စာရင်း

သမ္မာကျမ်းစာလေ့လာခြင်း- ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် ထာဝရအသက်ကို ရရှိနိုင်ပါသလား

တုံတုံ တရုတ်ပြည်

ကျွန်မတို့က သမ္မာကျမ်းစာအကြောင်း ပြောသည့် အခါတွင်၊ လူတိုင်းက ၎င်းကို ခရစ်ယာန် ဘာသာ၏ ကျမ်းရင်းအနေဖြင့် လူတိုင်းက သိထား ကြသည်။ ခရစ်ယာန်များအားလုံးတွင် သမ္မာကျမ်းစာ တစ်အုပ်ရှိပြီး၊ ကျွန်မတို့ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း ကာလအတွင်း နှင့် အစည်းအဝေးများတွင် ကျွန်မတို့က သမ္မာကျမ်းစာကို ဖတ်ရှုကြပြီး၊ အမှုတော်ဆောင်အလုပ် နှင့် တရားဟောကြား ခြင်းများကို ကျွန်မတို့သည် ၎င်းကို ပို၍ပင် မှီခိုအားထားကြသည်။ သမ္မာကျမ်းစာသည် ခရစ်ယာန် တိုင်း၏ အသက်တာတွင် ခွဲထုတ်မရ နိုင်သည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ဆိုနိုင် ပါသည်။

သမ္မာကျမ်းစာလေ့လာခြင်း

သမ္မာကျမ်းစာကို ဖတ်ရှုခြင်းမှတစ်ဆင့် ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးအပြင်၊ ၎င်းတို့ထဲမှ အရာများအားလုံးကို ဖန်ဆင်းတော်မူခဲ့ကြောင့်၊ ကမ္ဘာကြီးကို ဖျက်ဆီးရန် ဘုရားသခင်က ရေကြီးခြင်းကို တစ်ချိန်က အသုံးပြုခဲ့ဖူးကြောင်း၊ ဘုရားသခင်သည် ဣသရေလလူမျိုးများကို အဲဂုတ္တုပြည်မှ ခေါ်ထုတ်ရန် မောရှေကို ဦးဆောင်ခဲ့ကြောင်း၊ ပညတ်တော်များနှင့် တရားတော်များကို ကြွေးကြော် ပြီး ဣသရေလလူမျိုးတို့ကို ၎င်းတို့အသက်တာများတွင် ဦးဆောင်ခဲ့သည့်အပြင်၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် သူတို့ကို သွန်သင်ခဲ့ကြောင်း စသည်တို့ကို ကျွန်မတို့ သင်ယူခဲ့ရပါသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုသည် ဘုရားသခင်၏အံ့ဖွယ်အမှုများစွာကို ပြုခဲ့ပြီး၊ နာမကျန်းဖြစ်သူများစွာကို ပျောက်ကင်းစေကာ၊ သူ့ကိုယ်သူ လူသားမျိုးနွယ်တစ်ခုလုံးကို