စာရင်း

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို သေချာစေဖို့နည်းလမ်း

အမြန်လမ်းညွှန်
၁။ ဘုရားသခင်၏ အသံတော်သည် ဖန်ဆင်းရှင်၏ မိန့်မြွက်ချက်များဖြစ်ပြီး ဩဇာအာဏာနှင့် တန်ခိုးတို့ နှစ်ခုလုံး ပိုင်ဆိုင်သည်

လတ်တလောတွင်၊ သခင်၏ ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်းအကြောင်း ညီအစ်ကိုမောင်နှမများ ဆွေးနွေးနေကြသည်ကို ကျွန်ုပ် မကြာခဏ ကြားရပြီးဖြစ်သည်။ ယင်းက ပုံမှန်အားဖြင့် ဤသို့ဖြစ်လေသည်။

က။ “ဘေးဒုက္ခတွေက ကမ္ဘာအနှံ့မှာ ပိုပို ဆိုးရွားလာနေပြီး၊ သခင် ကြွလာခြင်းနဲ့ ပတ်သက်တဲ့ ပရောဖက်ပြုခြင်းတွေက အခုအခါမှာ အခြေခံအားဖြင့် ပြည့်စုံနေပြီ။ သခင့်ကို ကြိုဆိုနိုင်ဖို့ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။”

ခ။ “သခင့်ကို ကြိုဆိုဖို့ ပြောရင်းနဲ့၊ သခင်က အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ်နဲ့ ပြန်ကြွ လာနှင့်ပြီးဖြစ်တာရယ်၊ သူက အသင်းတော်တို့ကို ဝိညာဉ်တော်က ပြောတဲ့အရာတွေကို ဖော်ပြနေတယ်ဆိုတာရယ်ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အွန်လိုင်းမှာ သက်သေခံနေတာကို ကျွန်မ လတ်တလောလေးကပဲ တွေ့လိုက်တယ်။ သူက ဘုရားသခင်ရဲ့ အိမ်တော်က စတဲ့ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်နေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာပြီးတဲ့ သခင်ယေရှုများ ဖြစ်နိုင်တယ်လို့ အစ်ကိုထင်လား။”

က။ “သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့ နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ပြီးတော့ ဗျာဒိတ်ကျမ်းမှာ၊ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂၊ ၃) လို့ အကြိမ်ပေါင်းများစွာ ပရောဖက်ပြုထားပါတယ်။ သခင်က သူပြန်ကြွလာတဲ့အခါ ပိုများတဲ့ မိန့်မြွက်ချက်တွေကို ပြောကြားမယ်လို့ ဒီပရောဖက်ပြုခြင်းတွေက ကျွန်တော်တို့ကို ပြထားတယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က အသင်းတော်တို့ကို ဝိညာဉ်တော်က မြွက်ဆိုတဲ့အရာတွေကို ဖော်ပြနေတာကလည်း ဒီပရောဖက်ပြုခြင်းတွေနဲ့ ကိုက်ညီနေတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ အသံတော်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ဘယ်လိုသေချာနိုင်မလဲ။”

ခ။ “အဲ...”

သခင်ယေရှု ပြန်ကြွလာပြီးကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သက်သေခံနေသည်ကို လူတိုင်း သိထား ကြသော်လည်း၊ လူများစွာတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော် ဟုတ်မဟုတ်ကို သေချာစေဖို့ နည်းလမ်းမရှိကြပေ။ ဤဦးနှောက်စားသောပြဿနာကို ကျွန်ုပ်တို့ ဖြေရှင်းလိုပါက၊ ဘုရားသခင်၏ အသံတော်ကို ထိုးထွင်းသိမြင်ဖို့ လမ်းကြောင်းသုံးခုကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ရမည်၊ ယင်းကို ဤနေရာတွင် ကျွန်ုပ်တို့ အသေးစိတ် မိတ်သဟာယပြုမည် ဖြစ်ပါသည်။

၁။ ဘုရားသခင်၏ အသံတော်သည် ဖန်ဆင်းရှင်၏ မိန့်မြွက်ချက်များဖြစ်ပြီး ဩဇာအာဏာနှင့် တန်ခိုးတို့ နှစ်ခုလုံး ပိုင်ဆိုင်သည်

