စာရင်း

မိတ်သဟာယဖွဲ့ခြင်းအစီအစဉ်တစ်ခုက ကျွန်ုပ်အား သမ္မာကျမ်းစာအပေါ် အသစ်သောနားလည်မှုကိုရရှိစေသည်

ကိုင်ဟုန်၊ မလေးရှားနိုင်ငံ

ကျွန်မ၏ ဝိညာဉ်သည် အမှောင်ထဲတွင် အားလျော့နေသော်လည်း အထူးကျမ်းစာလေ့လာမှု သင်တန်းတစ်ခုကို ကျွန်မ အမှတ်မထင် တက်ခဲ့ရသည်

“မေမေ၊ မေမေ၊ မေမေဘာလို့ ပြန်အိပ်ရတာလဲ”

ကျွန်မ သမီးလေးက ကျွန်မကို နိုးသည့်အချိန်တွင်၊ ဆုတောင်းစဉ်အတွင်း ကျွန်မ အိပ်မောကျခဲ့သည်ကို နားလည်လိုက်ပြီး၊ ကျွန်မ အပြစ်ရှိသလို အလွန်ခံစားခဲ့ရသည်။ အချိန်အလွန်ကြာညောင်းအောင် ဒူးထောက်ရခြင်းမှ ထုံသွားခဲ့ပြီဖြစ်သည့် ကျွန်မ၏ ခြေထောက်များကို ကျွန်မ ရိုက်ပုတ်လိုက်ပြီး မတ်တပ်ရပ်ကာ ပြတင်းပေါက်ဆီ လျှောက်သွားလိုက်သည်။ ကောင်းကင်တွင် တွဲလွဲခိုနေသည့် ကြည်လင်ပြီး တောက်ပသည့် လမင်းကို ကျွန်မ ငေးကြည့်သည်နှင့်အညီ၊ အတိတ်၏ အမှတ်ရစရာများထဲ ချွတ်ချော်မဝင်ရောက်ဘဲ မနေနိုင်ခဲ့ပါ။

ကျွန်မ ပျိုရွယ်ချိန်တွင် သခင့်ကို စတင်ယုံကြည်ခဲ့ပြီး ယခုတွင် ၃၅ နှစ်ရှိပြီဖြစ်သည်။ သမ္မာကျမ်းစာကို ကျွန်မ လေ့ကျက်ခြင်းကြောင့်၊ ကျွန်မသည် အသင်းတော် ခရစ်ယာန်လူငယ် အဖွဲ့အစည်း၏ စီမံခန့်ခွဲသူ ဖြစ်လာခဲ့သည့်အပြင် ဆန်းဒေးစကူး ဆရာမလည်း ဖြစ်လာခဲ့ပြီး ဘုရားသခင်ကို ကျွန်မ အမြဲ စိတ်အားထက်သန်စွာ အစေခံခဲ့ပါသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်တစ်လျှောက်၊ ကျွန်မ စိတ်ဝိညာဉ် ပိုပိုပြီး ခြောက်ကပ်လာနေသည်ကို ခံစားခဲ့ရပြီး ကျမ်းစာက လွန်စွာ အလင်းပြသည်ကို မတွေ့ခဲ့ရပါ၊ ပြီးလျှင် ကျမ်းစာသင်တန်းတွင် ညီအစ်ကို မောင်နှမများကို ဦးဆောင်သောအခါ အားအင် မစုစည်းနိုင်ခဲ့ပါ။ သင်းအုပ်ဆရာက ကျွန်မကို သူ၏ တရားဒေသနာများဖြင့် အားဖြည့်ပေးဖို့ ကျွန်မ တောင့်တခဲ့သော်လည်း အမြင်သစ်ဘာဆိုဘာတစ်မျှ မရှိပဲ ထပ်တူညီသည့် ဟောင်းသော အရာများကိုသာ သူအမြဲ ဟောပြောခဲ့သည်။ ကျွန်မ ကြားရသည့် အရာများကို မပျော်မွေ့ခဲ့သလို ကျွန်မ စိတ်ဝိညာဉ်လည်း ထောက်ပံ့ပေးခြင်း မခံခဲ့ရပါ။ သူ၏ တရားဒေသနာကို ကြားနာဖို့ လာကြသည့် ကိုင်းရှိုင်းသူအများစုမှာ ဘာသာရေး အကျင့်အကြံများကိုသာ လိုက်နာစောင့်ထိန်း နေခဲ့ကြပြီး ဟန်ဆောင်လုပ်ပြ၍သာ နေကြသည်။ ဘုရားသခင်ကို စိတ်ဝိညာဉ်နှင့် သမ္မာတရားဖြင့် စစ်မှန်စွာ ကိုးကွယ်သူ တစ်ဦးတစ်ယောက်မျှ မရှိလုနီးပါးဖြစ်ခဲ့ပြီး အသင်းတော်ထဲက အခြေအနေမှာ အဆိုးမှ အဆိုးဆုံးသို့ သွားနေသည်။ ဤအခြေအနေများနှင့် ရင်ဆိုင်လျက်၊ ကျွန်မ၏ ယုံကြည်ချက်ကို ပြန်ရရန် လမ်းကြောင်းတစ်ခု တွေ့ရဖို့ မျှော်လင့်ရင်း ကျမ်းစာကို ကျွန်မ ဆက်လက်လေ့လာခဲ့သော်လည်း ဘာမျှ မထူးပဲရှိနေဆဲ ဖြစ်သည်။ ထိုအချိန်တွင်၊ ကျွန်မက၊ “ငါ့ ဝိညာဉ်က အခု အရမ်းနှိမ့်ကျနေပြီ၊ ပြီးတော့ ဆုတောင်းချိန်တွင်းမှာတောင် ငါ အိပ်မောကျမိတယ်။ ငါ သခင့်ကို ယုံကြည်သူတစ်ဦး ဖြစ်နေဆဲပဲလား။ သခင်က ငါ့ကို စွန့်ပစ်မှာလား” ဟု မကြာခဏ တွေးခဲ့သည်။ ကျွန်မသည် အတွင်း၌ စိတ်သောကခံစားခဲ့ရပြီး ကျွန်မ လုပ်နိုင်သမျှက ကျွန်မကို ဦးဆောင်လမ်းပြရန် သခင့်ကို တောင်းလျှောက်ရင်း ဆက်ခေါ်နေခဲ့ခြင်းသာ ဖြစ်သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ရက်တစ်ရက်တွင်၊ ဖေ့စ်ဘုတ်ပေါ်၌ အစ်ကို ဝမ် နှင့် ကျွန်မ တွေ့ဆုံခဲ့ပြီး၊ နောက်ပိုင်းတွင် ကျွန်မတို့၏ ကျမ်းစာ သိနားလည်မှုကို မကြာခဏ ကျွန်မတို့ ဆွေးနွေးခဲ့ကြသည်။ အစ်ကို ဝမ် တွင် ကျမ်းစာနှင့်ဆိုင်သော ထူးခြားသည့် သိနားလည်မှုစစ်စစ်ရှိပြီး အရှင်းလင်းဆုံးသော နည်းလမ်းဖြင့် သူ မိတ်သဟာယ ပြုခဲ့သည်။ ကျွန်မကို အရင်က စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည့် ကိစ္စများစွာကို သူ ဖြေရှင်းပေးခဲ့ပြီး သူ့စကားကို ကျွန်မ နားထောင်ချိန်တွင် ကျွန်မ စိတ်နှလုံးသားက သိမြင်မှုနှင့်ပြည့်လာသည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် ပို၍ပင် နားလည်နိုင်ဖို့ရန်၊ ကျွန်မ လက်ဦးမှုရယူကာ သူတို့၏ အွန်လိုင်းကျမ်းစာသင်တန်းသို့ ဖိတ်ခေါ်ခံရဖို့ တောင်းဆိုခဲ့သည်။ အွန်လိုင်းတွင် တစ်လကျော် ဖလှယ်မှုများ ပြုလုပ်ပြီးနောက်တွင်၊ ကျွန်မ ဝိညာဉ်မှာ အလွန်အထောက်အပံ့ရသည်ဟု ခံစားခဲ့ရပြီး သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်များနှင့် သခင့်အလိုတော်များအကြောင်းကို ကျွန်မ နားလည်လာခဲ့သည်။ သူတို့က ကျွန်မနှလုံးသားထဲ လတ်ဆတ်သောရေများ သွန်းလောင်းပြီး ကျွန်မ၏ ခြောက်သွေ့သော ဝိညာဉ်ကို ရေလောင်းပေးသည့် စမ်းရေကဲ့သို့ နှုတ်ကပတ်တော်အချို့ကိုလည်း ပေးပို့ခဲ့သည်။ ကျွန်မတို့၏ စုဝေးပွဲများကို ကျွန်မ အလွန်များစွာ မျှော်လင့်စောင့်စားလာခဲ့သည်။

