စာရင်း

သမ္မာကျမ်းစာလေ့လာခြင်း အစည်းအဝေးများတွင် လက်ခံရရှိသည့် သတင်းကောင်း

ချန်းရှန်း အမေရိကန်နိုင်ငံ

လက်ရှိတွင် ညီအစ်ကိုမောင်နှမ အများစုတို့သည် ခရစ်တော် အတုအယောင်၏ လှည့်စားခြင်း ခံရမည်ကို ကြောက်သောကြောင့် သတိမပြုပဲနှင့် ဒေသနာများကို နားမထောင်ဝံ့ကြပါ။ သို့သော်လည်း ကျွန်မတို့၏ တံခါးများကို ပိတ်ထားပြီး၊ ဤကဲ့သို့ မိမိတို့ကိုယ်ကို ထိန်းသိမ်းထားခြင်းသည် ကျွန်မတို့ အသက်တာ တိုးတက်မှု ကို နှောင့်နှေးစေမည့်အပြင်၊ ကျွန်မတို့သည် သခင့်ကို ကြိုဆိုရန် အခွင့်အလမ်းပင် ဆုံးရှုံးနိုင်ပါသည်။ ကျွန်မတို့သည် ကိုယ်တော်၏ စွန့်ခွာခြင်းကိုပင် ခံရနိုင် ပါသည်။ အမှန်မှာမူ ကျွန်မတို့သည် ခရစ်တော် အတု အယောင်ကို ပိုင်းခြားသိမြင်ခြင်းဆိုင်ရာ အခြေခံမူများအား နားလည်နေ သမျှ ကာလပတ်လုံး၊ ၎င်းတို့၏ လှည့်စားခြင်းကို အလို အလျောက် ခံရမည် မဟုတ်ပါ။ သမ္မာကျမ်းစာလေ့လာမှု အစည်းအဝေး အချို့ကို တက်ရောက်ပြီးနောက်၊ ကျွန်မက ခရစ်တော် အတုအယောင်များကို ပိုင်းခြားသိမြင်ခြင်းဆိုင်ရာ အခြေခံမူများကို နားလည်ရုံသာမက၊ သတင်းကောင်း ကိုလည်း ရရှိလာခဲ့ပါသည်။

၂၀၁၈ ခုနှစ် မတ်လတွင် အစ်မလီ နှင့် ကျွန်မတို့သည် အားနည်းသည်ဟု ခံစားနေရသည့် အစ်မတစ်ယောက်ထံသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။ ထိုအစ်မ၏ နေအိမ်သို့ ကျွန်မတို့ ရောက်သည့်အချိန်တွင်၊ သူမ၏ တူမကလည်း ထိုနေရာတွင် ရောက်ရှိနေခဲ့သည်။ မိတ်ဆက်ခြင်းများ အပြီးနောက်၊ သူမ၏ တူမဖြစ်သည့် ညီမချန်းသည်လည်း သခင့်ကို ယုံကြည်ကြောင်းကို သိရသောကြောင့် ကျွန်မတို့ ၄ ဦးလုံး အတူတကွ မိတ်သဟာယပြုခဲ့ကြပါသည်။ စကားပြောခြင်းမှနေပြီး၊ ညီမချန်းက ထိုးထွင်းသိမြင်မှုဖြင့် မိတ်သဟာယပြုပြီး၊ သူမ၏ စကားများတွင်လည်း အလင်းရှိသည်ဟု ကျွန်မခံစားခဲ့ရသည်။ နောက်ပိုင်းတွင် ညီမချန်းက ကျွန်မတို့ သမ္မာကျမ်းစာကို အတူတကွ လေ့လာသင့်ကြောင်း ကမ်းလှမ်းခဲ့သည်။ ကျန်ရှိသည့် ကျွန်မတို့ကလည်း ပျော်ရွှင်စွာ သဘောတူခဲ့ကြပါသည်။ ထို့နောက်တွင် ကျွန်မတို့သည် နောက်ဆုံးသောကာလမှ နိမိတ်လက္ခဏာများအကြောင်း ကျမ်းချက်များကို အတူတကွ ဖတ်ရှုကာ၊ မိတ်သဟာယပြုခဲ့ကြသည်။ ညီမချန်း၏ မိတ်သဟာယပြုခြင်းမှနေပြီး၊ ယခုရက်များအတွင်း သခင့် အားဖြင့် ယုံကြည်သူများသည် ရုပ်ဝထ္ထုဆိုင်ရာ လောကကို ဖက်တွယ်ထားပြီး၊ သူတို့၏ ယုံကြည်မှုနှင့် ချစ်ခြင်း မေတ္တာတို့သည် ပိုမိုအေးစက်လာခဲ့သည်ဟု နားလည် ခဲ့ရသည်၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဟောင်းနွမ်းပြီး တစ်ထေရာတည်းဖြစ်သည့် အနှစ်သာရမဲ့သော အရာများကို ဟောကြားနေကြကာ၊ အချင်းချင်း အကောက်ကြံပြီး၊ အချင်းချင်း မနာလိုမှုကြီးထွားလာကာ၊ အငြင်းပွားခြင်းများ စသည်တို့ဖြစ်ကြသည်။ ဤအချက်များ အားလုံးက အသင်းတော်များ၌ ယိုယွင်းပျက်စီးခြင်း အတိုင်းအတာကို ဖော်ပြနေပြီး၊ နောက်ဆုံးသောကာလများ၏ နိမိတ်လက္ခဏာများ ဖြစ်ပါသည်။ ထို့အပြင်၊ အပြာရောင် လကြတ်ခြင်း လေးခုနှင့် ဘေးဒုက္ခအမျိုးမျိုး ပေါ်ပေါက်ခြင်း တို့၏ ပရောဖက်ပြုခြင်းကိုလည်း ပြည့်စုံစေခြင်းသည် နောက်ဆုံးသောကာလ ပေါ်ထွန်းခဲ့ပြီ ဖြစ်ကြောင်း နိမိတ် လက္ခဏာများပင် ဖြစ်ပါသည်။ ယခုအချိန်သည် နောက်ဆုံးသောကာလ၏ အချိန်ကျရောက်ပြီ ဖြစ်ပြီး၊ သခင်သည် မကြာမီ ပြန်ကြွလာတော့မည် ဖြစ်သည်ကို ကျွန်မ လုံးဝ မတွေးမိခဲ့ပါ။ ထိုအရာများအကြောင်း တွေးသည့် အချိန်တွင်၊ ကျွန်မသည် စိတ်လှုပ်ရှားခဲ့ရသည်။ အသင်းတော် တွင် ထိုနှုတ်ကပတ်တော်များကို သင်းအုပ်ဆရာများ ရှင်းပြ သည်ကို ကျွန်မ ကြားဖူးခဲ့သော်လည်း၊ ၎င်းတို့သည် ထိုညီမကဲ့သို့ ပြတ်သားစွာ မရှင်းပြနိုင်ခဲ့သည့်အပြင် ကျွန်မမှာလည်း ထိုကဲ့သော အရေးပေါ်အသိစိတ်တစ်ခု လုံးဝမရှိခဲ့ဖူးပါ။ ညီမချန်းကဲ့သို့ ငယ်ရွယ်သည့် ညီမ တစ်ယောက်သည် ထိုသို့သော အသစ်အဆန်းဖြစ်ပြီး၊ အသက်ဝင်သည့် မိတ်သဟာယပြုခြင်းမျိုးကို ပေးနိုင်လိမ့် မည်ဟု ကျွန်မ လုံးဝ မထင်ထားခဲ့ပါ။ ကျွန်မသေချာစွာ နားထောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။

