြားသူ၏ ဘုရားသခင် မဟုတ်ဘဲ မိမိ၏ကိုယ်ပိုင်ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြစ်သည်။ ယင်းသည် သူ၏ ကိုယ်ပိုင်ပုဂ္ဂလိက ပိုင်ဆိုင်မှုဖြစ်ပြီး လူတိုင်းနီးပါးသည် ဤသို့သော ပုဂ္ဂလိကပိုင်ဆိုင်မှုရှိကြ၏။ လူတို့သည် ဤပိုင်ဆိုင်မှုကို အဖိုးထိုက်သော ရတနာတစ်ခုအဖြစ် သတ်မှတ်ကြသော်လည်း ဘုရားသခင်အတွက်မူ ထိုထက် ပို၍နိမ့်ကျသော သို့မဟုတ် ပို၍အသုံးမကျသောအရာ မရှိတော့ပေ။ အကြောင်းမှာ လူသား၏ ဤပုဂ္ဂလိက ပိုင်ဆိုင်မှုထက် ဘုရားသခင်အား ဆန့်ကျင်ခြင်းကို ပို၍ရှင်းစွာပြသသည့် အရာမရှိသောကြောင့်တည်း။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုကြောင့် ဘုရားသခင်သည် လူသားတို့ တွေ့မြင်၊ ထိတွေ့နိုင်သည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ပုံသဏ္ဌာန်ရှိသည့် ဇာတိခန္ဓာ ဖြစ်လာခြင်းဖြစ်သည်။ သူသည် ပုံသဏ္ဌာန်မရှိသော ဝိညာဉ်တော်မဟုတ်ဘဲ လူက ထိတွေ့ဆက်သွယ်ကာ တွေ့မြင်နိုင်သော ဇာတိခန္ဓာဖြစ်သည်။ သို့ရာတွင် လူတို့က ယုံကြည်သည့် ဘုရားအများစုသည် ပုံသဏ္ဌာန်ကင်းမဲ့သော ဇာတိခန္ဓာမရှိသည့် နတ်ဘုရားများဖြစ်ပြီး၊ ၎င်းတို့မှာ စိတ်ကြိုက်ပုံသဏ္ဌာန်နှင့်လည်း ဖြစ်နေသည်။ ဤသို့ဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် ဘုရားသခင်ကို ယုံကြည်သောသူ အများစု၏ ရန်သူဖြစ်လာပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခဲ့သည်ဟူသော အချက်ကို လက်မခံနိုင်သည့် သူများသည်လည်း ထိုနည်းတူပင် ဘုရားသခင်၏ ရန်သူများဖြစ်လာပါသည်။ လူသားတို့၌ အယူအဆများရှိနေသည်မှာ သူ၏စဉ်းစားမှုပုံစံ သို့မဟုတ် သူ၏ ပုန်ကန်တတ်မှုကြောင့် မဟုတ်ဘဲ လူသား၏ပုဂ္ဂလိက ပိုင်ဆိုင်မှုကြောင့်ဖြစ်သည်။ ဤပိုင်ဆိုင်မှုကြောင့် လူအများစုသည် သေဆုံးကြပြီး၊ ထိတွေ့၍မရ၊ မမြင်တွေ့နိုင်၊ မတည်ရှိသော မရေရာမသေချာသည့် ဤဘုရားကသာလျှင် အမှန်တကယ်တွင် လူသား၏အသက်တာကို ဖျက်စီးနေခြင်း ဖြစ်သည်။ လူ၏အသက်တာသည် လူ့ဇာတိခံယူသည့် ဘုရားသခင်ကြောင့် ဆုံးရှုံးပျက်စီးရခြင်း မဟုတ်ပေ၊ ကောင်းကင်မှ ဘုရားသခင်ကြောင့် ပျက်စီးရခြင်းလည်း သာ၍ မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ လူ၏ ကိုယ်ပိုင်စိတ်ကူးထဲမှ ဘုရားကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ဇာတိခန္ဓာထဲသို့ ကြွလာသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖောက်ပြန်ပျက်စီးနေသော လူသား၏ လိုအပ်ချက်များကြောင့်ဖြစ်သည်။ ယင်းသည် လူ၏လိုအပ်ချက်များကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ လိုအပ်ချက်ကြောင့်မဟုတ်ပေ။ ဘုရားသခင်၏ ပေးဆပ်မှုများနှင့် ဒုက္ခခံယူမှုအားလုံးသည် လူသားမျိုးနွယ်အတွက်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင်၏ အကျိုးအမြတ်အတွက် မဟုတ်ပေ။ ဘုရားသခင်အတွက် အကောင်းများ၊ အဆိုးများ သို့မဟုတ် ဆုလာဘ်များ မရှိပါ။ ဘုရားသခင်သည် အနာဂတ် အကျိုးအမြတ်အချို့ကို ရိတ်သိမ်းမည်မဟုတ်ဘဲ မူလကတည်းက သူထံတွင် အကြွေးတင်ထားပြီးသည့် အရာတို့ကို ရိတ်သိမ်းမည်။ လူသားမျိုးနွယ်အတွက် သူပြုလုပ်ခဲ့သော၊ ပေးဆပ်ခဲ့သော အရာအားလုံးသည် ကြီးစွာသော ဆုလာဘ်များကို ရရှိရန်အတွက် မဟုတ်ဘဲ၊ လူသားမျိုးနွယ်အတွက် သက်သက်သာလျှင်ဖြစ်သည်။ ဇာတိခန္ဓာ၌ပြုသော ဘုရားသခင်၏အမှုတွင် တွေးထင်မထားနိုင်သော အခက်အခဲများစွာ ပါဝင်သော်လည်း ယင်းအမှု၏ နောက်ဆုံး၌ရရှိမည့် အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှုများထက် သာလွန်များပြားသည်။ ဇာတိခန္ဓာ၏ အမှုတွင် များစွာသော အခက်အခဲများ ပါဝင်သည်။ ထို့အပြင် ဇာတိခန္ဓာသည် ၀ိညာဉ်တော်နည်းတူ သြဇာအာဏာကို ပိုင်ဆိုင်ရန် မဆိုထားနှင့် ဝိညာဉ်တော်ကဲ့သို့ ကြီးမြတ်သည့် တူညီသော အဆင့်အတန်းကို မရရှိနိုင်၊ ဝိညာဉ်တော်ကဲ့သို့ တူညီသော သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်နိုင်ပေ။ သို့သော်လည်း ထူးခြားမှုမရှိသော ဤဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ အနှစ်သာရသည် ဝိညာဉ်တော်ဖြင့် တိုက်ရိုက်လုပ်ဆောင်သော အမှုထက်သာ၍ ကြီးမြတ်လှပြီး ဤဇာတိခန္ဓာ ကိုယ်တော်တိုင်သည် လူသားတို့ လိုအပ်ချက်အားလုံး၏ အဖြေဖြစ်လေသည်။ ကယ်တင်ခြင်းခံရမည့် သူများအားလုံးအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် ဇာတိခန္ဓာထက် သာ၍ သေးငယ်သည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာတို့ အားလုံးအပေါ်၌ လွှမ်းခြုံနိုင်သော်လည်း ဇာတိခန္ဓာ၏ အမှုသည် သူနှင့် အဆက်အသွယ်ရှိသော သူအားလုံးအတွက် ပို၍ထိရောက်စွာ ပတ်သက်အကျုံးဝင်လေသည်။ ထို့အပြင် ထိတွေ့နိုင်သော သဏ္ဌာန်တော်နှင့် ဘုရားသခင်၏ ဇာတိခန္ဓာကို လူသားအနေဖြင့် ပို၍နားလည်ကာ ပို၍ယုံကြည်နိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို ပို၍နက်ရှိုင်းစေနိုင်ကာ၊ ဘုရားသခင်၏ လုပ်ဆောင်ချက်အမှန်များနှင့်ပတ်သက်၍ ပို၍လေးနက်သော ထင်မြင်ချက်များကို လူသားတို့ထံတွင် ချန်ထားခဲ့နိုင်ပါသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ဖုံးကွယ်နေပြီး၊ သေမျိုးဖြစ်သည့် လူသားတို့အတွက် နားလည်ရန်ခက်ခဲလှကာ၊ တွေ့မြင်နိုင်ရန် ပို၍ပင်ခက်ခဲသဖြင့် သူတို့သည် အနှစ်သာရမဲ့သော ထင်မြင်ချက်များအပေါ်တွင်သာ မှီခိုနိုင်သည်။ သို့ရာတွင် ဇာတိခန္ဓာ၏ အမှုသည် သာမန်ဖြစ်ပြီး၊ အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော အသိဉာဏ်ရှိကာ လူသား၏ ခန္ဓာမျက်လုံးဖြင့် မြင်တွေ့နိုင်သည့် အချက်ဖြစ်သည်။ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင် တွေ့ကြုံခံစားနိုင်ကာ များပြားလှသော သူ၏ စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်တော့ပေ။ ဤသည်မှာ ဇာတိခန္ဓာထဲရှိ ဘုရားသခင် အမှု၏ တိကျ၍စစ်မှန်သော တန်ဖိုးဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့မမြင်နိုင်သော အရာများကိုသာ လုပ်နိုင်ပြီး လူတို့ တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာ- ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ဝိညာဉ်တော် လှုပ်ရှားထိတွေ့ခြင်းနှင့် ဝိညာဉ်တော်၏ လမ်းညွှန်ခြင်းတို့ကိုသာ ပြုနိုင်သည်။ သို့ရာတွင် စိတ်နှလုံးရှိသော လူသားတို့အတွက် ဤအရာတို့သည် ရှင်းလင်းသော အဓိပ္ပာယ်ကို မထောက်ပံ့ပေးနိုင်ချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးအပ်ပြီး စကားလုံးများဖြင့် ညွန်ကြားချက်တစ်ခုကို မပေးအပ်နိုင်ပေ။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အမှုမှာမူ အလွန်ပင် ကွာခြားသည်။ ထိုအမှု၌ တိကျသော လမ်းညွှန်သည့် စကားလုံးများရှိပြီး၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ပန်းတိုင်တို့ရှိသည်။ သို့ဖြစ်၍ လူတို့သည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုနှင့် စမ်းတဝါးဝါးပင် သွားလာနေစရာ သို့မဟုတ် သူတို့အတွေးအထင်များကို အသုံးပြုစရာ မလိုတော့ပေ။ ဤသည်မှာ ဇာတိခန္ဓာ၏အမှုနှင့် ဝိညာဉ်တော်၏ အမှုတို့ ကြီးမားစွာကွာခြားမှုအပေါ် ရှင်းပြချက်ဖြစ်သည်။ ဝိညာဉ်တော်၏ အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွက်သာ သင့်လျော်ပြီး၊ ဇာတိခန္ဓာ၏ အမှုကို အစားမထိုးနိုင်ပေ။ ဇာတိခန္ဓာ၏ အမှုသည် ဝိညာဉ်တော်၏ အမှုထက် လူသားကို ပို၍တိကျပြီး လိုအပ်သော ပန်းတိုင်များ၊ ပို၍စစ်မှန်တန်ဖိုးရှိသော အသိပညာများ ပေးသည်။ ဖောက်ပြန်ပျက်စီးသော လူသားအတွက် အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုမှာ တိကျသော စကားများ၊ လိုက်လျှောက်ရန် ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသော အမှုဖြစ်ပြီး မြင်တွေ့နိုင်ကာ ထိတွေ့နိုင်သော အမှုဖြစ်သည်။ လက်တွေ့ကျသော အမှုနှင့် အချန်မီ လမ်းညွှန်မှုတို့သည်သာလျှင် လူသား၏အကြိုက်တို့နှင့် သင့်လျော်ပြီး၊ စစ်မှန်သော အမှုသာလျှင် လူကို သူ၏ ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံယူသော ဘုရားသခင်ထံမှသာလျှင် ရရှိနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် လူသား၏ ယခင်က ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ လူသားကို ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲအနှစ်သာရဖြစ်သော်လည်း ဤသို့သောအမှုကို သူ၏ ဇာတိခန္ဓာဖြင့်သာ လုပ်ဆောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်းသာ အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ သိသာသော အမှန်တရားဖြစ်သည်။ လူအများစုသည် ဤဇာတိခန္ဓာကြောင့် ဘုရားသခင်၏ ရန်သူများဖြစ်လာကြသော်လည်း ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ သူ့ကိုဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်ရုံတင်မကဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏သက်သေများ ဖြစ်လာလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရသော သက်သေများ၊ သူနှင့်သဟဇာတရှိသော၊ သူနှင့်ခွဲ၍မရသော သက်သေများဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် လူသားကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်သော သူ့အမှု၏ အရေးကြီးမှုကို သိရှိစေပြီး၊ လူသားသည်လည်း သူ၏တည်ရှိမှု၌ ထိုဇာတိခန္ဓာ၏ အရေးပါပုံကို နားလည်လာကာ၊ လူ့အသက်တာကြီးထွားမှု၌ ဘုရားသခင်၏ စစ်မှန်သောတန်ဖိုးကို သိလာလိမ့်မည်။ ထို့အပြင် ဤဇာတိခန္ဓာသည် လူသားတို့ ခွဲခွာရန် မစွမ်းသာသော ဘဝ၏ သက်စမ်းရေဖြစ်လာမည်ဟု သိလာလိမ့်မည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် ဘုရားသခင်၏ သွင်ပြင်လက္ခဏာ၊ အနေအထားနှင့်တူညီရန် ဝေးကွာလှကာ လူသားအတွက် ဘုရား၏ အခြေအနေအစစ်နှင့် သဟဇာတဖြစ်ပုံ မပေါ်သော်လည်း၊ ဘုရားသခင်၏ ပုံရိပ်အစစ် သို့မဟုတ် သွင်ပြင်လက္ခဏာအစစ်ကို မပိုင်ဆိုင်ထားသော ဤဇာတိခန္ဓာသည် ဘုရားသခင်ဝိညာဉ်တော်က တိုက်ရိုက်မလုပ်ဆောင်နိုင်သော အမှုကို လုပ်ဆောင်နိုင်သည်။ ယင်းသည် ဘုရားသခင့် လူ့ဇာတိခံယူမှု၏ စစ်မှန်သောထင်ရှားမှုနှင့် တန်ဖိုးဖြစ်ပြီး၊ လူက အသိအမှတ်ပြုရန်နှင့် လက်ခံနိုင်ရန် မတတ်နိုင်သော ထင်ရှားမှုနှင့် တန်ဖိုးတို့ဖြစ်သည်။ လူသားအားလုံးသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ကြည်ညိုကြပြီး၊ ဘုရားသခင်၏ ဇာတိခန္ဓာကို အထင်သေးကြသော်လည်း၊ သူတို့မည်သို့ပင် ကြည့်ရှု တွေးထင်စေကာမူ ဇာတိခန္ဓာ၏ စစ်မှန်သော ထင်ရှားမှုနှင့် တန်ဖိုးသည် ဝိညာဉ်တော်၏ ထင်ရှားမှုနှင့် တန်ဖိုးထက် များစွာသာလွန်ပါသည်။ ဤအရာသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်နှင့်သာ သက်ဆိုင်သောအရာဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သမ္မာတရားကိုရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းမှုကို တောင့်တသောသူအားလုံးအတွက် ၀ိညာဉ်တော်၏အမှုသည် စိတ်ထိတွေ့မှု သို့မဟုတ် ဗျာဒိတ်တော်နှင့် ရှင်းမပြနိုင်သော၊ တွေးထင်မထားနိုင်သော အံ့သြဖွယ်ခံစားချက်နှင့် ကြီးမြတ်သော၊ မြင့်မြတ်သော၊ နှစ်လိုဖွယ်ကောင်းသော ခံစားချက်တို့ကိုသာ ထောက်ပံ့ပေးနိုင်သည်၊ သို့သော်လည်း ထိုအရာသည် အားလုံးအတွက် ရယူရန်မဖြစ်နိုင်၊ မရရှိနိုင်သောအရာလည်း ဖြစ်သည်။ လူသားနှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူတို့ကြားတွင် ကြီးမားသော အကွာအဝေးတစ်ခု ရှိဘိသည့်အလား တစ်ဦးနှင့်တစ်ဦး အဝေးမှသာ ကြည့်နိုင်ကြပြီး၊ မမြင်ရသော အပိုင်းအခြားတစ်ခုက ခွဲခြားထားသည့်နှယ် သူတို့သည် မည်သည့်အခါမှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင်မူ ယင်းသည် ဝိညာဉ်တော်က လူသားကိုပေးသော အထင်မှားစေသည့်အရာ တစ်ခုဖြစ်သည်။ အကြောင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတည်း တစ်စားတည်း မဟုတ်သောကြောင့် ဖြစ်ပြီး၊ ဝိညာဉ်တော်နှင့် လူသားသည် တူညီသော လောကကြီးထဲတွင် မည်သည့်အခါမှ ယှဉ်တွဲနေထိုင်နိုင်မည် မဟုတ်သောကြောင့် ဖြစ်ကာ၊ ဝိညာဉ်တော်၌ လူနှင့်ဆိုင်သောအရာ ဘာမျှမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားထံတွင် ဝိညာဉ်တော်လိုအပ်ချက် မရှိပေ။ အကြောင်းမှာ ဝိညာဉ်တော်သည် လူသားတို့က အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက်မဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။ ဇာတိခန္ဓာ၏အမှုသည် လူသားတို့ကို မီအောင်လိုက်ရမည့် စစ်မှန်သော ရည်ရွယ်ချက်များ၊ ရှင်းလင်းသော စကားလုံးများနှင့် ဘုရားသခင်သည် စစ်မှန်ကာ ပုံမှန်ဖြစ်ကြောင်း၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသောခံစားမှု စသည်တို့ကို ပေးသည်။ လူသားသည် သူ့ကိုကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း လူအများစုအတွက် သူသည် နားလည်ဆက်စပ်နိုင်ရန် လွယ်ကူသည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကိုမြင်တွေ့နိုင်၊ သူ၏အသံကိုကြားနိုင်ပြီး သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤဇာတိခန္ဓာသည် လူသားတို့အတွက် ချဉ်းကပ်နိုင်သည်ဟု ခံစားရပြီး၊ ဝေးကွာခြင်း၊ နားမလည်နိုင်ခြင်းမရှိဘဲ၊ ဤဇာတိခန္ဓာသည် လူသားတို့နှင့် တူညီသောကမ္ဘာလောကကြီးတွင် ရှိနေသဖြင့် မြင်နိုင် ထိတွေ့နိုင်ပေသည်။

ဇာတိခန္ဓာနှင့်နေထိုင်သူ အားလုံးအတွက် မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် မီအောင်လိုက်ရမည့် ပန်းတိုင်များကို လိုအပ်ပြီး၊ ဘုရားသခင်ကိုသိခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် အမှန်များနှင့် မျက်နှာတော်အမှန်အား တွေ့ကြုံခြင်းကို လိုအပ်သည်။ ဤနှစ်ခုစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာမှသာ ရယူနိုင်ပြီး၊ နှစ်ခုစလုံးကို သာမန်ဖြစ်သော စစ်မှန်သည့် ဇာတိခန္ဓာဖြင့်သာ ရယူနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်းကို လိုအပ်ရသည့် အကြောင်းရင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်းကို လိုအပ်ရခြင်း အကြောင်းရင်းဖြစ်သည်။ လူသားတို့သည် ဘုရားသခင်ကို သိရန်လိုအပ်သဖြင့်၊ မရေရာဘဲ သဘာဝထက်လွန်ကဲသော ဘုရားများ၏ ပုံရိပ်များကို သူတို့၏နှလုံးသားများမှ လွင့်ပျောက်သွားအောင် ပြုရမည်။ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ထုတ်ပစ်ရန် လိုအပ်သဖြင့် သူတို့သည် ပထမဆုံးအနေဖြင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရမည်။ အကယ်၍ လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ဖယ်ထုတ်ပစ်ရန်အတွက် လူကသာ လုပ်ဆောင်ပါက သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိနိုင်မှုရှိမည်မဟုတ်ပေ။ လူသားတို့၏နှလုံးသားများမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများဖြင့်သာ မြင်သာအောင်ပြခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် အပြည့်အဝ နှင်ထုတ်ခြင်း မပြုနိုင်ပေ။ ထိုသို့ပြုလျှင် လူတို့ထံတွင် နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးအချိန်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤအရာတို့ကို လူတို့ တစ်ဖြည်းဖြည်း သိလာခွင့်ပေးရန် လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံရိပ်စစ်တို့သာလျှင် ဤမရေရာသော၊ သဘာဝလွန်သောအရာများကို အစားထိုးနိုင်ကာ၊ ဤနည်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။ လူတို့သည် ယခင်အတိတ်က သူတို့ရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှုမရှိဘဲ သဘာဝလွန်ဖြစ်နေသည်ကို သတိပြုမိသည်။ ဤအကျိုးဆက်ကို ရယူနိုင်သည့်အရာမှာ လူတစ်ဦးဦး၏ သင်ကြားမှုဖြစ်ရန် မဆိုထားနှင့် မဆိုထားနှင့် ဝိညာဉ်တော်၏ တိုက်ရိုက်လမ်းညွှန်မှုကြောင့်ပင် မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော ဘုရားသခင်သာဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် သူ၏အမှုကို တရားဝင် ဆောင်ရွက်သောအခါ လူ၏အယူအဆများသည် ဖော်ထုတ်လှန်ထားခြင်း ခံရသည်။ အကြောင်းမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းသည် လူတို့စိတ်ကူးထဲမှ မရေရာသော သဘာဝလွန်သည့် ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်တည်း။ လူသားတို့၏ မူလအယူအဆများကို လူ့ဇာတိခံယူသော ဘုရားသခင်နှင့် သူတို့၏ ဆန့်ကျင်ကွဲလွဲမှုဖြင့်သာ ထုတ်ဖော်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ လူသားတို့၏ အယူအဆများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ တစ်နည်းဆိုရသော် အမှန်တရားနှင့်နှိုင်းယှဉ်ပြခြင်းမရှိဘဲ မရေရာသော အရာများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ လုပ်နိုင်စွမ်းမရှိပေ။ ထို့အပြင် မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ ပြောနိုင်စွမ်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်နိုင်ပြီး သူ့ကိုယ်စား မည်သူကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ လူ၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ လူသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်မှုအကြောင်းကို ပြောပြနိုင်စွမ်းမရှိပေ။ ဘုရားသခင်သည် လူသားတို့အလယ်တွင် ကိုယ်တိုင် အမှုပြုကာ သူ၏ပုံရိပ်နှင့် သူ၏ဖြစ်ခြင်းကို အပြည့်အဝ ပြသမှသာလျှင် လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ တွေ့နိုင်မည်ဖြစ်သည်။ ဤရလဒ်ကို မည်သည့် ဇာတိခန္ဓာနှင့် လူကမျှ မရယူနိုင်ပေ။ ဘုရားသခင်၏ ၀ိညာဉ်တော်သည်လည်း ဤရလဒ်ကို ရယူနိုင်စွမ်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားကို စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်နိုင်သော်လည်း ဤအမှုကိုမူ ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ထို့အစား ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ ယူတင်ဝတ်ဆင်ထားသည့် ဇာတိခန္ဓာ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကသာ လုပ်ဆောင်နိုင်သည်။ ဤဇာတိခန္ဓာသည် လူဖြစ်ပြီး ဘုရားလည်းဖြစ်သည်၊ ပုံမှန်လူ့သဘာဝရှိသော လူသားတစ်ယောက်နှင့် ဘုရားသဘောသဘာဝ အပြည့်အဝရှိသော ဘုရားသခင်လည်း ဖြစ်သည်။ ထို့ကြောင့် ဤဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်သော်လည်း၊ ဝိညာဉ်တော်နှင့် အလွန်ကွာခြားလှသော်လည်း၊ ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ဖြစ်ပြီး