ရွေးနှုတ်ရန် အပြစ်ဖြေရာယဇ် ဖြစ်စေခဲ့ကြောင်း၊ ကိုယ်တော်၏ သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့သည် စစ်မှန်ကြောင်း စသည်တို့ကိုလည်း ကျွန်မတို့သည် သမ္မာကျမ်းစာမှ သင်ယူခဲ့ရပါသည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းမှတစ်ဆင့် ကျွန်မတို့သည် ဘုရားသခင်၏ သြဇာအာဏာ ကို သိရှိလာကာ၊ ဘုရားသခင်ကို လိုက်လျှောက်ခြင်း၌ ကျွန်မတို့၏ ယုံကြည်ခြင်း တိုးပွားလာသည့်အပြင်၊ ကျွန်မတို့၏ အသက်တာများနှင့် အလုပ်တို့တွင် ကောင်းမှုများ ပိုမိုပြုလုပ်လာခဲ့သည်။ ဤအချက်များအားလုံးသည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်းမှ ကျွန်မတို့ ရရှိသည့် အရာများပင် ဖြစ်ပါသည်။ ကျွန်မတို့အတွက် သမ္မာကျမ်းစာ တည်ရှိမှု၏ တန်ဖိုးသို့မဟုတ် ၎င်းမှ ကျွန်မတို့ထံသို့ ယူဆောင်လာသည့် အကျိုးကျေးဇူး နှင့် အထောက်အကူ တို့ကို မည်သူတစ်ဦးတစ်ယောက်မျှ မငြင်းပယ်နိုင်ပါ။ ထို့ကြောင့် သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကျွန်မတို့၏ ယုံကြည်ခြင်းတွင် အသက်တာ ရရှိရန် လမ်းကြောင်း ဖြစ်ကြောင်းနှင့် သမ္မာကျမ်းစာကို ဇွဲနပဲဖြင့် ဖတ်ရှုခြင်းဖြင့်သာလျှင် ကျွန်မတို့သည် ထာဝရအသက်ကို ရရှိနိုင်ကြောင်း ခရစ်ယာန်များစွာတို့က ယုံကြည်ကြပါသည်။ သို့သော် အချို့လူများက သခင်ယေရှုက “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ၊” (ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) ဟု မိန့်တော်မူထားသည်ကို ဖတ်ရှုပြီး၊ သူတို့က စိတ်ရှုပ်ထွေးခဲ့ရသည်၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လူသား၏ သက်သေခံချက် တို့ပါရှိသည့် အားလျော်စွာ၊ ၎င်းကို ဖတ်ရှုခြင်းက ကျွန်မတို့ကို ထာဝရအသက်တာ ပေးနိုင်စွမ်းသင့်သည်။ သို့ပါက သခင်ယေရှုက သမ္မာကျမ်းစာတွင် ထာဝရအသက်တာ မပါရှိဟု အဘယ့်ကြောင့် မိန့်တော်မူသနည်း။