ခရစ်ယာန်တစ်ဦး၏ ဝေမျှခြင်း- စုဝေးပွဲများကို ပုံမှန်မတက်နိုင်လျှင် ကျွန်ုပ်တို့ မည်သည့်အရာ ကိုလုပ်ဆောင်သင့်သနည်း

ကျမ်းစာထဲတွင် ရှိသည့်အရာများအပြင် ဘုရားသခင်၏ မိန့်မြွက်ချက်အသစ်တစ်ခုခု ရှိပါသလား

တစ်နေ့တွင်၊ ညီအစ်ကို မောင်နှမများက ဗွီဒီယိုတစ်ခုကို ကျွန်မအတွက် ဖွင့်ပေးခဲ့သည်၊ တစ်ဝက်အရောက်တွင်၊ ဗွီဒီယိုထဲရှိ သရုပ်ဆောင်အားလုံးက စာအုပ်တစ်အုပ်ကိုင်ထားကြသည်ကို ကျွန်မ သဘောပေါက်မိသည်။ သို့သော်၊ စာအုပ်မှာ ကျမ်းစာအုပ် မဟုတ်ပါ၊ ကျွန်မမှာ အံ့အားမသင့်ပဲ မနေနိုင်ခဲ့ပါ။ “ကျမ်းစာကို ဘာလို့ သူတို့ မကိုင်ရတာလဲ။ ကျမ်းစာထဲမှာကလွဲလို့ ဘုရားရဲ့ နှုတ်ကပတ်တော်တွေ မရှိတဲ့အားလျော်စွာ သခင့်ကို ယုံကြည်တဲ့ ခရစ်ယာန်တွေက ကျမ်းစာကို ဖတ်ရမယ်လေ။ ကျမ်းစာကို သူတို့ မဖတ်ရင်၊ အဲဒါ သူတို့ လမ်းလွဲသွားကြပြီလို့ မဆိုလိုနိုင်ဘူးလား” ဟု ကျွန်မ တွေးခဲ့သည်။ ချက်ချင်း၊ ကျွန်မ၏ စိတ်နှလုံးက သံသယများဖြင့် ပြည့်သွားခဲ့သည်၊သို့သော် သူတို့ကို အခက်မတွေ့စေဖို့ ကျွန်မ ကန့်ကွက်ချက်ဘာမျှ မထုတ်ခဲ့ပါ။ အွန်လိုင်း စုဝေးမှုပြီးသောအခါ၊ အစ်ကို ဝမ်ကို စာတိုတစ်စောင်ပို့ကာ ကျွန်မ၏ သံသယများကို သူ့အား ပြောခဲ့သည်၊ ပြီးလျှင် ဤကျမ်းစာသင်တန်းကို ပြန်မတက်ရန် ကျွန်မ ဆုံးဖြတ်ခဲ့ပါသည်။

အစ်ကိုဝမ်က၊ “ညီမရေ၊ ဒီစာအုပ်က နိုင်ငံတော်ခေတ် ကျမ်းစာအုပ်- နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ပါ။ အဲဒါက နောက်ဆုံးသော ကာလရဲ့ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ မိန့်မြွက်ချက်အသစ်တွေကလွဲလို့ ဘာမှမပါပါဘူး၊ ပြီးတော့ အဲဒါက ဗျာဒိတ်ကျမ်းထဲမှာ ပရောဖက်ပြုထားတဲ့အတိုင်း ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို’ ဖြစ်တယ်။ နောက်ဆုံးသောကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပေါ်ထွန်းပြီး သူ့အမှုတော်ကို ဆောင်ရွက်တယ်၊ နှုတ်ကပတ်တော် သန်းပေါင်းများစွာ ဖော်ပြခဲ့ပြီး ဘုရားသခင်ရဲ့ အနှစ်ခြောက်ထောင် စီမံမှုအစီအစဉ်အပြင် ကျမ်းစာအတွင်းက သမ္မာတရားတွေနဲ့ နက်နဲမှုများစွာကို ထုတ်ဖော်ပြပြီဖြစ်တယ်။ ဒီသမ္မာတရားတွေက သခင့်ကို ငါတို့ ယုံကြည်တဲ့ နှစ်တွေအားလုံးတစ်လျှောက် လုံးဝ နားမလည်ခဲ့ကြတဲ့ အရာတွေဖြစ်တယ်” ဟု ဆိုရင်း တုန့်ပြန်ခဲ့သည်။ အစ်ကို ဝမ်၏ စာတိုကို ကျွန်မ ဖတ်ချိန်တွင်၊ ကျွန်မ အလွန် စိတ်ရှုတ်သွားခဲ့ပြီး၊ “ငါ သခင့်ကို ၃၅ နှစ် ယုံကြည်ပြီးပြီ၊ ပြီးတော့ ကျမ်းစာထဲကဟာတွေအပြင် ဘုရားရဲ့ နှုတ်ကပတ်တော်တွေ ရှိတယ်လို့ ငါ လုံးဝ မကြားဖူးပါဘူး။ ဒါပေမယ့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့ ဒီစာအုပ်က ဘုရားရဲ့ မိန့်မြွက်ချက်အသစ်တွေပဲ ပါရှိတယ်လို့ သူတို့ပြောကြတယ်။ ဒါ ဘယ်လိုဖြစ်ရတာလဲ” ဟု တွေးခဲ့သည်။

