စာရင်း

ဒါဆိုရင် ဒါက ဘုရားသခင်က လူ့ဇာတိခံယူပြီး ပြန်ကြွလာခြင်းရဲ့ အရေးပါမှုပေါ့

ဒါဆိုရင် ဒါက ဘုရားသခင်က လူ့ဇာတိခံယူပြီး ပြန်ကြွလာခြင်းရဲ့ အရေးပါမှုပေါ့

ဝိန်ဝိန် အမေရိက

“နင် ဝိန်ဝိန်လား။”

“ကျင်ချီလား။”

“အိုး ဝိန်ဝိန် အရင်က ငါ့အိမ်နီးနားချင်းကြီး။ နင်နဲ့ဝင်တိုးတာ အံ့သြစရာပဲ။ ငါတို့မတွေ့ဖြစ်တာနှစ်တွေတော်ကြာပြီးတော့မှ တခြားနိုင်ငံတစ်နိုင်ငံမှာ ထပ်တွေ့ကြတယ်။ ဒါ တကယ်ကို သခင့်ရဲ့ စီစဉ်မှုပဲ။”

"ဟုတ်တယ် တကယ်ပဲ။ သခင့်ကျေးဇူးတော်ပါပဲ။"

...

မွေးရပ်မြေ မှအသိတစ်ယောက် အံ့သြစရာသတင်းကို သယ်ဆောင်လာသည်

ကျွန်မ၏ နာမည်သည် ဝိန်ဝိန်ဖြစ်သည်။ ၂၀၁၆ အကုန်တွင် ကျွန်မသည် အလုပ်လုပ်ရန်အတွက် ထူးဆန်းသည့်နိုင်ငံဖြစ်သည့် အမေရိကန်သို့ လာရောက်ခဲ့သည်။ ကျွန်မသည် ခရစ်ယာန်တစ်ယောက်ဖြစ်သောကြောင့် ဘုရားကျောင်းသည် ကိုယ့်အိမ်ကဲ့သို့ခံစားရနိုင်သည့် တစ်ခုတည်းသောနေရာ အလိုအလျောက် ဖြစ်လာခဲ့သည်။ သို့ရာတွင် သင်းအုပ်ဆရာ၏ တရားဒေသနာများသည် သီအိုလိုဂျီဆိုင်ရာ သီအိုရီများ သို့မဟုတ် အစား၊အသောက်၊အပျော်အပါးထဲတွင် ကိုယ့်ကိုယ်ကိုယ်နှစ်မြုပ်မှုများအကြောင်းများသာဖြစ်ပြီး ကျွန်မတို့ လှူဒါန်းရန်အတွက် ပမာဏတစ်ခုတောင် သတ်မှတ်ထားသည်တို့ကို တွေ့ရသည့်အခါ ကျွန်မ စိတ်ပျက်ခဲ့ရသည်။ ကျွန်မ၏ အသက်တာကို ထောက်ပံ့ခြင်းမခံရဟု ခံစားရပြီး ဤနည်းလမ်းများအား မနှစ်မြို့ခြင်းအတွက် ကျွန်မ ကျေနပ်မိသည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဘုရားကျောင်းသို့သွားခြင်း ပိုပို၍ နည်းလာခဲ့သည်။ ကျင်ချီနဲ့ ဝင်တိုးမိပြီးနောက်တွင် ကျွန်မတို့နေထိုင်ရာ ရွာမှ အစ်မကျင်းလင်သည်လည်း ကျွန်မတို့နေသည့်မြို့တွင်ပင် နေနေခြင်းဖြစ်ပြီး သူမ၏အိမ်သည် အစည်းအဝေးပြုလုပ်သည့်နေရာဖြစ်သည်ကို ကျွန်မသိခဲ့ရသည်။ ဤသို့ကြားသိရသည့်အတွက် ကျွန်မ လွန်စွာပျော်ရွှင်မိသည်။ ထို့ကြောင့် ထိုအချိန်မှစပြီး ကျင်းလင်၏ အိမ်တွင် ကျင်ချီနှင့်အတူ အစည်းအဝေးများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတစ်ခုတွင် ကျင်းလင်က ကျွန်မအား လေးလေးနက်နက် ပြောသည်။ “နင် သိလား ဝိန်ဝိန်။ သခင်ယေရှုက လူ့ဇာတိခံယူပြီး ပြန်လာခဲ့ပြီ။ သူ့ရဲ့နှုတ်ကပတ်တော်တွေကို ဖော်ပြနေပြီး ဘုရားသခင်ရဲ့ မိသားစုကနေစတဲ့ သူ့ရဲ့တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေပြီလေ။”

ကျွန်မသည် ကျင်းလင်ပြောသည့်အကြောင်းအရာကြောင့် အံ့သြသွားရပြီး ဤသို့ပြောလိုက်သည်။ “သခင်ယေရှုက လူ့ဇာတိခံယူပြီး ပြန်လာပြီ။ ဟုတ်လား။ မဖြစ်နိုင်ဘူး။ သမ္မာကျမ်းစာက သခင်ပြန်ကြွလာခြင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပရောဖက်ပြုထားခဲ့တယ်။

‘အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။’ (တမန်တော်ဝတ္ထု ၁:၁၁) သခင်ယေရှုက သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူဟာ ဆန်းကြယ်တဲ့ ဝိညာဉ်ခန္ဓာနဲ့ တိမ်ဖြူစီးပြီး ထွက်ခွာသွားတယ်။ ဒါကြောင့် နောက်ဆုံးသောကာလမှာ သခင်ပြန်ကြွလာတဲ့အခါမှာ သူဟာ သေချာပေါက် သူ့ရဲ့ ဝိညာဉ်ခန္ဓာနဲ့ကြွလာမှာပါ။ သခင်က နောက်တစ်ခါ လူ့ဇာတိခံယူတာ ဘယ်လိုဖြစ်နိုင်မှာလဲ။”

