စာရင်း

သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို ရရှိရန် သမ္မာကျမ်းစာ ဖတ်ရှုခြင်းအတွက် အဓိက လမ်း (၃) သွယ်

အမြန်လမ်းညွှန်
၁။ ကျမ်းစာဖတ်ရှုသည့်အခါ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိခြင်းအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်သည်
၂။ ရောက်တတ်ရာရာ မဖတ်ဘဲ သင်၏ တကယ့်ပြဿနာများနှင့် အခက်အခဲများနှင့်အညီ လိုက်လျောညီထွေသော ကျမ်းပိုဒ်များကို ရွေးပါ
၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်း နှင့် ယင်းတို့၏ အတွင်းပိုင်း အဓိပ္ပါယ်ကို သိနားလည်ခြင်းအပေါ် အာရုံစိုက်ပါ

သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို ရရှိရန် သမ္မာကျမ်းစာ ဖတ်ရှုခြင်းအတွက် အဓိက လမ်း (၃) သွယ်

သမ္မာကျမ်းစာ ဖတ်ရှုခြင်းသည် ခရစ်ယာန်များ နေ့စဉ်လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်ပြီး၊ သမ္မာတရားကို ရရှိခြင်းနှင့် ကျွန်မတို့ ဝိညာဉ်ရေးရာ အသက်တာများ၌ ကြီးထွားတိုးတက်ခြင်းဆီသို့ သွားရာလမ်းကြောင်းအပေါ်တွင် မရှိမဖြစ်သောအရာလည်း ဖြစ်ပါသည်။ သခင်ယေရှုက “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်။(ရှင်မဿဲခရစ်ဝင် ၄:၄) ဟု ပြောခဲ့သည်။ သိသာထင်ရှားစွာပင်၊ သမ္မာကျမ်းစာထဲရှိ ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုပြီး ကျွန်မတို့ နှလုံးသားများထဲတွင် ၎င်းတို့ကို ခိုင်ခိုင်မာမာ စွဲကိုင်ထားခြင်းက ခရစ်ယာန်တိုင်း လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်သည်။ သို့သော်၊ ကျွန်မတို့ အယောက်စီတိုင်းသည် ကျွန်မတို့၏ ကျမ်းစာ ဖတ်ရှုရာတွင် အောက်ပါအတွေ့အကြုံ ရှိကြလေသည်။ တစ်ခါတစ်ရံ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့်အလင်းပြခြင်းတို့ကို ကျွန်မတို့ ရရှိနိုင်ကြသည်။ ကျွန်မတို့၏ စိတ်ဝိညာဉ် တို့ထိခံရသည်။ ဘုရားသခင်၏ အလိုတော်နှင့် သတ်မှတ်ချက်များကို ကျွန်မတို့ နားလည်သဘောပေါက်နိုင်ကြပြီး ကျွန်မတို့၏ နေ့စဉ်အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့ ယုံကြည်ခြင်း ရှိနိုင်ကြလေသည်။ အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် ကျွန်မတို့၏ ဝိညာဉ်ရေးရာအသက်တာတို့ ကြီးထွားလာကြသည်။ သို့သော်၊ နောက်ပိုင်းတွင် တစ်ခါတစ်ရံ၌ ကျွန်မတို့ ကျမ်းစာ ဖတ်ရှုရာတွင် ခြောက်သွေ့မှုနှင့် မွေ့လျော်မှုကင်းမဲ့ခြင်းတို့ကို ကျွန်မတို့ ခံစားကြရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း သို့မဟုတ် အလင်းပြခြင်းတို့ကို မခံစားနိုင်ကြပေ။ ကျွန်မတို့၏ တစ်နေ့ချင်း အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရမည့်ပုံကို သိဖို့မပြောနှင့်၊ ဘုရား၏အလိုတော် နှင့် သတ်မှတ်ချက်များနှင့်ဆိုင်သော အသိပင် ကျွန်မတို့ မရှိကြပါ။ အချိန်တစ်ချို့ကြာပြီးနောက် ဝိညာဉ်ရေးရာ ကြီးထွားမှုကို ကျွန်မတို့ မကြုံကြရတော့ပါ။ တစ်ခါတစ်ရံ ကျမ်းစာဖတ်နေစဉ်တွင် ကျွန်မတို့ အိပ်ပင်အိပ်ငိုက်ချင်ကြပြီး ကျမ်းစာဖတ်ဖို့၊ ဝတ်ပြုအစည်းအဝေးတက်ဖို့နှင့် ဆုတောင်းဖို့တို့ကို ပိုပိုပြီး ဆန္ဒနည်းပါးလာကြသည်။ဤအရာက အလွန် စိတ်ရှုတ်စရာ ဖြစ်နိုင်သည်။ ခါတိုင်းလိုပင် ကျမ်းစာကို ကျွန်မတို့ ဖတ်ကြသည်ပဲ၊ သို့ဆိုလျှင် အဘယ်ကြောင့် လုံးဝမတူကွဲပြားသည့် ရလဒ်နှစ်ခု ရှိရပါသနည်း။ ကျွန်မတို့၏ ကျမ်းစာ ဖတ်ရှုခြင်းတွင် ရလဒ်ကောင်းများကို ရရှိနိုင်ဖို့ရန်အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ကျွန်မတို့ မည်သို့ ရရှိနိုင်သနည်း။ အမှန်တွင် အဓိကအချက်သုံးချက်ကို ကျွန်မတို့ သဘောပေါက်သရွေ့ ဤကိစ္စရပ်ကို ကျွန်မတို့ ဖြေရှင်းနိုင်ပါသည်။ ထို့နောက် ထိုအချက်များအပေါ် ကျွန်မကိုယ်တိုင်၏ ရိုးရှင်းစွာ သိနားလည်မှုကို ဖော်ပြချင်ပါသည်။

၁။ ကျမ်းစာဖတ်ရှုသည့်အခါ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိခြင်းအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်သည်

