စာရင်း

သမ္မာကျမ်းစာထဲတွင် အနားယူခြင်း ဆိုသည်မှာ မည်သည့် အဓိပ္ပါယ်နည်း

ဝူရန်း တရုတ်ပြည်

“အနားယူခြင်း” ဆိုသည့် စကားလုံးသည် မူရင်းအတိုင်းပင် ငြိမ်သက်ခြင်းတွင် အနားယူရန် ဖြစ်သည်၊ ထို့အပြင် ကွယ်လွန်ပြီးသော သူများအတွက် လူများ၏ ဝမ်းနည်းပူဆွေးခြင်း ကိုလည်း သွယ်ဝိုက် ညွှန်းဆိုထားပါသည်။ သမ္မာကျမ်းစာတွင် “အနားယူခြင်း” ဆိုသည့်စကားလုံးသည် အကြိမ်ပေါင်း နှစ်ရာကျော် ပေါ်ပေါက်ခဲ့ပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲတွင် အနားယူခြင်း ဆိုသည်မှာ မည်သည့် အဓိပ္ပါယ်များ ဖြစ်လေမည်နည်း။

သမၼာက်မ္းစာအုပ္မ်ား

ကမ္ဘာဦးကျမ်း ၂:၁-၃ တွင် “အနားယူခြင်း” ဆိုသည့် စကားလုံးက ပထမဆုံး ပေါ်ပေါက်ခဲ့သည်။ “ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ သတ္တမ နေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေ တော်မူ၏။ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင် တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေ တော်မူ၏။” ယေဟောဝါဘုရားသခင်က ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့အထဲမှ အရာများအားလုံးကို ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့ ကြောင်းနှင့် ခြောက်ရက်မြောက်သောနေ့တွင် သူက အာဒံနှင့် ဧဝတို့ကို သူ၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခဲ့ကာ ၎င်းတို့ပေါ်တွင် အရာအားလုံးကို စီမံသည့် အာဏာကို ပေးအပ်နှင်းခဲ့ကြောင်း တို့ကို သမ္မာကျမ်းစာ ဖတ်ရှုသူများ အားလုံးက သိရှိပြီး ဖြစ်ပါသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဂရုစိုက်မှု နှင့် ကာကွယ်မှု အောက်တွင် ဘုရားသခင်နှင့် စကားစမြည်ပြောပြီး၊ အပူအပင်ကင်းမဲ့သော အသက်တာဖြင့် အသက်ရှင်နေထိုင်နိုင်ခဲ့ပါသည်။ ထိုသည်မှာ ဧဒင်ဥယျာဉ်တွင် နဂိုမူလက နေထိုင်အသက်ရှင်ခဲ့သည့် လူသားမျိုးနွယ်၏ အေးချမ်းသော အသက်တာ ဖြစ်ခဲ့ပါသည်။ ဘုရားသခင်က သူဖန်ဆင်းခဲ့သမျှ အားလုံးကို မြင်တွေ့တော်မူသည့်အချိန်တွင်၊ သူ့နှလုံးသားသည် နှစ်သိမ့်မှု၊ စိတ်ကျေနပ်ခြင်းနှင့် ပျော်ရွှင်ခြင်း တို့ကို ရရှိသည့်အပြင်၊ သူ့အလုပ်များအားလုံးကို ရပ်တန့်ခဲ့ပြီး၊ အနားယူခြင်းထဲသို့ ဝင်ရောက်ခဲ့ပါသည်။ ၎င်းက ဘုရားသခင်၏ ဖန်ဆင်းခြင်း အမှုတော်သည် အောင်မြင်သော နိဂုံးတစ်ခုကို ရောက်လာပြီဖြစ်ကြောင်း သိသာထင်ရှားစေပါသည်။ ပြီးနောက် ဤသည်မှာ “ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံ တို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေ တော်မူ၏။”ထိုစကားလုံးများ၏ အဓိပ္ပါယ် ဖြစ်ပါသည်။

