စာရင်း

ပညာသတိရှိသော သတို့သမီးများမှာ အဘယ်နည်း။ မိုက်မဲသော သတို့သမီးများမှာ အဘယ်နည်း။

ပညာသတိရှိသော သတို့သမီးများမှာ အဘယ်နည်း။ မိုက်မဲသော သတို့သမီးများမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အတိတ်ကာလတွင် အချို့သူတို့သည် “ပညာသတိရှိသော သတို့သမီးငါးယောက်၊ မိုက်သော သတို့သမီးငါးယောက်” ဟူသည့် ကြိုတင်ခန့်မှန်းချက်များကို ပြုလုပ်ခဲ့သည်။ ထိုကြိုတင်ခန့်မှန်းချက်သည် တိတိကျကျ မရှိသော်လည်း၊ အလုံးစုံမှားနေသည်ကား မဟုတ်၊ ထို့ကြောင့် သင်တို့ကို ရှင်းပြချက်အချို့ ငါပေးနိုင်သည်။ ပညာသတိရှိသော သတို့သမီးငါးယောက်နှင့် မိုက်သော သတို့သမီးငါးယောက်တို့သည် လူအရေအတွက်ကို ကိုယ်စားပြုခြင်းမဟုတ်သကဲ့သို့၊ ထိုသူတို့သည် လူအမျိုးအစားတစ်မျိုးကိုလည်း အသီးသီး ကိုယ်စားပြုထားခြင်းမဟုတ်။ ပညာသတိရှိသော သတို့သမီးငါးယောက်ဆိုသည်မှာ လူဦးရေ အရေအတွက်ကို ဆိုလိုသည့် အဓိပ္ပာယ်ဖြစ်ကာ၊ မိုက်သော သတို့သမီးငါးယောက်ဆိုသည်မှာ လူတစ်မျိုးတစ်စားကို ကိုယ်စားပြုသည်၊ သို့သော်လည်း ဤအရာနှစ်ခုလုံးသည် သားဦးများကို ရည်ညွှန်းခြင်းမဟုတ်၊ ထိုအစား ဖန်ဆင်းခြင်းကို ကိုယ်စားပြုခြင်းဖြစ်သည်။ သူတို့ကို နောက်ဆုံးသောကာလ၌ ဆီကို ပြင်ဆင်ထားခိုင်းရခြင်း၏ အကြောင်းအရင်းမှာ ထိုအရာပင်ဖြစ်သည်။ (ဖန်ဆင်းထားသော အရာများသည် ငါ၏ အရည်အသွေးကို ပိုင်ဆိုင်ထားခြင်းမရှိ၊ အကယ်၍ သူတို့သည် ပညာသတိရှိသော သူများဖြစ်လိုလျှင် သူတို့သည် ဆီကို ပြင်ဆင်ထားရမည်ဖြစ်သည်၊ ထို့ပြင် ဤနည်းအတိုင်း ထိုသူတို့သည် ငါ၏ နှုတ်ကပတ်တော်များဖြင့် တပ်ဆင်ထားရန်လိုအပ်သည်။) ပညာသတိရှိသော သတို့သမီး ငါးယောက်သည် ငါဖန်ဆင်းထားခဲ့သော လူများထဲမှ ငါ၏သားများနှင့် ငါ၏လူများကို ကိုယ်စားပြုသည်။ သူတို့ကို “သတို့သမီး” ဟုက အမည်တပ်ခေါ်ခြင်းမှာ ထိုသူတို့သည် ကမ္ဘာမြေ၌ မွေးဖွားကြသော်လည်း၊ ငါ့အားဖြင့် ပိုင်ဆိုင်ထားနှင့်ပြီးဖြစ်သောကြောင့် ဖြစ်သည်၊ ထိုသူတို့သည် သန့်ရှင်းပြီးဖြစ်သည်ဟု ဆိုနိုင်သည်၊ ထို့ကြောင့် ထိုသူတို့ကို “သတို့သမီး” ဟုခေါ်ခြင်းဖြစ်သည်။ အထက်ဖော်ပြပါ “ငါးယောက်” သည် ငါခွဲခန့်မှတ်သားထားသော ငါ၏သားများနှင့် ငါ၏လူများ၏ အရေအတွက်ကို ကိုယ်စားပြုသည်။ “မိုက်သော သတို့သမီး ငါးယောက်” သည် အစေခံသူများကို ရည်ညွှန်းသည်။ ထိုသူတို့သည် ပြင်ပအရာများ၏ နောက်ကိုသာ လိုက်လျက် အသက်တာအပေါ် အရေးထားမှု အနည်းငယ်မျှပင် မရှိဘဲ ငါအဖို့ အစေခံကြ၏၊ (အကြောင်းမူကား သူတို့၌ ငါ၏ အရည်အချင်းမရှိ၊ သူတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ထိုအရာသည် ပြင်ပအရာဖြစ်၏)၊ ထို့ပြင် ထိုသူတို့သည် ငါ၏တတ်စွမ်းသော ကူညီသူများ ဖြစ်နိုင်ဖို့ရန် မတတ်နိုင်ကြ၊ ထို့ကြောင့် ထိုသူတို့ကို “မိုက်သော သတို့သမီးများ” ဟုခေါ်သည်။ အထက်ဖော်ပြပါ “ငါးယောက်” သည် စာတန်ကို ကိုယ်စားပြုသည်၊ ထို့နောက် “သတို့သမီးများ” ဟု သူတို့ခေါ်တွင်ခံရခြင်းမှာ ထိုသူတို့သည် ငါ၏သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ငါအဖို့ အစေခံနိုင်ရန် တတ်စွမ်းကြသည်ကို ဆိုလို၏၊ သို့သော် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သန့်ရှင်းခြင်းမရှိ၊ ထို့ကြောင့် ထိုသူတို့ကို အစေခံသူများဟု ခေါ်ဆိုခြင်းဖြစ်သည်။