ထို့နောက်တွင်မှ၊ အစ်ကို ဝမ်က အခြားစာတိုတစ်စောင်ကို ပို့ခဲ့ပြီး၊ “ညီမရေ၊ သခင်ပြန်ကြွလာတာကို အနှစ် ၃၀ ကျော် အစ်ကိုတို့ စောင့်မျှော်နေခဲ့ကြပြီးပြီ၊ အခု သခင်ယေရှုက အနန္တတန်ခိုးရှင် ဘုရားသခင်လို တကယ် ပြန်ကြွလာပြီ။ သူက အခု သူ့နှုတ်ကပတ်တော်တွေကို ကမ္ဘာလောက တစ်ခုလုံးဆီ ပြောဆိုနေတယ်၊ ဒီတော့ ဒီလိုနည်းနဲ့ ငါတို့ ရှာဖွေပြီး ဆန်းစစ်လေ့လာသင့်တယ် မဟုတ်လား။ သခင်ယေရှုက၊ ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) လို့ ဆိုခဲ့တယ်။ သူပြန်ကြွလာတဲ့သတင်းကို ငါတို့ ကြားတဲ့အခါ ငါတို့က ပညာရှိတဲ့ အပျိုကညာတွေလိုဖြစ်ပြီး သူ့ကို တက်တက်ကြွကြွ ရှာဖွေနိုင်မယ်လို့ သခင် မျှော်လင့်တယ်လေ၊ အဲဒါကို လုပ်ခြင်းအားဖြင့်ပဲ သခင့်ကို ငါတို့ ကြိုဆိုနိုင်တဲ့အတွက် ဖြစ်တယ်။ သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ သတင်းကို ငါတို့ ကြားပေမယ့် အဲဒါက ငါတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ မကိုက်လို့ အဲဒါကို လေ့လာဖို့ လက်မခံဘူးဆိုရင်၊ သခင့်ရဲ့ ကြွလာခြင်းကို ကြိုဆိုဖို့ ငါတို့ရဲ့ အခွင့်အရေးကို လွဲချော်မှာဖြစ်တယ်၊ အဲဒါဆိုရင် သခင့်ရဲ့ ကယ်တင်ခြင်းကို ငါတို့ ဆုံးရှုံးမှာပဲ မဟုတ်လား” ဟု ဆိုလေသည်။

အစ်ကို၏ စကားများက ကျွန်မကို နိုးကြားစေခဲ့ပြီး ကျွန်မက၊ “ဟုတ်တယ်၊ ငါ သခင့်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့တယ်၊ ပြီးတော့ ဒီတစ်ချိန်လုံး သခင်ပြန်ကြွလာဖို့အတွက် ငါ စောင့်နေခဲ့တာပဲ မဟုတ်လား။ အခု တစ်ယောက်ယောက်က သခင်ပြန်ကြွလာပြီ၊ ပြီးတော့ သူ့နှုတ်ကပတ်တော်တွေကို နောက်တစ်ခါ ပြန်ပြောနေပြီလို့ သက်သေခံနေတယ်လေ၊ ဒီတော့ အဲဒါကို ငါ အရင်ဆုံး သေချာပေါက် နားထောင်ပြီး လေ့လာဆန်းစစ်သင့်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့်ပဲ သခင့်ကို ငါ ကြိုဆိုနိုင်မှာပဲ” ဟု တွေးမိခဲ့သည်။

နောက်ပိုင်းတွင်၊ အစ်ကို ဝမ်က တစ်ခြားစာတိုတစ်စောင်ကို ပို့ခဲ့ပြီး၊ “ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃ မှာ၊ သခင်ယေရှုက၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။’ လို့ ပြောခဲ့တယ်။ ဗျာဒိတ်ကျမ်းကလည်း၊ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂၊ ၃) လို့ နေရာအချို့မှာ ပရောဖက်ပြုထားတယ်။ ဒါကနေ ငါတို့ မြင်နိုင်တာက၊ သခင်ကြွလာတဲ့အခါ နှုတ်ကပတ်တော်အသစ်တွေကို သူပြောမယ်၊ ပြီးတော့ အရင်က ငါတို့ လုံးဝ နားမလည်ခဲ့ကြတဲ့ သမ္မာတရားတွေနဲ့ နက်နဲမှုတွေအားလုံးကို ပြောလိမ့်မယ်ဆိုတာပဲ။ ဒီသမ္မာတရားတွေကို ကျမ်းစာထဲမှာ မရေးမှတ်ထားဘူး- အဲဒါတွေက နောက်ဆုံးသော ကာလမှာ သခင်ယေရှု ပြန်ကြွလာတဲ့အခါ ပြီးမြောက်ပြီး ပြည့်စုံမှာဖြစ်တယ်။ သမ္မာကျမ်းစာထဲကဟာတွေကလွဲလို့ ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေ မရှိနိုင်ဘူးလို့ ငါတို့ယုံကြည်ရင်၊ ဒီပရောဖက်ပြုချက်တွေ ဘယ်လိုပြည့်စုံနိုင်တော့မှာလဲ။ နောက်ဆုံးသော ကာလမှာ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေက ကျမ်းစာထဲမှာ အလိုအလျောက် ဘယ်လို ထွက်ပေါ်လာနိုင်မှာလဲ။ ဒါကြောင့်၊ သခင့်ကို ငါတို့ ကြိုဆိုချင်ရင်၊ ငါတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေကို လက်လွှတ်ပြီး နောက်ဆုံးသော ကာလမှာ ပြန်ကြွလာပြီဖြစ်တဲ့ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေကို အရင်ဆုံး ဖတ်သင့်တယ်၊ ပြီးတော့ ဘုရားရဲ့ အသံတော်ကို နားထောင်ဖို့ အရေးစိုက်သင့်တယ်။ ကျမ်းစာကို ငါတို့ ဆက်ဖက်တွယ်ပြီး အသင်းတော်တွေကို သန့်ရှင်းသော ဝိညာဉ်တော်ပြောတဲ့အရာကို နားမထောင်ဘူးဆိုရင်၊ သခင့်ကို ကြိုဆိုဖို့ ငါတို့ရဲ့ အခွင့်အရေးကို လက်လွတ်ဖို့ အလားအလာအရမ်းများလိမ့်မယ်” ဟု ဆိုလေသည်။

ဤစာတိုကို ကျွန်မ ဖတ်ပြီးနောက်၊ ရုတ်တရက် သိနားလည်မှု ကျွန်မ ရလာခဲ့ပြီး၊ “ဟာ၊ အရင်က ဒီကျမ်းပိုဒ်ကို အကြိမ်အများကြီး ငါဖတ်ပြီးပြီပဲ၊ ဒါဆို ဘယ်လိုဖြစ်ပြီး ဘုရားရဲ့ အလိုတော်ကို ငါ လုံးဝ နားမလည်ခဲ့တာလဲ။ ‘နားရှိသောသူ မည်သည် ကား ကြားပါစေ’ လို့ ပြောခြင်းအားဖြင့်၊ သခင်က ငါတို့ကို တောင်းဆိုမှုတစ်ခု လုပ်နေတာ မဟုတ်လား။သခင် ပြန်ကြွလာတဲ့အခါ၊ သူ့နှုတ်ကပတ်တော်တွေကို ငါတို့ဆီ ပြောမှာပဲ၊ ပြီးတော့ ဘုရားရဲ့ အသံတော် နားထောင်တာကို အာရုံစိုက်ခြင်းအားဖြင့်ပဲ သခင့်ကို ငါတို့ ကြိုဆိုနိုင်မှာဖြစ်ပြီး သူ့ရဲ့ ခြေလှမ်းတွေကို လိုက်လျှောက်နိုင်မှာ ဖြစ်တယ်” ဟု ကျွန်မ တွေးခဲ့သည်။ ဤအရာကို စဉ်းစားရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထပ်ပို့ပေးဖို့ အစ်ကို ဝမ်ကို ကျွန်မ ချက်ချင်း တောင်းဆိုခဲ့သည်။

