စာရင်း

ခရစ်ယာန်များသည် အခြားသူများနှင့် မည်သို့အပြန်အလှန်ဆက်ဆံသင့်ပုံနှင့်ဆိုင်သော အခြေခံသဘောတရား ၄ ခု

ဤရှုတ်ထွေးသော လူ့အဖွဲ့အစည်းထဲတွင်၊ နေ့စဉ် လူမျိုးစုံနှင့် ကျွန်မတို့ ဆက်ဆံရဖို့ ရှိပါသည်။ လူတစ်ဦးစီ၏ ပင်ကိုစရိုက်၊ ဝါသနာများ၊ အလေ့အကျင့်များ၊ နဂိုစိတ်ရင်း စသည်တို့သည် အားလုံးကွဲပြားကြသည်၊ ထို့ကြောင့် ကျွန်မတို့၏ ဆက်ဆံမှုများတွင် သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲခြင်းများက မရှောင်လွဲနိုင်အောင် ပေါ်ပေါက်ကြပါလိမ့်မည်။ အခြားသူများနှင့် ကောင်းကောင်း အဆင်ပြေပြေနေဖို့ဆိုသည်မှာ မလွယ်ကူပါ-ဤအရာက ကျွန်မတို့၏ အလုပ်နှင့် ဘဝဆီ ကြီးမားသည့် အခက်အခဲများ ယူဆောင်လာပြီး အတိုင်းအတာ အမျိုးမျိုးထိ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်စေနိုင်သည်။ လူများစွာအတွက် ဤအရာက အလွန်စိတ်သောကရောက်စရာ ဖြစ်သော်လည်း၊ သူတို့၏ လက်များ ချည်နှောင်ခံထားရသကဲ့သို့လည်း သူတို့ ခံစားရပြီး၊ ခရစ်ယာန်အနည်းငယ်လည်း ခြွင်းချက်မရှိ ပါဝင်သည်။ ထို့ကြောင့် ကျွန်မတို့၏ အပြန်အလှန်ဆက်ဆံရေးများတွင် သယဇတဖြစ်ခြင်းကို ရရှိဖို့ရန် မည်သည့်အရာကို အတိအကျ လုပ်ဆောင်သင့်ပါသနည်း။ ဤနေရာတွင် အခြေခံသဘောတရား လေးခုအပေါ် ရိုးရှင်းသည့် မိတ်သဟာယကို ကျွန်မတို့ ဝေမျှပါမည်။ ကျွန်မတို့၏ လက်တွေ့လုပ်ဆောင်မှုသည် အောက်တွင်ရှိသည့် အခြေခံသဘောတရားလေးခုနှင့်ညီလျှင်၊ ဤခေါင်းခဲစေသည့် လူအချင်းချင်း ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များမှာ မုချ ပြေလည်သွားပါလိမ့်မည်။

ခရစ်ယာန်များသည် အခြားသူများနှင့် မည်သို့အပြန်အလှန်ဆက်ဆံသင့်ပုံနှင့်ဆိုင်သော အခြေခံသဘောတရား ၄ ခု

အခြားသူများနှင့် အဆင်ပြေဖို့ရန် ပထမဆုံး အခြေခံသဘောတရားမှာ အချင်းချင်း ချစ်ရန်ဖြစ်သည်။ သခင်ယေရှုက၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၉) ဟု သွန်သင်ခဲ့ပါသည်။ မဿဲ ၁၈:၂၁-၂၂ တွင်၊ “ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။” ဟု မှတ်တမ်းတင်ထားပါသည်။ ဤကျမ်းချက်များမှ သခင်က ကျွန်မတို့ အချင်းချင်းချစ်ဖို့၊ ခွင့်လွှတ်တတ်သော နှလုံးသားရှိဖို့နှင့် အခြားသူများ၏ အမှားများကို စိတ်ရှည်သည်းခံတတ်ဖို့ရန် တောင်းဆိုသည်ကို တွေ့နိုင်သည်။ ကျွန်မတို့အားလုံး