ကျင်ချီသည် ပြုံးလျှက် ပြောသည်။ “ဝိန်ဝိန် ငါ နင့်ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြမယ်နော်။ ဘုရားသခင်က မိန့်ကြားတယ်- မဖြစ်နိုင်ဟူသည့် သင့်အမြင်များကို ဘေးဖယ်ထားလော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မားမားစွင့်စွင့် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆနှင့် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သော အရာဖြစ်လေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုဆန္ဒ သာ၍ပါလေလေဖြစ်သည်။ဘုရားသခင်က အနန္တတန်ခိုးနဲ့ အလွန်ပြည့်စုံပြီး ဉာဏ်ပညာ အလွန်ရှိပါတယ်။ ပြီးတော့ သူ့ရဲ့ တွေးတောမှုဟာ လူရဲ့ တွေးတောမှုထက် အမြဲတမ်း သာလွန်ပါတယ်။ ငါတို့က စာတန်အားဖြင့် ဖျက်ဆီးခံရပြီး ဘုရားသခင်အပေါ် ငါတို့ရဲ့ နားလည်မှုက အယူအဆတွေ၊ စိတ်ကူးထင်မြင်ချက်တွေနဲ့ပြည့်နေတယ်။ နောက်ပြီး ဝိညာဉ်လောကကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်ဖို့ အစွမ်းလည်း ငါတို့မှာမရှိဘူး။ ဒါကြောင့် ငါတို့က ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေကို ဒီဟာပဲ ဟိုဟာပဲ ဆိုပြီး ဘယ်လိုလုပ် ကန့်သတ်နိုင်မှာလဲ။ နောက်ပြီး သမ္မာကျမ်းစာမှာပါတဲ့ ပရောဖက်ပြုချက်တွေက ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့ နက်နဲမှုတွေပါပြီးတော့ အဲဒါတွေက ငါတို့ စိတ်ကူးသလိုမျိုး ရိုးရှင်းတာမျိုး မဖြစ်နိုင်ဘူး။ နောက်ပြီး နှုတ်ကပတ်တော်ရဲ့ တိုက်ရိုက်အဓိပ္ပါယ်အတိုင်း ပြီးမြောက်ဖို့က ပိုပြီးတော့ မဖြစ်နိုင်ဘူး။ ဥပမာ မေရှိယ ပြန်ကြလာခြင်းနဲ့ပတ်သက်ပြီး ဓမ္မဟောင်းကျမ်းမှာ ပရောဖက်ပြုထားချက်တွေ အများကြီးရှိတယ်။ ဒီနှုတ်ကပတ်တော်တွေကို လူတွေဖတ်ကြတဲ့အခါမှာ လျှောက်ပြီး ထင်မြင်ကုန်ကြတယ်။

အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကာ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။ ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။(ဟေရှာယအနာဂတ္တိကျမ်း ၉: ၆-၇) ဒါကို သူတို့ဖတ်ကြတဲ့အခါမှာ သူတို့က ဘုန်းတန်ခိုးပြဖို့အတွက်လာမယ့် မေရှိယက ကောင်းကင်ဘုံကအဖရဲ့ သားတော်ဖြစ်တယ်၊ သူက နန်းတော်တစ်ခုမှာ မွေးဖွားတာမျိုးဖြစ်ရမယ်၊ သူဟာ လူ့ဉာဏ်နဲ့မမှီနိုင်ဘူး၊ အလွန်ထူးခြားမယ်၊ အထင်ကြီးလေးစားရလောက်အောင် တော်မယ်ဆိုပြီး ယုံကြည်ကြပြီးတော့ သူတို့ကိုယ်တော်ကို စိတ်ကူးထင်မြင်တဲ့ ပုံစံက တကယ့်အချက်အလက်တွေနဲ့ကွဲလွဲနေခြင်းနဲ့ အဆုံးသတ်ကြရတယ်။ သခင်ယေရှုဟာ သာမန်၊ ပုံမှန်ကိုယ်ခန္ဓာနဲ့ နွားစာခွက်တစ်ခုမှာ မွေးဖွားတယ်။ ဒါကြောင့် အဲဒီအချိန်ကလူတွေဟာ ကိုယ်တော့်ကို လက်မခံရုံတင်မကဘဲ ကိုယ်တော့်ကိုရှုတ်ချပြီး ငြင်းပယ်ခဲ့ကြပြီး လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်ခဲ့ကြတယ်။ နောက်ဆုံးမှာ သူတို့ဟာ တစ်မျိုးသားလုံး လက်အောက်ခံဘဝကိုရောက်ရတဲ့ ဒုက္ခကို ခံစားခဲ့ကြရတယ်။ ဒါက သမ္မာကျမ်းစာကို တိုက်ရိုက် ရှင်းလင်းပြခြင်းကနေလာတဲ့ ယုံကြည်ခြင်းကြောင့်ရှုံးနိမ့်မှုရဲ့ သင်ခန်းစာအဖြစ် ပြမနေဘူးလား။ ငါတို့အခုရှိနေတဲ့ ဒီလို နားလည်မှုနည်းပါးခြင်းက သခင်ပြန်လာတဲ့အခါ သခင့်အမှုတော်ရဲ့ တကယ့်အမှန်တရားဖြစ်နိုင်ပါ့မလား။ ဒါကြောင့် ငါတို့ရဲ့ စိတ်ကူးထင်မြင်မှုတွေ၊ အယူအဆတွေနဲ့ ဘုရားသခင်ရဲ့အမှုတော်ကို ကန့်သတ်လို့မရပါဘူး။ ဒါပေမဲ့ ဒီလိုမလုပ်ဘဲ ရှာဖွေလိုတဲ့ နှလုံးသားနဲ့ လေ့လာစူးစမ်းမှသာ ဘုရားသခင်ဟာ ငါတို့ကို ကျမ်းစာတွေရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကိုနားလည်ဖို့ အလင်းဖွင့်ပေးမှာဖြစ်ပါတယ်။"