“အခန်း ၁၁၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ယနေ့ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပ၌ ရှိကြပြီး၊ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်၏ချီးကျူးမှုကို မခံရကြ။...“သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်း၊ လက်ရှိ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကျင့်ကြံလုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် ဘုရားသခင်၏ အသစ်အဖြစ်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကိုဆိုလိုသည်။ ဤသို့သောသူသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်သောသူနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ၌ ရှိသောသူဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိရုံမျှမက၊ ဘုရားသခင်၏ စိတ်သဘောထားကို ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှုတို့ကိုသာမက လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ဘုရားသခင်၏ နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပါသည်၊ ထို့အပြင် ၎င်းတို့အစေခံစဉ် ၎င်းတို့၏ စိတ်သဘောထားအထဲ၌ တဖြည်းဖြည်း ပြောင်းလဲမှုများကို ရယူနိုင်စွမ်းရှိကြသည်။ ဤကဲ့သို့သောသူများသာလျှင် ဘုရားသခင်ကို ရနိုင်စွမ်းရှိကြပြီး၊ မှန်သောလမ်းကို အမှန်တကယ် တွေ့ရှိသောသူများဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ပယ်ရှင်းခြင်းကို ခံရသောသူများမှာ ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအလုပ်ကို ဆန့်ကျင်ပုန်ကန်ကြသူများ ဖြစ်သည်။ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကြသည့်အကြောင်းမှာ ဘုရားသခင်သည် အလုပ်အသစ်ကို လုပ်ဆောင်ပြီးခြင်းကြောင့် ဖြစ်သည်သာမက၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲကသဏ္ဌာန်နှင့် မတူညီခြင်းကြောင့်ဖြစ်သည်၊ ထိုအကြောင်းကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကန်ကြခြင်းဖြစ်ပြီး ဘုရားသခင်ကို ဝေဖန်ကြခြင်းဖြစ်ကာ၊ ယင်းက သူတို့ကို ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်းသို့ ဦးတည်သွားစေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို သိရန်မလွယ်ကူပါ၊ သို့သော်လည်း အကယ်၍ လူအများသည် ဘုရားသခင်၏အလုပ်ကို နာခံရန် စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏အလုပ်ကို ရှာဖွေနိုင်ပါက ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်အဖြစ်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏အလုပ်ကို ရည်ရွယ်ချက်ပါပါဖြင့် ဆန့်ကျင်ပုန်ကန်သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှု သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပါ။ ထို့ကြောင့် လူအများသည် ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို လက်ခံရရှိနိုင်ခြင်း သို့မဟုတ် မရရှိနိုင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အပေါ်တွင် မူတည်သည်၊ ၎င်းသည် ၎င်းတို့၏ ရှာဖွေလိုက်စားမှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်သည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိဖွင့်ဆိုချက်များကို နာခံနိုင်စွမ်းရှိသောသူများ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံရကြသည်။ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့ပါစေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်ခဲ့ပါစေ အကြောင်းမဟုတ်ပါ၊ နောက်ဆုံးသောအလုပ်ကို ရသောသူများမှာ ကောင်းချီးမင်္ဂလာကို အခံစားရဆုံးသောသူများဖြစ်ကြပြီး နောက်ဆုံးသော အလုပ်ကို ယနေ့လိုက်လျှောက်နိုင်စွမ်း မရှိသောသူများမှာ ပယ်ရှင်းခံကြရသည်။ အလင်းအသစ်ကို လက်ခံနိုင်စွမ်းရှိသော သူများကို ဘုရားသခင်အလိုရှိပြီး ဘုရားသခင်သည် သူ၏ နောက်ဆုံးအလုပ်ကို လက်ခံသူများနှင့် သိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖွေရှာနိုင်စွမ်းရှိပြီး အသစ်သော အရာများကို နားလည်နိုင်စွမ်းရှိသည်သာမက အယူအဆအဟောင်းများကို ဘေးသို့ ဖယ်ထားနိုင်စွမ်းနှင့် ယနေ့ ဘုရားသခင်၏ အလုပ်ကို နာခံနိုင်စွမ်းရှိသည်။