နောက်တွင် ညီမချန်းသည် သမ္မာကျမ်းစာထဲ၌ ပရောဖက်ပြုခြင်း အချို့ကို အတူတကွ ယူဆောင်လာခဲ့ပြီး၊ သခင့်ပြန်ကြွလာခြင်း၏ နည်းဟန်အကြောင်း၊ တရား စီရင်ခြင်းအမှုတော်ကို ပြုရန် သခင့်ပြန်ကြွလာ ခြင်း အကြောင်း နှင့် သခင့်တရားစီရင်ခြင်း၏ ထူးခြားချက် စသည်တို့ကို မိတ်သဟာယပြုခဲ့ပါသည်။ ကျွန်မသည် ထိုအချက်များအားလုံးကို နှစ်သက်စွာဖြင့် နားထောင်ခဲ့ပြီး၊ ကျွန်မတို့ အဆက်မပြတ် အပြစ်ကို ကျူးလွန်နေရခြင်း အကြောင်းအရင်းမှာ ကျွန်မတို့တွင် အပြစ်ရှိသည့် သဘာဝ တစ်ခု တည်ရှိနေဆဲ ဖြစ်သောကြောင့် ဖြစ်ကြောင်းကို နားလည်လာခဲ့ပါသည်။ ထို့ကြောင့် သခင်က နောက်ဆုံးသော ကာလတွင် ကျွန်မတို့၏ ဖောက်ပြန်ပျက်စီး သည့် စိတ်သဘောထားကို နှံ့စပ်စွာ သန့်စင်ရန် နှင့် ကျွန်မတို့၏ အပြစ်များမှ ကယ်တင်ရန် တို့အတွက် တရားစီရင်ခြင်း အဆင့်တစ်ခုကို ကိုယ်တော်ပြုမည် ဖြစ်ကြောင်း ပရောဖက် ပြုတော်မူခဲ့သည်။ ထိုညီမ၏ မိတ်သဟာယ ပြုခြင်းကို ကျွန်မပိုမိုနားထောင်လေ၊ ၎င်းသည် ပိုမိုအသိဉာဏ်ပွင့်လင်း စေသည်ဟု ကျွန်မခံစားရလေ ဖြစ်ခဲ့ပါသည်။ ကျွန်မသည် အသင်းတော်ထဲတွင် ဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့သော်ငြားလည်း၊ ထိုကဲ့သို့ ရှင်းလင်းပြတ်သား လှသည့် ဒေသနာတစ်ခုကို တခါမျှ မကြားဖူးပါ။ နောက်ပိုင်းတွင် ညီမချန်းသည် ကျွန်မတို့ကို အကနှင့် သီချင်း ဗီဒီယိုများစွာ၊ ဓမ္မသီချင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရွတ်ဆိုခြင်း အပြင်၊ ပြဇတ်တို များကိုပါ ဖွင့်ပြခဲ့ပါသည်။ ကျွန်မသည် ထိုကဲ့သို့သော ပရိုဂရမ်များကို လုံးဝမကြည့်ဖူးသည်နှင့်အညီ ၎င်းတို့သည် ကြည့်ရှုရန် အလွန်အသစ်အဆန်းဖြစ်ပါသည်။ ဓမ္မသီချင်း ဗီဒီယိုများသည် ကျွန်မအသင်းတော်တွင် ကြည့်ခဲ့ရသည့်အရာ များထက် များစွာ သာလွန်ကောင်းမွန် လှပါသည်၊ အထူးသဖြင့် ဘုရားသခင်ကို တွယ်တာခြင်း နှင့် သင့်အဖော်ပြုခြင်း၌ လမ်းတစ်လျှောက်လုံး ဗီဒီယိုများ၏ သီချင်းစာသားများသည် ကျွန်မ ကိုယ်ပိုင်စိတ်ထဲတွင် တွေးနေသည့် အရာများကဲ့သို့ပင် ဖြစ်ပါသည်။ ၎င်းတို့အား နားထောင်ပြီးနောက်တွင် ကျွန်မသည် တို့ထိခြင်းကို ခံခဲ့ရပါသည်။ ကျွန်မ မသိလိုက်မီပင်၊ မိုးချုပ်လာပြီး ကျွန်မတို့ နောက်တစ်ချိန် သမ္မာကျမ်းစာ လေ့လာရန် ရက်သတ်မှတ် ခဲ့ကြသည်။ အိမ်သို့အပြန်လမ်းတွင် ကျွန်မနှလုံးသားထဲမှ ပျော်ရွှင်မှု နှင့် နောက်ထပ် အစည်းအဝေးအတွက် မျှော်လင့်ချက်တို့က ကျွန်မအား သခင့်ကို ချီးမွမ်းခြင်း ဓမ္မသီချင်းများ ညည်းနေစေခဲ့သည်။