သခင်ပြန်ကြွလာသည့်အခါတွင် သခင်သည် လူ့ဇာတိခံယူမည်ဟု သမ္မာကျမ်းစာက ပရောဖက်ပြုထားပါသလား

ကျင်ချီပြောသည့်အရာများကို နားထောင်ပြီးနောက်တွင် သူမပြောသည်မှာ အကျိုးအကြောင်းသင့်သည်ပုံပေါ်သည်ဟု ကျွန်မ တွေးမိသည်။ သခင်၏ ကြွလာခြင်းသည် ကြီးကျယ်သည့်အရာတစ်ခုဖြစ်ပြီး ကျွန်မတို့သည် သေသေချာချာ စူးစမ်းလေ့လာသင့်သည်။ ကျွန်မကပြောသည်။ “ဒါဆိုရင် နင်ပြောတဲ့ သခင် ပြန်ကြွလာတဲ့အခါမှာ လူ့ဇာတိခံယူခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ အထောက်အထားရှိလား။”

ကျင်းလင်သည် ပြုံးလျှက် ပြောသည်။ “သမ္မာကျမ်းစာမှာ သခင်က လူ့ဇာတိခံယူပြီး ကြွလာမယ်လို့ ပရောဖက်ပြုထားတဲ့ ကျမ်းပိုဒ်တွေ အများကြီးရှိပါတယ်။ ဒီလိုပါ။ ‘ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။’ (ရှင်လုကာခရစ်ဝင် ၁၂:၄၀) ‘ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) စသဖြင့်ပေါ့။ ဒီကျမ်းပိုဒ်တွေမှာပြောထားတဲ့ ‘လူသား’ နဲ့ ‘သတို့သား’ ဆိုတာတွေ အားလုံးက လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ရည်ညွှန်းနေကြတာပါ။ ‘လူသား’ ဆိုတာ လူကနေမွေးဖွားတဲ့ လူ၊ လူ့သဘောသဘာဝရှိတဲ့သူကို ရည်ညွှန်းတာပါ။ ဒါက ‘ဝိညာဉ်တော်’ကို ရည်ညွှန်းတယ်ဆိုရင် ‘လူသား’ လို့ပြောမှာမဟုတ်ဘူး။ ဥပမာ ယေဟောဝါက ဝိညာဉ်တော်ဖြစ်တယ်။ ဒါကြောင့် ‘လူသား’ လို့ခေါ်လို့မရနိုင်ဘူး။ ကောင်းကင်တမန်တွေက ဝိညာဉ်ခန္ဓာတွေဖြစ်ကြတယ်။ ဒါကြောင့် ‘လူသား’ လို့ခေါ်လို့မရဘူး။ အားလုံးက လူရဲ့ ပုံသဏ္ဍန်ရှိပေမဲ့ ဝိညာဉ်ခန္ဓာတွေဖြစ်ကြတယ်။ ‘လူသား’ လို့ ခေါ်လို့မရဘူး။ လူ့ဇာတိခံယူခဲ့တဲ့ သခင်ယေရှုကို လူသား၊ ခရစ်တော်လို့ ခေါ်တယ်။ ဘာကြောင့်လဲဆိုရင် သူဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ရဲ့ လူ့ဇာတိခံယူမှုဖြစ်ပြီး သူဟာ ပုံမှန်၊ သာမန်လူတစ်ယောက်ဖြစ်လာခဲ့ပြီး လူတွေကြားမှာ နေထိုင်ခဲ့တယ်။ ဒါဟာ တကယ်တမ်းက လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဟာ တော်တော်ကို ပုံမှန်၊ သာမန်လူသားဖြစ်နေတာကြောင့် လူတွေက သခင်ယေရှုကို ဘုရားသခင်လို့ မယုံကြည်ကြဘူး။ ပြီးတော့ သူက လက်သမားရဲ့သားသက်သက်ပဲလို့ ပြောခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ ကိုယ်တော်ကို ပျက်ရယ်ပြုပြီး အသရေဖျက်ကြတယ်။ ရှုတ်ချတယ်။ ငြင်းပယ်ကြတယ်။ အဆုံးမှာတော့ ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ ရိုက်ခဲ့ကြတယ်။ ဒါကြောင့် သခင်ယေရှုမိန့်ကြားခဲ့တဲ့ ‘လူသား ကြွလာခြင်း’ နဲ့ ‘လူသားကြလာမည်’ဆိုတာက သခင်ဟာ နောက်ဆုံးသောကာလမှာ ပြန်လည်ကြွလာတဲ့အခါမှာ လူ့ဇာတိခံယူပြီး ကြွလာမယ်လို့ ဆိုလိုတာပါ။ ဘုရားသခင်က လူ့ဉာဏ်နဲ့မမှီနိုင်တဲ့ ဝိညာဉ်တော်အဖြစ် တိမ်ဖြူစီးပြီး ကြွလာမယ်ဆိုရင် လူအားလုံးက သူတို့ကိုယ်သူတို့ ပျပ်ဝပ်ပြီး ကိုးကွယ်ကြမယ်။ အဲဒီအချိန်မှာ ကိုယ်တော်ကို ဘယ်သူက အာခံပြီး ရှုတ်ချရဲတော့မလဲ။ ပြီးတော့ သခင့်ရဲ့ ပရောဖက်ပြုချက်ဖြစ်တဲ့ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။ က ပြီးမြောက်နိုင်မှာမဟုတ်တော့ဘူး။”