“ဘုရားသခင်၏ အသစ်ဆုံးသော အလုပ်ကို သိပြီး ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ

စာတန်နှင့် သက်ဆိုင်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ပါ။ ထို့အပြင် ဘုရားသခင်နှင့် သက်ဆိုင်သူများသည် ဘုရားသခင်၏ အသံတော်ကို ကြားနိုင်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်အားလုံးကို သိ၍နားလည်သူ အားလုံးသည် ကယ်တင်ခြင်းခံရမည့်သူများနှင့် ဘုရားသခင်အတွက် သက်သေခံမည့်သူများ ဖြစ်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်များကို နားမလည်သူ အားလုံးတို့သည် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပေ။ ထို့အပြင် ထိုသူတို့သည် ဖယ်ရှားခံရမည့်သူများဖြစ်ကြ၏။

“ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံ၏ ကန့်သတ်ခြင်းများ မရှိသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့်အတိုင်း အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါကကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ရန်အတွက် ကားတိုင်၌ အသေခံဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့် ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီး သခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့သွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကို တောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိခြင်း ဖြစ်မည်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။

“ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

“ပညာရှိ သတို့သမီးများ” မှာ ဘုရားသခင်၏ အသံတော်ကို သိရှိပြီး “သတို့သား” ၏ အသံကို သိမှတ်နိုင်သောသူများဖြစ်ကာ ထို့ကြောင့် ခရစ်တော်ကို လက်ခံပြီး အပ်နှံနိုင်ကြသည်။ သို့အားဖြင့် သခင်၏ ပြန်လည်ကြွလာခြင်းကို ကြိုဆိုပြီး သိုးသငယ်၏ မင်္ဂလာစားပွဲတော်ကို တက်ရောက်ကြလေသည်။ “မိုက်မဲသော သတို့သမီးများ” သည် “သတို့သား” ၏ အသံကို မသိသလို ဘုရားသခင်၏ အသံတော်ကို မသိမှတ်နိုင်သောကြောင့် ခရစ်တော်ကို ငြင်းပယ်ကြပြီး ဘုရားသခင်အားဖြင့် ၎င်းတို့ စွန့်ပစ်ခံရကာ ပယ်ရှင်းခံကြရသည်အထိ မရေရာသော ဘုရားသခင်ကို ဆက်လက် တောင့်တနေကြလေသည်။ စစ်မှန်သော ယုံကြည်ခြင်း မရှိပါပဲ ခရစ်တော်ကိုလက်ခံရန် အလွန် ခက်ခဲလသည်ကို ဘုရားသခင်၌ ကျွန်ုပ်တို့ ယုံကြည်ခြင်းထဲတွင် တွေ့မြင်နိုင်သည်။ ခရစ်တော်ကို လက်ခံရန် ငြင်းဆန်သော သူတို့သည် “ချစ်သောသူ၏ မင်္ဂလာစားပွဲတော်” ကို လွဲချော်ရလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံထဲရှိ အိမ်တော်ထဲသို့ သခင့်အားဖြင့် လက်ခံခြင်း မခံရနိုင်သလို လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားသော နေရာသို့ မဝင်ရောက်နိုင်ပါ။ ထို့ကြောင့်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို လူတို့ လက်ခံပြီး သူ၏ အမှုတော်ကို နာခံသည် မနာခံသည်မှာ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ရာတွင် လူတို့ အောင်မြင်သည် သို့မဟုတ် ကျရှုံးသည်ကို ဆုံးဖြတ်ရာတွင် အရေးပါလှသော အချက်တစ်ခု ဖြစ်သည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