အသက်အရွယ်မတူကြသကဲ့သို့၊ အရည်အချင်းလည်းကွဲပြာကြပြီး ဝါသနာများနှင့် နောက်ခံသမိုင်းအမျိုးမျိုးရှိကြသည့်အပြင်၊ ကျွန်မတိုအားလုံးတွင် အားနည်းချက်များနှင့် ချို့ယွင်းချက်အချို့ ရှိကြသည့်အတွက်၊ ကျွန်မတို့၏ လူအချင်းချင်းဆက်ဆံမှု၏ အခြေခံအုတ်မြစ်ကို အပြန်အလှန်ချစ်ခင်မှုအပေါ်တွင် တည်ဆောက်ပြီး အခြားသူများ၏ ရှုထောင့်အမြင်မှ အမှုအရာများကို ကျွန်မတို့ ဆင်ခြင်သုံးသပ်ကြလျှင်၊ ပိုမိုနည်းပါးသော သဘောထားကွဲလွဲမှုများနှင့် နားလည်မှုလွဲခြင်းများကို ကြုံရမည်ဖြစ်ပြီး အခြားသူများနှင့် အဆင်ပြေနိုင်ကြလိမ့်မည်ဖြစ်သည်။ လူအချို့သည် အခြားသူများအတွက် ချစ်ခြင်းမေတ္တာနှင့် စာနာသော စိတ်နှလုံးရှိကြသည်၊ အခြားသူများကို ကူညီဖို့ နှစ်သက်ကြပြီး ဒုက္ခခံစားရပြီး အခက်အခဲများကို တွေ့ကြုံနေရသူတို့ကို နှစ်သိမ့်နိုင်ကြသည်။ ဤသို့သော လူတို့သည် ဘုရားသခင်ကို ကျေနပ်စေပြီး အခြားသူများကလည်း သူတို့ကို နှစ်သက်ကြသည်။ သို့သော်၊ အခြားသူများအတွက် ချစ်ခြင်းမေတ္တာ ကင်းမဲ့ပြီး မိမိတို့ ကိုယ်ပိုင်အကျိုးများအတွက် အမြဲတွေးတောသူတို့မှာ အခြားသူများနှင့် ကောင်းကောင်း အဆင်ပြေဖို့ မဖြစ်နိုင်ပါ။ အခြားသူများအတွက် ချစ်ခြင်းမေတ္တာရှိကြလျှင်ပင်၊ ယင်းမှာ ခဏတာဖြစ်ပြီး အခြေအနေအရဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့အပေါ် ကြင်နာပြီး မိမိတို့ကို လုံးဝမနာကျင်စေသူတို့ကိုသာ ကူညီပြီး စိတ်ရှည်သည်းခံတတ်ကြသည်။ တစ်ဦးတစ်ယောက်က သူတို့ကို နာကျင်စေသည် သို့မဟုတ် သူတို့၏ အကျိုးများကို ထိပါးသည်နှင့်တပြိုင်နက်၊ အပြင်ပန်းတွင် သူတို့ စိတ်ရှည်ပုံပေါ်သော်လည်း သူတို့၏ စိတ်နှလုံးသားထဲတွင် မကျေနပ်မှုနှင့် အမုန်းများဖြင့် ပြည့်ကြလေသည်။ သခင့်လမ်းကို သူတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြပါ။ သူတို့ကို ဘုရားသခင်က စက်ဆုပ်မုန်းတီးပြီး လူတို့က မနှစ်သက်ကြပါ။ ထို့ကြောင့် ကျွန်မတို့၏ အပြန်အလှန်ဆက်ဆံရေးများတွင် သခင့်နှုတ်ကပတ်တော်များကို ကျွန်မတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး သခင် တောင်းဆိုသည့်အတိုင်း မိမိတို့ကိုယ်ကိုယ် ချစ်ကြသကဲ့သို့ အခြားသူများကို ချစ်သင့်ကြသည်၊ ထို့နောက်တွင်မှ အခြားသူများနှင့် သင့်မြတ်စွာ ကျွန်မတို့ ဆက်ဆံနိုင်ကြမည်ဖြစ်သည်။ သို့သော် အခြားသူများကို ကျွန်မတို့ ဆန္ဒအလျောက် စိတ်မရှည်နိုင်၊ သည်းမခံနိုင်ဖြစ်ပြီး ခွင့်မလွတ်နိုင်သည့် အချိန်များ ရှိကောင်းရှိပါလိမ့်ဦးမည်။ ဤအခြေအနေမျိုးတွင် ကျွန်မတို့ လိုအပ်သည်မှာ သခင့်ဆီ ပိုမိုဆုတောင်းရန် နှင့် အခြားသူများအတွက် စစ်မှန်သော စိတ်ရှည်ခြင်း နှင့် ချစ်ခြင်း စိတ်နှလုံးကိုပေးရန် တောင်းလျှောက်ဖို့ဖြစ်သည်။ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို ကျင့်သုံးဖို့ရန် သခင့်အပေါ် ကျွန်မတို့ အမှန်တကယ် မှီခိုကြသည့်အခါ၊ ကျွန်မတို့ စိတ်နှလုံးများထဲက အခြားသူများကို မလိုမုန်းထားခြင်းနှင့် မကျေနပ်ချက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မည်။ သို့သော် ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ အခြားသူများကို ချစ်ခြင်းအတွက်လည်း အခြေခံသဘောတရားများ ရှိပါသည်။ အခြားသူများကို ကျိုးကြောင်းမမြင်ဘဲ ချစ်ရန် ဘုရားသခင်က ကျွန်မတို့ကို အလိုမရှိပါ။ ဤသည်မှာ သခင်ယေရှုက သူ၏ ယုံကြည်သူများနှင့် နောက်လိုက်များအပေါ် ကရုဏာ၊ ချစ်မေတ္တာတို့နှင့် ပြည့်လင့်ကစား၊ ဘုရားသခင်ကို ဆန့်ကျင်သည့် သူတော်ကောင်းယောင်ဆောင် ဖာရိရှဲများအတွက်မူ ရှုတ်ချခြင်းနှင့် ကျိန်ခြင်းများ ပြည့်သကဲ့သို့ပင်ဖြစ်သည်။ ဤလူနှစ်မျိုးအပေါ် သခင်၏ မတူကွဲပြားသော သဘောထားများက ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပုံဖော်ပါသည်။ ထို့ကြောင့်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည့် ညီအစ်ကို မောင်နှမများကို ကြီးမားသည့် ရိုးသားမှုနှင့်အတူ ကျွန်မတို့ ဆက်ဆံသင့်ပြီး သခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သင့်ပါသည်၊ ကျွန်မတို့အနေဖြင့် ချစ်တတ်ပြီး ကူညီဖော်ရသောသူများ ဖြစ်သင့်ကြသည်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ရှုတ်ချသည့် စာတန်၏ အင်အားစုများအတွက်မူ၊ နယ်နမိတ်များ ကျွန်မတို့ ရှင်းရှင်းလင်းလင်းထားသင့်ပြီး ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့ကြား ရှင်းရှင်းလင်းလင်း ခွဲခြားသင့်ကြပါသည်။