အိမ်သို့ပြန်ရောက်ပြီးနောက်၊ ကျွန်မသည် အစည်းအဝေး တွင် မိတ်သဟာယပြုခြင်း အကြောင်း တွေးမိခဲ့သည်။ ကျွန်မများစွာ အကျိုးအမြတ်ရှိသည်ဟု ခံစားရကာ၊ ယခင်ကနားမလည်ခဲ့သည့် ကျမ်းချက်များစွာ အကြောင်း ကိုလည်း ပိုမိုများပြားစွာ နားလည်ခဲ့ပါသည်။ ရုတ်တရက် ဆိုသကဲ့သို့၊ ကျွန်မထံတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။ ညီမချန်း ဟောကြားသည့်အရာသည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၏ နည်းလမ်းပေလော။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းသည် အလွန်မြင့်သော ဒေသနာများကို ဟောကြားသော်လည်း ကျွန်မတို့သည် ၎င်းတို့အား နားမထောင်ရမည့်အကြောင်းကို သင်းအုပ်ဆရာများက အကြိမ်ပေါင်းများစွာ ကျွန်မတို့ကို သတိပေးခဲ့သည်။ ထိုအချိန်က ကျွန်မသည် စိုးရိမ်လျက်ရှိပြီး၊ ကျွန်မနှလုံးသား တွင် ပြင်းထန်သည့် စစ်ပွဲတစ်ခုဖြစ်ပွားနေခဲ့သည်၊ ကျွန်မ၏ သံသယများ မှန်ကန်ပါက၊ နောက်တစ်ကြိမ် အစည်းအဝေးသို့ သွားမြဲသွားသင့်ပါသလား။ သို့သော်လည်း ညီမချန်း၏ မိတ်သဟာယပြုခြင်းတွင် သင်းအုပ်ဆရာများ၏ တရား ဟောကြားခြင်းတွင် မပါရှိခဲ့သည့် အလင်းပါရှိသည်၊ ထို့အပြင် သူမ ပြုသည့်မိတ်သဟာယသည် သမ္မာကျမ်းစာကို အခြေခံထားပြီး၊ ကျွန်မကို ဝိညာဉ်ရေးရာ သာယာမှုကို ပေးပါသည်။ ဤခံစားချက်များအားလုံးသည် မှန်ကန်ပါသည်။ ဤအချက်များအားလုံးက သူမ၏ မိတ်သဟာယပြုခြင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ပါရှိကြောင်း ရှင်းလင်း စွာ ပြနေခဲ့ပါသည်။ ကျွန်မက “ငါ့အနေနဲ့ သင်းအုပ်ဆရာ တွေကို ဆင်ကန်းတောတိုးပြီး နားမထောင်သင့်ဘူး။ သခင်ယေရှုက အမှန်တကယ်ကို ပြန်ကြွလာခဲ့ပြီး၊ ဒါပေမဲ့ ငါကလည်း နားမထောင်ခဲ့ဘူးဆိုရင်၊ သခင့်ကို ကြိုဆိုဖို့ အခွင့်အရေးကို ငါလက်လွှတ်ရမှာပေါ့၊ ပြီးတော့ တစ်သက်လုံး နောင်တရနေရမှာပေါ့၊ မဟုတ်ဘူးလား” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်မသည် လာမည့် အစည်းအဝေးကို တက်ဖို့ ဆုံးဖြတ်ခဲ့သည်။

နောက်အစည်းအဝေးတွင်၊ ညီမချန်းကို “အခု အသင်းတော်မှာ သင်းအုပ်ဆရာတွေက နောက်ဆုံးသော ကာလ အတောအတွင်းမှာ ခရစ်တော် အတုအယောင်က လူတွေကို လှည့်စားမဲ့အကြောင်း နဲ့ ကျွန်မတို့ကို သတိမရှိပဲနဲ့ ဒေသနာတွေကို နားမထောင့်သင့်ကြောင်း၊ မဟုတ်ရင် ကျွန်မတို့လည်း အလွယ်တကူ လှည့်စားခြင်း ခံရမှာ ဖြစ်ကြောင်းတို့ကို မကြာခဏပြောတယ်။ ဒါ့ကြောင့် လှည့်စားခံရမှာကြောက်လို့ ကျွန်မတို့က တခြားဘယ် ဒေသနာကိုမှ နားမထောင်ရဲဘူး” ဟု ကျွန်မ၏ စိုးရိမ် ကြောင့်ကျမှုများအကြောင်း ပြောပြခဲ့သည်။

