စာရင်း

ခရစ်ယာန်များအတွက် မဖြစ်မနေ ဖတ်စရာ- တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေးခေါင်းဆောင်များ ရှုတ်ချသည့် လမ်းကြောင်းသည် စစ်မှန်သည့်လမ်း မဟုတ်ခြင်း ဖြစ်နိုင်ပါသလား

ပြတင်းပေါက်အပြင်ဘက်တွင် ဆီးနှင်းပွင့်များသည် မိုးမခအဖူးအပွင့်များကဲ့သို့ ဝေဆာကျဆင်းလျှက်ရှိပြီး ထင်းရှူးပင်တန်းတို့သည် ငွေရောင်တောက်သည့် အဖြူရောင်ဖြင့် အလှဆင်ထားလျှက် ရှိနေကြသည်။ မြူမှုန်များဖြင့်ဖုံးနေသည့် ပြတင်းပေါက်မှတစ်ဆင့် ဇောင်မင်သည် သူ၏ ညီငယ် ဇောင်ချန်နှင့်စကားပြောနေသည်ကို ဝိုးတိုးဝါးတား မြင်နိုင်သည်။ သူတို့၏အမူအရာများကိုကြည့်လျှင် ဇောင်ချန်သည် အေးဆေးတည်ငြိမ်နေပြီး ဇောင်မင်သည် စိုးရမ်ပူပန်နေသည့် ပုံပေါ်သည်။ သူ၏ ညီငယ်သည် အရှေ့အရပ်မှလျှပ်ပြက်ခြင်းအား လက်ခံခဲ့သည်ကို သူသိရှိခဲ့ရသောကြောင့်ဖြစ်သည်။

ဇောင်မင်သည် သူ၏မျက်နှာတွင် တင်းမာသောအမူအရာဖြင့် သူ၏ ညီကို ပြောသည်။ “အခုအချိန်မှာ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၊ အထက်လူကြီးတွေ၊ ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ အားလုံးက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပေါ်ပေါ်တင်တင် ရှုတ်ချနေကြတယ်။ မင်းက ဒါကို ဘယ်လိုလုပ် မသိရတာလဲ။ ပြီးတော့ တရုတ်ကွန်မြူနစ်အစိုးရ၊ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေအားလုံးက ဒါကို ရှုတ်ချတာကို ကြည့်ရင် ဒါက ဘယ်လိုလုပ်ပြီး မှန်ကန်တဲ့လမ်းဖြစ်နိုင်မှာလဲ။” ဇောင်မင်၏ လေသံတွင် အပြစ်တင်မှုတို့ဖြင့် ပြည့်နေသည်။

သူ့၏အစ်ကိုသည် အလွန်ပင် စိတ်အနှောက်အယှက်ဖြစ်နေသည်ကို မြင်ရသည့်အခါ ဇောင်ချန်သည် ချော့မော့၍ ပြောသည်။ “အစ်ကို ကျွန်တော်က ဒီဆုံးဖြတ်ချက်ကို ချက်ချင်းပဲ ချလိုက်တာမဟုတ်ပါဘူး။ အထူးသဖြင့် သခင်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ခဏခဏ ဆုတောင်းပြီး ရှာဖွေပါတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ကျွန်တော် လက်ခံရတဲ့အကြောင်းရင်းက ကျွန်တော် လက်တွေ့ကျကျ လေ့လာပြီးသွားလို့ပါ။ ရှာဖွေလေ့လာနေတဲ့ လွန်ခဲ့တဲ့ ဒီ သုံးလေးလမှာ ကျွန်တော် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီး ဖတ်ခဲ့ပြီးပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာကျမ်းစာထဲမှာရှိတဲ့ နက်နဲမှုအားလုံးကို ဖွင့်ပြပေးတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဘုရားသခင်ရဲ့ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်က သူ့ရဲ့ တရားစီရင်ခြင်းအမှုကို ဘယ်လိုအစပြုတယ်၊ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှု၊ ဘုရားသခင်ရဲ့ အမည်နာမတွေရဲ့ အဓိပ္ပါယ်၊ ကျွန်တော်တို့ရဲ့ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပြီး နောက်ဆုံးသော ကယ်တင်ခြင်းကို ဘယ်လိုရယူရမယ်၊ ဘယ်လိုလူမျိုးက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီး ဘယ်လိုလူမျိုးက ဖယ်ရှားခြင်းခံရမယ် စတဲ့ ဒီလိုဟာမျိုးတွေပေါ့။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ပြန်ကြွလာခဲ့တဲ့ သခင်ယေရှုဖြစ်တယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်တယ်။ သူ့ရဲ့နှုတ်ကပတ်တော်တွေက သိုးသူငယ်ဖွင့်တဲ့ စာစောင်တွေပါ။ ပြီးတော့ ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားခဲ့တဲ့အတိုင်း သမ္မာတရားရဲ့ဝိညာဉ်တော်က မိန့်မြွက်ခဲ့တဲ့ နှုတ်ကပတ်တော်တွေပါ။”

