စာရင်း

သခင်ယေရှုက ပေတရုအား ကောင်းကင်နိုင်ငံတော်၏ သော့များကို ပေးခဲ့သည့်အကြောင်းအရင်း

သမ္မာကျမ်းစာ ဖတ်ရှုခြင်းမှ ‌ဦးနှောက်ခြောက်ရခြင်း

ကျွန်တော် နံနက်စောစောထသည့်အခါတွင်၊ ဆုတောင်းပြီးနောက်၊ သမ္မာကျမ်းစာထဲက မဿဲ ၁၆:၁၉ ကို ဖွင့်လိုက်သည်။ ထိုကျမ်းပိုဒ်တွင် သခင်ယေရှုက ပေတရုကို ဤကဲ့သို့ ပြောခဲ့သည်။ “ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာ ချည် နှောင်သမျှသည် ကောင်းကင်ဘုံ၌ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်း ကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်။” ဤကျမ်းပိုဒ်ကို ဖတ်ရင်း၊ “ပေတရုက ကြီးမားတဲ့ အလုပ်တစ်ခုမှ မလုပ်ခဲ့ဘူး၊ ဒါမှမဟုတ် သူရေးခဲ့တဲ့ ဩဝါဒစာစောင်တွေက မထင်ရှားဘူး။ အဲဒီအပြင် သခင်ယေရှု အဖမ်းခံရပြီး စစ်ဆေးစီရင်ခံရတဲ့အချိန်က၊ ပေတရုက သူ့ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့တယ်။ သခင်က ဘာဖြစ်လို့ တခြားတပည့်တော်တွေကို ကောင်းကင်နိုင်ငံတော်ရဲ့သော့တွေ မပေးခဲ့ဘဲ၊ ပေတရုကိုပဲ ပေးခဲ့တာလဲ” ဟု တွေးလျက်၊ ကျွန်တော် စိတ်ရှုပ်ထွေးလာခဲ့သည်။ သမ္မာကျမ်းစာတစ်ခုလုံး ကျွန်တော် ရှာဖွေပြီးရင်း ရှာဖွေခဲ့သော်လည်း၊ မည်သည့်အရာကမျှ ကျွန်တော်၏စိတ်ရှုပ်ထွေးခြင်းကို မဖြေရှင်းခဲ့ပါ။ ကျွန်တော် အလုပ်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပါ။

လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ဆွေးနွေးတိုင်ပင်ခြင်းနှင့် အဖြေရှာခြင်း

ကျွန်တော်၏နေ့လယ်စာစားချိန်တွင် ထိုနေ့နံနက်မှ ကျွန်တော့် မေးခွန်းကို အချိန်ယူစဉ်းစားနေဆဲ ဖြစ်သည်။ “ဘုရားသခင်က ဖြောင့်မတ်ပြီး သေချာပေါက် အမှားတစ်ခုမှ လုပ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ သခင်ယေရှုက ဘာဖြစ်လို့ ပေတရုကို ကောင်းကင်နိုင်ငံတော် သော့တွေကို ပေးခဲ့တာလဲ။ ဒီထဲမှာ ဘာနက်နဲမှုမျိုးရှိသလဲ” ဟူ၍။ ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းမှု ရရှိနိုင်ဖို့အလို့ငှာ၊ သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် ကျွန်တော် ဆွေးနွေးတိုင်ပင်ခဲ့သည်။

ကျွန်တော့်လုပ်ဖော်ကိုင်ဖက်က ပြုံးပြီး “သခင်က ပေတရုကို ရွေးချယ်ခဲ့လို့ ကောင်းကင်နိုင်ငံတော် သော့တွေကို သူ့ကို သခင် ပေးခဲ့တာပေါ့။ ဒါဆိုရင် ပေတရုကို သခင်က ဘာဖြစ်လို့ မျက်နှာသာပေးတာလဲ” ဟု ပြောခဲ့သည်။ ကျွန်တော်၏ စိတ်ရှုပ်ထွေးနေသည့် အကြည့်ကိုမြင်လျက်၊ သူက “သခင်ယေရှုက သူဘယ်သူလဲဆိုတာကို တပည့်တော်တွေကို မေးတဲ့အခါမှာ ပေတရု ဘယ်လိုပြန်ဖြေခဲ့လဲဆိုတာ ခင်ဗျားမှတ်မိလား” ဟု ဆက်မေးခဲ့သည်။

ကျွန်တော်က ဤသို့ပြောခဲ့သည်၊ “ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။” (ရှင်မဿဲခရစ်ဝင် ၁၆:၁၆)