နောက်ပိုင်းတွင် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကြောင့်၊ အာဒံနှင့် ဧဝတို့သည် ယေဟောဝါ၏ အမိန့်ကို မနာခံပဲနှင့် ကောင်းမကောင်းကို သိကျွမ်းရာ အပင်မှနေပြီး အသီးကို စားခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်း ခံရသည်။ ထို့နောက်မှစပြီး သူတို့၏ အေးချမ်းသော အသက်တာကို ဆုံးရှုံးရသည့်အပြင်၊ ၎င်းတို့အပေါ်သို့ သေခြင်း တရား ကျရောက်လာခဲ့သည်။ ကမ္ဘာဦးကျမ်း ၃:၁၉ တွင် “သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။” ဟု ဆိုထားသကဲ့သို့ပင် ဖြစ်ပါသည်။ ထို့အပြင် ရောမ ၅:၁၂ တွင်လည်း “ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။” ဟု ဆိုထားသည်။ စာတန်၏ နှောင့်ယှက်မှုကြောင့် လူသားမျိုးနွယ်သည့် အနားယူခြင်းကို အောင်မြင်ရရှိနိုင်ခြင်း မရှိသည့်အပြင်၊ ဘုရားသခင်လည်း အနားယူခြင်း မရရှိနိုင်ခဲ့ပါ။ ထို့ကြောင့် ဘုရားသခင်သည် စာတန်ကို အပြည့်အဝ အနိုင်ယူခြင်း၊ လူသားမျိုးနွယ်ကို လုံးလုံးလျားလျား ကယ်တင်ခြင်း နှင့် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏ နဂိုမူလပုံသဏ္ဌာန် နှင့် သူနှင့် အေးချမ်းသော အသက်တာကို နဂိုအတိုင်းပြန်ရရှိစေခြင်း ရည်ရွယ်ချက်များအတွက် သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှုတော်ကို စတင်တော်မူခဲ့သည်။

အစပိုင်းတွင် ဘုရားသခင်၏ အမှုတော်ကို ဣသရေလ၏ ရွေးချယ်ခံရသူများအကြားတွင် ပြီးမြောက်စေတော်မူခဲ့သည်။ သူက မောရှေမှတစ်ဆင့် ၎င်းတို့ နာခံရန် ပညတ်တော်ကို သတ်မှတ်ပေးပြီး၊ သူ၏ဖန်ဆင်းခြင်း ခုနှစ်ရက်မြောက်နေ့ ဖြစ်သည့် ဥပုသ်ရက်ကိုလည်း ၎င်းတို့အတွက် သတ်မှတ်ပေး ခဲ့သည်။ သမ္မာကျမ်းစာတွင် “ယေဟောဝါသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် ၎င်းတို့အထဲ၌ ရှိသမျှတို့ကို ခြောက်ရက်အတွင်း ဖန်ဆင်းသည့်အတွက် သတ္တမနေ့ရက်၌ အနားယူတော်မူ၏။ ထို့ကြောင့် ယေဟောဝါသည် ဥပုသ်နေ့ကို ကောင်းကြီးပေးခဲ့ပြီး အထွတ်အမြတ်ထားတော်မူခဲ့သည့် အကြောင်းရင်း ဖြစ်သည်။” (ထွက်မြောက်ရာကျမ်း ၂၀:၁၁) “ခြောက်ရက်တွင် အလုပ်ပြီးမြောက်ရမည်။ သို့သော် သတ္တမနေ့ရက်သည် အနားယူခြင်း၊ သန့်ရှင်းသော ဓမ္မ စည်းဝေးခြင်းတို့နှင့်ဆိုင်သည့် ဥပုသ်နေ့ ဖြစ်၏။ ထို့နေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ ယင်းသည် သင်တို့နေရာအရပ်အားလုံး၌ ယေဟောဝါ၏ ဥပုသ်နေ့ဖြစ်သည်။” (ဝတ်ပြုရာကျမ်း ၂၃:၃) ဟု မှတ်တမ်းတင်ထားသည်။ ယေဟောဝါ၏ ပညတ်တော်များ နောက်တွင် ဣသရေလလူမျိုးများသည် ၎င်းတို့၏ အလုပ်များအားလုံးကို ရပ်တန့်ပြီး၊ ဥပုသ်တွင် ၎င်းတို့၏ ခန္ဓာကိုယ်များကို အနားယူခြင်းဖြင့် နှစ်သက်ခံစားခဲ့ကြသည်၊ ၎င်းတို့သည် ဗိမာန်တော်တွင် ယေဟောဝါကို ယဇ်များ ပူဇော်ကာ၊ သူ့ကို ချီးမွမ်းရန် တေးဂီတများ ဖန်တီးခဲ့ကြသည်။ ၎င်းတို့သည် သူ့ကို ကြောက်ရွံ့ရိုသေကာ၊ သူ၏ ပညတ်တော်ကို နာခံခဲ့ သောကြောင့် ယေဟောဝါဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ ကို ရရှိခဲ့သည်။ ဤသည်မှာ ပညတ်တော်ခေတ်၌ ဘုရားသခင်၏ အမှုတော်ဖြစ်ပြီး၊ ဓမ္မဟောင်းကျမ်းတွင် မှတ်တမ်းတင်ထားသည့် အတိုင်းပင် ဖြစ်ပါသည်။

