စာရင်း

လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း

လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့အတွက် သခင်ယေရှုအဖြစ်နဲ့ လူ့လောကထဲကို လူ့ဇာတိခံပြီးကြွလာခဲ့ပြီး တရားဟောခဲ့တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇) သမ္မာတရားတွေအများကြီးကိုလည်း သူဖော်ပြခဲ့ပြီး ရွေးနှုတ်ခြင်းအမှုပြီးမြောက်ဖို့အတွက် လူသားမျိုးနွယ်ရဲ့ အပြစ်ဖြေရာယဇ်အဖြစ် ကားစင်တင်ခံခဲ့ရတယ်။ ဒီလိုနဲ့ ပညတ်တော်ခေတ်ကို အဆုံးသတ်စေခဲ့ပြီး ကျေးဇူးတော်ခေတ်စတင်ခဲ့တယ်။ ဒါက ဘုရားသခင်က ပထမအကြိမ် လူ့ဇာတိခံပြီး ကြွလာခဲ့တုန်းက လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့ ပြုခဲ့တဲ့ အမှုပါ။ ဂျူးဝါဒက သခင်ယေရှုကို ရှုတ်ချဖို့ အသည်းအသန်ကြိုးစားခဲ့ပြီး သူ့ကို ကားစင်တင်ဖို့အတွက် ရောမအစိုးရနဲ့ ပူးပေါင်းခဲ့ပေမဲ့ နှစ်နှစ်ထောင်ကြာပြီးနောက်မှာ သခင်ယေရှုရဲ့ ဧဝံဂေလိတရားက ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါဟာ သခင်ယေရှုက လူ့ဇာတိခံဘုရားဖြစ်ပြီး လူ့ဇာတိနဲ့ အလုပ်လုပ်ဖို့ ပေါ်ထွန်းခဲ့တဲ့ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားနဲ့ ဖန်ဆင်းရှင်ဖြစ်တယ်ဆိုတာ သက်သေပြပါတယ်။ ဒါတောင်မှပဲ သခင်ယေရှုဟာ လူ့ဇာတိခံဘုရားဖြစ်တယ်ဆိုတာကို လူများစွာက လက်မခံကြဘူး။ အဲဒီအစား သခင်ယေရှုကို သာမန်လူတစ်ယောက်အဖြစ် ဆက်ဆံကြတယ်။ ဘာသာတရားမှာရှိတဲ့ သင်းအုပ်ဆရာအများကြီးကတောင် သခင်ယေရှုဟာ ဘုရားဖြစ်တယ်လို့ လက်မခံကြဘဲ ဘုရားသခင်ရဲ့ ချစ်လှစွာသောသားတော်လို့ပဲ ထင်ကြတယ်။ အခုအချိန်မှာ သခင့်ကို ယုံကြည်သူတွေ မရေမတွက်နိုင်အောင်ရှိပေမဲ့ သခင်ယေရှုဟာ ဘုရားဖြစ်တယ်လို့ လူနည်းနည်းကပဲ အမှန်တကယ်သိပြီး သခင်ယေရှုဖော်ပြခဲ့တဲ့ သမ္မာတရားအားလုံးရဲ့ အဓိပ္ပာယ်နဲ့တန်ဖိုးကို ဘယ်သူမှ မသိကြဘူး။ ဒါကြောင့် သခင့်ကို ကြိုဆိုခြင်းကိစ္စမှာ လူများစွာက ဘုရားရဲ့အသံကိုမကြားနိုင်လို့ ကပ်ဘေးထဲကို ကျရောက်ကြရတယ်။ ဘုရားအသံကို မကြားနိုင်တဲ့သူတွေအတွက် သူတို့ဟာ အပြင်ပန်းမှာတော့ စိတ်ထက်ထက်သန်သန်နဲ့ ယုံကြည်ပုံရပေမဲ့ သခင်ယေရှုကို လူသား ပုံသဏ္ဍာန်နဲ့ သူတို့ မြင်ရရင် သခင့်ကို အမှန်တကယ် ဆက်ယုံကြည်ပြီး သူ့နောက်ကို လိုက်နိုင်ပါ့မလား။ သခင်ယေရှုကို သာမန်လူတစ်ယောက်အဖြစ် ရှုတ်ချပြီး သူဟာ ဘုရားဖြစ်တယ်ဆိုတာကို ငြင်းဆန်နိုင်မလား။ သခင်ယေရှုဟာ အခုအချိန်မှာ သမ္မာတရားတွေအများကြီး ဖော်ပြနေတာကို သူတို့ကြားရရင် သခင်ယေရှုဟာ ပြစ်မှားတဲ့စကားတွေပြောတာကြောင့်ဆိုပြီး သူ့ကို ရှုတ်ချပြီး နောက်တစ်ခါ ကားစင်တင်နိုင်ဦးမလား။ သခင်ယေရှုကို ဖာရိရှဲတွေက ရှုတ်ချကြတဲ့အချက်အရ၊ အခုအချိန်မှာ သခင့်ကို ယုံကြည်သူအားလုံးက သခင့်ကို လူသားအဖြစ် သူ့ရဲ့ပင်ကိုပုံစံကို အမှန်တကယ်မြင်ခဲ့ရင် လူတော်တော်များများက ထွက်ပြေးသွားနိုင်ခြေရှိတယ်၊ နောက်ထပ်လူများစွာက ဖာရိရှဲတွေလိုပဲ သခင်ယေရှုကို ဝေဖန်ရှုတ်ချကြပြီး သူ့ကို နောက်တစ်ခါ ကားစင်တင်ကြလိမ့်မယ်လို့ ကျွန်တော်တို့ သေချာပေါက် ပြောလို့ရတယ်။ ကျွန်တော်က ဒီလိုမျိုးပြောတော့ တချို့က ကန့်ကွက်ကောင်းကန့်ကွက်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ပြောသမျှက အမှန်တရားပါ။ ဒါဟာ တကယ်ကို လူသားမျိုးနွယ်က အရမ်းဖောက်ပြန်ပျက်စီးနေပြီး ဘုရားအပေါ် သူတို့ရဲ့ယုံကြည်မှုအတွက် အမြင်တွေကိုပဲ အားကိုးကြတာကြောင့် လူ့ဇာတိခံလူသားက ဘုရားသခင်ပေါ်ထွန်းခြင်းဆိုတာကို ဘယ်သူမှ မသိနိုင်ကြတာပါ။ လူ့ဇာတိခံယူခြင်းဟာ ကြီးမားတဲ့နက်နဲမှုဆိုတာ ဒါက ကျွန်တော်တို့ကိုပြပါတယ်။ နှစ်ထောင်ချီကြာ ဒီသမ္မာတရားရှုထောင့်ကို ဘယ်သူကမှ နားမလည်နိုင်ခဲ့ဘူး။ သခင်ယေရှုဟာ လူ့ဇာတိခံဘုရားသခင်ဖြစ်တယ်ဆိုတာ ယုံကြည်သူတွေက သိကြပေမဲ့ လူ့ဇာတိခံယူခြင်းဆိုတာ ဘာလဲ၊ လူ့ဇာတိခံဘုရားကို ကျွန်တော်တို့ ဘယ်လိုနားလည်သင့်သလဲဆိုတာကို ဘယ်သူကမှ ရှင်းရှင်းလင်းလင်း ရှင်းမပြနိုင်ဘူး။