ကျွန်ုပ်တို့အားလုံး သိထားကြသကဲ့သို့ပင်၊ ဘုရားသခင်သည် လူ့ဇာတိ၌ သမ္မာတရားကို ဖော်ပြနေသည်ဖြစ်စေ၊ သူ၏ ဝိညာဉ်တော်က မိန့်မြွက်ချက်များကို ပြောကြားနေသည်ဖြစ်စေ၊ သူသည် ဖန်ဆင်းရှင်အဖြစ် သူ၏ ပင်ကိုလက္ခဏာ၌ လူသားမျိုးနွယ်ကို အမြဲတစေ စကားပြောနေခြင်းဖြစ်လေသည်။ ဤအရာက ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို တိုက်ရိုက် သိသာထင်ရှား စေသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ဩဇာအာဏာရှိပြီး တန်ခိုးရှိသည်၊ လူတို့၏ စိတ်နှလုံးများကို တို့ထိနိုင်ရှိသည်၊ ပြီးလျှင် ထိုနှုတ်ကပတ်တော်များကို မည်သည့် သာမန် လူသားတစ်ယောက်ကမျှ မပြောနိုင်ပေ။ လူများသည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားမလည်လျှင်ပင်၊ ထိုနှုတ်ကပတ်တော်များကို သူတို့ ကြားသည်နှင့်တစ်ပြိုင်နက် ယင်းတို့ကို ဘုရားသခင်၏အသံတော်အဖြစ် ၎င်းတို့က သတိပြုမိနိုင်ကြသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်များသည် ဖန်ဆင်းရှင်က ကျွန်ုပ်တို့အား စကားပြောနေ သကဲ့သို့ဖြစ်သည်- ဩဇာအာဏာရှိသည်၊ တန်ခိုးရှိပြီး ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် ချစ်ကြောက်ရိုသေမှုကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ ကျွန်ုပ်တို့ ဘုရားသခင်၏ အသံတော်ကို ကြားသည့်အခါတွင် ခံစားရသည့်ပုံစံဖြစ်လေသည်။ သခင် ပြောကြားခဲ့သည့် ဤနှုတ်ကပတ်တော်များကို ဥပမာကြည့်ပါ။ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆-၇)ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅) ဤနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ကြားသည့်အခါတွင်၊ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း၊ ယင်းတို့သည် ဩဇာအာဏာနှင့် တန်ခိုးတို့ကို ပိုင်ဆိုင်ကြောင်း၊ မည်သည့်သာမန် လူသားတစ်ယောက်ကမျှ ထိုနှုတ်ကပတ်တော်များကို မပြောနိုင်ကြောင်း၊ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်းတို့ကို ကျွန်ုပ်တို့ ခံစားသိရှိရသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်တည်းဟူသော နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် တထေရာတည်း ဖြစ်သည်- ဩဇာအာဏာနှင့် တန်ခိုးတို့ဖြင့် ပြည့်နှက်နေသည်။ ထိုနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ကြားသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် ကျွန်ုပ်တို့ကို စကားပြောနေကြောင်းနှင့် ယင်းတို့သည် ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ ခံစားသိရှိရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသကဲ့သို့ပင် ဖြစ်သည်။ “သို့သော်လည်း လောကဟောင်း ဆက်လက် တည်ရှိနေသရွေ့၊ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန် ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။

ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် ဤနှုတ်ကပတ်တော်များသည် ဖန်ဆင်းရှင်အဖြစ် သူ၏ ပင်ကိုလက္ခဏာ၌ လူသားမျိုးနွယ်ကို တိုက်ရိုက်ပြောကြားနေခြင်းဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ တစ်မူထူးခြားသော ဩဇာအာဏာနှင့် တန်ခိုးတို့ဖြင့် ပြည့်လျှမ်း နေသည်။ ကျွန်ုပ်တို့သည် အတွင်းကျကျ အဓိပ္ပာယ်ကို သတိမပြုမိလျှင်ပင်၊ ထိုနှုတ်ကပတ်တော်များကို ကြားသည်နှင့် တစ်ပြိုင်နက် ယင်းတို့ကို မည်သည့် ဖန်ဆင်းခံလူသားမျိုးနွယ်တစ်ဦးတစ်ယောက်ကမျှ လုံးလုံး ပြောခဲ့ပြီးနိုင်မည် မဟုတ်သည်ကို ကျွန်ုပ်တို့ သဘောပေါက်မိသည်။ ဘုရားသခင်မှလွဲ၍ အခြားမည်သူက လူသားမျိုးနွယ်တစ်ရပ်လုံးကို မျက်နှာချင်းဆိုင်နိုင်ပြီး၊ ထိုသို့သော မိန့်မြွက်ချက်များကို ပြောနိုင်မည်နည်း။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူအား အခြားမည်သူက ပြောပြနိုင်ပြီး ဖော်ပြနိုင်မည်နည်း။ စကြဝဠာတစ်ခုလုံးအား ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အခြားမည်သူက ထုတ်ဖော်ပြနိုင်မည်နည်း။ ဘုရားသခင်မှလွဲ၍ အခြားမည်သူက ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲနိုင်မည်နည်း။ လူကို သူ့အမျိုးအစား တစ်ခုချင်းစီအလိုက် အခြားမည်သူက ခွဲခြားနိုင်မည်နည်း။ ဘုရားသခင်မှလွဲ၍ မည်သူမျှ ဤအရာများကို မပြုလုပ်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို သူ၏ မိန့်မြွက်ချက်များကို ပြောကြားဖို့နှင့် သူ၏ ဖြောင့်မတ်သော၊ ဘုန်းအာနုဘော်တော်ဖြစ်သော၊ မချိုးဖောက်အပ်သော စိတ်သဘောထားကို ထုတ်ဖော်ပြဖို့ ဖန်ဆင်းရှင်အဖြစ် သူ၏ ပင်ကိုလက္ခဏာ၌ ဘုရားသခင် ရပ်တည်နေခြင်း ဖြစ်သည်။ စိတ်နှလုံးနှင့် ဝိညာဉ်ပိုင်ဆိုင်သူ မည်သူမဆိုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသူ မည်သူမဆိုသည် နှုတ်ကပတ်တော် တစ်လုံးချင်းစီတိုင်းတွင် ဩဇာအာဏာ၊ တန်ခိုးနှင့် ဘုန်းအာနုဘော်တော်တို့ကို ခံစားသိရှိရလိမ့်မည်ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ပြောဆိုသည့် လေသံနှင့်ဟန်ပန်တို့သည် သခင်ယေရှု ပြောကြားသည့် လေသံနှင့် ဟန်ပန်တို့နှင့် မကွဲပြားသည်ကို ခံစားသိရှိ ရလိမ့်မည်။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကြားသည်နှင့်တစ်ပြိုင်နက် ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင် စကားပြော နေခြင်းဖြစ်ကြောင်းနှင့် ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်းတို့ကို ၎င်းတို့ ခံစားရလိမ့်မည်။

၂။ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာအမှုတော်နှင့်သက်ဆိုင်သော နက်နဲမှုများကို ဖော်ထုတ်နိုင်သည်

သမ္မာကျမ်းစာထဲမှာ- “လျှို့ဝှက်သောအရာတို့သည် ငါတို့ ယေဟောဝါ ဘုရားသခင်နှင့် သက်ဆိုင်၏။ သို့သော် ငါတို့အနေဖြင့် ဤပညတ်တရား၏ စကားအားလုံးကို လုပ်ဆောင်နိုင်ကြဖို့အလို့ငှာ ထုတ်ဖော်ပြထားသော အရာတို့သည် ငါတို့နှင့် သက်ဆိုင်သကဲ့သို့၊ ငါတို့၏ သားသမီးများနှင့် သက်ဆိုင်သတည်း။” (တရားဟောရာကျမ်း ၂၉:၂၉) ဘုရားသခင်၏ မိန့်မြွက်ချက်များသာလျှင် နက်နဲသောအရာများအားလုံးကို ဖော်ထုတ်နိုင်သည်ကို ဤအရာမှ ကျွန်ုပ်တို့ နားလည်သဘောပေါက်နိုင်သည်။ ဤသည်မှာ ဘုရားသခင်သည်သာလျှင် သူ၏ကိုယ်ပိုင် အမှုတော်နှင့် သူ့အမှုတော်နှင့် သက်ဆိုင်သည့် ပရောဖက်ပြုခြင်းများကို ရှင်းလင်းစွာ ရှင်းချက်ထုတ်နိုင်သောကြောင့်ဖြစ်သည်- လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမျှ မည်သည့်အခါမျှ နားမလည်နိုင်ပေ။ ဘုရားသခင်သည် ဤအရာများကို ကျွန်ုပ်တို့အား မရှင်းပြခဲ့ပါက၊ လူသားမျိုးနွယ်ဖြစ်သည့် ကျွန်ုပ်တို့သည် ယင်းတို့ကို မည်သည့်အခါမျှ သိနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ မိန့်မြွက်ချက်များက ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အမှုတော်နှင့် သက်ဆိုင်သည့် နက်နဲမှုများကို ဖော်ထုတ်ရပေမည်။