သင့်မြတ်သော အပြန်အလှန်ဆက်ဆံရေးများနှင့်ဆိုင်သည့် ဒုတိယ အခြေခံသဘောတရားမှာ ဉာဏ်ပညာရှိဖို့ဖြစ်သည်။ ရှင်မဿဲ ၁ဝ:၁၆-၁၇ တွင်၊ သခင်ယေရှုက၊ “တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။ လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။” ဟု ဆိုခဲ့ပါသည်။ အခြားသူများနှင့် ဆက်ဆံရာတွင် လိမ္မာခြင်းသည် ခရစ်ယာန်များအတွက် ကျင့်သုံးမှုနှင့်ဆိုင်သည့် မရှိမဖြစ်အခြေခံသဘောတရားတစ်ခု ဖြစ်သည်။ ဤသည်မှာ ကျွန်မတို့ဆက်ဆံရသည့် လူများကြားတွင်၊ သမ္မာတရားကို လိုက်စားသည့် ခရစ်ယာန်များရှိပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို မုန်းတီးသည့် ရန်သူအင်အားစုနှင့်ဆိုင်သည့် လူအချို့ရှိကြသောကြောင့် ဖြစ်သည်။ စာတန်က သူတို့ကို အထူးသဖြင့် ဘုရားသခင်၏ အမှုတော်ကို ကြားဖြတ်ပြီး နှောင့်ယှက်ဖို့ရန် စေလွတ်ထားခြင်းဖြစ်သည်။ သူတို့က အသင်းတော်၏ လုပ်ငန်း သို့မဟုတ် ညီအစ်ကို မောင်နှများ၏ ပုဂ္ဂိုလ်ရေးရာ အချက်အလက်ကို လေ့လာသိရှိလျှင်၊ ကျွန်မတို့ကို တိုက်ခိုက်ဖို့၊ ဝေဖန်ဖို့နှင့် ရှုတ်ချဖို့ သို့မဟုတ် ကျွန်မတို့ အဖမ်းခံရဖို့ ရဲများထံ ကျွန်မတို့ကို အကြောင်းကြားဖို့ပင် ဤအရာများကို အသုံးချတတ်ကြလေသည်။ ထို့ကြောင့်၊ ဤသို့သော လူတို့ကို ကျွန်မတို့ ထိုးထွင်းသိမြင်မှုရှိသင့်ပြီး သူတို့နှင့်ပတ်သက်၍ ဉာဏ်ပညာကို အသုံးပြုသင့်သည်။ ထို့အပြင်၊ အခြားသူများနှင့် ကျွန်မတို့ ဆက်ဆံမှုများတွင် အခက်အခဲများစွာ မလွဲဧကန် ကြုံရပါလိမ့်မည်၊ ဤအချိန်များတွင်လည်း အမြော်အမြင်ရှိခြင်း လိုအပ်ပါသည်။ အမြော်အမြင်ရှိခြင်းဆိုသည်မှာ အခြားသူများကို လှည့်ဖြားရန် ကျွန်မတို့၏ လက်ခံယုံကြည်မှုများကို ဆန့်ကျင်သည့်အရာများ ပြောဆိုခြင်းအကြောင်း မဟုတ်ဘဲ၊ အခြားသူများ အကျိုးပြုဖို့ရန်အတွက် ဖြစ်သည့်အပြင် အခြားသူများ၊ မိမိတို့ကိုယ်ကိုယ် သို့မဟုတ် အသင်းတော်ကို မထိခိုက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ခုကို ကျွန်မတို့ လုပ်ဆောင်တော့မည် သို့မဟုတ် ပြောတော့မည်ဆိုလျှင်၊ အခြားလူ၏ ပင်ကိုစရိုက်နှင့် မည်သို့သော လုပ်ရပ် သို့မဟုတ် ပြောဆိုမှုမျိုးက သူတို့ကို အကျိုးဖြစ်စေမည်တို့ကို ပထမဆုံး ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး သူတို့ကို မထိခိုက်စေဖို့ သေချာစေရပါမည်။ ဤသည်တို့မှာ ဉာဏ်ပညာဖြင့် လူတို့ကို ဆက်ဆံခြင်းနှင့်ဆိုင်သော အလေ့အကျင့်အချို့ဖြစ်သည်။ ဤသို့ ပြုမူခြင်းအားဖြင့်သာ ကျွန်မတို့၏ ဆက်ဆံရေးများတွင် သင့်မြတ်မှုကို ရရှိနိုင်ပါသည်။

