စာရင်း

မိမိ၏ အပြစ်နှင့်ပြည့်သော သဘာဝကို စွန့်ပစ်နိုင်ဖို့ရန်၊ သန့်စင်ခံရဖို့ရန်၊ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ဖို့ရန် မည်သို့ အားထုတ်လိုက်စားရမည်နည်း။

ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် သမ္မာတရားကို ဖော်ပြပြီး သူ၏ တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်သည်၊ ထိုသို့ဖြင့် လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝနှင့် ဆိုးယုတ်သော စိတ်သဘောထားများကို ဖြေရှင်းပေးပြီး၊ ၎င်းတို့ သန့်စင်ခံရနိုင်ဖို့၊ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ဖို့အလို့ငှာ အပြစ်မှ လူကို လွတ်မြောက်စေလေသည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘာဝများမှ နောက်ဆုံးတွင် မိမိကိုယ်ကိုယ် ဖယ်ရှားနိုင်ဖို့အလို့ငှာ မည်သို့ ကျွန်ုပ်တို့ အားထုတ်လိုက်စားသင့်သနည်း။

မိမိ၏ အပြစ်နှင့်ပြည့်သော သဘာဝကို စွန့်ပစ်နိုင်ဖို့ရန်၊ သန့်စင်ခံရဖို့ရန်၊ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ဖို့ရန် မည်သို့ အားထုတ်လိုက်စားရမည်နည်း။

ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆)

သူတို့ကို သန့်ရှင်းစေ တော်မူပါ။... နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇)

သင်ကလည်း၊ ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီး။ တစုံတခုကိုမျှမလိုဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။ သင်သည်ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါး ရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။ ငါချစ်သမျှသော သူတို့၏အပြစ်ကိုငါစစ်ဆေး၍ သူတို့ကိုဆုံး မတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။(ဗျာဒိတ်ကျမ်း ၃:၁၇-၁၉)

သိုးသငယ်၏ မင်္ဂလာတောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ၏။ ထိုပိတ်ချော မူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း။ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊(ဗျာဒိတ်ကျမ်း ၁၉:၇-၉)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် ဘုရားသခင်ကို ယုံသောသူဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကြုံတွေ့ခံစားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ပြောသည့်အတိုင်း အသက်ရှင်နေထိုင်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည်သာလျှင် ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု သင့်နှုတ်ကပြောသော်လည်း သူ၏ မည်သည့်နှုတ်ကပတ်တော်ကိုမျှ သင်သည် လက်တွေ့မလုပ်ဆောင်နိုင်လျှင် သို့မဟုတ် မည်သည့်စစ်မှန်မှုကိုမျှ မထုတ်ဖော်ပြနိုင်လျှင် ဘုရားသခင်ကို သင်မယုံဟု သတ်မှတ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် “အဆာပြေဖို့အတွက် အစာရှာခြင်း” ဖြစ်သည်။ အရေးမပါသော သက်သေခံချက်၊ အသုံးမဝင်သောကိစ္စများနှင့် အပေါ်ယံကိစ္စများကိုသာ ပြောဆိုခြင်းနှင့် စစ်မှန်မှု နည်းနည်း လေးမျှ မရှိခြင်း၊ ဤအရာတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အပြုအမူများ၌ မပါဝင်သည့်အပြင် ဘုရားသခင်ကို မှန်ကန်သည့်နည်းလမ်းဖြင့် ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကိုလည်း သင်တကယ့်ကို နားမလည်သေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် သင်ပိုပြီး စားသောက်ရမည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမပြုဘဲ၊ ကောင်းကင်နိုင်ငံသို့ရောက်ဖို့သာ ကြိုးစားနေလျှင် ထိုအရာကို ယုံကြည်ခြင်းဟု သတ်မှတ်ပါသလား။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ပထမဦးဆုံး လုပ်ရမည့်အဆင့်မှာ မည်သည့် အဆင့်ဖြစ်သနည်း။ ဘုရားသခင်သည် မည်သည့်နည်းလမ်းဖြင့် လူကို စုံလင်စေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်သော သင့်ကို ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးနိုင်ပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ပကတိအရှိတရားအဖြစ် မသတ်မှတ်လျှင် သင့်ကို နိုင်ငံတော်နှင့်ဆိုင်သော သူတစ်ဦးဟု သတ်မှတ်နိုင်ပါသလား။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အတိအကျအားဖြင့် အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် အနည်းဆုံးအနေနှင့် ပြင်ပန်းသဏ္ဌာန်အားဖြင့် ကောင်းသောအကျင့်စရိုက်များကို ပိုင်ဆိုင်သူဖြစ်သင့်ပြီး အရေးအကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိသူများဖြစ်ရမည်။ မည်သို့ပင်ဖြစ်စေ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝ မစွန့်ပစ်ရ။ ဘုရားသခင်ကိုသိသော သင်၏အသိနှင့် ဘုရားသခင်၏ အလိုပြည့်စုံအောင် လုပ်ဆောင်ခြင်း အားလုံးကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ရရှိသည်။ အနာဂတ်တွင် နိုင်ငံတိုင်း၊ ဂိုဏ်းဂဏတိုင်း၊ ဘာသာတရားတိုင်းနှင့် ကဏ္ဍတိုင်းကို နှုတ်ကပတ်တော်အားဖြင့် သိမ်းပိုက်လိမ့်မည်။ ဘုရားသခင်သည် တိုက်ရိုက်စကားပြောလိမ့်မည်၊ လူအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မိမိတို့၏ လက်များထဲ၌ စွဲကိုင်ထားကြလိမ့်မည်၊ ထိုအခြင်းအရာအားဖြင့် လူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် နေရာအနှံ့အပြား ပျံ့နှံ့သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းပြောကြသည်၊ နှုတ်ကပတ်တော်အတိုင်း လက်တွေ့ လုပ်ဆောင်ကြသည်၊ နှလုံးသားထဲ၌ သိမ်းဆည်းထားကြသည်မှာလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ပင် ဖြစ်သည်၊ အတွင်းကော အပြင်ပါ လူတို့သည် ဘုရားသခင် နှုတ်ကပတ်တော်၌ နက်နက်ရှိုင်းရှိုင်း တည်နေကြသည်၊ ထို့ကြောင့် သူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရသည်။ ဘုရားသခင်၏ အလိုပြည့်စုံအောင် လုပ်ဆောင်ပြီး ဘုရားသခင်၏အကြောင်း သက်သေခံနိုင်သောသူများသည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှု ရှိသောသူများဖြစ်သည်။

“နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

လူသားတို့ ပိုင်ဆိုင်ရန် လိုအပ်သည့် သမ္မာတရားကို လူသားအတွက် အကျိုးကျေးဇူးနှင့်အထောက်အကူအများ ဆုံးဖြစ်စေသည့်ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်ပျော်မွေ့ခြင်းထဲတွင် တွေ့ရှိနိုင်သည်။ ယင်းမှာ လူသားအနေဖြင့်သူ၏ သာမန်လူ့သဘာဝကိုထိန်းသိမ်းရန်လိုအပ်သော အရာဖြစ်သည့်သင်တို့၏ခန္ဓာကိုယ်ကလိုအပ်သော အားဆေးနှင့် အစာအဟာရများဖြစ်သည်။ လူသားတွင် တပ်ဆင်အပ်သော သမ္မာတရား ကိရိယာတန်ဆာတို့ဖြစ်သည်။ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ကျင့်သုံးလေလေ၊သင်တို့၏ဘဝလျင်မြန်စွာပွင့်လန်းလာလေဖြစ်ပြီး၊ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျင့်သုံးလေလေ သမ္မာတရားသည် ပိုမိုရှင်းလင်းလာလေဖြစ်သည်။ယင်းရပ်တည်မှုတွင်သင်တို့သည်ကြီးပြင်း လာပါက ၀ိညာဉ်လောက၏အရာများကို ပိုမိုရှင်းလင်းစွာမြင်မည်ဖြစ်ပြီး စာတန်အပေါ်တွန်းလှန်ရာတွင်သင်တို့သည်ခွန်အားပိုုမိုရှိပေလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ကျင့်သုံးသည့်အခါ သင်တို့ နားမလည်ခဲ့သော သမ္မာတရားအများအပြားသည် ရှင်းလင်းလာပေ လိမ့်မည်။ လူအများစုတို့သည်ဘုရားသခင်နှုတ်ကပတ်တော်၏စာသားများကိုနားလည် ရုံမျှနှင့်ကျေနပ်ကြပြီး အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို လက်နက်အဖြစ် တပ်ဆင်ထားကြကာ ယင်းတို့ကိုနက်ရှိုင်းစွာ ကျင့်သုံးခြင်းမရှိကြပါ။ ယင်းမှာဖာရိရှဲများ၏ နည်းလမ်းကဲ့သို့ပင် မဟုတ်ပါလော။ သို့ဆိုလျှင် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်မှာ သူတို့အတွက်မည်သို့မှန်ကန် နိုင်မည်နည်း။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးသည့်အခါမှသာလျှင် သူ့အသက်တာသည် အမှန်တကယ် ပွင့်လန်းသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်ကိုဖတ် ရုံမျှဖြင့်မကြီးထွား နိုင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သည်သာ အသက်တာရရှိရန်ဖြစ်သော သင်၏ရပ်တည်ချက် အတွက် လိုအပ်ချက်ဖြစ်သည်ဟုသာ သင်ယုံကြည်ပါက သင်၏ နားလည်မှုသည်မပြည့်စုံနိုင်။ သင်သည်သမ္မာတရားကို ကျင့်သုံးသော အခါတွင်ဘု ရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး "သမ္မာတရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် ထိုအရာကိုနားလည် နိုင်သည်" ဆိုခြင်းကို သင်နားလည်ရမည်။

