စာရင်း

လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြားတွင် မည်သည့်ကွဲပြားမှုရှိသနည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားက ... သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း၊" (ထွက်မြောက်ရာကျမ်း ၃၃:၁၈-၂၀)

"ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင်၊ မောရှေသည် တက်လေ၏။ ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။" (ထွက်မြောက်ရာကျမ်း ၁၉: ၂၀-၂၁)

"လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏။ မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။" (ထွက်မြောက်ရာကျမ်း ၂၀:၁၈-၁၉)

"ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။ ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။" (ရှင်ယောဟန်ခရစ်ဝင် ၁၂:၂၈-၂၉)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

ဘုရားသခင်၏ လူကို ကယ်တင်ခြင်းမှာ ဝိညာဉ်တော်မှ တစ်ဆင့် သို့မဟုတ် ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်လုပ်ဆောင်သည့် နည်းလမ်းမဟုတ်ပေ၊ အကြောင်းမှာ သူ၏ ဝိညာဉ်တော်ကို လူသားသည် ထိတွေ့ နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိဘဲ လူသားသည် ချည်းကပ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သူက လူသားကို ဝိညာဉ်တော်အားဖြင့် တိုက်ရိုက် ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ ကယ်တင်ခြင်းကို ရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်က ဖန်ဆင်းခံထားရသော လူသားတစ်၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင် ခဲ့ပါက သူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်မျှ ယေဟောဝါ၏ တိမ်တိုက် အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဥ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခြင်း၏ လူသားတစ်ဦး ဖြစ်လာခြင်း အားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော် များကို သူဖြစ်လာမည်ဖြစ်သော ဇာတိပကတိအထဲသို့ ထည့်သွင်းခြင်းအားဖြင့်သာလျှင် သူ့နောက် လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏ နှုတ်ကပတ်တော်ကို ကိုယ်တိုင် ကြားနိုင်မည်၊ သူ၏ နှုတ်ကပတ်တော်ကို မြင်နိင်မည်၊ သူ၏ နှုတ်ကပတ်တော်ကို လက်ခံနိုင်မည်ဖြစ်ပြီး ယင်းသို့မှ တစ်ဆင့် အပြည့်အဝ ကယ်တင်ခြင်းကို ရရှနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက ဇာတိပကတိဖြစ်သော မည်သည့် လူသားမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့် လူသား တစ်ဦးတစ်ယောက်မျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ် လုပ်ပါက လူသည် ပြင်းစွာရိုက်နှက်ခံရလိမ့်မည် သို့မဟုတ် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံရလိမ့်မည်။

"လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။ လူသည် ဇာတိ ပကတိ ဖန်ဆင်းခံဖြစ်ပြီး လူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး သဘာဝ အားဖြင့် ခြားနားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ ဇာတိပကတိနှင့် သဟဇာတဖြစ်မှု မရှိပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့် ဆက်ဆံရေးကိုမှ တည်ဆောက်၍ မရနိုင်ပေ။ ထို့ထက်သာမက လူသည် ဝိညာဉ် တစ်ခု ဖြစ်လာနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဖန်ဆင်းခံ သတ္တဝါ များထဲမှ တစ်ခု ဖြစ်လာပြီး သူ၏ မူရင်း အလုပ်ကို လုပ်ရသည်။ ဘုရားသခင်သည် အမြင့်ဆုံး နေရာကို တက်ရောက်နိုင်သကဲ့သို့ သူကိုယ်တိုင် နှိမ့်ချခြင်းဖြင့် လူအကြားတွင် အလုပ်လုပ်ပြီး နေထိုင်၍ ဖန်ဆင်းခံ လူသား လည်း ဖြစ်လာနိုင်သည်၊ သို့သော်လည်း လူသည် အမြင့်ဆုံး နေရာသို့ မတက်နိုင်၊ ဝိညာဉ် မဖြစ်နိုင်ဘဲ သူသည် အနိမ့်ဆုံး နေရာသို့လည်း ဆင်းသက်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ အလုပ်ကို ထမ်း ဆောင်နိုင်ရန် လူ့ဇာတိကို ခံယူရသည်။ ပထမ လူ့ဇာတိ ခံယူခြင်းကဲ့သို့ပင် ဘုရားသခင်၏ ဇာတိပကတိသာလျှင် သူ၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် လူကို ရွေးနှုတ်နိုင်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် လက်ဝါးကပ်တိုင်တွင် အသေခံရန် မဖြစ်နိုင်ပေ။ ဘုရားသခင်သည် လူအတွက် အပြစ်ဖြေရာယဇ်အနေနှင့် အစေခံရန် လူ့ဇာတိကိုသာ တိုက်ရိုက် ခံယူနိုင်ပြီး၊ လူသည် ဘုရားသခင်က သူတို့ အတွက် ပြင်ဆင်ထားပေးသော အပြစ်ဖြေရာယဇ်ကို ခံယူရန် ကောင်းကင်ဘုံသို့ တိုက်ရိုက် တက်မလာနိုင်ပေ။ သို့ဖြစ်ရာ လူသည် ကျဆုံးပြီးဖြစ်ပြီး ကောင်းကင်ဘုံသို့ တက်မလာနိုင်သည့်အတွက် အပြစ်ဖြေရာယဇ်ကို ရယူရန် မဖြစ်နိုင်ဘဲ လူသားအား ဤကယ်တင်ခြင်းကို ရယူရန် အတွက် ကောင်းကင်ဘုံသို့ တက်လာရန် ခွင့်ပြုမည့်အစား ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးအကြား အပြန်အလှန် သွားလာရသည်။ သို့ဖြစ်ရာ ယေရှုသည် လူများ အကြားသို့ လာကာ လူတို့ ရိုးရှင်းစွာပင် မရရှိနိုင်သော အလုပ်ကို သူကိုယ်တိုင် လုပ်ရန် မရှိမဖြစ် လိုအပ်လာသည်။ ဘုရားသခင်က လူ့ဇာတိခံယူသည့်အခါတိုင်း ထိုသို့လုပ်ရန် မရှိမဖြစ် လိုအပ်သောကြောင့် ဖြစ်သည်။ အကယ်၍ မည်သည့် အဆင့်ကိုမဆို ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက် လုပ်ဆောင်နိုင်ခဲ့မည် ဆိုပါက သူသည် လူ့ဇာတိခံယူခြင်း၏ ဂုဏ်သိက္ခာမဲ့ခြင်းများကို ကြံ့ကြံ့ခံရန် လိုအပ်ခဲ့မည်မဟုတ်ပေ။

"လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

ထို့ကြောင့် ယင်းအလုပ်ကို ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက—ဘုရားသခင်သည် လူ့ဇာတိကို ခံယူခဲ့ခြင်း မရှိပါက၊ ယင်းအစား ဝိညာဉ်တော်က မိုးကြိုးမှ တဆင့် တိုက်ရိုက်စကားပြောခဲ့ပါက၊ လူသည် သူနှင့် ဆက်သွယ်ရန် လမ်းကြောင်း ရှိမည် မဟုတ်ပါက၊ လူသည် သူ၏ စိတ်သဘောထားကို သိနိုင်ပါမည်လား။ ဝိညာဉ်တော် တစ်ပါးတည်း သာလျှင် အလုပ်လုပ်ခဲ့ပါက လူသည် ဘုရားသခင်၏ စိတ်သဘောထားကို သိလာရန် လမ်းရှိမည်မဟုတ်ခဲ့ပေ။ သူလူ့ဇာတိ ခံယူတော်မူသော အခါတွင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာသောအခါတွင်၊ သူသည် လူ့ဇာတိမှတဆင့် သူ၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြသော အခါတွင်သာ၊ သူတို့ကိုယ်တိုင် သူတို့၏ မျက်စိဖြင့် မြင်ခဲ့ပါက လူများသည် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်နိုင်လိမ့်မည်။ ဘုရားသခင် သည် လူအများကြားတွင် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်သည်။ သူသည် ထိတွေ့နိုင်သည်၊ လူသည် သူ၏ စိတ်သဘောထားကို အမှန်တကယ် ထိတွေ့နိုင်သည်၊ သူ၏အရာအားလုံးနှင့် ဖြစ်တည်ခြင်းကို ထိတွေ့နိုင် သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် လူသည် သူ့ကို အမှန်တကယ် သိလာနိုင်ပါသည်။

"ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)" မှ

ဇာတိခန္ဓာ၌ပြုသော ဘုရားသခင်၏အမှုတွင် တွေးထင်မထားနိုင်သော အခက်အခဲများစွာ ပါဝင်သော်လည်း ယင်းအမှု၏ နောက်ဆုံး၌ရရှိမည့် အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှုများထက် သာလွန်များပြားသည်။ ဇာတိခန္ဓာ၏ အမှုတွင် များစွာသော အခက်အခဲများ ပါဝင်သည်။ ထို့အပြင် ဇာတိခန္ဓာသည် ၀ိညာဉ်တော်နည်းတူ သြဇာအာဏာကို ပိုင်ဆိုင်ရန် မဆိုထားနှင့် ဝိညာဉ်တော်ကဲ့သို့ ကြီးမြတ်သည့် တူညီသော အဆင့်အတန်းကို မရရှိနိုင်၊ ဝိညာဉ်တော်ကဲ့သို့ တူညီသော သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်နိုင်ပေ။ သို့သော်လည်း ထူးခြားမှုမရှိသော ဤဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ အနှစ်သာရသည် ဝိညာဉ်တော်ဖြင့် တိုက်ရိုက်လုပ်ဆောင်သော အမှုထက်သာ၍ ကြီးမြတ်လှပြီး ဤဇာတိခန္ဓာ ကိုယ်တော်တိုင်သည် လူသားတို့ လိုအပ်ချက်အားလုံး၏ အဖြေဖြစ်လေသည်။ ကယ်တင်ခြင်းခံရမည့် သူများအားလုံးအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် ဇာတိခန္ဓာထက် သာ၍ သေးငယ်သည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာတို့ အားလုံးအပေါ်၌ လွှမ်းခြုံနိုင်သော်လည်း ဇာတိခန္ဓာ၏ အမှုသည် သူနှင့် အဆက်အသွယ်ရှိသော သူအားလုံးအတွက် ပို၍ထိရောက်စွာ ပတ်သက်အကျုံးဝင်လေသည်။ ထို့အပြင် ထိတွေ့နိုင်သော သဏ္ဌာန်တော်နှင့် ဘုရားသခင်၏ ဇာတိခန္ဓာကို လူသားအနေဖြင့် ပို၍နားလည်ကာ ပို၍ယုံကြည်နိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို ပို၍နက်ရှိုင်းစေနိုင်ကာ၊ ဘုရားသခင်၏ လုပ်ဆောင်ချက်အမှန်များနှင့်ပတ်သက်၍ ပို၍လေးနက်သော ထင်မြင်ချက်များကို လူသားတို့ထံတွင် ချန်ထားခဲ့နိုင်ပါသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ဖုံးကွယ်နေပြီး၊ သေမျိုးဖြစ်သည့် လူသားတို့အတွက် နားလည်ရန်ခက်ခဲလှကာ၊ တွေ့မြင်နိုင်ရန် ပို၍ပင်ခက်ခဲသဖြင့် သူတို့သည် အနှစ်သာရမဲ့သော ထင်မြင်ချက်များအပေါ်တွင်သာ မှီခိုနိုင်သည်။ သို့ရာတွင် ဇာတိခန္ဓာ၏ အမှုသည် သာမန်ဖြစ်ပြီး၊ အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော အသိဉာဏ်ရှိကာ လူသား၏ ခန္ဓာမျက်လုံးဖြင့် မြင်တွေ့နိုင်သည့် အချက်ဖြစ်သည်။ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင် တွေ့ကြုံခံစားနိုင်ကာ များပြားလှသော သူ၏ စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်တော့ပေ။ ဤသည်မှာ ဇာတိခန္ဓာထဲရှိ ဘုရားသခင် အမှု၏ တိကျ၍စစ်မှန်သော တန်ဖိုးဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့မမြင်နိုင်သော အရာများကိုသာ လုပ်နိုင်ပြီး လူတို့ တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာ- ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ဝိညာဉ်တော် လှုပ်ရှားထိတွေ့ခြင်းနှင့် ဝိညာဉ်တော်၏ လမ်းညွှန်ခြင်းတို့ကိုသာ ပြုနိုင်သည်။ သို့ရာတွင် စိတ်နှလုံးရှိသော လူသားတို့အတွက် ဤအရာတို့သည် ရှင်းလင်းသော အဓိပ္ပာယ်ကို မထောက်ပံ့ပေးနိုင်ချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးအပ်ပြီး စကားလုံးများဖြင့် ညွန်ကြားချက်တစ်ခုကို မပေးအပ်နိုင်ပေ။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အမှုမှာမူ အလွန်ပင် ကွာခြားသည်။ ထိုအမှု၌ တိကျသော လမ်းညွှန်သည့် စကားလုံးများရှိပြီး၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ပန်းတိုင်တို့ရှိသည်။ သို့ဖြစ်၍ လူတို့သည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုနှင့် စမ်းတဝါးဝါးပင် သွားလာနေစရာ သို့မဟုတ် သူတို့အတွေးအထင်များကို အသုံးပြုစရာ မလိုတော့ပေ။ ဤသည်မှာ ဇာတိခန္ဓာ၏အမှုနှင့် ဝိညာဉ်တော်၏ အမှုတို့ ကြီးမားစွာကွာခြားမှုအပေါ် ရှင်းပြချက်ဖြစ်သည်။ ဝိညာဉ်တော်၏ အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွက်သာ သင့်လျော်ပြီး၊ ဇာတိခန္ဓာ၏ အမှုကို အစားမထိုးနိုင်ပေ။ ဇာတိခန္ဓာ၏ အမှုသည် ဝိညာဉ်တော်၏ အမှုထက် လူသားကို ပို၍တိကျပြီး လိုအပ်သော ပန်းတိုင်များ၊ ပို၍စစ်မှန်တန်ဖိုးရှိသော အသိပညာများ ပေးသည်။ ဖောက်ပြန်ပျက်စီးသော လူသားအတွက် အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုမှာ တိကျသော စကားများ၊ လိုက်လျှောက်ရန် ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသော အမှုဖြစ်ပြီး မြင်တွေ့နိုင်ကာ ထိတွေ့နိုင်သော အမှုဖြစ်သည်။ လက်တွေ့ကျသော အမှုနှင့် အချန်မီ လမ်းညွှန်မှုတို့သည်သာလျှင် လူသား၏အကြိုက်တို့နှင့် သင့်လျော်ပြီး၊ စစ်မှန်သော အမှုသာလျှင် လူကို သူ၏ ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံယူသော ဘုရားသခင်ထံမှသာလျှင် ရရှိနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် လူသား၏ ယခင်က ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ လူသားကို ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲအနှစ်သာရဖြစ်သော်လည်း ဤသို့သောအမှုကို သူ၏ ဇာတိခန္ဓာဖြင့်သာ လုပ်ဆောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်းသာ အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ သိသာသော အမှန်တရားဖြစ်သည်။

"ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်" မှ

သမ္မာတရားကိုရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းမှုကို တောင့်တသောသူအားလုံးအတွက် ၀ိညာဉ်တော်၏အမှုသည် စိတ်ထိတွေ့မှု သို့မဟုတ် ဗျာဒိတ်တော်နှင့် ရှင်းမပြနိုင်သော၊ တွေးထင်မထားနိုင်သော အံ့သြဖွယ်ခံစားချက်နှင့် ကြီးမြတ်သော၊ မြင့်မြတ်သော၊ နှစ်လိုဖွယ်ကောင်းသော ခံစားချက်တို့ကိုသာ ထောက်ပံ့ပေးနိုင်သည်၊ သို့သော်လည်း ထိုအရာသည် အားလုံးအတွက် ရယူရန်မဖြစ်နိုင်၊ မရရှိနိုင်သောအရာလည်း ဖြစ်သည်။ လူသားနှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူတို့ကြားတွင် ကြီးမားသော အကွာအဝေးတစ်ခု ရှိဘိသည့်အလား တစ်ဦးနှင့်တစ်ဦး အဝေးမှသာ ကြည့်နိုင်ကြပြီး၊ မမြင်ရသော အပိုင်းအခြားတစ်ခုက ခွဲခြားထားသည့်နှယ် သူတို့သည် မည်သည့်အခါမှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင်မူ ယင်းသည် ဝိညာဉ်တော်က လူသားကိုပေးသော အထင်မှားစေသည့်အရာ တစ်ခုဖြစ်သည်။ အကြောင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတည်း တစ်စားတည်း မဟုတ်သောကြောင့် ဖြစ်ပြီး၊ ဝိညာဉ်တော်နှင့် လူသားသည် တူညီသော လောကကြီးထဲတွင် မည်သည့်အခါမှ ယှဉ်တွဲနေထိုင်နိုင်မည် မဟုတ်သောကြောင့် ဖြစ်ကာ၊ ဝိညာဉ်တော်၌ လူနှင့်ဆိုင်သောအရာ ဘာမျှမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားထံတွင် ဝိညာဉ်တော်လိုအပ်ချက် မရှိပေ။ အကြောင်းမှာ ဝိညာဉ်တော်သည် လူသားတို့က အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက်မဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။ ဇာတိခန္ဓာ၏အမှုသည် လူသားတို့ကို မီအောင်လိုက်ရမည့် စစ်မှန်သော ရည်ရွယ်ချက်များ၊ ရှင်းလင်းသော စကားလုံးများနှင့် ဘုရားသခင်သည် စစ်မှန်ကာ ပုံမှန်ဖြစ်ကြောင်း၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသောခံစားမှု စသည်တို့ကို ပေးသည်။ လူသားသည် သူ့ကိုကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း လူအများစုအတွက် သူသည် နားလည်ဆက်စပ်နိုင်ရန် လွယ်ကူသည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကိုမြင်တွေ့နိုင်၊ သူ၏အသံကိုကြားနိုင်ပြီး သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤဇာတိခန္ဓာသည် လူသားတို့အတွက် ချဉ်းကပ်နိုင်သည်ဟု ခံစားရပြီး၊ ဝေးကွာခြင်း၊ နားမလည်နိုင်ခြင်းမရှိဘဲ၊ ဤဇာတိခန္ဓာသည် လူသားတို့နှင့် တူညီသောကမ္ဘာလောကကြီးတွင် ရှိနေသဖြင့် မြင်နိုင် ထိတွေ့နိုင်ပေသည်။

"ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်" မှ

ဘုရားသခင်က လူ့ဇာတိ မဖြစ်ခင်တုန်းက သူပြောတဲ့အရာအများစုကို လူတွေ နားမလည်ခဲ့ကြဘူး။ အဲဒါတွေက လုံးဝ ဘုရားရဲ့သဘောသဘာဝကနေ လာတဲ့အတွက်ကြောင့်ပါ။ သူပြောတာရဲ့ ရှုထောင့်နဲ့ အကြောင်းအရာက လူသားမျိုးနွယ်အတွက် မမြင်နိုင်၊ လက်လှမ်းမမီနိုင်ဘူး။ အဲဒါတွေကို လူတွေမမြင်နိုင်တဲ့ ဝိညာဉ်နယ်ပယ်ကနေ ဖော်ပြတာပါ။ လူ့ဇာတိမှာနေထိုင်တဲ့ လူတွေအတွက်က ဝိညာဉ်နယ်ပယ်ကို ဖြတ်မသွားနိုင်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီးနောက်မှာ သူဟာ လူသားမျိုးနွယ်ကို လူသားရဲ့ ရှုထောင့်ကနေ စကားပြောခဲ့တယ်။ သူထွက်ပေါ်လာပြီး ဝိညာဉ်နယ်ပယ်ရဲ့ အတိုင်းအတာကို ကျော်လွန်သွားခဲ့တယ်။ သူဟာ လူသားမျိုးနွယ်က ဘုရားသခင်ကို သိပြီးနားလည်ဖို့၊ သူတို့ရဲ့ တတ်နိုင်စွမ်းရှိတဲ့ အတိုင်းအတာအတွင်းကနေ သူလိုအပ်တဲ့ စံသတ်မှတ်ချက်တွေနဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို သူတို့တတ်နိုင်တဲ့အဆင့်အထိ နားလည်သဘောပေါက်ဖို့ လူသားတို့လက်ခံနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုရင်း လူသားတွေ စိတ်ကူးထင်မြင်လို့ရတဲ့အရာတွေ၊ သူတို့မြင်တဲ့အရာတွေ၊ သူတို့ဘဝမှာ ကြုံတွေ့ရတဲ့အရာတွေ၊ သူတို့နားလည်နိုင်တဲ့ ဘာသာစကားတစ်ခုနဲ့၊ သူတို့နားလည်နိုင်တဲ့ အသိပညာတို့ကနေတစ်ဆင့် သူ့ရဲ့ ဘုရားသခင်စိတ်သဘောထား၊ အလိုတော်နဲ့ သဘောထားတို့ကို သူဖော်ပြနိုင်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ လူ့သဘာဝထဲက အလုပ်ရဲ့ နည်းလမ်းနဲ့ စည်းမျဉ်းတွေဖြစ်တယ်။ ဘုရားသခင်ရဲ့ နည်းလမ်းတွေနဲ့ လူ့ဇာတိမှာ သူ့ရဲ့အလုပ်လုပ်ပုံ သဘောတရားတို့ဟာ လူ့သဘာဝအားဖြင့်၊ လူ့သဘာဝမှတစ်ဆင့် အများစုရရှိပေမဲ့ ဘုရားရဲ့သဘောသဘာဝနဲ့ တိုက်ရိုက်လုပ်ခြင်းအားဖြင့် မရရှိနိုင်တဲ့ ရလဒ်တွေကို အမှန်တကယ် ရရှိခဲ့တယ်။

"ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃" မှ

ဒါဟာ ဘုရားသခင်က လူ့ဇာတိဖြစ်လာခြင်းရဲ့ အားသာချက်ပဲ။ သူဟာ လူသားမျိုးနွယ်ရဲ့ အသိပညာရဲ့ အားသာချက်ကို ယူပြီး လူတွေကို စကားပြောဖို့၊ သူ့အလိုတော်ကို ဖော်ပြဖို့ လူသားရဲ့ဘာသာစကားကို အသုံးပြုနိုင်ခဲ့တယ်။ သူဟာ လူသားရဲ့ ဘာသာစကားနဲ့ လူတွေ နားလည်ဖို့ခက်ခဲတဲ့ သူ့ရဲ့ အလွန်ကြီးမြတ်ပြီး၊ ဘုရားသဘောသဘာဝနဲ့သက်ဆိုင်တဲ့ ဘာသာစကားကို လူသားရဲ့နည်းလမ်းနဲ့ လူသားတို့ကိုရှင်းပြခဲ့တယ်၊ သို့မဟုတ် "ဘာသာပြန်ခဲ့တယ်။" ဒါက သူ့ရဲ့အလိုတော်ကို လူတွေနားလည်ပြီး သူလုပ်ချင်တဲ့အရာကို လူတွေ သိစေဖို့ ကူညီခဲ့တယ်။ သူဟာ လူသားရဲ့ရှုထောင့်ကနေ၊ လူသားဘာသာစကားကိုအသုံးပြုရင်း လူတွေနဲ့ စကားပြောဆိုနိုင်ပြီး သူတို့နားလည်တဲ့ နည်းလမ်းနဲ့ လူတွေကို ဆက်သွယ်ပြောဆိုခဲ့တယ်။ လူတွေက ဘုရားသခင်ရဲ့ ကြင်နာခြင်းနဲ့ နီးစပ်ခြင်းကို ခံစားနိုင်ဖို့အတွက်၊ သူ့နှလုံးသားကို သူတို့ မြင်နိုင်ဖို့အတွက် သူဟာ လူသားရဲ့ဘာသာစကားနဲ့ အသိပညာကိုအသုံးချပြီး ပြောဆိုလုပ်ကိုင်နိုင်ပါသေးတယ်။

"ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃" မှ

ဝိညာဉ်တော်မှလုပ်ဆောင်သော အမှုသည် သွယ်ဝိုက်ညွှန်းဆိုရာကျပြီး၊ နားလည်ရန်ခက်ခဲလွန်းလှသည်။ ယင်းသည် လူသားအတွက် ကြောက်မက်ဖွယ်ကောင်းပြီး ချဉ်းကပ်ရန်ခက်ခဲသည်။ ဝိညာဉ်တော်သည် ကယ်တင်ခြင်းအမှုကို တိုက်ရိုက် လုပ်ဆောင်ရန် မသင့်တော်ပေ။ လူသားထံ အသက်ကို တိုက်ရိုက်ထောက်ပံ့ပေးရန်လည်း မသင့်တော်ပေ။ လူသားအတွက် အသင့်တော်ဆုံးမှာ ဝိညာဉ်တော်၏အမှုကို လူသားနှင့် နီးစပ်သည့် နည်းလမ်းသို့ အသွင်ပြောင်းလိုက်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူသားအတွက် အသင့်လျော်ဆုံးအရာမှာ ဘုရားသခင်သည် သူ၏အမှုကိုလုပ်ဆောင်ရန် သာမန်၊ ပုံမှန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်ပေတည်း။ ယင်းသို့ပြုရန် ဝိညာဉ်တော်၏ အမှုကိုအစားထိုးခြင်းငှာ ဘုရားသခင်သည် လူ့ဇာတိခံယူရန်လိုအပ်သည်။ ဘုရားသခင်အမှုပြုရန် ထိုထက်ပို၍ သင့်တော်သော နည်းလမ်းမရှိတော့ပေ။

"ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်" မှ

ဘုရားသခင်၏ ဝိညာဉ်တော်သည် လူကို တိုက်ရိုက် စကားပြောဆိုခဲ့မည် ဆိုလျှင် သူတို့ အလုံးစုံသည် အသံကို နာခံအပ်နှံကြလိမ့်မည်၊ ဖွင့်ပြခြင်း နှုတ်ကပတ်တော်မပါရှိပဲ လဲကျကြလိမ့်မည်။ ဒမာသက် မြို့သို့ ခရီးသွားခဲ့စဉ်က ရှင်ပေါလုသည် အလင်းရောင်ထဲတွင် မြေကြီးပေါ် လဲကျသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ဤလမ်းကြောင်းအတိုင်း အလုပ်ဆက်လုပ်မည်ဆိုပါက လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ ကိုယ်တိုင် ယိုယွင်းပျက်စီးမှုကို မည်သည့်အခါမျှ သိနိုင်လိမ့်မည် မဟုတ်ပဲ ကယ်တင်ခြင်းကိုလည်း ရရှိမည်မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏ နှုတ်ကပတ် တော်များကို အားလုံး၏ နားများ ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်ခြင်းဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏ တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြ မည်။ ယင်းသည် သူ၏ နှုတ်ကပတ်တော်အားဖြင့် ရရှိသော ရလဒ်ဖြစ်ပြီး လူသားကို ဆက်ကပ်ရန် ဝိညာဉ်တော်က ခြိမ်းခြောက်ခြင်းကြောင့် ပေါ်ထွက်လာခြင်း မဟုတ်ပေ။ ယင်းသို့သော လက်တွေ့ကျပြီး ထူးခြားသော လုပ်ငန်းမှ တစ်ဆင့်သာလျှင် နှစ်ပေါင်းများစွာ အတွင်းတွင် နက်ရှိုင်းစွာ ပုန်းကွယ်နေသော လူ၏ စိတ်သဘောထား ဟောင်းများကို အပြည့်အဝ ဖော်ထုတ်နိုင်ကာ လူသည် ယင်းကို အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်လိမ့်မည်။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်ဖြစ်သည်၊ သူသည် နှုတ်ကပတ်တော် အားဖြင့် လူအပေါ်တွင် တရားစီရင်ခြင်း၏ ရလဒ်များ ရရှိစေသည့် နည်းလမ်းအားဖြင့် တရားစီရင်ခြင်းကို ပြောကြားပြီး လုပ်ဆောင်သည်။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုဖြစ်သည်။ … သူသည် လူ့ဇာတိကိုခံယူခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဇာတိပကတိသည်လည်း အခွင့် အာဏာကို ပိုင်ဆိုင်နိုင်သည်ဖြစ်ပြီး သူသည် လက်တွေ့ကျသော နည်းလမ်းအားဖြင့် လူသားအကြားတွင် အလုပ်များကို အကောင်အထည် ဖော်နိုင်စွမ်းရှိသည်။ ယင်းသည် လူအတွက် မြင်နိုင် ထိတွေ့နိုင်သည်။ ထိုသို့သော အလုပ်သည် အခွင့်အာဏာအလုံးစုံကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက် လုပ်ဆောင်သော မည်သည့် အလုပ်ထက်မဆို ပိုမိုလက်တွေ့ကျပြီး ရလဒ်များသည်လည်း ပိုမိုထင်ရှားသည်။ ယင်းသည် သူ ခံယူသော ဇာတိပကတိသည် လက်တွေ့ကျသော နည်းလမ်းဖြင့် ပြောဆိုနိုင်ပြီး အလုပ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ သူ့ဇာတိပကတိ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် အခွင့်အာဏာကိုမှ ဆုပ်ကိုင်ထားခြင်းမရှိပဲ လူက ချည်းကပ်နိုင် သောကြောင့်ဖြစ်သည်။ သူ၏ အချင်းအရာသည် အခွင့်အာဏာကို သယ်ဆောင်သော်လည်း သူ၏ အခွင့်အာဏာကို မည်သူမျှ မမြင်နိုင်ပေ။ သူသည် စကားပြောသောအခါနှင့် အလုပ်လုပ်သောအခါ လူသည် သူ၏ အခွင့်အာဏာ တည်ရှိမှုကို မစမ်းသပ်နိုင်ပေ။ ယင်းသည် သူ၏ အမှန်တကယ် အလုပ်အတွက် ပိုကောင်းသော အခြေအနေကို ဖြစ်စေသည်။ ပြီးလျှင် ယင်းအလုပ်အားလုံးတို့သည် ရလဒ်များ ရရှိနိုင်သည်။ မည်သူကမျှ သူသည် အခွင့်အာဏာကို ဆုပ်ကိုင်ထားသည်ကို နားမလည်၊ သို့မဟုတ် သူကို တိုက်ခိုက်၍ မရနိုင်သည်ကို မမြင်နိုင်၊ သို့မဟုတ် သူ၏ အမျက်ဒေါသကို မမြင်နိုင်သော်လည်း သူ၏ ဖုံးကွယ်ထားသော အခွင့်အာဏာနှင့် အမျက် ဒေါသနှင့် လူအများရှေ့တွင် ဟောပြောချက်များမှ တစ်ဆင့် သူသည် သူ့နှုတ်ကပတ်တော်၏ ရည်ရွယ်ထားသော ရလဒ်များကို ရရှိသည်။ တစ်နည်းဆိုရလျှင် သူ့အသံ၏ လေသံအနိမ့်အမြင့်၊ ဟောပြောချက်၏ လေးနက်မှုနှင့် သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာ အလုံးစုံမှ တစ်ဆင့် လူသည် လုံးဝဥဿုံ လက်သင့်ခံသည်။ ဤနည်း အားဖြင့် လူသည် အခွင့်အာဏာ ရှိပုံမရသော လူ့ဇာတိခံယူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆက်ကပ်ခြင်းအားဖြင့်၊ သူ၏ ရည်မှန်းချက်ဖြစ်သည့် လူသားအား ကယ်တင်ခြင်းကို ရရှိသည်။ သူ့လူ့ဇာတိ ခံယူခြင်း၏ အခြား အရေးပါသော အချက်လည်း ရှိသေးသည်။ သာ၍ လက်တွေ့ကျစွာ ပြောဆိုရန်နှင့် သူ့ နှုတ်ကပတ်တော်များ၏ လက်တွေ့သဘောကို လူသားအပေါ်သို့ သက်ရောက်မှု ရှိစေရန်၊ ထိုသို့အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သြဇာအာဏာကို သူတို့ မျက်မြင်တွေ့ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်ကို လူ့ဇာတိခံယူခြင်းမှတစ်ဆင့် မပြုလုပ်ပါက ရလဒ်အနည်းဆုံးကိုပင် ရမည်မဟုတ်ဘဲ အပြစ်သား များကို အပြည့်အဝ ကယ်တင်နိုင်မည် မဟုတ်ပေ။

"လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

အကြောင်းမှာ တရားစီရင်ခြင်းကိုခံရသည့် သူသည် ဇာတိခန္ဓာနှင့် ဖြစ်တည်သော လူသား၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသော လူသားဖြစ်ပြီး၊ တိုက်ရိုက်တရားစီရင်ခြင်း ခံရသည့်သူမှာ စာတန်၏ ဝိညာဉ်မဟုတ်ပေ။ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်မည်မဟုတ်ဘဲ လူသားတို့အကြားတွင် လုပ်ဆောင်မည်ဖြစ်သည်။ လူသား၏ ဇာတိခန္ဓာ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာထဲရှိ ဘုရားသခင်ထက် ပို၍သင့်တော်သည့် အရည်အချင်းရှိသောသူ မရှိပေ။ အကယ်၍ တရားစီရင် ဆုံးဖြတ်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တိုက်ရိုက်ဆောင်ရွက်မည်ဆိုလျှင် အရာအားလုံးကို ခြုံငုံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သောအမှုကို လူသားမှလက်ခံရန် ခက်ခဲပေမည်။ အကြောင်းမှာ လူသားသည် ပြစ်မှားစော်ကား၍ မရသော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ရှင်းလင်းစွာ တွေ့မြင်နိုင်ရန် မဆိုထားနှင့် ဝိညာဉ်တော်သည် လူသားနှင့် မျက်နှာချင်းဆိုင်၍ မရနိုင်သဖြင့် အကျိုးသက်ရောက်မှု ချက်ချင်းမရှိနိုင်ပေ။ ဇာတိခန္ဓာရှိ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။… အကယ်၍ ဤအမှုကို ဘုရားသခင်၏ဝိညာဉ်တော်မှ လုပ်ဆောင်ခဲ့ပါက ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဖြစ်လိမ့်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် နိဂိုကပင် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် နဂိုကပင် သန့်ရှင်းမြင့်မြတ်ကာ ဇာတိခန္ဓာအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ပါက၊ လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ဘဲ လူသား၏ မဖြောင့်မတ်မှုအားလုံးကို ဖော်ထုတ်နိုင်ခြင်းလည်း ရှိလိမ့်မည် မဟုတ်။ အကြောင်းမှာ တရားစီရင်သည့် အမှုကို လူသား၏ ဘုရားသခင်အပေါ်ထားသော အယူအဆများဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သတ်၍ အယူအဆများ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်သည် လူသား၏ မဖြောင့်မတ်မှုကို သာ၍ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ။ ထိုသို့သော မဖြောင့်မတ်မှုများကို အပြည့်အဝ ဖွင့်ချရန် ပို၍ပင်မစွမ်းသာပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ၏ အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက် ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်မှ တိုက်ရိုက် လုပ်ဆောင်ခြင်းမရှိဘဲ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်ကို လူသားတို့သည် မြင်တွေ့၍ ကိုင်တွယ်နိုင်ပြီး ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားကို အပြည့်အဝ သိမ်းပိုက်နိုင်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှင်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင့် အမှုတော်၏ အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရသည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်များဖြင့် ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်။ သူ့ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏ သိမ်းပိုက်ခြင်း ခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဘုရားသခင်၏ဝိညာဉ်တော် သွင်ပြင်လက္ခဏာအားဖြင့် လုပ်ဆောင်ခြင်းမဟုတ်ပေ။

"ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်" မှ

သို့ရာတွင် သင်မသိသော သမ္မာတရားတစ်ရပ် ရှိ၏- လူသားသည် ခရစ်တော်ကို မြင်သောအခါ သူ၏ ပျက်စီးသော စိတ်သဘောထားနှင့် ပုန်ကန်စိတ်နှင့် တွန်းလှန်ခြင်းတို့ ပေါ်လွင်လာပြီး ထိုသို့သောအချိန်တွင် မြင်သာလှသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ အခြားအချိန်ထက်ပို၍ လုံးဝပြည့်စုံပေါ်လွင်နေ၏။ ဤသည်မှာ ခရစ်တော်သည် လူသားဖြစ်ပြီး သာမန်လူ့သဘာဝ ရှိသဖြင့် လူသားသည် သူ့ကို ရိုသေခြင်းမရှိ၊ လေးစားခြင်းလည်းမရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ၌ အသက်ရှင်သဖြင့် လူသား၏ပုန်ကန်မှုကို လုံးဝထင်ရှားစွာ ပေါ်လွင်စေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းသည် လူသား၏ပုန်ကန်စိတ်အားလုံးကို ထွက်ပေါ်စေခဲ့ပြီး လူ့သဘာ၀ကို ရှင်းလင်းစွာ မြင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ငါဆိုသည်။ ဤသည်ကို "ကျားတစ်ကောင်ကို တောင် အောက်သို့ ဖျားယောင်းခြင်း" နှင့် "မြေခွေးတစ်ကောင်ကို ဂူအပြင်သို့ သွေးဆောင်ခြင်း" ဟု ခေါ်သည်။

"ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည်" မှ

လူ့ဇာတိခံယူသည့် ဘုရားသခင်သည် သူ၏အမှုကို တရားဝင် ဆောင်ရွက်သောအခါ လူ၏အယူအဆများသည် ဖော်ထုတ်လှန်ထားခြင်း ခံရသည်။ အကြောင်းမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းသည် လူတို့စိတ်ကူးထဲမှ မရေရာသော သဘာဝလွန်သည့် ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်တည်း။ လူသားတို့၏ မူလအယူအဆများကို လူ့ဇာတိခံယူသော ဘုရားသခင်နှင့် သူတို့၏ ဆန့်ကျင်ကွဲလွဲမှုဖြင့်သာ ထုတ်ဖော်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ လူသားတို့၏ အယူအဆများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ တစ်နည်းဆိုရသော် အမှန်တရားနှင့်နှိုင်းယှဉ်ပြခြင်းမရှိဘဲ မရေရာသော အရာများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ လုပ်နိုင်စွမ်းမရှိပေ။ ထို့အပြင် မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ ပြောနိုင်စွမ်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်နိုင်ပြီး သူ့ကိုယ်စား မည်သူကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ လူ၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ လူသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်မှုအကြောင်းကို ပြောပြနိုင်စွမ်းမရှိပေ။ ဘုရားသခင်သည် လူသားတို့အလယ်တွင် ကိုယ်တိုင် အမှုပြုကာ သူ၏ပုံရိပ်နှင့် သူ၏ဖြစ်ခြင်းကို အပြည့်အဝ ပြသမှသာလျှင် လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ တွေ့နိုင်မည်ဖြစ်သည်။ ဤရလဒ်ကို မည်သည့် ဇာတိခန္ဓာနှင့် လူကမျှ မရယူနိုင်ပေ။ ဘုရားသခင်၏ ၀ိညာဉ်တော်သည်လည်း ဤရလဒ်ကို ရယူနိုင်စွမ်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားကို စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်နိုင်သော်လည်း ဤအမှုကိုမူ ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ထို့အစား ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ ယူတင်ဝတ်ဆင်ထားသည့် ဇာတိခန္ဓာ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကသာ လုပ်ဆောင်နိုင်သည်။

"ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်" မှ

ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ သူသည် တိကျသော နှုတ်ကပတ်တော်များနှင့် တိုက်တွန်း နှိုးဆော်မှုများ၊ သူ့နောက်တော်သို့ လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျသော အလိုတော် စသည်တို့ကို ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်။ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ့နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ့အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ့အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျစွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့်အချက်တို့ကို စစ်မှန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားလိုသော လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို စွန့်ခွာသွားသည့် အခါမှသာ လူ့ဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကိုအဆုံးသတ်ကာ မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ် ယုံကြည်မှုရှိသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသော လူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်သို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးမည်။ ထိုလူ့ဇာတိခံယူသော ဘုရားသခင်သည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ကို ဘုရားသခင်မှာ စစ်မှန်ပြီးသာမန်ဖြစ်သူ၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သူ၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ခရီးလမ်းဆုံးကို ပြသသူ၊ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်သူနှင့် နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သောသူ ဖြစ်သည်ကို ဖော်ပြလိမ့်မည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ် တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်၏ရလဒ်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် အမှုဆောင်သောအခါ သူ့နောက်လိုက်များသည် မရေရာသော၊ ဒွိဟဖြစ်စေသော အရာများနောက်သို့ လိုက်လံရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားလာခြင်းတို့ကို နောက်ထပ် ပြုတော့မည် မဟုတ်ပေ။ မရေရာသော ဘုရားသခင်၏ အလိုတော်ကို ခန့်မှန်းခြင်းကိုလည်း ရပ်တန့်ပေလိမ့်မည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် သူ၏ အမှုကို ဖြန့်ဝေသောအခါ သူ့နောက်သို့လိုက်သူများသည် ဇာတိခန္ဓာဖြင့် သူလုပ်ဆောင်ခဲ့သော အမှုကို ဂိုဏ်းဂဏများနှင့် ဘာသာတရားအားလုံးသို့ လက်ဆင့်ကမ်းပြောကြားကာ၊ သူတို့သည် လူသားတစ်မျိုးနွယ်လုံး၏ နားထဲသို့ ဘုရားသခင်၏ နှုတ်ထွက်စကားများကို ဆက်သွယ်ပြောကြားလိမ့်မည်။ သူ၏ ဧဝံဂေလိကို လက်ခံရရှိသော သူတို့မှကြားနာခဲ့သော အရာအားလုံးသည် သူ့အမှု၏ စစ်မှန်သော အချက်များဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားမှ ကိုယ်တိုင်တွေ့မြင် ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်၍၊ မှန်ကန်မှုများဖြစ်ကာ ကောလာဟသများ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်မှ သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ သူ၏အမှုကို ဖြန့်ကျက်ရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များမရှိဘဲ သူ၏ဧဝံဂေလိသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးသို့ မပြန့်နိုင်ပေ။ ဤအချက်အလက်များ မရှိဘဲ လူသားတို့၏ ထင်မြင်ချက်များသာရှိပါက ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းအမှုကို မည်သည့်အခါမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် လူသားအတွက် ကိုယ်ထည်မရှိ၊ တွေ့မြင်နိုင်ခြင်းမရှိပေ။ ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင့်အမှု၏ အချက်အလက်များ သို့မဟုတ် အထောက်အထားတို့ကို ဆက်လက် ချန်ထားနိုင်စွမ်းမရှိပေ။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မည်သည့်အခါမျှ တွေ့နိုင်မည်မဟုတ်ဘဲ မတည်ရှိ၊ မရေရာသော ဘုရားသခင်ကိုသာ အမြဲတမ်းယုံကြည်နေလိမ့်မည်။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်ကို မည်သည့်အခါမျှ မတွေ့ရသလို ဘုရားသခင်ကိုယ်တိုင်ကိုယ်ကျ ပြောကြားသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။

"ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်" မှ

လူကြိုက်များသော အကြောင်းအရာ-

ဒါဆိုရင် ဒါက ဘုရားသခင်က လူ့ဇာတိခံယူပြီး ပြန်ကြွလာခြင်းရဲ့ အရေးပါမှုပေါ့

(မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ- နောက်ဆက်တွဲဇာတ်လမ်း) ဇာတ်လမ်းတို- လူ့ဇာတိခံ ဘုရားသခင်ကို ဘယ်လိုနားလည်ကြမလဲ

အမှာစကား ချန်ခဲ့မည်