သူ၏ညီပြောသည်တို့ကို နားထောင်ပြီးနောက်တွင် ဇောင်မင်၏ အမူအရာသည် အနည်းငယ်ပျော့ပြောင်းသွားပြီး သူသည် ဤသို့ တွေးလိုက်သည်။ ဟုတ်ပြီ။ ငါ့ညီမှာ အရည်အချင်းကောင်းရှိပြီးတော့ သူက သမ္မာတရားကို လိုက်လျှောက်တယ်။ အသင်းတော်မှာ တရားဒေသနာတွေကို သူ ဟောလာတာ နှစ်အတော်ကြာပြီ။ နောက်ပြီး သူက တွေးတောဆင်ခြင်တတ်ပြီး သူ့စိတ်ကို သူသိတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဘာသာရေးအသိုင်းအဝိုင်းရဲ့ ရှုတ်ချမှုကို လျစ်လျူရှုပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံနိုင်တဲ့အတွက် သူ သေချာပေါက် ဒီလိုမျိုး လက်တွေ့လေ့လာခဲ့ပြီး ဒါကို လေးလေးနက်နက် စဉ်းစားခဲ့တာဖြစ်ရမယ်။

ဇောင်မင်သည် သူ၏ လေသံကို ဖျော့ပြီး မေးလိုက်သည်။ “ညီလေး၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက စစ်မှန်တဲ့လမ်းဆိုရင် တရုတ်ကွန်မြူနစ်ပါတီနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဘာလို့ ရှုတ်ချကြတာလဲ။ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဘာသာရေးခေါင်းဆောင်တွေက ရှုပ်ချတာကို တွေ့ရတော့ ဒါ စစ်မှန်တဲ့လမ်း မဖြစ်နိုင်ဘူး။”

ဇောင်ချန်သည် အလွန်လေးနက်စွာ၊ မျှတစွာဖြင့် ပြောသည်။ “အစ်ကို တရုတ်ကွန်မြူနစ်ပါတီနဲ့ ဘာသာရေးခေါင်းဆောင်တွေက ရှုတ်ချတဲ့ ဒီလမ်းကြောင်းက စစ်မှန်တဲ့ လမ်းမဟုတ်တာ ဖြစ်နိုင်မလား။ ဒါက စစ်မှန်တဲ့လမ်းကို ကျွန်တော်တို့ တိုင်းတာတဲ့ စံသတ်မှတ်ချက်လား။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက သခင်ယေရှုပေါ်ထွန်းခဲ့ပြီး သူ့ရဲ့အမှုတော်ကို ဆောင်ရွက်တဲ့အခါမှာ ဘာသာရေးအသိုင်းအဝိုင်းက အထက်လူကြီးတွေနဲ့ ရောမအာဏာပိုင်တွေရဲ့ ဆန့်ကျင်မှုကို ကြုံတွေ့ရတယ်။ သူတို့က သခင်ယေရှုရဲ့ အမှုတော်ကို ထိတ်ထိတ်ပြာပြာနဲ့ကို ဆန့်ကျင် ရှုတ်ချကြပြီး သူ့ကို ကားစင်တင်ခဲ့ကြတယ်။ ဒါဆိုရင် သခင်ယေရှုက စစ်မှန်တဲ့ဘုရားသခင်မဟုတ်ဘူး၊ သူ့ရဲ့လုပ်ဆောင်မှုက စစ်မှန်တဲ့လမ်းမဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောနိုင်မလား။ ဒီအမြင်ကို ကျွန်တော်တို့ လိုက်နာမယ်ဆိုရင် ကျွန်တော်တို့က သခင်ယေရှုရဲ့ လုပ်ဆောင်မှုကိုပါ ရှုတ်ချနေသလို မဖြစ်ဘူးလား။ သခင်ယေရှုက သူ့ရဲ့အမှုတော်ကို ဆောင်ရွက်နေတဲ့အချိန်မှာ ကျွန်တော်တို့မွေးခဲ့တယ်ဆိုရင် 'သူ့ကို ကားစင်တင်ပါ။ သူ့ကိုကားစင်တင်ပါ။' ဆိုပြီး ကျယ်လောင်တဲ့အသံတွေနဲ့ အော်ဟစ်နေတဲ့လူတွေထဲမှာ ကျွန်တော်တို့ရှိနေမှာ မဟုတ်ဘူးလား။”

ဇောင်မင်သည် သူ့ညီ၏ ခွန်းတုံ့ပြန်မှုကို နားထောင်ပြီး အနည်းငယ် စိတ်ခံစားခဲ့ရသည်။ သူ၏ ညီသည် မှန်ကန်စွာ ပြောဆိုခဲ့သည်။ သခင်ယေရှုပေါ်ထွန်းပြီး သူ၏ အမှုတော်ကို ဆောင်ရွက်သည့်အခါတွင် ရောမအာဏာပိုင်များနှင့် အကြီးဆုံးဂျူးခေါင်းဆောင်များ၏ ရှုတ်ချခြင်းကို ခံရသည်။ သို့သော် သခင်ယေရှုသည် စစ်မှန်သည့် ဘုရားသခင်ဖြစ်သည်မှာ သံသယရှိစရာမလိုဘဲ ငြင်း၍မရနိုင်ပေ။

ဇောင်ချန်သည် ဆက်၍ပြောသည်။ “အစ်ကို၊ စစ်မှန်တဲ့လမ်းက ဖိနှိပ်ခြင်းကို အမြဲတမ်း ခံရပါတယ်။ ပြီးတော့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဘာသာရေးအသိုင်းအဝိုင်းရဲ့ ရှုတ်ချမှုကို ကြည့်ပြီး လမ်းကြောင်းတစ်ခုဟာ စစ်မှန်တဲ့လမ်းဟုတ်မဟုတ် သတ်မှတ်ဆုံးဖြတ်လို့မရပါဘူး။ သခင်ယေရှု မွေးဖွားတာကို ဟေရုဒ်မင်းကြီးက ကြားသိတဲ့အခါမှာ တော်တော်ကို စိတ်မအေးနိုင်ဖြစ်ခဲ့တယ်။ ပြီးတော့ သခင်ယေရှုက သူ့ရဲ့ ထီးနန်းကိုလုယူမှာကို ကြောက်လာတယ်ဆိုပြီး သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။ ဒါကြောင့် ဗက်လင်မြို့နဲ့ အနီးတဝိုက်က နှစ်နှစ်အောက်ယောကျာ်းလေးတိုင်းကို သတ်ဖို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီတိုင်းပဲ တရုတ်ကွန်မြူနစ်ပါတီက စတည်ထောင်ကတည်းက ကောင်းကင်၊ မြေကြီးနဲ့ လူသားကို အန်တုယှဉ်ပြိုင်တဲ့ ဆိုးဝါးတဲ့ အတွေးအမြင်စနစ်ကို လိုက်လျှောက်တဲ့ ဘုရားမဲ့အစိုးရတစ်ခုဖြစ်ပြီး ကယ်တင်ရှင် တည်ရှိမှုကို တစ်ခါမှ အသိအမှတ်မပြုခဲ့ဘူး။ သူ့ရဲ့ အာဏာရှင်စနစ်ကို ကာကွယ်ပြီး တရုတ်နိုင်ငံကို ဘုရားမဲ့နယ်မြေတစ်ခုအဖြစ် တည်ထောင်ဖို့အတွက် သူအုပ်ချုပ်တဲ့ အစောပိုင်းအချိန်တွေမှာ ဘာသာရေးယုံကြည်မှုကို အကြောင်းမဲ့သက်သက် မရပ်မနား စတင်ဖိနှိပ်ခဲ့တယ်။ ခရစ်ယာန်ဘာသာနဲ့ ကက်သလစ်ဝါဒကို ဆိုးယုတ်တဲ့ အစွန်းရောက်ဝါဒအဖြစ် တံဆိပ်ကပ်ခဲ့ပြီး သမ္မာကျမ်းစာကို အစွန်းရောက်ဝါဒတစ်ခုရဲ့ စာအုပ်အဖြစ် တံဆိပ်ကပ်ခဲ့တယ်။ ပြီးတော့ ခရစ်ယာန်တွေကို ကြမ်းကြမ်းရမ်းရမ်း ဖိနှိပ်ပြီး ဖမ်းဆီးတယ်။ ခရစ်ယာန်တွေ အများကြီးဖမ်းခံရပြီး အကျဉ်းချခံရတယ်။ တချို့ဆိုရင် ထောင်ထဲမှာ သေတဲ့အထိတောင် ရက်ရက်စက်စက်နှိပ်စက်ခံရတယ်။ အခုခေတ်မှာဆိုရင် ယုံကြည်မှုကို ဖိနှိပ်တာကို တိုးမြှင့်ပြီး ပိုပြီးတော့တောင် ကြမ်းရမ်းလာတယ်။ ခရစ်ယာန် အိမ်တွင်းအသင်းတော် တော်တော်များများကို အစွန်းရောက်အဖွဲ့တွေအဖြစ် တံဆိပ်ကပ်ခဲ့တယ်။ အထူးသဖြင့် ရှီကျင်ပိုင် အာဏာရလာပြီး ခရစ်ယာန်ဘာသာကို တရုတ်မှုပြုခြင်းကို အမှန်အဖြစ်သတ်မှတ်လာကတည်းက ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်တောင်မှ သူ့လက်က မလွတ်ဘူး။ ဘုရားကျောင်းတွေကို ဖြိုချပြီး လက်ဝါးကပ်တိုင်တွေကို ဖျက်ဆီးတယ်။ ပြီးတော့ ယုံကြည်သူတွေကို မဖြစ်မနေ စောင့်ကြည့်ဖို့အတွက် ဘုရားကျောင်းတွေထဲမှာ လုံခြုံရေးကင်မရာတွေကို ဆင်ထားတယ်။ ‘ဧမာနွေလ၊’ ‘ဟာလေလုယ၊’ ‘ဘုရားသခင် လောကကြီးကိုချစ်တယ်။’ ဆိုတာမျိုးတွေနဲ့ ဆက်စပ်တဲ့စကားလုံးတွေကို ဈေးဆိုင် ဆိုင်းဘုတ်တွေမှာ ခွင့်မပြုဘူး။ သေးငယ်တဲ့အမှုတွေမှာဆိုရင် ဆိုင်းဘုတ်တွေကို ဖြုတ်ချပြီး ဖျက်ဆီးပစ်တယ်။ ဒါပေမဲ့ ချက်ချင်းမလိုက်တာနဲ့သူတွေကို သူတို့ဆိုင်တွေကို ပိတ်ပြီး တိတ်တွေနဲ့ ပိတ်ကပ်ထားတယ်။ ပြီးတော့ ဒါတင်မဟုတ်သေးဘူး။ အွန်လိုင်းစတိုး တော်တော်များများလည်း သမ္မာကျမ်းစာကို ရောင်းချတာကို ရပ်ထားရတယ်...”