နေ့စဉ် သတ်မှတ်ချိန်တွင် ကျမ်းစာကို ကျွန်မတို့ ဖတ်ကြသော်လည်း အချိန်အများစ၌ ဘုရားသခင်ရှေ့မှောက်တွင် ကျွန်မတို့၏ စိတ်နှလုံးများ မတည်ငြိမ်ပါ။ ကျမ်းစာကို ကျွန်မတို့ ဖတ်သည့်အခါတွင် မိသားစုအကြောင်း သို့မဟုတ် အလုပ်ကိစ္စများကို ကျွန်မတို့ စဉ်းစားကြဆဲဖြစ်သည်။ အထူးသဖြင့် တိုးတက်မှုမြန်ဆန်သည့် ခေတ်တွင် အလုပ်တွင် မအားလပ်ခြင်းနှင့် ရှုတ်ထွေးသည့် လူလူချင်း ဆက်ဆံမှုများက ကျွန်မ၏ ခန္ဓာနှင့် စိတ်တို့ကို ခြေကုန်လက်ပန်းကျစေသည်။ ထို့ကြောင့် ကျွန်မတို့သည် ဟန်ဆောင်လုပ်ပြဖို့နှင့် ကျမ်းစာဖတ်သည့်အခါတွင် သာမန်ကာလျှံကာ သိနားလည်မှုတစ်ခုသာ ရရှိဖို့ အလားအလာရှိလေသည်။ အမှန်တွင် ထိုသို့သော ကျမ်းစာဖတ်ရှုခြင်းမျိုးသည် စည်းမျဉ်းတစ်ခုနောက်လိုက်ခြင်း၊ ဘာသာဓလေ့တစ်ခုကို ဆောင်ရွက်ခြင်းမျှသာ ဖြစ်သည်။ ကျွန်မတို့အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိဖို့ရန် နှင့် ဘုရားနှုတ်ကပတ်တော်များကို အစစ်အမှန် သိနားလည်မှုကို ရရှိဖို့ အလွန်ခက်ပါသည်။ ပင်ကိုအားဖြင့် ကျွန်မတို့တွင် ဝိညာဉ်ရေးရာ မွေ့လျှော်မှု တစ်ခုတလေမျှ ရှိတော့မည်မဟုတ်ပေ။

ဘုရားသခင်၏ နှုတ်ကပတ်တော်က “ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့် အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၄:၂၃) ဟု ဆိုပါသည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ဝင်ရောက်ခြင်းအဖို့ ဘုရားသခင် မျက်မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းထက် သာ၍ အရေးကြီးသော အဆင့်မရှိချေ။... လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်နိုင်သည့်နောက်မှသာ၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ၎င်းတို့ တို့ထိခံရနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပြကာ အလင်းပေးခံရနိုင်သည်၊ ထို့နောက်မှသာလျှင် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်သည့်အပြင် ဘုရားသခင်၏ အလိုတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုတို့ကို သဘောပေါက်နိုင်လိမ့်မည်။” (“ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍”) ရိုးသားသော စိတ်ဝိညာဉ်ဖြင့် သူ့ကို ကိုးကွယ်ရန် ဘုရားသခင်က တောင်းဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မတို့ မြင်နိုင်ပါသည်။ ကျွန်မတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် တို့ထိခံရဖို့ ဆန္ဒရှိပြီး ကျွန်မတို့၏ ကျမ်းစာဖတ်ရှုခြင်းမှ ရလဒ်ကောင်းများ ရရှိလိုလျှင် ဘုရားသခင်၏ ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် တည်တည်ငြိမ်ငြိမ်နေရပါမည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ကျွန်မတို့၏ ကျမ်းစာဖတ်သည့်အချိန်သည် ဘုရားသခင်ဆီ ကျွန်မတို့ တိုးဝင်ချဉ်းကပ်ပြီး သူ့ကို ကိုးကွယ်ကြသည့်အချိန် ဖြစ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားများကို ကျွန်မတို့ နားလည်ဖို့ အချိန်ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ကျွန်မတို့၏ စိတ်နှလုံးများကို အပြည့်အဝ ထားရှိပြီး ၎င်းတို့ကို အမှန်တကယ် ရှာဖွေပြီး ချင့်ချိန်တွေးဆမှသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ရရှိနိုင်ပြီး ဘုရားနှုတ်ကပတ်တော်များအတွင်းရှိ အဓိပ္ပါယ်ကို နားလည်သဘောပေါက်နိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုမီတွင် တိတ်ဆိတ်သော နေရာတစ်ခုကို ကျွန်မတို့ ရှာသင့်ပြီး ကျွန်မတို့ကို အာရုံပျက်စေမည့် မည်သည့် လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အမှုအရာများကိုမဆို ရှောင်ရှားသင့်ပါသည်။ အစမပြုခင် ကျွန်မတို့ ဆုတောင်းမှုတစ်ခု ပြုသင့်သည်။ ဘုရားသခင်ရှေ့မှောက်တွင် ကျွန်မတို့၏ စိတ်နှလုံးကို တမင်တကာ တည်ငြိမ်စေပြီး သူ၏ နှုတ်ကပတ်တော်အတွင်းရှိ သမ္မာတရားကို နားလည်ဖို့ရန် ကျွန်မတို့ကို လမ်းပြဖို့ ဘုရားသခင်ကို တောင်းလျှောက်သင့်ပါသည်။ ဤအရာကို ကျွန်မတို့ ပိုမိုလက်တွေ့လုပ်ဆောင်လေလေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို ကျွန်မတို့ ရရှိလေဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို ကျွန်မတို့ ပိုမို နားလည်လေဖြစ်သည်။ ထို့နောက် ကျွန်မတို့သည် ကျွန်မတို့၏ ဝိညာဉ်ရေးရာ အသက်တာများတွင် ပိုမိုလျင်မြန်စွာ ကြီးထွားတိုးတက်ကြလိမ့်မည်ဖြစ်သည်။

၂။ ရောက်တတ်ရာရာ မဖတ်ဘဲ သင်၏ တကယ့်ပြဿနာများနှင့် အခက်အခဲများနှင့်အညီ လိုက်လျောညီထွေသော ကျမ်းပိုဒ်များကို ရွေးပါ