ပညတ်တော်ခေတ်အကုန်တွင် ဣသရေလလူမျိုးများသည် ပညတ်တော်များ တိုး၍တိုး၍ မထိန်းသိမ်းနိုင်ပဲ ရှိကြသည့်အပြင်၊ အဆုံးသတ်တွင် သူတို့သည် ယေဟောဝါအတွက် သူတို့၏ ကြောက်ရွံ့ရိုသေမှုကို ဆုံးရှုံးခဲ့ကြသည်။ ၎င်းတို့သည် အပြစ်များစွာ ကို ကျူးလွန်ခဲ့ကြသည်မှာ သူတို့၏ အပြစ်များကို ကျေအေးစေရန် လုံလောက်သည့် အပြစ်အတွက် ပူဇော်ခြင်း မရှိခဲ့ပါ။ သူတို့သည် အပြစ်များဖြင့် ပြည့်နှက်နေပြီး၊ အပြစ်၌ အသက်ရှင်နေထိုင်ခြင်းမှ သူတို့ကိုယ်သူတို့ လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ပါ။ သူတို့သည် ထိုအတိုင်းသာ ဆက်လက် အပြစ်ကျူးလွန်နေမည် ဆိုပါက၊ သူတို့သည် ပညတ်တော်ကို ချိုးဖောက်ခြင်းအတွက် အဆုံးသတ် တွင် သေဒဏ် စီရင်ခံရမည်သာ ဖြစ်သည်။ ထိုသည်မှာ ဘုရား သခင် လူသားမျိုးနွယ်ကို ဖန်ဆင်းတော်မူခဲ့ချိန် က သူ၏ ရည်ရွယ်ချက် မဟုတ်ခဲ့ပါ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် ဖြေကြားရာတွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကျေးဇူးတော်ခေတ်၏ အမှုတော်အောက်သို့ ယေရှု၏ နာမတော်အောက်တွင် ဆောင်ကြဉ်း လာတော်မူခဲ့သည်။ သူသည် အဆုံးစွန် ယဇ်ဖြေရာ သိုးသငယ် အဖြစ် အစေခံရန် လူသားအနေဖြင့် လူ့ဇာတိကို ခံယူခဲ့သည့်အပြင်၊ သူသည် ပညတ်တော်မှ လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ ရွေးနှုတ်ခြင်း အမှုပြုတော်မူခဲ့သည်။