“ငါ့ညီပြောတာတွေအားလုံးက မှန်တယ်။ နှစ်ပေါင်းများစွာကြာအထိ ခရစ်ယာန်တွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့လက်ထဲမှာ ဖိနှိပ်မှုတွေကို အများကြီး ခံခဲ့ရတယ်။” ဟု ဇောင်မင် တွေးမိသည်။

ဇောင်ချန်က ဆက်ပြောသည်။ “အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ပိုပြီးတော့တောင် ပြင်းပြင်းထန်ထန် ဖိနှိပ်တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ပြီး လူသားမျိုးနွယ်ဆီမှာ ပေါ်ထွန်းတယ်။ ပြီးတော့ လူသားကို ကယ်တင်ဖို့အတွက် သူ့ရဲ့နှုတ်ကပတ်တော်တွေကို ဖော်ပြတယ်။ သခင်ယေရှု ပြန်ကြွလာခြင်းကို ကြိုဆိုတဲ့ သမ္မာတရားကိုချစ်တဲ့လူတွေ ပိုပိုပြီးများလာတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေဟာ သြဇာအာဏာနဲ့ ဘုန်းတန်ခိုးရှိပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်တဲ့သူတိုင်းက သူဟာ ပြန်လည်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ အတည်ပြုလက်ခံတယ်၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံကြတယ်ဆိုတာကို တရုတ်ကွန်မြူနစ်ပါတီကသိတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ လူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ဘက်ကိုပါပြီး ဘယ်သူကမှ သူတို့နောက်ကိုမလိုက်မှာကို ကြောက်တယ်။ ဒါကြောင့် နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ကြမ်းကြမ်းရမ်းရမ်းဆန့်ကျင်ရှုတ်ချတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အကြောင်း ကောလဟလတွေကို လုပ်ကြံဖန်တီးပြီး အသေရေဖျက်တယ်။ ခရစ်ယာန်တွေကို ကြမ်းကြမ်းရမ်းရမ်းဖမ်းဆီးပြီး အဆုံးသတ်သွားအောင်လို့ စိတ်ကူးကြံစည်လို့ရသမျှ နည်းတွေကို သုံးတယ်။ ဒီအပြုအမူတွေဟာ သူတို့ရဲ့ သမ္မာတရားကို မုန်းတီးတဲ့၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကနေ လုံးဝ ဖြစ်ပေါ်ပါတယ်။ အစ်ကို ကျွန်တော်တို့က အရင်က တရုတ်ကွန်မြူနစ်ပါတီရဲ့ တကယ့်သရုပ်မှန်ကို မမြင်နိုင်တာကြောင့် သူတို့ရဲ့ လုံးဝ အလိမ်အညာတွေကို ကျွန်တော်တို့ မျက်စိစုံမှိတ်ပြီး ယုံကြည်ခဲ့ကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်ပြီးတော့မှပဲ တရုတ်ကွန်မြူနစ်ပါတီဟာ ဘုရားသခင်ကို မုန်းတီးပြီး သမ္မာတရားကို မုန်းတီးတဲ့ ဆိုးယုတ်တဲ့အစိုးရတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော် အပြည့်အဝ နားလည်လာတယ်။ သူတို့အကြောက်ဆုံးအရာက သမ္မာတရား၊ ခရစ်တော်ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှု၊ ပြီးတော့ လူသားအားလုံးက ဘုရားသခင်ဘက်ကိုပါပြီး ဘုရားသခင်နောက်ကို လိုက်မှာကိုပဲ။ ဘုရားသခင်ကို ဆန့်ကျင်ပြီး မုန်းတီးတဲ့ သူတို့ရဲ့ အတွင်းသဘောကို ကျွန်တော်တို့ ထိုးဖောက်မြင်မှဖြစ်မယ်။ ဒါမှသာ ကျွန်တော်တို့က လှည့်စားမခံရမှာပါ။”