ဇာတိခန္ဓာလည်းဖြစ်သော၊ လူသားတို့ကို ကယ်တင်သော လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ နောက်ဆုံးတွင်ကား လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာနှင့် ခွဲခြား၍မရဘဲ ဇာတိခန္ဓာ၏အမှုသည်လည်း ဘုရားသခင့် ဝိညာဉ်တော်၏ အမှုပင်ဖြစ်သောကြောင့် ဖြစ်လေသည်။ ဤအမှုကို ၀ိညာဉ်တော်၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ မလုပ်ဆောင်ဘဲ ဇာတိခန္ဓာ၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ လုပ်ဆောင်ခြင်းမျှသာဖြစ်သည်။ ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်ရန် လိုအပ်သည့်အလုပ်များသည် လူ့ဇာတိခံယူခြင်းကို မလိုအပ်ပေ။ ဇာတိခန္ဓာက လုပ်ဆေင်ရန်လိုအပ်သည့် အမှုကိုလည်း ဝိညာဉ်တော်မှ တိုက်ရိုက် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ၊ လူ့ဇာတိခံယူသည့် ဘုရားသခင်မှသာလျှင် လုပ်ဆောင်နိုင်သည်။ ယင်းသည် ဤအမှုတော်အတွက် လိုအပ်သည့်အရာ၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်မှ လိုအပ်သည့်အရာ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်အတွင်းတွင် အဆင့်တစ်ဆင့်သာလျှင် ဝိညာဉ်တော်မှ တိုက်ရိုက် လုပ်ဆောင်ပြီး ကျန်အဆင့်နှစ်ဆင့်ကိုမူ လူ့ဇာတိခံယူသော ဘုရားသခင်မှ လုပ်ဆောင်ကာ ဝိညာဉ်တော်မှ တိုက်ရိုက် လုပ်ဆောင်ခြင်း မရှိပေ။ ဝိညာဉ်တော်မှ လုပ်ဆောင်သော ပညတ်တော်နှင့်ဆိုင်သည့် အမှုတွင် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမပါဝင်သကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်သော လူ၏ အသိပညာနှင့်လည်း ဆက်စပ်ခြင်းမရှိပေ။ သို့ရာတွင် ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲမှ ဘုရားသခင်၏ ဇာတိခန္ဓာ၏ အမှုတွင် လူသား၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားနှင့် ဘုရားသခင်နှင့် ပတ်သက်သော လူ၏အသိပညာတို့ပါဝင်ကာ၊ ကယ်တင်ခြင်းအမှု၏ အရေးကြီး၍ အချက်ချာကျသော အပိုင်းဖြစ်လေသည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ တိုက်ရိုက်လုပ်ဆောင်မှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ မိမိတို့ကို ထိန်းကျောင်းရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်တို့ကို လိုအပ်သည်။ ထို့အပြင် လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ထံမှ ပို၍များသော ကောင်းချီးနှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်သည်။ ဇာတိခန္ဓာရှိ ဘုရားသခင်သာလျှင် လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသားအတွက် အမြဲရှိနေသော အကူအညီဖြစ်ပြီး၊ ဤအရာအားလုံးသည် ယနေ့နှင့် ယခင်အတိတ်ကာလမှ လူ့ဇာတိခံယူခြင်းကို လိုအပ်ခြင်းအကြောင်းရင်း ဖြစ်သည်။

လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး သူသည် ဘုရားသခင်၏ ဖန်ဆင်းမှုအားလုံးထဲ၌ အမြင့်ဆုံးအရာဖြစ်သဖြင့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသူသည် လူသားဖြစ်ပြီး စာတန် မဟုတ်ပေ။ ကယ်တင်ခြင်းခံရမည့်အရာမှာ လူသား၏ ဇာတိခန္ဓာနှင့် လူသား၏စိတ်ဝိညာဉ်ဖြစ်ပြီး နတ်ဆိုးမဟုတ်ပေ။ စာတန်သည် ဘုရားသခင်၏ သုတ်သင်ခြင်း ခံရမည့်အရာဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကယ်တင်မည့် အရာဖြစ်သည်။ လူသား၏ ဇာတိခန္ဓာကို စာတန်က ဖျက်ဆီးခဲ့ပြီးဖြစ်၍ ပထမဆုံး ကယ်တင်ရမည့်အရာမှာ လူသား၏ဇာတိခန္ဓာပင်ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် အများဆုံး အကြီးအကျယ် ဖျက်ဆီးခြင်း ခံခဲ့ရပြီး ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ ဖြစ်လာကာ ဘုရားသခင်၏တည်ရှိမှုကို ပို၍ပင် ပွင့်လင်းစွာ ဆန့်ကျင်၍ ငြင်းဆန်သည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် ပြောင်းလဲရန် အလွန်ပင်ခက်ခဲလှပြီး ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို ကိုင်တွယ်ရန် သို့မဟုတ် ပြောင်းလဲရန်လောက် ခက်ခဲသည့်အရာမရှိပေ။ စာတန်သည် လူ့ဇာတိခန္ဓာထဲသို့ နှောင့်ယှက်မှုများဖြင့် ဂြိုလ်မွှေရန် ဝင်ရောက်လာပြီး ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေခဲ့သဖြင့် လူသားသည် ဘုရားသခင်၏ရန်သူ၊ စာတန်ဖြစ်သွားသည်။ လူသားသည် ကယ်တင်ခံရရန်အတွက် သူသည် ပထမဆုံးအနေဖြင့် သိမ်းပိုက်ခြင်းခံရမည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် စိန်ခေါ်မှုအတွက် ကြွလာကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန် လူ့ဇာတိခံယူပြီး စာတန်ကို တိုက်ပွဲဝင်ခြင်းဖြစ်သည်။ သူ၏ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်ကြောင့် ဖောက်ပြန်ပျက်စီးကာ ကျရှုံး၊ ပျက်သုဉ်းခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်သည့် သူ၏ အမှုအားဖြင့် စာတန်ကို အနိုင်ယူကာ တစ်ဆက်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် တစ်ကြိမ်တည်းနှင့် ပြဿနာနှစ်ခုကို ဖြေရှင်းလေသည်။ လူသားနှင့် ပို၍ကောင်းစွာ ဆက်သွယ်နိုင်ရန်နှင့် လူသားကို ပို၍အောင်မြင်စွာ သိမ်းပိုက်နိုင်ရန် သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်သည်၊ ဇာတိခန္ဓာနှင့် စကားပြောသည်၊ ဇာတိခန္ဓာနှင့် အမှုအားလုံးကို ပြုသည်။ ဘုရားသခင် နောက်ဆုံးအကြိမ် လူ့ဇာတိခံယူချိန်၊ နောက်ဆုံးသော ကာလ၏ သူ့အမှုကို ဇာတိခန္ဓာနှင့် နိဂုံးချုပ်ပေလိမ့်မည်။ သူသည် လူသားအားလုံးကို အမျိုးအစားအလိုက်ခွဲခြားပြီး၊ သူ၏ စီမံခန့်ခွဲမှုတစ်ခုလုံးကို အဆုံးသတ်ကာ ဇာတိခန္ဓာ၌ရှိသည့် သူ့အမှုအားလုံးကိုလည်း နိဂုံးချုပ်လိမ့်မည်။ ကမ္ဘာကြီးပေါ်မှ သူ၏အမှုအားလုံးသည် အဆုံးသို့ရောက်ချိန်တွင် သူသည် အပြည့်အဝ အောင်နိုင်မှုရလိမ့်မည်။ ဇာတိခန္ဓာနှင့် အလုပ်လုပ်ခြင်းဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ အောင်နိုင်ကာ အပြည့်အဝ သိမ်းပိုက်ရယူပြီး ဖြစ်လိမ့်မည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးမှာ အဆုံးသို့ရောက်မည်ကို ဆိုလိုခြင်းမဟုတ်လော။ ဘုရားသခင်သည် သူ၏ အမှုကို ဇာတိခန္ဓာဖြင့် အဆုံးသတ်သောအခါ စာတန်ကို သူသည် အပြည့်အဝအနိုင်ယူကာ အောင်နိုင်သဖြင့် စာတန်သည် လူသားတို့ကို ဖျက်ဆီးရန် နောက်ထပ်အခွင့်အရေး ရနိုင်တော့မည်မဟုတ်ပေ။ ဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်း၏ အမှုသည် လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းတို့ ဖြစ်သည်။ ယခုတွင်မူ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းနှင့် အပြည့်အဝ ရယူခြင်း၏ အမှုဖြစ်သည်။ သို့မှသာ စာတန်သည် ၎င်း၏အလုပ်ကို ထပ်လုပ်ရန်လမ်းမရှိတော့ဘဲ လုံးဝဆုံးရှုံးကာ ဘုရားသခင်သည် အပြည့်အဝ အနိုင်ယူပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ ယင်းသည် ဇာတိခန္ဓာ၏အမှုဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်မှ လုပ်ဆောင်သောအမှု ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်၏ ကနဦးအမှုကို ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်ပြီး ဇာတိခန္ဓာမှ လုပ်ဆောင်ခြင်းမဟုတ်ပါ။ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်၏ နောက်ဆုံးအမှုကိုမူ လူ့ဇာတိခံယူသော ဘုရားသခင်မှ လုပ်ဆောင်ပြီး ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်ခြင်းမဟုတ်ပါ။ အလယ်အဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း ဘုရားသခင်က ဇာတိခန္ဓာအားဖြင့် လုပ်ဆောင်သည်။ စီမံခန့်ခွဲမှု အမှုအလုံးစုံတစ်လျှောက်တွင် အရေးအကြီးဆုံးအမှုမှာ စာတန်၏လွှမ်းမိုးမှုမှ လူသားကိုကယ်တင်ရန်ဖြစ်သည်။ အဓိကလုပ်ငန်းမှာ ဖောက်ပြန်ပျက်စီးနေသော လူသားကို လုံးဝသိမ်းပိုက်ခြင်းဖြစ်သည်။ သို့မှသာ သိမ်းပိုက်ခြင်းခံရသော လူသား၏နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မူလ ရိုသေလေးမြတ်မှုကို နဂိုအတိုင်း ပြန်ဖြစ်စေကာ၊ လူသားကို သူ၏ပုံမှန်အသက်တာ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ၏ မူလအသက်တာကို ရယူခွင့်ပေးမည်ဖြစ်သည်။ ဤအမှုသည်အရေးကြီးပြီး၊ စီမံခန့်ခွဲမှုအမှု၏ ဗဟိုချက်ဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် ပညတ်တော်နှင့် သက်ဆိုင်သော ပထမအဆင့်သည် စီမံခန့်ခွဲမှု အမှု၏ဗဟိုချက်နှင့် အလွန်ကွာဝေးလှသည်။ ကယ်တင်ခြင်းအမှု၏အသွင် အနည်းငယ်သာရှိပြီး စာတန်အုပ်စိုးမှုမှ လူသားကိုကယ်တင်သည့် ဘုရားသခင်၏ အမှု၏အစမဟုတ်ပေ။ အမှု၏ပထမအဆင့်ကို ပညတ်တော်အောက်တွင် ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်သည်။ အကြောင်းမှာ လူသားသည် ပညတ်တော်ကိုသာ လိုက်နာရန်သိရှိကြပြီး သမ္မာတရားများများစားစား မရှိကြပေ။ စာတန် အုပ်စိုးမှုမှ လူသားကို ကယ်တင်သည့်အမှုနှင့်ပတ်သက်ရန် မဆိုနှင့် ပညတ်တော်ခေတ်၏ အမှုအတွင်းတွင် လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်းများပါဝင်မှု မရှိသလောက်ဖြစ်သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်မပတ်သက်သော အလွန်ရိုးရှင်းသည့် ထိအမှုအဆင့်ကို လုပ်ဆောင်ပြီးစီးခဲ့သည်။ ဤအမှုအဆင့်သည် စီမံခန့်ခွဲမှုဗဟိုချက်နှင့် ပတ်သက်မှုအလွန်နည်းပြီး၊ လူသားကို ကယ်တင်ရန်တရားဝင်အမှုနှင့် ဆက်စပ်မှုကြီးကြီးမားမားမရှိသဖြင့် ဘုရားသခင်အနေဖြင့် သူ၏အမှုကို လုပ်ဆောင်ရန် ကိုယ်တိုင် လူ့ဇာတိခံယူရန် မလိုအပ်ခဲ့ပေ။ ဝိညာဉ်တော်မှလုပ်ဆောင်သော အမှုသည် သွယ်ဝိုက်ညွှန်းဆိုရာကျပြီး၊ နားလည်ရန်ခက်ခဲလွန်းလှသည်။ ယင်းသည် လူသားအတွက် ကြောက်မက်ဖွယ်ကောင်းပြီး ချဉ်းကပ်ရန်ခက်ခဲသည်။ ဝိညာဉ်တော်သည် ကယ်တင်ခြင်းအမှုကို တိုက်ရိုက် လုပ်ဆောင်ရန် မသင့်တော်ပေ။ လူသားထံ အသက်ကို တိုက်ရိုက်ထောက်ပံ့ပေးရန်လည်း မသင့်တော်ပေ။ လူသားအတွက် အသင့်တော်ဆုံးမှာ ဝိညာဉ်တော်၏အမှုကို လူသားနှင့် နီးစပ်သည့် နည်းလမ်းသို့ အသွင်ပြောင်းလိုက်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူသားအတွက် အသင့်လျော်ဆုံးအရာမှာ ဘုရားသခင်သည် သူ၏အမှုကိုလုပ်ဆောင်ရန် သာမန်၊ ပုံမှန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်ပေတည်း။ ယင်းသို့ပြုရန် ဝိညာဉ်တော်၏ အမှုကိုအစားထိုးခြင်းငှာ ဘုရားသခင်သည် လူ့ဇာတိခံယူရန်လိုအပ်သည်။ ဘုရားသခင်အမှုပြုရန် ထိုထက်ပို၍ သင့်တော်သော နည်းလမ်းမရှိတော့ပေ။ ဤအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် အဆင့်နှစ်ဆင့်ကို ဇာတိခန္ဓာနှင့် လုပ်ဆောင်ပြီး၊ ဤအဆင့်နှစ်ဆင့်သည် စီမံခန့်ခွဲမှု အမှု၏ အဓိကသော့ချက်အဆင့်များ ဖြစ်သည်။ လူ့ဇာတိခံယူမှုနှစ်ခုသည် အချင်းချင်း လိုက်ဖက်ညီကာ အချင်းချင်း စုံလင်စေသည်။ ဘုရားသခင်လူ့ဇာတိခံယူမှု၏ ပထမအဆင့်သည် ဒုတိယအဆင့်အတွက် အခြေခံအုတ်မြစ်ကိုခင်းပေးသည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူမှု နှစ်ခုသည် တစ်လုံးတစ်ဝတည်းဖြစ်ပြီး၊ အချင်းချင်း သဟဇာတဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင့် အမှု၏ အဆင့်နှစ်ဆင့်ကို ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူမှု သွင်ပြင်လက္ခဏာတွင် လုပ်ဆောင်ခဲ့သည်။ အကြောင်းမှာ ထိုအဆင့်တို့သည် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးအတွက် အလွန်အရေးကြီးသောကြောင့်တည်း။ ဘုရားသခင်၏ လူ့ဇာတိခံယူမှုနှစ်ခု၏ လုပ်ဆောင်ချက် မပါဝင်ပါက စီမံခန့်ခွဲခြင်း အမှုအလုံးစုံသည် ရပ်တန့်သွားနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်သည့် အမှုသည် အနှစ်မဲ့သည့် စကားကဲ့သို့ ဘာမှမဟုတ်သည့်အရာ ဖြစ်သွားမည်ဟု ပြောနိုင်လောက်သည်။ ဤအမှုတော် အရေးကြီး၊ မကြီးသည် လူသားမျိုးနွယ်၏ လိုအပ်ချက်များအပေါ် အခြေခံပြီး၊ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားခြင်း အစစ်အမှန်နှင့် စာတန်၏ မနာခံမှု မည်မျှပြင်းထန်သည်နှင့် စာတန်၏ အမှုကို နှောင့်ယှက်ခြင်းတို့အပေါ်တွင် အခြေခံနေပါသည်။ ဤအမှုကို လုပ်ဆောင်နိုင်သည့် မှန်ကန်သောသူသည် သူ၏ အမှုသဘာဝနှင့် အမှု၏ အရေးပါမှုတို့အပေါ်တွင် အခြေခံသည်။ ဤအမှု၏အရေးကြီးမှုနှင့် ပတ်သက်လာလျှင်၊ မည်သည့် အမှုပြုနည်းကို ရွေးချယ်မည်ဆိုခြင်းနှင့် ပတ်သက်လာလျှင်၊ ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်သော အမှု၊ သို့မဟုတ် လူ့ဇာတိခံယူသည့် ဘုရားသခင်မှ လုပ်ဆောင်သော အမှု၊ သို့မဟုတ် လူသားမှတဆင့် လုပ်ဆောင်သော အမှု အစရှိသည်တို့ထဲမှ ပထမဆုံး ဖယ်ထုတ်ရမည်မှာ လူသားမှတဆင့် လုပ်ဆောင်သော အမှုဖြစ်သည်၊ ထို့အပြင် အမှု၏သဘာဝအရနှင့် ၀ိညာဉ်တော်အမှု၏ သဘာဝနှင့် ဇာတိခန္ဓာအမှု၏ သဘာဝတို့အပေါ် အခြေခံကြည့်ပါက ဇာတိခန္ဓာနှင့် အမှုကို တိုက်ရိုက်လုပ်ဆောင်ခြင်းသည် ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်သည်ထက် လူသားအတွက် ပို၍အကျိုးရှိပြီး၊ အကျိုးပြုမှုများ ပို၍ပေးနိုင်သည်ဟု နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤသည်မှာ အမှုတော်ကို ဝိညာဉ်တော်ဖြင့် သို့မဟုတ် ဇာတိခန္ဓာဖြင့် လုပ်ဆောင်မည်ကို ဆုံးဖြတ်ချိန်တွင် ဘုရားသခင်၏အတွေးဖြစ်သည်။ အမှု၏အဆင့် တစ်ခုစီအတွက် ထင်ရှားမှုနှင့် အခြေခံတို့ရှိသည်။ ၎င်းတို့သည် အခြေအမြစ်မရှိသော တွေးထင်ခြင်းများမဟုတ်သလို ထင်ရာမြင်ရာ လုပ်ဆောင်ခြင်းလည်း မဟုတ်ပေ။ ထိုအတွေးအထင်ထဲတွင် တိကျသေချာသော ဉာဏ်ပညာတစ်ခု ပါဝင်ပေသည်။ ယင်းသည် ဘုရားသခင့် အမှုတော်အားလုံး၏ နောက်ကွယ်မှ သမ္မာတရားဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် လူသားတို့ကြားတွင် ကိုယ်တိုင်ကိုယ်ကျ အလုပ်လုပ်ဆောင်သောကြောင့် ထိုကဲ့သို့သော ကြီးမားသည့် အမှုထဲတွင် ဘုရားသခင်၏ အကြံအစည်တော်သည် ထိုထက်ပို၍ပင် ရှိပါသေးသည်။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ဖြစ်ခြင်း အလုံးစုံတို့သည် လုပ်ဆောင်မှုအတွင်းရှိ သူ၏လုပ်ရပ်တိုင်း၊ အတွေးတိုင်းနှင့် အကြံဉာဏ်တိုင်းတို့တွင် ထင်ဟပ်နေသည်။ ယင်းသည် ပိုခိုင်လုံ၍ စနစ်ကျနသော ဘုရားသခင်၏ ဖြစ်ခြင်းတည်း။ ဤအရေးကြီးသော အတွေးအထင်များနှင့် အကြံဉာဏ်များသည် လူသားတို့အတွက် စဉ်းစားရန်နှင့် ယုံကြည်ရန်၊ ထို့အပြင် သိမြင်ရန်ခက်ခဲလှသည်။ လူသားမှ လုပ်ဆောင်သော အမှုသည် လူသားတို့အတွက် စိတ်ကျေနပ်မှု မြင့်မားစွာရရှိစေသည့် ယေဘုယျ နိယာမနှင့်အညီဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ အမှုနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်သည် အလွန်ကြီးမားနေသည်မှာ သိသာလှသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ကြီးမြတ်လှပြီး၊ ဘုရားသခင်၏အမှုသည် ခမ်းနားကြီးကျယ်သော အတိုင်းအတာရှိသော်လည်း ထိုအရာတို့နောက်ကွယ်တွင် လူသားတို့ မတွေးထင်ထားနိုင်သော သေးငယ်၍ တိကျသော အစီအစဉ်များနှင့် အကြံအစည်များ ရှိလေသည်။ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် စည်းမျဉ်းများအတိုင်း မဟုတ်ရုံသာမကဘဲ လူ့ဘာသာစကားဖြင့် ပြောဆိုခြင်း မပြုနိုင်သည့်အရာများစွာ ပါဝင်သည်။ ယင်းတို့သည် လူသားတို့မမြင်နိုင်သော အရာများဖြစ်သည်။ ဝိညာဉ်တော်၏အမှုဖြစ်စေ သို့မဟုတ် လူ့ဇာတိခံယူသည့် ဘုရားသခင်၏အမှုဖြစ်စေ တစ်ခုစီတွင် ဘုရားသခင့် အမှု၏ အစီအစဉ်များပါဝင်သည်။ ဘုရားသခင်သည် အကြောင်းမရှိဘဲ လုပ်ဆောင်ခြင်းမရှိ၊ အရေးမပါသော အမှုတို့ကို လုပ်ဆောင်ခြင်းမရှိပေ။ ၀ိညာဉ်တော်သည် တိုက်ရိုက် အလုပ်လုပ်ဆောင်ရခြင်းသည် သူ၏ပန်းတိုင်များရှိသောကြောင့်ဖြစ်ပြီး၊ အမှုပြုရန် လူ့ဇာတိခံယူချိန်တွင် (တစ်နည်းအားဖြင့် သူ၏ပြင်ပသဏ္ဌာန်ကို အသွင်ပြောင်းချိန်တွင်) သူထံ၌ရည်ရွယ်ချက်များ ပို၍ပင်ရှိနေပေသည်။ သို့မဟုတ်ပါက သူသည် မိမိ၏ သွင်ပြင်လက္ခဏာကို အဘယ်ကြောင့် လွတ်လပ်စွာ ပြောင်းလဲမည်နည်း။ သို့မဟုတ်ပါက သူသည် နှိပ်စက်ညှင်းပန်းခံရသည့်၊ နိမ့်ကျသည်ဟု သတ်မှတ်ခြင်းခံရသော လူတစ်ယောက်အဖြစ် လွတ်လပ်စွာ ခံယူခဲ့ရခြင်းမှာ အဘယ်ကြောင့်ဖြစ်မည်နည်း။

အမှုနှင့်ပတ်သက်၍ ပြောဆိုခြင်း၌ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏အမှုတော်သည် အထင်ရှားဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ်ပေးမည့်သူမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်ကာ ဝိညာဉ်တော်မဟုတ်ပေ။ အချို့တို့က ဘုရားသခင်သည် တစ်ခါတစ်ရံတွင် ကမ္ဘာကြီးပေါ်သို့ကြွရောက်လာကာ လူတို့ရှေ့တွင်ပေါ်ထွန်းပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်တရားစီရင်ကာ မည်သူ့ကိုမျှ အလွှတ်မပေးဘဲ တစ်ဦးစီ တစ်ယောက်စီကို စစ်ဆေးမည်ဟု ယုံကြည်ကြသည်။ ဤသို့ထင်မြင်ကြသူတို့သည် လူ့ဇာတိခံယူသည့် အမှု၏ ဤအဆင့်ကို မသိကြ။ ဘုရားသခင်သည် တစ်ဦးစီတစ်ယောက်စီကို တရားတရားစီရင်ခြင်းမပြု၊ တစ်ဦးစီတစ်ယောက်စီကို စစ်ဆေးခြင်းမပြု။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်လိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူပင်မဟုတ်လော။ လူသား၏ အနှစ်သာရသည် အားလုံးအတူတူပင် မဟုတ်လော။ တရားစီရင်ခြင်းကို ခံရမည့်အရာမှာ လူသား၏ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်မှ ဖျက်ဆီးခဲ့သော လူသား၏အနှစ်သာနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ သေးငယ်၍ မထင်ရှားသောအမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုခြင်းသာဖြစ်ပြီး၊ လူတစ်ဦး တစ်ယောက်အတွက် အထူး လုပ်ဆောင်သည်မဟုတ်ပေ။ ထိုသို့ပြုမည့်အစား လူသားမျိုးနွယ်အားလုံးကို တရားစီရင်ခြင်းကို ကိုယ်စားပြုရန် လူအုပ်စုတစ်စုမှ တရားစီရင်ခြင်းခံရမည့် အမှုဖြစ်သည်။ လူတစ်အုပ်စုအတွက် မိမိ၏အမှုကို ကိုယ်တိုင်ဆောင်ရွက်ခြင်းအားဖြင့် ဇာတိခန္ဓာနှင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏ အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ နောက်တွင် ယင်းသည် တဖြည်းဖြည်းပျံ့နှံ့သွားလိမ့်မည်။ တရားစီရင်ခြင်းအမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဘုရားသခင်သည် လူသားတစ်မျိုး သို့မဟုတ် လူတစ်အုပ်စုကို တရားစီရင်မည်မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ခုလုံး၏ ဖြောင့်မတ်မှုမရှိခြင်း၊ ဘုရားသခင်အပေါ် လူသား၏ဆန့်ကျင်မှု၊ ဥပမာ သို့တည်းမဟုတ် လူသားမှ ဘုရားသခင်ကိုမရိုသေမှု သို့မဟုတ် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်မည်ဖြစ်သည်။ တရားစီရင်ခံရမည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားတို့ မျက်မြင်တွေ့မြင်ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များသည် လူသားတို့ ယခင်အတိတ်ကာလများက တွေးထင်ခဲ့သော နောက်ဆုံးသော ကာလအတွင်းမှ ဖြူသော ပလ္လင်ကြီးရှေ့တွင် တရားစီရင်ဆုံးဖြတ်မည့် အမှုဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ လက်ရှိလုပ်ဆောင်လျက်ရှိသော အမှုသည် ဖြူသော ပလ္လင်ကြီးရှေ့တွင် တရားဆုံးဖြတ်နေခြင်း အစစ်အမှန်ပင်ဖြစ်သည်။ ယနေ့ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင်ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ နှုတ်ကပတ်တော်နှင့် စိတ်သဘောထားအလုံးစုံတို့သည် ဘုရားသခင်၏ အလုံးစုံဖြစ်မှုဖြစ်သည်။ သူ့အမှု၏ အတိုင်းအတာသည် ကန့်သတ်ချက်ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသားတစ်မျိုးနွယ်လုံးကို တိုက်ရိုက် တရားစီရင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအတွက်သာ လုပ်ဆောင်သောအမှု မဟုတ်သကဲ့သို့ လူအနည်းစုအတွက်သာ လုပ်ဆောင်သောအမှုလည်း မဟုတ်ပေ။ ဇာတိခန္ဓာနှင့် ဘုရားသခင်၏ အမှုတွင်းတွင် ဤအမှု၏ နယ်ပယ်သည် စကြဝဠာ တစ်ခုလုံးမပါဝင်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်၊ သူ့ဇာတိခန္ဓာဖြင့် အမှုလုပ်ဆောင်သည့် နယ်ပယ်အတွင်းမှ အမှုကို အဆုံးသတ်ပြီးသည့်နောက်တွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ကြွမြန်းခြင်းပြီးသည့်နောက် စကြဝဠာအနှံ့အပြားသို့ သူ၏ဧဝံဂေလိ ပျံ့နှံ့သွားသည့်နည်းတူ သူသည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးသို့ ချက်ချင်းချဲ့ထွင်လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ ဇာတိခန္ဓာ၏အမှုဖြစ်စေ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်အတွင်း လုပ်ဆောင်သော အမှုဖြစ်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူသည့် သွင်ပြင်လက္ခဏာကို အသုံးပြု၍ သူ၏အမှုကိုလုပ်ဆောင်ရန် ပေါ်ထွန်းလာကာ ဇာတိခန္ဓာနှင့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားတို့ကို တရားဆုံးဖြတ်မည့် ဘုရားဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ ဇာတိခန္ဓာနှင့်ဖြစ်စေ တရားဆုံးဖြတ်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို တရားစီရင်သည့်သူဖြစ်သည်။ ယင်းကို ဘုရားသခင့်အမှုအပေါ် အခြေခံ၍သတ်မှတ်ပြီး ဘုရားသခင်၏ ပြင်ပသဏ္ဌာန် သို့မဟုတ် အခြားသော အချက်အလက်အချို့တို့ဖြင့် သတ်မှတ်ခြင်းမဟုတ်ပေ။ လူသားသည် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများရှိသော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်၏လူသားမျိုးနွယ် အားလုံးကို တရားစီရင်မှုနှင့် သိမ်းပိုက်မှု အစရှိသည့် အချက်တို့ကို မည်သူမျှ မငြင်းနိုင်ပေ။ ယင်းကို မည်သို့ပင် သုံးသပ်စေကာမူ အချက်အလက်များသည် နောက်ဆုံး၌ အမှန်တရားများသာ ဖြစ်သည်။ "အမှုကို ဘုရားသခင်မှ လုပ်ဆောင်သော်လည်း ဇာတိခန္ဓာသည် ဘုရားသခင်မဟုတ်"ဟု မည်သူမျှ မပြောနိုင်ပေ။ ယင်းမှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်။ အကြောင်းမှာ ဤအမှုကို ဇာတိခန္ဓာရှိသော ဘုရားသခင်မှလွဲ၍ မည်သူမျှဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့်တည်း။ ဤအမှုကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဤအမှုနောက်တွင် ဘုရားသခင်၏လူသားကို တရားစီရင်သည့် အမှုသည် ဒုတိယအကြိမ်ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။ ဒုတိယလူ့ဇာတိခံယူသော ဘုရားသခင်သည် အလုံးစုံသော စီမံခန့်ခွဲမှုအမှုအားလုံးကို အဆုံးသတ်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်၏ အမှုတွင် စတုတ္ထအဆင့် ရှိလာမည်မဟုတ်တော့ပေ။ အကြောင်းမှာ တရားစီရင်ခြင်းကိုခံရသည့် သူသည် ဇာတိခန္ဓာနှင့် ဖြစ်တည်သော လူသား၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသော လူသားဖြစ်ပြီး၊ တိုက်ရိုက်တရားစီရင်ခြင်း ခံရသည့်သူမှာ စာတန်၏ ဝိညာဉ်မဟုတ်ပေ။ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်မည်မဟုတ်ဘဲ လူသားတို့အကြားတွင် လုပ်ဆောင်မည်ဖြစ်သည်။ လူသား၏ ဇာတိခန္ဓာ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာထဲရှိ ဘုရားသခင်ထက် ပို၍သင့်တော်သည့် အရည်အချင်းရှိသောသူ မရှိပေ။ အကယ်၍ တရားစီရင် ဆုံးဖြတ်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တိုက်ရိုက်ဆောင်ရွက်မည်ဆိုလျှင် အရာအားလုံးကို ခြုံငုံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သောအမှုကို လူသားမှလက်ခံရန် ခက်ခဲပေမည်။ အကြောင်းမှာ လူသားသည် ပြစ်မှားစော်ကား၍ မရသော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ရှင်းလင်းစွာ တွေ့မြင်နိုင်ရန် မဆိုထားနှင့် ဝိညာဉ်တော်သည် လူသားနှင့် မျက်နှာချင်းဆိုင်၍ မရနိုင်သဖြင့် အကျိုးသက်ရောက်မှု ချက်ချင်းမရှိနိုင်ပေ။ ဇာတိခန္ဓာရှိ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိ ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်။ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု ဖြစ်ပြီး၊ သူ၏ သာမန်ထက်ထူးခြားမှုဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်။ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသောသူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ဝိညာဉ်တော်မှ လုပ်ဆောင်ခဲ့ပါက ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဖြစ်လိမ့်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် နိဂိုကပင် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် နဂိုကပင် သန့်ရှင်းမြင့်မြတ်ကာ ဇာတိခန္ဓာအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ပါက၊ လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ဘဲ လူသား၏ မဖြောင့်မတ်မှုအားလုံးကို ဖော်ထုတ်နိုင်ခြင်းလည်း ရှိလိမ့်မည် မဟုတ်။ အကြောင်းမှာ တရားစီရင်သည့် အမှုကို လူသား၏ ဘုရားသခင်အပေါ်ထားသော အယူအဆများဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သတ်၍ အယူအဆများ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်သည် လူသား၏ မဖြောင့်မတ်မှုကို သာ၍ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ။ ထိုသို့သော မဖြောင့်မတ်မှုများကို အပြည့်အဝ ဖွင့်ချရန် ပို၍ပင်မစွမ်းသာပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ၏ အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက် ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်မှ တိုက်ရိုက် လုပ်ဆောင်ခြင်းမရှိဘဲ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်ကို လူသားတို့သည် မြင်တွေ့၍ ကိုင်တွယ်နိုင်ပြီး ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားကို အပြည့်အဝ သိမ်းပိုက်နိုင်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှင်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင့် အမှုတော်၏ အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရသည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်များဖြင့် ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်။ သူ့ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏ သိမ်းပိုက်ခြင်း ခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဘုရားသခင်၏ဝိညာဉ်တော် သွင်ပြင်လက္ခဏာအားဖြင့် လုပ်ဆောင်ခြင်းမဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံး အမှု၊ ထူးခြားမှုအရှိဆုံး အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်မှ အရေးကြီးသော အပိုင်းမှာ လူ့ဇာတိခံယူသော အမှု၏ အဆင့်နှစ်ဆင့်ဖြစ်သည်။ လူသား၏ ကြီးမားသော ဖောက်ပြန်ပျက်စီးမှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှု၏ အကြီးမားဆုံးသော အတားအဆီးဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလမှ လူတို့အပေါ်လုပ်ဆောင်သည့် အမှုတော်သည် အလွန်ခက်ခဲသည်။ ပတ်ဝန်းကျင်သည် ရိုင်းစိုင်းခက်ထန်ကာ လူတစ်ဦးစီ၏ အရည်အချင်းသည် အင်မတန် ညံ့ဖျင်းသည်။ သို့ရာတွင် ဤအမှုတော်၏အဆုံး၌ အမှားအယွင်းများမရှိဘဲ သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိဆဲဖြစ်မည်။ ယင်းသည် ဇာတိခန္ဓာအမှု၏ အကျိုးသက်ရောက်မှုဖြစ်ပြီး ဝိညာဉ်တော်၏အမှုဖြင့်ရရှိမည့် အကျိုးသက်ရောက်မှုထက်ပို၍ ကျေနပ်ဖွယ်ကောင်းပေသည်။ ဘုရားသခင့် အမှု၏ အဆင့်သုံးဆင့်တို့ကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က အဆုံးသတ်ပေးမည်ဖြစ်ပြီး၊ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ နိဂုံးချုပ်ပေးရမည်။ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးအမှုကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က လုပ်ဆောင်ပြီး၊ လူသားအား ကယ်တင်ခြင်းကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်။ လူသားမျိုးနွယ်အားလုံးက ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားနှင့်မဆိုင်ဟု ခံစားမိသော်လည်း လက်တွေ့တွင်မူ ဤဇာတိခန္ဓာသည် လူသားတစ်မျိုးနွယ်လုံး၏ ကံကြမ္မာ၊ တည်ရှိမှုတို့နှင့် သက်ဆိုင်လေသည်။

ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားမျိုးနွယ်အားလုံးအတွက် ဖြစ်ပြီး လူသားတစ်မျိုးနွယ်လုံးအတွက် ရည်ရွယ်ထားလေသည်။ ယင်းသည် ဇာတိခန္ဓာထဲရှိ သူ၏အမူဖြစ်သော်လည်း ထိုအမှုကို လူသားမျိုးနွယ်အားလုံးအတွက် ရည်ရွယ်ထားဆဲဖြစ်သည်။ သူသည် လူသားမျိုးနွယ် အားလုံး၏ ဘုရားသခင်ဖြစ်ပြီး ဖန်ဆင်းထားသော အရာများနှင့် မဖန်ဆင်းထားသောအရာများ အားလုံး၏ ဘုရားသခင် ဖြစ်သည်။ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်အတွင်းတွင်ရှိပြီး၊ ဤအမှု၏ အပြုခံအရာသည်လည်း ကန့်သတ်မှုရှိသော်လည်း၊ သူ၏အမှုကိုလုပ်ဆောင်ရန် လူ့ဇာတိခံယူချိန်တိုင်းတွင် သူသည် အကြီးမားဆုံးသော ကိုယ်စားလှယ်ဖြစ်မည့် သူ့အမှု၏ အသုံးတော်ခံတစ်ခုကို ရွေးချယ်သည်။ ဘုရားသခင်သည် အမှုတော်လုပ်ဆောင်ရန် သာမန်၊ မထင်ရှားသောသူ တစ်အုပ်စုကို မရွေးချယ်ခဲ့ပေ။ ထို့အစား ဇာတိခန္ဓာထဲရှိ သူ့အမှုကို ကိုယ်စားပြုရန် စွမ်းဆောင်နိုင်သော လူတစ်စုကို သူ့အမှု၏ အသုံးတော်ခံအဖြစ် ရွေးချယ်သည်။ ဤလူအုပ်စုကို ရွေးချယ်ရခြင်းမှာ ဇာတိခန္ဓာထဲရှိ သူ၏အမှု၏နယ်ပယ်သည် အကန့်အသတ်ရှိသောကြောင့် ဖြစ်ပြီး၊ ဤလူတစ်စုကို လူ့ဇာတိခံယူသည့် သူ့ဇာတိခန္ဓာအတွက် အထူးသဖြင့် ပြင်ဆင်ထားကာ ဇာတိခန္ဓာထဲရှိ သူ၏အမှုအတွက် အထူးရွေးချယ်ထားခြင်းဖြစ်သည်။ ဘုရားသခင်၏ အမှုအတွက် ဘုရားသခင် ရွေးချယ်သည့် အသုံးတော်ခံများသည် အခြေအမြစ်မဲ့မဟုတ်ဘဲ၊ စည်းမျဉ်းနှင့်အညီဖြစ်သည်။ အမှု၏ အသုံးတော်ခံသည် ဇာတိခန္ဓာနှင့် ဘုရားသခင်၏အမှုကို အကျိုးဖြစ်ထွန်းလာစေရန်နှင့် လူသားတစ်မျိုးနွယ်လုံးကို ကိုယ်စားပြုနိုင်စွမ်း ရှိရမည်။ ဥပမာအားဖြင့် ယုဒလူမျိုးများသည် ယေရှု၏ကိုယ်တော်တိုင် ရွေးနုတ်ခြင်းအပေါ် လက်ခံရာ၌ကို လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်ကြပြီး၊ တရုတ်လူမျိုးများသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကိုယ်တော်တိုင် သိမ်းပိုက်မှုကို လက်ခံရာတွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်စွမ်း ရှိသည်။ ယုဒလူမျိုးများမှ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်စားပြုခြင်းအတွက် အခြေခံရှိသကဲ့သို့၊ ဘုရားသခင်၏ ကိုယ်တော်တိုင် သိမ်းပိုက်ခြင်းကို လက်ခံရာတွင်လည်း တရုတ်လူမျိုးများ၏ လူသားတစ်မျိုးနွယ်လုံးကို ကိုယ်စားပြုခြင်းသည် အခြေအမြစ်ရှိပေသည်။ ယုဒလူမျိုးများအကြားတွင် ပြုလုပ်သော ရွေးနုတ်ခြင်းအမှုထက် ပို၍ထင်ရှားသည့် ရွေးနုတ်ခြင်းအမှု မရှိသကဲ့သို့ တရုတ်လူမျိုးများအကြားတွင်ပြုသော သိမ်းပိုက်ခြင်းအမှု၏ နှံ့စပ်မှုနှင့် အောင်မြင်မှုထက် ပို၍ ထုတ်ဖော်ပြနိုင်သည့် အရာတစ်စုံတစ်ခုမရှိပေ။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် လူနည်းစုတစ်စုကိုသာ ရည်ညွှန်းသည့်ပုံပေါက်သော်လည်း အမှန်စင်စစ် ဤလူနည်းစုထဲတွင် လုပ်ဆောင်သော သူ၏အမှုသည် စကြဝဠာတစ်ခုလုံး၏ အမှုဖြစ်ပြီး သူ၏နှုတ်ကပတ်တော်သည် လူသားတစ်မျိုးနွယ်လုံးအတွက် ရည်ရွယ်ထားသည်။ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် အဆုံးသို့ရောက်ရှိချိန်တွင် သူ့ထံပါးသို့ လိုက်သောသူများသည် သူတို့ကြားတွင် ပြုတော်မူခဲ့သော အမှုကို စတင်ဖြန့်ဝေလိမ့်မည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ သူသည် တိကျသော နှုတ်ကပတ်တော်များနှင့် တိုက်တွန်း နှိုးဆော်မှုများ၊ သူ့နောက်တော်သို့ လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျသော အလိုတော် စသည်တို့ကို ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်။ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ့နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ့အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ့အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျစွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့်အချက်တို့ကို စစ်မှန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားလိုသော လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို စွန့်ခွာသွားသည့် အခါမှသာ လူ့ဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကိုအဆုံးသတ်ကာ မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ် ယုံကြည်မှုရှိသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသော လူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်သို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးမည်။ ထိုလူ့ဇာတိခံယူသော ဘုရားသခင်သည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ကို ဘုရားသခင်မှာ စစ်မှန်ပြီးသာမန်ဖြစ်သူ၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သူ၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ခရီးလမ်းဆုံးကို ပြသသူ၊ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်သူနှင့် နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သောသူ ဖြစ်သည်ကို ဖော်ပြလိမ့်မည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ် တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်၏ရလဒ်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် အမှုဆောင်သောအခါ သူ့နောက်လိုက်များသည် မရေရာသော၊ ဒွိဟဖြစ်စေသော အရာများနောက်သို့ လိုက်လံရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားလာခြင်းတို့ကို နောက်ထပ် ပြုတော့မည် မဟုတ်ပေ။ မရေရာသော ဘုရားသခင်၏ အလိုတော်ကို ခန့်မှန်းခြင်းကိုလည်း ရပ်တန့်ပေလိမ့်မည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် သူ၏ အမှုကို ဖြန့်ဝေသောအခါ သူ့နောက်သို့လိုက်သူများသည် ဇာတိခန္ဓာဖြင့် သူလုပ်ဆောင်ခဲ့သော အမှုကို ဂိုဏ်းဂဏများနှင့် ဘာသာတရားအားလုံးသို့ လက်ဆင့်ကမ်းပြောကြားကာ၊ သူတို့သည် လူသားတစ်မျိုးနွယ်လုံး၏ နားထဲသို့ ဘုရားသခင်၏ နှုတ်ထွက်စကားများကို ဆက်သွယ်ပြောကြားလိမ့်မည်။ သူ၏ ဧဝံဂေလိကို လက်ခံရရှိသော သူတို့မှကြားနာခဲ့သော အရာအားလုံးသည် သူ့အမှု၏ စစ်မှန်သော အချက်များဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားမှ ကိုယ်တိုင်တွေ့မြင် ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်၍၊ မှန်ကန်မှုများဖြစ်ကာ ကောလာဟသများ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်မှ သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ သူ၏အမှုကို ဖြန့်ကျက်ရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များမရှိဘဲ သူ၏ဧဝံဂေလိသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးသို့ မပြန့်နိုင်ပေ။ ဤအချက်အလက်များ မရှိဘဲ လူသားတို့၏ ထင်မြင်ချက်များသာရှိပါက ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းအမှုကို မည်သည့်အခါမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် လူသားအတွက် ကိုယ်ထည်မရှိ၊ တွေ့မြင်နိုင်ခြင်းမရှိပေ။ ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင့်အမှု၏ အချက်အလက်များ သို့မဟုတ် အထောက်အထားတို့ကို ဆက်လက် ချန်ထားနိုင်စွမ်းမရှိပေ။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မည်သည့်အခါမျှ တွေ့နိုင်မည်မဟုတ်ဘဲ မတည်ရှိ၊ မရေရာသော ဘုရားသခင်ကိုသာ အမြဲတမ်းယုံကြည်နေလိမ့်မည်။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်ကို မည်သည့်အခါမျှ မတွေ့ရသလို ဘုရားသခင်ကိုယ်တိုင်ကိုယ်ကျ ပြောကြားသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။ ဤအဆင့်အထိ ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်ခဲ့ရာတွင် သူ၏အမှုသည် အမြင့်ဆုံးရလဒ်ကို ရရှိခဲ့ပြီးဖြစ်ကာ၊ ပြည့်စုံသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြီဖြစ်သည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ ကိုယ်ပိုင်အမှုသည် ဘုရားသခင့် အလုံးစုံစီမံခန့်ခွဲခြင်း အမှု၏ ကိုးဆယ်ရာခိုင်နှုန်းကို ပြီးမြောက်စေခဲ့ပြီဖြစ်သည်။ ဤဇာတိခန္ဓာသည် သူ၏အမှုအားလုံးအတွက် ပို၍ကောင်းသော အစတစ်ခုနှင့် သူ၏အမှုအားလုံးအတွက် အနှစ်ချုပ်တစ်ခုကို ထောက်ပံ့ပေးကာ သူ၏အမှုအားလုံးကို ထုတ်ပြန်ကြေညာခဲ့ပြီး သူ့အမှုအားလုံးအတွက် နှံ့စပ်သော နောက်ဆုံးအားဖြည့်မှုကို့ကို လုပ်ဆောင်ခဲ့သည်။ ယခုမှစကာ ဘုရားသခင့်အမှု၏ စတုတ္ထအဆင့်ကို လုပ်ဆောင်မည့် လူ့ဇာတိခံယူသည့် နောက်ထပ် ဘုရားသခင် ရှိလိမ့်မည် မဟုတ်ပေ။ တတိယမြောက် လူ့ဇာတိခံယူသော ဘုရားသခင်၏ အံသြဖွယ်သောအမှုလည်း နောက်ထပ်ရှိတော့မည် မဟုတ်ပေ။

ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏အမှုအဆင့်တစ်ခုစီသည် ခေတ်တစ်ခေတ်လုံးမှ သူ၏ အမှုကို ကိုယ်စားပြုပြီး၊ လူသား၏အလုပ်ကဲ့သို့ ကာလတစ်ခုကိုသာ ကိုယ်စားမပြုပေ။ ထို့ကြောင့် ဘုရားသခင်၏ နောက်ဆုံးလူ့ဇာတိခံယူခြင်း အမှု၏ အဆုံးမှာ သူ့အမှုသည် လုံးဝအဆုံးသတ်သွားခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် ခေတ်တစ်ခေတ်လုံးကို ကိုယ်စားပြုပြီး၊ ဇာတိခန္ဓာနှင့် အမှုဆောင်ခဲ့သော ကာလကိုသာ ကိုယ်စားပြုခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် ဇာတိခန္ဓာထဲတွင် ရှိနေသည့်အချိန်အတွင်း ခေတ်တစ်ခေတ်လုံးအတွက် သူ၏အမှုကို ပြီးမြောက်စေခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ထိုအမှုသည် နေရာအားလုံးသို့ ပျံ့နှံ့သွားသည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏သာသနာကို ပြီးမြောက်အောင်ဆောင်ရွက်ပြီး နောက်တွင် သူ့နောက်လိုက်သူများထံသို့ သူ၏ အနာဂတ်အမှုကို တာဝန်ပေးစေခိုင်းလိမ့်မည်။ ဤနည်းအားဖြင့် ခေတ်တစ်ခေတ်လုံးမှ သူ၏အမှုကို အပျက်အစီးမရှိ ဆက်လက် ဆောင်ရွက်နိုင်လိမ့်မည်။ လူ့ဇာတိခံယူသည့် ခေတ်တစ်ခေတ်လုံး၏ အမှုသည် စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံပြီးသည့်အခါမှသာ လုံးလုံးလျားလျားပြီးစီးပြီဟု မှတ်ယူခြင်း ခံရမည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် ခေတ်သစ်တစ်ခေတ်ကို စတင်ပေးပြီး သူ၏အမှုကို ဆက်လက် လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ သာသနာအတွင်းတွင်သာရှိပြီး၊ ဤနယ်ပယ်အပြင်သို့ ကျော်သွားနိုင်စွမ်းမရှိပေ။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့လျှင် လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်နိုင်စွမ်းမရှိသကဲ့သို့၊ ခေတ်သစ်သို့ ဆောင်ကြဉ်းသွားနိုင်စွမ်းလည်း မရှိပေ။ လူသားလုပ်ဆောင်သော အလုပ်သည် လူသားတို့လုပ်နိုင်သည့် တာဝန်ပမာဏအတွင်းတွင်သာရှိပြီး ဘုရားသခင်၏အမှုကို ကိုယ်စားမပြုပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် သူလုပ်သင့်သော ဤအမှုကိုလာရောက်ကာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး၊ သူမှလွဲ၍ သူ့ကိုယ်စား မည်သူကမျှ ဤအလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ငါပြောသော အကြောင်းသည် လူ့ဇာတိခံယူခြင်း အမှုနှင့် ပတ်သက်သည်မှာ မှန်ပေသည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ပထမအနေဖြင့် လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့် အဆင့်တစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူသားတို့ အယူအဆများနှင့် မကိုက်ညီသည့် အမှုများစွာကို လုပ်လေသည်။ ဤအမှု၏ ရည်ရွယ်ချက်မှာ လူသားကို သိမ်းပိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသား၏အယူအဆများနှင့် မကိုက်ညီသည့် ပို၍များသောအမှုတို့ကို လုပ်ဆောင်သည့်အပြင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည်လည်း လူသားတို့၏ အယူအဆများနှင့် ညီညွတ်ခြင်းမရှိသဖြင့် လူသားသည် ဘုရားသခင်နှင့်ပတ်သက်သော ပို၍အကဲဖြတ်သည့် အမြင်များ ရှိလာကြသည်။ ဘုရားသခင်သည် သူနှင့်ပတ်သက်သော အယူအဆများ အသင်္ချေများလှစွာရှိသည့် လူသားတို့ကြားတွင် သိမ်းပိုက်ခြင်းအမှုကို လုပ်နေခြင်းသာဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ ဘုရားသခင့် သာသနာတော် ပြည့်စုံသွားသည်နှင့် တစ်ပြိုင်နက်တွင် လူသားအားလုံးသည် ဘုရားသခင့် အုပ်စိုးမှုအောက်တွင် ဝန်ခံလာကြလိမ့်မည်။ ဤအမှု၏ စစ်မှန်သောအချက်သည် တရုတ်လူမျိုးများကြားတွင်သာ ထင်ဟပ်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား သိမ်းပိုက်မည့်ပုံကို ကိုယ်စားပြုခြင်းဖြစ်သည်။ ဤလူတို့အပေါ်တွင်ရရှိသော အကျိုးသက်ရောက်မှုများသည် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ်တွင်ရရှိမည့် အကျိုးသက်ရောက်မှုများ၏ ရှေ့ပြေးနိမိတ်ဖြစ်ပြီး၊ အနာဂတ်တွင် သူပြုမည့်အမှု၏ အကျိုးသက်ရောက်မှုများသည် ဤလူတို့အပေါ်ရသည့် အကျိုးသက်ရောက်မှုများထက် တိုး၍ပင် သာလွန်များပြားလိမ့်မည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏အမှုတွင် ကြီးမားသော ခမ်းကြီးနားကြီးဖြစ်မှု မပါဝင်သကဲ့သို့ လျှို့ဝှက်ချက်ဖြင့် ဖုံးလွှမ်းထားခြင်းလည်းမရှိပေ။ ယင်းသည် စစ်မှန်ပြီး မှန်ကန်ကာ တစ်နှင့်တစ်ပေါင်းနှစ်ကဲ့သို့ မှန်ကန်သည့် အမှုဖြစ်သည်။ မည်သူ့ထံမှ လျှို့ဝှက်ခြင်းမရှိသလို မည်သူ့ကိုမျှ လှည့်စားခြင်းမရှိပေ။ လူတို့တွေ့မြင်သည့်အရာမှာ စစ်မှန်၍ မှန်ကန်သော အရာများဖြစ်ပြီး၊ လူတို့ရရှိသောအရာမှာ စစ်မှန်သော သမ္မာတရားနှင့် အသိပညာဖြစ်သည်။ အလုပ်ပြီးဆုံးချိန်တွင် လူသားသည် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာအသစ်တစ်ခုကိုရရှိကာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေသော သူတို့သည် ဘုရားသခင်နှင့် ပတ်သက်သော နောက်ထပ်ထင်မြင်ယူဆချက်များ ရှိလာတော့မည်မဟုတ်ပေ။ ဤသည်မှာ တရုတ်လူမျိုးတို့အပေါ်ရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုမျှသာ မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်သည့် သူ့အမှု၏ အကျိုးသက်ရောက်မှုကို ကိုယ်စားပြုသည်။ အကြောင်းမှာ လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်သည့်အလုပ်တွင် ဤဇာတိခန္ဓာ၊ ဤဇာတိခန္ဓာ၏အမှု၊ ဤဇာတိခန္ဓာနှင့်စပ်ဆိုင်သည့် အရာအားလုံးထက် ပို၍ အကျိုးပြုနိုင်သည့်အရာ မရှိသောကြောင့်တည်း။ ယင်းတို့သည် ယနေ့ ဘုရားသခင့်အမှုကို အကျိုးပြုသကဲ့သို့ အနာဂတ်တွင်လည်း သူ၏အမှုတော်ကို အကျိုးပြုမည်။ ဤဇာတိခန္ဓာသည် လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်ပြီး၊ လူသားတစ်မျိုးနွယ်လုံးကို ရယူမည်။ လူသားတစ်မျိုးနွယ်လုံးမှ ဘုရားသခင်ကိုမြင်တွေ့ရန်၊ နာခံရန်နှင့် သိရှိရန်ထက် ပို၍ကောင်းသော အမှုမရှိတော့ပေ။ လူသားတို့ လုပ်ဆောင်သောအမှုသည် ကန့်သတ်နယ်ပယ်တစ်ခုကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ချိန်တွင် လူတစ်ဦးတည်းကိုသာ စကားပြောခြင်း မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးနှင့် သူ၏နှုတ်ကပတ်တော်တို့ကို လက်ခံသောသူအားလုံးတို့ကို စကားပြောတော်မူသည်။ သူဖော်ပြသောအဆုံးသည် လူသားအားလုံး၏ အဆုံးသတ်ဖြစ်ပြီး လူသားတစ်ဦးတည်း၏ အဆုံးသတ်သာမဟုတ်ပေ။ ဘုရားသခင်သည် လူတစ်ဦးဦးကို အထူးမျက်နှာသာပေးခြင်း သို့မဟုတ် တစ်ဦးဦးကို မတရားညှဉ်းဆဲခြင်းမရှိဘဲ သူသည် လူသားတစ်မျိုးနွယ်လုံးထံ စကားပြောကာ အမှုဆောင်သည်။ သို့ဖြစ်၍ ဤလူ့ဇာတိခံယူသည့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံးကို အမျိုးအစားအလိုက် ခွဲခြားခြင်း၊ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းနှင့် လူသားတစ်မျိုးနွယ်လုံးအတွက် သင့်လျော်သော ပန်းတိုင်တစ်ခုကို စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ထားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို တရုတ်နိုင်ငံတွင်သာ လုပ်ဆောင်လင့်ကစား အမှန်တွင်မူ သူသည် စကြဝဠာတစ်ခုလုံးတွင် အမှုကို သတ်မှတ်ခဲ့ပြီးဖြစ်လေသည်။ ဘုရားသခင်သည် ဖွင့်ဟခြင်းများနှင့် စီစဉ်မှုများကို အဆင့်အလိုက် မလုပ်ဆောင်မီတွင် လူသားတစ်မျိုးနွယ်လုံးကြားတွင် သူ၏အမှုပျံ့နှံ့ရန် မစောင့်ဆိုင်းနိုင်ပေ။ သို့ပြုခြင်းသည် အလွန်နောက်ကျလွန်းမည် မဟုတ်လော။ ယခုအခါတွင် သူသည် အနာဂတ်အမှုကို ကြိုတင်၍ ပြီးမြောက်အောင် အပြည့်အဝ လုပ်ဆောင်နိုင်ပြီဖြစ်သည်။ အကြောင်းမှာ အလုပ်လုပ်ဆောင်နေသူသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် အကန့်အသတ် နယ်ပယ်တစ်ခုအတွင်းတွင် အကန့်အသတ်မဲ့သော အမှုကို လုပ်ဆောင်နေပြီး၊ ထို့နောက်တွင် လူသားတို့လုပ်ဆောင်သင့်သောတာဝန်ကို လုပ်ဆောင်ရန် သူစေခိုင်းလိမ့်မည်။ ဤသည်မှာ သူ့အမှု၏ စည်းမျဉ်းတည်း။ သူသည် လူသားနှင့် တစ်ခဏသာ အတူနေနိုင်ပြီး ခေတ်တစ်ခုလုံး နိဂုံးချုပ်သွားချိန်တိုင်အောင် လူသားကို အဖော်ပြုနိုင်မည်မဟုတ်ပေ။ သူသည် ဘုရားသခင်ဖြစ်သောကြောင့် သူ၏အနာဂတ်အမှုကို ကြိုတင်၍ သူဟောကြားလေသည်။ ထို့နောက်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ခုလုံးကို သူ၏နှုတ်ကပတ်တော်များဖြင့် အမျိုးအစားအလိုက် အဆင့်အတန်း ခွဲခြားကာ လူသားမျိုးနွယ်သည် သူ၏နှုတ်ထွက်စကားတော်များနှင့်အညီ သူ၏ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သည့် အမှုအတွင်းသို့ ဝင်ရောက်ရမည်။ မည်သူမျှ ရှောင်ပြေးနိုင်ခြင်းမရှိ။ လူတိုင်းသည် ထိုသို့ပင် ကျင့်သုံးလုပ်ဆောင်ရမည်။ ထို့ကြောင့် အနာဂတ်တွင် ခေတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းညွှန်ပြီး ဝိညာဉ်တော်က လမ်းညွှန်မည် မဟုတ်ပေ။

