စာရင်း

ဘုရားသခင်က လူသားတွေကို ဤသို့သန့်စင်ကယ်တင်ပေးခြင်းဖြစ်သည်။

အဖြေ-

ဘုရားသခင်၏ အမှုတော်ဆိုသည်မှာ မတွေးတတ်အောင် ခက်ခဲနက်နဲလွန်းပါသည်။ ဘုရားသခင်၏ ဟောကိန်းများကို မည်သူမျှ အတိအကျ မရှင်းပြနိုင်ကြပါ။ ဟောကိန်း တစ်ခု အမှန်တကယ် ဖြစ်လာချိန်မှသာ၊ လူတို့ နားလည်နိုင်ကြမည်ဟု ဆိုသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို မည်သူမျှ နားလည်နိုင်မည်မဟုတ် ဟု ဆိုလိုပါသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု ပေါ်ပေါက် ခဲ့စဉ် ကလည်း မည်သူမျှ နားမလည်နိုင် ခဲ့ကြပါ။ နိုင်ငံတော်ခေတ်၏ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်း အမှုကို လုပ်ဆောင်မည်ဖြစ်ကြောင်းကိုလည်း၊ မည်သူမျှ ကြိုပြီးနားလည်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် သမ္မာတရားကို ဖော်ပြဖို့နှင့် တရားစီရင်ခြင်းအမှု လုပ်ဆောင်ဖို့အတွက် နောက်ဆုံးသောကာလတွင် ဘုရားသခင်က လူ့ဇာတိခံယူ မည်ဖြစ်ကြောင်းကို လူများက မယုံနိုင်ကြပါ။ သို့သော်လည်း ဘုရားသခင်၏အမှု ပြီးဆုံးသည့်အခါ၊ ကမ္ဘာပျက် ကပ်ဘေးကြီးက ရောက်လာမည်ဖြစ်သည်။ ထိုအချိန်ကျမှ ဘုရားသခင်၏ မိန့်ဆိုချက်က အမှန်တကယ် ဖြစ်လာခဲ့ကြောင်းကို လူများ သိလာကြလိမ့်မည်။ သို့သော်လည်း ထိုအချိန်ကျမှ နောင်တ ရမည် ဆိုပါက အလွန်နောက်ကျ သွားလိမ့်မည်။ ကမ္ဘာပျက်ကပ်ဘေးကြီး အလယ်တွင် အံကြိတ် ငိုကြွေးရသည့် အဖြစ်ကိုသာ ရောက်ကြ ပါလိမ့်မည်။ လူများကို သန့်ရှင်းစေဖို့ ကယ်တင်ဖို့ အတွက် နောက်ဆုံးသောကာလတွင် ဘုရားသခင် က တရားစီရင်ခြင်းအမှုကို မည်သို့ လုပ်ဆောင် မည်၊ မကောင်းမှုကို အဦးဆုံး ကျော်လွှား နိုင်သူများကို မည်သို့ ရွေးနုတ်မည်၊ စသည်တို့ကို အနန္တတန်ခိုးရှင် ဘုရား၏မိန့်ဆိုချက်များကို နည်းနည်းထပ် ဖတ်ကြည့်မည်ဆိုပါက၊ ပို၍ပင် ရှင်းသွားမည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ အလိုတော်ကို သင်တွေ့မြင်သင့်ပြီး ဘုရားသခင်၏ အမှုတော်သည် ကောင်းကင်၊ မြေကြီးနှင့် ခပ်သိမ်းသောအရာများတို့အား ဖန်ဆင်းခဲ့ခြင်းလောက် ရိုးစင်းမှု မရှိသည်ဆိုခြင်းအား သင်တွေ့မြင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့လုပ်ဆောင်ရမည့် အမှုမှာ ဖျက်ဆီးခြင်းခံရခဲ့သောသူများ၊ တစ်ဖက်စွန်းရောက်အောင် ထုံတေလာကြသူများတို့အား ပြောင်းလဲရန်နှင့် ဖန်ဆင်းခံ ပြီးနောက် စာတန်၏ လုပ်ဆောင်မှု ခံရခဲ့သူများအား သန့်ရှင်းစေရန် ဖြစ်သည်၊ အလင်းပြုလုပ်ရန် သို့တည်းမဟုတ် အပင်နှင့် တိရိစ္ဆာန်တို့၏ အမျိုးမျိုးအား ဖန်ဆင်းရန်မဆိုထားနှင့် အာဒံနှင့် ဧဝတို့အား ဖန်ဆင်းရန်ပင် မဟုတ်ပေ။ ဘုရားသခင်၏ ယခုအမှုမှာ စာတန်၏ဖျက်ဆီးခြင်းခံခဲ့ရသော သူအားလုံးအား သန့်ရှင်းစင်ကြယ်စေရန်ဖြစ်ပြီး ထိုသို့အားဖြင့် ထိုသူအပေါင်းတို့အား ပြန်လည်ရယူပြီး သူပိုင်ဆိုင်သောအရာများ၊ သူ၏ ဘုန်းတော်အဖြစ် ဖြစ်လာစေရန် ဖြစ်သည်။ အဆိုပါ အမှုသည် လူသားထင်သကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကဲ့သို့ ရိုးစင်းခြင်း မရှိသည့်အပြင် ယင်းသည် လူသားထင်သကဲ့သို့ စာတန်အား အနက်ဆုံးသောတွင်းထဲသို့ ကျိန်ဆိုခြင်းနှင့်လည်း ဆင်တူခြင်းမရှိပေ။ ယင်းအစား ၎င်းသည် လူသားအား ပြောင်းလဲစေရန်၊ အဖျက်သဘောဆောင်သော အရာအား အပြုသဘောဆောင်သော အရာသို့ ပြောင်းလဲရန်နှင့် ဘုရားသခင်နှင့် မသက်ဆိုင်သော အရာအား သူ၏ ပိုင်ဆိုင်မှုအထဲသို့ သိမ်းယူရန် ဖြစ်သည်။ ယင်းသည် ဘုရားသခင် အမှု၏ ဤအဆင့်ထဲ၌ ရှိနေသည့် အတွင်းပိုင်း အကြောင်းအရာဖြစ်သည်။ ထိုအရာအား သင်သိရန် လိုအပ်ပြီး အရေးကိစ္စများကို အလေးမထားခြင်း မပြုရပေ။ ဘုရားသခင်၏ အမှုသည် မည်သည့်သာမန်အလုပ်များနှင့်မျှ မတူပေ။ ၎င်း၏ အံ့သြဖွယ်ရာ ထူးခြားမှုကို လူသား၏ စိတ်နှင့်် စိတ်ကူး၍ မရနိုင်ပေ။ ထို့အပြင် ၎င်း၏ ဉာဏ်ပညာအား ဤကဲ့သို့ မရရှိနိုင်ပေ။ သူ၏အမှု၏ ဤအဆင့်အတွင်း ဘုရားသခင်သည် အားလုံးကို ဖန်ဆင်းနေခြင်း မဟုတ်သကဲ့သို့ ၎င်းတို့ကို ဖျက်ဆီးနေခြင်းလည်း မပြုပေ။ ယင်းအစား ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းအားလုံးကို ပြောင်းလဲစေလျက်ရှိပြီး စာတန်၏ ညစ်ညူးစေခြင်းခံရခဲ့သော အရာခပ်သိမ်းကို သန့်စင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ကြီးမားသည့်ပမာဏရှိသော အမှုအား အစပြုမည်ဖြစ်ကာ၊ ၎င်းသည် ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ပေါင်းချုပ်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အမှုသည် အလွန်ရိုးရှင်းသည်ဟု သင် ယုံကြည်သလော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလေ”)

လူသား၏ ဇာတိခန္ဓာကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာဒုက္ခပေးခဲ့သည်။ ဘုရားသခင်သည် ဇာတိခန္ဓာထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်းကို ခံရသည့်အရာသည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည်လည်း လူသား၏ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသည့်အရာလည်းဖြစ်သည်။ ဤနည်းဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုသည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖျက်ဆီးခဲ့သည်၊ ဤသို့ဖြင့် လူသားသည် စာတန်၏ ပြယုဂ်တစ်ခုဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုသည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုပင်တည်း။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