ဇောင်မင်သည် ခေါင်းညိတ်လိုက်ပြီးပြောသည်။ “အင်း မင်းပြောတဲ့အရာတိုင်းက အမှန်ပဲ။ တရုတ်ကွန်မြူနစ်ပါတီက တကယ်ကို သမ္မာတရားကိုမုန်းတီးပြီး စစ်မှန်တဲ့ဘုရားသခင်ကို မုန်းတယ်။ စပြီးတည်ထောင်ကတည်းက ဘုရားသခင်ကို အမြဲတမ်း ဆန့်ကျင်တယ်။ ခရစ်ယာန်တွေကို နှိပ်စက်ပြီး ဖိနှိပ်တယ်။ ခရစ်ယာန်တွေအားလုံးကို အရမ်းကို ချေမှုန်းပစ်ချင်နေတာ။ အင်း ငါ သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီက ဘာသာရေးယုံကြည်မှုကို ဖိနှိပ်တယ်ဆိုတာသိပေမဲ့ သူတို့ရဲ့သဘောဝ ဒါမှမဟုတ် အတွင်းသဘောကို ငါ လုံးဝ မသိခဲ့ဘူး။ အဲဒီအစား သူတို့ရဲ့ ကောလဟလတွေနဲ့ လုံးဝအလိမ်အညာတွေကို ယုံကြည်ခဲ့တယ်။ ပြီးတော့ တရုတ်ကွန်မြူနစ်ပါတီက ဖိနှိပ်ခြင်း ရှိမရှိအပေါ်မှာ အခြေခံပြီးတော့ စစ်မှန်တဲ့လမ်းက ဘယ်လမ်းလဲဆိုတာကို ငါ ပိုင်းခြားသတ်မှတ်ခဲ့တယ်။ ငါတကယ်ကို အရူးတစ်ယောက်ဖြစ်ခဲ့တာပဲ။”

ဇောင်မင်သည် မတ်တပ်ရပ်လိုက်ပြီး ရေတစ်ခွက်လောင်းထည့်လိုက်သည်။ ပြန်ထိုင်ပြီးနောက်တွင် သူသည် တစ်ခုခုကို တွေးမိသည့်ပုံစံရှိပြီး ရှုပ်ထွေးလျှက် ပြောသည်။ “ညီလေး တရုတ်ကွန်မြူနစ်ပါတီက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ရှုတ်ချတာက ဘုရားသခင်ကို ဆန့်ကျင်တဲ့ သဘာဝနဲ့အတွင်းသဘောကနေလာတယ်ဆိုတာ ငါ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ် ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေအားလုံးက သခင့်ကိုအစေခံပြီး သမ္မာကျမ်းစာကို ကောင်းကောင်းသိတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက စစ်မှန်တဲ့လမ်းဆိုရင် သူတို့က ဘာလို့ ရှုတ်ချကြတာလဲ။ ငါဒါကို အဖြေရှာလို့မရဘူး။”