ပထမဦးစွာ ကျမ်းစာ ဖတ်ရှုခြင်းမှာ စည်းမျဉ်းတစ်ခုကို လိုက်လျှောက်ခြင်း မဟုတ်သလို တာဝန်တစ်ခုကို ပြီးစီးစေခြင်းမဟုတ်ကြောင်း သိရပါမည်။ ယင်းထက်ထိုအရာမှာ ကျွန်မတို့၏ နေ့စဉ်အသက်တာများတွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ရရှိဖို့ရန်အလို့ငှာ ကျွန်မတို့၏ ကိုယ်ပိုင် လက်တွေ့ကျသော ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းဖို့ ဖြစ်သည်။ သို့သော် ကျွန်မတို့သည် ကျွန်မတို့၏ ကျမ်းစာဖတ်ရှုခြင်းတွင် အမှားတစ်ချို့ကို လုပ်တတ်ကြသည်။ တစ်ခါတစ်ရံ စည်မျဉ်းများကို ကျွန်မတို့လိုက်လျှောက်ရုံလိုက်လျှောက်ကြပြီး အခန်းကြီး တစ်ခန်းပြီးတစ်ခန်း၊ အခန်းငယ် တစ်ခန်းပြီးတစ်ခန်း လေးလံနှေးကွေးစွာဖြင့် ဖတ်ရှုကြသည်။ တစ်ခါတစ်ရံ ကျွန်မတို့ ရောက်တတ်ရာရာ လှန်လှောမိကြသည့် မည်သည့်စာမျက်နှာကိုမဆို ဖတ်ရှုကြသည်။ ရည်ရွယ်ချက်မရှိဘဲ ဤနည်းဖြင့် ကျမ်းစာကို ဖတ်ရှုခြင်းသည် ရလဒ်ကောင်းများ ရရှိလိမ့်မည်မဟုတ်ပေ။ ယင်းမှာ နာမကျန်းဖြစ်နေသည့်လူက သူတို့၏ နာမကျန်းမှုကို ကုသဖို့ ကြိုးစားနေသကဲ့သို့ ဖြစ်သည်။သူတို့သည် ဟောင်းသော ဆေးတစ်ခုခုကို မှီဝဲပြီး သက်သာလာဖို့ရန် မျှော်လင့်၍မရနိုင်ပါ။ သို့သော် နာမကျန်းမှုကို အမှန်တကယ် ဖြစ်စေသည့်အရာနှင့် ယင်းက မည်သို့သော နာမကျန်းမှုမျိုးဖြစ်သည်ကို သူတို့ နားလည်ဖို့လိုပါသည်။ထို့နောက်တွင်မှ သူတို့၏ တိကျသည့် ရောဂါအခြေအနေအတွက် မှန်ကန်သည့် ဆေးဝါးကို မှီဝဲခြင်းအားဖြင့် သူတို့၏ ကျန်းမာရေးကို ပြန်လည်ကောင်းမွန်လာစေနိုင်ပေသည်။ ကျွန်မတို့ ကျမ်းစာကို ဖတ်သည့်အခါတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်သည့်အခါ၊ ၎င်းတို့နှင့်ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားကို သင် တိုင်းတာရမည်။ ယင်းမှာ၊ သင်၏ စစ်မှန်သော အတွေ့အကြုံ လမ်းကြောင်းတွင် သင်၏ အားနည်းချက်များကို တွေ့ရှိသည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင် ရှာဖွေနိုင်စွမ်းရှိရမည်၊ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များနှင့် အယူအဆများကို ကျောခိုင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအတွက် သင် အမြဲကြိုးပမ်းပြီး၊ ၎င်းတို့ကို ရရှိရန် မိမိစိတ်နှလုံးကို ပုံအပ်ပါက၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု သင်ရှိလိမ့်မည်၊ သင်သည် အနှစ်မဲ့သကဲ့သို့ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ ထိုအကြောင်းကြောင့် သင်သည် ပုံမှန် အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ပိုင် အသက်တာထဲတွင် ဝန်ထုပ်တစ်ခု သယ်ဆောင်သူ၊ ယုံကြည်ခြင်း ရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။” (“လက်တွေ့လုပ်ဆောင်ခြင်း (၇)”) ကျွန်မတို့အနေဖြင့် ကျွန်မတို့၏ ပုံမှန်အသက်တာများတွင် ကြုံရသည့် အခက်အခဲများ သို့မဟုတ် ပြဿနာများကို ထည့်သွင်းစဉ်းစားပြီး သမ္မာကျမ်းစာထဲက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်မှတ်ထားသည့်ပုံစံဖြင့် ဖတ်သင့်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မတို့ မြင်နိုင်သည်။ယင်းမှာ ကောင်းမွန်သော ရလဒ်များကို ရရှိဖို့ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့၏ နေ့စဉ် ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်းမပြုမှီတွင် ကျွန်မတို့ မည်သည့် ဝိညာဉ်ရေး အခြေအနေထဲတွင် ရှိကြသည်၊ မည်သည့် လူများ၊ အဖြစ်အပျက်များ နှင့် အမှုအရာမျိုးများကို ကျွန်မတို့၏ အသက်တာများထဲတွင် ကြုံခဲ့ကြရသည်ဆိုသည်နှင့် မည်သည့် သမ္မာတရားရှုထောင့်က ထိုအရာများနှင့် ဆက်နွယ်သည်ကို ပထမဦးစွာ အနည်းငယ် တွေးတောသင့်ပါသည်။ ထို့နောက် ကျွန်မတို့၏ တကယ့်အခက်အခဲများနှင့် ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုဖို့သတိပြုလျက် ရှာဖွေနိုင်ပါသည်