တတိယ အခြေခံသဘောတရားမှာ အခြားသူများကို ကောင်းကောင်း ဆက်ဆံဖို့ ဖြစ်သည်။ သခင်ယေရှုက၊ “ကိုယ့်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။ ကိုယ့်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေ ဟု အဘယ်သို့ဆိုသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၃-၅) ဟု ဆိုခဲ့ပါသည်။ အခြားသူများနှင့် ကျွန်မတို့ သဘောထားကွဲလွဲသည့်အခါ၊ အခြားလူက မှားယွင်းသည် သို့မဟုတ် ပြဿနာမှာ သူတို့ကြောင့်ဖြစ်သည်ဟု အမြဲခံစားကြသည်။ အမှန်တွင်၊ ဤအကြိမ်များတွင် ကျွန်မတို့သည် မာနထောင်လွှားမှု နှင့် မိမိကိုယ်ကိုယ်မှန်သည်ဟု ယူမှတ်မှုတို့နှင့်ဆိုင်သည့် ကျွန်မတို့၏ ဆိုးယုတ်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေကြပါသည်၊ ကျွန်မတို့ လုံးဝ အတ္တဆန်ပြီး အခြားသူများအပေါ် အထင်အမြင်သေးကြသည်။ အခြားသူများကို ဓမ္မဓိဋ္ဌာန်ကျကျ နှင့် မျှမျှတတ ကျွန်မတို့ မဆက်ဆံနိုင်ကြပါ။ ဤသည်မှာ ကျွန်မတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို အရင်ဦးစွာ ဖြေရှင်းသင့်သည့်အကြောင်းရင်း၊ ကျွန်မတို့၏ ချို့ယွင်းချက်များနှင့် မပြည့်စုံခြင်းများကို ဆင်ခြင်ပြီး ကျွန်မတို့ ဝင်ရောက်ရမည့် သမ္မာတရားကို ရှာဖွေသင့်သည့် အကြောင်းရင်း ဖြစ်ပါသည်။ ထို့နောက်မှသာ အခြားသူများကို ကောင်းကောင်းမွန်မွန် ကျွန်မတို့ ဆက်ဆံနိုင်သည်။ အခြားသူများ၏ အားနည်းချက်များအပေါ် အမြဲအစွဲအလမ်းကြီးကာ စိုက်ကြည့်နေလျှင်၊ မည်သူမျှနှင့် ကျွန်မတို့ ဘယ်တော့မှ အဆင်ပြေနိုင်လိမ့်မည်မဟုတ်ပါ။ ဥပမာအားဖြင့်၊ ကျွန်မတို့သည် ကျွန်မတို့ မသားစုဝင်များနှင့် အချိန်ကုန်သောအခါ သူတို့၏ အားနည်းချက်များကို မြင်လေ့ရှိကြသည်၊ ကျွန်မတို့၏ ခင်ပွန်းများက အခြားသူများကို မည်သို့ဂရုစိုက်ရမည်ကို မသိသကဲ့သို့၊ သူတို့မှာ မငဲ့ကွက်တတ်ကြ၊ သူတို့ လုပ်သည့် အစားအသောက်ကို ကျွန်မတို့ အရသာမတွေ့ကြ၊ ကျွန်မတို့၏ ကလေးမှာ စိတ်ဆတ်ပြီး ဆုံးမပဲ့ပြင်ရန် ခက်သည်၊ စသဖြင့် ကျွန်မတို့ခံစားရသည်။ ကျွန်မတို့၏ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများနှင့် ကျွန်မတို့ ရှိကြသည့်အခါ၊ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်များထဲမှ တစ်ဦးက တစ်ကိုယ်ကောင်းဆန်သည်၊ အခြားတစ်ဦးက သူတပါးကို သူတို့၏နောက်ကွယ်တွင် ဝေဖန်တတ်သည် သို့မဟုတ် အချို့မိတ်ဆွေများက အခြားသူများကို အခွင်းအရေးယူတတ်သည်၊ စသဖြင့် ကျွန်မတို့ တွေ့ကြသည်။ သူတို့နှင့် မည်သို့ အဆင်ပြေပြေနေရမည်ကို မသိသောကြောင့် ဤသည်မှာ ကျွန်မတို့အတွက် မကြာခဏ စိတ်သောကရောက်စရာဖြစ်သည်။ အမှန်တွင်၊ အခြားသူများ၏ ပင်ကိုစရိုက်နှင့် အမူအကျင့်များက ကျွန်မတို့ နှစ်သက်သည့်အရာများနှင့် သဟဇတဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သူတို့ကို ဆန့်ကျင်၍ ကျွန်မတို့ မလိုမုန်းထားမဖြစ်သင့်သလို ကျွန်မတို့နှစ်သက်သလိုသာ သူတို့ကို မဆက်ဆံသင့်ပါ။ ကျွန်မတို့အားလုံးမှာ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးကြရသည့် လူများဖြစ်ပါသည်၊ ကျွန်မတို့ကိုယ်၌က အခြားသူများကဲ့သို့ ပြဿနာအနည်းငယ် ပိုင်ဆိုင်ကြပါသည်၊ ထို့ကြောင့် အခြားသူများကို တောင်းဆိုဖို့ ကျွန်မတို့မှာ မည်သည့်နည်းဖြင့် မည်သို့ အရည်အချင်းရှိပါသနည်း။ ထို့အပြင် ကျွန်မတို့၏ အားနည်းချက်များကို ဖာထေးဖို့ အခြားသူများ၏ အားသာချက်များကို လေ့ကျက်နိုင်ဖို့ရန် မျှော်လင့်ချက်ဖြင့် ဘုရားသခင်သည် ကျွန်မတို့ အယောက်တိုင်းအပေါ် မတူကွဲပြားသော အားသာချက်များနှင့် အရေးသာမှုတို့ကို အပ်နှင်းပြီးဖြစ်သည်။ ထို့သို့ လုပ်ဆောင်ခြင်းအားဖြင့်သာ လျင်လျင်မြန်မြန် ကျွန်မတို့ တိုးတက်နိုင်သည်။ ဤသိနားလည်မှုမျိုးကို ကျွန်မတို့ ရှိသည်နှင့်တပြိုင်နက်၊ ကျွန်မတို့ မနှစ်သက်သည့် အရာတစ်ခုခုကို အခြားသူတို့ လုပ်ဆောင်ကြသည့်အခါ၊ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်နိုင်ပြီး အခြားသူများကို များစွာ မတောင်းဆိုသလို ကျွန်မတို့ မှန်သည်ထင်သည့်အရာကို သူတပါးအပေါ် ဖိအားမပေးနိုင်ကြပါ။ ယင်းအစား၊ အခြားသူများ၏ အားသာချက်များကို ကျွန်မတို့ သတိရှိရှိ ရှာဖွေတွေ့ရှိပြီး သူတို့၏ အပြုသဘောဆောင်သော အရည်အသွေးများကို လေ့ကျက်နိုင်သည်— ဤသည်မှာ အခြားသူများကို ကျွန်မတို့ ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်ပုံဖြစ်သည်။ ထို့အပင်၊ ကျွန်မတို့၏ လုပ်ရပ်များတွင် မိမိတို့ကိုယ်ကိုယ်သာ မစဉ်းစားသင့်ဘဲ အခြားသူများအပေါ်လည်း ကျွန်မတို့ ထောက်ထားညှာတာသင့်ကြသည်၊ မကြာခဏ ပို၍ အခြားသူများအတွက် အရေးစိုက်ဖို့ရန် သင်ယူသင့်ပြီး အခြားသူများကို အကျိုးခံစားခွင့် ပေးသင့်ကြသည်။ ထို့နောက်တွင်မှ အခြားသူများနှင့် ကျွန်မတို့ အဆင်ပြေနိုင်ပေသည်။