သခင်ပြန်ကြွလာသည့်အခါတွင် လူ့ဇာတိခံယူရသည့် အကြောင်းအရင်း

ကျင်းလင်ပြောသည့်အရာများကို ကျွန်မ နားထောင်ခဲ့ရသောကြောင့် ကျွန်မသည် ဤကျမ်းပိုဒ်များကို ဖတ်ကြည့်ပြီး ကျွန်မ၏ စိတ်နှလုံးသည် သူမ၏ အမြင်အား လက်ခံခဲ့သည်။ သို့သော်၊ လူ့ဇာတိ ဘုရားသခင် အမှုပြုသည့်အချိန်တွင် သူဒုက္ခဝေဒနာများစွာ ခံစားခဲ့ရလိမ့်မည်ကို တွေးမိသည့်အခါ၊ ကျွန်မ အတော်စိတ်လှုပ်ထွေးသွားခဲ့သည်၊ “နောက်ဆုံးသော ကာလမှာ ဘုရားသခင်က ဘာလို့ ဝိညာဉ်ကနေတဆင့် အလုပ်မလုပ်တာလဲ။ ယေဟောဝါ ဘုရားသခင်က သူ့အမှုတော်ကို ဝိညာဉ်တော်ကနေတဆင့် မလုပ်ခဲ့ဘူးလား။” ထို့ကြောင့် ကျွန်မ၏ မရှင်းလင်းမှုကို ထုတ်ပြောလိုက်သည်။ ထို့နောက် ကျင်းလင်က၊ ပြောသည်။ “နောက်ဆုံးသောကာလမှာ လူသားရဲ့ လိုအပ်ချက်အရ ဘုရားသခင်ဟာ သူ့ရဲ့နှုတ်ကပတ်တော်တွေကို ဖော်ပြဖို့အတွက်၊ ဘုရားသခင်ရဲ့ မိသားစုကနေစတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့အတွက်၊ သူ့ရဲ့နှုတ်ကပတ်တော်နဲ့ လူသားရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ပုန်ကန်မှုတို့ကို ဖော်ထုတ်ဖို့အတွက်၊ ဘုရားသခင်ကို အာခံတဲ့ လူသားရဲ့ စာတန်သဘောကို စီရင်ဖို့အတွက် လူ့ဇာတိကိုခံယူပြီး အဆုံးမှာ သူဟာ လူသားကို သန့်စင်မယ်။ ကယ်တင်မယ်။ စုံလင်စေလိမ့်မယ်။ ကိုယ်တော်က လူ့ဇာတိမှာ အလုပ်မလုပ်ဘဲ ဝိညာဉ်ကနေတစ်ဆင့် အလုပ်လုပ်ခဲ့မယ်ဆိုရင် ဒီရလဒ်ကိုရဖို့ မဖြစ်နိုင်ဘူး။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ရအောင်။”

ကျင်းလင် ကျွန်မအား ကမ်းပေးလိုက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်ကို ယူလိုက်ပြီး လေးနက်စွာ ဖတ်ကြားလိုက်သည်။ “ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် တိုးဝင်ချဉ်းကပ်နိုင်ခြင်းလည်း မရှိသည့်အတွက်၊ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းသည် ဝိညာဉ်တော်၏ နည်းစနစ်နှင့် ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာတို့ကို တိုက်ရိုက် အသုံးပြု၍ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် ဝိညာဉ်တော်၏ ပြုမူပုံကို တိုက်ရိုက် အသုံးပြုလျက် လူသားကို ကယ်တင်ရန် ကြိုးစားခဲ့ပါက၊ လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက၊ လူသားအတွက် ဤကယ်တင်ခြင်းကို ရရှိဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်အနီးသို့ မသွားနိုင်ကြသလောက်၊ လူသည် သူ့ကို ချဉ်းကပ်ခြင်းငှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူဖြစ်လာတော့မည့် ဇာတိခန္ဓာအထဲသို့ ထားရှိခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အမှုပြုစေနိုင်ပေသည်။ ထိုအခါမှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ကာ ကြားနိုင်သည့်အပြင်၊ သူ၏နှုတ်ကပတ်တော် ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ဤနည်းဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက၊ အသွေးအသားရှိသော မည်သူကမျှ ထိုသို့သော ကြီးမြတ်သည့် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူမျိုးနွယ်အလယ်တွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက၊ လူသားမျိုးနွယ်အားလုံးသည် ဒဏ်ခတ်ခံရမည် ဖြစ်သည် သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ဘဲလျက်၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြမည် ဖြစ်သည်။” “လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်ကာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ အားလုံးထဲမှ အမြင့်ဆုံး ဖြစ်သည်၊ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက်သည် စာတန် မဟုတ်ဘဲ လူသားဖြစ်ပြီး၊ ကယ်တင်ခြင်းခံရမည့်အရာမှာ လူသား၏ ဇာတိခန္ဓာနှင့် လူသား၏စိတ်ဝိညာဉ်ဖြစ်ကာ နတ်ဆိုးမဟုတ်ပေ။ စာတန်သည် ဘုရားသခင်၏ သုတ်သင်ခြင်း ခံရမည့်အရာ ဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက် ဖြစ်ကာ၊ လူသား၏ ဇာတိခန္ဓာကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်၊ ထို့ကြောင့် ပထမဆုံး ကယ်တင်ရမည့်အရာမှာ လူသား၏ဇာတိခန္ဓာ ဖြစ်ရပေမည်။ လူ၏ ဇာတိခန္ဓာသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း အခံရဆုံး ဖြစ်ကာ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခု ဖြစ်လာပြီးဖြစ်သည်မှာ ဘုရားသခင်၏တည်ရှိမှုကိုပင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကာ ငြင်းပယ်သည်အထိ ဖြစ်လေသည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် အလွန်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက် မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ပြောင်းလဲရန် သာ၍ မခက်ခဲပေ။ စာတန်သည် လူသား၏ ဇာတိခန္ဓာ ထဲသို့ နှောင့်ယှက်မှုများ လှုံ့ဆော်ရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် နှင့် ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေရန် လူ၏ ဇာတိခန္ဓာကို အသုံးပြုပြီး၊ ထိုသို့ဖြင့် လူသားသည် စာတန် ဖြစ်လာကာ ဘုရားသခင်၏ရန်သူ ဖြစ်လာလေသည်။ လူသားအတွက် ကယ်တင်ခံဖို့ရန်၊ သူသည် ပထမဦးစွာ သိမ်းပိုက်ခြင်းကို ခံရမည်။ ဘုရားသခင်သည် စိန်ခေါ်မှုများကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန်နှင့် စာတန်နှင့် တိုက်ပွဲဝင်ရန် လူ့ဇာတိခံယူသည်မှာ ဤအကြောင်းကြောင့် ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ရှုံးနိမ့်ပြီး ပျက်သုဉ်းစေခြင်းခံရပြီးဖြစ်သည့် လူသား၏ ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုမှတစ်ဆင့် စာတန်ကို အနိုင်ယူစဉ်၊ တစ်ချိန်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်လေသည်။ ထိုကြောင့်၊ ယင်းမှာ တစ်ပြိုင်နက် ရည်ရွယ်ချက် နှစ်ခုကို ဖြစ်မြောက်အောင်မြင်သည့် အမှုတစ်ခု ဖြစ်သည်။”