ညီမချန်းက “သမ္မာကျမ်းစာထဲမှာ ယေဟောဝါ ဘုရားသခင်က ‘ထိုပြည်၌ကြားရသော သတင်းကြောင့် စိတ်မပျက်၊ ကြောက်လန့်ခြင်းမရှိကြနှင့်။' (ယေ ၅၁:၄၆) လို့မိန့်တော်မူထားတယ်။ အဲဒီအပြင် သမ္မာကျမ်းစာက ‘အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏။' (တိမောသေသြဝါဒစာဒုတိယစောင် ၁:၇) လို့လည်းပြော ထားတယ်။ ဘုရားသခင်က ကျွန်မတို့နှလုံးသားတွေထဲကို တန်ခိုးနဲ့ သတ္တိကို ထည့်သွင်းပေးထား တယ်ဆိုတာကို ဒီ ကျမ်းချက်တွေကနေ ကျွန်မတို့ တွေ့နိုင်ပါတယ်။ ဘုရားသခင်က ကျွန်မတို့နဲ့ ရှိတဲ့အချိန်မှာ၊ ဘုရားသခင်က အနန္တတန်ခိုးရှင် ဖြစ်တဲ့အပြင်၊ ကမ္ဘာပေါ်မှာ ရှိသမျှ အရာအားလုံးကလည်း ကိုယ်တော် လက်တော်တွေထဲမှာ ရှိလို့ ကျွန်မတို့ ဘာတစ်ခုမှ ကြောက်ဖို့ မလိုပါဘူး။ မဝံ့မရဲဖြစ်တာနဲ့ အကြောက်တရားတို့ဟာ စာတန်ဆီက လာတာပါ၊ ကျွန်မတို့ နှလုံးသားထဲမှာ ဘုရားသခင် မရှိတဲ့အချိန်မှာ ကျွန်မတို့က မဝံ့မရဲဖြစ်ပြီး၊ ကြောက်ရွံ့မှု ပြည့်နေလိမ့်မယ်။ ရှောလု ဘုရင်လိုပဲ၊ သူက သူ့နှလုံးသားထဲမှာ ဘုရားသခင် ရှိခဲ့တဲ့အချိန်က၊ စစ်ပွဲတိုင်းကို အနိုင်ရရှိခဲ့ပေမဲ့ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်တဲ့အချိန်နဲ့ ဘုရားသခင်ရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့အချိန်တို့မှာ သူရဲကို ရင်ဆိုင်နေရင်းနဲ့ သူ့နှလုံးသားထဲမှာ မဝံ့မရဲဖြစ်လာပြီးတော့ သူ့အပျက်သဘော ဆောင်ခြင်းကိုတောင် သူ့စစ်တပ်ကို ကူးစက်စေခဲ့တယ်။ ပြီးတော့ အဲဒီမှာ လက်ထဲမှာ ဘာလက်နက်မှမရှိတဲ့ သိုးထိန်းလူငယ်လေး ဒါဝိဒ် ရှိတယ်။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာတစ်ခုရှိခဲ့ပြီး၊ ရန်သူက ဘယ်လောက်ရိုင်းစိုင်းကြမ်းကြုတ်ပါစေ၊ သူက ဘုရားသခင်ရဲ့ အုပ်စိုးမှုအောက်မှာပဲ ရှိတယ်ဆိုတာကို ယုံကြည်ခဲ့တယ်။ ဒါ့ကြောင့် သူရဲကို ရင်ဆိုင်တဲ့အခါမှာ သူက မဝံ့မရဲမဖြစ်ဘူး။ မဝံ့မရဲဖြစ်တာနဲ့ အကြောက်တရားတို့က စာတန်ဆီကလာတာပါ။ ကျွန်မတို့က မဝံ့မရဲဖြစ် ဒါမှမဟုတ် ကြောက်လို့ စစ်မှန်တဲ့ လမ်းခရီးကို နားထောင်ဖို့ ငြင်းဆန်မယ်ဆိုရင်၊ စာတန်ရဲ့ အကောက်ကြံမှုအတွက် ကျရှုံးရတာပဲ မဟုတ်ဘူးလား။ ဗျာဒိတ်ကျမ်းမှာ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။' (ဗျာဒိတ်ကျမ်း ၂:၇) လို့ အကြိမ်ပေါင်းများစွာ ပြောပြထားတာကို ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်း ဖြစ်ပြီး၊ စစ်မှန်တဲ့ လမ်းခရီးကို စုံစမ်းစစ်ဆေးခြင်း အရေးကိစ္စမှာ ဘုရားသခင်ရဲ့ သတိပေးချက်လည်း ဖြစ်ပါတယ်၊ ကျွန်မတို့က ကိုယ်တော်ရဲ့ ဆန္ဒကို နားလည်နိုင်အောင် နားထောင်၊ နားလည်ပြီး၊ အကဲဖြတ်သင့်ပါတယ်။ သမ္မာကျမ်းစာထဲမှာ လည်း ‘သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။' (ရောမသြဝါဒစာ ၁၀:၁၇) လို့ မှတ်တမ်းတင်ထားပါတယ်။ လမ်းခရီးတစ်ခုကို ကြားနာခြင်း နဲ့ စုံစမ်းစစ်ဆေးခြင်းတို့က စစ်မှန်တဲ့လမ်းခရီးကို ကျွန်မတို့ရဲ့ ယုံကြည်ခြင်းအတွက် ကြိုတင်သတ်မှတ်ချက်တွေ ဖြစ်တာကို ဒီကျမ်းချက်ကနေပြီး ကျွန်မတို့ တွေ့နိုင်ပါတယ်။ ကနဦးက သခင့်ဧဝံဂေလိတရားတော်ကို ကျွန်မတို့ နားမထောင်ခဲ့ရင်၊ သခင့်ရှေ့တော်မှောက်ကို ကျွန်မတို့ ဘယ်လိုလာနိုင်ခဲ့မလဲ။ တခြားလူတွေက ကျွန်မတို့ကို တရားဟောတဲ့ နည်းလမ်းကို နားထောင်ပြီး၊ စုံစမ်းစစ်ဆေးပြီးမှသာလျှင်၊ ဒီဟာက စစ်မှန်တဲ့ လမ်းခရီးတစ်ခု ဟုတ်မဟုတ် ဆိုတာကို ကျွန်မတို့ အကဲဖြတ်နိုင်မှာပေါ့။ သခင့်သိုးက သခင့်အသံတော်ကို နားထောင်တယ်။ ဒါ့ကြောင့် နားထောင်ပြီးမှသာလျှင် အဲဒါက သခင့်အသံတော်ဟုတ်မဟုတ် ဆိုတာကို ကျွန်မတို့ သိနိုင်မှာ ဖြစ်ပြီး၊ ကျွန်မတို့တွေ သခင့်ပြန်ကြွလာခြင်းကိုလည်း ကြိုဆိုဖို့ အခွင့်အရေးရမှာဖြစ်တယ်။ ဘုရားသခင်က ကျွန်မတို့ကို ကာကွယ်ထားပါတယ်၊ ပြီးတော့ ကိုယ်တော်က ကျွန်မတို့ရဲ့ အထောက်အပံ့ဖြစ်တယ်။ ဒါ့ကြောင့် ကျွန်မတို့မှာ ကြောက်စရာ ဘာရှိသေးလဲ”ဟု ပြောပါသည်။ ညီမချန်း၏ မိတ်သဟာယပြုခြင်းသည် အတော်အတန် ယေဘူယျကျ ပါသည်။ သခင်သည် အနန္တတန်ခိုးရှင် ဖြစ်ပါသည်။ သခင့်ကို ကျွန်မ၏ အထောက်အပံ့အဖြစ်နှင့် ရရှိထားပြီး၊ ကျွန်မက မည်သည့်အရာကို ကြောက်ရဦးမည်နည်း။ ထိုအချိန်တွင် ကျွန်မ စတင်တည်ငြိမ်လာခဲ့ပါသည်။

ညီမချန်းက “လူတွေကို လှည့်စားဖို့ နောက်ဆုံးသော ကာလမှာ ပေါ်ပေါက်လာတဲ့ ခရစ်တော် အတုအယောင် ကိစ္စအတွက်တော့ သခင်ယေရှုက ဘာကိုမိန့်တော်မူခဲ့ တယ်ဆိုတာကို ကြည့်ကြရအောင်၊ ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။ ထိုအကြောင်းအရာ တို့ကို ငါပြောနှင့်ပြီ။' (ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၅) သခင်က ဒီလိုပြောတဲ့အချိန်မှာ သခင့် ပြန်ကြွလာခြင်းကို စောင့်ဆိုင်းတဲ့ အရေးကိစ္စမျာ ကျွန်မတို့က သတိရှိပြီး၊ ခွဲခြားသိမြင်နိုင်ရ မယ်လို့ ကိုယ်တော်က ရည်ရွယ်တော်မူခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်တော်က ကျွန်မတို့လှည့်စားမခံရအောင်လို့ ကျွန်မတို့ကို ခရစ်တော်အတုအယောင်ရဲ့ စရိုက်တွေဖြစ်တဲ့ ‘ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်’ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မိန့်တော်မူခဲ့တယ်။ ဒါပေမဲ့ သခင့်ရည်ရွယ်ချက်က ကျွန်မတို့က သခင့်ပြန်ကြွလာခြင်းအကြောင်း ဟောကြားသူတွေကို နားမထောင်ဖို့ ဒါမှမဟုတ် နောက်ဆုံးသောကာလက ခရစ်တော် အတုအယောင် ပေါ်ထွန်းလာမှာကို မရှာဖွေဖို့ ဆိုတဲ့ စိတ်နေသဘောထားတွေ ထားရှိဖို့အတွက် မဟုတ်ပါဘူး။ ကိုယ်တော်ဟာ လျင်မြန်စွာ ကြွလာမယ်လို့ သခင်က မိန့်တော်မူပါတယ်။ ခရစ်တော် အတုအယောင်ရဲ့ လှည့်စားတာကို ခံရမှာ ကြောက်တဲ့အတွက် သခင့်ပြန်ကြွလာ ခြင်းဆိုင်ရာ ဧဝံဂေလိတရားတော်ကို ဟောကြားတဲ့သူတွေကို ကျွန်မတို့က ရှောင်ပြီး ငြင်းဆန်မယ်ဆိုရင်၊ ဒါက ကျွန်မတို့ တံခါးတွေကို ပိတ်ပြီး၊ အိမ်ထဲမှာပဲ နေတာ ဒါမှမဟုတ် အစာနင်မှာစိုးလို့ မစားတာမျိုး မဟုတ်နေဘူးလား။ ဒီလိုလုပ်တာက သခင့်ပြန်ကြွလာတာကို ကျွန်မတို့ ဘယ်လို ကြိုဆိုနိုင်မှာလဲ။ အမှန်တော့ ကျွန်မတို့က ခရစ်တော် အတုအယောင်ရဲ့ လှည့်စားခြင်း မခံရဖို့ က လွယ်ကူပါတယ်။ ကျွန်မတို့က ခရစ်တော်အစစ်အမှန် နဲ့ ခရစ်တော် အတုအယောင်ကို ခွဲခြားသိမြင်တဲ့ သမ္မာတရားကို နားလည် သဘောပေါက်ထားသရွေ့၊ ကျွန်မတို့က ခရစ်တော် အတုအယောင်ရဲ့ လှည့်စားခံရတာပဲဖြစ်ဖြစ်၊ သခင့်ပြန်ကြွ ခြင်းကို ကြိုဆိုဖို့အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးရတာ ပဲဖြစ်ဖြစ် သဘာဝအလျောက် ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါဆို ကျွန်မတို့က ခရစ်တော် အတုအယောင်ကို ဘယ်လို ခွဲခြားသိမြင်နိုင်မလဲ။ ဒီသမ္မာတရားရဲ့ ရှုထောင့်အကြောင်းကို မိတ်သဟာယပြုကြရအောင်”ဟု ဆက်ပြောခဲ့သည်။