အစောဆုံးလူသားမျိုးနွယ်မှာ ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖျက်ဆီးခြင်းကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်းခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမှုတွင် စာတန်သည် အနိုင်ယူရမည့်အရာ ဖြစ်လာခဲ့၏။ စာတန်က လူသားကို သိမ်းယူလိုက်သည့်အတွက်၊ ထို့ပြင် လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအားလုံး၏ အဓိကအရာဖြစ်သည့်အတွက် လူသားကို ကယ်တင်မည်ဆိုပါက သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ မူလအသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများဖြစ်သော သူ၏စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်းများအားဖြင့် စာတန်ကို အနိုင်ယူရမည်ဖြစ်၍၊ ဤနည်းအားဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသော လူသားကို စာတန်၏လက်ထဲမှ ပြန်လည်လုယူနိုင်လိမ့်မည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် အချုပ်အနှောင်တို့မှ ကင်းလွတ်ပါက စာတန်သည် အရှက်ရမည်ဖြစ်ပြီး လူသားသည် အဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ကာ စာတန်သည် ရှုံးနိမ့်လိမ့်မည်ဖြစ်သည်။ ထို့အပြင် လူသားသည် စာတန်၏ မှောင်မိုက်သောလွှမ်းမိုးမှုမှ လွတ်မြောက်ခဲ့ပြီဖြစ်၍ လူသားသည် ဤတိုက်ပွဲတစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်သွားကာ၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့် အပြစ်ဒဏ်ပေးခံရမည့်အရာ ဖြစ်သွားလိမ့်မည်။ ထို့နောက်တွင် လူသားကိုကယ်တင်ခြင်းအမှုတစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း”)

နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမိုအစွမ်းထက်ပြီး နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်မှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားလုံးကို ဖော်ထုတ်သည်။ သင်သည် သင်ကိုယ်တိုင်အားဖြင့် ထိုအရာများကို သိနားလည်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ဟထားသည့်အခါ သင်သည် အလိုအလျောက် ယင်းတို့ကို တွေ့ရှိလာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည်မဟုတ်ဘဲ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤကား နှုတ်ကပတ်တော်၏ သြဇာအာဏာမဟုတ်လော။ ယင်းသည် ယနေ့ကာလ နှုတ်ကပတ်တော်၏ အလုပ်ကြောင့် ရရှိလာသော ရလဒ်ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရခြင်းကို အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ဖြင့် မခံရနိုင်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသသခြင်းအားဖြင့်လည်း အပြည့်အဝ စုံလင်ခြင်းသို့ မရောက်နိုင်ပေ။ အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော်လည်း လူသား၏ ဇာတိပကတိသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်ပြီး လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သန့်ရှင်းခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်သည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုအားဖြင့် သန့်စင်စေခြင်းခံရသည့် အခါမှသာလျှင် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်းခံရသော လူတစ်ဦးဖြစ်လာသည်။...တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”)

............