ကျွန်တော့်လုပ်ဖော်ကိုင်ဖက်က သူ့ခေါင်းကိုညိတ်ပြီး ဆက်ပြောခဲ့သည်။ “မှန်တာပေါ့။ သခင်ယေရှုရဲ့ တပည့်တော် ဆယ့်နှစ်ယောက်ထဲမှာ ပေတရုတစ်ယောက်ပဲ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းကို ရပြီး သခင်ယေရှုက ကြွလာဖို့ ပရောဖက်ပြုထားတဲ့ မေရှိယဖြစ်တဲ့အကြောင်း၊ သူက ခရစ်တော်ဖြစ်တဲ့အကြောင်း အသိအမှတ်ပြုခဲ့တာပါ။ သခင်ယေရှုက သူဟာ အသက်မုန့်ဖြစ်ကြောင်း၊ လူတွေက ထာဝရအသက်ကို ရဖို့ သူ့ရဲ့အသားနဲ့ အသွေးတို့ကိုပဲ စားသောက်ဖို့လိုအပ်ကြောင်း ပြောတဲ့အခါမှာ၊ လူ‌တော်တော်များများက အယူအဆတွေ ဖြစ်ပေါ်လာပြီး သခင့်နောက်လိုက်ဖို့ကို စွန့်လွှတ်လိုက်ကြတယ်။ ပေတရုကပဲ ဒီလိုပြောခဲ့တယ်။ ‘သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သော စကားသည် ကိုယ်တော်၌ တည်ပါ၏။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်။’ (ရှင်ယောဟန်ခရစ်ဝင် ၆:၆၈-၆၉) ပေတရုက သခင်ယေရှုရဲ့အမှုနဲ့ နှုတ်ကပတ်တော်တွေကနေ ကိုယ်တော်နဲ့ပတ်သက်တဲ့ စစ်မှန်တဲ့ နားလည်မှုရရှိခဲ့တာ၊ သခင်ယေရှုက ခရစ်တော်ဖြစ်ပြီး ထာဝရအသက်အတွက် လမ်းခရီးဖြစ်မှန်း သူလုံးလုံး သေချာခဲ့တာကို ဒီဖြစ်ရပ်နှစ်ခုကနေ ကျွန်တော်တို့ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ဖာရိရှဲတွေက သခင်ယေရှုကို ဘယ်လောက်ပဲ ဝေဖန်၊ ရှုတ်ချပြီး တိုက်ခိုက်ကြပါစေ၊ သူဘယ်တော့မှ စိတ်ရှုပ်ထွေးမလာခဲ့ဘူး၊ ပြီးတော့ သူများတွေက သခင်ယေရှုကို စွန့်ပစ်သည်ဖြစ်စေ မစွန့်ပစ်သည်ဖြစ်စေ သူက သခင့်နောက်ကို အဆုံးထိတိုင် လိုက်လျှောက်ရင်းနဲ့၊ ဘယ်တော့မှ ဘောင်ခတ်တာမခံရဘဲ၊ သူ့ရဲ့ဆက်ကပ်အပ်နှံခြင်းကို ဆက်ထိန်းသိမ်းခဲ့တယ်။ ဒါကြောင့် ပေတရုက သခင်ယေရှု မျက်နှာသာအပေးဆုံးခံရသူတစ်ယောက် ဖြစ်လာခဲ့တာပဲ” ဟူ၍။

ကျွန်တော်က ခေါင်းညိတ်ပြီး၊ “ခင်ဗျားမှန်တယ်။ တပည့်တော် ဆယ့်နှစ်ယောက်ထဲမှာ ပေတရုပဲ သခင်ယေရှုက ခရစ်တော်ဖြစ်မှန်း အသိအမှတ်ပြုခဲ့တယ်။ ပေတရုမှာ သခင့်ရဲ့ လက်ခံမှု၊ ထောက်ခံမှုတို့နဲ့ ထိုက်တန်တဲ့ သွင်ပြင်လက္ခဏာတွေရှိခဲ့တာကို ကျွန်တော် မြင်ရတယ်” ဟု ပြောခဲ့သည်။