ကျင်းလင်သည် ဤသို့ပြော၍ မိတ်သဟာယဖွဲ့သည်။ “ဘုရားသခင် လူ့ဇာတိခံယူတဲ့ အကြောင်းရင်းက ဖောက်ပြန်ပျက်စီးတဲ့ လူ့သဘာဝအနေနဲ့ ငါတို့ရဲ့လိုအပ်ချက်တွေကြောင့်ဖြစ်ပြီး ငါတို့ဟာ သခင်ယေရှုအားဖြင့် ရွေးနှုတ်ခြင်းခံရပြီးဖြစ်ပေမဲ့ ငါတို့ရဲ့ အပြစ်ပြုတတ်တဲ့ သဘောသဘာဝဟာ ကျန်ရှိနေပြီး ငါတို့အတွင်းထဲမှာ အမြစ်တွယ်နေဆဲဖြစ်ပါတယ်။ ငါတို့က အပြစ်တရားကို ကျော်လွှားပြီး ငါတို့ရဲ့ ဇာတိပကတိကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင်လုပ်ဖို့ အင်အားကို မရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ငါတို့ရဲ့ ဇာတိပကတိဟာ စာတန်အားဖြင့် ဖျက်ဆီးခြင်းခံခဲ့ရပြီး စာတန်ဟာ ဘုရားသခင်ရဲ့အမှုတော်ကို နှောင့်ယှက်ဖျက်ဆီးဖို့အတွက် ငါတို့ရဲ့ ဇာတိပကတိကို အသုံးပြုတယ်။ ဒါကြောင့် ငါတို့ကလည်း စာတန်တွေဖြစ်လာပြီး ဘုရားသခင်ရဲ့ ရန်သူတွေဖြစ်လာကြတယ်။ ဘုရားသခင်က ဝိညာတော်အနေနဲ့ တိုက်ရိုက်လာပြီး အလုပ်လုပ်ရင် ငါတို့ရဲ့ ညစ်ညမ်းမှု၊ ဖောက်ပြန်ပျက်စီးမှုကြောင့် ငါတို့ကို အကုန် သေအောင်ရိုက်ပစ်မှာပါ။ လူတစ်ယောက်မှတောင် လွတ်မှာမဟုတ်ဘူး။ ကယ်တင်ခြင်းကို ရဖို့ဆိုတာ ထားလိုက်တော့။ ဓမ္မဟောင်းကျမ်းထဲမှာ မှတ်တမ်းတင်ထားသလိုပဲ၊ ဒါဝိဒ်ကဣသရေလတွေကို ယုဒပြည် ဗာလာမြို့ကနေ ဦးဆောင်ခေါ်သွားပြီး ဘုရားသခင်ရဲ့ ပဋိညာဉ်သေတ္တာကို သယ်လာတဲ့အခါမှာ နွားတစ်ကောင်က ခြေချော်သွားတာကြောင့် သြဇက ယိုင်သွားပြီး သူ့လက်ကိုဆန့်ပြီး သေတ္တာကိုထိလိုက်တော့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ရဲ့ ရိုက်ခြင်းကိုခံရပြီး သေသွားခဲ့တယ်။ ပဋိညာဉ်သေတ္တာက အဲဒီအချိန်တုန်းက ဘုရားသခင်ကို ကိုယ်စားပြုပါတယ်။ ဘုရားသခင်က သန့်ရှင်းမြင့်မြတ်တယ်။ ဒါကြောင့် ရွံစရာကောင်းတဲ့ လူက သေတ္တာကို ဘယ်လိုလုပ်ထိလို့ရမလဲ။ သြဇက စိတ်ကောင်းရှိပေမဲ့ ဘုရားသခင်ကို သူ ထိခိုက်စော်ကားခဲ့တာကြောင့် ရိုက်ခံရပြီး သေခဲ့ရတယ်။ ဓမ္မသစ်ကျမ်းမှာတော့ လူအများနဲ့လိမ်ဆက်ဆံတဲ့ လက်ထပ်ပြီး အမျိုးသမီးတစ်ယောက်ဟာ အဖမ်းခံရပြီး သူ့ကို သခင့်ရှေ့ကို ယူလာခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သခင်က သူ့အပြစ်တွေအတွက် သူ့ကို စီရင်ခြင်းမလုပ်ရုံတင်မကဘဲ ခွင့်လွှတ်ခဲ့တယ်။ အမျိုးသမီးကို ဝန်ချပြီး နောင်တရဖို့ပြောတယ်။ နောက်ထပ် အပြစ်မလုပ်တော့ဖို့ပြောတယ် လို့ မှတ်တမ်းတင်ထားတယ်။ ဒီဥပမာနှစ်ခုကနေ ငါတို့မြင်နိုင်တာက ပညတ်တော်ခေတ်မှာ ဘုရားသခင်က ဝိညာဉ်တော်ကနေတစ်ဆင့် အလုပ်လုပ်ခဲ့ပြီး ဝိညာဉ်တော်ဟာ ရွံရှာစရာကောင်းတဲ့ လူသားမျိုးနွယ် ဖြစ်တည်ဖို့အတွက် ခွင့်ပြုမှာမဟုတ်သလို သူ့ကို ထိခိုက်စော်ကားဖို့လည်း ခွင့်ပြုမှာမဟုတ်ဘူး။ ဘယ်လိုထိခိုက်စော်ကားမှုမျိုးမဆို သေခြင်းပဲ။ ဒါပေမဲ့ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ဟာ အရင်နဲ့မတူတော့ဘဲ လူ့ဇာတိအနေနဲ့အလုပ်လုပ်တယ်။ သူဟာ လူတွေရဲ့ တကယ့်အခြေအနေတွေနဲ့ သူတို့ရဲ့အခြေအနေတွေရဲ့ တကယ့်အကြောင်းအရာအပေါ် မှီခိုပြီး မတူညီတဲ့ ချဉ်းကပ်မှုမျိုးတွေ ပြုလုပ်နိုင်ခဲ့တယ်။ ဆိုလိုတာကတော့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဟာ လူသားရဲ့အားနည်းချက်တွေအပေါ် နားလည်မှုကို ပြသနိုင်တယ်။ ဒါမှသာ လူတွေက နောင်တရဖို့ အခွင့်အလမ်းရှိမယ်။ ဒါကြောင့် လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့ အမှုတော်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အပေါ်မှာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ရဲ့ တိုက်ရိုက်အလုပ်လုပ်မှုထက်ပိုပြီး အကျိုးကျေးဇူးဖြစ်စေတယ်။ အဲဒီလိုပဲ အခုအချိန်မှာ ငါတို့အပြစ်တွေက ပညတ်တော်ခေတ်ကလူတွေထက် ပိုများပြီး အဲဒီလူတွေက သောဒုံမြို့ကလူတွေထက် ပိုများတယ်။ မေထုန်မှီဝဲမှုတွေ၊ ဆိုးယုတ်မှုတွေနဲ့ ဘုရားသခင်ကို ပုန်ကန်မှုတွေ အားလုံးက အမြင့်ဆုံးကို ရောက်ခဲ့ကြတယ်။ ဥပမာ သခင့်ကို ယုံကြည်တဲ့ ငါတို့ ညီအစ်ကိုမောင်နှမတွေကိုကြည့်ပေါ့။ ငါတို့က သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းကို ခံခဲ့ကြပြီးဖြစ်ပေမဲ့ ငါတို့ရဲ့ အပြစ်ပြုတတ်တဲ့သဘာဝဟာ ငါတို့အတွင်းမှာ အမြစ်တွယ်နေဆဲဖြစ်တာကြောင့် နေ့မှာ အပြစ်လုပ်ပြီး ညကျရင် ဝန်ချတဲ့ အသက်တာတွေမှာ အသက်ရှင်နေကြဆဲဖြစ်တယ်။ တချို့လူတွေက အပြင်ပန်းကနေကြည့်ရင် နှိမ့်ချပြီး သည်းခံတယ်လို့ မြင်ရတယ်။ တကယ်တော့ သူတို့ဟာ အချင်းချင်း ကြံစည်ပြီး အကွက်ဆင်ကြတယ်။ မနာလိုတဲ့ အငြင်းပွားမှုတွေဖြစ်ပြီး အချင်းချင်း အကောက်ကြံလိမ်လည်ဖို့ ကြိုးစားကြတယ်။ အဖျက်သဘောဆောင်ပြီး အားနည်းတဲ့ ညီအစ်ကိုမောင်နှမတွေအများကြီးရှိပါတယ်။ နောက်ပြီး သူတို့ရဲ့ ယုံကြည်ခြင်းနဲ့ စာနာမှုတို့ဟာ တဖြည်းဖြည်းချင်း အားနည်းလာတယ်။ စဉ်းစားကြည့်စမ်းပါ။ ဒီလိုမျိုးနဲ့ ဖျက်စီးခံထားရတဲ့အခါမှာ ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို လုပ်ဆောင်ဖို့ သူ့ရဲ့ဝိညာဉ်တော်ကို အသုံးပြုခဲ့ရင် ငါတို့က ဖျက်ဆီးခံရပြီးတာ ကြာလောက်ပြီ မဟုတ်ဘူးလား။ ဒါကြောင့် ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့လိုအပ်ချက်နဲ့အညီ၊ လူသားတွေ ဖောက်ပြန်ပျက်စီးတဲ့ အဆင့်နဲ့အညီ ငါတို့ကြားထဲမှာအလုပ်လုပ်ဖို့အတွက် လူ့ဇာတိခံယူပြီး နောက်တစ်ခါ ကြွလာခဲ့တာပါ။ ဘုရားသခင်က သူ့ရဲ့အမှုတော်ကို လုပ်ဆောင်ဖို့အတွက် လူ့ဇာတိခံယူခြင်းကသာ ငါတို့ရဲ့ အားနည်းချက်တွေအပေါ် နားလည်မှုကို သူ ပြသနိုင်ပြီး ငါတို့ကို နောင်တရပြီး ကယ်တင်ခံရတဲ့အခွင့်အရေးကိုရစေမှာဖြစ်ပါတယ်။”