သခင်ယေရှုသည် သူ၏အမှုတော်ကို ဆောင်ရွက်ဖို့ ကြွလာသည့်အချိန်က၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်သည့် နည်းလမ်းနှင့် သက်ဆိုင်သည့် နက်နဲမှု ကဲ့သို့သော နက်နဲမှုများစွာကို သူထုတ်ဖော်ပြခဲ့သည်။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူ သာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃)ယေရှုကလည်း၊ ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ဘုရားသခင်သည် ကောင်းကင်ဘုံ၏ ဘုရင်ဖြစ်ပြီး၊ မည်သူသည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်းနှင့် မည်သည့် စံနှုန်းများသည် ဝင်ရောက်ခြင်းအတွက် ဖြစ်ကြောင်းတို့ကို သူသာလျှင် သိလေသည်။ ထို့ကြောင့် သခင်ယေရှုသည် သူ၏အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိ၌ ကြွလာသည့်အချိန်က၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်သူများနှင့် ၎င်းတို့၏ အပြစ်များမှ သန့်စင်ခြင်းခံရသူများသာလျှင် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ကြောင်းကို ကျွန်ုပ်တို့ သိရှိစေဖို့အလို့ငှာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းကို ရရှိဖို့အတွက် စံနှုန်းများကို ကျွန်ုပ်တို့အား သူက များစွာ ရှင်းရှင်းလင်းလင်း ရှင်းချက်ထုတ်ခဲ့လေသည်။