ပေတရုသည် သခင့်ကို ချစ်ပြီး သူ၏ထောက်ခံမှုရသည်

ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်က ဆက်ပြောခဲ့သည်။ “သခင်ယေရှုက ကျွန်တော်တို့ကို ဒီလိုပြောခဲ့တယ်။ ‘သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသောပညတ်သည် ပဌမ ပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်း ဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၈)ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့မည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း၊ သူဆီသို့ကြွ၍ နေရာချမည်။ ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏။(ရှင်ယောဟန် ၁၄:၂၃-၂၄)သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) သခင့်ရဲ့မျှော်လင့်ချက်က ကျွန်တော်တို့ အားလုံးအနေနဲ့ သူ့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်နိုင်ဖို့၊ သူ့နှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ဖို့နဲ့ သခင့်လမ်းခရီးကို ထိန်းသိမ်းနိုင်ဖို့ ဖြစ်တယ်ဆိုတာကို သခင့်နှုတ်ကပတ်တော်တွေကနေ ရှင်းရှင်းလင်းလင်း သိရတယ်။ ဒါတွေက ကျွန်တော်တို့အတွက် သူ့သတ်မှတ်ချက်တွေဖြစ်သလို သူ့ရဲ့ ချီးမွမ်းခြင်းနဲ့ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ခြင်းတို့အတွက် စံနှုန်းလည်းဖြစ်တယ်။ ပေတရုရဲ့လိုက်စားမှုဟာ သခင့်ဆီက ဒီနှုတ်ကပတ်တော်တွေကို အခြေပြုထားတယ်။ သူက ဘုရားသခင်ကို ချစ်ဖို့ ရည်မှန်းချက်ထားပြီး ဘုရားသခင်ကို ချစ်တဲ့ သူတစ်ယောက်ဖြစ်လာဖို့ ကြိုးစားခဲ့တယ်။ သခင်ယေရှုက ဂေသရှေမန်ဥယျာဉ်မှာ အဖမ်းခံရတဲ့အချိန်က၊ ပေတရုက သူ့ကို ကာကွယ်ဖို့ ရှေ့ကို အပြေးသွားရင်းနဲ့ ယဇ်ပုရောဟိတ်မင်းရဲ့ အစေခံရဲ့ နားရွက်ကို ဖြတ်ခဲ့မိတယ်။ အဲဒီလိုလုပ်တာက ပေတရုအနေနဲ့ အတော်ကို မဆင်မခြင်လုပ်တာဆိုပေမဲ့၊ အန္တရာယ်ရှိတဲ့အချိန်မှာ သူ အကူအညီပေးခဲ့တာကို ပြပြီး သူ့စိတ်နှလုံးထဲမှာ သခင့်ကို တကယ်ကို ချစ်ခဲ့ပြီး အမှန်တကယ် ကာကွယ်ချင်ခဲ့တယ်ဆိုတာကို ပြနေပါတယ်။ ပေတရုက သခင့်ကို တစ်ခါက သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့တယ်ဆိုပေမဲ့လည်း၊ နောင်တရပြီး သူ့ကိုယ်သူ စက်ဆုပ်ရွံရှာခဲ့တဲ့အပြင်၊ သူ့ကျရှုံးမှုအတွက် အကြောင်းရင်းကို ပြန်ဆင်ခြင်ဖို့ အဲဒီအခွင့်အရေးကို သူအသုံးလည်းပြုခဲ့တယ်။ သခင့်အတွက် သူ့အသက်ကို စွန့်ဖို့ အလိုဆန္ဒရှိခဲ့ပေမဲ့လည်း၊ လက်တွေ့မှာ ကိုယ်တော့်အတွက် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ ဒါမှမဟုတ် ကိုယ်တော့်အတွက် သူ့အသက်ကိုပေးတာမျိုး မရှိခဲ့တာကို သူမြင်လိုက်ရတယ်။ သူက သေခြင်းတရားရဲ့ ကန့်သတ်ချုပ်ချယ်တာတွေကို