ထို့နောက်တွင်၊ အစ်ကို ဝမ်က “လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်” နှင့် “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” တို့ အပါအဝင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော် အခန်းများစွာကို ကျွန်မဆီ ပေးပို့ခဲ့သည်။ ဘုရား၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတဆင့်၊ ဘုရားအမှုတော်ကို သိနားလည်မှုတစ်ချို့ ကျွန်မ ရလာခဲ့သည်၊ လူသားမျိုးနွယ်၏ ဆုတ်ယုတ်မှု ဇာစ်မြစ်၊ လူကို စာတန်က ဖောက်ပြန်ပျက်စီးစေပုံနှင့် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန် အမှုပြုပုံတို့ကို ကျွန်မ သိလာခဲ့သည်။ ကျွန်မတို့၏ ကိုယ်ပိုင် အယူအဆများ နှင့် စိတ်ကူးများအပေါ် အမှီပြုခြင်းအားဖြင့် ကျွန်မတို့က ဘုရားသခင်၏ အမှုတော်ကို အမြဲ ဘောင်ခတ်ကြပြီး၊ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် နည်းလမ်းဖြင့် ကျွန်မတို့ ပြုမူနေကြခြင်းဖြစ်သည်ကိုလည်း ကျွန်မ နားလည်လာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ပိုဖတ်လေလေ၊ ကျွန်မ၏ စိတ်နှလုံး ပိုအားတက်လေလေဖြစ်ခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှန်ပင် ဘုရားသခင်၏ အသံဖြစ်သကဲ့သို့ သြဇာအာဏာ နှင့်တန်ခိုးတို့ ပိုင်ဆိုင်သည်ကို ကျွန်မ ခံစားခဲ့ရကာ၊ ဆက်လက် လေ့လာဆန်းစစ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါသည်။

ကျွန်မ၏ စိတ်ရှုတ်ထွေးမှု ပပျောက်ပြီး၊ သမ္နာကျမ်းစာနှင့်ဆိုင်သော သိနားလည်မှုအသစ်ကို ကျွန်မ ရပြီ

ကျွန်မတို့၏ နောက်စုဝေးပွဲတွင်၊ ညီအစ်ကို မောင်နှမများအား ကျွန်မ၏ စိတ်ရှုတ်ထွေးမှုကို ပြောပြခဲ့ပါသည်- “အစ်မ လင်း၊ အစ်ကို ဝမ်၊ ဘုရားသခင်က အမှုသစ်ကို ဆောင်ရွက်နေပြီး နှုတ်ကပတ်တော်သစ်တွေကို ဖော်ပြနေတယ်လို့ ရှင်တို့ ပြောကြတယ်။ ဒါပေမယ့်၊ ကျွန်မ ငယ်စဉ်ကတည်းက၊ ဘုရားသခင်ရဲ့ အမှုတော်တွေနဲ့ နှုတ်ကပတ်တော်တွေအားလုံးကို ကျမ်းစာထဲမှာ တွေ့နိုင်တယ်၊ ပြီးတော့ ခရစ်ယာန်တွေအနေနဲ့ ဘုရားသခင်ကို သူတို့ယုံကြည်ရာမှာ ကျမ်းစာကနေ သွေဖည်လို့မရဘူး၊ အဲဒီလိုလုပ်တာက မှန်တဲ့လမ်းခရီးကနေ လမ်းလွဲတာပဲလို့ ကျွန်မတို့ သင်းအုပ်ဆရာတွေပြောတာကို ကျွန်မ ကြားခဲ့ရတယ်။ ဒီကိစ္စအပေါ် အစ်ကိုတို့ရဲ့ ထင်မြင်ချက်က ဘာလဲဆိုတာ ကျွန်မ သိချင်မိတယ်၊ ဒီတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရှင်တို့ ကျွန်မနဲ့ မိတ်သဟာယပြုပေးနိုင်မလားလို့ ကျွန်မ တွေးနေခဲ့တာ။” ထို့နောက် အစ်မလင်းက မိတ်သဟာယ ပြုပေးခဲ့ပြီး၊ “ညီမ၊ ငါတို့က ဘုရားသခင်ရဲ့ အမှုတော်တွေနဲ့နှုတ်ကပတ်တော်တွေ အားလုံးဟာ ကျမ်းစာထဲမှာရှိတယ်၊ ပြီးတော့ ကျမ်းစာကနေ သွေဖည်တာက မှန်တဲ့လမ်းကနေ လမ်းလွဲတာဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ထဲမှာ ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို ငါတို့ လက်ခံကြတယ်။ ဒါက ဘာသာရေး လောကတစ်ခုလုံးက ကိုင်စွဲထားတဲ့ ယုံကြည်ချက်တစ်ခုပဲ၊ ဒါပေမယ့် ဒီအမြင်က အမှန်တရားတွေနဲ့ ကိုက်ညီရဲ့လား။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကိုက်ညီလား။ သခင်ယေရှုက ဒီလိုမျိုးတစ်ခုတစ်လေကိုမှ လုံးဝ မပြောခဲ့သလို သန့်ရှင်းသော ဝိညာဉ်တော်က ဒီစကားတွေ လုံးဝ မပြောခဲ့ပါဘူး၊ ဒီတော့ ဒီအမြင်က ဘယ်အရာအပေါ် အတိအကျ အခြေပြုထားတာလဲ။ အဲဒါက ငါတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကနေ ပေါ်ပေါက်တာပဲ မဟုတ်လား။ ငါတို့အားလုံး သိကြတဲ့အတိုင်းပဲ၊ ကျမ်းစာဆိုတာ ဘုရားသခင့် အမှုတော်ရဲ့ အရင် အဆင့်နှစ်ဆင့်နဲ့ဆိုင်တဲ့ မှတ်တမ်းတစ်ခုပဲဖြစ်တယ်၊ ပြီးတော့ အဲဒါက သူ့အမှုတော်ကို ဘုရားသခင် ပြီးစီးတာနဲ့တပြိုင်နက် ဘုရားသခင်ရဲ့ နောက်လိုက်အချို့ရဲ့ မှတ်ဉာဏ်တွေအပေါ် အခြေပြုထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ အမှုတော်နဲ့ဆိုင်တဲ့ မှတ်တမ်းတစ်ခု ဖြစ်တယ်။ ဒီလူတွေက အရာအားလုံးကို လုံးဝ မှတ်တမ်းတင်ခဲ့တယ်လို့ ငါတို့ ပြောရဲကြလား။ ပြီးတော့၊ သမ္မာကျမ်းစာကို စာတည်းဖြတ်တဲ့အခါမှာ၊ စာတည်းဖြတ်သူတွေက အချင်းချင်း အငြင်းပွားကြပြီး အချို့ကို ချန်လှပ်ထားခဲ့ကြတယ်၊ အဲဒါက ပရောဖက်တွေအားဖြင့် တစ်ဆင့်ပေးပို့ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ အစိတ်အပိုင်းတစ်ခုကို ဓမ္မဟောင်းကျမ်းထဲမှာ မရေးမှတ်ခဲ့ကြပဲ၊ အဲဒီအစား ကျမ်းပယ်တွေထဲကို စုဆောင်းခဲ့ကြတဲ့ အကြောင်းရင်းပဲဖြစ်တယ်။ အဲဒါက ချန်လှပ်ခံခဲ့ရတဲ့ ဒီပရောဖက်တွေရဲ့ ပရောဖက်ပြုချက်တွေက ဘုရားရဲ့ နှုတ်ကပတ်တော်တွေ မဟုတ်ဘူးလို့ ဆိုလိုသလား။ ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅ မှာ၊ ‘ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏။’ လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ သခင်ယေရှုက သုံးနှစ်ခွဲ အလုပ်လုပ်ခဲ့တယ်၊ ပြီးတော့ သူက သူ့တပည့်တော်တွေကို သူတို့သွားတဲ့နေရာတိုင်းမှာ တရားဟောပြီး အလုပ်လုပ်ဖို့ ဦးဆောင်ခဲ့တယ်၊ ဒီတော့ အဲဒီအချိန်အတွင်းမှာ နှုတ်ကပတ်တော် ဘယ်လောက်များများ သူ ပြောပြီးမလဲ။ အမှုဘယ်လောက်များများ သူ လုပ်ပြီး ဖြစ်မလဲ။ ဒါကြောင့်၊ ကျမ်းစာထဲမှာ မရေးမှတ်ထားတဲ့ သခင်ယေရှုရဲ့ အမှုတော်တွေနဲ့ နှုတ်ကပတ်တော်တွေ အများကြီးရှိတယ်လို့ ပြောနိုင်ပါတယ်- ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေက ရေခဲဆိုင်ကြီးရဲ့ အစွန်းလေးသာ ဖြစ်တယ်။ ဒီတော့၊ အဲဒီလိုဆိုရင် ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေအားလုံး ကျမ်းစာထဲမှာ ရေးမှတ်ထားတယ်လို့ ဘာကြောင့် ပြောနိုင်ကြရတာလဲ။ အဲဒါ ပြောတာက အချက်အလက်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား။ သင်းအုပ်တွေနဲ့ အကြီးအကဲတွေ ပြောတာကို ငါတို့ လိုက်နာရင်၊ အဲဒါက ပရောဖက်တွေကတဆင့် ပေးပို့တဲ့ ကျမ်းစာပြင်ပမှာ တွေ့ရတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ငါတို့ ငြင်းပယ်နေတာ၊ ပြီးတော့ ကျမ်းစာထဲမှာ မရေးမှတ်ထားတဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို ငါတို့ ငြင်းပယ်နေတာပဲ မဟုတ်လား။ ဒါ့အပြင် အရင်က သခင်ယေရှုဟာ သူ့အမှုတော်ကို ဆောင်ရွက်ဖို့ လာခဲ့တဲ့အချိန်မှာ၊ ဓမ္မသစ်ကျမ်းက မရှိသေးဘူး၊ ပြီးတော့ သခင်ယေရှု ဖော်ပြတဲ့ ‘နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ(ရှင်မဿဲခရစ်ဝင် ၄:၁၇) ဆိုတဲ့ လမ်းခရီးကို ဓမ္မဟောင်းကျမ်းထဲမှာလည်း မှတ်တမ်းမတင်ထားဘူးလေ။ ဒါကြောင့် အဲဒီအချိန်က သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်က ကျမ်းစာကို ကျော်လွန်သွားခဲ့တယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ဘာသာရေးလောကကြီးက ကျမ်းစာကို ကျော်လွန်တဲ့အရာမှန်သမျှ လမ်းမှန်ကနေ သွေဖည်တာပဲလို့ ရှုတ်ချစွာနဲ့ ပြောခြင်းအားဖြင့်၊ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကိုလည်း သူတို့ ရှုတ်ချနေတာပဲ မဟုတ်လား” ဟု ဆိုလေသည်။