ထိုနည်းတူစွာပင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သည့် နက်နဲမှုကို ဖော်ထုတ်ပြသ လေသည်။ “မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။” အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို လုံးလုံး ထုတ်ဖော်ပြပြီး၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းအတွက် စံနှုန်းများကို ဖော်ထုတ်လေသည်။ ဘုရားသခင်၏ လမ်းခရီးကို မလိုက်သူ နှင့် အပြစ်၌ အသက်ရှင်နေထိုင်သူ မည်သူမဆိုတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ မဝင်ရောက်နိုင်ဘဲ၊ ဤသည်မှာ သခင်ယေရှု ပြောကြားခဲ့သည့် စံနှုန်းများနှင့် တထေရာတည်းဖြစ်ပေသည်။ စိတ်နှလုံးနှင့် ဝိညာဉ်နှစ်ခုလုံး ပိုင်ဆိုင်သည့်သူများက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အရင်းအမြစ်သည် သခင်ယေရှု၏ နှုတ်ကပတ်တော်များ၏ အရင်းအမြစ်သာဖြစ်သည်ကို ၎င်းတို့ ချက်ချင်း မှန်ကန်ကြောင်း အတည်ပြုနိုင်လေသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်တို့အား ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ စံနှုန်းများကို ပြောသည်သာမက၊ ကျွန်ုပ်တို့ ယခင်က တစ်ခါမျှ သတိမပြုမိခဲ့သည့် နက်နဲမှုများစွာကိုလည်း ထုတ်ဖော်ပြလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါနှစ်ပေါင်းထောင်နှင့်ချီ စီမံခန့်ခွဲ လုပ်ဆောင်လာနေခဲ့သော အလုပ်ကို နောက်ဆုံးသော ကာလ၌သာ လူသားကို အပြည့်အစုံ ဖော်ပြသည်။ ယခုမှသာ ငါသည် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ လျှို့ဝှက်နက်နဲမှု အစုံအလင်ကို လူသားအား ဖွင့်ပြပြီး၊ ငါ့အလုပ်၏ ရည်ရွယ်ချက်ကို လူသားက သိခဲ့ပြီဖြစ်သည့်အပြင် ငါ၏ လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း နားလည်ပြီဖြစ်သည်။ သူစိုးရိမ်နေသည့် ခရီးပန်းတိုင် အကြောင်းကိုလည်း ငါက လူသားကို အားလုံးပြောပြပြီး ဖြစ်သည်။ နှစ်ပေါင်း ၅၉၀၀ ကျော် ဖုံးကွယ်ထားသည့် ငါ၏လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း လူသားအတွက် ဖော်ပြပြီးဖြစ်သည်။” “အမှု၏ ဤအဆင့်က သင့်အား ယေဟောဝါ၏ ပညတ်တရားနှင့် ယေရှု၏ ရွေးနှုတ်ခြင်းတို့ကို ရှင်းပြပေးမည်ဖြစ်ပြီး၊ အဓိကအားဖြင့် သင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်းတစ်ခုလုံးကို နားလည်လျက် ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အရေးပါမှုနှင့် အနှစ်သာရအလုံးစုံကို တန်ဖိုးထားရန်၊ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုနှင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံး၏ ရည်ရွယ်ချက်ကို နားလည်ရန်နှင့် သင်၏ သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်လက်ခံမှုနှင့် ကြည်ညိုမှုကိုပင်လျှင် နားလည်ရန် ဖြစ်သည်။ ၎င်းက သင့်အား ထိုအချက်များ အားလုံးကိုစေ့စပ်သေချာစွာ နားလည်လာစေလိမ့်မည်။ သင်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ အလုပ်ကိုပါ နားလည်လာလိမ့်မည်ဖြစ်သည်၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးတို့ကို သိနားလည်လျက် မြင်လိမ့်မည် ဖြစ်သည်။နောက်ဆုံးတွင် ဤလက်ရှိအဆင့်သည် ဘုရားသခင်၏ အလုပ်ကို လုံး၀ အဆုံးသတ်၍ ၎င်း၏နိဂုံးကို စီစဉ်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လျက် သိရှိလာလိမ့်မည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ လွဲမှားနေသည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုအပေါ် သူ၏အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် သူ၏ အမြင်များနှင့် သူ၏ အခြားလွဲချော်မှုများနှင့် အမှားများမှာ အမှားပြင်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် လူသားသည် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းများအားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရားတစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထို့သို့ဖြစ်သည့်အခါ အမှု၏ လက်ရှိအဆင့်မှာ အဆုံးသတ်လိမ့်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင်တည်းဟူသော နောက်ဆုံးသောကာလ ခရစ်တော်သည် ကျွန်ုပ်တို့ကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်နှင့် သက်ဆိုင်သည့်- အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့မှ အရေးကြီးသော နက်နဲမှုများကို ထုတ်ဖော်ပြပေသည်။ ကိုယ်တော်က ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် ရည်ရွယ်ချက်၊ ယနေ့ထိတိုင် လူသားမျိုးနွယ်၏ တိုးတက်ဖွံ့ဖြိုးမှုနှင့် ပညတ်တော်ခေတ်၌ ဘုရားအမှုတော်၏ အတွင်းကျကျ ဇာတ်ကြောင်းများ၊ ကျေးဇူးတော်ခေတ်၌ သူ၏ ရွေးနုတ်ခြင်းအမှုတော်နှင့် နိုင်ငံတော်ခေတ်၌ သူ၏တရားစီရင်ခြင်းအမှုတော်တို့ကိုလည်း ထုတ်ဖော်ပြပေသည်။ ကိုယ်တော်သည် သမ္မာကျမ်းစာ၏ အနှစ်သာရနှင့် သမ္မာတရား၊ လူ့ဇာတိခံယူခြင်းများ၏ နက်နဲမှု၊ ဘုရားသခင်၏ နာမတော်များ၏ နက်နဲမှု၊ ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားသကဲ့သို့ ပလ္လင်ဖြူကြီး၏ တရားစီရင်ခြင်းနှင့် သက်ဆိုင်သည့် နက်နဲမှုအပြင်၊ တံဆိပ်ခုနှစ်ချက်၊ ဖလားခုနှစ်လုံးနှင့် ဘေးဒဏ်ခုနှစ်ပါး စသည်တို့၏ နက်နဲမှုများကို သူ ထုတ်ဖော်ပြလေသည်။ ဤအရာက “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဟု သခင်ယေရှု ပြောခဲ့သည့်အချိန်က သူ၏ နှုတ်ကပတ်တော်များကို ပြည့်စုံစေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ထုတ်ဖော်ပြခဲ့သည့် ဤနက်နဲမှုများသည် ဘုရားသခင်နှင့် သူ၏ အမှုတော်တို့နှင့် ဆက်နွှယ်သကဲ့သို့၊ အနာဂတ်တွင် ဘုရားသခင် ပြီးမြောက် အောင်မြင်အောင် ပြုလုပ်မည့် အမှုအရာများနှင့်လည်း ဆက်နွှယ်နေသည်။ ဤနက်နဲမှုများအားလုံးသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အစီအစဉ်များနှင့် ဆက်နွှယ်နေပြီး၊ ယင်းတို့ကို ဘုရားသခင်မှလွဲ၍ မည်သူမျှ မသိရှိနိုင်ပေ။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်များဖြစ်ကြောင်းနှင့်၊ ယင်းတို့သည် ဘုရားသခင်၏ အသံတော် ဖြစ်ကြောင်း ဤအရာမှ ကျွန်ုပ်တို့ သေချာနိုင်ပေသည်။