“အစ်ကို၊ ဘာသာရေးအသိုင်းအဝိုင်းက ခေါင်းဆောင်တွေက သမ္မာကျမ်းစာကို ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ဒါက သူတို့ဟာ သခင့်ကို သိတယ်ဆိုပြီး ညွှန်ပြနေသလား။ သခင်ယေရှုရဲ့ အချိန်ကာလတုန်းက ဖာရိရှဲတွေကလည်း သမ္မာကျမ်းစာကို ကောင်းကောင်းသိပြီး သူတို့က ဧဝံဂေလိတရားကို ဖြန့်ဝေဖို့အတွက် ရေပေါ်၊ ကုန်းပေါ်မှာ လှည့်လည်သွားလာကြတယ်။ ဂျူးဘာသာယုံကြည်သူတွေအတွက် ဖာရိရှဲတွေက သမ္မာကျမ်းစာကို အနားလည်ဆုံးဖြစ်ပြီး ဘုရားသခင်ကို အသိဆုံးသူတွေဖြစ်တယ်။ ပြီးတော့ မေရှိယလာပြီဆိုရင် ဖာရိရှဲတွေက သေချာပေါက်သိပြီး သူ့ကို လက်ခံလိမ့်မယ့်သူတွေဖြစ်တယ်။ ဒါပေမဲ့ တကယ်တမ်းက ဘာဖြစ်ခဲ့တာလဲ။ သခင်ယေရှုက သူ့ရဲ့အမှုတော်ကို လုပ်ဆောင်ဖို့ ကြွလာတဲ့အခါမှာ သူ့နှုတ်ကပတ်တော်ဟာ သြဇာအာဏာနဲ့ ဘုန်းတန်ခိုးပါတယ်ဆိုတာကို ဖာရိရှဲတွေ ကောင်းကောင်းကြီးသိတယ်။ လူငါးထောင်က မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်နဲ့ ဗိုက်ဝအောင်စားရတဲ့အခါမျိုး၊ လာဇရုက လေးရက်ကြာသေပြီးနောက်မှာ သခင်ယေရှုက စကားတစ်ခွန်းနဲ့ သူ့ကို အသက်ပြန်ရှင်စေခဲ့တာမျိုးပေါ့။ ဒါတောင်မှ ဖာရိရှဲတွေက သခင်ယေရှုရဲ့ လမ်းကို ရှာဖွေဖို့ ဒါမှမဟုတ် လေ့လာဖို့တောင် မကြိုးစားခဲ့ကြဘူး။ သူတို့ရဲ့ကိုယ်ပိုင်ရာထူးနေရာတွေနဲ့ အသက်မွေးဝမ်းကျောင်းကို ထိန်းသိမ်းဖို့အတွက် သူတို့လုပ်နိုင်တဲ့အခါတိုင်းမှာ သခင်ယေရှုကို သူတို့ သွေးဆောင်ကြပြီး သူ့ကို အမှားရှာဖို့ ကြိုးစားကြတယ်။ သခင်ယေရှုကို ရှုတ်ချတယ်။ အသေရဖျက်တယ်။ စော်ကားကြတယ်။ သာမန်လူတွေက သခင်ယေရှုရဲ့လမ်းကို ရှာဖွေတာကို သူတို့ တားမြစ်ကြပြီး သခင်ယေရှုကို ဆန့်ကျင်ကြဖို့ သာမန်လူတွေကို လှည့်စားပြီး လှုံဆော်ကြတယ်။ နောက်ဆုံးမှာ သခင်ယေရှုကို သူတို့ မှားယွင်းတဲ့အပြစ်ဒဏ်တွေပေးပြီး သူ့ကို ကားစင်တင်ဖို့အတွက် ရောမအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ကြံကြတယ်။”