ညီမချန်းပြောသမျှ စကားတိုင်းသည် အကျိုးသင့် အကြောင်းသင့်ဖြစ်သည်ဟု ကျွန်မတွေးမိ ပါသည်။ ခရစ်တော်အတုအယောင်၏ လှည့်စားခြင်းခံရမည်ကို ကြောက်သောကြောင့် သခင်ပြန်ကြွလာပြီ ဖြစ်ကြောင်းကို ပြောသမျှ လူများကို ကျွန်မတို့က မတုန်မလှုပ်နဲ့ ဆန့်ကျင်ကာ ကာကွယ်ပြောဆိုနေပါက၊ ကျွန်မတို့သည် သခင်ပြန်ကြွ လာခြင်းကို ကြိုဆိုရန် အခွင့်အရေးကို လက်လွှတ်ရမည် မဟုတ်ပါသလား။ ကျွန်မတို့သည် ခရစ်တော် အတု အယောင်ကို ခွဲခြားသိမြင်နိုင်ပါက၊ ကျွန်မတို့သည် ၎င်းတို့၏ လှည့်စားခြင်းခံရမည်ကို ကြောက်ဖို့မလိုပါ။ ထို့ကြောင့် ခရစ်တော် အစစ်အမှန် နှင့် ခရစ်တော် အတုအယောင် တို့ကို ခွဲခြား သိမြင်နိုင်ခြင်း ဆိုင်ရာ သမ္မာတရားကို ညီမချန်းက မိတ်သဟာယ ပြုမည် ဆိုသည်ကို ကြားချိန်တွင်၊ ကျွန်မ ပို၍ဂရုတစိုက် နားထောင်ခဲ့ပါသည်။

ဤအချိန်တွင် ညီမချန်းက နှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ပိုဒ်ကို ဖတ်ပြခဲ့သည်၊ “ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။” (ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်) “မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။...ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။” (ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း)