ဒီတော့ ဘုရားသခင်က ပေါ်ထွန်းပြီး အမှုပြု်ဖို့အတွက် လူ့ဇာတိခံယူဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲ။ အတိအကျပြောရရင် လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးမှုဟာ ဘုရားသခင်က ကယ်တင်ခြင်းအမှုကိုပြုဖို့ လူ့ဇာတိခံကြွလာဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် လူ့ဇာတိခံကြွလာခြင်းကသာ လူသားမျိုးနွယ်ကို ပြီးပြည့်စုံတဲ့ ကယ်တင်ခြင်းကို ဖြစ်မြောက်စေနိုင်တယ်။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ရွေးနှုတ်ပြီး ကယ်တင်ဖို့အတွက် နှစ်ကြိမ် လူ့ဇာတိခံယူခဲ့ပါတယ်။ သခင်ယေရှုက လူ့ဇာတိခံဘုရားသခင်ဖြစ်ခဲ့ပြီး ရွေးနှုတ်ခြင်းအမှုကိုပြုဖို့ ကြွလာခဲ့တယ်။ တချို့က မေးနိုင်တယ်။ ဘုရားသခင်က ရွေးနှုတ်ခြင်းအမှုကို ပြုဖို့အတွက် ဘာလို့ လူတစ်ယောက်ကို အသုံးမပြုတာလဲ။ ဘာလို့ ဘုရားသခင်က လူ့ဇာတိခံခဲ့တာလဲ ပေါ့။ ဖောက်ပြန်ပျက်စီးတဲ့လူသားမျိုးနွယ်ဝင်တိုင်းက အပြစ်ကို သယ်ဆောင်တာကြောင့် ကျွန်တော်တို့အားလုံးက အပြစ်သားတွေပဲ။ ဒါဟာ အရည်အချင်းပြည့်မှီတဲ့ အပြစ်ဖြေရာယဇ်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ လူ့ဇာတိခံလူသားကပဲ အပြစ်မရှိတဲ့သူဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်က သူကိုယ်တိုင်ရွေးနှုတ်ခြင်းအမှုကိုပြုဖို့အတွက် လူသားအဖြစ် လူ့ဇာတိခံယူခဲ့တယ်။ ဒါကသာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်းကို အမှန်တကယ်ပြတယ်။ စာတန်ကို လုံးဝ အရှက်ရစေပြီး ဘုရားကို စွပ်စွဲဖို့ အကြောင်းပြချက် မရှိဘဲဖြစ်စေခဲ့တယ်။ ဒါဟာ လူသားမျိုးနွယ်အပေါ် ဘုရားရဲ့ စစ်မှန်တဲ့ချစ်ခြင်းနဲ့ သနားညှာတာခြင်းကို သူတို့ကို သိခွင့်ပေးခဲ့တယ်။ သခင်ယေရှုက ရွေးနှုတ်ခြင်းအမှုပြီးဆုံးတဲ့အခါမှာ သူ နောက်တစ်ဖန်ကြွလာဦးမယ်လို့ ပရောဖက်ပြုခဲ့တယ်။ အခုအချိန်မှာ သခင်ယေရှုဟာ ပြန်ကြွလာခဲ့ပြီ။ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို လုံးဝ သန့်စင်ဖို့၊ အပြစ်တရားနဲ့ စာတန်ရဲ့ အစွမ်းတန်ခိုးကနေ လူသားမျိုးနွယ်ကိုကယ်တင်ဖို့၊ လူသားမျိုးနွယ်ကို လှပတဲ့ ခရီးပန်းတိုင်တစ်ခုဆီကို ခေါ်ဆောင်ဖို့အတွက် သမ္မာတရားတွေအများကြီးကို ဖော်ပြခဲ့ပြီး နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြုပါတယ်။ ဒါပေမဲ့ မျှော်လင့်မထားတဲ့အရာကတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရားတွေအများကြီးကို ဖော်ပြခဲ့ပေမဲ့ သူဟာ ဘာသာရေးလောကက အန္တိခရစ်တွေအင်အားစုတွေရဲ့ လွန်လွန်ကဲကဲဆန့်ကျင်ရှုတ်ချတာကို ခံနေရဆဲပဲ။ သူတို့တွေက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ကာဆီးဖို့၊ ဖျက်ဆီးဖို့၊ ပိတ်ပင်ဖို့ကြိုးစားဖို့အတွက် အာဏာရစီစီပီနဲ့တောင် ပူးပေါင်းခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူ့ဇာတိခံဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းဖြစ်တယ်ဆိုတာကို ငြင်းပယ်ဖို့အတွက် အစွမ်းကုန်လုပ်ကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို သာမန်လူတစ်ယောက်အနေနဲ့ ရှုတ်ချပြီး ပြစ်မှားကြတယ်။ ဒါဟာ သမ္မာတရားကို မုန်းတီးပြီး ဘုရားကိုအာခံတဲ့သူတွေအဖြစ် ဘာသာရေးလောကက အန္တိခရစ်အင်အားစုတွေရဲ့ အကျည်းတန်မျက်နှာကို လုံးဝ မြင်သာအောင်ပြလိုက်တာပဲ။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်ကို ပြန်ကြည့်မယ်ဆိုရင် ယဇ်ပရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေ၊ ဂျူးဘာသာရဲ့ဖာရိရှဲတွေဟာ သခင်ယေရှုကို မေရှိယအဖြစ်လက်ခံမယ့်အစား သေသာသေကြမယ်ဆိုတာ ကျွန်တော်တို့ မြင်ရတယ်။ သခင်ယေရှုကို ဘုရားကိုစော်ကားတဲ့ သာမန်လူတစ်ယောက်အနေနဲ့ ဖော်ပြကြပြီး သခင်ယေရှုကို အာခံ၊ ရှုတ်ချပြီး စော်ကားဖို့အတွက် သူတို့လုပ်နိုင်သမျှလုပ်ကြသလို၊ နောက်ဆုံးမှာ သူ့ကို ကားစင်တင်ခဲ့ကြတယ်။ စက်ဆုပ်စရာကောင်းတဲ့ ဲ့ပြစ်မှုကို ကျူးလွန်ကြပြီး ဒီအတွက် သူတို့ဟာ ဘုရားရဲ့ ကျိန်ဆဲခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရတယ်။ အခုအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပေါ်ထွန်းပြီး လူသားပုံစံနဲ့ အလုပ်လုပ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်တယ်ဆိုတာ လူများစွာက မြင်ပြီးကြပြီ။ ဘုရားရဲ့အသံကို သူတို့ကြားခဲ့ကြပြီ။ သူတို့အားလုံးဟာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ပျော်ရွှင်စွာလက်ခံပြီး