နောက်ဆုံးသောကာလတွင် ဘုရားသခင်က လူများကို နှုတ်ထွက်စကား တစ်ခွန်းတည်းနှင့် ပြောင်းလဲစေမည့််အစား၊ လူများကို သန့်ရှင်းခြင်းနှင့် ပြည့်စုံလာစေဖို့အတွက် သမ္မာတရားကို ညွှန်ပြပြီး၊ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိကို ခံယူပါမည်။ ရှိနေသည့် သမ္မာတရားနှင့် နက်နဲမှုက နက်ရှိုင်းလွန်းပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်က လူများကို သန့်ရှင်းခြင်းနှင့်ပြည့်စုံအောင် တရားစီရင်ခြင်း အမှု နှင့် ယင်းကို မည်သို့လုပ်ဆောင်မည် ဆိုသည်မှာ ကျွန်တော်တို့ စိတ်ကူးထားသကဲ့သို့ ရိုးရိုးလေးမဟုတ်ပါ။ သခင်ယေရှုက လာဇရုကို စကားတော် တစ်ခွန်းတည်းနှင့် သေခြင်းကနေ ထမြောက်စေ ခဲ့သည်။ သို့သော်လည်း ဘုရားသခင်အတွက်မှာမူ ထိုကဲ့သို့ မဟုတ်ပါ။ ဘုရားသခင်ကို ဆန့်ကျင် ပြုမူဖို့အတွက် စာတန်၏ ဖျက်ဆီးမှုကို ခံထားရသည့် လူသားများကို သန့်ရှင်းခြင်း ဖြစ်အောင် ပြောင်းလဲရမည် ဖြစ်သည်။ ဘုရားသခင်ကို နားလည်သည့်၊ နာခံသည့် ကိုးကွယ်သည့်လူများ ဖြစ်လာအောင် ပြောင်းလဲပေးရန်မှာ ထောင်စုနှစ်တစ်ခုလုံးလုံး မကောင်းမှုများနှင့် ရှင်သန်လာခဲ့သည့် လူသား များကို နှစ် ၂၀၊ ၃၀ အတွင်းတွင် သမ္မာတရား ရှိသည့်၊ လူပီသသည့်လူများ ဖြစ်လာအောင် ပြောင်းလဲပေးရခြင်း ဖြစ်သည်။ ဤသည်မှာ စာတန်နှင့် စစ်ခင်းရခြင်းကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းသည့် အမှုဖြစ်ပါသလား။ ဘုရားသခင်က တစ်ခွန်းတည်းသော စကားနှင့် သေသူများကို ပြန်ရှင်စေပြီး၊ ကျွန်တော်တို့ ခန္ဓာကိုယ်ကိုလည်း အသွင်ပြောင်းစေမည် ဆိုပါက၊ စာတန်က ကျေနပ်နိုင်ပါ့မလား။ နောက်ဆုံးသော ကာလတွင် လူများက စာတန်ကြောင့် ထောင်စုနှစ်တစ်ခုလုံးလုံး ပျက်စီးလာ ခဲ့ကြပါသည်။ ဆိုးယုတ်သော သဘောသဘာဝနှင့် စိတ်နေစိတ်ထားများက လူများထံတွင် စွဲစွဲမြဲမြဲ နစ်ဝင်နေပါပြီ။ လူများက မာန်မာနတက်ကြသည်၊ တစ်ကိုယ်ကောင်းဆန် သည်၊ လိမ်ညာလှည့်ဖြားကြသည်၊ မကောင်းမှုများ နှင့် လောဘတက်ကြသည်။ ကျော်ကြားမှု နှင့် ပစ္စည်းဥစ္စာများအတွက်၊ တစ်ယောက်နှင့် တစ်ယောက် မကောင်းကြံကြ သည်၊ လှည့်ဖြားသည်၊ အချင်းချင်း သတ်ဖြတ်ကြသည်။ လူများက သမ္မာတရားကို ရွံရှာပြီး မုန်းတီးကြသည်။ သူတို့က အစောပိုင်းကာလ ကတည်းကပင် ဘုရားသခင်၏ရန်သူများ ဖြစ်နေကြပါပြီ။ သူတို့က ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ သစ္စာဖောက်သည့် စာတန်လို အတန်းအစား မျိုးပင် ဖြစ်သည်။ ဘုရားသခင်က လူများကို ကယ်တင်မည့်် အမှုက အမှန်မှာမူ စာတန်နှင့် စစ်ခင်းခြင်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခန္ဓာသည် အကြီးအကျယ် ဖျက်ဆီးခြင်းကို အများဆုံးခံခဲ့ရပြီး၊ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ ဖြစ်လာကာ ဘုရားသခင်၏တည်ရှိမှုကို ပို၍ပင် ပွင့်လင်းစွာ ဆန့်ကျင်၍ ငြင်းဆန်သည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် ပြောင်းလဲရန် အလွန်ပင်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို ကိုင်တွယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန်လောက် ခက်ခဲသည့်အရာမရှိပေ။ စာတန်သည် လူ့ဇာတိခန္ဓာထဲသို့ နှောင့်ယှက်မှုများဖြင့် ဂြိုဟ်မွှေရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေခဲ့သဖြင့် လူသားသည် ဘုရားသခင်၏ရန်သူ၊ စာတန်ဖြစ်သွားသည်။ လူသားသည် ကယ်တင်ခံရရန်အတွက် သူသည် ပထမဆုံးအနေဖြင့် သိမ်းပိုက်ခြင်းကို ခံရမည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် အခက်အခဲကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန် လူ့ဇာတိခံယူပြီး စာတန်ကို တိုက်ပွဲဝင်ခြင်းဖြစ်သည်။ သူ၏ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်ကြောင့် ဖောက်ပြန်ပျက်စီးကာ ကျရှုံး၊ ပျက်သုဉ်းခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်သည့် သူ၏အမှုအားဖြင့် စာတန်ကို အနိုင်ယူကာ တစ်ဆက်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် တစ်ကြိမ်တည်းနှင့် ပြဿနာနှစ်ခုကို ဖြေရှင်းလေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

စာတန်က လူသားများကို ဘုရားသခင် အပေါ် ဆန့်ကျင်ပြုမူအောင် ဖျက်ဆီးထားသည်။ ဤကဲ့သို့ လူသားများကို ဘုရားသခင်အပေါ် အစစ်အမှန် နာခံတတ်လာအောင်၊ ဘုရားသခင် နှင့် လိုက်လျောညီထွေ ဖြစ်လာအောင် ဘုရားသခင်က ပြောင်းလဲချင်ပါသည်။ ဤအလုပ်က အလွန်ပင် ခက်ခဲလွန်းပါသည်။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဘုရားသခင် ကိုယ်တိုင် ဖန်ဆင်းခဲ့သည်ထက်၊ ဤသည်မှာ အများကြီး ပိုခက်ခဲသည်။ ကောင်းကင်၊ မြေကြီးနှင့် အရာ အားလုံးကို ဘုရားသခင်က တစ်ခွန်းတည်းသော စကားနှင့် ပြီးမြောက်စေ ခဲ့ပါသည်။ သို့သော်လည်း လုံးဝပျက်စီးနေကြသည့် လူသားများကို သန့်ရှင်းခြင်း