ဥပမာအားဖြင့် ကျွန်မတို့နှင့် ကျွန်မတို့ မိသားစု သို့မဟုတ် ညီအစ်ကို မောင်နှမများကြားက သဘောထားကွဲလွဲမှုတစ်ခုရှိပြီး သူတို့အပေါ် ကျွန်မတို့ စိတ်မရှည်နိုင်သလို သည်းမခံနိုင်ဘဲ ယင်းအစား ကျွန်မတို့၏ ဒေါသစိတ်ကို ပြသမိခဲ့ကြသည် ဆိုပါစို့။ ဘုရားသခင်၏ ရှေ့မှောက်တွင် ပထမဦးစွာ ကျွန်မတို့ မိမိကိုယ်ကိုယ် ငြိမ်ငြိမ်သက်သက်နေဖို့ရန်အတွက် သင်ယူရပါမည်။ ဤပြဿနာက မည်သည့် သမ္မာတရားရှုထောင့်နှင့် ဆက်နွယ်သည်၊ ကျွန်မတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်၊ စသဖြင့် ကျွန်မတို့ သုံးသပ်ဆင်ခြင်ရပါမည်။ ဤအရာများအပေါ် ကျွန်မတို့ သဘောပေါက်သည်နှင့်တပြိုင်နက်ကျွန်မတို့ကို အခြားသူများအပေါ် ချစ်ခြင်းမေတ္တာ၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်း ရှိဖို့ ဘုရားသခင် တောင်းဆိုသည့်အကြောင်း ကျမ်းချက်ကို ကျွန်မတို့ ရှာဖွေနိုင်ပါသည်။ အခြားလူအပေါ် အာရုံစိုက်ရုံမျှသာမဟုတ်ဘဲ မိမိကိုယ်ကိုယ်အပေါ် ဆင်ခြင်သုံးသပ်ဖို့ ကျွန်မတို့ကို ဘုရားသခင် တောင်းဆိုထားသည့် ကျမ်းပိုဒ်များကိုလည်း ရှာဖွေနိုင်ပါသည်။ လူတို့ကို သခင်ယေရှုက မည်သို့ ချစ်ခဲ့ပြီး ခွင့်လွှတ်ခဲ့သည့်အကြောင်းကိုလည်း ကျွန်မတို့ ဖတ်နိုင်ပါသည်။ ဤသို့သော ပစ်မှတ်ထားသည် ကျမ်းစာဖတ်ရှုခြင်းမျိုးဖြင့် ကျွန်မတို့အတွင်းရှိ ပြဿနာများကို ကျွန်မတို့ မြင်နိုင်သည်။ ကျွန်မတို့ မည်သို့ မာနထောင်လွှားကြသည် အခြားသူများနှင့် မည်သို့ မကျေမနပ်ဖြစ်ပြီး သဘောထားသေးကြသည်ကို မြင်နိုင်ပါသည်။ ကျွန်မတို့အတွက် ဘုရားသခင်၏ အလိုတော်မှာ အခြားသူများကို ခွင့်လွှတ်ဖို့၊ အပြန်အလှန်ချစ်ခြင်းရှိဖို့၊ သဘောထားကြီးပြီး စိတ်ရှည်တတ်ဖို့ရန် သင်ယူဖို့ ဖြစ်သည်ကိုလည်း ကျွန်မတို့ နားလည်နိုင်ပါသည်။ ကိုယ်တော်သည် ကျွန်မတို့ကို ခရစ်ယာန်တစ်ဦး၏ ပုံသဏ္ဌာန် အသက်ရှင်နေထိုင်စေချင်ပါသည်။ ထို့နောက် ကိုယ်တိုင်ကိုယ်ကျ သူ၏ တပည့်တော်များ၏ ခြေများကို ဆေးကြောပေးခြင်းကဲ့သို့သော လူတို့အတွက် သခင်ယေရှု၏ သဘောထားကြီးခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို အနည်းငယ်တွေးတောကြည့်လျှင် ပို၍ပင် ကျွန်မတို့ တို့ထိခံစားမိကြပါလိမ့်မည်။ ဤသမ္မာတရားများကို ကျွန်မတို့ နားလည်သဘောပေါက်သည်နှင့်တပြိုင်နက်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ အခြားသူများကို ကျွန်မတို့ ချစ်ဖို့ လိုလားလာကြလိမ့်မည်ဖြစ်ပြီး ကျွန်မတို့၏ အနီးအနားတွင်ရှိသောသူများအတွက် စိတ်ရှည်ခြင်းနှင့် နားလည်ပေးခြင်းတို့ကို အလိုအလျောက် ဖြစ်ပေါ်စေကြလိမ့်မည်ဖြစ်သည်။ အခြားဥပမာကို ကြည့်ကြပါစို့။ စာတန်၏ ဆိုးယုတ်သော အင်အားစုများ၏ ဖိနှိပ်မှုနှင့် အသရေဖျက်ခြင်းတို့ကို ကျွန်မတို့ ကြုံဆုံရင်း ဧဝံဂေလိတရားကို ဟောပြောနေစဉ်တွင် အားနည်းပြီး အပျက်သဘောဆောင်လာကြသည့်အခါ ဘုရားသခင်၏ အလိုတော်ကို မည်သို့ အရေးထားရမည်နှင့်ပတ်သက်သည့် ဘုရားနှုတ်ကပတ်တော်များအပြင် ကျွန်မတို့၏ ယုံကြည်ခြင်းကို မည်သို့တိုးတက်စေရမည်နှင့်ပတ်သက်သည့် ကျမ်းပိုဒ်များကို ကျွန်မတို့ ဖတ်ရှုနိုင်ပါသည်။ ဧဝံဂေလိတရား ဟောပြောစဉ်တွင် ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်၏ အင်အားစုများနှင့် ကျွန်မတို့ ရင်ဆိုင်ရသည့်အခါ လိမ္မာပါးနပ်ခြင်းအကြောင်း ကျမ်းချက်များကိုလည်း ကျွန်မတို့ ကြည့်နိုင်ပါသည်။ ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် ကျွန်မတို့ မည်မျှ အထိအခိုက်လွယ်ကြသည်၊ ရှုံးနှိမ့်မှုများ၊ အနှောင့်အယှက်များကို ရင်ဆိုင်ရသည့်အခါ ကျွန်မတို့ အပျက်သဘောဆောင်လာပြီး အားနည်းလာကြသည်နှင့် ကျွန်မတို့တွင် ယုံကြည်ချက် နည်းပါးလွန်းကြသည်တို့ကို မြင်ရပါသည်။ ဤအရာက နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းမှာ ကျွန်မတို့ ထမ်းရမည့် တာဝန်နှင့် စေခိုင်းချက်ဖြစ်ပြီး ဘုရားသခင်၏ အမှုတော်ကို သက်သေခံဖို့ရန်အလို့ငှာ ညှင်းပန်းနှိပ်စက်မှုနှင့် အခက်အခဲများကို ကျွန်မတို့ သည်းခံသင့်သည်ကိုလည်း နားလည်ဖို့ ကူညီပေးပါသည်။ ကျွန်မတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကိုလည်း ကျွန်မတို့ နားလည်လာနိုင်သည်။ ဤဆိုးယုတ်သော ခေတ်တွင် ဧဝံဂေလိတရား ဝေမျှဖို့ အမြော်အမြင် ကျွန်မတို့ ရှိရမည်ဖြစ်ပြီး “မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။(ရှင်မဿဲခရစ်ဝင် ၁ဝ:၁၆) ရှိကြဖို့ရန် သင်ယူရပါမည်။ ဤအရာများကို ကျွန်မတို့ နားလည်သည်နှင့်တပြိုင်နက်၊ ဘုရားသခင်အပေါ်မှီခိုဖို့ ကျွန်မတို့ ယုံကြည်ခြင်းရှိလိမ့်မည်ဖြစ်ပြီး စာတန်ကို အနိုင်ယူဖို့ ဉာဏ်ပညာကို အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဆက်လက်ဖြန့်ဝေနိုင်ကြလိမ့်မည်ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းတွင် ကျွန်မတို့အတွက် လမ်းညွှန်ဖြစ်သည်။ ကျွန်မတို့တွင် မည်သည့် ပြဿနာများနှင့် အခက်အခဲများ ရှိပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဖြေရှင်းချက်ကို ကျွန်မတို့ ရှာတွေ့နိုင်သည်။ ဤသည်မှာ ကျွန်မတို့၏ တကယ့်အခက်အခဲများကို ပစ်မှတ်ထားသည့်နည်းဖြင့် ကျမ်းစာထဲက ဘုရားနှုတ်ကပတ်တော်များကို ကျွန်မတို့ ဖတ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ပိုမိုလွယ်ကူစွာ ကျွန်မတို့ ရရှိနိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို သိနားလည်နိုင်သလို လက်တွေ့လုပ်ဆောင်ရမည့် မှန်ကန်သော လမ်းကြောင်းတစ်ခုကို ရရှိနိုင်သည့် အကြောင်းရင်းဖြစ်သည်။ ထို့နောက် ဘုရားသခင်နှင့် ကျွန်မတို့၏ ဆက်နွယ်မှုက ပိုမို နီးစပ်လာနိုင်သည်။ ဤသည်မှာ ကျမ်းစာကို ဖတ်ရှုခြင်းမှ အကောင်းဆုံးသော ရလဒ်ကို ရရှိမည့်နည်းလမ်း ဖြစ်သည်။

၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်း နှင့် ယင်းတို့၏ အတွင်းပိုင်း အဓိပ္ပါယ်ကို သိနားလည်ခြင်းအပေါ် အာရုံစိုက်ပါ

လူများစွာက ကျမ်းစာနှင့် အကျွမ်းဝင်ပြီး ကျမ်းစာအသိပညာကို ကောင်းကောင်းနှောကျေသောသူတို့သာ ဘုရားသခင်ဆီ ဝမ်းမြောက်မှုဆောင်ကျဉ်းသူများဖြစ်သည်ဟု ထင်ကြသည်။ ထို့ကြောင့် ကျမ်းစာဖတ်သည့်အခါတွင် ပိုမိုများပြားသော ကျမ်းပိုဒ်များကို ကျက်မှတ်ခြင်းအပေါ် များစွာ ကျွန်မတို့ အလေးပေးကြသည်။ သို့သော် ၎င်းတို့ အမှန်တကယ် မည်သည့်အကြောင်းများဖြစ်သည်ကို သိနားလည်ခြင်းရရှိနိုင်ဖို့ရန်အလို့ငှာ ကျမ်းစာထဲက ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်တွေးဆခြင်းအပေါ် ကျွန်မတို့ အာရုံမစိုက်ကြပါ။ ထိုအကြောင်းကို ကျွန်မတို့ ဂရုတစိုက် တွေးကြည့်လျှင် ဤသို့လုပ်ဆောင်ခြင်းက ကျွန်မတို့ကို ကျမ်းစာထဲက စာသားဖြင့်သာ ပိုမိုအကျွမ်းဝင်စေပြီး အချို့သော ဝိညာဉ်ရေးရာ သဘောတရားများကိုသာ ကျွန်မတို့ နားလည်လာကြသည်ကို တွေ့နိုင်သည်။ သို့သော် ဘုရားနှုတ်ကပတ်တော်များအတွင်းရှိ သမ္မာတရားများကို ကျွန်မတို့ နားမလည်ကြသလို အထူးသဖြင့် ကျွန်မတို့တွင် ဘုရားသခင်၏ အလိုတော် သို့မဟုတ် သတ်မှတ်ချက်များနှင့်ဆိုင်သော စစ်မှန်သည့် အသိပညာ မရှိကြပါ။ ကျွန်မတို့၏ ပုံမှန်အသက်တာများတွင် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ တွေ့ကြုံရမည်၊ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်မတို့ မသိကြပါ။ အလွန်များသော ကျမ်းစာအသိပညာ နှင့် သီအိုရီများကို ကျွန်မတို့ သဘောပေါက်ကြသောကြောင့် ပို၍ ပို၍လည်း ကျွန်မတို့ မာနထောင်လွှားလာနိုင်သည်။ ညီအစ်ကို မောင်နှမများကြားတွင် ကျွန်မတို့ လေလုံးထွားကြပြီး ကျမ်းစာဆိုင်ရာ သီအိုရီများနှင့် အသိပညာတို့ကို အနက်ပြန်ခြင်းဖြင့် ကြွားဝါတတ်ကြသည်။ အခြားသူများက ကျွန်မတို့ကို မော့ကြည့်ပြီး ကြည်ညိုကြဖို့ရန်အလို့ငှာ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ပြစားကြသည်။ ကျွန်မတို့က ညီအစ်ကို မောင်နှမများကို ကျွန်မတို့ရှေ့သို့ ခေါ်ဆောင်ကြပြီး တစ်ချိန်တည်းမှာပင် ကျွန်မတို့နှင့် ဘုရားသခင်၏ ဆက်ဆံရေးက ပိုပိုပြီး ဝေးကွာလာသည်။ ဝိညာဉ်ရေးရာအရ ကျွန်မတို့သည် အမှောင်ထဲသို့ သက်ဆင်းကာ အောက်သို့ကျပြီး ဘုရားသခင်၏ မျက်မှောက်တော်ကို မခံစားနိုင်ကြပါ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့် ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဉ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။” (“ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်”) ဤအရာမှ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ဓမ္မပညာဆိုင်ရာ အသိပညာအချို့ သို့မဟုတ် ကျမ်းဟောင်းတရားများနှင့် အယူဝါဒတို့ကို နားလည်ရုံမျှဖြင့် မရောင့်ရဲခဲ့ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြိမ်ကြိမ် ရှာဖွေခြင်းနှင့် ချင့်ချိန်စဉ်းစားခြင်းတို့ကို လုပ်ဆောင်ခြင်းအား အလေးထားခဲ့ပြီး ထို့နောက် လူသားအတွက် ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုချက်များကို သူနားလည်နိုင်ခဲ့သည်မှာ ရှင်းပါသည်။ ထို့နောက်တွင် အရာခပ်သိမ်း၌ သူသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ခဲ့ပါသည်။ ပေတရု၏ လက်တွေ့လုပ်ဆောင်ခြင်းက ကျွန်မတို့ကို လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ပေးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ဖော်ပြချက်ဖြစ်သည်။ ၎င်းတို့အားလုံးတွင် ဘုရားသခင်၏ အလိုတော်နှင့် သတ်မှတ်ချက်များ ပါရှိကြသည်။ ၎င်းတို့ကို ကျွန်မတို့ ဂရုတစိုက် မရှာဖွေသလို ချင့်ချိန်မတွေးဆဘဲနေလျှင် စကားလုံးများနှင့် အယူဝါဒများမှလွဲ၍ မည်သည့်အရာမျှ ကျွန်မတို့ နားလည်ကြလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အလိုတော်ကိုတော့ သေချာပေါက် နားလည်မည်မဟုတ်ပေ။ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှန်တကယ်တွင် မည်သည့်အကြောင်းများဖြစ်သည်ကို နားလည်နိုင်ဖို့အတွက် ပို၍ပင် ဖြစ်နိုင်ခြေနည်းပါးသည်။ ထို့ကြောင့် သူ၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲကို အလိုအလျောက် ဝင်ရောက်နိုင်ကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ကိုယ်တော့် နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်မတို့ ဖတ်သည့်အခါတိုင်းတွင် ဤအရာများကို ကျွန်မတို့ ကြိုးကြိုးစားစား ချင့်ချိန်တွေးဆသင့်ပါသည်။ ဤသို့ဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ အလိုတော်မှာ အဘယ်အရာဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ ကျွန်မ၏ လက်တွေ့ အသက်တာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သင့်သနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များကို ကျွန်မ ဖြည့်ဆည်းဖို့ရန် မည့်အရာကို လုပ်ဆောင်နိုင်သနည်း။ဤသို့သော ရှာဖွေခြင်းနှင့် ချင့်ချိန်တွေးဆခြင်းတို့ကို ကျွန်မတို့ ပြုလုပ်သည့်အခါ ကျွန်မတို့ မသိလိုက်ခင်တွင်ပင် ဘုရားသခင်က ကျွန်မတို့ကို ဉာဏ်အလင်းပေးကာ လမ်းပြလိမ့်မည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ အတွင်းပိုင်း အဓိပ္ပါယ်ကို နားလည်ဖို့ရန် ကျွန်မတို့ကို အခွင့်ပေးပါလိမ့်မည်။