အမှန်မှာမူ ဤသည်မှာ ဖြေဆိုရန် လွယ်ကူသည့် မေးခွန်းတစ်ခုဖြစ်ပါသည်။ ကျွန်မတို့က ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် ကာလ များအတွင်း သမ္မာကျမ်းစာတွင် မှတ်တမ်းတင် ထားသည့် ဘုရားသခင်၏ အမှုတော်နောက်ကွယ်မှ အတွင်းကျကျဇတ်လမ်းကိုသာ ကြည့်ရှုရန် ဖြစ်သည့်အပြင်၊ သခင်ယေရှုသည် ထိုသို့ မိန့်တော်မူရသည့် အကြောင်းအရင်းကို နားလည်ရန် ဤအမှုတော် အောင်မြင်ရရှိခဲ့သည့် ရလဒ်များ ကိုလည်း ကြည့်ရှုရန် ဖြစ်ပါသည်။

ပညတ်တော်ခေတ်တွင် ယေဟောဝါ ဘုရားသခင်က ပညတ်တော်များနှင့် တရားတော် များကို အခြေခံအားဖြင့် ကြွေးကြော်ခဲ့ပြီး၊ ကမ္ဘာပေါ်ရှိ ထိုအချိန်က အသစ်ဖန်ဆင်းခံရသော လူသားမျိုးနွယ် ၏ အသက်တာများကို ဦးဆောင် ခဲ့ပါသည်။ ဘုရားသခင်သည် သမ္မာတရားအချို့ကိုပါ ဖော်ပြခဲ့သော်လည်း၊ ဤနှုတ်ကပတ်တော်များအား သူ၏ ပညတ်တော်များနှင့် တရားတော်များကို လူများနာခံစေရန်၊ ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်ရန်၊ ယဇ်ပလ္လင်တည်ဆောက်ဖို့ သင်ယူရန် နှင့် သူ့တရားတော်များနှင့် ပညတ်တော် များကို ချိုးဖောက်ပါက သူတို့သည် ဤယဇ်ပလ္လင်များ ပေါ်တွင် ဘုရားသခင်ကို ပူဇော်ဆက်ကပ်ခြင်းများ ပြုရန် နှင့် ဝန်ချတောင်းပန်ရန်တို့အတွက် အခြေခံအားဖြင့် မိန့်တော်မူခဲ့ခြင်းဖြစ်သည်။ ကိုယ်တော်သည် လူများ၏ အသက်တာ စိတ်သဘောထား ကို ပြောင်းလဲစေရန် မည်သည့် အရာကိုမျှ မပြုခဲ့ပါ၊ ကိုယ်တော်သည် လူများ၏ အသက်တာများကို ဦးဆောင်ရန် အတွက်သာ ဤအရာများကို ပြုခဲ့ခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုသည် ရွေးနှုတ်ခြင်းအမှုတော်ကို ပြုတော်မူခဲ့ပြီး၊ ဤကာလ အတွင်းတွင် သူသည် ဘုရားသခင်၏ အံ့ဖွယ်အမှုများစွာကို ပြုခဲ့သည်၊ ကိုယ်တော်သည် နာမကျန်းသူများကို အနာငြိမ်းစေကာ၊ နတ်ဆိုး များကို မောင်းထုတ်ပြီး၊ သေသူကို ရှင်ပြန် ထမြောက်စေသည့်အပြင်၊ လှိုင်းနှင့် လေကို နှုတ်ကပတ်တော်တစ်လုံးဖြင့် ငြိမ်သက်စေပြီး၊ လူ၅၀၀၀ ကို ကျွေးရန် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို အသုံးပြုတော်မူခဲ့သည်၊ ကိုယ်တော်သည် လူများက သူတို့အပြစ်များကို ဝန်ခံပြီး၊ နောင်တရရန်၊ အခြားသူများကို ကိုယ်တမျှ ချစ်ရန်၊ သည်းခံပြီး စိတ်ရှည်ရန်၊ အခြားသူများကို မဝေဖန်ရန်၊ အကြိမ်ပေါင်း ခုနှစ်ဆယ့်ခုနှစ်ကြိမ်တိုင် ခွင့်လွှတ်ရန် စသည်တို့ကို သွန်သင်ဖို့ နှုတ်ကပတ်တော် များစွာကို မိန့်တော်မူခဲ့သည်။