ဤအရာကို ပြောရင်း၊ အစ်မလင်းက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ပေးပို့ခဲ့သည်- “သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။(လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁))

ထို့နောက်တွင် အစ်မလင်းက မိတ်သဟာယ ပြုပေးခဲ့ပြီး၊ “ကျမ်းစာထဲမှာ ရေးမှတ်ထားတဲ့ အကြောင်းအရာက အရမ်း ကန့်သတ်ပါတယ်။ ဓမ္မဟောင်းကျမ်းက ယေဟောဝါ ဘုရားသခင့် အမှုတော်ရဲ့ အစိတ်အပိုင်းတစ်ခုကိုပဲ မှတ်တမ်းတင်ထားတာဖြစ်ပြီး၊ ဓမ္မသစ်ကျမ်းက သခင်ယေရှုရဲ့ အမှုတော် အစိတ်အပိုင်းတစ်ခုကိုပဲ မှတ်တမ်းတင်ထားတာပါ။ နောက်ဆုံးသော ကာလမှာ ဘုရားအမှုတော်အနေနဲ့၊ အဲဒီအကြောင်း ပရောဖက်ပြုချက်အချို့ပဲ ကျမ်းစာထဲမှာ ပါတယ်။ ပြီးတော့ အသေးစိတ်မှတ်တမ်း ဘာတစ်ခုမှ မတွေ့ရဘူး။ ခေတ်အသီးသီးမှာ၊ အဲဒီခေတ်ရဲ့ အမှုတော်ကို ဘုရားသခင်ကပဲ လုပ်ဆောင်ပြီး အမှုတော်ရဲ့ အဆင့်သစ်ကို ကြိုတင် မဆောင်ရွက်ပါဘူး၊ အဲဒါက သူ့အမှုတော်ရဲ့ နောက်တစ်ဆင့်အကြောင်းကို ဘုရားသခင်က အချိန်မတန်သေးပဲ ကျွန်တော်တို့ကို မပြောတဲ့အကြောင်းရင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ ပညတ်တော်ခေတ်မှာ ယေဟောဝါ ဘုရားသခင်က ပညတ်ချက်တွေနဲ့ ပညတ်တရားတွေကို စောင့်ထိန်းဖို့ပဲ လူကို သွန်သင်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ကို ကိုးကွယ်ဖို့ လူကို လမ်းညွှန်မှုပေးခဲ့တယ်။ ကျေးဇူးတော်ခေတ်အတွင်းမှာ သူ ပြုမယ့် အမှုတော်အကြောင်းကို ကြိုတင်ပြီး အဲဒီကာလရဲ့ လူတွေကို သူမပြောခဲ့ဘူး။ ထို့အတူပဲ၊ အခု နောက်ဆုံးသော ကာလမှာ သခင်ယေရှု ပြန်လာပြီ၊ ပြီးတော့ ကျေးဇူးတော်ခေတ်ရဲ့ ရွေးနှုတ်ခြင်းအမှုတော်ရဲ့ အခြေခံအုတ်မြစ်အပေါ်မှာ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုတော်ကို သူဆောင်ရွက်ပြီး၊ ငါတို့ရဲ့ ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားတွေကို စီရင်ပြီး သန့်စင်စေတယ်၊ ပြီးတော့ အပြစ်ရဲ့ ချည်နှောင်မှုတွေကို လုံးလုံးလျားလျား စွန့်ပစ်နိုင်စေပြီး ဘုရားသခင်အားဖြင့် သန့်စင်ခံရသလို ကယ်တင်ခံရစေနိုင်ခဲ့တယ်။ ဒီအမှုတော်ရဲ့ အသေးစိတ်အချက်အလက်တွေကို ကျမ်းစာရဲ့ စာမျက်နှာတွေထဲမှာ အချိန်မတန်သေးပဲ ရေးမှတ်ထားခဲ့ဖို့ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့်၊ ဘာသာရေးလောကရဲ့ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက လုပ်တဲ့ ‘ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေက ကျမ်းစာအတွင်းမှာ ရှိပြီး ကျမ်းစာကနေ သွေဖည်တာက လမ်းမှန်ကနေ သွေဖည်တာပဲ’ ဆိုတဲ့ ထုတ်ပြန်ချက်က ဘုရားအမှုတော်ရဲ့ အချက်အလက်တွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အဲဒါက လူ့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေကနေ လာတာဖြစ်ပြီး၊ အလိမ်အညာတစ်ခု၊ အဓိပ္ပါယ်မရှိတဲ့ သီအိုရီတစ်ခုဖြစ်တယ်၊ အဲဒါ လူတွေကို လှည့်ဖြားဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု ဆိုလေသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အစ်မ၏ မိတ်သဟာယတို့က ကျွန်မကို လုံးဝ လက်ခံယုံကြည်စေခဲ့ပြီး ချေပရန် နည်းလမ်းမရှိဖြစ်ခဲ့ရသည်။ ကျွန်မက၊ “သိပ်ဟုတ်တယ်၊ ဘုရားသခင်က အရာခပ်သိမ်းကို လွှမ်းခြုံတယ်၊ သူ့ရဲ့ ဉာဏ်ပညာက ကြွယ်ဝပြီး အလျှံပယ်ဖြစ်တယ်၊ ဒီတော့ သူ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေက ဘယ်လိုလုပ် ကျမ်းစာမှာ ကန့်သတ်ထားလို့ရမှာလဲ။ ဘုရားသခင်က ကျမ်းစာကို ကျော်လွန်ပြီး သူ့အမှုတော်ကို ဆောင်ရွက်ခွင့်ရှိတယ်၊ ဒီတော့ ငါတို့ရဲ့ အရင်က နားလည်မှုဟာ သေချာပေါက် မှားတာပဲ” ဟု မတွေးပဲ မနေနိုင်ခဲ့ပါ။