သခင့်ထံမှ အောက်ပါနှုတ်ကပတ်တော်များကို ကြည့်ကြပါစို့- “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။(ရှင်မဿဲခရစ်ဝင် ၁၈:၃) “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။” (ရှင်မဿဲခရစ်ဝင် ၅:၃၇) ဘုရားသခင်သည် ရိုးသားသော လူများကို ချစ်ခင်ပြီး လူလိမ်၊ လူညာများကို ရွံရှာကြောင်း သူ၏ နှုတ်ကပတ်တော်များထဲတွင် တွေ့နိုင်သည်။ ရိုးသားသော လူတို့သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ကြလင့်ကစား ယုတ်မာပြီး ကောက်ကျစ်သော လူတို့မှာမူ ကောင်းကင်နိုင်ငံ၏ ဂိတ်တံခါးများကို မကျော်နိုင်ကြပါ။ ဆုတောင်းခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်တွေးဆခြင်းဖြင့်သာ ဘုရားသခင်က ကျွန်မတို့ကို ရိုးသားသောလူများဖြစ်စေချင်သည်၊ ကလေးတစ်ဦးကဲ့သို့ လှည့်ကွက် သို့မဟုတ် လှည့်ဖြားမှုမရှိဘဲ အပြစ်ကင်းပြီး ပွင့်လင်းစေချင်သည်ကို ကျွန်မတို့ နားလည်သဘောပေါက်နိုင်သည်။ ထိုအချက်အထိ အမှုအရာများကို ကျွန်မတို့ တွေးမိသည်နှင့် ကျွန်မတို့ ဆက်လက်ရှာဖွေနိုင်ပါသည်။ကျွန်မတို့တွင် မရိုးသားသော အပိုင်းများ ရှိပါသလား။ ကျွန်မတို့၏ အတွေးများ နှင့် လုပ်ရပ်များကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ကျွန်မတို့က လှည့်ဖြားမှုများစွာ ပြနေကြဆဲဖြစ်သည်ကို ကျွန်မတို့ မြင်နိုင်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်ရှေ့၌ ဆုတောင်းလျက်ဖြင့် ကျွန်မတို့ ရှိကြချိန်တွင် အံ့သြဖွယ်ကောင်းသည့် အရာမျိုးစုံကို ကျွန်မတို့ ပြောကြပြီး ကျွန်မတို့၏ ဖြေရှင်းချက်များကို အကြိမ်များစွာ ပြင်ဆင်တတ်ကြသည်။ သို့သော် ကျွန်မတို့၏ တကယ့်အသက်တာများတွင် ကျွန်မတို့ နည်းနည်းမျှ ကိုက်ညီအောင် မလုပ်ဆောင်ဖူးကြပါ။ တစ်ခါတစ်ရံ မှားသည့်အရာတစ်ခုခု ကျွန်မတို့ လုပ်ကြပြီး အခြားသူတစ်ဦးဆီ ကျွန်မတို့၏ အမှားကို ဝန်ခံချင်ကြသော်လည်း သူတို့က ကျွန်မတို့အပေါ် အထင်အမြင်သေးမည်ကို ကျွန်မတို့ စိုးရွံ့ကြသည်၊ ထို့ကြောင့် ကျွန်မတို့၏ ကိုယ်ပိုင် ဂုဏ်နှင့် အဆင့်အတန်းကို ထိန်းသိမ်းဖို့ရန်အလို့ငှာ၊ မမှန်တစ်ဝက်မှန်တစ်ဝက် ကျွန်မတို့ ပြောကြပြီး အမှန်တရားကို ဖုံးကွယ်ကြသည်။ တစ်ခါတစ်ရံ ကျွန်မတို့၏ အတွေ့အကြုံများအကြောင်း ကျွန်မတို့ ပြောကြသည့်အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မတို့ မည်သို့ လက်တွေ့လုပ်ဆောင်ကြကြောင်း ပြောဆိုရန် လိုလားကြပြီး အဆင်သင့်ဖြစ်ကြသော်လည်း၊ ဘုရားသခင်ကို ကျွန်မတို့ အာခံပြီး ဆန့်ကျင်ခဲ့သည့် နည်းလမ်းများနှင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် ကျွန်မတို့၏ သရုပ်သကန်များကို အလွန်ပြောခဲလှပေသည်။ အခြားသူများက ကျွန်မတို့အပေါ် ကောင်းမွန်သည့်အမြင် ဆက်လက်ထားရှိစေရန်အတွက် ကျွန်မတို့ မဟုတ်သည့်အရာတစ်ခုကို ကျွန်မတို့ ဟုတ်သကဲ့သို့ မကြာခဏ ဟန်ဆောင်ကြသည်။တစ်ခါတစ်ရံတွင် ညီအစ်ကို