စာရင်း

မည်သို့လုပ်ဆောင်မှသာလျှင် ထာဝရလမ်းခရီးကို ရရှိနိုင်မည်နည်း

အမြန်လမ်းညွှန်
သခင့်ကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့တွင် ထာဝရအသက်လမ်း ရှိပါသလား
ကျွန်ုပ်တို့တွင် ထာဝရအသက်လမ်းခရီး မရှိသေးသည့် အကြောင်းရင်
ထာဝရအသက်လမ်းခရီးကို ရရှိရန်နည်းလမ်

ယောင်ချင်း

သခင့်ကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့တွင် ထာဝရအသက်လမ်း ရှိပါသလား

သခင်ယေရှုက “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဟု မိန့်တော်မူခဲ့ပါသည်။ သခင့်၌ ညီအစ်ကို မောင်နှမများစွာက သခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သခင့်ထံတွင် ထာဝရအသက်လမ်း ရှိကာ ကျွန်ုပ်တို့ကို ဟိုးအရင်ကတည်းက ပေးခဲ့သည်ဟု ယုံကြည်ကြလေသည်။ ကျွန်ုပ်တို့၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များတွင် ကျွန်ုပ်တို့၏ အပြစ်များကို ဆက်လက်ဝန်ချခဲ့ကြပြီး ကိုယ်တော်၏ သွန်သင်ချက်များနှင့်အညီ နောင်တရခဲ့ကြသည်။ သခင့်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ဒုက္ခဝေဒနာခံစားပြီး အဖိုးအခပေးခဲ့ကြသည်။ ကိုယ်တော်၏ အသင်းတော်များကို ကျွန်ုပ်တို့ ထိန်းကျောင်းခဲ့ကြသည်။ သူ့နောက်လိုက်ရန် ကားတိုင်များကို ထမ်းရွက်ခဲ့ကြသည်။ အခြားသူများကို ကျွန်ုပ်တို့ သည်းခံပြီး စိတ်ရှည်ခဲ့ကြကာ ကပ်ဘေးများ သို့မဟုတ် ညှင်းပန်းနှိပ်စက်မှုများ ကျွန်ုပ်တို့အပေါ် ကျရောက်သည့်အခါ ကိုယ်တော်၏ အမည်နာမကို မငြင်းပယ်ခဲ့ကြပါ။ သခင့် လမ်းကို ကျွန်ုပ်တို့ ထိန်းသိမ်းနိုင်ကြသည်။ ထို့ကြောင့် ထာဝရအသက်လမ်းကို ကျွန်ုပ်တို့ ရှိထားနှင့်ကြပြီဖြစ်ပြီး သခင်ကြွလာသည့်အခါ ထာဝရအသက်ကို ကျွန်ုပ်တို့ ရရှိမည့်နေရာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ကို ချီမသွားပါလိမ့်မည်။ သို့သော် ဤရှုထောင့်အမြင်သည် မှန်ကန်ပါသလား။ သမ္မာတရားနှင့် ကိုက်ညီပါသလား။