သမ္မာကျမ်းစာထဲတွင် သခင်ယေရှုက သူပြန်ကြွလာသည့်အချိန်၌ လူနှစ်မျိုးနှစ်စား ရှိလိမ့်မည်ဟု ပရောဖက်ပြုထားပေသည်— သူသည် ကျေးဇူးတော်ခေတ်၏ ယုံကြည်သူများအားလုံးအတွက် ပုံဥပမာတစ်ခုအနေဖြင့် ပညာရှိ အပျိုကညာများနှင့် မိုက်မဲသော အပျိုကညာများကို အသုံးပြုခဲ့သည်။ ဘုရားသခင်၏ အသံတော်ကိုကြားပြီး လက်ခံကာ နာခံနိုင်သော သူတို့အားလုံးသည် ပညာရှိ အပျိုကညာများဖြစ်ကြသည်၊ ဘုရားသခင်၏ အသံတော်ကို မကြားနိုင်ကြသူများ၊ နားထောင်သော်လည်း မယုံကြည်ဘဲ ငြင်းပယ်ကြဆဲဖြစ်သော သူအားလုံးသည် မိုက်မဲသော အပျိုကညာများ ဖြစ်ကြသည်။ မိုက်မဲသော အပျိုကညာများသည် ချီဆောင်ခံရနိုင်သလော။ ချီဆောင်မခံရနိုင်ပါ။ ဤတော့ကား ဤမိုက်မဲသော အပျိုကညာများနှင့် ပညာရှိ အပျိုကညာများကို မည်သို့ထုတ်ဖော်၍ရနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် ထုတ်ဖော်ခံရပြီး နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ မိန့်မြွက်ချက်များဖြစ်သည့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ကို ဖတ်ရှုပြီးနောက် ၎င်းတို့၏ သဘောထားများအားဖြင့် ထုတ်ဖော်ခံရပေသည်။ ယုံကြည်သူအချို့က ယင်းကို ဖတ်ရှုပြီးနောက် “နက်နဲလိုက်တဲ့ စကားတွေ- ဒီစကားတွေမှာ သမ္မာတရားပါတယ်” ဟု ဆိုကြသည်။ ယင်းကို ၎င်းတို့ နောက်တစ်ဖန် ဂရုတစိုက် ဖတ်ရှုပြီးနောက်တွင် “ဒီစကားတွေက သာမန်လူတစ်ယောက်ဆီက လာတာ မဖြစ်နိုင်ဘူး၊ ဘုရားသခင်ဆီက လာတဲ့ပုံပဲ” ဟု ၎င်းတို့ဆိုကြသည်။ ထို့နောက် နောက်ထပ် ဂရုတစိုက်ကြည့်ကြပြီး “ဒါက ဘုရားသခင်ရဲ့ အသံတော်ပဲ၊ ဒီစကားတွေက ဘယ်လိုနည်းနဲ့မှ လူတစ်ယောက်ဆီက လာတာ မဖြစ်နိုင်ဘူး” ဟု ဆိုကြသည်။ ဤသို့သောလူသည် မင်္ဂလာရှိပေသည်၊ ၎င်းတို့သည် ပညာရှိ အပျိုကညာများ ဖြစ်ကြ၏။ မိုက်မဲသော အပျိုကညာများအတွက်မူ အချို့သည် သင်းအုပ်ဆရာများ၊ အချို့သည် အကြီးအကဲများ၊ အချို့မှာ တရားဟော ဆရာများဖြစ်ကြပြီး အချို့သည် စိတ်ရှုပ်ထွေးသည့် ယုံကြည်သူများဖြစ်ကာ ၎င်းတို့သည် မိမိတို့ဗိုက်ပြည့်သည်အထိ စားသောက်လိုကြသောသူများသာ ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ “အင်း၊ ဒီစကားတွေက ငါ့အယူအဆတွေ၊ စိတ်ကူးတွေနဲ့ မကိုက်ဘူး၊ ငါသဘောမတူဘူး”။ ပြီးနောက် ယင်းတို့ကို နောက်တစ်ဖန် ဂရုတစိုက် ဖတ်ရှုပြီးနောက်တွင် ၎င်းတို့က “ဒီစကားတွေထဲက တချို့က အကျိုးသင့်အကြောင့်သင့် ဖြစ်သလိုပဲ၊ ဒါပေမဲ့ အဲဒါမဖြစ်နိုင်ပါဘူး၊ ဒါက ဘုရားသခင်ရဲ့ အမှုတော် မဖြစ်နိုင်ဘူး” ဟု ဆိုကြသည်။ ထို့ကြောင့် နောက်တစ်ဖန် ယင်းသည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူများနှင့် မကိုက်ညီပြန်ချေ။ နောက်ဆုံးတွင် ၎င်းတို့ဖတ်ရှုလေလေ ယင်းက ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီမှု နည်းလေလေဖြစ်သည်။ “ဒါက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် မဟုတ်ပါဘူး- ငါလက်မခံနိုင်ဘူး။ ဒါက အတုအယောင်ပဲ၊ လူတွေကို လှည့်ဖြားဖို့ ကြိုးစားနေတဲ့ ခရစ်တော်အတုအယောင်ပဲ။ ငါမယုံကြည်နိုင်ဘူး” ဟု ၎င်းတို့ဆိုကြသည်။ ဤသည်မှာ မည်သည့်လူအမျိုးအစား ဖြစ်သနည်း။ ဤသည်မှာ ဖာရိရှဲတစ်ဦး၊ မိုက်မဲသော အပျိုကညာတစ်ဦး ဖြစ်ပေသည်။ ပညာရှိ အပျိုကညာဖြစ်ကြသူများနှင့် မိုက်မဲသော အပျိုကညာဖြစ်ကြသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အလင်းသို့ ဆောင်ယူခြင်း ခံကြရသည်။ ၎င်းတို့ကို ၎င်းတို့နှင့် သက်ဆိုင်သော အမျိုးအစားများထဲသို့ သတ်မှတ်ပြီး ခွဲခြားသည်မှာ နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပြီး ထို့နောက်တွင် ဘုရားသခင်သည် ကောင်းသောသူကို ဆုချီမြှင့်ကာ ကောက်ကျစ်စဉ်းလဲသောသူကို အပြစ်ဒဏ်ပေးရန် စတင်ပါလိမ့်မည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ၊ အတွဲ ၁၃၃ မှ