သခင်ယေရှုသည် နောင်တရခြင်း နည်းလမ်းကို တရားဟောကြားပြီး၊ လူများက နောင်တရခြင်းနည်းလမ်းကို လက်ခံခဲ့သည့်အချိန်တွင် ရလဒ်မှာ သူတို့က ဝန်ခံပြီး၊ နောင်တရကာ၊ သူတို့အပြစ်များလည်း လွတ်ပြီးဖြစ်လေသည်၊ အပြင်ပန်းတွင် သူတို့က ကောင်းမှုများ ပို၍ ပြုကြသည်၊ သူတို့က မခိုး၊ မလု၊ အခြားသူများကို မရိုက် သို့မဟုတ် မဆူပူ သို့မဟုတ် မသောက်မစား သည့်အပြင်၊ အချို့သော လူများက ဇွဲကောင်းစွာ အလုပ်လုပ်နိုင်ပြီး၊ သခင့်အတွက် အသုံးခံကာ၊ သခင့်နောက်လိုက်ရန် အရာအားလုံးကို စွန့်လွှတ်၍ သခင်ယေရှု၏ဧဝံဂေလိကို ဖြန့်ဝေ ကြပါသည်။ သို့သော်လည်း ကျွန်မတို့ အပြစ်များအတွက် သခင့်ရွေးနှုတ်ခြင်းကို ရရှိရုံမျှသည် ကျွန်မတို့ အပြစ်၏ ဇစ်မြစ်အကြောင်းအရင်း ဖြေရှင်းသွားပြီဟု ကိုယ်စားမပြုသကဲ့သို့၊ ကျွန်မတို့သည် ထာဝရအသက်တာကို ရရှိရာ ရှင်းလင်းသော လမ်းကြောင်းတစ်ခု ပေါ်သို့ ရောက်ရှိပြီဟုလည်း ကိုယ်စားမပြုပါ။ ကျွန်မတို့ သခင့်ကို ယုံကြည်သည့် အခိုက်အတန့်ကတည်းကပင်၊ ကျွန်မတို့က မိမိတို့၏ မာနထောင်လွှားမှု၊ စိတ်ကြီးဝင်ခြင်း၊ အတ္တကြီးခြင်း၊ စက်ဆုပ်ဖွယ်ကောင်းခြင်း၊ ကလိမ်ကကျစ်ကျခြင်း နှင့် လှည့်စားတတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်မှုကို ခံကြရသောကြောင့် ကျွန်မတို့သည် မကြာခဏ ပဋိပက္ခဖြစ်သည် ဖြစ်စေ၊ သို့မဟုတ် အခြားသူများကို သေးသိမ်စေပြီး ကြဉ်ကြသည်၊ ကျွန်မတို့၏ အကျိုးစီးပွားများနှင့် ဂုဏ်သတင်းများတို့အတွက် ကျွန်မတို့သည် မကြာခဏ အကောက်ကြံ၊ လှည့်စားကာ၊ လိမ်ညာကြသည်၊ ဘုရားသခင်ကို ကျွန်မတို့ ယုံကြည်ရာတွင်လည်း၊ ကျွန်မတို့က လူများကို ကိုးကွယ်ပြီး၊ နောက်လိုက်သည်နှင့်အညီ မကြာခဏ ဆိုသကဲ့သို့ ဘုရားသခင်ကို ကိုးကွယ်နိုင်ခြင်းမရှိကြပါ၊ အစည်းအဝေးများနှင့် ကျွန်မတို့ တရားဟောကြားသည့်အခါတွင်၊ ကျွန်မတို့သည် မကြာခဏ ဆိုသကဲ့သို့ပင် မိမိကိုယ်ကို ချီးမြှောက်ပြီး၊ ဘုရားသခင်ကို အရာခပ်သိမ်းထက်ပိုပြီး ဂုဏ်ပြုခြင်း သို့မဟုတ် သက်သေခံခြင်းများ မပြုနိုင်ကြသည့်အပြင် အထူးသဖြင့် ဘေးဒုတက္ခကြုံတွေ့ရသည့် အချိန်များတွင်၊ ကျွန်မတို့သည် ဘုရားသခင်ကို နားလည်မှုလွဲခြင်း၊ အပြစ်တင်ခြင်း သို့မဟုတ် သစ္စာဖောက်ခြင်း အန္တရာယ်များဖြင့်ပင် အမြဲတမ်း ကြုံတွေ့ရပါသည်။ ပညတ်တော်ခေတ် နှင့် ကျေးဇူးတော်ခေတ်တို့တွင် ဘုရားသခင် ပြုတော်မူသည့် အမှုတော်သည့် ကျွန်မတို့၏ အသက်တာစိတ်သဘောထားကို ပြောင်းလဲရန်မဟုတ်ပဲနှင့်၊ ထိုအစား လူများက သူတို့ကိုယ်ပိုင် အပြစ်ကို သိရှိရန် နှင့် သူတို့၏အပြစ်များကို ဝန်ခံပြီး နောင်တရနိုင်စေရန် ဖြစ်ကြောင်း ဤဖော်ပြချက်များက သက်သေပြနေပါသည်။