အမှန်တွင် ကျွန်ုပ်တို့က အားထုတ်ကြိုးပမ်းနိုင်သော်လည်း၊ အလုပ်လုပ်နိုင်သော်လည်း၊ စွန့်လွှတ် အသုံးတော်ခံနိုင်သော်လည်း၊ ကားတိုင်ကို ယူဆောင်ပြီး သခင့်နောက်လိုက်နိုင်သော်လည်း၊ ကျွန်ုပ်တို့က အပြစ်၏ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းခံနေရဆဲဖြစ်ပြီး သခင့်သွန်သင်ချက်များကို မကြာခဏ ဖောက်ဖျက်ကာ သခင့်ကို အာခံသည့်အရာများ လုပ်ဆောင်ကြသည်ကို မည်သူမျှ မငြင်းနိုင်ပါ။ ဥပမာအားဖြင့် သခင်က ကျွန်ုပ်တို့ကို ရိုးရှင်း၊ ရိုးသားသော လူများဖြစ်ဖို့ တောင်းဆိုသော်လည်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင် အကျိုးများ ဂုဏ်သိက္ခာ သို့မဟုတ် အဆင့်အတန်းကို ကာကွယ်ဖို့ မကြာခဏ မုသားများ ပြောဆိုပြီး လှည့်ဖြားကြသည်။ သခင်က အခြားသူများအပေါ် စိတ်ရှည်ပြီး သည်းခံရန်နှင့် ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ အခြားသူများကို ချစ်ရန် ကျွန်ုပ်တို့ကို တောင်းဆိုသော်လည်း တစ်စုံတစ်ရာက ကျွန်ုပ်တို့၏ အကျိုးများကို ထိပါးလာသည့်အခါ အသေးအမွှား ကိစ္စများအပေါ် ကျွန်ုပ်တို့ အငြင်းပွားတတ်ကြပြီး အခြားသူများကို မကျေမချမ်း သို့မဟုတ် မနာလိုပင် ဖြစ်လာကြလေသည်။ သခင်က သူ့ကို ကျွန်ုပ်တို့၏ နှလုံးသား စိတ်နှင့် ဝိညာဉ်တစ်ခုလုံးဖြင့် ချစ်ဖို့ရန် တောင်းဆိုသော်လည်း ကျွနုပ်တို့ တရားဟောပြီး အလုပ်လုပ်ကြသည့်အခါ သခင့်ကို ချီးမြှောက်ပြီး သက်သေခံဖို့ ကိုယ်တော်၏ ဝန်ထုပ်ကို အလေးထားဖို့နှင့် ကျွနုပ်တို့၏ ညီအစ်ကို မောင်နှမများကို ဘုရားသခင်၏ အလိုတော် နားလည်စေဖို့ ကျွန်ုပ်တို့ တတ်နိုင်သမျှ မလုပ်ဆောင်နိုင်ကြပါ ယင်းအစား ကျွန်ုပ်တို့က မကြာခဏ ကြွားဝါပြီး မိမိတို့ကိုယ်ကိုယ် ပြစားကြသည်။ ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများက ကျွနု်ပ်တို့ကို အားကိုးပြီး ကြည်ညိုလေးစားအောင်လုပ်ဖို့ ကြိုးစားကြပြီး အခြားသူများကို မိမိတို့ကိုယ်တိုင်၏ ရှေ့သို့ ခေါ်ဆောင်ကြလေသည်။ ကျွန်ုပ်တို့၏ အိမ်များနှင့် အသက်မွေးမှုလုပ်ငန်းများကို စွန့်လွှတ်ပြီး ကျွန်ုပ်တို့တတ်နိုင်သမျှ နေရာတိုင်းတွင် ဧဝံဂေလိတရားကို ဖြန့်ဝေကြသော်လည်း သခင်နှင့်အတူ အပေးအယူလုပ်ရန် နှင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးဝေစုတစ်ခုကို အရယူဖို့ရန် နည်းလမ်းတစ်ခုအဖြစ် ကျွန်ုပ်တို့၏ ကိုယ်ပိုင် အားထုတ်ကြိုးပမ်းမှုများကို မကြာခဏ ထည့်တွက်ကြဆဲ ဖြစ်သည်။ ဤသည်မှာ သခင့်ကို အသုံးပြုခြင်းနှင့် လှည့်ဖြားခြင်း မဟုတ်ပါလား။ သခင့်ကို ကျွန်ုပ်တို့၏ အပြစ်များ ဝန်ချသည့်အချိန်တွင် ပူပန်သောကဖြင့် ကျွန်ုပ်တို့ မကြာခဏ ငိုကြွေးကြသော်လည်း နောက်ပိုင်းတွင် ကျွန်ုပ်တို့ မကြာခဏ အပြစ်ပြုကြဆဲဖြစ်ပြီး ဆိုးဝါးသော အပြစ်ပြုခြင်းနှင့် ဝန်ချခြင်း သံသရာထဲတွင် ပိတ်မိကြလျက် အသက်ရှင်ကြရသည် အပြစ်တရား၏ ကျေးကျွန်ဘဝကို မကျော်လွှားနိုင်ကြပါ။ ဤအရာတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သဘာဝအလျောက် ဖောက်ပြန်ပျက်စီးသည့် အခြေအနေထဲတွင် ကျန်ရှိနေကြသေးသည် မဟုတ်ပါလား။ သခင်ယေရှုက “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ဟု ဆိုထားပါသည်။ သမ္မာကျမ်းစာက “အပြစ်တရား၏ အခကားသေခြင်းပေတည်း။ (ရောမသြဝါဒစာ ၆:၂၃) ဟု ဆိုပါသည်။ ဘုရားသခင်သည် သန့်ရှင်းတော်မူပြီး ညစ်ညူးပြီး ဖော်ပြန်ပျက်စီးသောသူတို့ကို ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် တားမြစ်ထားပါသည်။ အပြင်ပန်းတွင် သခင့်အတွက် ကျွန်ုပ်တို့ စွန့်လွှတ်ပြီး အသုံးတော်ခံကြသော်လည်း အပြစ်တရား၏ ကျေးကျွန်ဘဝထဲတွင် ကျွန်ုပ်တို့ ကျန်ရှိနေကြပြီး ကျွန်ုပ်တို့၏ နောက်ဆုံး အဆုံးသတ်မှာ ပျောက်ကွယ်ခြင်းနှင့် ပျက်စီးခြင်း ဖြစ်နေဆဲ ဖြစ်သည်။ ထာဝရအသက်လမ်းကို ကျွန်ုပ်တို့ ရရှိပြီဟု အဘယ်သို့ ဆိုနိုင်ပါသနည်း။