ခံနေရဆဲဖြစ်ပြီး သူ့အသက်ကို မစွန့်စားရဲခဲ့ဘူး။ ဒါကြောင့် သူက သခင့်ကို ချစ်ဖို့နဲ့ ဖြည့်ဆည်းဖို့ကိုသာ သူ အသက်ထက်ဆုံး ကြိုးစားတော့မယ်ဆိုတဲ့ သူ့အနာဂတ်ရှာဖွေမှုအတွက် သူ့ပန်းတိုင်ကို ထူထောင်ခဲ့တယ်။ ပေတရုရဲ့လူ့သဘာဝနဲ့ လိုက်စားမှုတို့ကို သခင်က ချီးမွမ်းခဲ့တယ်၊ ဒါကြောင့် သခင်ယေရှုက ပေတရုကို မျက်နှာသာပေးပြီး ကောင်းကင်နိုင်ငံတော်အတွက် သော့တွေ သူ့ကို ပေးခဲ့တာ။ ပေတရုက သူ့တစ်ဘဝလုံး သခင့်ရဲ့တာဝန်ပေးစေခိုင်းချက်ကို သစ္စာစောင့်သိမြဲ စောင့်သိခဲ့တယ် — သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံကို ပြန်ကြွပြီးတဲ့နောက်မှာ ပေတရုက နေရာအနှံ့ကို သွားပြီး ဧဝံဂေလိတရားကို ဖြန့်ဝေသလို၊ သိုးစုတွေကို ထိန်းကျောင်းခဲ့တယ်။ သခင့်နှုတ်ကပတ်တော်တွေနဲ့ သူ့အလိုတော်တွေကို သူသက်သေခံခဲ့ပြီး သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းကိုလည်း လူတွေကို သွန်သင်ပေးခဲ့တယ်။ သူ့အလုပ်မှာ ပေတရုက ဘုရားသခင်ကို နေရာတကာ ချီးမြှောက်သက်သေခံရင်း၊ ညီအစ်ကိုမောင်နှမတွေကို သခင့်ရှေ့မှောက်ကို ဆောင်ကြဉ်းပေးရင်းနဲ့ သူနားလည်တဲ့ သမ္မာတရားတွေ၊ ဘုရားသခင်နဲ့ပတ်သက်တဲ့ သူ့ရဲ့စစ်မှန်တဲ့ နားလည်သဘောပေါက်ခြင်းတွေနဲ့ ညီအစ်ကိုမောင်နှမတွေကို ထောက်ပံ့ခဲ့တယ်။ ဂျူးယုံကြည်မှုထဲက ခေါင်းဆောင်တွေကဘယ်လောက်ပဲ သူ့ကို လိုက်ဖမ်းပါစေ၊ ရောမအစိုးရက ဘယ်လောက်ပဲ သူ့ကို ညှဉ်းပန်းနှိပ်စက်ပါစေ၊ ဆင်းရဲဒုက္ခနဲ့ အခက်အခဲတွေအားလုံးကို ကြုံရင်းနဲ့ ပေတရုက ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို မဆုတ်မနစ် သစ္စာစောင့်သိပြီး သူ့ရဲ့ ညွှန်ကြားချက်ကို ဘယ်တော့မှ မမေ့ခဲ့ဘူး။ ရောမ အာဏာရှင် နီရိုက ခရစ်ယာန်တွေကို သတ်ချင်တဲ့အခါမှာ၊ ပေတရုက တခြားသူတွေရဲ့ အကူအညီနဲ့ မြို့ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ သခင်ယေရှုက ပေတရုဆီပေါ်ထွန်းပြီး သူ့အတွက် ကိုယ်တော်ဟာ နောက်တစ်ကြိမ် ကားစင်တင်ခံရဦးမယ်လို့ ပြောခဲ့တယ်။ သခင့်အလိုတော်ကို ပေတရု နားလည်တာနဲ့၊ နောက်ပြန်လှည့်ဖို့ တွန့်ဆုတ်မနေခဲ့ဘဲ၊ ကားတိုင်မှာ ဇောက်ထိုးသံမှိုစွဲခံရဖို့ သူ့အသက်ကို စွန့်လွှတ်ရင်း၊ သေသည်အထိ နာခံခြင်းနဲ့ ဘုရားကို အဆုံးစွန်ချစ်ခြင်း သက်သေခံချက်ကို စွမ်းဆောင်ရရှိခဲ့တယ်။ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ချင်ရင်၊ ကျွန်တော်တို့က ပေတရုရဲ့ဥပမာကနေ သင်ယူရမယ်၊ ပြီးတော့ သခင့်ကို သိပြီး ချစ်တဲ့သူတွေဖြစ်ရမယ်၊ ကောင်းကင်ဘုံရှင် ဖခမည်းတော်ရဲ့ အလိုတော်ကို လုပ်ဆောင်တဲ့သူ ဖြစ်ရမယ်။ ဒါက သခင် ကတိတော်ပေးထားတဲ့အရာကို ရဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ”ဟူ၍။