သခင်ယေရှုက “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲ သြဝါဒစာ ၁၂:၁၄) ဟု မိန့်တော်မူခဲ့သည်။ ယနေ့အချိန်တွင် ကျွန်မတို့ မကြာခဏ အပြစ်ကျူးလွန်ကြသည်၊ ကျွန်မတို့ အတွင်းမှ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် သန့်စင်မခံရသေးသည့်အပြင်၊ ကျွန်မတို့သည် အပြစ်၏ ကျေးကျွန်များသာ ဖြစ်ဆဲဖြစ်သောကြောင့် ကျွန်မတို့သည် ထာဝရအသက်တာ၏ လမ်းခရီးကို ရရှိပြီး၊ ဘုရားသခင်၏ မျက်နှာတော်ကို မြင်ရန် အဆင်သင့်ဖြစ်နေပြီဟု အဘယ့်ကြောင့် ပြောနိုင်သနည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူပြီး၊ အပြစ်ဖြင့်ပြည့်နှက်နေသည့် သူများကို ကိုယ်တော်၏နိုင်ငံတော်သို့ လုံးဝ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်မတို့သည် ပညတ်တော်ခေတ် နှင့် ကျေးဇူးတော်ခေတ်တို့မှ ဘုရားသခင်၏ အမှုတော်ကိုသာ လက်ခံပါက၊ ကျွန်မတို့ မည်သို့ပင် လိုက်ရှာဖွေပါစေ၊ မည်သည့် ပေးဆပ်မှုကို ပြုပါစေ သို့မဟုတ် ကျွန်မတို့ မည်မျှ ဆင်းရဲဒုက္ခခံရပါစေ၊ ကျွန်မတို့ အသက်တာ စိတ်သဘောထားပြောင်းလဲမှုကို လုံးဝရရှိနိုင်မည် မဟုတ်သည့်အပြင်၊ ကျွန်မတို့သည် ထာဝရအသက်တာ၏ လမ်းခရီးကို ရရှိနိုင်ရန် မဆိုထားနှင့်၊ အပြစ်မှ ရုန်းထွက်းလွတ်မြောက်ခြင်း အကျိုးသက်ရောက်မှုကိုလည်း အောင်မြင်ရရှိနိုင်မည် မဟုတ်ပါ။

ထို့ကြောင့် ထာဝရအသက်တာ၏ လမ်းခရီးမှာ အဘယ်နည်း။ အပြစ်ကြောင့် လူသားမျိုးနွယ် သေဆုံးရကြောင်းကို ကျွန်မတို့အားလုံး သိပြီးဖြစ်သည်။ လူသားမျိုးနွယ်သည် အသက်တာအနေနှင့် သမ္မာတရားကို ရရှိပြီး၊ အပြစ်၏ပြဿနာကို ဖြေရှင်းပါက၊ ဘုရားသခင်က လူသားမျိုးနွယ်ကို သေခြင်းတရားအား ဖယ်ရှားပေးခြင်းဖြင့် ကောင်းကြီးမင်္ဂလာပေးကာ၊ ထာဝရအသက်တာကိုလည်း ၎င်းအား ပေးအပ်မည် ဖြစ်သည်။ ထို့ကြောင့် အသက်တာစိတ်သဘောထား ပြောင်းလဲခြင်းသည် ထာဝရအသက်တာ၏ လမ်းခရီးကို ရရှိသူများ၌သာ ဖြစ်ပေါ်လေ့ရှိသည်။ သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် သန့်စင်ခံရပြီး၊ သူတို့သည် စာတန်၏ စွမ်းအား မှ ရုန်းထွက်လွတ်မြောက်ကာ၊ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝများ၏ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းတို့ကို ခံရတော့မည် မဟုတ်ပါ။ နောက်ဆုံးတွင် သူတို့သည် အသက်တာအနေဖြင့် သမ္မာတရားကို ရရှိပြီး၊ ခရစ်တော်နှင့် သဟဇာတဖြစ်ကာ၊ ဘုရားသခင်ကို ခုခံရန် သို့မဟုတ် သစ္စာဖောက်ရန် အပြစ်ကို လုံးဝကျူးလွန်တော့မည် မဟုတ်ပါ။ ထိုနည်းအားဖြင့်သာလျှင် ထာဝရအသက်တာ၏ လမ်းခရီးဟု ဆိုနိုင်သည့် ဤရလဒ်များကို ယူဆောင်လာနိုင်မည် ဖြစ်ပါသည်။

အချို့က “အဲဒါဆိုရင် ကျွန်တော်တို့က ထာဝရအသက်တာရဲ့ လမ်းခရီးကို ဘယ်လိုရနိုင်မှာလဲ” ဟု မေးနိုင်ပါသည်။