သခင်ယေရှုက “ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၁:၂၈-၂၉) ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် အပြစ်ဖြေရာယဇ်အနေဖြင့် ကားစင်တွင် သံမှိုစွဲခံရပြီးကတည်းက၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များမှ သက်သာစေခဲ့သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို မိမိတို့ ကယ်တင်ပိုင်ရှင် အဖြစ် ယုံကြည်ပြီး၊ လက်ခံကာ၊ ဝန်ခံပြီး၊ နောင်တရသည့် ကာလပတ်လုံး၊ ကျွန်ုပ်တို့သည် မိမိတို့၏ အပြစ်များမှလွှတ်ခြင်း ခံရကာ၊ သခင်ယေရှု ရှေ့တော်မှောက်သို့ လာရောက်ပြီး၊ သူ့ထံ ဆုတောင်းရန် အရည်အချင်းပြည့်ဝခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ်တော် ပေးအပ်နှင်းသော အလျှံပယ်သော ကောင်းကြီးမင်္ဂလာများ၊ ကျေးဇူးတော် နှင့် ဝိညာဉ်ရေးရာ နှစ်သိမ့်မှုတို့ကို နှစ်သက်ခံစားရမည့်အပြင်၊ အာမခံချက်နှင့် ငြိမ်သက်ခြင်းတို့ကိုလည်း ခံစားရမည် ဖြစ်ပါသည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ အမှုတော်အားဖြင့် ဆောင်းကြဉ်းလာသည့် အနားယူခြင်း ဖြစ်လေသည်။

ကျွန်ုပ်တို့သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်းကို ရရှိခဲ့ပြီး၊ ကျွန်ုပ်တို့၏ အပြစ်များအတွက် အပြစ်မှလွှတ်ခြင်းကို ခံရသည့် အပြင်၊ ကိုယ်တော်ပေးအပ်နှင်းသည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို နှစ်သက်ခံစားရသော်လည်း၊ ငြင်းဆန်၍ မရနိုင်သည့် အချက်တစ်ခု ကျန်ရှိနေခဲ့သည်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝသည် တည်ရှိနေဆဲ ဖြစ်ပြီး၊ ကျွန်ုပ်တို့၏ အပြစ်ရှိသည့် သဘာဝသည့် ကျွန်ုပ်တို့ အတွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ရန် သတိမမူပဲ ပြုမိရန် စာတန်၏ ဖြားယောင်းခြင်းကို မကြာခဏ ခံကြရသည်။ကျွန်ုပ်တို့သည် မိမိတို့ အသက်တာများတွင် နေ့အချိန်တွင် အပြစ်ကျူးလွန်ခြင်းနှင့်၊ ညအချိန်တွင် ဝန်ခံခြင်းဖြင့် အသက်ရှင်နေထိုင်ကြသည်။ ကျွန်ုပ်တို့သည် စုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကို မကြာခဏ ရင်ဆိုင်ရသည့်အပြင်၊ ကျွန်ုပ်တို့ အပြစ်များ၏ ချည်နှောင်မှုကို လည်း မဖယ်ရှားနိုင်ကြသောကြောင့် နာကျင်မှု နှင့် ဝမ်းနည်းခြင်းများကို ဒုက္ခခံစားနေကြရဆဲဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အား အပြစ်၏ချည်နှောင်ခံရသော စိတ်မချမ်းမြေ့ဖွယ် အသက်တာတစ်ခုမှ လုံးလုံးလျားလျား ကယ်တင်ရန် နှင့် ဝမ်းနည်းခြင်းနှင့် ငိုကြွေးခြင်း ကင်းဝေးသည့် အသက်တာ တစ်ခုဆီသို့ ဦးဆောင်သွားရန် (ဗျာဒိတ်ကျမ်း ၂၁:၃-၄ ကို ဖတ်ပါ။) နှင့် ကျွန်ုပ်တို့နှင့် အနားယူခြင်းထဲသို့ ဝင်ရောက်ရန်၊ နောက်ဆုံးသော ကာလမှ ဘုရားသခင်သည် စီရင်ခြင်း နှင့် သန့်စင်ခြင်း အမှုတော်အဆင့်ကို ပြုဖို့ လိုနေပါသေးသည်။ သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်းများက “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ...ဟု ကြီးသော အသံနှင့် ပြောဆို၍...(ဗျာဒိတ်ကျမ်း ၁၄:၇) နှင့် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ဟု ပြောထားသည့်အတိုင်းပင် ဖြစ်ပါသည်။