ညီမချန်းက “ခရစ်တော်က သမ္မာတရား၊ လမ်းခရီး နဲ့ အသက်တာ ဖြစ်ကြောင်းကို ဒီကျမ်းပိုဒ် နှစ်ပိုဒ်ကနေပြီး ကျွန်မတို့ တွေ့မြင်နိုင်ပါတယ်။ ခရစ်တော် အစစ်အမှန်တဲ့ ခရစ်တော် အတုအယောင် တို့ကို ခွဲခြားသိမြင်နိုင်ဖို့ နည်းလမ်းက သူတို့က သမ္မာတရားကို ဖော်ပြနိုင်ခြင်းရှိမရှိ၊ ပြီးတော့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်ကို ပြုနိုင်ခြင်း ရှိမရှိ ကိုကြည့်ခြင်းအားဖြင့် ဆောင်ရွက် ပြီးစီးပါတယ်။ ပညတ်တော်ခေတ် အဆုံးသတ်မှာ သခင်ယေရှု ကြွတော်မူလာခဲ့တယ်။ ကိုယ်တော်က လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေအတိုင်း သမ္မာတရားများစွာကို ဖော်ပြတော် မူခဲ့ပြီး၊ အံ့ဖွယ်အမှုများစွာကို ပြုခဲ့တဲ့အပြင်၊ ကိုယ်တော်ရဲ့ ကားတိုင်တင်ခံခြင်းကတစ်ဆင့် လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်းအမှုတော်ကို ပြုတော်မူခဲ့တယ်။ ကိုယ်တော်က ကျေးဇူးတော်ခေတ်ကို စတင်တော်မူခဲ့ပြီး၊ ပညတ်တော် ခေတ်ကို အဆုံးသတ်တော်မူခဲ့တယ်။ ဘုရားသခင်က အမြဲတမ်း အသစ်ဖြစ်နေပြီးတော့၊ ဘယ်တော့မှ မဟောင်း သွားတဲ့အပြင်၊ ကိုယ်တော်ရဲ့ အမှုတော်ကိုလည်း ထပ်ခါထပ်ခါ မလုပ်ပါဘူး။ နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့ သခင်ယေရှုကအတိတ်က ကိုယ်တော်ပြုခဲ့ပြီးဖြစ်တဲ့ နိမိတ် လက္ခဏာတွေ နဲ့ အံ့ဖွယ်အမှုတွေ ပြုခြင်း၊ နာမကျန်းသူတွေကို အနာငြိမ်းစေပြီး၊ နတ်ဆိုးတွေကို မောင်းထုတ်ခြင်း ဒါမှမဟုတ် ကားတိုင်ခံခြင်းအားဖြင့် လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်း ဆိုတဲ့ အမှုတော်တွေကို ထပ်ပြုတော့မှာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအမှုတော်အဆင့်က ပြီးမြောက်ခဲ့ပြီ ဖြစ်လို့ပါ။ ခရစ်တော်အတုအယောင်က လူတွေကို လှည့်စားဖို့ နောက်ဆုံးသောကာလမှာ ကြီးမားတဲ့ နိမိတ်လက္ခဏာတွေ နဲ့ အံ့ဖွယ်အမှုတွေကို ပြမယ်လို့ သခင်ယေရှု က ကြိုတင်ဟောကိန်း ထုတ်တော်မူခဲ့ပြီး ဖြစ်တာကြောင့် ကိုယ်တော်ပြန်ကြွလာတဲ့အချိန်မှာ သခင်က ဒီအရာတွေကို ပြုနေဆဲပဲဆိုရင်တော့၊ ကိုယ်တော်က ကိုယ်တော့်ကိုယ်ကို ဝိရောဓိဖြစ်စေတာ မဟုတ်ဘူးလား။ နောက်ဆုံးသော ကာလမှာ စာစောင်ကို ဖွင့်ဖို့၊ နက်နဲမှုတွေကို ဖွင့်ပြဖို့၊ ဘုရားသခင်ရဲ့ မိသားစုနဲ့ စတင်ပြီး တရားစီရင်ခြင်းအမှုတော်ကို ပြုဖို့၊ သိုးတွေထဲကနေ ဆိတ်တွေကို သီးသန့််ခွဲခြားဖို့၊ လူတွေကို သူတို့နဲ့ သက်ဆိုင်တဲ့ အမျိုးအစားထဲ ထည့်ပေးဖို့၊ လူကောင်းတွေကို ဆုလာဘ်ချီးမြှင့်ပြီး၊ ဆိုးယုတ်တဲ့ လူတွေကို အပြစ်ဒဏ်ပေးဖို့ နဲ့ စတာတွေအတွက် သခင်ပြန်ကြွလာမယ်လို့ သမ္မာကျမ်းစာ က ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်။ ခရစ်တော် အတုအယောင်က တုထားတဲ့ ဆိုးယုတ်တဲ့ဝိညာဉ်တွေ ဖြစ်တယ်။ သူတို့တွေက သမ္မာတရားကို ဖော်ပြနိုင်စွမ်း၊ ခေတ်သစ်ကို စတင်ခြင်းအမှုတော်ကို ပြုနိုင်စွမ်း နဲ့ ခေတ်ဟောင်းကို အဆုံးသတ်နိုင်စွမ်းတွေ မရှိပါဘူး။ သူတို့က နက်နဲမှုတွေကို ဖွင့်ပြတာမျိုးဖြစ်ဖြစ်၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတော်ကို ပြုဖို့ပဲဖြစ်ဖြစ် ဧကန်မုချကို မလုပ်နိုင်ပါဘူး။ သူတို့က သခင်ယေရှု ပြုတော်မူခဲ့ပြီးဖြစ်တဲ့ အမှုတော်ကိုသာ အတုခိုးနိုင်ပါတယ်။ သူတို့လုပ်နိုင် သမျှကတော့ ခွဲခြားသိမြင်နိုင်စွမ်း မရှိတဲ့ ယောင်ချာချာ ဖြစ်နေတဲ့ လူတွေကို လှည့်စားဖို့ နိမိတ်လက္ခဏာအချို့နဲ့ အံ့ဖွယ်အမှုတစ်ချို့ကိုသာပြနိုင်တာလောက်ပါပဲ”ဟု ဆက်လက် မိတ်သဟာယပြုခဲ့ပါသည်။

သူမပြောသည့်အရာကို နားထောင်အပြီးတွင် ကျွန်မ နှလုံးသားနှင့် စိတ်တို့သည် ကြည်လင်ပြတ်သားမှု ရှိလာခဲ့ပြီး ကျွန်မက ထိုညီမကို “အရင်တုန်းက ခရစ်တော် အတုအယောင်က နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာ မယ်၊ ပြီးတော့ လှည့်စားခံရဖို့ကို ရှောင်ဖို့၊ သခင်ပြန်ကြွလာပြီလို့ ပြောတဲ့သူမှန်သမျှကို ကျွန်မတို့ နားမထောင်သင့်ဘူး ဆိုတာတွေလောက်ပဲ သင်းအုပ်ဆရာ တွေက ကျွန်မတို့ကို ပြောခဲ့တာပါ။ ဒါပေမဲ့ သူတို့တွေက ခရစ်တော်အစစ်အမှန် နဲ့ ခရစ်တော်အတုအယောင်ကို ခွဲခြားသိမြင်ဖို့ နည်းလမ်းကို လုံးဝမိတ်သဟာယ မပြုခဲ့ပါဘူး။ ညီမ၊ ညီမပြောတာကို ကြားပြီးနောက်မှာ အခု ကျွန်မ အားလုံးကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့ရပြီးတော့၊ ခရစ်တော်အစစ်အမှန် နဲ့ ခရစ်တော်အတုအယောင် ကို ခွဲခြားဖို့နည်းလမ်းကိုလည်း သိရပြီ”ဟု ပြောလိုက်သည်။