ပညာရှိအပျိုကညာများက သခင့်၏ အသံကို အရေးစိုက်ကြလိမ့်မည်၊ အဓိကအားဖြင့် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးကာ ရှာဖွေကြသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းအတွက် ၎င်းတို့ ဆာငတ်ကြသည်၊ ဤသည်မှာ သခင်၏ ကြွလာခြင်းကို ၎င်းင်းတို့ ရှာဖွေပြီး လေ့လာစုံစမ်းနိုင်ရသော အကြောင်းရင်းဖြစ်ပြီး သခင့်၏ အသံကို ၎င်းတို့ သိမြင်နိုင်ကြသည့်အကြောင်းရင်း ဖြစ်သည်။ မိုက်မဲသော အပျိုကညာများက သမ္မာတရားကို မချစ်ကြသည့်အတွက်၊ စည်းမျဉ်းစည်းကမ်းများကို ခေါင်းမစွာ ဖက်တွယ်ရန်သာ သိကြရင်း သခင်၏ ကြွလာခြင်းကို ၎င်းတို့ မရှာဖွေ သို့မဟုတ် မလေ့လာမဆန်းစစ်ကြပါ။ ၎င်းတို့ထဲမှ အချို့က မိုးတိမ်ပေါ် ကြွလာခြင်းမရှိသော မည်သည့်သခင်ကိုမဆို လက်ခံမည်မဟုတ် သို့မဟုတ် လေ့လာဆန်းစစ်မည်မဟုတ်ဟု အခိုင်အမာ ဆိုကြသည်။ အခြားသူများက ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ကြိုးကိုင်ခြယ်လှယ်မှုကို အပြည့်အဝ နာခံအပ်နှံကြသည်။ သင်းအုပ်ဆရာနှင့် အကြီးအကဲများက မည်သည့်အရာကို ပြောပါ့စေ၊ ၎င်းတို့ နားထောင်ပြီး လိုက်လျှောက်ကြလိမ့်မည်ဖြစ်သည်။ သခင့်ကို နာမည်အရ ယုံကြည်သော်လည်း လက်တွေ့အရှိတရားတွင် ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက်ကို ၎င်းတို့ လိုက်ပြီး နာခံကြသည်။ လမ်းမှန်ကို ၎င်းတို့ကိုယ်တိုင်အတွက် မစုံစမ်းမစစ်ဆေးကြသလို သခင့်၏ အသံကို ၎င်းတို့ မသိမြင်နိုင်ကြပါ။ အချို့မှာ ပို၍ပင် မိုက်မဲကြသည်။ နောက်ဆုံးသော ကာလတွင် ပေါ်ထွန်းသော ခရစ်တော်အတုယောင်များ ရှိသည့်အတွက်၊ စစ်မှန်သော ခရစ်တော်ကို ၎င်းတို့ မရှာဖွေ၊ မစုံစမ်းကြသလို သူ့ကို ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းတို့ကိုပင် ပြုလုပ် နိုင်ကြသည်။ ဤသည်မှာ မိမိကိုယ်ကို ဒုက္ခရောက်စေခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာလည်း မိုက်မဲသော အပျိုကညာတစ်ဦး၏ သရုပ်သကန်တစ်ခု ဖြစ်ပေသည်။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသား၌ “သူတို့ကို အမည်တပ်ခေါ်ခြင်းမှာ” ဟူသည့် စကားရပ်မပါရှိပါ။
ခ။ မူရင်းစာသား၌ “သူတို့ခေါ်တွင်ခံရခြင်းမှာ” ဟူသည့် စကားရပ်မပါရှိပါ။

အမှာစကား ချန်ခဲ့မည်