အခြားသူများနှင့် သင့်မြတ်သည့် အပြန်အလှန်ဆက်ဆံရေးများနှင့်ဆိုင်သော စတ္တုထ အခြေခံသဘောတရားမှာ ဘဝဒဿနများအပေါ် အာရုံမစိုက်ဘဲ ယင်းအစား ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းအပေါ် အာရုံစိုက်ရန် ဖြစ်သည်။ လက်တွေ့ဘဝတွင်၊ အခြားသူများနှင့် ကျွန်မတို့၏ ဆက်ဆံရေးများကို ထိန်းသိမ်းဖို့ “စကားမပြောမီ စဉ်းစားပါ။ ထို့နောက် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုပါ”၊ “မိတ်ဆွေတစ်ဦး တိုးခြင်းသည် လမ်းတစ်ခု ထပ်တိုးခြင်း အဓိပ္ပာယ်ဖြစ်၏။ ရန်သူတစ်ဦး တိုးခြင်းသည်ကား အတားအဆီးတစ်ခု ထပ်တိုးခြင်းပင်ဖြစ်သည်”၊ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် ဆိတ်ဆိတ်ငြိမ်နေခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏”၊ စသဖြင့် ဆိုးယုတ်သည့် ဘဝဒဿနများကို ကျွန်မတို့ မကြာခဏ အသုံးပြုကြသည်။ အခြားသူများနှင့် ကျွန်မတို့ အပြန်အလှန်ဆက်ဆံမှုများတွင် ဤဘဝဒဿနများကို ကျွန်မတို့ အခြေခံကြသည့်အခါ၊ သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးထိန်းသိမ်းနိုင်ဖို့အလို့ငှာ မျက်နှာသာရဖို့ ကျွန်မတို့ မျက်နှာလိုမျက်နာရလုပ်ကြပြီး အခြားသူများကို မြှောက်ပင့်ရာတွင် ပါဝင်တတ်ကြသည်။ သူတို့၏ ကောင်းကွက်များအကြောင်းသာ ကျွန်မတို့ ပြောဆိုကြပြီး သူတို့၏ အားနည်းချက်များကို မထောက်ပြဝံ့ကြပါ။ အမှန်တရား၏ နိယာမများကို ဆန့်ကျင်သည့် သဘောသက်ရောက်လျင်ပင် ကျွန်မတို့၏ လူအချင်းချင်း ဆက်ဆံရေးများကို ကျွန်မတို့ ကာကွယ်ကြသည်။ ကျွန်မတို့ ချီးမြှောက်ကြသည့်အရာမှာ စာတန်၏ အတွေးအခေါ်များဖြစ်ပြီး သခင့်နှုတ်ကပတ်တော်များ မဟုတ်သောကြောင့်၊ ဤအမူအကျင့်မျိုးကို သခင်က စက်ဆုပ်မုန်းတီးပါသည်။ ကျွန်မတို့ကို သခင် တောင်းဆိုသည့်အရာမှာ သူနှင့်အတူ မှန်ကန်သည့် ဆက်ဆံရေးရှိဖို့နှင့် သူ၏ သတ်မှတ်ချက်များနှင့်အညီ ရိုးသားသော လူများဖြစ်ခြင်း နှင့် ကျွန်မတို့၏ ဆက်ဆံရေးများ သို့မဟုတ် အခြားသူများကို ကျွန်မတို့ မျက်နှာလိုမျက်နှာရလုပ်ဆောင်ရာတွင် မှားယွင်းသည့် အရာတစ်ခုတစ်လေကိုမျှ မပြောဆိုခြင်းကဲ့သို့ အရာရာတွင် သူ၏ နှုတ်ကပတ်တော်နှင့်အညီ လုပ်ဆောင်ရန် ဖြစ်သည်။ ညီအစ်ကို မောင်နှမများက သခင့် သွန်သင်ချက်များနှင့် မကိုက်ညီသည့်အရာ သို့မဟုတ် ချိုးဖောက်သောအရာများ လုပ်ဆောင်နေသည်ကို တွေ့သည့်အခါ သူတို့ကို ချစ်ခြင်းဖြင့် ကူညီသင့်သည်ကိုလည်း ကိုယ်တော်က ကျွန်မတို့ကို တောင်းဆိုပါသည်၊ သူတို့ကို အနှောင့်အယှက်ဖြစ်စေဖို့ မဝံ့မရဲမဖြစ်သင့်ဘဲ၊ ယင်းအစား သူတို့၏ အမှားများကို ထောက်ပြကာ သူတို့ပြဿနာများကို ဖြေရှင်းဖို့ ကူညီသင့်ပါသည်။ အတိုချုပ်အားဖြင့်၊ ကျွန်မတို့၏ အပြန်အလှန်ဆက်ဆံရေးများအားလုံးကို သခင့်၏ သွန်သင်ချက်များ၏ အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်သင့်ပါသည်။ ကျွန်မတို့ကို သခင် တောင်းဆိုသည့် မည်သည့်အရာကိုမဆို လက်တွေ့လုပ်ဆောင်သင့်ပါသည်။ မည်သူ့ကို ကျွန်မတို့ ဆက်ဆံနေရပါလေ့စေ၊ သခင့်ကို တိုက်ရိုက်ရင်ဆိုင်ကာ သူ၏ စိစစ်ခြင်းကို လက်ခံနိုင်ရပါမည်။ ဤသို့သော လက်တွေ့လုပ်ဆောင်ခြင်းမျိုးဖြင့်သာ၊ သခင်နှင့် မှန်ကန်သော ဆက်ဆံရေးတစ်ခု ကျွန်မတို့ ရှိနိုင်သည်။ သခင်နှင့် မှန်ကန်သော ဆက်ဆံရေးတစ်ခု ကျွန်မတို့ ရှိသည်နှင့်၊ အခြားသူများနှင့် ကျွန်မတို့၏ ဆက်ဆံရေးလည်း မှန်ကန်လာလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် အလွန်အလိုအလျောက် အခြားသူများနှင့် သင့်မြတ်စွာ ကျွန်မတို့ အဆင်ပြေကြပါလိမ့်မည်။

အထက်ပါတို့မှာ ယုံကြည်သူများအနေဖြင့် ကျွန်မတို့ လုပ်သင့်သည့် အခြားသူများနှင့်အတူ သင့်မြတ်သည့် အပြန်အလှန်ဆက်ဆံမှုများနှင့် စပ်လျဉ်းသော လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ အခြေခံသဘောတရား ၄ ခု ဖြစ်ပါသည်။ ဤအခြေခံသဘောတရား ၄ ခုကို ကျွန်မတို့ မကြာခဏ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ အခြားသူများနှင့် ကျွန်မတို့၏ အခက်အခဲများစွာ အလွယ်တကူ ပြေလည်သွားလိမ့်မည်၊ ကျွန်မတို့ အသက်ရှင်နေထိုင်သည့်အရာက သခင်၏ ချီးမွမ်းခြင်းကို ရရှိမည်ဖြစ်ပြီး သခင့်ကို ဝမ်းမြောက်ခြင်း ဆောင်ကျဉ်းသည့် လူများ ကျွန်မတို့ ဖြစ်လာကြပါလိမ်မည့်။

လူကြိုက်များသော အကြောင်းအရာ-

Myanmar Christian Song (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အား နီးစေပြီ)

Myanmar Gospel Music Video (ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ)

အမှာစကား ချန်ခဲ့မည်