သခင်ယေရှုက “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဟု မိန့်တော်မူခဲ့သည်။ ထို့အပြင် ဟေဗြဲ အခန်းကြီး ၉ အငယ် ၂၈ တွင် “ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” ဟု ဆိုထားသည်။ ဗျာဒိတ်ကျမ်းတွင်လည်း “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂-၃ ကို ကြည့်ပါ) ဟု ပြောထားသည့် ကျမ်းချက်အချို့ရှိပါသည်။ ဤပရောဖက်ပြုခြင်းများမှ တစ်ဆင့် သခင်ယေရှုသည် ကျွန်မတို့ပေါ်သို့ ကယ်တင်ခြင်း ပေးအပ်နှင်းရန် နောက်ဆုံးသောကာလ၌ ဒုတိယအကြိမ် ပြန်ကြွတော်မူမည့်အကြောင်း ကျွန်မတို့ သိရှိနိုင်ပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အသက်တာ၏ ဘာသာစကားကို ပြောပြပြီး၊ ၎င်းကို ကျွန်မတို့သည် သမ္မာကျမ်းစာထဲတွင် မတွေ့ရသည့်အပြင်၊ ၎င်းတို့သည် သမ္မာကျမ်းစာအပြင် ဘုရားသခင်ဖော်ပြသည့် နှုတ်ကပတ်တော် အသစ်များသာ ဖြစ်ပါသည်။

စာအုပ်က “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။” (နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) ဟု ပြောထားသည်။ ဤအချက်မှနေပြီး နောက်ဆုံးသောကာလမှ ခရစ်တော်သာလျှင် ကျွန်မတို့ အပြစ်များကို သန့်စင်သည့် သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ ထာဝရအသက်တာ၏ လမ်းခရီးကို ပေးနိုင်ကြောင်းကို ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။ သမ္မာကျမ်းစာတွင် ထာဝရအသက်တာ ပါရှိသည် ဆိုသည့် ကျွန်မတို့၏ အမြင်ရှုထောင့်ကို လက်လွှတ်ပြီး၊ နောက်ဆုံးသောကာလမှ ခရစ်တော်ကို လက်ခံကာ၊ ထာဝရတည်တံ့သည့် အသက်ရေစမ်းချောင်းက ကျွန်မတို့ အသက်တာများသို့ မဝင်ရောက်မီ ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိရမည် ဖြစ်ပါသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ သြဇာအာဏာ နှင့် တန်ခိုးတို့ကို အစားမထိုးနိုင်ပါ၊ ၎င်းသည် လူသားများကို ဘုရားသခင် ပေးအပ်နှင်းသည့် အသက်တာကို ကိုယ်စားမပြုသည့်အပြင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကိုလည်း ကိုယ်စားမပြုပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ယခင်နှုတ်ကပတ်တော်များ နှင့် အမှုတော်များ၏ မှတ်တမ်းတစ်ခုသာ ဖြစ်ပြီး၊ ဆိုလိုသည်မှာ သမ္မာကျမ်းစာသည် ဘုရားသခင်၏ သက်သေခံချက်မျှသာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထာဝရအသက်တာ၏ အရင်းအမြစ်သည် ခရစ်တော် ဖြစ်သည်၊ သမ္မာကျမ်းစာ မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်ကို အစားထိုးခြင်းတစ်ခု မဟုတ်ပါ၊ ပြီးနောက် ၎င်းတွင် အသက်မရှိပါ။ ခရစ်တော်သည် သမ္မာကျမ်းစာ၏ သခင်ဖြစ်ပြီး၊ အသက်တာ၏ အရင်းအမြစ် ဖြစ်သည့်အပြင်၊ နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံခြင်းဖြင့်သာလျှင် ကျွန်မတို့သည် ထာဝရအသက်တာကို ရရှိရန် အခွင့်အရေး ရှိမည် ဖြစ်သည်။

အမှာစကား ချန်ခဲ့မည်