ကျွန်ုပ်တို့တွင် ထာဝရအသက်လမ်းခရီး မရှိသေးသည့် အကြောင်းရင်း

ဤအချိန်တွင် အချို့သော ညီအစ်ကို မောင်နှမများက မရှင်းမလင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သခင်ယေရှုက “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဟု ဆိုခဲ့သောကြောင့် ဖြစ်ပါသည်။ သခင်ယေရှုသည် အသက်ရေ၏ အရင်းအမြစ်ဖြစ်ပါသည်။ သူသည် ထာဝရအသက်လမ်းခရီးဖြစ်ပြီး သခင့်ကို ကျွန်ုပ်တို့ ယုံကြည်ကြသည် သခင့်နှုတ်ကပတ်တော်ကို ဖတ်ရှုကြပြီး သခင့် သွန့်သင်ချက်များကို လုပ်ဆောင်ကြသည်။ သို့သော် ကျွန်ုပ်တို့ကို သန့်စင်ပြီး ပြောင်းလဲစေနိုင်သည့် ထာဝရအသက်လမ်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် မရှိကြသေးသနည်း။

ဤမေးခွန်းကို နားလည်ဖို့ရန် သခင်ယေရှု၏ အမှုတော်နှင့် ယင်းက စွမ်းဆောင်ရရှိသည့် အကျိုးတရားကို အရင်ဆုံး ကျွန်ုပ်တို့ နားလည်သင့်ပါသည်။ သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး အမှုပြုခဲ့သည့်အချိန်တွင် ဣသရေလ လူတို့သည် အပြစ်ထဲတွင် အသက်ရှင်ခဲ့ကြပြီး ယေဟောဝါ၏ ပညတ်တရားများကို မထိန်းသိမ်းနိုင်ခဲ့ကြဘဲ ပညတ်တရားများအားဖြင့် သေခြင်းသို့ စီရင်ခြင်းခံရမည့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသည်။ သခင်ယေရှု ကြွလာခဲ့ပြီး “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ(ရှင်မဿဲခရစ်ဝင် ၄:၁၇) ဟူသော လမ်းကြောင်းကို သွန်သင်ပေးခဲ့သည်။ လူတို့ကို သူတို့၏ အပြစ်များ ဝန်ချဖို့နှင့် နောင်တရဖို့ သွန်သင်ပေးခဲ့သည်။ နောက်ဆုံးတွင် အပြစ်နှင့်ပြည့်သော ဇာတိပကတိ အသွင်သဏ္ဍာန် ဖြစ်လာခဲ့ပြီး လူသားမျိုးနွယ်ကို ရွေးနှုတ်ရန် သူ၏ အမှုတော်ကို ပြည့်စုံစေရင်း လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်တစ်ခုအဖြစ် ကားစင်တင်ခံခဲ့ရသည်။ ဤအရာမှ သခင်ယေရှုက ထာဝရအသက်ဆီသို့ လမ်းခရီးကို ဧကန်မုချ ပိုင်ဆိုင်ခဲ့သော်လည်း ထိုအချိန်က လူတို့၏ ဝိညာဉ်ရေးအသက်တာနှင့် လိုအပ်ချက်များအပေါ် အခြေခံ၍ နောင်တ လမ်းကြောင်းကိုသာ သူပေးခဲ့ပြီး အပြစ်တရားမှ လူတို့ လွတ်မြောက်ကာ လုံးဝ သန့်စင်ခံရစေနိုင်သည့် ထာဝရ အသက်လမ်းခရီးကိုမူ မဖော်ပြခဲ့ပါ။

ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသကဲ့သို့ပင် ဖြစ်ပါသည် “ထိုအချိန်က၊ ယေရှုသည် သူ၏တပည့်များအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့အတူတကွစုရုံးရမည်၊ ဆုတောင်းခြင်းတွင် မည်သို့တောင်းလျှောက်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်တို့ကဲ့သို့သော အကြောင်းအရာများ နှင့်ပတ်သက်၍ တရားဟောပြောချက် အတွဲများဖြင့်သာ ကျေးဇူးတော်ခေတ်တွင် မြွက်ကြားခဲ့သည်။ သူဆောင်ရွက်ခဲ့သည့် အမှုမှာ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ တပည့်တော်များနှင့် သူ့နောက်လိုက်သူများအနေဖြင့် မည်သို့ လက်တွေ့ လုပ်ဆောင်သင့် သည်ကိုသာ အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးသောကာလ၏ မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။...ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။” (မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း) “လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။(လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သခင်ယေရှုက ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ချပြီး နောင်တရဖို့၊ မကျူးလွန်တော့ဖို့၊ မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့၊ ကားတိုင်ကိုယူပြီး သခင့်နောက်လိုက်ဖို့၊ သခင့်ကို ကျွန်ုပ်တို့၏ နှလုံးသား စိတ် နှင့် ဝိညာဉ် အားလုံးဖြင့် ချစ်ဖို့၊ မိမိတို့ကိုယ်ကိုယ် ချစ်သကဲ့သို့ အခြားသူများကို ချစ်ဖို့၊ နှိမ့်ချဖို့၊ အခြားသူများအပေါ် စိတ်ရှည်ပြီး သည်းခံဖို့နှင့် အခြားသူများကို “အကြိမ် ခုနှစ်ဆယ်ခုနှစ်လီမြောက်အောင်” ခွင့်လွှတ်ဖို့ရန်ကဲ့သို့သော အရာများကို လုပ်ဆောင်ရန်သာ တောင်းဆိုခဲ့သည်ကို တွေ့နိုင်သည်။ သခင့်ကို ကျွန်ုပ်တို့ ယုံကြည်ပြီးသည့်နောက် သခင့်ဆီ ကျွန်ုပ်တို့ ဆုတောင်းသရွေ့ ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ချပြီး နောင်တရသရွေ့ ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံရပါသည်။ သို့သော် မာနထောင်လွှားခြင်း တစ်ကိုယ်ကောင်းဆန်ခြင်း ကောက်ကျစ်ခြင်း လောဘကြီးခြင်းနှင့် ဆိုးညစ်မှုတို့ကဲ့သို့သော ကျွန်ုပ်တို့ကို အပြစ်ပြုစေသည့် ဆိုးယုတ်သော စိတ်သဘောထားများက ကျွန်ုပ်တို့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေကြသည်ကို မည်သူမျှ မငြင်းနိုင်ပါ။ ကျွနု်ပ်တို့သည် ဤဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံကြရပြီး အပြင်ပန်းတွင် ကောင်းမွန်သော လုပ်ရပ်အချို့ ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သော်ငြားလည်း ဤအရာက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ကိုယ်စားမပြုပါ။ ဥပမာအားဖြင့် အခြားသူများနှင့် ကျွန်ုပ်တို့ အပြန်အလှန်ဆက်ဆံသည့်အခါ ကျွန်ုပ်တို့က ကောက်ကျစ်မှု နှင့် လှည့်ဖြားမှုများ လုပ်နိုင်ကြဆဲဖြစ်သည်။ သို့မဟုတ် ကျွန်ုပ်တို့၏ အယူအဆများနှင့် မညီသည့် အမှုအရာများ ဖြစ်ပျက်သည့်အခါ ဘုရားသခင်ကို ကျွန်ုပ်တို့ မကြာခဏ အပြစ်တင်ပြီး ဝေဖန်ကြသည်။ အနှစ်၂၀၀၀ ခုနှစ်များတွင် သခင့်ကို ယုံကြည်သူများအားလုံးသည် မည်မျှ ကောင်းမွန်စွာ သူတို့ ဝန်ချသည်ဖြစ်စေ၊ နောင်တရသည်ဖြစ်စေ၊ အားထုတ်ကြိုးပမ်းပြီး အလုပ်လုပ်ကြသည်ဖြစ်စေ၊ အပြစ်တရား၏ ကျေးကျွန်ဘဝကို မလွတ်မြောက်နိုင်ကြသလို မည်သူမျှ သူတို့၏ အသက်တာ စိတ်သဘောထားထဲတွင် ပြောင်းလဲမှု မရရှိခဲ့ကြပါ။ ဤသည်မှာ ငြင်းမရနိုင်သည့် အချက်တစ်ချက်ဖြစ်သည်။ ထို့ကြောင့် အပြစ်တရားမှ ကျွန်ုပ်တို့ ကယ်တင်မခံခဲ့ရသလို လုံးဝ သန့်စင်မခံခဲ့ရပါ။ ပြီးလျှင် ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ မရရှိခဲ့ကြပါ။