ထို့နောက်၊ အစ်ကို ဝမ်က ကျမ်းစာမှ ကျမ်းပိုဒ်တစ်ခုကို ပို့ခဲ့သည်- “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) ထို့နောက် သူက၊ “ကျမ်းစာဆိုတာ သမိုင်းဆိုင်ရာ မှတ်တမ်းတစ်ခု နဲ့ ဘုရားအမှုတော်ရဲ့ အရင် အဆင့်နှစ်ဆင့်ကို သက်သေခံချက်တစ်ခုသာ ဖြစ်တယ်။ ကျမ်းစာက ထာဝရအသက် မပိုင်သလို အသက်ရဲ့ အရင်းအမြစ်လည်း မဟုတ်ဘူး။ ကျမ်းစာကို ယုံကြည်ခြင်းအားဖြင့်၊ ငါတို့က ကယ်တင်ခြင်းရဖို့ မပြောနဲ့၊ သမ္မာတရား ဒါမှမဟုတ် အသက်ကို လုံးဝ မရနိုင်သလို၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကိုလည်း မရနိုင်ဘူး။ ဘုရားသခင်ပဲ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ပြီး သူတစ်ပါးတည်းကပဲ ငါတို့ အသက်တွေရဲ့ အရင်းအမြစ်ဖြစ်တယ်။ ဘုရားသခင်ကို ငါတို့ ယုံကြည်ရာမှာ သမ္မာတရားနဲ့ အသက်ကို ငါတို့ ရချင်တယ်ဆိုရင်၊ ဘုရားသခင်ရှေ့ကို ငါတို့ လာရမယ်၊ ဘုရားရဲ့ လက်ရှိ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို လက်ခံပြီး သိုးသငယ်ရဲ့ ခြေလှမ်းတွေကို နီးနီးကပ်ကပ် လိုက်ရမှာဖြစ်တယ်၊ အဲဒီနောက်မှပဲ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ငါတို့ ရနိုင်မှာဖြစ်လို့ပါပဲ” ဟု ဆိုခဲ့သည်။

အစ်ကိုဝမ်၏ မိတ်သဟာယကို နားထောင်ပြီးနောက်၊ အလင်းကို ကျွန်မ ရုတ်တရက် မြင်ခဲ့ရပြီး၊ “အရင်က ဒီကျမ်းပိုဒ်ကို ငါဖတ်တဲ့အခါ၊ ကျမ်းစာက ဘုရားသခင်အတွက် သက်သေခံချက်တစ်ခုလို ဆောင်ရွက်တယ်ဆိုတာ နားလည်ရုံနားလည်ခဲ့ပြီး၊ ဘုရားသခင်ကို ယုံကြည်ရာမှာ ကျမ်းစာကို ထိန်းသိမ်းရမယ်လို့ ငါ ယုံကြည်ခဲ့တယ်၊ ဒါပေမယ့် ဘုရားသခင်က သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတဲ့ အချက်ကို ငါ မမြင်မိခဲ့ဘူးပဲ။ အခုမှပဲ ကျမ်းစာဆိုတာ ဘုရားသခင်ရဲ့ ပြီးခဲ့တဲ့အမှုတော်ကို သက်သေခံချက်တစ်ခုဖြစ်ပြီး အဲဒါက ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သလို အတွင်းထဲမှာလည်း အသက်ကို မပိုင်ဆိုင်ဘူးဆိုတာကို ငါ နားလည်တော့တယ်။ သမ္မာတရားနဲ့ အသက်ကို ငါ ရချင်ရင်၊ ဘုရားသခင်ရဲ့ ခြေလှမ်းတွေကို ငါ နီးနီးကပ်ကပ် လိုက်ရမယ်။ အဲဒီနောက်မှပဲ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ငါတို့ ရနိုင်မှာဖြစ်လို့ပဲ။ သြော်၊ ဘုရားရဲ့ အမှုတော်သစ်အပေါ် ငါ့ရဲ့ သဘောထားကို စဉ်းစားကြည့်တဲ့အခါ၊ ရှာဖွေလိုတဲ့ စိတ်နှလုံး တစ်စက်မှမရှိပဲနဲ့၊ ငါ့ရဲ့ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကို ဖက်တွယ်ပြီး ဘုရားအမှုတော်ကို ငြင်းပယ်ရင်းနဲ့ ငါ ဘယ်လောက် မျက်စိကန်းခဲ့ပြီး အသိမဲ့ခဲ့လဲဆိုတာ ငါမြင်ရတယ်။ ကျမ်းစာကို ခေါင်းမာမာနဲ့ ငါ ဆက်ဖက်တွယ်ထားမယ်ဆိုရင်၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ငါ ငြင်းပယ်နေတာပဲ ဖြစ်မှာမဟုတ်လား။ နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လေးလေးနက်နက် ငါ လေ့လာဆန်းစစ်ရမယ်” ဟု တွေးမိခဲ့သည်။

ဘုရားသခင်၏ အမှုတော်ကို ကျွန်မ နားလည်ပြီး သခင်၏ ပြန်ကြွလာခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုသည်

နောက်ပိုင်းတွင်၊ အစ်မလင်းက သမ္မာကျမ်းစာမှ ထွက်လာပါဟု ခေါ်သည့် ဧဝံဂေလိ ဗွီဒီယိုတစ်ခုကို ကျွန်မတို့အား ပြသခဲ့သည်၊ ဗွီဒီယိုထဲက ဘုရားနှုတ်ကပတ်တော် ကျမ်းနှစ်ပိုဒ် နှင့် ညီအစ်မတစ်ဦး၏ မိတ်သဟာယက ကျွန်မကို ဆွဲဆောင်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်က ပြောသည်၊ “ပိုမြင့်မားသည့် လမ်းခရီး ရှိနေသောကြောင့်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးကို အဘယ့်ကြောင့် လေ့လာနေသနည်း။ ပိုသစ်သည့် မိန့်မြွက်ချက်များနှင့် ပိုသစ်သည့်အမှု ရှိနေလျှင်၊ သမိုင်းမှတ်တမ်း အဟောင်းများအကြားတွင် အဘယ့်ကြောင့် နေထိုင်နေသေးသနည်း။ မိန့်ကြားချက် အသစ်များက သင့်ကို ပံ့ပိုးပေးနိုင်သည်၊ ဤအချက်က ယင်းသည် အမှုသစ် ဖြစ်ကြောင်းကို သက်သေပြနေသည်၊ မှတ်တမ်းအဟောင်းများက သင့်ကိုဆန္ဒ ပြည့်ဝစေနိုင်ခြင်း၊ သင်၏လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည့်းပေးနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် သမိုင်းဖြစ်ပြီး ယခုအချိန် ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေပြနေသည်။ အမြင့်ဆုံးလမ်းခရီးသည် အသစ်ဆုံးအမှုဖြစ်ပြီး၊ အမှုသစ်နှင့်ဆိုလျှင် အတိတ်က လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူတို့၏ ပြန်ပြောင်းဆင်ခြင် သုံးသပ်ချက်များ၏ သမိုင်းဖြစ်နေဆဲ ဖြစ်ပြီး၊ ရည်ညွှန်း ပြောဆိုချက်အဖြစ် ၎င်း၏တန်ဖိုးမှာ မည်သို့ပင်ရှိပါစေ၊ ယင်းသည် လမ်းခရီးဟောင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို ‘သန့်ရှင်းသည့် ကျမ်းစာအုပ်’ ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းခရီးဟောင်းသည် သမိုင်းဖြစ်သည်၊ ‘သန့်ရှင်းသည့် ကျမ်းစာအုပ်’ ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေ၏။ ၎င်းလမ်းခရီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ သင့်ကို ကယ်တင်နိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲနိုင်သည်။(သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။(သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄))