၃။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းတစ်ပါးချင်းစီ၏ မိန့်မြွက်ချက်များသည် အမှုတော်၏ စုံလင်သောအဆင့်တစ်ခုနှင့် ဆက်နွှယ်နေပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များသည် လူကို ကယ်တင်ပြီး သန့်စင်နိုင်သည်

ဘုရားသခင်သည် အမှုတော်၏ အဆင့်တစ်ခုကို ဆောင်ရွက်ဖို့ လူ့ဇာတိခံယူသည့်အကြိမ်တိုင်း သူသည် နှုတ်ကပတ်တော်များစွာကို ပြောဖြစ်မည် ဆိုသည်ကို ကျွန်ုပ်တို့အားလုံး သိထားကြသည်။ ကိုယ်တော်သည် နှုတ်ကပတ်တော် အနည်းငယ်သာ ပြောခြင်းမဟုတ်သည်မှာ ကျိန်းသေပြီး၊ သမ္မာတရားများစွာနှင့် နက်နဲမှုများစွာမျှကိုသာ ထုတ်ဖော်ပြခြင်း မဟုတ်ပေ။ ကိုယ်တော်သည် ဘုရားသခင်၏ အလိုတော်နှင့် လူသားမျိုးနွယ်နှင့် သက်ဆိုင်သည့် သတ်မှတ်ချက်များကိုလည်း ဖော်ပြလေသည်၊ သူသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်း စသည်တို့ကိုလည်း ပြုလေသည်။ သူ၏နှုတ်ကပတ်တော်များသည် လူကို ကယ်တင်နိုင်ပြီး သန့်စင်နိုင်သကဲ့သို့၊ ခေတ်တစ်ခု၌ ဘုရားသခင်၏ စုံလင်သော အမှုတော်တစ်ခုကိုလည်း ကိုယ်စားပြုပေသည်။ သခင်ယေရှုသည် သူ၏အမှုတော်ကို ဆောင်ရွက်ဖို့ ကြွလာသည့်အချိန်က၊ သူသည် အမှုအရာများစွာကို ပြောခဲ့ပြီး၊ လူများအား ၎င်းတို့၏ ရန်သူများကို ချစ်ဖို့နှင့် အခြားသူများကို ကိုယ်နှင့်အမျှချစ်ဖို့ သွန်သင်ခဲ့သည်။ လူများကို နှိမ့်ချဖို့နှင့် စိတ်ရှည်ဖို့ စသည်တို့ကိုလည်း သူ တောင်းဆိုခဲ့လေသည်။ ဤနှုတ်ကပတ်တော်များသည် ရွေးနှုတ်ခြင်းအမှုတော်ကို သူဆောင်ရွက်ရင်း လူတို့အပေါ် သူ ပေးအပ်ခဲ့သည့် သမ္မာတရားများ အားလုံးဖြစ်သည်။ ယခုအခါ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်လျက်ရှိပြီး၊ သူက သခင်ယေရှုအားဖြင့် ဆောင်ရွက်ခဲ့သည့် ရွေးနုတ်ခြင်း အမှုတော်၏ အခြေခံအုတ်မြစ်ပေါ်တွင် ဤအမှုကို ဆောင်ရွက်နေခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူကို သန့်စင်ခြင်းခံရပြီး ကယ်တင်ခြင်းခံရနိုင်ဖို့ ဖြစ်စေနိုင်သည့် သမ္မာတရားများအားလုံးကို ဖော်ပြပြီး၊ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ဆောင်ရွက်သည့် စုံလင်သော အမှုတော်ကို ကိုယ်စားပြုပေသည်။ ကိုယ်တော်သည် လူတို့ကို အပြစ်မှ ကယ်တင်ဖို့နှင့် သန့်စင်ဖို့၊ ပြီးလျှင် လူကို အပြစ်မှ အပြီးအပိုင် ကယ်တင်ဖို့ ဤအရာကို ပြုခြင်းဖြစ်သည်။ ထို့ကြောင့် လူကို ကယ်တင်နိုင်ပြီး သန့်စင်နိုင်သည့် နှုတ်ကပတ်တော်များအားလုံးသည် ဘုရားသခင်၏ အသံတော် မဟုတ်ပါသလား။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။” “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန် ရှင်းလင်းပေသည်။ သခင်ယေရှုသည် ကျေးဇူးတော်ခေတ်တွင် လူကို သူ၏အပြစ်မှ ခွင့်လွှတ်ခဲ့သည့် ရွေးနုတ်ခြင်း အမှုတော်ကိုသာ ဆောင်ရွက်တော်မူခဲ့ခြင်း ဖြစ်သည်။ သို့သော် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် လုံးလုံး ဖျက်ပစ်ခြင်း မခံရသောကြောင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင် တည်းဟူသော နောက်ဆုံးသောကာလ ခရစ်တော်သည် သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှုတော်၏ အခြေခံအုတ်မြစ်ပေါ်တွင် လူကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ ယခုအခါ ကြွလာပြီးဖြစ်လေသည်။ ဤအရာက သခင်ယေရှု၏ ပရောဖက်ပြုခြင်းများကို ပြည့်စုံစေသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သော အရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)