လာမည့်အစည်းအဝေးများ အတွင်းတွင် ထိုညီမက သခင့်ပြန်ကြွလာခြင်း၏ နိမိတ်လက္ခဏာခုနှစ်ခုဆိုင်ရာ သမ္မာတရားအကြောင်း၊ ဘုရားသခင့်နာမတော်၏ အဓိပ္ပါယ် နှင့် စသည်တို့အား ကျွန်မနှင့် မိတ်သဟာယပြုခဲ့ ပါသည်။ ကျွန်မ နားထောင်လေ၊ ကျွန်မနှလုံးသားသည် အသိဉာဏ် ပွင့်လင်းလေ ဖြစ်ကာ၊ ကျွန်မမှာ ပို၍ နားထောင်လိုလေသာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ညီမချန်းသည် သမ္မာတရား များစွာကို နားလည်သဘောပေါက်ထားကြောင်းကိုလည်း ကောက်ချက် တစ်ခု ရလာခဲ့သည်။ နောက်ပိုင်းတွင် သူမက “ကျွန်မက နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီးနောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီး ဖတ်ရှုရာကနေ မကြာသေးခင်က အစည်းအဝေးတွေမှာ ပြောဆိုဖလှယ် ခဲ့ကြတဲ့ ဒီသမ္မာတရားဆိုင်ရာ ရှုထောင့်တွေကသာ နားလည်မှုတစ်ခု ရလာခဲ့တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ပါတယ်။ ကိုယ်တော်က သန်းနဲ့ချီတဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြတော်မူခဲ့ပြီး၊ စာစောင်ကို ဖွင့်ကာ၊ ဖြောင့်မတ်ခြင်း အားဖြင့် လွှမ်းမိုးထားတဲ့ စိတ်သဘောထား တစ်ခုကို ဖော်ပြတဲ့အပြင်၊ ဘုရားသခင်ရဲ့ မိသားစုနဲ့ စတင်တဲ့ တရားစီရင်ခြင်းအမှုတော်ကို ပြုပြီး၊ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ဆိုင်ရာ နက်နဲမှုတွေကို ထုတ်ဖော်တော် မူခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကသာ ဒီနက်နဲမှုတွေ အားလုံးကို မထုတ်ဖော် ခဲ့ရင်၊ ကျွန်မတို့က ကိုယ့်တစ်သက်လုံး သမ္မာကျမ်းစာကို ဖတ်ရှုရင်တောင်မှ ဒီသမ္မာတရား တွေကို လုံးဝနားလည်မှာ မဟုတ်ဘူး”ဟု ပြောခဲ့သည်။ ဤသည်ကို ကြားရင်းဖြင့် ကျွန်မက အံ့အားသင့်ပြီး “သခင်ယေရှုက ပြန်ကြွလာပြီတဲ့လား။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု တဲ့လား။ ကျွန်မ ဒီရက်ပိုင်းအတွင် ကြားတဲ့ အရာတွေက အရှေ့အရပ်ကလျှပ်ပြက်ခြင်းရဲ့ နည်းလမ်း အမှန်တကယ်ကို ဖြစ်နေနိုင်သလား”ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်မသည် ညီမချန်းကို “ညီမက အရှေ့အရပ်ကလျှပ်ပြက်ခြင်း နည်းလမ်း ကို တရားဟောနေတာလား” ဟု မမေးပဲ မနေနိုင်တော့ပါ။ သူမကပြုံးပြီး “အစ်မရယ်၊ ကျွန်မတို့ အားလုံးက အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ကြားဖူးပေမဲ့ ကျွန်မတို့က အရှေ့အရပ်မျှ လျှပ်ပြက်ခြင်းက ဘာကိုညွှန်းဆိုလဲဆိုတာရော သိကြရဲ့လား။ ပြီးတော့ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ဆိုတာ ဘယ်ကလာလဲဆိုတာရော သိရဲ့လား” ကျွန်မက မည်သို့ ပြန်ဖြေရမည်ကို မသိပဲ မိမိခေါင်းကို ခါလိုက်သည်။

ညီမချန်းက ဆက်ပြီး “ကျွန်မတို့ လုံးဝမသိဘူးဆိုတော့ကာ၊ ကျွန်မတို့အနေနဲ့ သမ္မာကျမ်းစာ ထဲမှာ ရှာဖွေပြီး၊ ဒီအကြောင်းကို သခင်က ဘာကို မိန့်တော်မူထားတယ်ဆိုတာ ကြည့်လို့ရတာပဲ။ သမ္မာကျမ်းစာ တစ်ခုလုံးမှာ ကျမ်းချက်တော်တော်များများက လျှပ်ပြက်ခြင်း အကြောင်းကို ပြောထားတယ်။ ဥပမာအားဖြင့် ‘ပလ္လင်တော် ထဲကလျှပ်စစ်ပြတ်၏။ စကား ပြောသံ၊ မိုဃ်းကြိုး သံလည်းမြည်၏။' (ဗျာဒိတ်ကျမ်း ၄:၅) ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။' (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) လျှပ်ပြက်ခြင်းက ဘုရားသခင်ဆီက လာတယ်ဆိုတာရယ်၊ အဲဒါက ဘုရားသခင်ရဲ့ အမှုတော်နဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ညွှန်းဆိုတယ်ဆိုတာကို ကျွန်မတို့ ဒီကျမ်းချက်တွေကနေ တွေ့နိုင်ပါတယ်၊ အရှေ့ဆိုတာက နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ အမှုတော်ကို ကိုယ်တော်ဘယ်မှာ ပြုတော်မူမယ်ဆိုတာကို ညွှန်းဆိုတာ ဖြစ်တယ်။ အခု အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နိုင်ငံတော်ဆိုင်ရာ ဧဝံဂေလိတရားတော်က တရုတ်ပြည်တစ်ခုလုံး နေရာအနှံ့အပြားမှာ ပျံ့နှံ့နေခဲ့ပြီ။ ဂိုဏ်းဂဏမျိုးစုံက သမ္မာတရားကို ရှာဖွေသူတွေ နဲ့ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ရှေ့တော်မှောက်ကို ပြန်ရောက်လာခဲ့ပြီ။ သန်းပေါင်း များစွာသော လူတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေကို နှစ်သက်ခံစားပြီး၊ တရားစီရင်ခြင်း၊ သန့်စင်ခြင်း၊ ကယ်တင်ခြင်း၊ ဘုရားသခင့် နှုတ်ကပတ်တော်တွေရဲ့ စုံလင်စေခြင်း တို့ကို လက်ခံရရှိတဲ့အပြင်၊ ဘုရားသခင်ရဲ့ နှစ်သက်ပျော်ရွှင်ဖွယ် လုပ်ဆောင်ချက်တွေကို သက်သေခံ နေကြပြီ။ ဘုရားသခင်က တရုတ်ပြည်မှာ အောင်မြင်သူ တစ်စုကို ပြုလုပ်တော်မူပြီး၊ ကိုယ်တော်နဲ့ နှလုံးသားတစ်ခု တည်းနဲ့ စိတ်တစ်ခုတည်း ရှိတဲ့ လူတစ်အုပ်ကိုလည်း ရရှိခဲ့ပြီ။ ဘုရားသခင်၏ အမှုတော်က ကိုယ်တော်ရဲ့ ဘုန်းတော် ထင်ရှားမှုဖြင့်ပြည့်စုံခြင်းနဲ့ အဆုံးသတ်ခဲ့ပြီး၊ ဝေးလံလှတဲ့ တရုတ်ပြည်အရှေ့ပိုင်းကနေ အနောက်ပိုင်းကို လျင်မြန်စွာ ရွေ့လျားနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် က ကမ္ဘာအနှံ့က ဒါဇင်နဲ့ချီတဲ့ အဓိကနိုင်ငံတွေ နဲ့ ဒေသတွေမှာ တည်ထောင်ခဲ့ပြီး ဖြစ်တယ်၊ အဲဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုခြင်းကို ပြည့်ဝစုံလင် စေတာပဲ၊ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသား သည် ကြွလာတော် မူလတံ့။' (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) အရှေ့အရပ်က လျှပ်ပြက်ခြင်း အကြောင်းကို ဘုရားသခင့် နှုတ်ကပတ်တော်တွေ ရွတ်ဆိုခြင်း ဗီဒီယိုတစ်ခုကို ကြည့်ပြီး နောက်မှာ ကျွန်မတို့ ပိုနားလည်လာလိမ့်မယ်”