ဗွီဒီယိုထဲမှ ညီအစ်မတစ်ဦးက မိတ်သဟာယပြုသည်မှာ၊ “ကျမ်းစာထဲမှာ နောက်ဆုံးသော ကာလထဲက ဘုရားသခင်ရဲ့ အမှုတော်ကိုပဲ ပရောဖက်ပြုထားပြီး အဒါနဲ့ ပတ်သက်တဲ့ တကယ့် မှတ်တမ်းတွေ မရှိခဲ့ရင်၊ အဲဒါက လူသားမျိုးနွယ်ရဲ့ တကယ့်လိုအပ်ချက်တွေအပေါ် အခြေပြုတာဖြစ်တယ်၊ ပြီးတော့ အဲဒါဟာ ကျမ်းစာရဲ့ အခြေခံအုတ်မြစ်အပေါ် အခြေပြုပြီး ပိုပိုပြီး နက်ရှိုင်းလာသလို ပိုပြီးမြင့်မားလာတာ ဖြစ်တယ်။ သခင်ယေရှု ကြွလာခဲ့တဲ့ အချိန်ကအတိုင်းပေါ့၊ ဓမ္မဟောင်းကျမ်းအတိုင်း သူအမှုမပြုခဲ့ပေမယ့်၊ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့ ဘုရားသခင်ရဲ့ ကိုယ်ပိုင် အစီအစဉ်အတိုင်း အမှုပြုခဲ့တယ်။ ပညတ်တော်နဲ့ဆိုင်တဲ့ အမှုတော်ရဲ့ အခြေခံအုတ်မြစ်ပေါ်က ရွေးနုတ်ခြင်း အမှုတော်ရဲ့ အဆင့်တစ်ခုကို သူ ပြည့်စုံစေခဲ့တယ်၊ အဲဒါကတော့၊ သူက ဓမ္မဟောင်းကျမ်းရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ ပိုသစ်လွင်၊ပိုမြင့်မားတဲ့ အမှုတော်အဆင့်တစ်ခုကို သူ ပြည့်စုံစေခဲ့တာပါ။ အဲဒီအမှုတော်အဆင့်မှာ၊ သူက ပညတ်တော်ဟောင်းကို မရုတ်သိမ်းခဲ့ပေမယ့် စုံလင်စေခဲ့တယ်။ ပြီးတော့ အလားတူပဲ၊ ဒီနေ့ နောက်ဆုံးသော ကာလမှာ၊ ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်နိုင်တဲ့ နှုတ်ကပတ်တော်တွေ အများကြီးကို မိန့်မြွက်ရင်း လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေ၊ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်အပေါ် အခြေပြုပြီး သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုတော်နဲ့ဆိုင်တဲ့ အခြေခံအုတ်မြစ်အပေါ်မှာ နောက်ထပ် ပိုသစ်လွင်တဲ့ အဆင့်၊ ပိုမြင့်မားတဲ့ အမှုတော်ကို လုပ်ဆောင်နေပါတယ်။ ဒါတွေက ပညတ်တော်ခေတ် ဒါမှမဟုတ် ကျေးဇူးတော်ခေတ်မှာ ဘုရားသခင် လုံးဝ မပြောခဲ့တဲ့ အရာတွေ ဖြစ်ပါတယ်။ အဲဒါတွေက နောက်ဆုံးသော ကာလမှာ ဘုရားသခင် ဖွင့်နေတဲ့ စာစောင်၊ တဆိပ်ခုနှစ်ခုလည်းပဲ ဖြစ်ပါတယ်။ ဒါက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ဖြစ်တဲ့၊ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည် ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၁၇) ဗျာဒိတ်ကျမ်း ၅:၁-၅ ထဲမှာလည်း ရေးထားတယ်- ‘ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။ အားကြီးသော ကောင်းကင်တမန်တပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။ ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။ ထိုအခါ အသက်ကြီးသော သူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။’ ဒီပရောဖက်ပြုချက်တွေက သူ့အမှုတော်ကို သခင်ယေရှု ပြည့်စုံစေခဲ့တဲ့နောက်ပိုင်းမှာပဲ ရှိခဲ့တာပါ။ ဒီပရောဖက်ပြုချက်တွေက ဘုရားသခင် သေချာပေါက် စွမ်းဆောင်ရရှိမယ့် အရာတွေဖြစ်တဲ့အပြင် နောက်ဆုံးသော ကာလမှာ ဘုရားသခင် လုပ်ဆောင်မယ့် ကယ်တင်ခြင်းအမှုတော်ဖြစ်တယ်ဆိုပြီး မပြောထားပဲ ရှိနေတာပါ။ အခု ဘုရားသခင်က ဇာတိပကတိဖြစ်လာပြီး နှုတ်ကပတ်တော်တွေကို မြွက်ဆိုဖို့ ကြွလာခဲ့ပြီ။ သူက တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်ရဲ့ အဆင့်တစ်ခုကို ပြုလုပ်ပြီးပြီဖြစ်သလို လူတွေ ကယ်တင်ခံရခွင့်ရစေနိုင်တဲ့ နှုတ်ကပတ်တော်တွေအများကြီးကို မိန့်မြွက်ပြီးပါပြီ။ ဒီနှုတ်ကပတ်တော်တွေက ကျမ်းစာထဲမှာ မရှိပေမယ့် ကျမ်းစာပြင်ပက နှုတ်ကပတ်တော်တွေ ဖြစ်တယ်။ ဒီအသက်နဲ့ဆိုင်တဲ့ ကြွယ်ဝချမ်းသာစေတဲ့ နှုတ်ကပတ်တော်တွေဟာ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင် အပ်နှင်းတဲ့ အသက်လမ်းခရီးဖြစ်ပြီး၊ လူသားရဲ့ ကယ်တင်ခြင်းအတွက် တစ်ခုတည်းသော လမ်းခရီးဖြစ်ပါတယ်။ အဲဒါတွေကို လက်ခံဖို့ ငါတို့ ငြင်းရင်၊ ငါတို့က ဘုရားအသက်ရဲ့ ရှင်သန်တဲ့ရေအားဖြင့် အမှန်တကယ် ရေလောင်းပေးတာကို လုံးဝ ခံရမှာ မဟုတ်ပါဘူး၊ ပြီးတော့ ဘုရားသခင်ဆီက သမ္မာတရား ဒါမှမဟုတ် အသက်ကို လုံးဝ ရနိုင်မှာမဟုတ်ဘူး” ဟူ၍ ဖြစ်သည်။