ကျွန်တော်၏လုပ်ဖော်ကိုင်ဖက် ပြောစရာရှိသည့်အရာကို နားထောင်ပြီးသည့်နောက်၊ ကျွန်တော် ရုတ်ခြည်း နားလည်သဘောပေါက်မှု ရလာခဲ့သည်။ “ဪ၊ ဒါဆိုရင် ပေတရုက သခင့်ကို တကယ်ချစ်ပြီး နာခံခဲ့တဲ့သူပေါ့။ သခင်ယေရှုက သူ့ကို ကောင်းကင်နိုင်ငံတော် သော့တွေ ပေးခဲ့တာ မဆန်းပါဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ပေတရုရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ကြည့်တော့၊ ကျွန်တော့် ယုံကြည်ခြင်းနဲ့ သခင့်အတွက် ကျွန်တော် အသုံးခံခဲ့တဲ့အရာမှာ၊ ကျွန်တော်ဟာ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်ဖို့နဲ့ ဆုလဘ်ချီးမြှင့်ခံရဖို့ နည်းလမ်းကိုသာ တွေးခဲ့တယ်။ သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ဖို့၊ ဒါမှမဟုတ် သူ့သတ်မှတ်ချက်တွေကို ဖြည့်ဆည်းဖို့ နည်းလမ်းကို ကျွန်တော် မတွေးခဲ့မိဘူး။ ကျွန်တော့်အလုပ်မှာ သခင့်ရဲ့အလိုတော်ကို ညီအစ်ကိုမောင်နှမတွေကို ဘယ်လိုဆွေးနွေးပြောဆိုရမယ်ဆိုတာကို မတွေးရသေးဘဲ၊ ဧဝံဂေလိတရား ဟောကြားတဲ့ လမ်းကြောင်းမှာလည်း၊ အခက်အခဲတွေကြုံပြီး ညီအစ်ကိုမောင်နှမတွေကို မထောက်ပံ့နိုင်သေးတဲ့အခါမှာ၊ ကျွန်တော်က သခင့်ကို ယုံကြည်မှု ဆုံးရှုံးပြီး၊ အပျက်သဘောဆောင်လာတယ်၊ အားနည်းလာတယ်။ အခုမှသာ ကိုယ့်ကိုယ်ကိုယ် ပေတရုနဲ့နှိုင်းယှဉ်ရင်းနဲ့ ကျွန်တော်ဟာ သခင့်ကို တကယ်ချစ်တဲ့သူတစ်ယောက် မဟုတ်တာမှန်းမြင်ခဲ့ရပါပြီ။ ပေတရုရဲ့ သက်သေခံချက်က တကယ်ကို ကျွန်တော်တို့ အတုယူသင့်တဲ့အရာတစ်ခုပဲ၊ ဒီတော့ ပေတရုက သခင့်ကို သိဖို့နဲ့ ချစ်ဖို့ ယေဘုယျအားဖြင့် ဘယ်လိုကြိုးစားခဲ့သလဲ” ဟူ၍ ဖြစ်သည်။