ဇောင်မင်သည် နားထောင်ပြီး သဘောတူလျှက် ခေါင်းညိတ်သည်။

“အခုခေတ်ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို အခု ကြည့်ကြည့်။ သူတို့လည်း သမ္မာကျမ်းစာကို ကျွမ်းကျင်ပိုင်နိုင်ပြီး သခင့်အတွက် အပင်ပန်းခံပြီးအလုပ်လုပ်ကြတယ်။ ဒါပေမဲ့ သခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့လုပ်ဆောင်မှုကို ရင်ဆိုင်ရတဲ့အခါမှာ သူတို့ တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်ပြီး ဒီနှုတ်ကပတ်တော်တွေဟာ သြဇာအာဏာနဲ့ဘုန်းတန်ခိုးကို သယ်ဆောင်တယ်ဆိုတာကို သိကြတယ်။ ဒါပေမဲ့ သခင်က တိမ်စီးပြီး သက်ဆင်းလာတာမျိုးမဟုတ်ရင် တကယ့်သခင်ယေရှုမဟုတ်နိုင်ဘူးလို့ ယုံကြည်ကြပြီး သူတို့ရဲ့ကိုယ်ပိုင် အယူအဆမှားတွေနဲ့ စိတ်ကူးထင်မြင်မှုတွေကို တွယ်ဖက်ထားကြတယ်။ ပြီးတော့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံဖို့ ငြင်းဆိုကြတယ်။ ယုံကြည်သူတော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ပြန်လည်ကြွရောက်လာတဲ့ သခင်ယေရှုဖြစ်တယ်လို့ အခိုင်အမာပြောဆိုပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကိုလက်ခံကြတာကို သူတို့တွေ့ကြတယ်။ ပြီးတော့ ဒီလိုဆက်ဖြစ်နေရင် သူတို့နောက်ကို ဘယ်သူကမှ လိုက်ကြတော့မှာမဟုတ်ဘူးဆိုပြီး စိုးရိမ်ကြတယ်။ တချို့က 'ဒီအသင်းတော်ကို ငါ နာကျင်မှုတွေ၊ အားစိုက်ထုတ်မှုတွေအများကြီးနဲ့ တည်ထောင်ခဲ့ရတာ။ ငါ့ရဲ့သိုးအုပ်စုက ငါနဲ့သက်ဆိုင်တယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သူတို့ကို ခိုးယူသွားမှာကို ငါခွင့်မပြုဘူး။' လို့တောင်ပြောကြတယ်။ သူတို့ရဲ့ကိုယ်ပိုင်ရာထူးနေရာတွေနဲ့အသက်မွေးဝမ်းကျောင်းကို ထိန်းသိမ်းဖို့အတွက် သူတို့က အသင်းတော်တွေကို ပိတ်ဆို့ပြီး ယုံကြည်သူတွေကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့လမ်းကို နားထောင်ကြတာကို တားဆီးဖို့ ကြိုးစားကြတယ်။ သူတို့က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဆန့်ကျင် ရှုတ်ချဖို့အတွက်၊ ယုံကြည်သူတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့အတွက် တရုတ်ကွန်မြူနစ် ဘုရားမဲ့အစိုးရနဲ့တောင် ပူးပေါင်းကြတယ်။ ဒီလူတွေက ခေတ်ပေါ်ဖာရိရှဲတွေ အတိအကျပဲမဟုတ်ဘူးလား။ ဒါက သခင်ယေရှုဖွင့်ပြခဲ့တဲ့အတိုင်းပါပဲ။ ‘လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃) ကျွန်တော်တို့က ပိုင်းခြားသိမြင်မှုမရှိဘဲ ဒီလူတွေနဲ့အတူ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဆန့်ကျင် ရှုတ်ချရင် ကျွန်တော်တို့ဟာ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို အလွယ်တကူဆုံးရှုံးမှာဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ရဲ့အပြင်ဘက်ကို စွန့်ပစ်ခံရမှာပါ။”

သူ၏ညီပြောသည်ကို နားထောင်ပြီးနောက်တွင် ဇောင်မင်သည် ခဏတာမျှ လေးနက်စွာ တွေးတောလိုက်ပြီး သက်ပြင်းရှည်ချလိုက်သည်။ “ဟူး ညီလေး” သူက ပြောသည်။ “မင်း ဒီလိုမျိုး မိတ်သဟာယဖွဲ့တာကို နားထောင်တာက ငါ့ကို နည်းနည်းနားလည်စေဖို့ ကူညီပေးတယ်။ ဘာသာရေးအသိုင်းအဝိုင်းက ခေါင်းဆောင်တွေက သမ္မာကျမ်းစာကို သိပ်ကျွမ်းကျင်ပိုင်နိုင်တာကြောင့် သူတို့က သခင့်ကို သေချာပေါက်သိမှာပဲ၊ သူတို့ရှုတ်ချတဲ့ ဘယ်အရာမဆို စစ်မှန်တဲ့လမ်းမဖြစ်နိုင်ဘူးလို့ ငါ အမြဲတမ်း ယုံကြည်ခဲ့တယ်။ သခင်က ပြန်ကြွလာပြီလို့ငါကြားတာတောင်မှ အဲဒီလမ်းကြောင်းကို ငါ တစ်ခါမှ ရှာဖွေခြင်း ဒါမှမဟုတ် လေ့လာခြင်း မလုပ်ခဲ့ဘူး။ ပြီးတော့ ငါတကယ်ကို တော်တော် မသိခဲ့တာပဲ။ အရင်တုန်းက ဖာရိရှဲတွေက သမ္မာကျမ်းစာကို ကောင်းကောင်းသိတယ်။ ဒါပေမဲ့ သခင်ယေရှုကို သူတို့ ရှုတ်ချတာကို လုပ်နိုင်နေတုန်းပဲ။ သာမန်ဂျူးလူမျိုးတွေက ဖာရိရှဲတွေကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘူး။ ဒါကြောင့် သခင်ယေရှုကို သူတို့ငြင်းပယ်တဲ့နောက်ကို လိုက်လုပ်ကြပြီး သခင်ယေရှုကို လက်ဝါးကပ်တိုင်ပေါ်မှာ ရိုက်ထားခဲ့ကြတယ်။ ဂျူးတွေကျရှုံးရတဲ့သင်ခန်းစာကို သေချာကို လေ့လာမှတ်သားရမယ်။”