ထာဝရအသက်လမ်းခရီးမှာ ကျွန်ုပ်တို့ကို အပြစ်ဝန်ချစေပြီး နောင်တရစေသည့် အရာတစ်ခုသက်သက် မဟုတ်ပါ။ ယင်းမှာ ကျွန်ုပ်တို့ကို ထာဝရ အသက်ရှင်ခွင့်ပေးသည့် သမ္မာတရားလမ်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ယင်းက ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘာဝများကို လုံးလုံး ဖြေရှင်းပေးနိုင်သည်။ စာတန်၏ လွှမ်းမိုးမှုမှ ကျွန်ုပ်တို့ကို လွတ်မြောက်ခွင့်ပေးခြင်းဖြင့် ကျွန်ုပ်တို့ကို ကယ်တင်ပြီး ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားများမှ မိမိကိုယ်ကိုယ် ဖယ်ရှားပေးကာ ကျွန်ုပ်တို့ကို သန့်စင်ခံရစေပြီး ဘုရားသခင်ထံမှာ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိနိုင်စေသည်။ ထိုသို့အားဖြင့် ဘုရားသခင်နှင့် သဟဇတဖြစ်လာကြပြီး ဘုရားသခင်၏ လုံးလုံးလျားလျား ရယူခြင်းကို ကျွန်ုပ်တို့ ခံကြရသည်။ ဤသို့သော လမ်းကြောင်းမျိုးသည် ထာဝရအသက်လမ်းခရီး ဖြစ်ပါသည်။ ထာဝရအသက်လမ်းခရီးကို မိမိတို့၏ အသက်တာများအဖြစ် ရရှိကြသည့် လူများ၊ ဘုရားသခင်ကို အစစ်အမှန် သိရှိခြင်းရှိကြသည့်လူများ၊ ဘုရားသခင်ကို ကြောက်ရွံ့နိုင်ကြပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြကာ ဘုရားသခင်နှင့် လုံးဝ သဟဇတဖြစ်ကြပြီး ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်နိုင်ကြသည့်လူများသည် ဘုရားသခင်၏ ကတိတော်နှင့် ကောင်းချီးမင်္ဂလာများကို ရရှိကြမည့်သူများ နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် အရည်အချင်းမှီကြသည့် သူများဖြစ်ပါသည်။