သို့ပါက ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူတကွ အနာယူခြင်းထဲသို့ ဝင်ရောက်သည့် အချိန်တွင် အသက်တာသည် မည်ကဲ့သို့ဖြစ်မည်နည်း။ ဘုရားသခင်က “ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ခြင်း လက္ခဏာမှာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည့်အချိန်၊ ၎င်း၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့်အတူ ပူးပေါင်းပါဝင်ကြသော ထိုဆိုးယုတ်သည့် လူများ အပြစ်ဒဏ်ပေးခံရကာ ဖယ်ရှားခံပြီးသည့်အချိန်နှင့်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံး တည်ရှိခြင်း ရပ်စဲသွားချိန် ဖြစ်လိမ့်မည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဘုရားသခင် ဝင်ရောက်ခြင်း ဆိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုကို ဆောင်ရွက်တော့မည်မဟုတ်သည်ကို ဆိုလိုပေသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ လူသားမျိုးနွယ် ဝင်ရောက်ခြင်း ဆိုသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း မရှိဘဲ၊ လူသားမျိုးနွယ် အားလုံးသည် ဘုရားသခင်၏ အလင်းအတွင်းနှင့် သူ၏ ကောင်းချီးမင်္ဂလာ အောက်တွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး မည်သည့် မတရားမှုမျှ ဖြစ်ပွားလိမ့်မည် မဟုတ်သည်ကို ဆိုလိုသည်။ ဘုရားသခင်၏ စောင့်ရှောက်မှု အောက်တွင်၊ လူသားများသည် ကမ္ဘာမြေပေါ်တွင် ပုံမှန် နေထိုင်ကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ အတူတကွ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ လူသားမျိုးနွယ်သည် ကယ်တင်ခံရပြီး ဖြစ်ကာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည်၊ လူသားများ၌ ဘုရားသခင်၏အမှု လုံးဝ ပြီးဆုံးသည်ကို ဆိုလိုပေသည်။ ဘုရားသခင်သည် လူသားများတွင် ဆက်လက် အမှုပြုတော့မည် မဟုတ်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည် မဟုတ်ပေ။ ထိုသို့ဖြင့် ဘုရားသခင်သည် ဆက်လက် အလုပ်များတော့မည် မဟုတ်သကဲ့သို့၊ လူသားများသည် စဉ်ဆက်မပြတ် လှုပ်ရှားရတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။”ဟု မိန့်တော်မူခဲ့ပါသည်။

လူသားမျိုးနွယ် အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးနောက်၊ ကမ္ဘာပေါ်တွင် မဖြောင့်မတ်ခြင်း သို့မဟုတ် အညစ်အကြေးများ သို့မဟုတ် စာတန်၏ တားဆီးနှောင့်ယှက်ခြင်းတို့သည် လုံးဝကျန်ရှိတော့မည် မဟုတ်သည့်အပြင်၊ ကျွန်ုပ်တို့သည် ဘုရားသခင် ကိုယ်တော်တိုင်၏ ဦးဆောင်ခြင်းကို ခံရမည် ဖြစ်သည့်အပြင် ဘုရားသခင်၏ ဂရုစိုက်ခြင်းနှင့် ကောင်းကြီး မင်္ဂလာ များအောက်တွင် ပုံမှန်အသက်တာတစ်ခုကို အသက်ရှင် နေထိုင်လိမ့် မည်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တွေ့မြင်နိုင်ပါသည်။ထိုအချိန်တွင် ကျွန်ုပ်တို့သည် စာတန်၏ဖောက်ပြန်ပျက်စီးခြင်းကို တွေ့ကြုံခံစား ရသော်လည်း၊ ကျွန်ုပ်တို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည်ဖြစ်သည့်အပြင်၊ စစ်မှန်သည့် ဖန်ဆင်းခြင်းများဖြစ်လာကြမည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မနာခံခြင်း သို့မဟုတ်ခုခံခြင်းများ လုံးဝရှိတော့မည် မဟုတ်ပဲနှင့်၊ သူ့အား ဝတ်ပြုကိုးကွယ်ခြင်း၊ သူ့အား ကမ္ဘာပေါ်တွင် သူ့အား ဂုဏ်ပြုခြင်း နှင့် သက်သေခံခြင်း တို့သာ ရှိမည်။ ကျွန်ုပ်တို့သည် အာဒံနှင့် ဧဝတို့ နဂိုမူလအသက်တာသို့ ပြန်သွားကြမည်။

အမှာစကား ချန်ခဲ့မည်