ထို့နောက်တွင် ညီမချန်းက ဘုရားသခင့် နှုတ်ကပတ်တော်များ ရွတ်ဆိုခြင်း ဗီဒီယိုတစ်ခုဖြစ်သည့်—ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်၊ ထိုထဲတွင် “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရမည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊...ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏သံလွင်တောင်' ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေလော့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုစေလော့။ လူသားတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံစေလော့။”ဟု မိန့်တော်မူထားသည့် ဘုရားသခင့် နှုတ်ကပတ်တော်ဆိုင်ရာ ကျမ်းပိုဒ်တစ်ခု ပါဝင်ပါသည်။

ထိုဗီဒီယိုကို ကြည့်ပြီးနောက်တွင် ကျွန်မ ထိတ်လန့်တကြားခံစားရပါသည်။ စာကြောင်းတိုင်းသည် တန်ခိုးနှင့် သြဇာအာဏာတို့ဖြင့် ပြည့်ဝလျက်ရှိပြီး၊ ဘုရားသခင် တစ်ပါးတည်းသာလျှင် ထိုနှုတ်ကပတ်တော် များကို မိန့်တော်မူနိုင်သည်။ ဘုရားသခင့်နှုတ်ကပတ်တော် တွင် အရှေ့အရပ်မှလျှပ်ပြက်ခြင်း သည် နောက်ဆုံးသော ကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သည့် ခရစ်တော်၏ အမှုတော်များနှင့် နှုတ်ကပတ်တော်များကို ရည်ညွှန်းခြင်းသာ ဖြစ်သည်။ အမှန်မှာမူ သခင်ယေရှုသည် သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် ကျွန်မတို့ကို ကယ်တင်ရန် ကျွန်မတို့ အကြားတွင် လူ့ဇာတိကို ခံယူခဲ့ကာ ပြန်ကြွလာခဲ့ပြီး ဖြစ်သည့်အပြင်၊ ကိုယ်တော်၏ အသံတော်ကို ကြားပြီးနောက် လူများစွာတို့သည် ဘုရားသခင်ထံတော်သို့ ပြန်လာခဲ့ကြသည်။ ယခင်က အရှေ့အရပ်မှလျှပ်ပြက်ခြင်း ၏ သွန်သင်ချက်များကို ကြားနာပြီးနောက်ပိုင်းတွင် ယုံကြည်သူများစွာတို့သည် ၎င်းတို့၏ ခိုးယူခြင်းကို ခံရသည်ဟု သင်းအုပ်ဆရာများက ပြောခဲ့သည်။ ဘုရားသခင်သည် နက်နဲမှုများအားလုံးကို ဖွင့်ပြခဲ့ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို နားထောင်ပြီးနောက်တွင် သိမ်းပိုက်ခြင်း ခံရကာ၊ ထို့နောက်တွင် သူတို့သည် ဘုရားသခင် ရှေ့တော်သို့ ပြန်လာကြကြောင်းတို့ကို ကျွန်မ အခုအချိန်မှသာ နားလည်သဘောပေါက်ခဲ့ရပါသည်။ ထို့နောက်တွင် ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်းကို အပြည့်အဝ အသိအမှတ် ပြုခဲ့လေသည်။သခင်သည် အမှန်တကယ် ပြန်ကြွလာပြီး ဖြစ်ကြောင်းကို ကျွန်မလုံးဝ သဘောမပေါက်ခဲ့ပါ။ ထို့ထက်ပိုသည်မှာ သခင့်ကြွလာခြင်းကို တွေ့ကြုံရခြင်း အခွင့်ထူးကို ရရှိခဲ့ပြီး၊ ထိုအတွက် ကျွန်မသည် အမှန်တကယ် ပင် ကောင်းကြီးကို ခံစားရခြင်း ဖြစ်ကြောင်းကိုလည်း နားမလည်ခဲ့ပါ။ ဘုရားသခင်၏ အသံတော်ကို ကျွန်မ ကြားရန် နှင့် သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုရန် အတွက် ကျွန်မကို လမ်းပြခြင်း နှင့် ခွင့်ပြုခြင်းတို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရှိမိပါသည်။ ထို့နောက်တွင် ကျွန်မသည် ဘုရားသခင်၏ အမှုတော်အသစ်ကို ပျော်ရွှင်စွာ လက်ခံခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်မ အချိန်ပိုရှိသည့်အခါတိုင်း ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှု ကာ၊ ဓမ္မသီချင်းများကို နားထောင်သည့်အပြင်၊ အနန္တ တန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ဗီဒီယို အမျိုးအစား အားလုံးကို ကြည့်ရှုခဲ့သည်။ ကျွန်မသည် ညီအစ်ကို မောင်နှမများနှင့်လည်း အတူတကွ ဆုံကာ မိတ်သဟာယ ပြုခဲ့သည်။ အချိန်တစ်ခုကြာပြီးနောက်၊ ဘဝတွင် ကျွန်မ၏ အခြေအနေတိုးတက်မှုသည် သိသာထင်ရှားလာပြီး၊ လွန်ခဲ့သည့် သုံးလအတွင်း ကျွန်မ နားလည်သဘောပေါက် ခဲ့သည့် သမ္မာတရားများသည် လွန်ခဲ့သည့် ငါးနှစ်အတွင်းတွင် သခင့်ကို ယုံကြည်ခြင်းမှ ရရှိခဲ့သည့် သမ္မာတရားများထက် ပိုမိုများပြားသည်ဟု ကျွန်မ ခံစားရပါသည်။ ကျွန်မသည် ဘုရားသခင်၏ အမှုတော်အကြောင်းကို ပို၍ပို၍ သိကျွမ်းလာရုံမျှမက၊ ကျွန်မ၏ နဂိုမူလ ယုံကြည်မှုနှင့် ချစ်ခြင်းမေတ္တာတို့ကို နဂိုအတိုင်းပြန်ဖြစ်စေကာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် နှင့် လမ်းပြမှုတို့ကိုလည်း တစ်ဖန်လေ့လာခဲ့ပါသည်။ ဘုရားသခင် ကို ကျေးဇူးတင်ပါသည်။ ယခုအချိန်မှစတင်ကာ ကျွန်မသည် သမ္မာတရားကို ဇွဲနပဲဖြင့် ရှာဖွေမည်။ ကျွန်မသည် မည်သို့သော အခက်အခဲများကို တွေ့ရပါစေ၊ စိတ်ပိုင်းဖြတ်စွာဖြင့် ဘုရားသခင်နောက်ကို အဆုံးတိုင် လိုက်သွားပါမည်။

အမှာစကား ချန်ခဲ့မည်