ညီအစ်မ၏ မိတ်သဟာယမှတဆင့်၊ ဘုရားသခင်၏ အမှုတော်သည် အမြဲရှေ့သို့ဆက်နေသည်ကို နောက်ဆုံးတွင် ကျွန်မ နားလည်လာခဲ့သည်။ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဘဝကို ဦးဆောင်လမ်းပြရန်၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပုံနှင့် အပြစ်တရားက အဘယ်အရာဖြစ်သည်တို့ကို လူတို့အား သိစေဖို့ရန် ပညတ်တရားနှင့် ပညတ်ချက်တို့ကို ကြေငြာခဲ့သည်။ ကျေးဇူးတော်ခေတ်တွင်၊ ကားတိုင်ပေါ် ကားစင်တင်ခံရခြင်းအားဖြင့်၊ သခင်ယေရှုသည် လူသားမျိုးနွယ်ကို ကယ်တင်ခဲ့သည်၊ သူသည် ပညတ်တော်၏ ချည်နှောင်မှုများမှ လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့ပြီး၊ လူတို့အနေဖြင့် သခင့်၏ ကယ်တင်ခြင်းကို လက်ခံသရွေ့၊ သူတို့သည် သခင်၏ အလျှံပယ်ဖြစ်သော ကျေးဇူးတော် နှင့် ကောင်းကြီးမင်္ဂလာတို့ကို နှစ်သက်ပျော်မွေ့နိုင်ခဲ့ကြသည်။ သို့သော်၊ ငြင်းပယ်မရနိုင်သည့်အရာမှာ ကျွန်မတို့သည် ထပ်ကာ ထပ်ကာ အပြစ်ပြုကာ ဝန်ခံပြီး၊ အပြစ်၏ ချည်နှောင်မှုများ နှင့် ချုပ်ချယ်မှုတွေကို လုံးဝ မဖယ်ရှားနိုင်ကြသော အခြေအနေတစ်ခုထဲတွင် အသက်ရှင်နေကြဆဲဖြစ်သည့်အရာ ဖြစ်သည်။ ယခုတွင်၊ ပြန်ကြွလာသည့် သခင်ယေရှု- အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်- သည် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်နေသည်၊ သူသည် ကျွန်မတို့၏ အပြစ်နှင့်ပြည့်သော သဘာဝကို ဖြေရှင်းနိုင်ဖို့ရန်အလို့ငှာ၊ ကျွန်မတို့၏ အပြစ်နှင့်ပြည့်သော သဘာဝကို ကျွန်မတို့ လုံးဖယ်ရှားပစ်နိုင်ပြီး နောက်ဆုံးတွင် ဘုရားသခင်၏ ကတိတော်ကို ရရှိကာ ကျွန်မတို့၏ လှပသော ခရီးပန်းတိုင်ထဲ ဝင်ရောက်နိုင်ဖို့ရန် အရည်အချင်းပြည့်မှီနိုင်ဖို့အလို့ငှာ သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြလေသည်။ နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် သမ္မာကျမ်းစာကို မငြင်းပယ်ပါ။ ယင်းထက်၊ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တို့၏ အခြေခံအုတ်မြစ်ပေါ်တွင်၊ ဘုရားသခင်သည် ပိုမို သစ်လွင်၊ ပိုမို မြင့်မားသည့် အမှုတော်အဆင့်တစ်ခုကို ဆောင်ရွက်သည်၊ ယင်းက ဖောက်ပြန်ပျက်ဆီးသည့် လူသားမျိုးနွယ်အနေဖြင့် ကျွန်မတို့ အတိအကျလိုအပ်သည့်အရာ ဖြစ်သည်။ နိုင်ငံတော်ခေတ် ကျမ်းစာ- နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်မှာ နောက်ဆုံးသော ကာလတွင် ကျွန်မတို့ကို ဘုရားသခင် ပေးထားသည့် အသက်လမ်းဖြစ်သည်၊ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံခြင်းအားဖြင့်သာ အသက်၏ ရှင်သန်သော ရေ အထောက်အပံ့ကို ကျွန်မတို့ ရရှိနိုင်သည်။ ကျွန်မတို့က အဘယ်ကြောင့် ဘုရားသခင်ထံမှ အသက်၏ အထောက်အပံ့ မရနိုင်ကြသည့်အကြောင်းရင်း နှင့် အမှောင်ထဲ ကျွန်မတို့ လဲကျပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ဆုံးရှုံးကြရသည့် အကြောင်းရင်းကို ယခုမှ ကျွန်မ နားလည်ရသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ကျွန်မတို့က ကျမ်းစာကို ဖက်တွယ်ပြီး၊ ဘုရားသခင်၏ အမှုတော်များနှင့် နှုတ်ကပတ်တော်များအားလုံး ကျမ်းစာအတွင်း၌ တွေ့ရဖို့ဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သလို၊ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံဖို့ ငြင်းသောကြောင့် ဖြစ်ပါသည်။

ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် နှင့် အဆက်အသွယ်ရှိသည်မှာ လအနည်းငယ်သာ ရှိသော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ကျွန်မ မြင်ရသည်၊ ထိုအရာများက ကျွန်မ၏ စိတ်ရှုတ်ထွေးမှုများ နှင့် မေးခွန်းများကို ဖြေရှင်းနိုင်ပြီး ကျွန်မ၏ စိတ်ဝိညာဉ်အတွက် ထောက်ပံ့ပေးသည်။ ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို ကျွန်မ သေချာလာခဲ့ပြီး၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ ဝမ်းမြောက်စွာ လက်ခံခဲ့သည်။ ကျမ်းစာကို ဖက်တွယ်ခဲ့သောကြောင့် ဘုရားသခင်၏ အမှုတော်ကို ကျွန်မ ငြင်းပယ်ခဲ့ပုံကို ပြန်စဉ်းစားသည့်အခါတွင်၊ ကျွန်မ အလွန်နောင်တရမိပါသည်- ကျွန်မ အလွန် မာနထောင်လွှားပြီး မိုက်မဲခဲ့မိပါသည်။ သို့တိုင် ဘုရားသခင်သည် ကျွန်မအပေါ် ကရုဏာထားခဲ့ပြီး၊ ညီအစ်ကို မောင်နှမများကို ကျွန်မကို စာတိုများပေးပို့ခြင်းအားဖြင့်၊ ကျွန်မနှင့်အတူ တွေ့ဆုံပြီး ထပ်ကာတလဲလဲ ကျွန်မနှင့်အတူ မိတ်သဟာယပြုခြင်းအားဖြင့်၊ ဘုရားသခင်က ကျွန်မကို သမ္မာကျမ်းစာနှင့်ပတ်သက်သည့် အတွင်းပိုင်းဇာတ်ကြောင်းအပြင်၊ ယင်း၏ အနှစ်သာရကို နားလည်နိုင်စေခဲ့သည်။ ပြီးလျှင် ကျွန်မ၏ ကိုယ်ပိုင်အယူအဆများကို နောက်ဆုံးတွင် လက်လွတ်ပြီး နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို ကျွန်မ လက်ခံသည့်တိုင်အောင် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်က တစ်ဆင့်ပြီး တစ်ဆင့် အမှုပြုပုံကို နားလည်နိုင်စေခဲ့ပြီး ကျွန်မသည် ဘုရားသခင်၏ ခြေလှမ်းများကို စတင်လိုက်လျှောက်ခဲ့ပါသည်။ ကျွန်မကို ချစ်ခြင်းနှင့် ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

အမှာစကား ချန်ခဲ့မည်