သခင့်ကို သိဖို့နှင့် ချစ်ဖို့ ပေတရု ကြိုးစားခဲ့သည့်နည်းလမ်း

ကျွန်တော် ဤကဲ့သို့ပြောသည်ကို ကြားပြီးသည့်နောက်၊ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်က သူ့တက်ဘလက်ကို ဝမ်းမြောက်ဝမ်းသာ ထုတ်လိုက်ပြီး ကျွန်တော့်ကို ပြောခဲ့တယ်။ “ပေတရုက သခင့်ကို သိဖို့နဲ့ ချစ်ဖို့ ဘယ်လို ကြိုးစားခဲ့တယ်ဆိုတာကို ဧဝံဂေလိဝက်ဘ်ဆိုဒ်တစ်ခုမှာ စာပိုဒ် နှစ်ပိုဒ်ဖတ်ခဲ့တယ်။ အဲဒါက တော်တော် ရှင်းရှင်းလင်းလင်း ရှင်းပြထားတာပဲ။ အတူဖတ်ကြရအောင်။ ‘ပေတရုသည် ယေရှုနောက် နှစ်အတန်ကြာ လိုက်ခဲ့ပြီး အခြားလူများ၌ မရှိသည့်အရာ များစွာကို ယေရှုအထဲတွင် တွေ့မြင်ခဲ့သည်။...ပေတရုသည် အသက်တာတွင် မိမိကိုယ်ကိုယ် ယေရှုလုပ်ဆောင်ခဲ့သမျှ အရာတိုင်းနှင့် တိုင်းတာခဲ့သည်။ တကယ်ကို အထူးသဖြင့် ယေရှု ဟောကြားခဲ့သည့် သတင်းစကားများက သူ၏ စိတ်နှလုံးထဲ၌ စွဲထင်ခဲ့သည်။ သူသည် ယေရှုထံ လုံးလုံးလျားလျား ဆက်ကပ်ပြီး သစ္စာရှိခဲ့ကာ၊ ယေရှုအပေါ် မကျေနပ်ချက် တစ်ခုတစ်လေကိုမျှ လုံးဝ သူမပြောခဲ့ပါပေ။ အကျိုးဆက်အနေဖြင့် သူသည် ယေရှု သွားခဲ့သည့်နေရာတိုင်းတွင် ယေရှု၏ သစ္စာရှိသောအဖော် ဖြစ်လာခဲ့သည်။ ပေတရုသည် ယေရှု၏ သွန်သင်ချက်များ၊ သူ၏ နူးညံ့သောစကားများ၊ သူစားခဲ့သည့်အစာ၊ သူ၏အဝတ်၊ သူ၏အကွယ်အကာနှင့် သူ မည်သို့ခရီးသွားခဲ့သည်ဟူသည်တို့ကို လေ့လာခဲ့သည်။ မည်သည့်အပိုင်းတွင်မဆို ယေရှုကို သူအတုယူခဲ့သည်။ သူသည် ယေရှု၏ ပုံစံကို အပြောနှင့် အလုပ်နှစ်ခုလုံးတွင် လိုက်လျှောက်ရင်း ဘယ်သောအခါမျှ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မထင်မှတ်ဘဲ၊ ခေတ်နောက်ကျသော အရာအားလုံးကို စွန့်ပစ်ခဲ့သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့သည် အနန္တတန်ခိုးရှင်၏ လက်ထဲတွင်ရှိသည်ဆိုသည်နှင့် ဤအကြောင်းကြောင့် သူ၌ တစ်ကိုယ်ရေ ရွေးချယ်မှုမရှိသည်ကို ပေတရု ခံစားခဲ့ရသည်မှာ ထိုအချိန်၌ပင်ဖြစ်သည်။ ပေတရုသည် ယေရှု၏ ဖြစ်ခြင်းအရာအားလုံးကို စိတ်တွင်စွဲမှတ်ခဲ့ပြီး ယင်းကို စံနမူနာတစ်ခုအနေဖြင့် အသုံးပြုခဲ့သည်။(ပေတရု၏ အသက်တာနှင့်ပတ်သက်၍)

“တွေ့ကြုံမှုကာလတစ်ခု ကြာမြင့်ပြီးနောက်တွင်၊ ပေတရုသည် ယေရှုထဲ၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များစွာကို မြင်တွေ့ခဲ့သည်၊ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို သူမြင်တွေ့ခဲ့ပြီး၊ ဘုရားသခင်၏ ဖြစ်တည်မှုကို ယေရှုအထဲ၌ များစွာ သူမြင်တွေ့ခဲ့သည်။ အလားတူပင် ယေရှု ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို လူသားက ပြောနိုင်မည် မဟုတ်သကဲ့သို့၊ ယေရှုပြုခဲ့သော အမှုကို လူသားက လုပ်ဆောင်နိုင်မည် မဟုတ်သည်ကိုလည်း ပေတရုတွေ့မြင်ခဲ့သည်။ ထို့အပြင်၊ ယေရှု၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များတွင်၊ ပေတရုသည် ဘုရားသခင်၏ ဉာဏ်ပညာများစွာနှင့် ဘုရား သဘောသဘာဝ၏ အမှုများစွာတို့ကို တွေ့မြင်ခဲ့သည်။ သူ၏ အတွေ့အကြုံများအတွင်းတွင်၊ ပေတရုသည် မိမိကိုယ်ကိုယ် သိရှိလာခဲ့ရုံမျှမက၊ ယေရှု၏ လုပ်ဆောင်ချက်တိုင်းကို သေချာ အာရုံစိုက်ခဲ့ပြီး၊ ယင်းမှ အသစ်သောအရာများစွာကို သူရှာဖွေတွေ့ရှိခဲ့သည်၊ အတိအကျ ဆိုရသော်၊ ယေရှုမှတစ်ဆင့် ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုထဲတွင် ဘုရားသခင်၏ လက်တွေ့ကျသော ဖော်ပြချက်များစွာ ရှိခဲ့သည်ဆိုသည်နှင့်၊ သူပြောဆိုခဲ့သော နှုတ်ကပတ်တော်များနှင့် သူပြုခဲ့သော လုပ်ဆောင်ချက်များအပြင် အသင်းတော်များကို ထိန်းကျောင်းခဲ့သည့် နည်းလမ်းနှင့် သူဆောင်ရွက်ခဲ့သော အမှုတို့တွင် ယေရှုသည် သာမန်လူသားနှင့် ကွာခြားသည်ဆိုသည်တို့ ဖြစ်သည်။ ထို့ကြောင့် ပေတရုသည် ယေရှုထံမှ သူသင်ယူသင့်သော သင်ခန်းစာများစွာကို သင်ယူခဲ့ရပြီး၊ ကားတိုင်ပေါ်တွင် ယေရှု သံမှိုဖြင့်ရိုက်ခံရတော့မည့်အချိန်တွင် သူသည်- ယေရှုအဖို့ သူ၏ရာသက်ပန် သစ္စာစောင့်သိမှုနှင့် သခင့်အတွက် သူခံစားခဲ့ရသည့် ဇောက်ထိုး ကားစင်တင်ခံရခြင်းတို့အတွက် အခြေခံ ဖြစ်လာခဲ့သည့် အသိပညာ- ယေရှုနှင့်ပတ်သက်သော အသိပညာ ပမာဏအချို့ကို ရရှိခဲ့ပြီးဖြစ်သည်။” (ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်)