မောင်နှများက ဘုရားသခင်၏ အလိုတော်နှင့် မညီသည့် အရာများ လုပ်ဆောင်နေကြသည်ကို ကျွန်မတို့တွေ့ကြပြီး သူတို့နှင့် မိတ်သဟာယ ဝေမျှချင်ကြသော်လည်း၊ သူတို့၏ မာနကို ထိခိုက်မိစေဖို့အကြောင်းကို ကျွန်မတို့ ပူပန်ကြသည် သို့မဟုတ် သူတို့က ကျွန်မတို့၏ အယူအဆကို လက်မခံဘဲ ကျွန်မတို့ကို ဝေဖန်မည်ကို ပူပန်ကြသည်။ ထို့ကြောင့် ကျွန်မတို့က ဘာမျှမသိသကဲ့သို့ ဟန်ဆောင်ရင်း မျက်စိ တစ်ဖက်ဖွင့်ပြီး တစ်ဖက်ပိတ်လျက်သား ကျွန်မတို့ ဆက်လုပ်ကြသည်။ စသဖြင့် ဆက်လက်ပြုလုပ်ကြသည်။ ဆင်ခြင်သုံးသပ်ခြင်းမှတဆင့်၊ ကျွန်မတို့ အဘယ်မျှ လှည့်ဖြားမှုကို ပြသကြသည်ကို တွေ့နိုင်သည်။ကျွန်မတို့သည် ဘုရားသခင်ကို နှစ်သက်စေသည့် ရိုးသားသော လူများ လုံးဝ မဟုတ်ကြပါ။ ထို့ကြောင့် ကျွန်မတို့လို လူများသည် ကောင်းကင်နိုင်ငံတော်ထဲသို့ အဘယ်သို့ ဝင်ရောက်နိုင်ပါမည်နည်း။ ဤအရာများကို နားလည်ပြီးသည့်နောက်၊ ဘုရားနှုတ်ကပတ်တော်ထဲက ရိုးသားသည့်လူတစ်ဦး ဖြစ်လာဖို့ လမ်းကြောင်းအပေါ် ဆက်လက်အချိန်ယူ စဉ်းစားရမည်ဖြစ်သည်။ ပထမဦးစွာ၊ ကျွန်မတို့၏ စကားများဖြင့် ကျွန်မတို့ လိမ်ညာ၍မရပါ။ သို့သော် သမ္မာတရားနှင့်အညီ ကျွန်မတို့ ပြောဆိုရပါမည်။ တစ်သည် တစ်ဖြစ်ပြီး နှစ်သည် နှစ်ဖြစ်သည်။ သို့သော် အဓိကအားဖြင့် ရိုးသားသည့်နှလုံးသားများ ကျွန်မတို့ ရှိဖို့လိုသည်။ ကျွန်မတို့ စိတ်နှလုံးများအတွင်းတွင် ကောက်ကျစ်မှု သို့မဟုတ် လှည့်ဖြားမှုများ ကျွန်မတို့ ရှိ၍မရပါ။ ကျွန်မတို့ ပြောဆို၊ လုပ်ဆောင်သမျှသည် ဘုရားသခင်၏ စိစစ်ခြင်းကို ခံရမည်ဖြစ်သည်။ ကျွန်မတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ နာမည်ဂုဏ်သတင်း၊ သို့မဟုတ် မျက်နှာတို့ကို ကာကွယ်ဖို့ လိမ်၍မရ၊ ညာ၍မရပါ။ သို့သော် ပြဿနာတစ်ခု ကျွန်မတို့ ကြုံရသည့်အခါ ကျွန်မတို့၏ ကိုယ်ပိုင်မမှန်ကန်သော ရည်ရွယ်ချက်များကို စွန့်လွှတ်နိုင်သင့်သည်။ ရိုးရိုးသားသား စကားပြောဆိုပြီး ကျွန်မတို့၏ စိတ်နှလုံးသားများထဲရှိ အရာကို ထုတ်ပြောရမည်။ ဤသို့ ကျွန်မတို့ လုပ်ဆောင်နိုင်လျှင် ရိုးသားသောလူများဖြစ်ခြင်း သမ္မာတရားထဲသို့ ကျွန်မတို့ စတင်ဝင်ရောက်ကြပါသည်။ ဤနည်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မတို့ အမြဲ အလေးအနက် တွေးဆကြပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပါယ်မှတဆင့် သမ္မာတရား၏ အနှစ်သာရကို နားလည်ဖို့ ရှာဖွေလျှင် သမ္မာတရား၏ ပိုမိုကောင်းမွန်သော အချက်များကို ကျွန်မတို့ ပို၍ ပို၍ နားလည်ကြပါလိမ့်မည်။ ထို့နောက် ကျွန်မတို့ အသက်တာများထဲတွင် ကျွန်မတို့ လက်တွေ့လုပ်ဆောင်ကြသည့်အရာသည် ပိုမို မှန်ကန်လာပါလိမ့်မည်။ ဘုရားသခင်၏ အလိုတော်၊ သတ်မှတ်ချက်များနှင့် ကျွန်မတို့ ပိုမို နီးစပ်လာလိမ့်မည်ဖြစ်ပြီး ကျွန်မတို့၏ ဝိညာဉ်များထဲတွင် ပိုပိုပြီး မြဲမြံလာမည်၊ အေးချမ်းလာမည်ဖြစ်ပြီး ရောင့်ရဲမှုကို ခံစားရပါလိမ့်မည်။