အနန္တတန်ခိုးရှင် ဘုရားသခင်သည် နှုတ်ကပတ်တော် သန်းပေါင်းများစွာကို ဖော်ပြပြီး၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို ရရှိဖို့အတွက် လိုအပ်သည့် သမ္မာတရားအားလုံးကိုလည်း ဖော်ပြပြီး ဖြစ်လေသည်။ ကိုယ်တော်သည် စာတန်အားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားကို ဖော်ထုတ်ရုံသာမက၊ သူ၏စိတ်တော်နှင့် ထိတွေ့သော ရိုးသားသူများဖြစ်ဖို့နည်းလမ်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် စာတန်၏အလုပ်တို့အကြား ခွဲခြားသိမြင်သည့်နည်းလမ်း၊ ဘုရားသခင်နောက်သို့ လိုက်ခြင်းနှင့် လူနောက်သို့လိုက်ခြင်းတို့အကြား ခွဲခြားသိမြင်သည့်နည်းလမ်း၊ ဘုရားသခင်ကို အမှန်တကယ် နာခံ၊ ကြည်ညိုပြီး ချစ်သည့်နည်းလမ်း၊ ကောင်းကင်ဘုံ အဖ၏ အလိုတော်ကို ဆောင်ရွက်သည့် နည်းလမ်း၊ သမ္မာတရားကို အားထုတ်သည့်နည်းလမ်း၊ မိမိတို့၏ အပြစ်ရှိသော သဘာဝကို ဖယ်ရှားပြီး သန့်စင်ခြင်းခံရဖို့ နည်းလမ်း စသည်တို့ကိုလည်း ကျွန်ုပ်တို့အား သူပြောပြလေသည်။ ဤနှုတ်ကပတ်တော်များသည် လူများကို သန့်စင်ခြင်းခံရဖို့နှင့် ကယ်တင်ခြင်းရရှိဖို့ ဖြစ်စေသည့် သမ္မာတရားများဖြစ်သည်။ လူများကို အပြစ်မှ အပြီးအပိုင် ကယ်တင်ဖို့ နှုတ်ကပတ်တော်များအား မည်သူက ပြောကြားနိုင်သနည်း။ လူများကို အပြစ်မှ ရွေးနုတ်သည့် နှုတ်ကပတ်တော်များကို မည်သူက ပြောကြားနိုင်သနည်း။ ဘုရားသခင် ကိုယ်တော်တိုင်သာ ဖြစ်ပါသည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် ဤသန့်စင်ခြင်းနှင့် ကယ်တင်ခြင်း နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော် အမှန်တကယ်ပင် ဖြစ်ပေတော့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏အမှုတော်ကို ဆောင်ရွက်ဖို့ နောက်ဆုံးသောကာလတွင် ကြွလာပြီးဖြစ်သည်။ ကိုယ်တော်သည် လူတို့ကို သန့်စင်ပြီး ကယ်တင်သည့် သမ္မာတရားများအားလုံးကို ဖော်ပြသည်၊ ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်သည်၊ ပြီးလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်နှင့် သက်ဆိုင်သည့် နက်နဲမှုအားလုံးကို ဖော်ထုတ်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် အသင်းတော်တို့အား ဝိညာဉ်တော် မြွက်ဆိုသည့် အရာဖြစ်ပေသည်။ သမ္မာတရားကို ဆာငတ်သော လူများစွာတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ ဘုရားသခင်၏ အသံတော်အဖြစ် သတိပြုမိပြီးဖြစ်ကာ၊ တစ်ယောက်ပြီးတစ်ယောက် အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ ပြန်လှည့်ပြီး၊ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာကြပြီး ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ ကြားသည့်အခါ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင်ဖို့ ရွေးချယ်သင့်သနည်း။ ပညာရှိသတို့သမီးများ ဖြစ်ခြင်းဖြင့်သာ၊ ဘုရားသခင်၏အသံတော်ကို ကြားခြင်းနှင့် ဘုရားသခင်၏ အသံတော်ကို သတိပြုမိခြင်းတို့အား အာရုံစိုက်ခြင်းဖြင့်သာ၊ ပြီးလျှင် လက်ခံဖို့နှင့် ကျိုးနွံနာခံဖို့ လောဆော်ခြင်းတို့ဖြင့်သာလျှင် ကျွန်ုပ်တို့သည် သိုးသငယ်၏ ခြေလှမ်းများကို အမီလိုက်နိုင်သူများနှင့် သိုးသငယ်၏ စားတော်ပွဲကြီးကို တက်ရောက်နိုင်သူများ ဖြစ်လာနိုင်ပေသည်။ ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားသည့်သကဲ့သို့ပင် ဖြစ်လေသည်၊ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)