ကျင်းလင်သည် ဤသို့ မိတ်သဟာယဖွဲ့သည်ကို ကျွန်မ ကြားရသည့်အခါ ကျွန်မသည် အလွန်ပင် ခံစားရသည်။ ဘုရားသခင်လုပ်ဆောင်သည့် အမှုတော်တိုင်းသည် သူ၏ ချစ်ခြင်းမေတ္တာပါဝင်သည်။ “ဘုရားသခင်ဟာ သူ့ရဲ့အမှုတော်ကိုလုပ်ဆောင်ဖို့ လူ့ဇာတိခံယူခြင်းက ဝိညာဉ်တော်ကနေတစ်ဆင့် လုပ်ဆောင်ခြင်းထက် လူသားတွေအပေါ် အကျိုးကျေးဇူးက တကယ်ကို အများကြီးပိုကောင်းတယ်ဆိုတာ အခု ငါ နားလည်ပြီ။ ငါတို့က ဖော်ပြန်ပျက်စီးတာကြောင့် ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် အရိုက်ခံရပြီးသေဖို့ မလိုအပ်တော့ဘူး။”

ထိုအချိန်ခဏတွင် ကျင်ချီသည် ပျော်ရွှင်စွာဖြင့် ကျင်းလင်ကိုပြောလိုက်သည်။ “ဝိန်ဝိန်က နားလည်တယ်နော်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။”

လူ့ဇာတိခံယူခြင်း၏အရေးပါမှု

ကျင်းလင်သည်လည်း ပျော်ရွှင်စွာဖြင့်ပြောသည်။ “ဟုတ်တယ် ဝိန်ဝိန်။ ဘုရားသခင် လူ့ဇာတိခံယူခြင်းနဲ့ ပတ်သက်ပြီး နောက်ထပ် အရေးပါတာတစ်ခုရှိတယ်။ နောက်ထပ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်ကို ဖတ်ရအောင်။”

ကျွန်မ ဖတ်လိုက်သည်- “လူသားသည် ခရစ်တော်ကိုမြင်သောအခါ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထား၊ သူ၏ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ ထုတ်ဖော်ခြင်းခံရပြီး၊ ဤအချိန်တွင် ထုတ်ဖော်ခြင်းခံရသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့သည် အခြားအချိန်ထက်ပို၍ အသေအချာ ပြည့်စုံစွာ ပေါ်လွင်နေလိမ့်မည်။ ဤသည်မှာ ခရစ်တော်သည် လူသားတော်ဖြစ်ပြီး သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသည့် လူသားတော်ဖြစ်သဖြင့် လူတို့သည် သူ့ကိုရိုသေခြင်းမရှိ၊ လေးစားခြင်းလည်း မရှိသောကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌ အသက်ရှင်သည့်အတွက် လူသား၏ ပုန်ကန်မှုသည် အလွန်စေ့စေ့စပ်စပ်နှင့် အသေးစိတ် ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ခံရခြင်းဖြစ်၏။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းက လူသားမျိုးနွယ်၏ ပုန်ကန်မှုအားလုံးကို တူးဖော်ပြသခဲ့ပြီး လူသားမျိုးနွယ်၏ သဘောသဘာ၀ကို အထင်းသား ပေါ်လွင်စေခဲ့ပြီဟု ငါဆို၏။ ဤအရာကိုကျားတစ်ကောင်ကို တောင်အောက်သို့ဆင်းလာအောင် ဖျားယောင်းခြင်းနှင့်ဝံပုလွေ တစ်ကောင်ကို သူ၏တွင်းအပြင်သို့ ထွက်လာအောင် သွေးဆောင်ခြင်းဟု ခေါ်သည်။”

ဤအရာကို ဆင်ခြင်စဉ်းစားလျှက် ကျွန်မသည် တိတ်ဆိတ်စွာဖြင့် ဤသို့ပြောသည်။ “‘ကျားတစ်ကောင်ကို တောင်အောက်သို့ဆင်းလာအောင် ဖျားယောင်းခြင်း’ နှင့် ‘ဝံပုလွေ တစ်ကောင်ကို သူ၏တွင်းအပြင်သို့ ထွက်လာအောင် သွေးဆောင်ခြင်း’ ဟု ခေါ်သည်။”