ဤအရာကို ကြားပြီးသည့်နောက်၊ ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်ကို ကျွန်တော် ပြောလိုက်သည်။ “ဪ၊ ဒါဆိုရင် သခင်ယေရှုနောက်ကို လိုက်တဲ့ သူ့လမ်းကြောင်းမှာ ပေတရုက သခင့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အပြုအမူကို ဆက်စောင့်ကြည့်လေ့လာခဲ့ပြီး၊ သူ့နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်ချက်တွေကနေ ကိုယ်တော့်ကို သိကျွမ်းလာတာပေါ့”ဟူ၍။

ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်က ပြောသည်။ “အဲဒါမှန်တယ်။ ပေတရုက သခင့်ကို သိကျွမ်းဖို့ တောင့်တခဲ့ပြီး သခင်ယေရှုနဲ့ သူဆက်ဆံခဲ့တဲ့အချိန်က၊ သခင်ပြောခဲ့၊ လုပ်ခဲ့သမျှ သေးသေးလေးကအစ မှတ်သားခဲ့တယ်ဆိုတာကို ဒီစာပိုဒ်နှစ်ပိုဒ်ကနေ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ကိုယ်တော့်ထဲမှာ ပေတရုက ဘုရားသဘောသဘာဝ အများကြီး တွေ့ခဲ့တယ်။ ဥပမာအနေနဲ့၊ သခင်ယေရှုပြောခဲ့တဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်။ အဲဒီနှုတ်ကပတ်တော်တွေက ကြီးမြတ်ခြင်းနဲ့ ဩဇာအာဏာ အပြည့်ပါတယ်၊ ပြီးတော့ လူတွေရဲ့ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေအတွက် အာဟာရ ထောက်ပံ့ပေးနိုင်တယ်ဆိုတာတွေကိုပေါ့။ သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့ နိမိတ်လက္ခဏာတွေနဲ့ သာမန်ထက် လွန်ကဲတဲ့ အရာတွေက ဘုရားသခင်ရဲ့ ဩဇာအာဏာနဲ့ အနန္တတန်ခိုးတွေကို ထုတ်ဖော်ပြခဲ့ပြီး ဘယ်လူသားမှ မလုပ်ဆောင်နိုင်တဲ့ အရာတွေ ဖြစ်ခဲ့တယ်။ သခင်ယေရှုက အပြစ်သားတွေကို အပြစ်တွေအားလုံးလွှတ်ပေးပြီး လူသားမျိုးနွယ်အပေါ် ကြွယ်ဝတဲ့ ကောင်းချီးမင်္ဂလာတွေ ပေးအပ်နှင်းရင်း သနားကရုဏာအပြည့်နဲ့ ကယ်တင်ခဲ့တယ်— သူဟာ လူသားတွေအတွက် သနားကရုဏာနဲ့ ချစ်ခြင်းအပြည့်ရှိခဲ့တယ်။ သခင်ယေရှုက ဖာရိရှဲတွေကို အမင်္ဂလာခုနှစ်ပါးနဲ့ ပြစ်တင်မောင်းမဲပြီး ရှုတ်ချတာကနေ ကိုယ်တော်က သန့်ရှင်းပြီး ဖြောင့်မတ်သလို၊ လူတွေဆီက ပုန်ကန်ပြစ်မှားမှုကို သည်းခံမှာ မဟုတ်ဘူးဆိုတာကိုလည်း ပေတရုက မြင်ခဲ့တယ်။ သူအလုပ်လုပ်နေတဲ့အချိန်မှာ သူ့ဇာတိပကတိ ဘယ်လောက် ဒုက္ခခံရပါစေ၊ သူ့အလုပ်က ဘယ်လောက်ခက်ခဲကြမ်းတမ်းပါစေ၊ သူကိုယ်တိုင်ရဲ့ အသက်ကို စတေးရမယ့်သဘောဆိုရင်တောင်မှ၊ သခင်ယေရှုက ဘုရားသခင်ရဲ့တာဝန်ပေးစေခိုင်းချက်ကို အပြည့်အဝ ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ခရစ်တော်ရဲ့ အနှစ်သာရက ခမည်းတော် ဘုရားသခင်ရဲ့အလိုတော်ကို နာခံဖို့ဖြစ်တယ်ဆိုတာကို ပေတရုက မြင်ခဲ့တယ်။ ယေရှုဆီမှာ ဘုရားသဘောသဘာဝ အများကြီးကို ပေတရု တွေ့မြင်ခဲ့ပြီး၊ ဘုရားသခင်အပေါ် စစ်မှန် လက်တွေ့ကျတဲ့ သိနားလည်ခြင်း ရခဲ့တယ်။ အဲဒီအပြင် ပေတရုက လူသားမျိုးနွယ်အပေါ် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ သူတို့အတွက် သခင့်အလိုတော်ကို နားလည်ဖို့ မကြာခဏ တွေးဆပြီး ရှာဖွေရင်း သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို သူ့စိတ်နှလုံးထဲမှာ ကိုင်စွဲထားတယ်။ တစ်ခါက ယေရှုက သူ့ကို သုံးကြိမ်တိုင်တိုင် မေးခဲ့တယ်။ ‘ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော...ငါ၏သိုးတို့ကိုကျွေးမွေးလော့။ (ရှင်ယောဟန် ၂၁:၁၆- ၁၇) ပေတရုက ဒါကို မကြာခဏ ချင့်ချိန်စဉ်းစားပြီး သူ့ဆင်ခြင်မှုတွေကတစ်ဆင့်၊ သူချစ်ခဲ့တာက စစ်မှန်တဲ့ ခရစ်တော်မဟုတ်ဘဲ၊ ကောင်းကင်ဘုံက မရေရာတဲ့ ဘုရားသခင်ဖြစ်မှန်း နားလည်သွားခဲ့တယ်။ အဲဒါဟာ ဘုရားသခင်ကို အမှန်တကယ် ချစ်တာ မဟုတ်သလို၊ ကမ္ဘာပေါ်က ခရစ်တော်ကို ချစ်တာကသာ ဘုရားသခင်ကို အမှန်တကယ် ချစ်တာပဲဆိုတာကို သူသဘောပေါက်ခဲ့တယ်။ အဲဒီအချိန်ကစလို့ သူက သခင့်အပေါ်ချစ်ခြင်းရဖို့နည်းလမ်းကို မကြာခဏ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ အဆုံးမှာ သူက ဘုရားသခင်ကို အမှန်တကယ် ချစ်တဲ့သူတစ်ယောက် ဖြစ်လာပြီး ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းနဲ့ သေတဲ့အထိ နာခံခြင်းတို့ကို စွမ်းဆောင်ရရှိခဲ့တယ်။ ပေတရုဟာ သခင်ယေရှုဆီက ဝေဖန်မှုကို လက်ခံပြီး နာလည်းနာခံနိုင်ခဲ့တယ်၊ ပြီးတော့ အဲဒီကနေ သမ္မာတရားကို ရှာဖွေနိုင်ခဲ့တယ်။ ယေရှုက ကားစင်တင်ခံရတော့မယ်လို့ သူသိပြီး အဲဒါမဖြစ်နိုင်ဘူးဆိုပြီး ကိုယ်တော့်ကို ပိတ်ပင်ဖို့ သူကြိုးစားတဲ့အချိန်၊ ယေရှုက သူ့ကို ‘အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။(ရှင်မဿဲခရစ်ဝင် ၁၆:၂၃) လို့ပြောပြီး ကြမ်းကြမ်းတမ်းတမ်း ပြစ်တင်မောင်းမဲခဲ့တယ်။ ဘုရားသခင်ရဲ့အလိုတော်ကို ဟန့်တားတဲ့ ဘယ်အရာမဆိုဟာ စာတန်ရဲ့လုပ်ဆောင်ချက်ဖြစ်ပြီး ဘုရားသခင်ရဲ့ ပြစ်တင်ရှုတ်ချတာကို ခံရတယ်ဆိုတာကို ယေရှုရဲ့ ပြင်းထန်တဲ့ ပြစ်တင်မောင်းမဲခြင်းကနေ ပေတရု နားလည်ခဲ့တယ်။ ကိုယ်တော်ရဲ့အမှုတော်၊ လုပ်ဆောင်ချက်တွေ၊ ဒေသနာတွေနဲ့ ပြစ်တင်မောင်းမဲခြင်းတွေကနေ သခင့်ကို နားလည်ဖို့ ပေတရုအတွက်အရေးကြီးပြီး၊ ဒါကြောင့်မို့ သူ့မှာ သခင့်ကို စစ်မှန်တဲ့ သိနားလည်မှု ရှိသလို၊ ကိုယ်တော့်အတွက် စစ်မှန်တဲ့ ချစ်ခြင်းနဲ့ စိတ်နှလုံးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ဒါကနေ မြင်ရပါတယ်” ဟူ၍။