“သမ္မာတရားကို သင်တို့ နားလည်သည်နှင့်တပြိုင်နက် ယင်းကို သင်တို့ လက်တွေ့ကျင့်သုံးသင့်သည်” မှ

လူသည် ဇာတိပကတိအကြားတွင် နေထိုင်သည်၊ ဆိုလိုသည်မှာ သူသည် လူ့ငရဲတွင် နေထိုင်နေပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ လူသည် စာတန်ကဲ့သို့ ဆိုးညစ်လေသည်။ လူသည် မည်သို့သန့်ရှင်းမြင့်မြတ် နိုင်ပါမည်နည်း။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူ၏အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကျေးဇူးတော်ပင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့်သာ လူသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော စည်းကမ်းများသည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ လူကို ပယ်ရှားပေးသည်။ သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှ လွတ်မြောက်စေပြီး ဘုရားသခင်၏ မျက်မှောက်တော် အလင်းထဲတွင် နေထိုင်ခွင့်ရစေသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်းမရှိပေ။ ပေတရုမှ “အို ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမ၍ တရားစီရင်နေသမျှ ကာလပတ်လုံး ကိုယ်တော် ကျွန်ုပ်ကို ပစ်ခွာမသွားကြောင်း ကျွန်ုပ်သိလိမ့်မည်။ ကိုယ်တော် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်းချမ်းခြင်းကို မပေးလျှင်ပင်၊ ဒုက္ခဆင်းရဲများ ခံစားရစေလျှင်ပင်၊ ကျွန်ုပ်အား မရေမတွက်နိုင်အောင် ပြစ်တင်ဆုံးမလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မပစ်ပယ်သမျှကာလပတ်လုံး ကျွန်ုပ်၏ နှလုံးသားသည် ငြိမ်သက်နေပါလိမ့်မည်။ ယနေ့၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာခဲ့ပါပြီ။ ကျွန်ုပ်အားပေးသော ကိုယ်တော်၏ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပေးပါသည်။ ယနေ့ ကျွန်ုပ်အပေါ်သို့ အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ပေါ်လွင်ထင်ရှားမှုတစ်ခုဖြစ်ပြီး ယင်းသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်စစ်ဆေးခြင်းနှင့် ထိုထက်မက၊ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခုဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် လူ့ဇာတိ၏သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော အကာအကွယ်ကို ရှာဖွေနိုင်ခဲ့သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ့အသက်တာတွင် လူသည် သန့်ရှင်းခြင်းသို့ ရောက်လိုပြီး သူ၏ စိတ်သဘောထား အပြောင်းအလဲများကို ရရှိလိုသည့်အပြင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်လိုကာ လူသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ကျေပွန်လိုလျှင်၊ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်သည်။ ဘုရားသခင်၏ စည်းမျဉ်းစည်းကမ်းများနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများတို့ကို သူ့ထံမှ မခွာစေရပါ။ သို့နှင့် သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် သြဇာလွှမ်းမိုးခြင်းတို့မှ သူ့ကိုယ်သူ လွတ်အောင်ရုန်းနိုင်ပြီး ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်နိုင်ပေမည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ကြောင်း၊ လူ၏ ကယ်တင်ခြင်းအလင်းဖြစ်ကြောင်းနှင့် လူအတွက် ထို့ထက်သာသော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် အကာအကွယ်မရှိတော့ကြောင်းကို သိနားလည်ပါ။ လူသည် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပြီး လူ့ဇာတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းနှင့် ဘုရားသခင်၏ ကာကွယ်ခြင်းကို မရရှိပါက၊ လူသည် ပို၍ပင် အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို သူချစ်လိုပါက သူသည် သန့်ရှင်းစေခြင်းနှင့် ကယ်တင်ခြင်းကို ခံရမည်။

“ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ

အမှာစကား ချန်ခဲ့မည်