သခင့်ကို ကြိုဆိုခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သာမန်လူတစ်ယောက်အဖြစ် သဘောထားဆဲဲဖြစ်သလို၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံသူတွေကိုလည်း သာမန်လူတစ်ယောက်ကို ယုံနေကြတာလို့ပြောပြီး ဝေဖန်ရှုပ်ချကြတဲ့၊ လူ့ဇာတိခံဘုရားသခင်ကို မသိတဲ့သူတွေ အများကြီးရှိပါတယ်။ ဒီလူတွေက သူတို့ဟာ သမ္မာကျမ်းစာကို နားလည်တယ်လို့ ထင်ကြတယ်။ ဒါကြောင့် စစ်မှန်တဲ့လမ်းကို စူးစမ်းလေ့လာဖို့ ငြင်းဆန်ကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ထိတ်ထိတ်ပျာပျာနဲ့ ရှုတ်ချပြီး အာခံကြတယ်။ ဘုရားသခင်ကို ကားစင်တင်တဲ့အပြစ်ကို နောက်တစ်ခါပြန်ကျူးလွန်ကြတယ်။ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းနှစ်ခုလုံးက ဘာကြောင့် လူ့ရဲ့ ရှုတ်ချငြင်းပယ်တာကို ခံရတာလဲ။ ဒါဟာ လူတွေက ဘုရားကို မသိလို့၊ သမ္မာတရားက ဘာဖြစ်မှန်း နားမလည်လို့ဖြစ်ပြီး၊ လူ့ဇာတိခံယူခြင်းရဲ့ ကြီးမားတဲ့နက်နဲမှုကို ပိုပြီးတော့တောင် နားမလည်လို့ပဲဖြစ်တယ်။ လူသားတွေက နက်နက်ရှို့င်းရှိုင်း ဖောက်ပြန်ပျက်စီးနေကြပြီး ဆိုးယုတ်တဲ့သဘာဝတွေရှိနေတာကြောင့်လည်း ပါပါတယ်။ သူတို့ဟာ သမ္မာတရားကို ရွံရှာမုန်းတီးရုံမကဘဲ ဘုရားသခင်ကို သွေးရူးသွေးတန်း ရန်လိုကြပြီး လုံးဝ မကြောက်ကြဘူး။ တကယ်တော့ သူတို့ရဲ့ မသိနားမလည်မှုကြောင့် စီစီပီ၊ နတ်ဆိုးဘုရင်နဲ့ ဘာသာရေးအန္တိခရစ် အင်အားစုတွေရဲ့ လှည့်စားတာကို ခံရပြီး ဘုရားကို အာခံတဲ့လမ်းကြောင်းကို လျှောက်သွားကြတဲ့ ဘုရားကို အတော်လေး ရိုသေကိုင်းရှိုင်းကြတဲ့ ယုံကြည်သူတချို့ ရှိတယ်။ သူတို့ရဲ့ ကျရှုံးရခြင်းအကြောင်းရင်းက လူ့ဇာတိခံယူခြင်းနဲ့ သမ္မာတရားအကြောင်းကို သိခြင်းမရှိတာပဲ။ ဒါကြောင့် သူတို့ဟာ ဘုရားအသံကို မကြားနိုင်ကြဘူး။ ဒါကြောင့် လူ့ဇာတိခံ ဘုရားသခင်ကို သာမန်လူတစ်ယောက်အနေနဲ့ဆက်ဆံကြပြီး သူ့ကို ရှုတ်ချ၊ ပြစ်မှားကြတယ်။ သခင့်ကိုကြိုဆိုပြီး ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခြင်းခံရဖို့အတွက် လူ့ဇာတိခံယူခြင်း သမ္မာတရားကို နားလည်ဖို့က ကျွန်တော်တို့အတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်လို့ရတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံး ခရီးပန်းတိုင်နဲ့ ဆက်နွှယ်နေတဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။

လူတော်တော်များများက မေးကြလိမ့်မယ်။ သခင်ယေရှုက လူ့ဇာတိခံဘုရားဖြစ်ပြီး ရွေးနှုတ်ခြင်းအမှုကို ပြုခဲ့ပြီးတော့ လူသားမျိုးနွယ်က ကယ်တင်ခြင်းခံရပြီးဖြစ်သလို၊ ဘုရားဘက်ကို လှည့်သွားပြီဖြစ်လို့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် နောက်ဆုံးသောကာလမှာ လူ့ဇာတိခံကြွလာဖို့ ဘုရားသခင်က ဘာကြောင့်လိုနေသေးတာလဲ ပေါ့။ ဒီနေရာမှာ အရမ်းလေးနက်တဲ့ အဓိပ္ပာယ်တစ်ခုရှိပါတယ်။ ရှင်းရှင်းပြောရရင် လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့၊ ပြီးရင် ကျွန်တော်တို့ကို လုံးဝ သန့်စင်ပြီးကယ်တင်ဖို့ ဘုရားသခင်က နှစ်ကြိမ် လူ့ဇာတိခံကြွလာတာဟာ ကမ္ဘာကို မဖန်ဆင်းခင် ဟိုးအရင်ကတည်းက ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီးသားပါ။ ကျမ်းစာမှာ ဘုရားသခင်ဟာ လူသားအနေနဲ့ နှစ်ကြိမ်လူ့ဇာတိခံယူမယ်လို့ ဖော်ပြထားတဲ့ ပရောဖက်ပြုချက်တွေ အများကြီးရှိပါတယ်။ ပထမအကြိမ်မှာ အပြစ်ဖြေရာယဇ်အဖြစ် ကားစင်တင်ခြင်းကနေတစ်ဆင့် ရွေးနှုတ်ခြင်းအမှုကို သူ ပြီးမြောက်ခဲ့တယ်။ လူတွေရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရဖို့အတွက်ပေါ့။ ဒါပေမဲ့ လူတွေဟာ အပြစ်ကနေ မလွတ်မြောက်သလို၊ သန့်ရှင်းခြင်းကို မရရှိခဲ့ကြဘူး။ ဒုတိယအကြိမ်မှာ သမ္မာတရားကို ဖော်ပြခြင်းနဲ့ တရားစီရင်ခြင်းအမှုကတစ်ဆင့် သူဟာ လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်လိမ့်မယ်။ လူသားမျိုးနွယ်ကို အပြစ်တရားနဲ့ စာတန်ရဲ့ လွှမ်းမိုးမှုကနေ လုံးဝ ကယ်တင်လိမ့်မယ်။ ခေတ်ကို အဆုံးသတ်ပြီး လူသားမျိုးနွယ်ကို လှပတဲ့ ခရီးပန်းတိုင်တစ်ခုဆီကို ခေါ်ဆောင်လိမ့်မယ်။ ဒါကြောင့် လူ့ဇာတိခံယူခြင်းနှစ်ခုဟာ လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့၊ ပြီးရင် လူသားမျိုးနွယ်ကို လုံးဝ ကယ်တင်ဖို့အတွက် ဖြစ်ပါတယ်။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ သူ့ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးမြောက်စေဖို့ နှစ်ကြိမ် လူ့ဇာတိခံပြီးကြွလာတယ်။ အခုအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုက လူတစ်စုကို အောင်မြင်သူတွေအဖြစ် သိမ်းပိုက်ပြီး ့်စုံလင်စေခဲ့ပါတယ်။ ဘုရားသခင်ဟာ စာတန်ကို အနိုင်ယူခဲ့ပြီး ဘုန်းအသရေ ို ရရှိပြီးပြီ။ ဘုရားသခင်ဟာ သူ့ရဲ့ ကြီးမြတ်တဲ့အမှုကို ပြီးမြောက်ပြီးပြီ်လို့ ဆိုနိုင်ပါတယ်။ ဒါတွေက ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်တဲ့ အရာတွေပါ။ အခုအချိန်မှာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းရဲ့ မယုံနိုင်လောက်တဲ့ အရေးပါမှုကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ တစ်ဖက်မှာ အဲဒါက ခေတ်ဟောင်းဖြစ်တဲ့ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ခဲ့ပြီး ခေတ်သစ်ဖြစ်တဲ့ နိုင်ငံတော်ခေတ်ကို စတင်ခဲ့တယ်။ တခြားတစ်ဖက်မှာတော့ လူသားမျိုးနွယ်ကို လုံးဝ သန့်စင်၊ ကယ်တင်ပြီး လူသားမျိုးနွယ်ကို လှပတဲ့ ခရီးပန်းတိုင်တစ်ခုဆီကို သယ်ဆောင်ပေးတယ်။ ရွေးနှုတ်ခြင်းအမှုနဲ့ တရားစီရင်ခြင်းအမှုနှစ်ခုလုံးကို လူ့ဇာတိခံဘုရားသခင်က ့် ပြီးမြောက်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ နှစ်ကြိမ် လူ့ဇာတိခံယူခြင်းက တကယ်ကို လေးနက်တဲ့ အရေးပါမှုရှိပါတယ်။ အခုအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ကျွန်တော်တို့ ကမ္ဘာမှာ သမ္မာတရားတွေအများကြီး ဖော်ပြခဲ့ပြီး အင်မတန် ကြီးမြတ်တဲ့အရာတွေကို လုပ်ဆောင်ပြီးပါပြီ။ ဒါဆိုရင် ဘုရားသခင်ရဲ့ အမှုကို မသိသေးတဲ့သူတွေ ဘာကြောင့်အများကြီးရှိနေသေးတာလဲ။ လူများစွာက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူ့ဇာတိခံဘုရားဖြစ်တယ်ဆိုတာကို ဝန်ခံဖို့ ငြင်းဆန်နေတုန်းပဲ။ ဘာသာရေးအယူအဆတွေကို ဖက်တွယ်ထားပြီး သခင်ယေရှုကသာ ဘုရားဖြစ်တယ်လို ယုံကြည်ကြတယ်။ ပြီးတော့ ကျမ်းစာကိုပဲလိုက်နာမှသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ အခိုင်အမာပြောကြတယ်။ ဘယ်လောက်မိုက်မဲပြီး မသိနားမလည်တာမျိုးလဲ။ ဒီလိုမိုက်မဲတဲ့လူတွေက ဘုရားရဲ့အသံကို ဘယ်လိုလုပ်ကြားနိုင်တော့မလဲ။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရားတွေအားလုံးကို သူတို့ ဘယ်လိုရှာတွေ့နိုင်မလဲ။ နောက်ဆုံးမှာတော့ ဒါဟာ လူ့ဇာတိခံဘုရားသခင်ကို လူတွေ မသိလို့၊ ဘုရားအသံကို အသိအမှတ်မပြုလို့ပဲ။ ဒါကြောင့် သူတို့ဟာ ဘုရားပုလ္လင်တော်ရှေ့ကို မချီဆောင်ခံရဘူး။ ဒီ မသိမမြင်တဲ့လူတွေ၊ ဒီမိုက်မဲတဲ့သတို့သမီးတွေဟာ သူတို့ယုံကြည်တာ ဘယ်နှစ်နှစ်ပဲရှိပါစေ ဘုရားသခင်ရဲ့ လက်ခံမှုကို ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ရှင်းပါတယ်။ သင်က သခင့်ကို ကြိုဆိုချင်တယ်ဆိုရင် လူ့ဇာတိခံဘုရားသခင်ကို သိကျွမ်းတာ၊ ပြီးတော့ လူ့ဇာတိခံခြင်းအကြောင်း သမ္မာတရားကို နားလည်တာက အရေးပါပါတယ်။ ဒီတော့ လူ့ဇာတိခံယူခြင်းဆိုတာ တိတိကျကျ ဘာလဲ။ လူ့ဇာတိခံယူခြင်းကို ကျွန်တော်တို့ ဘယ်လိုနားလည်သင့်သလဲ။ ခရစ်တော် အစစ်အမှန်နဲ့ အယောင်ဆောင်တွေကို ဘယ်လိုခွဲခြားမလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်ပြီးရင် ကျွန်တော်တို့ နားလည်သွားမှာပါ။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘လူ့ဇာတိခံယူခြင်း’ သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ”)လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်”)လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) လူ့ဇာတိခံယူခြင်းဆိုတာ ဘုရားရဲ့ ဝိညာဉ်တော်က လူ့ဇာတိအနေနဲ့ အကောင်အထည်ဖြစ်ပေါ်လာခြင်းဆိုတာ ဘုရားနှုတ်ကပတ်တော်က ရှင်းရှင်းလင်းလင်းဖော်ပြပါတယ်။ ဆိုလိုတာကတော့ ဘုရားရဲ့ ဝိညာဉ်တော်က သာမန်လူတစ်ယောက်ဖြစ်လာဖို့အတွက် လူ့ဇာတိပကတိကို ယူတင်ဝတ်ဆင်လိုက်တယ်။ ပြီးတဲ့အခါ လူ့လောကမှာပေါ်ထွန်းပြီး အလုပ်လုပ်တာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ဘုရားရဲ့ ဝိညာဉ်က လူ့ဇာတိလွှမ်းခြုံပြီး လူသားဖြစ်လာတဲ့ သဘောပါပဲ။ အပြင်ပန်းမှာ လူ့ဇာတိခံဘုရားသခင်ဟာ သာမန်၊ ပုံမှန်လူတစ်ယောက်ဖြစ်တယ်။ မြင့်မြတ်တဲ့၊ ထူးကဲတဲ့သူလည်းမဟုတ်ဘူး။ သာမန်လူတွေလို ကိုယ့်ဘာသာဝတ်စား၊ သွားလာပြီးတော့ သာမန်ဘဝတစ်ခုကို နေထိုင်သူဖြစ်တယ်။ သူဆာတဲ့အခါမှာ စားဖို့လိုပြီး ပင်ပန်းတဲ့အခါမှာ အိပ်ဖို့လိုတယ်။ သူဟာ သာမန်လူသားခံစားချက်တွေကို တွေ့ကြုံရပြီး အမှန်တကယ်ကို လူွေကြားမှာ နေထိုင်တယ်။ သူဟာ လက်တွေ့ကျတဲ့လူ့ဇာတိခံဘုရားဖြစ်တယ်ဆိုတာ ဘယ်သူကမှ မမြင်နိုင်ဘူး။ ဒါပေမဲ့ ဒီလိုသာမန်၊ ပုံမှန်လူတစ်ယောက်ဖြစ်နေပေမဲ့ သူနဲ့ ဖန်ဆင်းခံလူသားတွေကြားမှာ တော်တော်လေးကို ကွာခြားမှုတစ်ခုရှိပါတယ်။ သူဟာ ဘုရားသခင်က လူ့ဇာတိခံယူခြင်းဖြစ်ပြီး ဘုရားဝိညာဉ်တော်က သူ့အထဲမှာရှိတယ်။ သူ့မှာ သာမန်လူ့သဘာဝရှိသလို စုံလင်တဲ့ ဘုရားဖြစ်ခြင်းလည်းရှိပြီး မြင်လို့ရတယ်၊ လက်ဆုပ်လက်ကိုင်ပြလို့ရတယ်။ သူဟာ အချိန်မရွေး၊ နေရာမရွေး သမ္မာတရားကို ဖော်ပြနိုင်ပြီး နက်နဲမှုတွေကို ထုတ်ဖော်ပြနိုင်တဲ့အချက်မှာ အဓိက ထင်ရှားပါတယ်။ သူဟာ ဘုရားသခင်ရဲ့ စိတ်သဘောထား၊ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်း၊ ဘုရားရဲ့ စိတ်နဲ့အတွေးတွေ၊ ဘုရားရဲ့ ချစ်ခြင်း၊ ဘုရားရဲ့ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနဲ့ ဲ့ ဉာဏ်ပညာတွေကို ဖော်ပြပြီး သက်သေခံနိုင်တယ်။ လူအားလုံး ဘုရားကို သိပြီး နားလည်ဖို့အတွက်ပေါ့။ သူဟာ ကျမ်းစာထဲက နက်နဲမှုတွေအားလုံးကိုလည်း ဖော်ထုတ်နိုင်ပါတယ်။ ဒါဟာ ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတဲ့ စာစောင်ကို သူဖွင့်နိုင်တယ်ဆိုတဲ့ သဘောပဲ။ ဒါဟာ သူ့မှာ ပြည့်စုံတဲ့ ဘုရားဖြစ်ခြင်းရှိတယ်ဆိုတာ သက်သေပြတယ်။ အပြင်ပန်းမှာတော့ ခရစ်တော်က သာမန်လူတစ်ယောက်ပါ။ ဒါပေမဲ့ သမ္မာတရားတွေ အများကြီးကို ဖော်ပြနိုင်တယ်။ လူတွေကို နိုးထစေနိုင်တယ်။ စာတန်ရဲ့ စွမ်းအားကနေ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်နိုင်တယ်။ သူတို့အထဲမှာ ဘုရားရဲ့ဝိညာဉ်မရှိဘဲနဲ့ ဒါတွေကို ဘယ်သူက လုပ်နိုင်မလဲ။ ဘယ်နာမည်ကြီးသူ၊ ကြီးမြတ်သူမှ ဒီလိုအရာတွေကို မလုပ်နိုင်တာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်နာမည်ကြီးသူ ကြီးမြတ်သူကမှ သမ္မာတရားကို မဖော်ပြနိုင်လို့ပါ။ သူတို့ဟာ သမ္မာတရားကို လုံးဝ မပိုင်ဆိုင်ကြဘူး။ သူတို့ကိုယ်သူတို့တောင် မကယ်တင်နိုင်ကြဘူး။ လူသားမျိုးနွယ်အားလုံးကို ဘယ်လိုကယ်တင်နိုင်မှာလဲ။ လူ့ဇာတိခံဘုရားသခင်က သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို သန့်စင်၊ ကယ်တင်ဖို့အတွက် တရားစီရင်ခြင်းအမှုကို ပြုနိုင်တယ်။ ဒါတွေက ဘယ်လူသားကမှ မပိုင်ဆိုင်တဲ့ အရည်အချင်းတွေပါပဲ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ဟာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေဖြစ်ပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုရဲ့ သက်သေခံချက်ဖြစ်ပါတယ်။ ဘုရားသခင် ရွေးချယ်ထားသူတွေဟာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ကြုံတွေ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ရဲ့ ရေလောင်းပေးတာနဲ့ ဦးဆောင်လမ်းပြတာကို လက်ခံခဲ့ကြတဲ့အခါမှာ သူတို့အားလုံးက လူ့ဇာတိခံဘုရားသခင်ရဲ့ အမှုတော်ရဲ့ နက်ရှိုင်းတဲ့ လက်တွေ့ကျမှုကို ခံစားကြရတယ်။ ဘုရားသခင်က လူတွေကြားထဲမှာ အမှန်တကယ် နေထိုင်ပြီး ကျွန်တော်တို့ကို ထောက်ပံ့၊ ပံ့ပိုးဖို့အတွက် ဘုရားအပေါ် ယုံကြည်ရာမှာ ကျွန်တော်တို့ရဲ့ သွေဖည်မှုတွေ၊ မှားယွင်းတဲ့ လိုက်စားမှုတွေနဲ့ အမြင်ရှုထောင့်တွေ၊ ကျွန်တော်တို့အတွင်းမှာရှိတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားမျိုးစုံတွေအားလုံးကို ဖော်ထုတ်ဖို့အတွက် ကျွန်တော်တို့ရဲ့ တကယ့်အခြေအနေကို အခြေခံပြီး သမ္မာတရားကို ဖော်ပြတယ်။ ကျွန်တော်တို့တွေ အသိပညာရပြီး ပြောင်းလဲနိုင်ဖို့အတွက်ပေါ့။ ဘုရားသခင်က ကျွန်တော်တို့ကို လူတွေအတွက်သူ့ဆန္ဒနဲ့ သတ်မှတ်ချက်တွေကိုလည်း ပြောတယ်။ လိုက်စားဖို့အတွက် လက်တွေ့ကျပြီး အတိကျဆုံး ခရီးပန်းတိုင်တွေနဲ့ လက်တွေ့လုပ်ဆောင်ဖို့ စည်းမျဉ်းတွေကိုပေးပါတယ်။ ဒီလိုနဲ့ သမ္မာတရားရဲ့ လက်တွေ့အရှိတရားထဲကို ကျွန်တော်တို့ ဝင်ရောက်နိုင်မှာ၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ရရှိပြီး စာတန်ရဲ့ အမှောငအင်အားစုတွေကနေ လုံးဝ လွတ်မြောက်နိုင်မှာလေ။ လူတွေကို တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့ အတွက် သမ္မာတရားကို ဖော်ပြဖို့ လူ့ဇာတိခံဘုရားသခင်က ကြွမလာဘူးဆိုရင် သူတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝတွေကို ဘယ်တော့မှ သူတို့ သတိပြုနိုင်မှာမဟုတ်သလို အပြစ်ရဲ့ ချည်နှောင်မှုနဲ့ ကန့်သတ်မှုကနေ လုံးဝ လွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုတာ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကိုလိုက်သူ ဘယ်သူမဆို နက်နဲစွာ တွေ့ကြုံခံစားရပါတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို လက်ခံခြင်းအားဖြင့်သာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်နိုင်တယ်၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သိရှိခြင်းနဲ့သာ သူတို့ဟာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်နဲ့ ရှင်သန်နေထိုင်ခြင်းကတစ်ဆင့်သာ စစ်မှန်တဲ့ လူသားပုံသဏ္ဍန်အတိုင်း အသက်ရှင်နေထိုင်နိုင်တယ်၊ ဘုရားသခင်ရဲ့ ကတိတွေနဲ့ ကောင်းချီးတွေကို လက်ခံရရှိဖို့ အရည်အချင်းပြည့်မှီပြီး၊ ကောင်းကင်နိုင်ငံတော်ကို ခေါ်ဆောင်ခံရနိုင်တယ်ဆိုတာကိုလည်း သူတို့တွေ သဘောပေါက်ကြပါတယ်။ ဒါကို စဉ်းစားကြည့်ပါ။ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံဘုရားသခင်က ကြွလာပြီး သမ္မာတရားတွေအများကြီးကို ဖော်ပြခြင်းမရှိဘဲနဲ့ ကျွန်တော်တို့ဟာ ကယ်တင်ခံရဖို့အတွက် ဒီ တစ်သက်မှာတစ်ခါရတဲ့ အခွင့်အလမ်းကို ရပါ့မလား။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကျွန်တော်တို့ လက်ခံရရှိပြီး ဘုရားသခင်ရဲ့ အလျှံပယ် ကောင်းချီးတွေကို ခံစားနိုင်ပါ့မလား။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းမရှိရင် လူသားမျိုးနွယ်အားလုံးက ပျက်စီးခြင်းဆီကို ကျရောက်သွားမှာပဲ။ ဘယ်သူကမှ ကယ်တင်ခြင်းကို ရရှိမှာမဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောထားသလိုပါပဲ။ “ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက၊ ဇာတိအသွေးအသားသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရား၏ နှုတ်ကပတ်တော်များအားလုံးကို သရုပ်ထင်စေသည့်အရာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာနှင့်၊ လူသားက နားလည်ရန်အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြသောအရာလည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်အတွင်းဝင်ရောက်ရာ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်ရာ သင်၏လမ်းပြရှင်ဖြစ်သည်။ ထိုကဲ့သို့သော သာမန်ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲရာများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း၊ သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိခန္ဓာ မဟုတ်သည်ကို သင့်အား မြင်ခွင့်ပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်နှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် ဂရုစိုက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင်သကဲ့သို့၊ မီးလျှံတစ်ခုကဲ့သို့ သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံရနိုင်သော်ငြားလည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားခြင်းကရုဏာကို ပြနေကြောင်း သိနိုင်သည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး အတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို နားလည်သဘောပေါက် နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် မြေကြီးပေါ်ရှိ လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ နာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ သည်ကနေ့တွင် လူသားက မြင်ရသည်မှာ လူသားနှင့်တူညီသော ဘုရားသခင်၊ နှာခေါင်းတစ်ခုနှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ ထို့ပြင် ထူးခြားမှုမရှိသော ဘုရားသခင်ဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော အပြောင်းအလဲကို ကြုံရမည်ဖြစ်ကြောင်း၊ ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်သည် မှောင်မည်းလာကာ၊ မြေကြီးသည် ပရမ်းပတာ အခြေအနေထဲ ကျရောက်သွားမည်ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ခြင်းနှင့် ကပ်ဆိုးများအလယ်တွင် နေထိုင်ရမည်ဖြစ်ကြောင်း ဘုရားသခင်က သင်တို့ကို ပြသမည်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်တို့ကို ကယ်တင်ရန် ကြွမလာခဲ့လျှင် ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လွန်ခဲ့သောအချိန်ကပင် ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သင်တို့ကို သူပြသမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ သင်တို့သည် အဓိကအပြစ်သားများ အစဉ်အမြဲ ဖြစ်ကြမည်ဖြစ်ပြီး၊ အလောင်းကောင်များ အမြဲတမ်း ဖြစ်ကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မရှောင်လွှဲနိုင်သော ဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင် စီရင်ချမှတ်မည့် ပို၍ပင် ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိရမည်ကို သင်တို့သိသင့်သည်။ ဤသာမန်ဇာတိခန္ဓာသာ မမွေးဖွားခဲ့ပါက၊ သင်တို့အားလုံးသည် အသက်မရှင်နိုင်ဘဲ ရှင်ခြင်းအတွက် တောင်းဆိုပြီး၊ အသက်မသေနိုင်ဘဲ သေခြင်းအတွက် ဆုတောင်းရမည့် အခြေအနေတစ်ခု၌ ရောက်ရှိကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိလျှင် သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ထို့ထက် သင်တို့သည် သင်တို့၏ ကြီးလေးသော အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရမည်။ သင်တို့သိခဲ့ပါ၏လော၊ ယင်းမှာ ဇာတိခန္ဓာသို့ ဘုရားသခင်၏ပြန်လာခြင်း မရှိခဲ့လျှင်၊ မည်သူ၌မျှ ကယ်တင်ခြင်း၌ မည်သူမျှ အခွင့်အလမ်း ရှိခဲ့မည်မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို လွန်ခဲ့သောအချိန်ကပင် အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ သို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်နိုင်သေးသလော။ သင်တို့သည် ဤသာမညလူသားထံမှ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဖြစ်ရာ သင်တို့သည် သူ့ကို အဘယ်ကြောင့် ဝမ်းပန်းတသာ လက်မခံကြသနည်း။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ”)

ဒီနေရာမှာ တချို့လူတွေက မေးနိုင်တယ်။ လူ့ဇာတိခံဘုရားသခင်ရဲ့ အပြင်ပန်းပုံစံက သာမန်ဖြစ်ပြီး သူ့ရဲ့ ဘုရားဖြစ်ခြင်းက သူ့ရဲ့ဇာတိပကတိထဲမှာ ဖုန်းကွယ်ထားတယ်။ ဒါဆိုရင် ဘုရားသခင် ကြွလာရင် သူ့ကို လူ့ဇာတိခံဘုရားသခင်အဖြစ် ဘယ်လိုသိနိုင်မလဲပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော်တို့ကို လမ်းပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) လူ့ဇာတိခံဘုရားသခင်ကို သတိပြုမိခြင်းဟာ သူ့ရဲ့အသွင်အပြင်အပေါ် အခြေခံတာမဟုတ်သလို ဘယ်မိသားစုမှာ သူမွေးဖွားတယ်ဆိုတဲ့အပေါ်၊ သူ့မှာ ရာထူး၊ အာဏာရှိမရှိအပေါ်၊ ဘာသာရေးလောကမှာ သိက္ခာရှိမရှိအပေါ်မှာ အခြေခံတာမဟုတ်မှန်း ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကနေ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒါတွေအပေါ် အခြေခံတာမဟုတ်ပါဘူး။ အဲဒီအစား သူ့မှာ ဘုရားရဲ့ အနှစ်သာရရှိမရှိ၊ သမ္မာတရားကို ဖော်ပြနိုင်ပြီး ဘုရားသခင်ရဲ့အမှုတော်ကို သူကိုယ်တိုင်လုပ်နိုင်ခြင်းရှိမရှိအပေါ်မှာ အခြေခံပါတယ်။ ဒါက အရေးပါဆုံးအချက်ပဲ။ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို ပြုနိုင်ရင် သူက သာမန်မိသားစုတစ်ခုမှာမွေးဖွားပြီး လူ့အဖွဲ့အစည်းမှာ အာဏာနဲ့ရာထူးမရှိရင်တောင်မှ သူဟာ ဘုရားဖြစ်ပါတယ်။ ကျေးဇူးတော်ခေတ်တုန်းကလိုပါပဲ။ သခင်ယေရှု အမှုပြုဖို့ ကြွလာတုန်းက သာမန်မိသားစုတစ်ခုမှာ မွေးဖွားခဲ့ကြတယ်။ နွားစာခွက်ထဲကနေ ကမ္ဘာလောကထဲကို ကြွလာခဲ့တယ်။ သူက အရပ်မရှည်ဘူး။ သန်မာတဲ့ ကိုယ်လုံးကိုယ်ပေါက် မရှိဘူး။ ဂုဏ်အဆင့်အတန်း၊ အာဏာမရှိဘူး။ ဒါပေမဲ့ သမ္မာတရားကို သူဖော်ပြနိုင်တယ်။ လူတွေကို နောင်တလမ်းကို ပေးနိုင်သလို၊ လူတွေရဲ့ အပြစ်တွေကို ခွင့်လွှတ်နိုင်တယ်။ သူ့ရဲ့ တပည့်တော်တွေဖြစ်တဲ့ ပေတရုနဲ့ ယောဟန်လိုပဲ သမ္မာတရားကို ချစ်သူတွေက သခင်ယေရှုမှာ ဘုရားသခင်ရဲ့အစွမ်းတန်ခိုးနဲ့ သြဇာအာဏာရှိတယ်ဆိုတာကို သူဖော်ပြတဲ့ သမ္မာတရားနဲ့ သူ့ရဲ့အလုပ်ကနေ မြင်ခဲ့ကြပြီး သူ့ကို မေရှိယအဖြစ် သတိပြုမိခဲ့ကြတယ်။ ဒါကြောင့် သူ့နောက်ကိုလိုက်ကြပြီး သခင်ရဲ့ ကယ်တင်ခြင်းကို ရရှိကြတယ်။ အခုအချိန်မှာ ဘုရားသခင်က လူ့ကမ္ဘာဆီကို လူ့ဇာတိခံပြီး နောက်တစ်ဖန် ကြွလာပြီးပါပြီ။ သူက အပြင်ပန်းမှာ သာမန်လူတစ်ယောက်ပုံစံရှိပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရားများစွာကို ဖော်ပြနိုင်ပြီး နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြုလုပ်ပါတယ်။ နိုင်ငံနဲ့ နေရာအားလုံးက လူများစွာဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရားကို မြင်ပြီးကြပြီး ဘုရားအသံကို သတိပြုမိကြပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံပြီး ဘုရားပုလ္လင်တော်ရှေ့ကို ချီဆောင်ခံရပြီးပါပြီ။ သူတို့ဟာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို စတင်တွေ့ကြုံကြပြီး သမ္မာတရားတချို့ကို နားလည်ခဲ့ကြတယ်။ သူတို့အားလုံးမှာ အံ့သြဖွယ် အတွေ့အကြုံတွေနဲ့ သက်သေခံချက်တွေရှိကြပြီး ဧဝံဂေလိဟောပြီး ဘုရားအတွက် သက်သေခံဖို့ အစွမ်းကုန် လုပ်ဆောင်ကြပါတယ်။ သမ္မာတရားကို ဖော်ပြနိုင်သူ လူတွေကို တရားစီရင်ပြီး သန့်စင်နိုင်သူ၊ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်နိုင်သူသာ ခရစ်တော်နဲ့ လူ့ဇာတိခံဘုရားသခင်ဖြစ်တယ်ဆိုတာ အချက်အလက်တွေက သက်သေပြပါတယ်။ ဒါ ငြင်းလို့မရပါဘူး။ လူတစ်ယောက်က သမ္မာတရားကို မဖော်ပြနိုင်ဘူး၊ နိမိတ်လက္ခဏာနဲ့ အံ့သြဖွယ်တွေကိုပြပြီးတော့ပဲ သူများတွေကို လှည့်ဖြားနိုင်တယ်ဆိုရင် ဒါဟာ ဝိညာဉ်ဆိုးတစ်ခုရဲ့ အလုပ်ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ ဘုရားလို့ခေါ်ရင် ဘုရားကို တုပဟန်ဆောင်နေတဲ့ အယောင်ဆောင်ခရစ်တော်တွေဖြစ်ပါတယ်။ လူ့ဇာတိခံဘုရားကို သိဖို့အတွက် ဒီအချက်ကို သေချာဖို့လိုပါတယ်။ လူ့ဇာတိခံဘုရားကသာ သမ္မာတရားကို ဖော်ပြနိုင်တယ်။ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုနိုင်တယ်။ စာတန်ရဲ့ အင်အားစုတွေကနေ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်နိုင်တယ်။

အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး နောက်ဆုံးသောကာလမှာ ကြီးမြတ်တဲ့အမှုကို ပြုပြီးပါပြီ။ ဒါတောင်မှပဲ မျက်ကွယ်ပြုကြပြီး သခင်ယေရှုက မိုးတိမ်စီးပြီး ပွင့်ပွင့်လင်းလင်း ကြွလာတာကို စောင့်ရုံစောင့်နေကြတဲ့ လူတွေအများကြီးရှိပါတယ်။ ဒီလိုလူတွေက ကပ်ဘေးကြီးမှာ ဖျက်ဆီးခံရတဲ့အချိန်မှာ ငိုကြွေးပြီး အံသွားခဲကြိတ်ကြရမယ်။ ဒါက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီလိုလည်းပြောတယ်။ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်။” နောက်ဆုံးမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ပစ်ပယ်ပါက၊ သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးမည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်ဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို မည်သည့်အခါတွင်မျှ တစ်ဖန် မြင်ရလိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်သည်မှာ မဆိုစလောက်သတ္တဝါတစ်ဦးဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်လိမ့်မည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုမိပြီးဖြစ်လိမ့်မည်မဟုတ်ဘဲ၊ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော ပြစ်မှုတစ်ရပ် ကျူးလွန်မိပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားမပေးနိုင်သကဲ့သို့၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ခွင့် မပေးနိုင်သည့်အတွက်၊ သမ္မာတရား ရှေ့မှောက်တွင် ကြမ်းကြုတ်သည့် တုန့်ပြန်မှုများမပြုရန် သို့မဟုတ် အရေးမထားသည့် ဝေဖန်မှုများ မလုပ်ရန် အယောက်တိုင်းကို ငါအကြံပြု၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”)

အမှာစကား ချန်ခဲ့မည်