ထာဝရအသက်လမ်းခရီးကို ရရှိရန်နည်းလမ်း

သို့ဆိုလျှင် ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ မည်သို့ ရရှိနိုင်ပါသနည်း။ အမှန်တွင် ထာဝရအသက်လမ်းခရီးမှာ သခင်ယေရှုက သူပြန်ကြွလာသည့်အချိန်တွင် ယူဆောင်သည့်အရာ ဖြစ်သည်။ သခင်ယေရှုက သူပြန်ကြွလာမည်ဟု အကြိမ်များစွာ ပရောဖက်ပြုခဲ့ပြီး ကျွန်ုပ်တို့ ထာဝရအသက်ကို ရရှိဖို့ရန်အလို့ငှာ သူသည် ကျွန်ုပ်တို့ကို ထာဝရအသက်လမ်းခရီးဆီ ပို့ဆောင်ဖို့ရန် ထိုသို့ လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ သခင်ယေရှုက “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) ဤပရောဖက်ပြုချက်များက နောက်ဆုံးသော ကာလတွင် သခင်ယေရှုသည် သမ္မာတရားကို ဖော်ပြဖို့၊ ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ဖို့၊ ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘာဝများကို ဖြေရှင်းပေးဖို့၊ အပြစ်တရား၏ ကျေးကျွန်ဘဝမှ ကျွန်ုပ်တို့ကို လုံးဝလွတ်မြောက်စေဖို့ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားများအတိုင်း ကျွန်ုပ်တို့အား အသက်ရှင်နေထိုင်နိုင်စေဖို့နှင့် ထာဝရအသက်ကို ရရှိနိုင်စေဖို့ ပြန်ကြွလာလိမ့်မည်ကို ကျွန်ုပ်တို့အား ပြောပြပါသည်။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ကယ်တင်ကာ အသက်မပေးမီ သခင်ယေရှု၏ ရွေးနုတ်ခြင်းကို ရရှိဖို့ ကျွန်ုပ်တို့ကို အခွင့်ပေးခြင်းဖြင့် ပထမဦးစွာ အပြစ်တရားမှ ကျွန်ုပ်တို့ကို ရွေးနုတ်ခဲ့သည်ဟု ဆိုရပေမည်။ ပြီးလျှင် ဤအရာအပေါ် အခြေပြု၍ ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘာဝများ၏ ကျေးကျွန်ဘဝနှင့် ချုပ်နှောင်မှုများကို နောက်ထပ်မခံစားရဖို့ရန် အခွင့်ပေးမည့်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ပြီး ပြောင်းလဲပေးကာ ကျွန်ုပ်တို့ကို အသစ်ဖန်ဆင်းခံရသည့် လူများကဲ့သို့ ဖြစ်စေမည့် သမ္မာတရားကို ကျွန်ုပ်တို့အား နောက်တစ်ဖန် သူပေးပါလိမ့်မည်။ ထို့ကြောင့် ထာဝရအသက် လမ်းခရီးကို ရရှိဖို့ရန် ကျွန်ုပ်တို့ ဆန္ဒရှိလျှင် ပြန်ကြွလာသည့် သခင်ယေရှု၏ အမှုတော်ကို ကျွန်ုပ်တို့ လက်ခံရပါမည်။ နောက်ဆုံးသော ကာလတွင် သခင်ဖော်ပြသည့် သမ္မာတရားကို လက်ခံရမည်ဖြစ်ပြီး သိုးသငယ်၏ ခြေလှမ်းများနောက် လိုက်ကြရမည်ဖြစ်သည်။

ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့အားလုံး ပိုမိုမကြာခဏ ဘုရားသခင်ဆီ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန် အားထုတ်ကြိုးပမ်းနိုင်ကြပါစေ ပြီးလျှင် ကိုယ်တော်၏ ဦးဆောင်လမ်းပြမှုက ထာဝရအသက်လမ်းခရီးကို ရရှိဖို့ရန် ကျွန်ုပ်တို့အားလုံးကို အခွင့်ပေးပါစေ။ အာမင်။

အမှာစကား ချန်ခဲ့မည်