ပြောရမည့်နောက်ထပ် အချက်တစ်ခုမှာ ဘုရားနှုတ်ကပတ်တော်များ၏ မည်သည့်ရှုထောင့်ကို ကျွန်မတို့ ဖတ်ကြပါစေ၊ ယင်းကို တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် အကြိမ်အနည်းငယ် ဖတ်ပြီးသည့်နောက်တွင် လုံးလုံးလျားလျား ကျွန်မတို့ နားမလည်နိုင်ပါ။ ဤသည်မှာ အမြဲပင် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန်နက်နဲလှသည်မှာ ၎င်းတို့အတွင်းတွင် ကွယ်ဝှက်ထားသည့် သမ္မာတရားများစွာရှိပါသည်။ ထို့ကြောင့် ကျွန်မတို့အနေဖြင့် ပြီးစီးဖို့ရန် အလွန် စိတ်အားထက်သန်၍ မရပါ။ ကျွန်မတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များထဲတွင် အားထုတ်မှုထားရှိရမည်၊ ၎င်းတို့ကို စဉ်ဆက်မပြတ် နှံ့နှံ့စပ်စပ် အချိန်ယူစဉ်းစားရမည်၊ ပြီးလျှင် ၎င်းတို့နှင့် ပတ်သက်၍ ဆုတောင်းရမည်ဖြစ်ပြီး ၎င်းတို့အတွင်းရှိ သမ္မာတရားများကို နားလည်သဘောပေါက်ဖို့ လုံ့လဝီရိယရှိရှိ လုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို စဉ်းစားရင်းနှင့် တစ်ချိန်တည်းတွင် ၎င်းတို့ထဲသို့ ဝင်ရောက်ရင်းဖြင့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်မတို့၏ နေ့စဉ်အသက်တာများထဲတွင် လက်တွေ့လုပ်ဆောင်ရပါမည်။ ဤသို့ အချိန်ကာလတစ်ခုကြာ လက်တွေ့လုပ်ဆောင်ပြီးသည့်နောက်တွင်၊ ကျွန်မတို့ နားလည်သဘောပေါက်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားထဲသို့ နည်းနည်းချင်းစီ ပိုမိုနက်နက်နဲနဲ သိရှိလာမည်ဖြစ်ကာ ဤအရာက သမ္မာတရား သိနားလည်ခြင်း အကျိုးကို သယ်ဆောင်လိမ့်မည်ဖြစ်သည်။

ဤအရာများသည် ကျမ်းစာဖတ်ရှုခြင်းနှင့်ဆိုင်သော အခြေခံသဘောတရား သုံးခု ဖြစ်သည်။ ဤအခြေခံသဘောတရား သုံးခုကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ကျွန်မတို့ ဖတ်ရှုရာတွင် ဉာဏ်အလင်းပေးမှု မရှိခြင်း သို့မဟုတ် ဝိညာဉ်ရေးရာ မွေ့လျော်မှု ကင်းမဲ့ခြင်းတို့နှင့်ဆိုင်သော မည်သည့် ပြဿနာကိုမဆို ဖြေရှင်းနိုင်ပြီး ကျွန်မတို့၏ ဝိညာဉ်ရေးရာ အသက်တာများတွင် ကြီးထွားတိုးတက်နိုင်ပါသည်။

ချစ်သော ညီအစ်ကိုမောင်နှမတို့၊ ဘာကိုများ စောင့်ဆိုင်းနေကြပါသနည်း။ လုပ်ကြည့်လိုက်ကြပါ။

အမှာစကား ချန်ခဲ့မည်