ကျွန်တော့် လုပ်ဖော်ကိုင်ဖက်၏ မိတ်သဟာယကို ကြားပြီးသည့်နောက်တွင် ရှင်းလင်းပြတ်သားသည့် ခံစားချက်တစ်ခုကို အမှန်တကယ် ခံစားခဲ့ရသည်။ ဘုရားသခင်သည် လူတို့၏စိတ်နှင့် နှလုံးသားတို့ကို အမှန်တကယ် စစ်ဆေးသည်ကို ကျွန်တော်၏ စိတ်နှလုံးထဲတွင် ခံစားခဲ့ရသည်။ သခင်ယေရှုက ပေတရုကို ချီးမွမ်းခဲ့ပြီး ကောင်းကင်နိုင်ငံတော်သို့ သော့များကို ပေးခဲ့သည်မှာ အချည်းနှီးမဟုတ်ခဲ့ပေ။ ယေရှုသည် ပေတရု၏လူ့သဘာဝနှင့် အစွမ်းအစတို့ကိုလည်းကောင်း၊ သမ္မာတရားနှင့် သခင့်အတွက် သူ့၏ ချစ်ခြင်းနှလုံးသားကိုလည်းကောင်း နှစ်သက်ခုံမင်ခြင်း ရှိလေသည်။ ပေတရုသည် သူ၏ တာဝန်ပေးစေခိုင်းချက်၊ သူ၏ယုံကြည်မှုနှင့် အထိုက်တန်ဆုံးဖြစ်သည်ကို သူသိခဲ့ပြီး၊ ယင်းကြောင့် ပေတရုအား သူ၏သိုးစုကို ထိန်းကျောင်းရန် ကြီးမားသော တာဝန်တစ်ခု ယုံကြည်စွာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို ပြန်တွေးလိုက်ရင်း၊ ပေတရုသည် ကိုယ်တော့်ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုခဲ့သောကြောင့် ပေတရုအပေါ် သခင်၏ထောက်ခံမှုကို နားမလည်နိုင်ခဲ့သော်လည်း၊ ယခုအခါတွင်မူ သခင်ကြည့်သည့်အရာသည် လူတစ်ဦး၏ အနှစ်သာရဖြစ်သည်ကို ကျွန်တော် နားလည်ခဲ့သည်။ တစ်ဖက်တွင်မူ ကျွန်တော်သည် ပေတရု၏အပြုအမူများထဲမှ တစ်ခုကိုသာ ကြည့်ခဲ့သည်။ ထို့အပြင် ပေတရုသည် ထိုအချိန်က သခင့်နောက်သို့ သုံးနှစ်သာ လိုက်ခဲ့ခြင်း ဖြစ်သောကြောင့် သူ၏ယုံကြည်မှုသည် ထိုမျှ မကြီးမားသေးပါ။ သေရေးရှင်ရေးကြား အလွန်အရေးကြီးသော အဆင့်တွင်၊ ဇာတိပကတိ၏ အားနည်းချက်ကို လုံးလုံး မျှော်လင့်ထားရမည်။ အခြားသူများ၏ အမှားငယ်လေးများကို ကျွန်တော် မည်သို့များ မလွှတ်တမ်း အသုံးချနိုင်ရက်ခဲ့သနည်း။ ယင်းမှာ ကျွန်တော်သာဖြစ်ပါက၊ ယေရှုကို ခေါ်သွားသည့်အခါတွင် ကျွန်တော် ထွက်ပြေးမည် ဖြစ်သော်လည်း၊ ကျွန်တော်က ပေတရုကို ဝေဖန်ပြီး ဘောင်ခတ်ဆဲ ဖြစ်သည်။ ကျွန်တော်အလွန် မာနထောင်လွှားသည်၊ မိုက်မဲပြီး မသိနားမလည်ခဲ့ပါ။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်၏ မိတ်သဟာယမှတစ်ဆင့် ပေတရုသည် ဘုရားသခင်ထံ ဝမ်းမြောက်ခြင်း ဆောင်ကြဉ်းပေးပြီး ကျွန်တော်တို့က သူ၏စံနမူနာအတိုင်း လိုက်လျှောက်သင့်သည်ကို ကျွန်တော် နားလည်ခဲ့သည်။ သခင့်နှုတ်ကပတ်တော်များကို ကျွန်တော့်အသက်တာတွင် ဆောင်ရွက်နိုင်ပြီး သခင့်အတွက် ကျွန်တော်၏အလုပ်နှင့် အစေခံမှုတို့တွင် ဆက်ကပ်အပ်နှံနိုင်ရန်လည်းကောင်း၊ အရာရာတွင် သခင်ကို သိကျွမ်းဖို့နှင့် ချစ်နိုင်ဖို့၊ ပြီးလျှင် သူ၏အလိုတော်ကို ဖြည့်ဆည်းဖို့ ကြိုးစားနိုင်ရန်လည်းကောင်း ကျွန်တော် မျှော်လင့်ပါသည်။ ဤနည်းအားဖြင့်သာလျှင် ကျွန်တော်သည် ဘုရားသခင်၏လက်ခံမှုကို ရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ အခွင့်အရေးကို ရရှိနိုင်ပါသည်။

ဤအရာအားလုံးကို နားလည်ပြီးသည့်နောက်တွင် ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်ကို ကျွန်တော် ပြောလိုက်သည်။ “သခင့်ရဲ့လမ်းပြမှုနဲ့ ဒီနေ့ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုကြောင့်၊ သခင်ယေရှုက ပေတရုကို ဘာဖြစ်လို့ ကောင်းကင်နိုင်ငံတော်ဆီ သော့တွေကို ပေးခဲ့တယ်ဆိုတာကို အခုတော့ ကျွန်တော် နားလည်ပါတယ်။ ဒီအကြောင်းအရာမှာ နက်နဲမှုတစ်ခု တကယ်ကို ရှိနေတာပဲ။ အခုတော့ ဘယ်လိုရှာဖွေရမယ်ဆိုတာ ကျွန်တော် သိပြီ။ သခင့်လမ်းပြမှုအတွက် ကျေးဇူးတော်ချီးမွမ်းပါတယ်။ အာမင်”ဟူ၍။

သူက ပြုံးပြီး ပြောခဲ့သည်။ “သခင့်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။ အာမင်။”

အမှာစကား ချန်ခဲ့မည်