ဇာတိခန္ဓာရှိသော ဘုရားသခင်၏အမှုကို ဇာတိခန္ဓာဖြင့်သာ လုပ်ဆောင်ရမည်။ အကယ်၍ ယင်းကို ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်ခဲ့လျှင် မည်သည့် အကျိုးသက်ရောက်မှုကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဝိညာဉ်တော်မှ လုပ်ဆောင်သည်ဆိုလျှင်ပင် အမှုသည် ထင်ရှားမှု ကြီးကြီးမားမားမရှိနိုင်၊ နောက်ဆုံးတွင် ဆွဲဆောင်မှုလည်း ရှိနိုင်တော့မည်မဟုတ်ပေ။ ဖန်ဆင်းခံအားလုံးသည် ဖန်ဆင်းရှင်၏ အမှုသည် ထင်ရှားမှုရှိ မရှိ၊ ယင်းသည် မည်သည်ကို ကိုယ်စားပြုသည်၊ ယင်းသည် မည်သည့်အတွက်ကြောင့်ဖြစ်သည်၊ ဘုရားသခင်၏အမှုသည် သြဇာအာဏာနှင့် ဉာဏ်ပညာပြည့်စုံခြင်းရှိမရှိနှင့် ယင်းသည် အကြီးမြတ်ဆုံးတန်ဖိုးနှင့် ထင်ရှားမှုရှိမရှိတို့ကို သိလိုသောဆန္ဒရှိကြသည်။ သူပြုတော်မူသော အမှုသည် လူသားတစ်မျိုးနွယ်လုံးအတွက် ကယ်တင်ခြင်းပေးရန်၊ စာတန်ကို အနိုင်ယူရန်၊ အရာအားလုံးထဲတွင် သူ့အတွက် သက်သေခံနိုင်စေရန်အတွက် ဖြစ်သည်။ လူသား၏ ဇာတိခန္ဓာကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာအန္တရာယ် ဖြစ်စေခဲ့သည်။ ဘုရားသခင်သည် ဇာတိခန္ဓာထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ့ကယ်တင်ခြင်းခံရာဝတ္ထုသည် အသွေးအသားရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရာ ဝတ္ထုလည်းဖြစ်သည်။ ဤနည်းအားဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုသည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူ့ဇာတိခန္ဓာကို ဖျက်ဆီးကာ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် ဝတ္ထုတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့် အမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၏ အမှုသည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုပင်တည်း။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေခြင်းမှာ သူသည် စာတန်နှင့် ဇာတိခန္ဓာအားဖြင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်စဉ်တွင် သူသည် ဝိညာဉ်ရေးရာနယ်ပယ်မှ သူ့အမှုကိုလုပ်နေခြင်းဖြစ်ပြီး၊ ဝိညာဉ်ရေးရာနယ်မှ သူ့အမှုတစ်ခုလုံးကို ကမ္ဘာပေါ်တွင် စစ်မှန်လာစေရန် လုပ်ဆောင်သည်။ သိမ်းပိုက်ခြင်းခံရသောသူသည် သူ့ကိုမနာခံသော လူသားဖြစ်ပြီး၊ သိမ်းပိုက်ခြင်းခံရမည့်သူသည် သူ့ကို မလိုမုန်းထားသော စာတန်၏ပြယုဂ် (ဤသည်မှာလည်း လူသားပင်ဖြစ်၏) ဖြစ်သည်။ နောက်ဆုံး၌ ကယ်တင်ခြင်းခံရမည့်သူမှာလည်း လူသားပင်ဖြစ်သည်။ ဤနည်းအားဖြင့် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းသဏ္ဌာန်နှင့် လူသားတစ်ဦးဖြစ်ရန် သူ့အတွက် ပို၍ပင် လိုအပ်လာပြီး၊ သို့မှသာ ဘုရားသခင်သည် စာတန်နှင့် စစ်မှန်သောတိုက်ပွဲကို ပြုနိုင်ကာ သူ့ကို မနာခံသော၊ သူကဲ့သို့ အပြင်ပန်းသဏ္ဌာန်ကို ပိုင်ဆိုင်ထားသော လူသားကိုသိမ်းပိုက်၍၊ သူ့ကဲ့သို့ အပြင်ပန်းသဏ္ဌာန်ရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံခဲ့ရသော လူသားတို့ကို ကယ်တင်နိုင်ပေမည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်။ သူသိမ်းပိုက်မည့်အရာမှာ လူသားဖြစ်ပြီး သူ့ကယ်တင်ခြင်းခံရမည့်အရမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းအားဖြင့် သူ၏အမှုသည်ပို၍ လွယ်ကူသွားသည်။ သူသည် စာတန်ကိုချေမှုန်းကာ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်။ ထို့အပြင် လူသားမျိုးနွယ်ကိုလည်း ကယ်တင်နိုင်သည်။ သူ့ဇာတိခန္ဓာသည် သာမန်ဖြစ်ပြီး စစ်မှန်မှုရှိသော်လည်း သူသည် အများနှင့်တူသော ဇာတိခန္ဓာမဟုတ်ပေ။ သူသည် လူသား၏ ဇာတိခန္ဓာသာ မဟုတ်ဘဲ၊ လူ့သဘောနှင့် ဘုရားသဘော နှစ်မျိုးလုံးပါဝင်သည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းသည် လူသားနှင့် သူ၏ကွာဟချက်ဖြစ်ပြီး ဘုရားသခင် သွင်ပြင်လက္ခဏာ၏ အမှတ်အသားဖြစ်သည်။ ဤသို့သော ဇာတိခန္ဓာသာလျှင် သူလုပ်လိုသောအမှုကို ပြုနိုင်ပြီး၊ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ သာသနာကို ပြည့်မီဆောင်ရွက်နိုင်ကာ လူသားတို့ကြားမှ သူ၏အမှုကို အပြည့်အဝ ပြီးမြောက်စေနိုင်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက လူသားတို့ကြား သူ၏အမှုသည် အမြဲတမ်းပင် အလဟဿဖြစ်ပြီး အနာအဆာများ ရှိနေပေလိမ့်မည်။ ဘုရားသခင်သည် စာတန်၏ဝိညာဉ်နှင့် တိုက်ပွဲဆင်နွှဲကာ အောင်နိုင်မှုကို ရရှိနိုင်သော်လည်း ဖောက်ပြန်ပျက်စီးနေသော လူသား၏ စိတ်သဘောထားဟောင်းကို မည်သို့မျှ ဖြေရှင်းပစ်နိုင်မည်မဟုတ်ပေ။ သူ့ကိုမနာခံသော၊ ဆန့်ကျင်သောသူများသည် ဘယ်သောအခါမျှ သူ့အုပ်စိုးမှုအောက်တွင် စစ်မှန်စွာ ဝန်ခံလာကြမည်လည်း မဟုတ်ပေ။ တနည်းဆိုရသော် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ လူသားတစ်မျိုးနွယ်လုံးကို မည်သည့်အခါမျှ ရယူနိုင်လိမ့်မည်မဟုတ်ပေ။ အကယ်၍ ကမ္ဘာကြီးပေါ်မှ သူ့အမှုကို မဖြေရှင်းနိုင်ခဲ့လျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မည်သည့်အခါမျှ အဆုံးသတ်နိုင်မည် မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးသည် အနားယူခြင်းသို့ ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းအားလုံးနှင့်အတူ အနားယူမှုအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိပါက ထိုသို့သော စီမံခန့်ခွဲမှု အလုပ်ထဲတွင် ရလဒ်တစ်ခုမျှ ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ ဘုန်းတော်သည်လည်း တစ်ဆက်တည်းတွင်ပင် ပျောက်ဆုံးသွားပေလိမ့်မည်။ သူ၏ ဇာတိခန္ဓာသည် သြဇာအာဏာ မရှိသော်လည်း သူလုပ်ဆောင်သောအမှုသည် အကျိုးသက်ရောက်မှု ရရှိပေလိမ့်မည်။ ဤသည်မှာ ရှောင်လွဲမရနိုင်သော သူ့အမှု၏ ဦးတည်ရာဖြစ်သည်။ သူ၏ဇာတိခန္ဓာသည် သြဇာအာဏာကို ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်သည်ဖြစ်စေ၊ ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တိုင် လုပ်နိုင်စွမ်းရှိသရွေ့ သူသည် ဘုရားသခင် ကိုယ်တိုင်ပင်ဖြစ်သည်။ ဤဇာတိခန္ဓာသည် သာမန်နှင့် ပုံမှန်ဖြစ်သော်လည်း သူသည် သူပြုသင့်သောအမှုကို လုပ်ဆောင်နိုင်သည်။ အကြောင်းမှာ ဤဇာတိခန္ဓာသည် ဘုရားသခင်ဖြစ်ပြီး၊ လူသားတစ်ဦးမျှသာ မဟုတ်သောကြောင့်တည်း။ ဤဇာတိခန္ဓာသည် လူတို့မလုပ်နိုင်သည့်အမှုကို ပြုနိုင်ခြင်းမှာ သူ၏အတွင်းမှ အနှစ်သာရသည် မည်သည့်လူသားနှင့်မျှ မတူခြင်းကြောင့်ဖြစ်ပြီး လူသားတို့ကို သူကယ်တင်နိုင်ခြင်း၏ အကြောင်းရင်းမှာ သူ၏သွင်ပြင်လက္ခဏာသည် လူသားတို့၏ သွင်ပြင်လက္ခဏာနှင့် ကွာခြားခြင်းကြောင့် ဖြစ်သည်။ ဤဇာတိခန္ဓာသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည်။ အကြောင်းမှာ သူသည် လူသားဖြစ်သည့်အပြင် ဘုရားသခင်လည်း သာ၍ဖြစ်သောကြောင့် ဖြစ်သည်၊ ထို့အပြင် သာမန်ဇာတိခန္ဓာရှိသော လူသားမပြုလုပ်နိုင်သည့် အမှုကိုလုပ်ဆောင်နိုင်ပြီး ကမ္ဘာကြီးပေါ်တွင် သူနှင့်အတူနေထိုင်သော ဖောက်ပြန်ပျက်စီးနေသည့် လူသားကို ကယ်တင်နိုင်ခြင်းကြောင့်ဖြစ်သည်။ သူသည် လူသားနှင့် ပုံစံတူသော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်သည် တန်ဖိုးရှိသည့် လူသားတစ်ဦးဦးထက် လူသားမျိုးနွယ်အတွက် ပို၍အရေးကြီးသည်။ အကြောင်းမှာ ဘုရားသခင်၏ဝိညာဉ်တော် မလုပ်ဆောင်နိုင်သော အမှုကို သူလုပ်ဆောင်နိုင်သောကြောင့် ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်အကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ ဝိညာဉ်တော်ထက် ပို၍သက်သေခံနိုင်စွမ်းရှိကာ၊ ဘုရားသခင်၏ဝိညာဉ်တော်ထက် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနိုင်စွမ်း ရှိသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ဤဇာတိခန္ဓာသည် သာမန်၊ ပုံမှန်ဖြစ်သော်လည်း သူ၏လူသားမျိုးနွယ်အတွက် ထောက်ပံ့ကူညီမှုနှင့် လူသားမျိုးနွယ်တည်ရှိမှုအတွက် သူ၏ ထင်ရှားမှုတို့သည် သူ့ကို အမြင့်မားဆုံး တန်ဖိုးရှိစေပြီး၊ ဤဇာတိခန္ဓာ၏ စစ်မှန်သောတန်ဖိုးနှင့် ထင်ရှားမှုကို မည်သည့်လူသားကမျှ တိုင်းတာ၍ မရနိုင်ပေ။ ဤဇာတိခန္ဓာသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးနိုင်သော်လည်း လူသားကို သိမ်းပိုက်ရန်၊ စာတန်ကို ချေမှုန်းရန်၊ သူ့အုပ်စိုးမှုအောက်တွင် စာတန်ကို အပြည့်အဝနာခံလာအောင်ပြုရန် သူ၏အမှုကို အသုံးပြုနိုင်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သောကြောင့် သူသည် စာတန်ကို နှိမ်နင်းနိုင်ကာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်လေသည်။ သူသည် စာတန်ကို တိုက်ရိုက်မဖျက်ဆီးပေ။ စာတန်မှ ဖျက်ဆီးခဲ့သော လူသားတို့ကို သိမ်းပိုက်ရန်အတွက် အမှုဆောင်ရန် လူ့ဇာတိခဲ့ယူခဲ့ခြင်းတည်း။ ဤနည်းဖြင့် သူသည် သူ၏ဖန်ဆင်းခံများကြားတွင် ပို၍ကောင်းသော သက်သေကိုခံနိုင်ပြီး ဖောက်ပြန်ပျက်စီးနေသော လူတို့ကို ပို၍ကယ်ဆယ်နိုင်ပေသည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ စာတန်ကို နှိမ်နင်းခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်မှ စာတန်ကို တိုက်ရိုက်ဖျက်ဆီးသည်ထက် ပို၍ကြီးမားသော သက်သေကိုခံနိုင်ကာ ပို၍ဆွဲဆောင်မှုရှိသည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်သည် လူသားတို့ ဖန်ဆင်းရှင်ကို သိခြင်း၌ ပို၍ကောင်းစွာ ကူညီနိုင်ပြီး၊ ဖန်ဆင်းခံများကြားတွင် ပို၍ကောင်းသော မိမိ၏သက်သေကို ခံနိုင်တော်မူလေသည်။

သင်နှစ်သက်နိုင်သည့် အရာများ-

(မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ- နောက်ဆက်တွဲဇာတ်လမ်း) ဇာတ်လမ်းတို- လူ့ဇာတိခံ ဘုရားသခင်ကို ဘယ်လိုနားလည်ကြမလဲ

ဘုရားသခင်၏ကယ်တင်ခြင်း “ရှောင်ကျန်းရဲ့ ပုံပြင်” မှနေပြီး သင့်အား ခရစ်ယာန် ရှောင်ကျန်းရဲ့ ၏ အသက်တာ ပြောင်းလဲခြင်း ကို ပြောပြသည် ( တေးဂီတဆိုင်ရာ ပြဇတ်)

အမှာစကား ချန်ခဲ့မည်