အယ်ဒီတာ၏ မှတ်စု-

ဘုရားသခင်၏ အသံတော်ကို သတိပြုမိသည့် နည်းလမ်း နှင့် သက်ဆိုင်သည့် အထက်ပါ မိတ်သဟာယသည် သင့်အား လမ်းခရီးကို ယခု ပြသပြီးဖြစ်ပါသလား။ ယင်းကို အထောက်အကူဖြစ်သည်ဟု သင်တွေ့ရပါက၊ လူတိုင်း ဘုရားသခင်၏ အသံတော်ကို သတိပြုမိပြီး၊ သခင့်ကို ကြိုဆိုဖို့ နည်းလမ်းကို သင်ယူနိုင်ရန်အလို့ငှာ နောက်ထပ် ညီအစ်ကိုမောင်နှမများကို ကျေးဇူးပြု၍ လွတ်လွတ်လပ်လပ် ဝေမျှလိုက်ပါ။ သင်၏ ယုံကြည်မှု၌ ပြဿနာများ သို့မဟုတ် မေးခွန်းများ တစ်စုံတစ်ရာရှိသည်ဟု တွေ့ရှိရပါက၊ ကျွန်ုပ်တို့အား Messenger သို့မဟုတ် Viber တို့မှ တစ်ဆင့် ကျေးဇူးပြု၍ ဆက်သွယ်လိုက်ပါ၊ ကျွန်ုပ်တို့သည် ယင်းတို့ကို သင်နှင့် အတူ ဆွေးနွေးဖို့ ဆန္ဒရှိမည် ဖြစ်ပါသည်။

အမှာစကား ချန်ခဲ့မည်