ဖြစ်စေဖို့ ဆိုပါကဘုရားသခင်က လူ့ဇာတိကို ခံယူပြီး၊ လူများကို တရားစီရင်ဖို့နှင့် သန့်ရှင်းစေဖို့အတွက် သမ္မာတရားများကို ဟောပြောရမည်။ ကျွန်တော်တို့ အတွက်မှာမူ ဘုရားသခင်၏ တရားစီရင်မှုနှင့် ရိုက်နှက် ဆုံးမမှုကို ခံရဖို့၊ အကျင့်ပျက်မှုတွေကို ပစ်ပယ်ပြီး၊ သန့်ရှင်းခြင်း ဖြစ်စေဖို့ဆိုပါက အချိန်ယူရမည့်၊ လုပ်ငန်းစဉ် တစ်ခု လိုအပ်ပါသည်။ ဤသည်မှာ ဘုရားသခင်နှင့် စာတန်တို့ စစ်ခင်းရမည့် လုပ်ငန်းစဉ်လည်း ဖြစ်ပါသည် စာတန်၏ မူလရည်ရွယ်ချက်အရ၊ လူသားများကို မကောင်းမှုတွေနှင့် ရှင်သန်နေသူများ ဖြစ်အောင် ဖျက်ဆီးပါသည်။ ဤကဲ့သို့ မကောင်းမှုတွင် ရှင်သန်နေသူများကို ဘုရားသခင်က ပြောင်းလဲပေး နိုင်သည် ဆိုပါက၊ စာတန်က ယုံကြည်လက်ခံသွား လိမ့်မည်။ ထို့ကြောင့် စာတန်၏ ပုံစံတူများနှင့် စစ်ခင်းဖို့အတွက် လူ့ဇာတိခံယူမည့် မူလအစီအစဉ်ကို ဘုရားသခင်က ရည်ရွယ်ပါသည်။ ပထမဆုံး သမ္မာတရားကို ဟောကြားပြီး လူတွေ၏စိတ်ကို လွှမ်းမိုးမည်။ ပြီးလျှင် သမ္မာတရားနှင့်အညီ လူများကို သန့်ရှင်းခြင်းအဖြစ်နှင့် ပြည့်စုံလာ စေမည်။ ကျွန်တော်တို့က သမ္မာတရားကို နားလည်ပြီး၊ ဘုရားသခင်ကို သိလာပြီဆိုပါက စာတန်ကြောင့် ပျက်စီးနေသည့်အဖြစ်ကို မိမိကိုယ်ကို ရှင်းရှင်းလင်းလင်း မြင်လာကြ လိမ့်မည်။ ပြီးလျှင် စာတန်ကို မုန်းတီးစက်ဆုပ် လာမည်၊ စာတန်ကို ပစ်ပယ်လာမည်၊ နာကြည်းလာမည် နောက်ဆုံးတွင်မှ စာတန်ကို လုံးလုံးဆန့်ကျင် လာကြပြီး၊ ဘုရားသခင်ကို နာခံလာကြလိမ့်မည်။ စာတန်၏လက်ထဲ ရောက်နေသည့် လူသားများကို ဘုရားသခင်က ဤကဲ့သို့နည်းနှင့် ပြန်ပြီးလုယူမည်။ စာတန်ကို အနိုင်ယူပြီး၊ ဘုရားသခင် ရယူခြင်းခံရမည့် အရာများ ဆိုသည်မှာ ကယ်တင်ခြင်း ခံရသည့်လူများသာ ဖြစ်သည်။ ဘုရားသခင်က စာတန်ကို အနိုင်ယူပြီး၊ အရှက်ရစေဖို့ဆိုပါက၊ ဤနည်းလမ်းတစ်ခုတည်း ရှိပါသည်။ ဤသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင်က တရားစီရင်ခြင်းအမှုကို မည်သို့ လုပ်ဆောင် မည်ဆိုသည့် အတွင်းကျကျအစီအမံပင် ဖြစ်ပါသည်။ နောက်ဆုံးသောကာလတွင် လုပ်ဆောင်မည့် ဘုရားသခင်၏ အစီအမံကို အားလုံး ရှင်းရှင်းလင်းလင်း မြင်ကြပါသလား။ နောက်ဆုံးသော ကာလတွင် ဘုရားသခင် လုပ်ဆောင်မည့် အမှုများက နှစ်ပေါင်း ၂၀၊ ၃၀ လောက်သာ ဖြစ်သည်။ ကြာမည်ဆိုသော်လည်း၊ မကောင်းမှုတွင် ကျော်လွှားနိုင်သူများကို ဘုရားသခင်က ရွေးနုတ်ထားပါသည်။ မကောင်းမှုကို ကျော်လွှား နိုင်သူများက အဦးဆုံး သီးသည့်အသီးများ ဖြစ်သည့် အပြင်၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ကိုလည်း ခံကြရပါသည်။ လူသား၏သမိုင်းနှင့် ယှဉ်မည်ဆိုရင်၊ နှစ်ပေါင်း ၂၀၊၃၀ ဆိုတာ မျက်တောင်တစ်ခတ်စာသာ မဟုတ်ပါလား။ သမ္မာကျမ်းတွင်မူ ဤကဲ့သို့ ပြောပါသည်။ “ထာဝရဘုရားမှာ ကာလတရက် သည်၊ အနှစ် တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်းဖြစ်သည်။” (၂ ပေ ၃:၈) နောက်ဆုံးသောကာလတွင် သခင် ပြန်ပြီး ကြွရောက်သည့်အခါ၊ ကျွန်တော်တို့ကို တစ်ခဏ အတွင်း၊ မျက်တောင် တစ်ခတ်စာအတွင်း ပြောင်းလဲစေမည်ဟု ဆိုသည့် အတွက် နောက်ဆုံးသောကာလတွင် ဘုရားသခင် လုပ်ဆောင်မည့် အမှုများနှင့်လည်း လုံးဝ ညီညွတ်မှုရှိ နေပါသည်။ ဤကဲ့သို့မှတ်ယူမည် ဆိုပါကလည်း ရပါသည်။ သို့သော်လည်း ရှင်ပေါလု၏ မိန့်ဆိုချက်များ ကိုလည်း လွယ်လွယ်လေး အဓိပ္ပာယ်ဖော် လိုက်၍ ရပါသည်။ ”ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိ အောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏နည်းတူ ဖြစ် စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။” (ဖိလိပ္ပိ ၃:၂၀-၂၁) သခင် ပြန်ပြီးကြွလာသည့်အခါ၊ သခင့်ကို ယုံကြည်သူများက ချက်ချင်းအသွင် ပြောင်းလဲပြီး၊ သခင့်ကိုဖူးတွေ့ဖို့ ကောင်းကင်ဆီ ပို့ဆောင်ခံရခြင်းကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ကနေ သခင် ပြန်ကြွလာပြီး၊ ကျွန်တော်တို့ကို ချီဆောင်မယ့်အချိန်ကို အေးအေးဆေးဆေး စောင့်နေခဲ့ကြခြင်း မဟုတ်ပါလား။ ရှင်ပေါလု၏မိန့်ဆိုချက်က လမ်းမလွဲ သွားပါလား။ ဘုရားသခင်၏ အမှုများနှင့် ပတ်သက်ပါက၊ ကျွန်တော်တို့ အနေနှင့် စိတ်ကူးယဉ်စံနှုန်းများကို လက်ခံ၍ မဖြစ်ပါ။ ဘုရားသခင်၏အမှုများက လက်တွေ့ကျ သည်၊ သေချာသည်၊ ခြေလှမ်းတိုင်းတွင် မြင်သာမှု ရှိပါသည်။ လူ့ဇာတိခံယူမည့် အနန္တတန်ခိုးရှင် ဘုရားက စစ်မှန်သည့်ဘုရားသခင်ပင် ဖြစ်ပါသည်။ ဤဘုရားသခင်က သမ္မာတရားကို ဟောကြားရင်း၊ လူများကို ကယ်တင်ဖို့အတွက် ကမ္ဘာမြေကို ကြွလာမည်။ ၎င်းကို ကျွန်တော်တို့က လက်မခံပါက၊ ဘုရားသခင် အပေါ် ဆန့်ကျင်သကဲ့သို့၊ အတိုက်အခံ လုပ်သကဲ့သို့ ဖြစ်မသွား ပါလား။ ကောင်းချီး မင်္ဂလာ ပေးခြင်းများကို ကျွန်တော်တို့က ရနိုင်ပါတော့မလား။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အမှာစကား ချန်ခဲ့မည်