ကျင်းလင်သည် ရယ်လျှက် ပြောသည်။ “ဒီ နှုတ်ကပတ်တော်တွက တော်တော်ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်ကို ပြပေးတယ်။ ဘုရားသခင်ကိုယ်တော်တိုင်က ကမ္ဘာပေါ်ကို ပုံမှန်၊ သာမန် ကိုယ်ခန္ဓာနဲ့ ကြွလာတယ်။ ငါတို့က ဘုရားသခင်ကို မသိတာကြောင့် အယူအဆတွေ၊ စိတ်ကူးထင်မြင်မှုတွေ အများကြီး ဖော်ပြကြပြီး ပုန်ကန်ခြင်း၊ အာခံခြင်းတွေလည်း ဖော်ပြကြတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ သူ့ရဲ့ ဒီခေတ်ကာလကို အဆုံးသတ်ဖို့အတွက် အမှုတော်ကို လုပ်ဆောင်ဖို့အတွက ဝိညာဉ်တော်ကနေတစ်ဆင့် ကြွရောက်လာရင် လူတိုင်းက မြေကြီးပေါ်လဲပြီး ပျပ်ဝပ်နေကြလိမ့်မယ်။ အဲဒီအချိန်မှာ ဘယ်သူက သူ့ကို ပုန်ကန်တာ ဒါမှမဟုတ် အာခံတာမျိုး လုပ်ရဲမှာလဲ။ ကောင်းခြင်းနဲ့ဆိုးခြင်းကို ဘယ်လို ခွဲခြားနိုင်တော့မလဲ။ ဒါကြောင့် ဘုရားသခင်က ဒီအမှုတော်ကို လုပ်ဆောင်ဖို့အတွက် သူ့ရဲ့ဝိညာဉ်တော်ကိုအသုံးပြုခဲ့ရင် လူတွေရဲ့ အယူအဆတွေ၊ ပုန်ကန်မှုတွေနဲ့ အာခံမှုတွေကို ဖော်ထုတ်နိုင်မှာမဟုတ်ဘူး။ ဘုရားသခင်ကိုယ်တော်တိုင်က ကမ္ဘာပေါ်ကို ကြွလာပြီး ပုံမှန်၊သာမန်ကိုယ်ခန္ဓာကိုယူပြီး လူရဲ့ အတွင်းက အယူအဆတွေ၊ ပုန်ကန်မှုတွေကို ဖော်ထုတ်မှသာ လူကို တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်မယ်။ အဲဒါအခါမှ ကိုယ်တော်ဟာ နှုတ်ကပတ်တော်အားဖြင့် လူတွေကို စိတ်နှလုံးကနေ လက်ခံယုံကြည်အောင် ပြုလုပ်နိုင်မယ်။ အဲဒီအခါကျမှ ကိုယ်တော်ကို နာခံသူတွေ၊ လက်ခံသူတွေဟာ ကယ်တင်ခြင်းကို ရရှိနိုင်မှာဖြစ်ပြီး ကိုယ်တော်ကို ပုန်ကန်တဲ့သူတွေ၊ အာခံသူတွေဟာ အပြစ်ဒဏ်ခတ်ခြင်းကို ခံရမယ်။ လူ့ဇာတိခံယူတဲ့ဘုရားသခင်ဟာ သာမန်ဖြစ်ပြီး စစ်မှန်မယ်၊ လူတွေရဲ့ အယူအဆတွေနဲ့ မကိုက်ဘူးဆိုမှသာ သူတို့ရဲ့ ပုန်ကန်မှု၊ အာခံမှုတို့ကို ဖော်ထုတ်နိုင်မယ်။ အဲဒီအခါကျမှ ဘုရားသခင်ဟာ အချက်အလက်တွေကို ဖမ်းယူမယ်၊ ကောင်းခြင်းကို ဆိုးယုတ်ခြင်းကနေ ခွဲယူနိုင်မယ်၊ အဆုံးမှာ လူတွေကို သူတို့အမျိုးအစားတွေအတိုင်း ခွဲခြားဖို့ဖြစ်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ရရှိနိုင်မယ်၊ ကောင်းခြင်းကို ချီးမြှောက်ပြီးဆိုးယုတ်ခြင်းကို ဒဏ်ခတ်နိုင်မယ်။ ဒါကြောင့် ဒါဟာ ဘုရားသခင်ရဲ့အမှုတော်ရဲ့ ဉာဏ်ပညာဖြစ်ပြီး သူ့ရဲ့ ဖြောင့်မတ်ခြင်းဆိုတာ မြင်နိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်က လူ့ဇာတိခံယူပြီး သူ့ရဲ့အမှုတော်ကို ကိုယ်တော်တိုင်လုပ်ဆောင်မှသာ ဘုရားသခင်ဟာ လူတွေကို ပိုပြီး အပြည့်အဝ၊ နှံ့နှံ့စပ်စပ် ဖော်ထုတ်နိုင်မယ်။ လူတွေကို အုပ်စိုးဖို့ဖြစ်တဲ့ သူ့ရဲ့ဦးတည်ချက်ကို ရရှိနိုင်ပါမယ်။ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက် လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဟာ ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုထက်ပိုပြီး အကျိုးဖြစ်စေပါတယ်။”

ထိုအချိန်ခဏတွင် ကျွန်မ၏ စိတ်နှလုံးနှင့် အမြင်တို့ ပွင့်သွားခဲ့ပြီး ရယ်မောလျှက် ပြောလိုက်သည်။ “ငါ အခု နားလည်ပြီ။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အနေနဲ့ ငါတို့ရဲ့ လိုအပ်ချက်တွေကြောင့် ဘုရားသခင်ဟာ သူ့ရဲ့အမှုတော်ကိုလုပ်ဆောင်ဖို့ လူ့ဇာတိခံယူခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်း နည်းလမ်းနဲ့သာ ကိုယ်တော်ဟာ လူသားရဲ့ ပုန်ကန်ခြင်းနဲ့ အာခံခြင်းကို ဖော်ထုတ်နိုင်မယ်။ အဲဒါမှ ကောင်းခြင်းကို ချီးမြှောက်ခြင်း၊ ဆိးယုတ်ခြင်းကို ဒဏ်ခတ်ခြင်းတို့ဖြစ်တဲ့ ကိုယ်တော်ရဲ့ ဦးတည်ချက်ကို ရရှိနိုင်မယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဒီနှုတ်ကပတ်တော်တွေက ဘုရားသခင်သာ ဖော်ပြနိုင်တဲ့ နက်နဲတဲ့အရာတွေပါပဲ။ ဘုရားသခင်က တကယ်ပဲ ပြန်လာခဲ့ပြီလို့ ငါ အခု ယုံကြည်သွားပြီ။ ဝါး ဘုရားသခင် ကြွလာခြင်းက တကယ့်ကို ကြီးကျယ်တဲ့ကိစ္စကို ငါ လုံးဝ မသိခဲ့ဘူး။ ငါ့ရဲ့ ဘုရားသခင်အပေါ် ယုံကြည်မှုက တော်တော်တုံးအတာပဲ။”

ကျင်းလင်က ပြောသည်။ “ကိုယ်တော်ရဲ့ အမှုတော်ကို လက်ခံဖို့ အရမ်းနောက်ကျမနေသေးလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။”

ကျွန်မ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

အချိန်အနည်းငယ်ကြာပြီးနောက်တွင် အစည်းအဝေးများတက်ခြင်း၊ ဧဝံဂေလိ ရုပ်ရှင်များကြည့်ရှုခြင်းတို့မှ တစ်ဆင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်ပြီး ကျွန်မ လုံးဝ သေချာသွားခဲ့သည်။ သခင်ပေါ်ထွန်းခြင်းကို ကျွန်မ ကြိုဆိုခဲ့ပြီး ကျွန်မ၏ နှလုံးသားသည် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်လာခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်တွင် ညီအစ်ကိုမောင်နှမအားလုံးတို့သည် သမ္မာတရားကို လိုက်လျှောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ကြသည်။ ဤ မိသားစုကြီးတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် မိသားစုတစ်ခုတွင် ပါဝင်ရသည့် နွေးထွေးမှုကို ကျွန်မ သိမြင်လာခဲ့သည်။ ကျွန်မ အလွန်ပင် ကျေးဇူးတင်မိသည်။

အမှာစကား ချန်ခဲ့မည်