ထို့နောက်တွင် ဇောင်ချန်သည် လေးနက်စွာဖြင့် ပြောသည်။ “ကျွန်တော်တို့က နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်အပေါ် ကျွန်တော်တို့ချဉ်းကပ်တဲ့နေရာမှာ ဒီလွဲမှားတဲ့အယူအဆတွေကို အမှီပြုနေရင် သခင်ယေရှုကြွလာတာကို ကြိုဆိုဖို့အတွက် သိပ်ခက်ခဲနေမှာပဲ။ သခင်က အရင်တုန်းက ပြောခဲ့တယ်။ ‘တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။ အကြင်သူ သည်အောင်မြင်၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည်။(ဗျာဒိတ်ကျမ်း ၂:၇) သခင်ယေရှုက တော်တော်ကို ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ နောက်ဆုံးသောကာလမှာ သူပြန်ကြွလာတဲ့အခါ နောက်ထပ် နှုတ်ကပတ်တော်တွေကို သူပြောမှာဖြစ်ပြီး သူ့ရဲ့နည်းလမ်းကို ကြိုတင်ရှာဖွေပြီး လေ့လာဖို့နဲ့ ဘုရားသခင်ရဲ့ အသံတော်ကိုနားထောင်ဖို့ သူ ကျွန်တော်တို့ကို လုပ်ခိုင်းထားတယ်။ လက်တွေ့လေ့လာခြင်းကနေတစ်ဆင့်သာ ဒီလမ်းကြောင်းဟာ စစ်မှန်တဲ့လမ်းဟုတ်မဟုတ်၊ သခင်ကတကယ် ပြန်ကြွလာခြင်းရှိမရှိကို ကျွန်တော်တို့ သေသေချာချာ လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။ သခင်ယေရှုက သိပ်ကို ရှင်းရှင်းလင်းလင်းပြောထားပေမဲ့ ကျွန်တော်တို့က နားမထောင်ကြသေးဘူး။ အဲဒီအစား ကျွန်တော်တို့ရဲ့ လွဲမှားတဲ့အယူအဆတွေကို ဖက်တွယ်ထားပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ ဘာသာရေးခေါင်းဆောင်တွေက ကြမ်းကြမ်းရမ်းရမ်း ရှုတ်ချတဲ့ဘယ်အရာမဆို စစ်မှန်တဲ့ လမ်းမဟုတ်နိုင်ဘူးလို့ ယုံကြည်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါကို ရှာဖွေခြင်း ဒါမှမဟုတ် လေ့လာခြင်းမရှိဘူး။ ကြွလာပြီဖြစ်တဲ့ သခင်ယေရှုဆီကို ဝင်ရောက်ဖို့ကို ငြင်းဆန်ရင်း၊ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုခံရဖို့အခွင့်အရေးကို လွဲချော်ရင်းနဲ့ နောက်ဆုံးမှာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက ဂျူးတွေလို ကျွန်တော်တို့ အဆုံးသတ်ရတဲ့အထိပေါ့။”

ဇောင်ချန်၏ မိတ်သဟာယဖွဲ့မှုကို နားထောင်ပြီးနောက်တွင် ဇောင်မင်၏ မျက်လုံးတွင် ဖုံးအုပ်နေသည့် မြူမှုန်များသည် ပယ်ရှင်းသွားခဲ့ပြီး သူသည် သူ၏ညီအား ကြည့်၍ ပြောသည်။ “သခင်က ငါ့ကိုဒီနေ့ တကယ်ကို လမ်းညွှန်ပြခဲ့တာပဲ။ ပြီးတော့ သခင်ကက ငါ့ကို တရုတ်ကွန်မြူနစ်ပါတီနဲ့ ဘာသာရေးအသိုင်းအဝိုင်းရဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ အတွင်းသဘောကို ပိုင်းခြားသိမြင်နိုင်မှုကို ရရှိခွင့်ပေးတယ်။ ငါ သူတို့ပြောတာကို အလွယ်တကူနဲ့ မယုံကြည်တော့ဘူး ဒါမှမဟုတ် သူတို့လှည့်စားတာကို မခံတော့ဘူး။ နောက်ပြီးတော့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကိုလေ့လာပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးကို ငါဆုပ်ကိုင်ချင်တယ်။” ဇောင်ချန်၏မျက်နှာသည် အပြုံးတစ်ခုဖြင့် တောက်ပနေသည်။

အမှာစကား ချန်ခဲ့မည်